ဂြိုလ်သားလက်နက်
Vol. 27 Ch. 364
ချန်းဟူက ကော်ဖီတစ်ခွက် ဖျော်လာပြီး မေးလိုက်၏။
“သူဋေး အဆင်ပြေရဲ့လား...”
ကော်ဖီခွက်ကို လျူယောင် ယူလိုက်ပြီး ပြန်ဖြေလိုက်သည်။
“အင်း ..ငါ အဆင်ပြေတယ် တစ်နာရီ နှစ်နာ ရီလောက် နားပြီးရင် ထပ်ဆင်းအုံးမယ်...”
လျူယောင် အဆင်ပြေပုံရတာကိုမြင်တော့ ချန်ဟူးက စိတ်သက်သာရာရသွားပြီး ညစာ ပြင်ဆင်ဖို့ စတင်လိုက်သည်။
မကြာခင် ညနေစောင်းတော့မှာ မို့လို့ ရွက် လှေကြီးက မီးတွေဖွင့်ထားရတော့မည်။
ချန်းဟူက မီးဖိုချောင်ထဲမှာ ပြင်ဆင် နေ ပေသည်။
အစားအသောက်တွေက အသင့်စားဖို့ အ ဆင်သင့်ရှိနေပြီး ရေခဲသေတ္တာထဲက ထုတ် ပြီး အပူပေးရုံသာဖြစ်၏။
ဒါ့အပြင် သူက ရွက်လှေပေါ်တွင် အားနေ တာမဟုတ်ဘဲ ငါးကြီးအချို့ကိုလည်း ဖမ်း ထားပြီး ညစာစားဖို့အတွက်ပဲ ဖြစ်သည်။
ကော်ဖီကို ကိုင်ရင်း နှစ်ငုံ သောက်လိုက် ပြီးနောက် အိမ်မွေးတိရိစ္ဆာန်ချပ်ပြားကို လျူယောင် ဖွင့်ပြီး လိပ်ကြီးရဲ့ စွမ်းရည် အမျိုးမျိုးကို ကြည့်လိုက်သည်။
အိမ်မွေးတိရိစ္ဆာန်နာမည်- မျိုးပြောင်းလိပ်
အလေးချိန်- ၉၇၂ တန်
ခွန်အား - ၅၉၃၂၅
ရေကူးနှုန်း- ၃၄၅ ရေမိုင်နူန်း
ကျွမ်းကျင်မှု့များ- လိပ်ခွံအကာအကွယ် (အဆင့် ၃)၊ လိပ်အသက်ရှူခြင်း (အဆင့် ၃)၊ စူပါအမြင်အာရုံ (အဆင့် ၂)၊ စူပါအာရုံ ခံစားမှု (အဆင့် ၂)၊ ပေါက်ကွဲမူ့ (အဆင့် ၁)
လိပ်ကြီးရဲ့အခြေအနေကို ကြည့်ပြီး လျူ ယောင် စိတ်ထဲကနေ ရေရွတ်လိုက်သည်။
“ဒီကောင်ကြီးက မကြာခင် တန် ၁၀၀၀ အထိ ကြီးလာတော့မယ်.. တန် ၁၀၀၀ အတားအဆီးကို သူ ကျော်နိုင်ပါ့မလား..."
လိပ်ကြီး တန် ၁၀၀၀ အတားအဆီးကို ကျော်ဖြတ်ပြီး အနာဂတ်တွင် တန် ၁၀၀၀ အထိ ကြီးထွားလာပါက ပင်လယ် အောက် ခြေသို့ ပိုနက်နက်ဝင်နိုင်ရန် လျူယောင် မျှော်လင့်မိသည်။ဒါမှသာ သူလည်း မီတာ ၃,၃၀၀ အနက်မှာ ပိုကြာကြာနေနိုင်မှာပဲ ဖြစ် ၏။
အခု အကြီးမားဆုံး ပြဿနာက အချိန် မလုံလောက်တာပဲ ဖြစ်သည်။
ပင်လယ်အောက်ခြေမှာ ဆယ်မိနစ် ကျော် လောက်သာ သူ နေနိုင်ပြီး ပြန်တက် ခဲ့ရ သည်။ ဒီလို တိုတောင်းတဲ့အချိန်မှာ ဘာမှ အများကြီး မလုပ်နိုင်ပေ။ အာကာသယာဉ် အပျက်အစီးထဲကို ဝင်ပြီး မကြာခင် သူ ပြန် ထွက်လာခဲ့ရသည်။
ပထမဆုံးအကြိမ်က ဘာမှမရခဲ့ပေ။ အာ ကာသယာဉ်ထဲက ပတ်ဝန်းကျင်ကို ရင်းနှီး အောင်လုပ်ဖို့သာ ဖြစ်သည်။ ဒုတိယ အကြိမ် ကတော့ ဆိုးရွားတာမဟုတ်ပဲ နည်းနည်း ပို နက်နက်ဝင်ပြီး ဂြိုလ်သားရုပ်အလောင်းကို သူ တွေ့ခဲ့သည်။
ဒီရုပ်အလောင်းကို တွေးမိသွားတာကြောင့် ပြင်ပအမြင်အကို လျူယောင် ချက်ချင်း ဖွင့် လိုက်သည်။ လိပ်ကြီးက ဂူပေါက်ဝ မှာရှိ နေပြီး ရုပ်အလောင်းက သူ့ဘေးမှာ ရှိနေပေ သည်။
