ပင်လယ်အောက်ခြေသို့
Vol. 27 Ch. 363
စိတ်ကူးယဉ် သိပ္ပံရုပ်ရှင်ထဲ ဝင်ရောက် သွား သလို ကြီးမားတဲ့ နေရာတစ်ခုကို လျူ ယောင် မြင်လိုက်ရသည်။
"တစ်ကယ့်ကို အံ့ကိုမခန်းပဲကွာ...."
လျူယောင် သတိပြန်ဝင်လာဖို့ အချိန် အ တော်ကြာသွားသည်။ ပြီးနောက် သူက ဓာတ် မီးကို ကိုင်ပြီး ပတ်ပတ်လည်ကို ကြည့်လိုက် ပေမဲ့ ပျောက်မှာစိုး၍ အနက်ကြီး မဝင်ရဲပေ။
ဘာလို့လဲဆိုတော့ အတွင်းထဲက အရမ်း ကြီး မားလွန်းတာကြောင့် ဖြစ်၏။
မိနစ်အနည်းငယ် ကြာပြီးနောက် မူလ လမ်း ကြောင်းအတိုင်း လျူယောင် ပြန်လှည့် ထွက်လာသည်။ ပင်လယ်ရေ ဖိအားက အ ရမ်းကြီးမားလွန်းတာကြောင့် သူ အကြာ ကြီး မနေနိုင်ပေ။
အာကာသယာဉ် အပျက်အစီးမှ မကြာမှီမှာပဲ လျူယောင် ထွက်လာသည်။ အပြင်ရောက် တာနှင့် ပင်လယ်မျက်နှာ ပြင်ပေါ်သို့ သူ ချက်ချင်းရေကူးတက်လာသည်။ မီတာ ၃,၀၀၀ ကျော် နက်သည့် ပင်လယ် အောက် ခြေမှ ရေပေါ်သို့ တက်လာဖို့ သူ ၂၀ မိနစ် သာ ကြာပေသည်။
နောက်ဆုံးတော့ လျူယောင် ပင်လယ်ထဲမှ ထွက်လာ၏။
" ဟူး တော်ပါသေးရဲ့.."
သူ သက်ပြင်းရှည်ကြီးချလိုက်ပြီး စိတ် သက်သာရာရသွားသည်။ အဝေးမှာ ရပ် ထားတဲ့ ရွက်လှေကြီးကိုလည်း သူ မြင်လိုက် ရသည်။
ရွက်လှေပေါ်သို့ လျူယောင် ရောက်လာ သောအခါ နောက်ဆုံးတွင် အပြည့်အဝ စိတ် အပန်းဖြေလိုက်သည်။ သူ မြင်ခဲ့သည့် မြင် ကွင်းများက စိတ်ထဲတွင် ပြန်ပေါ်လာ တော့ သည်။
ဒါက အာကာသယာဉ် အပျက်အစီး ဖြစ် ကြောင်း သံသယ ရှိစရာ မလိုပေ။ အနည်း ငယ်ပျက်စီးနေပြီး အထူးသဖြင့် ကြီးမား သည့်အပေါက်မှ ဝင်လာတဲ့အခါ အစိတ် အပိုင်းများက ပျက်စီးနေသည်။
အတွင်းပိုင်း နည်းနည်းပိုဝင်တော့ ပျက်စီး မှု့က မပြင်းထန်တော့ပေ။သူ အာကာ သ ယာဉ်ရဲ့ ဘယ်အပိုင်းကို ဝင်ရောက်လဲ ဆို တာကိုတော့ မသိပေ။
ဒါက ကြီးမားတဲ့ နေရာတစ်ခုဖြစ်ပြီး သူ့ ရှေ့တွင် ထူထဲသည့် ပိုက်လိုင်း များရှိ နေ သည်။ ပိုက်လိုင်းတစ်ခုချင်းစီက ထူထဲပြီး အရှည်ကတော့ မသိရသေးပေ။
သူ့ ရှေ့တွင် ပေါ်လာသည့် အရာအားလုံးက အလွန်ခမ်းနားပြီး သူ့ကို အံ့မခန်းဖြစ်စေ သည်။အဲ့ဒါက ဂြိုလ်သားနည်းပညာနှင့် ထိုက် တန်လှပေသည်။
"သူဋေး အဆင်ပြေရဲ့လား.."
