← Chapters

မကြာခင် အဖြေ ပေါ်လာတော့မယ်

Vol. 27 Ch. 361

မကြာခင် အဖြေ ပေါ်လာတော့မယ်

Vol. 27 Ch. 361

လျူယောင် အံ့အားသင့်သွားကာ ဖြစ်ပျက် နေတာတာကို နားလည်သွားသည်။

အဲ့ဒီသတ္တုအပိုင်းအစက ပိတ်မိ နေတာပဲ ဖြစ်၏။

ထိုအရာပတ်လည်တွင် ရွှံ့များရှိနေ သေး သော်လည်း လုံးဝသန့်စင်ခြင်း မရှိသေးပေ။ ဒါ့ကြောင့် လိပ်ကြီး ထုတ်ယူလို့ မရတာပဲ ဖြစ်သည်။

ဘာကြောင့်လဲဆိုတော့ သူ့ရဲ့ အလေးချိန်က တန်ပေါင်း လေးငါးထောင် ရှိတာကြောင့် ဖြစ်၏။ တကယ်လို့သာ သတ္တုအပိုင်းအစ အလေးချိန်က တန် လေးငါးရာသာ ရှိမည် ဆိုလျှင် ပိတ်မိနေသည့်တိုင် လိပ်ကြီးက အ ကြမ်းပတမ်းအားကိုသုံးပြီး ထုတ်နိုင်ပေ လိမ့်မည်။ သို့ပေမဲ့ ဒီသတ္တုအပိုင်းအစက အလွန်ကြီးမားတာကြောင့် အားစိုက် ထုတ်လို့ မရခဲ့ပေ။

ဘာဖြစ်နေလဲဆိုတာ နားလည်ပြီးနောက် လျူယောင် ညွှန်ကြားလိုက်သည်။

"ငါ့ကောင်ကြီး ..ဒီသတ္တုအပိုင်းအစ ပတ် လည် မှာရှိတဲ့ ရွှံ့တွေနဲ့ ကျောက်တုံးတွေက အလုံအလောက်မရှင်းသေးဘူးကွာ..မင်း သေသေချာချာပြန်သန့်ရှင်းပြီး ဒီသတ္တု အပိုင်းအစကို ထုတ်ဖို့ မင်း..ထပ်ကြိုးစား ကြည့်လိုက်..."

လိပ်ကြီး ရုတ်တရက် သဘောပေါက်သွားပြီး ချက်ချင်းပင် သူ့ လက်သည်းများနဲ့ သတ္တု ပတ်လည်ရှိ ရွှံ့များနှင့် ကျောက်တုံးများကို ဂရုတစိုက် ရှင်းလင်းလိုက်သည်။

သူ့လက်သည်းများက အလွန်ချွန်ထက်တာမို့ သတ္တုကြားထဲရှိ ရွှံ့နှင့် ကျောက်တုံးများ ကို ပင် သန့်ရှင်းအောင် လုပ်လိုက်သည်။

ဒီလို မိနစ် ၂၀ မှ ၃၀ ခန့် အလုပ်လုပ်ပြီး နောက် လိပ်ကြီး မေးလိုက်သည်။

"သခင် အခုဆို အဆင်ပြေသင့်ပြီနော်..."

လိပ်ကြီး သန့်ရှင်းရေးလုပ်တဲ့ လုပ်ငန်းစဉ် တစ်ခုလုံးကို လျူယောင် ရှင်းရှင်းလင်း လင်း မြင်နေရသည်။ သူ ကားပေါ်တက်ပြီး ဂိုဒေါင်မှ ထွက်ခွာသွားချိန်မှာတောင် ပြင်ပ အမြင်ကို မပိတ်ထားပေ။

ကားထဲတွင် စီးနင်းလိုက်ပါရင်း ပြင်ပအမြင် မှတစ်ဆင့် လိပ်ကြီး ထိုအရာများကို သန့် ရှင်းရေးလုပ်နေတာကို လျူယောင် ကြည့် နေ၏။ သူက တစ်ခါတစ်ရံတွင် သတ္တုအ ဟများကြားရှိ အရာများကိုပင် သန့်ရှင်းပေး ရန် ညွှန်ကြားလိုက်သည်။

"ပြဿနာမရှိလောက်ဘူး..မင်း ထပ်ကြိုးစား ကြည့်လိုက်ပါ..."

