← Chapters

ဂြိုလ်သားတွေ့ရဲ့ အာကာသယဥ်

Vol. 27 Ch. 362

ဂြိုလ်သားတွေ့ရဲ့ အာကာသယဥ်

Vol. 27 Ch. 362

ဖန်မျက်နှာပြင်မှ ပေါ်လာတဲ့ ဧရိယာမှာ ပို ပို၍ ကြီးလာသည်။

အခြေအနေက ပိုပြီး ရှင်းလင်းလာ၏။ အဖြေက မကြာခင် ပေါ်လာတော့မည်။

ဖန်ဖြင့် ဖုံးထားသော မြေကြီးအားလုံးကို သန့်ရှင်းပြီးနောက် လိပ်ကြီးရဲ့ အသံက လျူ ယောင် စိတ်ထဲတွင် ထွက်ပေါ်လာသည်။

"သခင်ရေ မြန်မြန်ကြည့်လိုက်ပါအူံး..."

လျူယောင် ကြည့်လိုက်ရာ တစ်ခုချင်းစီက စတုရန်းမီတာ ရာပေါင်းများစွာရှိသော ဖန် အပိုင်းအစကြီး နှစ်ခုကို ယှဉ်လျက်ရှိ နေတာ ကို သူတွေ့လိုက်ရသည်။

သူ ကြည့်လေလေ သိပ္ပံစိတ်ကူးယဉ် ရုပ်ရှင် ကားထဲမှ ဂြိုလ်သားအာကာသယာဉ်ရဲ့ ယာဉ်မောင်းခန်း လေကာမှန်နှင့် ပို၍တူလေ လေ ဖြစ်၏။

နောက်ဆုံးတော့ ဒီတောင်၏ အမှန်တကယ် အသွင်အပြင်ကို မြင်ရပေသည်။

ဒီတောင်ကြီးဟာ လွန်ခဲ့သော နှစ် ၅၀,၀၀၀ ခန့်က ပင်လယ်အနက်ထဲတွင် ရပ်တန့်ခဲ့ရ သည့် ဂြိုလ်သားအာကာသယာဉ် ဖြစ်တယ် ဟု အခြေခံအားဖြင့် လျူယောင် ကောက် ချက်ချလိုက်သည်။

နှစ် ၅၀,၀၀၀ အတွင်း ဒီနေရာမှာ တိတ်ဆိတ် စွာ ရပ်ထားခဲ့ပြီး နှစ်များစွာ ကြာလာတာ ကြောင့် ဒီအာကာသယာဉ်ကို ရွှံ့များက ဖြည်းဖြည်းချင်း ဖုံးလွှမ်းသွားတာပဲ ဖြစ်၏။

ရွက်လှေပေါ်မှာတာ့...

ဒါက ဂြိုလ်သားတွေရဲ့ အာကာသယာဉ် ဖြစ်ကြောင်းသိပြီးနောက် လျူယောင်၏ စိတ်နှလုံး တစ်ခုလုံး လှုပ်ရှားနေပြီး ငြိမ်သက်မနေနိုင်တော့ပေ။

သူ အဲ့ဒီပင်လယ်ဧရိယာကို ချက်ချင်း ရောက်ချင်နေပြီး အာကာသယာဉ်ကို ကိုယ်တိုင် သွားကြည့်ချင်နေသည်။

"ချန်းဟူ...မြန်မြန်မောင်း... ငါ မြန်မြန် ရောက်ချင်တယ်..."

"ဟုတ်ကဲ့ပါ သူဋေး.."

ချန်းဟူက ရွက်လှေကို အရှိန်မြှင့်လိုက်၏။ ကြီးမားသောရွက်လှေက ပင်လယ်ပြင် ပေါ် မှာ မြန်ဆန်စွာ ရွက်လွှင့်နေပြီး လျူယောင် ရဲ့ အတွေးများကတော့ ဒီအာကာသ ယာဉ် ပေါ်မှာသာ ခိုင်ခိုင်မာမာ ဆွဲဆောင်ခံ နေရ သည်။

" ဒါက အရှည် ကီလိုမီတာ တစ်ရာကျော် လောက်တယ် ဟ..."