ချန်းဟူ စိုးရိမ်တကြီး မေးလိုက်သည်။ သူ စိတ်ပူနေတာကို မြင်နိုင်ပါသည်။
လျူယောင်က ဘာမှမပြောရင်တောင် မီတာ နှစ်ထောင် သို့မဟုတ် သုံးထောင်အနက်ကို ဆင်းသွားခဲ့တာဖြစ်နိုင်သည်ဟု ချန်းဟူ ခန့်မှန်းမိသည်။
"ငါ့ဘုရားရေ.. သူဋေးက အရမ်းအား ကောင်းတာပဲ.. ဒီလောက်နက်တဲ့ ပင်လယ် အောက်ခြေကိုတောင် သွားနိုင်တာပဲ "
ချန်းဟူ စိတ်ထဲကနေ အကြိမ်ကြိမ် ရေရွတ် မိသည်။
လျူယောင်အပေါ် သူ့လေးစားမှု့က ပိုပြီး အားကောင်းလာကာ ဒါက ရင်ထဲမှ လာတာပဲ ဖြစ်၏။
လျူယောင်ကရော...
ကြီးမားတဲ့ ရွက်လှေပေါ်ကို တက်လာပြီး နောက်အဓိကလုပ်ရမည့်အရာမှာ အနားယူ ပြီး စိတ်အင်အားဖြည့်ခြင်းဖြစ်သည်။ အနား ယူပြီးနောက် သေချာပေါက် ဆက်သွားလိမ့် မည်။
အဲ့ဓီ့နေရာက အရမ်းနက်လွန်းနေတာ ဝမ်း နည်းစရာပင်။ မီတာ ၃,၀၀၀ ကျော် နက်ပြီး အောက်ဘက်ရှိ ရေဖိအားက အရမ်းကြီး မားလှသည်။
ဒီလောက်မနက်ပဲ မီတာ ၂,၀၀၀ ကျော်ပဲ ရှိမယ်ဆိုရင် ပင်လယ်အောက်ခြေမှာ လျူ ယောင် ပိုကြာကြာနေနိုင်ပြီး တစ်နာရီ ကျော် တောင် နေနိုင်လိမ့်မည်ဟု ခန့်မှန်းရသည်။
အာကာသယာဉ် အပျက်အစီးရှိရာ ပင်လယ် ရေ အနက်က မီတာ ၃,၃၀၀ ကျော်၏။ ဒီလို အနက်မှာ လျူယောင် အများဆုံး ဆယ်မိနစ် ပဲ နေနိုင်ပေသည်။
ပင်လယ်မျက်နှာပြင်ကနေ ပင်လယ် အောက် ခြေကို ဆင်းဖို့ မိနှစ် ၂၀ လောက်ကြာပြီး အာကာသယာဉ်ထဲကို ဝင်ဖို့ ဆယ်မိနစ် လောက် အချိန်ယူပြီးမှ ပြန်လာရ၏။။
မီတာ ၃,၃၀၀ ရေအောက်မှာ ကုန်ဆုံးရတဲ့ အချိန်က အရမ်းတိုလွန်းသည်။
သူ ပိုကြာကြာနေချင်ရင်တော့ လိပ်ကြီး ပိုကြီးလာအောင် စောင့်ရမှာပဲ ဖြစ်၏။
လိပ်ကြီးသာ ပိုကြီးလာရင် ပိုအားကောင်းတဲ့ စွမ်းရည်များ ရှိလာပြီး ပိုနက်သည့် ပင်လယ် အောက်ခြေသို့ သူ ဆင်းနိုင်လိမ့်မည်။
လိပ်ကြီး ပိုကြီးလာတာနှင့်အမျှ လျူ ယောင် လည်း ပိုသန်မာလာလိမ့်မည်။ဒါမှ သူလည်း ပိုနက်တဲ့ ပင်လယ်အောက်ခြေကို ဆင်းနိုင် ပြီးမီတာ ၃,၃၀၀ အနက်မှာ ပိုကြာကြာနေ နိုင် ပါမည်။
ရွက်လှေကြီးပေါ်တွင် တစ်နာရီခွဲခန့် လျူ ယောင် အနားယူလိုက်ပြီး ကော်ဖီတစ်ခွက် ပင် ဖျော်သောက်လိုက်သည်။ အနားယူတာ လုံလောက်ပြီဟု သူ ခံစားရပြီးနောက် ပင် လယ်ထဲ ထပ်ဆင်းလိုက်သည်။