သတ္တုကို လိပ်ကြီး ပြန်မရွှေ့ကြည့်ရာ မ ကြာခင်မှာပဲ အံ့အားသင့်သွားသည်။

ပထမတွင် မလှုပ်ရှားနိုင်သည့် ကြီးမားသော သတ္တုအပိုင်းအစက ရွေ့လျားလာပေသည်။

လျူယောင်ရဲ့ လမ်းညွှန်မှု့အောက်တွင် လိပ် ကြီးကသတ္တုအပိုင်းအစကို ဘယ်ညာရွှေ့၍ အောင်မြင်စွာ ဆွဲထုတ်နိုင်သွားသည်။

ဒီကြီးမားတဲ့ သတ္တုအပိုင်းအစက တန် လေး ငါးထောင် အလေးချိန်ရှိပြီး အထူတစ်မီတာ ခန့် ရှိသည့် ကြီးမားသော သတ္တုပြားကြီး ဖြစ်နေသည်။

လိပ်ကြီး ဆွဲထုတ်လိုက်ပြီးနောက် အောက် တွင် ကြီးမားတဲ့ အပေါက်ကြီးတစ်ပေါက်မှာ သူ့ မျက်စိရှေ့တွင် ပေါ်လာ၏။

ဒီအပေါက်ကြီးကို မြင်တဲ့အခါ လျူယောင် ရုတ်တရက် အနည်းငယ် စိတ်လှုပ်ရှားသွား ပြီး ဒီအပေါက်ကတစ်ဆင့် ဒီကြီးမားတဲ့ တောင် အတွင်းထဲသို့ ဝင်နိုင်တာကို စိတ်ထဲ မှာ သိလိုက်ရသည်။

အတွင်းထဲ ဝင်နိုင်သရွေ့တော့ ဒီကြီးမား တဲ့ တောင်က ဘာလဲဆိုတာကို သူ သိနိုင် တော့ မည်။

လိပ်ကြီးလည်း အလွန်အံ့အားသင့်နေပြီး မေးလိုက်၏။

"ကျွန်တော် အခု အတွင်းထဲကို ဝင်ပြီး ကြည့် လိုက်ရမလား..သခင်.."

လိပ်ကြီးရဲ့ ကြီးမားတဲ့ ခန္ဓာကိုယ်ကို ကြည့် ပြီးနောက် အပေါက်အရွယ်အစားကို ကြည့် ကာ နောက်ဆုံးတွင် လျူယောင် ခေါင်းခါ ပြလိုက်သည်။

"မင်းနဲ့ယှဉ်လိုက်ရင် ဒီအပေါက်က နည်း နည်းသေးနေတယ်.. မင်း ဝင်ဖို့က အင့်အား ကုန်လွန်းတယ်.. ရက်အနည်းငယ်စောင့်ပြီး ငါ ကိုယ်တိုင် လာဝင်တာက ပိုကောင်းလိမ့် မယ်.."

အခု လိပ်ကြီး လုပ်နိုင်သည့်အရာမှာ သူ့ ဦး ခေါင်းကို အတွင်းသို့ ထိုးထည့်၍ ကြည့် ရှု့ ခြင်းသာ ဖြစ်၏။

အတွင်းဘက်တွင် ပင်လယ်ရေများ ပြည့်နေ ပြီး အလင်းရောင်မရှိသလောက် ဖြစ်တာ ကြောင့် အလွန်မှောင်မိုက်နေပေ သည်။လိပ် ကြီး အများဆုံးလုပ်နိုင်တာကတော့ စူပါ အာ ရုံခံစားမှု့ဖြင့် အချို့အရာများကို ရှာဖွေတာပဲ ဖြစ်သည်။

"သခင် ဒီအပေါက်က အရမ်းနက်ရှိုင်း ပြီး အ တွင်းထဲမှာ ရှိတဲ့နေရာက အလွန်ကြီးမား လွန်းတယ် ကျွန်တော့်ရဲ့ စူပါအာရုံခံစားမှု နယ်ပယ်ကိုတောင် ကျော်လွန်နေပါတယ်.."