တစ်ရက်တောင် မကြာခင်မှာပဲ ထိုပင်လယ် ဧရိယာကို လျူယောင် ရောက်လာသည်။ ချန်းဟူကို ရွက်လှေရပ်ခိုင်းပြီးနောက် ကိုယ် ကြပ်ရော်ဘာ ရေငုပ်ဝတ်စုံကို လျူယောင် ပြောင်းဝတ်လိုက်သည်။

ရေငုပ် ဝါသနာရှင်များက ဒီလို ရေငုပ် ဝတ် စုံများကို ယေဘုယျအားဖြင့် ဝတ်ဆင် ကြ ပေမဲ့ သူတို့က ပုံမှန်အားဖြင့် အောက်ဆီ ဂျင်ဘူးကို ကျောပေါ်တွင် သယ်ဆောင်ရပြီး ရေငုပ်ခြင်း အနက်က မီတာ ဆယ်ဂဏန်း သာ ရှိပေသည်။

လျူယောင်က အောက်ဆီဂျင် သယ်ရန် မလိုအပ်ပေ။ ရေငုပ်အနက်ကတော့ မီတာ ၃၀၀၀ ကျော် ဖြစ်လိမ့်မည်။ သူက ဒီ အာ ကာသယာဉ်ထဲသို့ ဝင်ပြီး စူးစမ်းရှာဖွေမှာပဲ ဖြစ်သည်။

"ချန်းဟူ ..မင်း လှေပေါ်မှာ ငါ့ကို စောင့် နေလိုက်ပါ.."

"ဟုတ်ကဲ့ပါ..သူဋေး ဒါပေမဲ့ သူဋေး ပိုဂရု စိုက်ရပါ့မယ်" ချန်းဟူ ပြန်ပြောလိုက်သည်။

လျူယောင်က ဘာမှ ပြန်မပြောလိုက်ပေ။ ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့ သူဋေးက ပင် လယ်အနက်ထဲကို ဆင်းပြီး ရေအနက်က မီတာ တစ်ထောင်ကျော် ဒါမှမဟုတ် နှစ် ထောင် သုံးထောင် ဖြစ်နိုင်သည်ဟု ချန်းဟူ ခန့်မှန်းနိုင်ခဲ့သည်။

ဒီလို ရေအနက်မျိုးက စူပါမင်းအတွက်ပဲ ဖြစ်နိုင်ပေလိမ့်မည်။ သူကိုယ်တိုင်လည်း စူပါမင်းလေးတစ်ယောက်ဟု ယူဆရ သော် လည်း သူက မီတာ သုံးလေးရာ အနက်ကို သာ အများဆုံးရောက်နိုင်ပြီး မီတာ ငါးရာ အနက်ကိုပင် မရောက်နိုင်ပေ။

ရွက်လှေ၏ အနောက်ဘက်ကနေ ရေထဲသို့ လျူယောင် ခုန်ဆင်းလိုက်သည်။

ဒီပင်လယ် ရေ ဖိအားဒဏ် ခံနိုင်ရည် ရှိသည့် ဓာတ်မီးကြီးကို ရေထဲသို့ သူ ယူဆောင် လာပြီး အနက်ပိုင်းသို့ ရေကူးလာ၏။

တဖြည်းဖြည်းနဲ့ မီတာ ဆယ်ဂဏန်း ပြီး နောက် မီတာ ရာဂဏန်း ရေအနက်ထိ ရောက်လာသည်။

မီတာ ၁၀၀ ကျော် အနက်တွင် ပင်လယ် ရေ ၏ အလင်းရောင်မှာ အားနည်း လာတာ ကြောင့် သူ သယ်လာသည့် ဓာတ်မီးကို ဖွင့် လိုက်သည်။

ချက်ချင်းဆိုသလို အားကောင်းပြီး တောက် ပသော အလင်းတန်းက ထွက်ပေါ်လာ၏။ အမှောင်ထုဖုံးနေသော ပင်လယ်ထဲတွင် မျက်စိပသာဒဖြစ်စရာ ကောင်းလှပြီး အ ဝေးကနေ မြင်နိုင်လောက်သည်။