ဓာတ်မီးကြီးကို လျူယောင် ကိုင်ပြီး ပင် လယ်အောက်ခြေသို့ ထပ်၍ ရေကူးလာ လိုက်သည်။
ရေအနက် တဖြည်းဖြည်းတိုးလာတာ နှင့် အမျှ အလင်းရောင်ကလည်း တဖြည်းဖြည်း မှိန်လာ၏။ ရေအောက် မီတာ နှစ်ရာ သုံးရာ မှာ အလင်းရောင်က အရမ်းမှိန်နေပြီး အောက်ဘက် ပို ဆင်းလာတာနဲ့အမျှ အလင်း က ပိုပြီးမှောင်လာသည်။
မီတာ လေးငါးရာ အနက်မှာ ပင်လယ်ရေက အရမ်းကြည်လင်နေသော်လည်း လုံးဝ မှောင်မိုက်နေပြီး ပင်လယ်ရေမျက်နှာပြင်မှ အလင်းရောင်က ဒီကို မရောက်နိုင်တော့ပေ။
လျူယောင် သူ့လက်ထဲက ဓာတ်မီးကြီးကို ဖွင့်လိုက်သည်။ ဒီအရာက တောက်ပ နေတာ ကြောင့် အနည်းဆုံး သူ့ရှေ့ မီတာ ရာဂဏန်း နယ်ပယ်က ရှင်းလင်းနေသည်။
"သခင် ကျွန်တော့်ကျောပေါ်မှာ ထိုင်ပြီး သွားပါ.."
လိပ်ကြီးက ရောက်လာပြီး ပြောလိုက်၏။
"ကောင်းပြီ..ဂူပေါက်ဝကို သွားကြမယ်. .ဒီ တစ်ခါတော့ အဲ့ဒီထဲကို ငါ သေချာပေါက် ဝင်မယ်.."
ခုနက ဝင်ခဲ့တဲ့ အတွေ့အကြုံကြောင့် ဒီတစ် ကြိမ်မှာ ပိုနက်တဲ့နေရာသို့ ဝင် ရောက်ဖို့ လျူယောင် ရည်ရွယ်ထားပြီး ပစ္စည်းအချို့ လည်း ရရှိနိုင်ပေလိမ့်မည်။
လိပ်ကြီးက ပင်လယ်အောက်ခြေသို့ ရေကူး လာသည်။ လျူယောင်ထက် ပိုမြန်သော် လည်း အရမ်းမြန်မနေပေ။
ပင်လယ်အောက်ခြေကို သွားရတာက ရေဖိ အား တဖြည်းဖြည်းတိုးလာတဲ့ လုပ်ငန်းစဉ် တစ်ခုပဲ ဖြစ်၏။ အကယ်၍ အရှိန် အရမ်း မြန်လွန်းရင် ရေဖိအားက အရမ်းမြန်မြန် တိုး လာလိမ့်မည်။ လျူယောင်က သန်မာ သော် လည်း သူက မသက်မသာ ခံစားရပြီး အဆင် မပြေဖြစ်လာသည်။
အောက်ခြေကနေ ပင်လယ်မျက်နှာပြင်ကို ပြန်တက်ရတဲ့အခါလည်း အတူတူပင် အရှိန် က အရမ်းမမြန်သင့်ပေ။ မိနစ် ၂၀ လောက် က မီတာ ၃,၃၀၀ အနက်အတွက် ပိုသင့်တော် ပေသည်။
ဂူဝင်ပေါက်ကို လိပ်ကြီး ရောက်တဲအခါ ရပ် တန့်လိုက်ရာ လျူယောင် ဓာတ်မီးကြီးကို ကိုင်ပြီး အတွင်းထဲ ရေကူးဝင်လာလိုက် သည်။
ယခင်အတွေ့အကြုံအရ လျူယောင် ဂူကြီး ထဲသို့ ဝင်သည့်အခါ နှိုင်းယှဉ်ချက်အရ မြန် နေသည်။ သူ မိနစ်အနည်းငယ်ကြာ ရေကူး ပြီးမှသာ နှေးသွားခဲ့သည်။