လျူယောင် ခေါင်းညိတ်ပြပြီး နှစ်သိမ့်ပေး လိုက်သည်။

"ငါတို့ အခု အလျင်စလိုလုပ်စရာမ လိုသေး ဘူး..ဒါက ဘယ်ကိုမှ ထွက်ပြေးလို့ မရပါ ဘူး..နောက် ရက်အနည်းငယ်ကြာရင် ငါ ကိုယ်တိုင် လာခဲ့မယ်.. "

သူ စိတ်ကြိုက်ပြုလုပ်ထားတဲ့ ပင်လယ် ရေဖိအားဒဏ် ခံနိုင်ရည်ရှိတဲ့ ဓာတ်မီးကို ထုတ်လုပ်နေပြီး ပို့ဆောင်ရန် ရက်အနည်း ငယ်လောက် ကြာမှာပဲဖြစ်၏။

ဒီ ဓာတ်မီးကို အထူးပြုလုပ်ခိုင်းခြင်းမှာ ပင် လယ်အောက်ကို လျူယောင် ဝင်ကြည့် လိုတာကြောင့် ဖြစ်သည်။ဒါပေမဲ့ အခု ဒီလို ကြီးမားသော အပေါက်တစ်ခု ပေါ်လာပြီ ဖြစ်ရာ သူ ဒီတောင် အတွင်းဘက်သို့ ဝင်နိုင် ပေလိမ့်မည်။ ဒါကြောင့်လျူယောင် အထဲကို အရမ်း ဝင်ကြည့်ချင်နေသည်။

သူက ဒီဂူမှတစ်ဆင့် ဝင်ရောက်ပြီးနောက် အံ့ အားသင့်စရာကောင်းတဲ့ အရာများကို ရှာဖွေ တွေ့ရှိနိုင်မည်ဟုလည်း ကြိုတင်ခန့်မှန်း မိသည်။

အဖြေက မကြာမီ ထွက်ပေါ်လာတော့ မည် လေ။

ဒီကြီးမားသောတောင်ကို ဖုံးအုပ်ထားတဲ့ အောက်မှာ ဘာရှိလဲဆိုတာကို သူ ဝင်ရောက် ပြီးနောက်မှသာ သိနိုင်လိမ့်မည်။

လိပ်ကြီးနဲ့ ခဏ စကားပြောပြီးနောက် ဆက်သွယ်မှု့ကို လျူယောင် ဖြတ်တောက် လိုက်ပြီး‌ ရုံးခန်းကို ပြန်လာခဲ့သည်။

လျူယောင် ပြန်ရောက်ပြီးနောက် ပထမဆုံး လုပ်ခဲ့သည့်အရာမှာ ဖုန်းကိုကောက်ကိုင်ပြီး ယွမ်ဟန်ကို ခေါ်ဆိုခြင်းပဲ ဖြစ်သည်။ အထူး သဖြင့် ဓာတ် မီး ထုတ်လုပ်တဲ့ တိုးတက်မှု့ကို မေးမြန်းခြင်းဖြစ်၏။

ယွမ်ဟန်က ဒီ ဓာတ်မီးထုတ်လုပ်မှု့က အခြေ ခံအားဖြင့် ပြီးစီးခဲ့ပြီမို့လို့ သူတို့က အများ ဆုံး သုံးရက်အတွင်း ပို့ဆောင်ပေးနိုင် ကြောင်း ပြောပြလိုက်သည်။

လျူယောင် သက်ပြင်းချလိုက်၏။ အရာအားလုံး အသင့်ဖြစ်နေပြီဖြစ်နေတာမို့ ဓာတ်မီး ရဖို့ကိုသာ သူ စောင့်ရတော့မည်။

......

သုံးရက်ကြာပြီးနောက်...