လျူယောင် စိတ်ကြိုက်ပြုလုပ်ထားသည့် ဒီ ပင်လယ်ရေ ဖိအားဓာတ်ခံနိုင်တဲ့ ဓာတ်မီး အလင်းရောင်ကို အလွန်ကျေနပ်ရသည်။ မီတာ ဆယ်ဂဏန်း နယ်ပယ်အတွင်း အသေး စိတ်တိုင်းကို ရှင်းရှင်းလင်းလင်း သူ မြင်ရ ၏။ ထိုအလင်းက ဖြာထွက်နေပြီး ဧရိယာ အကျယ်ကြီးကို ထွန်းလင်းပေးနိုင်သည်။

ဒီလိုအားကောင်းတဲ့ ဓာတ်မီးကြီး ရှိတာက သူ့အတွက်တော့ အဆင်ပြေလှသည်။

ဒီဟာကို ကိုင်ပြီး ဖြည်းဖြည်းချင်း အနက် ပိုင်းသို့ သူ ရေကူးလာ၏။ ရေအောက် ခရီး စဉ်အတွင်းမှာ သူက ရေလမ်းတစ် လျှောက် ရှိ အမျိုးမျိုးသော ပင်လယ်ငါးများနှင့် တွေ့ ရသည်။

ဒီ ငါးများက အကြီးရော အသေးပါ ရှိပြီး ရောင်စုံများလည်း ရှိနေသည်။

မီတာ ၅၀၀ အနက်သို့ သူ ရောက်လာ ပြီး နောက် ငါးအမျိုးအစားများက သိသိသာသာ နည်းသွားသော်လည်း တစ်ခါတစ်ရံတွင် အ လေးချိန် ရာပေါင်းများစွာမှ ထောင်ပေါင်း များစွာရှိသော ငါးကြီးများကိုလည်း မြင် ရပေသည်။

လျူယောင်၏ စူပါအာရုံခံနိုင်စွမ်း စွမ်းရည် များက အပြည့်အဝ အသက်ဝင်လာသည်။ မီတာ ၅၀၀ ပတ်လည်အတွင်းမှာရှိသော အရာအားလုံးက ရှင်းလင်းနေသည်။

ရုတ်တရက်....

သူ့နောက်ဘက်မှ ကြီးမားသော ပုံသဏ္ဍာန် တစ်ခု ချဉ်းကပ်လာတာကို လျူယောင် အာရုံခံမိသည်။ ဒီအရာကြီးက နောက်ဘက် မှ ချောင်းမြောင်းတိုက်ခိုက် တော့မယ်ဆို တာကို သံသယ ရှိစရာ မလိုပေ။

လျူယောင် ခေါင်းပင် မလှည့်ဘဲ ဒါက ပင်လယ်နက်မှာ နေထိုင်တဲ့ ငါးမန်းဖြူကြီး ဖြစ်တာကို သိနေသည်။ ဒီ အကောင်ကြီးက အရှည် ခြောက်မီတာလောက်ရှိပြီး အလေး ချိန်က သုံးလေးထောင် ကီလိုဂရမ်ရှိ၏။ သမုဒ္ဒရာထဲတွင် ထိပ်တန်းသား ကောင်များ ထဲမှ တစ်ကောင်ပဲ ဖြစ်သည်။

ပြိုင်ဘက်က ပိုမို နီးကပ်လာသည်။ မီတာ နှစ်ရာ သုံးရာကနေ မီတာ တစ်ရာခန့်ကို ရောက်လာပြီး ပိုနီးလာလိမ့်မယ်လို့ သူ ခန့် မှန်းရသည်။ မီတာ ဆယ်ဂဏန်း အ ကွာကို ရောက်မှသာ သေစေနိုင်သည့် တိုက်ခိုက် မှု့ ကို သူ စတင်လိမ့်မည်​။

ဒီအကောင်ကြီးကို ထိုသို့ အခွင့်အရေးမျိုး လျူယောင် ပေးမည်မဟုတ်ပေ။

ဒီငမန်းဖြူနဲ့ဆို လျူယောင် မီတာ ၁၀၀ လောက်ပဲ ကွာတော့သည်။ လျူယောင် လှည့်ပြီး လက်ထဲမှာရှိတဲ့ ဓာတ်မီးနဲ့ ငမန်း ဖြူကြီးရဲ့ မျက်လုံးကို တိုက်ရိုက်ပစ် လိုက် သည်။

" ဗြုန်း..."