သူ့လက်ထဲက ဓာတ်မီးကြီးကိုသုံးပြီး ပတ် ပတ်လည်ကို ဓာတ်ပုံရိုက်ကြည့်ရင်း ဖြည်း ဖြည်းချင်း လျူယောင် ရေကူးလာသည်။
အာကာသယာဉ်ရဲ့ အတွင်းပိုင်းကို ကြည့် ခြင်းအပြင် လျူယောင် အလိုချင်ဆုံး အရာ က တန် ဖိုးရှိသည့် အရာပဲ ဖြစ်၏။
ဒါပေမဲ့ ဒီနေရာက အာကာသယာဉ်ရဲ့ ဘယ် အပိုင်းဖြစ်တယ်ဆိုတာကို ယာယီအားဖြင့် သူ ရှင်းရှင်းလင်းလင်း မသိသေးပေ။ ဒီကြီး မားတဲ့ ပိုက်လိုင်းတွေကို မြင်ပြီးနောက် ဒီနေ ရာက အာကာသယာဉ်ရဲ့ ပါဝါခန်း ဖြစ်နိုင် တယ်ဟု လျူယောင် ယူဆလိုက်သည်။
ခဏအကြာတွင် ဒီခန့်မှန်းချက်က မမှန်ဘူး လို့ သူ ခံစားလိုက်ရသည်။ ဘာလို့လဲဆိုတော့ သူက အင်ဂျင်လိုမျိုး အရာမျိုးကို မမြင်ခဲ့ရ ပေ။ အဝေးကို ဦးတည်နေတဲ့ ထူထဲသည့် ပိုက်လိုင်းများကိုသာ တွေ့ခဲ့ရပြီး အာကာ သယာဉ်ရဲ့ အတွင်းပိုင်းက အရမ်းကြီးမား နေသည်။
တချို့ပိုက်လိုင်းများက မပျက်စီးဘဲရှိပြီး တချို့ကတော့ သိသိသာသာ ပျက်စီးနေ သည်။ ဝင်လာတဲ့နေရာကလည်း သိသိသာ သာပျက်စီးနေပေသည်။ ဒီပျက်စီးမှုများ ကြောင့်ပဲ အာကာသယာဉ်က ဒီနေရာမှာ ရပ်တန့်နေတာဖြစ်နိုင်တယ်လို့ သူ ခန့်မှန်း လိုက်သည်။
ဒီလိုအတွေးမျိုး ဝင်လာပြီးနောက် သူ ရှေ့ကို ဆက်လက်ရေကူးလာလိုက်သည်။ နောက်ထပ် မိနစ်အနည်းငယ်အကြာတွင် လျူယောင် ပြန်ထွက်သင့်ပြီဟု ခံစား ရ သည်။
သူ့စိတ်ထဲတွင် အနည်းငယ်နောင်တရနေ၏။ ဒီခရီးက ဘာမှရရှိမှာ မဟုတ်ဘူးလို့လည်း ထင်ရသည်။
ရုတ်တရက် ဓာတ်မီး အလင်းရောင် ရောက် နိုင်တဲ့နေရာမှာ အရာတစ်ခုကို လျူယောင် မြင်လိုက်ရသည်။
ပထမတော့ သူက စက်ရုပ်လို့ထင်ခဲ့ပေမဲ့ ရေကူးပြီး အနီးကပ်သွားကြည့်တဲ့အခါ ဂြိုလ်သားတစ်ယောက်ရဲ့ ရုပ်အလောင်း ဖြစ်တာကို တွေ့လိုက်ရသည်။
အဲ့ဒါက ခန္ဓာကိုယ်အပြည့် သံချပ်ကာဝတ် စုံနဲ့ ငါးမီတာကျော် ရှည်လျားပြီး လူသားများ လို လက်နှစ် ဖက်၊ခြေထောက်နှစ်ဖက် မ ဟုတ်ဘဲလက်လေးဖက်နဲ့ ခြေလေးဖက် ရှိ နေသည်။
ဒီနေရာမှာ နှစ် ၅၀,၀၀၀ ကြာ လဲလျောင်း နေပြီးနောက်ခန္ဓာကိုယ်က အရိုးများသာ ကျန်ပေမဲ့ သံချပ်ကာကတော့ နှိုင်းယှဉ်ချက် အရ မပျက်မစီးပဲ ရှိနေသည်။
လျူယောင် အလွန်ပျော်ရွှင်သွားသည်။
"ငါ ဒီ သံချပ်ကာတစ်စုံကို ပြန်ယူသွားရင် ဘာဖြစ်မလဲ ..."