သုံးရက်ကြာပြီးနောက် ဓာတ်မီးကို အောင် မြင်စွာ လျူယောင် လက်ခံရရှိခဲ့သည်။ တ ကယ်တော့ ဒီ ဓာတ်မီးက အလွန်ကြီးမားပြီး အလေးချိန် ၁.၅ တန်ခန့်ရှိ၏။

အရွယ်အစားမှာလည်း အတော်အတန် ကြီးမားလှသည်။ ဒီလိုကြီးမားတဲ့ ဟာကို ရွှေ့ရန် ကရိန်းတစ်စီး လိုအပ်ပေသည်။

ဒါပေမဲ့ ကရိန်းမလိုအပ်ကြောင်း လျူယောင် သေချာစေသည်။ သူက ဒီဟာကို လက် တစ် ဖက်တည်းဖြင့် အလွယ်တကူ ကောက်ယူနိုင် ပေသည်။

ပြင်ဆင်မှု့အချို့ ပြုလုပ်ပြီးနောက် လိပ်ကြီး ရှိရာ ပင်လယ်ပြင်သို့ လျူယောင် ရွက်လှေ ဖြင့် ခရီးထွက်လာခဲ့သည်။

လျှို့ဝှက်မူ့ရှိရန်အတွက် သူနဲ့ ချန်းဟူ နှစ်ဦး တည်းသာ ကြီးမားတဲ့ ရွက်လှေပေါ်တွင် ရှိ ပြီးချန်းဟူက ရွက်လှေကို မောင်းနှင်နေ သည်။

အကွာအဝေးမှာ အရမ်းဝေးတာကြောင့် သူတို့ တည်နေရာကို ရောက်ရန် ရွက်လှေ နဲ့ပင် ငါးရက် ဒါမှမဟုတ် ခြောက်ရက် လောက် ကြာလိမ့်မည်။

ရွက်လွှင့်နေတဲ့ ရွက်လှေပေါ်တွင် လျူယောင် ထိုင်ပြီး အဆုံးမဲ့ပင်လယ်ကို ကြည့်နေကာ သူ့ စိတ်ကို တည်ညိမ်အောင်ထားရန် ခက် ခဲနေသည်။

ဒီကြီးမားတဲ့တောင်ကို ဖုံးအုပ်ထားတဲ့ အောက်မှာ ဘာရှိလဲဆိုတာကို သူ့စိတ်ထဲက နေ အချိန်မည်မျှကြာကြာ မှန်းဆခဲ့သည်ကို မသိတော့ပေ။

အဲ့ဒါက ဂြိုလ်သားတွေရဲ့ အာကာသယာဉ် အပျက်အစီးများလား ဒါမှမဟုတ် ပင်လယ် အောက်ခြေတွင် နှစ် ၅၀,၀၀၀ ခန့် စွန့်ပစ် ထားတဲ့ ဂြိုလ်သားအခြေစိုက်စခန်း တစ်ခု ဖြစ်မလား ဆိုတာကိုပင် သူ တွေးမိသည်။

ဒီ မှန်းဆချက် မှန်မမှန်ကို ရက်အနည်းငယ် အတွင်း အဖြေ သိနိုင်တော့မည်လေ။

ဒီကြီးမားတဲ့တောင်ရဲ့ ထိပ်ပိုင်းကို လိပ်ကြီး ပြန်လာပြီး ထိုနေရာတွင် ဖုံးလွှမ်းနေတဲ့ ရွှံ့ များနှင့် ကျောက်တုံးများကို ပြန်တူးကာ သန့်ရှင်းရေးလုပ်နေသည်။

အရင်က လိပ်ကြီး ဒီနေရာမှာ ရက်အနည်း ငယ်ကြာ သန့်ရှင်းခဲ့ပြီး စတုရန်းမီတာ တစ် ထောင်ခန့်ရှိသော ဧရိယာကို သန့်ရှင်းထား ၏။

အခု သူက သန့်ရှင်းရေးကို ဆက်လက် လုပ် ဆောင်နေပြီး နေ့ရက်များ ကုန်ဆုံးသွားသ ည်နှင့်အမျှ သန့်ရှင်းရေးလုပ်ထားသည့် ဧရိ ယာမှာ ပိုပို ကြီးမားလာပြီး စတုရန်းမီတာ ထောင်ပေါင်းများစွာ အရွယ်အစားအထိ ရောက်လာသည်။

ဖုံးအုပ်နေတဲ့ ရွှံ့ကျောက်ထူထူများကို ဖယ် ရှားလိုက်သောအခါ မီးခိုးနက်ရောင် သတ္တု က ပေါ်လာသည်။