ချက်ချင်းဆိုသလိုပင် ငမန်းဖြူကြီးက ကြောက်လန့်သွားပြီး ဘာဖြစ်နေလဲဆိုတာ ကို မသိတာကြောင့် ချက်ချင်းလှည့်ပြီး ထွက်ပြေးသွားသည်။

"ဟမ့် ငါ့ကို တိုက်ခိုက်ချင်သေးတာလား.. လွယ်လွယ်ရမယ် ထင်နေတာလား..."

လျူယောင် လှာင်ပြောင်လိုက်သည်။

ငါးမန်းဖြူကြီးကတော့ ကြောက်လန့်ပြီး ထွက်ပြေးသွားတော့သည်။

လျူယောင် ဓာတ်မီးကို ကိုင်ပြီး အနက်ပိုင်း ကို ဆက်လက် ရေကူးလာရာ တဖြည်းဖြည်း နှင့် ရေအနက်က မီတာ ထောင်ဂဏန်းအထိ ရောက်လာသည်။

ပင်လယ်က အလွန်မှောင်မိုက်နေပြီး သူ့ လက်ချောင်းများကိုပင် မမြင်ရတော့ပေ။ ကံကောင်းစွာဖြင့် ဓာတ်မီးအလင်းရောင် ကြောင့် လျူယောင်ရဲ့ မျက်လုံးများက တောက်ပနေသော်လည်း သူ့ပတ်လည် က တော့ မှောင်မိုက်နေ၏။

ကျယ်ပြန့်တဲ့ အမှောင်ထဲတွင် လျူယောင် ရွေ့လျားနေပြီး ပိုနက်ရှိုင်းသည့်နေရာသို့ ရေကူးနေသည်။

"မီတာ တစ်ထောင်ကျော်.."

"မီတာ နှစ်ထောင်ကျော်.."

လျူယောင် အောက်ဘက်ကို ဆင်းလာတာ နှင့်အမျှပင်လယ်ရေဖိအားကို ခံစားလာ ရ သည်။ မီတာ ၁၀၀၀ ကျော် အနက်တွင် အ နည်းငယ်မျှသော ဖိအားကိုပင် သူ မခံစား ရ ပေ။

မီတာ ၂၀၀၀ ကျော်မှာတော့ ဖိအားအနည်း ငယ်ကို သူ ခံစားရသည်။ အနက်က တဖြည်း ဖြည်းတိုးလာတာနှင့်အမျှ ဖိအားကလည်း တဖြည်းဖြည်းတိုးလာခဲ့သည်။

"လိပ်ကြီးက အနက်ဆုံး ၇၂၀၀ နီးပါးကို ရောက်ခဲ့ပြီး ငါ့ရဲ့အများဆုံး ရောက်​နိုင်တဲ့ အနက်ကရော ဘယ် လောက်လဲ…"

"တကယ်လို့ ငါ့ရဲ့အများဆုံးရောက်နိုင်တဲ့ ရေအနက်က လိပ်ကြီးရဲ့ တစ်ဝက်ဆိုရင်.. ငါ မီတာ ၃၆၀၀ အထိ တော့ ရောက်နိုင်လိမ့် မယ်..."

ပင်လယ်အောက်ပိုင်း မြေပြန့်ရဲ့ ရေအနက် က မီတာ ၃၃၀၀ ခန့် ရှိပေသည်။ သီအိုရီအရ ဒါက ပြဿနာမရှိနိုင်ပေ။

ဒါပေမဲ့ သူက ဒီလိုအနက်ကို ရောက်နိုင် သ လား ဒီအနက်မှာ ဘယ်လောက်ကြာကြာ ခံ နိုင်မလဲဆိုတာကို ဘယ်တုန်းကမှ မကြိုး စား ဖူးတာကြောင့် လျူယောင် သေချာ မသိ ပေ။

အောက်သို့ ဆင်းလာတာနှင့်အမျှ ဖိအားက ပိုပို၍ များလာသည်။

မလှမ်းမကမ်းမှာတော့ ကြီးမားတဲ့ ပုံသဏ္ဍာန် တစ်ခု ရေကူးလာနေသည်။ လိပ်ကြီး လာ နေတာကို လျူယောင် တွေ့လိုက်ရ၏။

"သခင်..ကျွန်‌တော်လမ်းပြပေးပါ့မယ်..."

"ကောင်းပြီ"

လျူယောင် ပြန်ပြောလိုက်သည်။

"အဲ့ဒီအပေါက်ကြီးဆီကို တိုက်ရိုက်သွားလို က် .. ငါ ဝင်ကြည့်ချင်တယ်.."