ဒီလိုစိတ်ကူးပေါ်လာတာနဲ့သူ ချက်ချင်း စ တင်လိုက်သည်။ လက်တစ်ဖက်တွင် ဓာတ် မီးကို ကိုင်ပြီး အခြားလက်ဖြင့် ဂြိုလ်သား ရုပ်အလောင်းရဲ့ သံချပ်ကာအပါအဝင် သူ အပြင်ကို ဆွဲယူလာလိုက်သည်။
လျူယောင်က သူ့မှာ အားအများကြီးရှိပေမဲ့ အခက်အခဲရှိတယ်ဟု ခံစားရ၏။ ဒါကြောင့် သူက ဂူထဲကနေ အလျင်အမြန်ဆွဲ ထုတ် လိုက်ပြီး ရုပ်အလောင်းကို မြေပေါ်သို့ ပစ်ချ ကာရေမျက်နှာပြင်ပေါ်သို့ အမြန်ရေကူး တက်လိုက်သည်။
ဒီအချိန်တွင် သူ အလွန်မသက်မသာခံ စား နေရတာကြောင့် ပင်လယ်ရေမျက်နှာပြင်ကို အမြန် တက်ရမှာပဲ ဖြစ်၏။ မီတာ ၃,၃၀၀ ရေအနက်မှာ အချိန် ခဏလေးပဲ သူ ခံနိုင် ရည်ရှိသည်။
အပေါ်ကိုတက်လာတာနဲ့အမျှ လျူယောင် တဖြည်း ဖြည်းပိုအဆင်ပြေလာသည်။ မီတာ ၁,၀၀၀ ကျော် အနက်ကို ရောက်တဲ့ အခါ မ သက်မသာဖြစ်မှု့က လုံးဝနီးပါး ပျောက် ကွယ်သွားသည်။
ရွက်လှေကြီးပေါ်ကို လျူယောင် ထပ်တက် လိုက်ပြီး ပင်လယ်အောက်ခြေကို ပြန်မဆင်း ခင် ထပ်အနားယူဖို့ လိုအပ်နေသည်။
ရွက်လှေကြီးပေါ် တက်ပြီးနောက် ပထမ ဆုံးလုပ်ရမဲ့ဟာက သူ အနားယူပြီး စိတ် ဓာတ်အင့်အားဖြည့်တင်းခြင်းပင် ဖြစ်သည်။
ရွက်လှေအောက်တွင် ကြီးမားတဲ့ ဓာတ်မီးကို ထားခဲ့ပြီး ရော်ဘာရေငုပ်ဝတ်စုံကို ချွတ် ကာရွက်လှေပေါ်တွင် ရေချိုးသန့် ရှင်း ပြီး နောက်သက်တောင့်သက်သာရှိတဲ့ အဝတ်အ စားများကို သူ ပြောင်းဝတ်လိုက်သည်။
မီတာ ၃,၃၀၀ အနက်ရှိတဲ့ ပင်လယ်အောက် ခြေကို လျူယောင် နှစ်ကြိမ်ဆက်တိုက် ဆင်းခဲ့သည်။ ဒီတစ်ခါ နှစ်နာရီကျော် လောက်အနားယူပြီးမှပဲ သူ ပြန်ဆင်းတော့ မည်။