ပေါ်ထွက်လာတဲ့ သတ္တုအားလုံးမှာ ပျက်စီးမှု့ ဒါမှ မဟုတ် သံချေးတက်မှု့ပင် မရှိဘဲ မီး ခိုးနက်ရောင် သတ္တုကို တောက်ပြောင်နေ ပေသည်။

နောက်တစ်ရက်ကြာ သန့်ရှင်း ရေးလုပ်ပြီး နောက် အံ့အားသင့်ဖွယ်ရာတစ်ခုကို လိပ် ကြီး ရှာဖွေတွေ့ရှိခဲ့သည်။

အထူ နှစ်မီတာမှ သုံးမီတာအထိရှိသော ရွှံ့ တုံးကြီးကို တူးကာ သန့်ရှင်းပြီးနောက် ဒီ တစ်ကြိမ်မှာ အောက်ခြေတွင် ပေါ်လာခဲ့ သည့် အရာက မီးခိုးနက်ရောင် သတ္တုမဟုတ် တော့ပေ။

အဲ့ဒါက ကြီးမားတဲ့ ဖန်အပိုင်းအစပဲ ဖြစ်၏။

" အာ ဒါဘာကြီးလည်း.."

အောက်တွင်ပေါ်လာတဲ့ ကြီးမားသောဖန် မျက်နှာပြင်ကို မြင်သောအခါ လိပ်ကြီး ချက် ချင်းပင် လျူယောင်ကို ဆက်သွယ် လိုက် သည်။

ဒီအချိန်မှာ လျူယောင်က ပစိဖိတ်သမုဒ္ဒရာ တွင် ရွက်လွှင့်နေဆဲဖြစ်ပြီး ကြီးမားသော ရွက်လှေက ၂၀ နူန်းထက်ပိုသော အမြန် နှုန်းဖြင့် ဦးတည်ရာသို့ သွားနေသည်။

အကွာအဝေးအရ ရောက်ဖို့က တစ်ရက်ခန့် ကြာလိမ့်မည်။ လိပ်ကြီးရဲ့အသံ စိတ်ထဲမှာ ထွက်ပေါ်လာတဲ့ အခါ လျူယောင် ချက်ချင်း ပင် ပြင်ပအမြင်ကို ဖွင့်လိုက်သည်။

လိပ်ကြီးက ချက်ချင်းဆိုသလို ပြောလိုက် ၏။

"သခင်ရေ မြန်မြန်ကြည့်ပါအုံး ..ကျွန်တော် ဒီရွှံ့ကို တူးလိုက်ပြီးနောက် အောက်ခြေက မီးခိုးနက်ရောင် သတ္တုမဟုတ်တော့ပဲ ထူထဲ တဲ့ ဖန်ဖြစ်နေတယ်..."

ပြင်ပအမြင်ကတစ်ဆင့် လျူယောင်လည်း အောက်ခြေတွင် ဖန်ဖြစ်နေကာ သတ္တု မ ဟုတ်ကြောင်း တွေ့လိုက်ရသည်။

ချက်ချင်းပဲ သူ့စိတ်ထဲတွင် အနည်းငယ် လှုပ်ရှားမှု့ဖြစ်ပေါ်လာပြီး ကျယ်လောင်စွာ အမိန့်ပေးလိုက်၏။

"အင်း မင်း..ဖုံးအုပ်ထားတဲ့ မြေကြီးကို ဆက် လက်သန့်ရှင်းရေးလုပ်ပြီး ပိုကြီးမားတဲ့ ဧရိ ယာကို ဖော်ထုတ်လိုက်... ဒါမှ အောက်မှာ ဘာရှိလဲဆိုတာ... ငါတို့ပိုပြီး အကဲဖြတ် ရ လွယ်ကူလိမ့်မယ်.. "

လိပ်ကြီးက အလုပ်ကို ဆက်လုပ်လိုက်၏။ ကြီးမားတဲ့ ဧရိယာကို ဖုံးအုပ်ထားသော ရွှံ့ များကို ရှင်းပစ်ခဲ့ရာ အောက်တွင်ပေါ် လာတဲ့ ဖန်မျက်နှာပြင်က ပိုပိုပြီး ကြီးမား လာတော့ သည်။

All Chapters