"အိုကေဘာ သခင်.."

လိပ်ကြီးက ချက်ချင်းသဘောတူလိုက်ပြီး လျူယောင်ကို သူ့ကျောပေါ်မှာ ထိုင်စေပြီး နောက် ထိုနေရာကို ကူးခတ်သွား၏။

ရက်အနည်းငယ်တုန်းက ဒီတောင်ကြီး ခြေ ရင်းမှာ တန် လေးငါးထောင်ရှိတဲ့ သတ္တု အ ပိုင်းအစတစ်ခုကို လိပ်ကြီး ထုတ်ခဲ့ပြီး ကြီး မားသည့်အပေါက်တစ်ခု ပေါ်လာစေသည်။

ခဏအကြာတွင် လျူယောင်နဲ့ လိပ်ကြီး တို့ က ကြီးမားသည့်ဂူပေါက်ဝသို့ ရောက်လာ သည်။

ဓာတ်မီးဖြင့် အတွင်းဘက်ကို လျူယောင် ထွန်းကြည့်လိုက်သည်။ အတွင်းက မှောင်မို က်နေပြီး.ဘယ်လောက်နက်လဲဆိုတာ သူ မသိပေ။

ပင်လယ်ရေရဲ့ ဖိအားကို သူ ထပ်ခံစားရ၏။ ဒီအနက်က သူ့ရဲ့အကန့်အသတ် အနက် မ ဟုတ်သည့်တိုင် နီးစပ်နေသည်ဟု သူ ခံစား နေရသည်။

ဒီလိုအနက်မှာ လျူယောင် ဆယ်မိနစ် လောက် ကြာအောင် ခံနိုင်ရည်မရှိ ဘူးဆို လျှင် ပြန်လှည့်သင့်တယ်လို့ ခံစားရသည်။ မဟုတ်ရင် အန္တရာယ်ရှိနိုင်ပေလိမ့်မည်။

နောက်ဆုံးတော့ ဒီနေရာကို ရောက်လာပြီးမှ ပြန်လှည့်မည် မဟုတ်ကြောင်း လျူယောင် သေချာပေသည်။ ဒါကြောင့် ဒီပင်လယ်ရေ အနက်တွင် ဖိအားဒဏ် ခံနိုင်တဲ့ ဓာတ်မီးကို ကိုင်ပြီး ကြီးမားသည့် ဂူထဲကို သူ ရေကူး ဝင်လာလိုက်သည်။

လိပ်ကြီးလည်း လိုက် ဝင်ချင်ပေမဲ့ စိတ်ကို ထိန်းချုပ်လိုက်ပြီး ဂူပေါက်ဝအ ပြင်ဘက်မှာ သာ စောင့်နေလိုက်သည်။

ဒီကြီးမားတဲ့အပေါက်ထဲသို့ လျူယောင် ဝင် ရောက်လာ၏။ ဖြည်းဖြည်းချင်း အတွင်း ဘက်သို့ ရေကူးနေရင်း ပတ်ပတ်လည်ကို ဓာတ်မီးနဲ့ ထိုးကြည့်လိုက်သည်။ သူမြင်ရ သည့် အရာအားလုံးက အပျက်အစီးများသာ ဖြစ်၏။

လျူယောင် စိတ်ထဲကနေ တွေးလိုက်မိ သည်။

"ဒါက အာကာသယာဉ် အပျက်အစီးပဲ ဖြစ်လောက်တယ်... "

သူ ဝင်လာသည့် နေရာက သိသိသာသာ ပျက်စီးနေသည်။ ဒါကြောင့် အပေါက်ဝ နားမှာ မီးခိုးနက်ရောင် သတ္တုအပိုင်းအစများ အများကြီးရှိနေခြင်းပဲ ဖြစ်သည်။

အတွင်းဘက်ကို လျူယောင် ရေကူးဝင်လာ ပြီးနောက် နေရာတိုင်းတွင် ပျက်စီးမှု့များကို တွေ့ရရုံသာမက စိတ်ကူးယဉ် သိပ္ပံရုပ်ရှင် ထဲမှာသာ မြင်ရတဲ့ မြင်ကွင်းကိုလည်း သူ မြင်လိုက်ရသည်။

All Chapters