ကြီးမားသည့်လိပ်ကြီးကို မြင်ရရုံသာမက ဂြိုလ်သားရုပ်အလောင်းကိုပါ သူ မြင်ရ၏။
အဲ့ဒါက၅ မီတာကျော်ရှည်ပြီး လူသားတွေနဲ့ အရမ်းကွာခြားနေသည်။ သူ ဝတ်ထားတဲ့ သံချပ်ကာကလည်း အတော်လေး ထူးဆန်း လှသည်။ ခန္ဓာကိုယ် တစ်ခုလုံးကို အခြေခံအ ားဖြင့် ဖုံးအုပ်ထားပြီး မျက်နှာဖုံးက ကြည် လင်နေသည်။ ဖန်လားဆိုတာတော့ သူ မသိ ပေ။
မျက်နှာဖုံးကတစ်ဆင့် ဂြိုလ်သားရုပ် အ လောင်းက အရိုးများသာ ကျန်တော့တာကို မြင်နိုင်သည်။
"အမ်..ဘာလဲဟ... "
လျူယောင် အလွန်အံ့ဩသွား၏။ သူ ရုပ် အလောင်းကို ဆွဲထုတ်လာတုန်းက အရိုး များကို မြင်နိုင်သေးသည်။ ဘယ်လောက် ကြာသေးလို့လဲ အရိုးတွေ ပျောက်ကွယ် သွားပြီး ရွှံ့နက်များ ဖြစ်သွားသည်။
မကြာခင်မှာပဲ ဒီရုပ်အလောင်းက ပင်လယ် ရေထဲတွင် နှစ် ၅၀,၀၀၀ ကြာ စိမ်ထား ခဲ့တာ ဖြစ်လို့ မူလက တည်ငြိမ်နေခဲ့တာဟု လျူ ယောင် ခန့်မှန်းမိသည်။အဲ့ဒါကို သူ ဆွဲထုတ် လာပြီးနောက် တည်ငြိမ်မှု့က ပျက်စီးသွားပြီး ကျန်နေတဲ့ အရိုးများက ချက်ချင်း ရွှံ့ဖြစ် သွားပေသည်။
ဂြိုလ်သားရုပ်အလောင်းက ရွှံ့ဖြစ် သွားတ ာကြောင့် အခြေခံအားဖြင့် တန်ဖိုးမရှိပေ။ ဒါပေမဲ့ ဒီသံချပ်ကာဝတ်စုံကတော့ ကောင်း ပုံရသည်။
လျူယောင် ပြင်ပအမြင်မှတစ်ဆင့် ဂရု တစိုက်ကြည့်လိုက်ပြီး ဒါကို ယူသွားဖို့ စိတ် ထဲတွင် ဆုံးဖြတ်လိုက်၏။
နောက်ဆုံးတော့ ဒီစိတ်ကူးကို သူ လက် လျှော့လိုက်ရသည်။
လက်ရှိ နိုင်ငံရဲ့ နည်းပညာအဆင့်နဲ့ အထူး သဖြင့် သူ့လက်ထဲတွင်ရှိတဲ့ အရင်း အမြစ် များဖြင့် ဒီသံချပ်ကာကို သိပ္ပံနည်းကျ သုတေသနလုပ်ဖို့ဆိုတာ မဖြစ်နိုင်ပေ။
ဒါကို နိုင်ငံအတွက် လှူဒါန်းဖို့ လျူယောင် တွေးခဲ့ပေမဲ့ သူလုံးဝ ရှင်းပြလို့ မရနိုင် တာ ကြောင့် ဒီအကြံကို ချက်ချင်းငြင်းပယ် လိုက် သည်။
"မီတာ ၃,၀၀၀ ကျော် အနက်မှာရှိတဲ့ နေရာ တွင် ဂြိုလ်သားအာကာသယာဉ် အပျက် အစီးတစ်ခုရှိတယ်လို့ နိုင်ငံကို ပြောရမလား ..."
"သင်ဆိုရင်ရော ယုံမလား... "
တချို့အတွေးများကို တစ်ခုပြီးတစ်ခု ငြင်းပ ယ်ပြီးနောက် လျူယောင် အကြည့်က သံချပ် ကာပေါ်မှာ ရှိတဲ့ လက်နက်တစ်ခုပေါ် ကျ ရောက်သွားသည်။
ဒါက ဂြိုလ်သားလက်နက်ဖြစ်ပုံရပြီး စစ် တပ်မှ တိုက်ခိုက်ရေးရိုင်ဖယ်နဲ့ ဆင်တူပေမဲ့ နည်းနည်းပိုကြီးနေသည်။
ဒီဟာကို အလွန်စိတ်ဝင်စားပြီး ဒါကို ယူ သွား၍ ဂရုတစိုက်လေ့လာဖို့ လျူယောင် ဆုံးဖြတ်လိုက်သည်။
ဒါက ဆက်သုံးလို့ရပြီး ပစ်ခတ်နိုင်မယ် ဆိုရင် အရမ်းကောင်းလိမ့်မည်။ အဲ့ဒါသာဆို ပင်လယ်အောက်ခြေကို အကြိမ်များစွာ သူ ကြိုးစားပြီး ရေငုပ်ခဲ့တာ အချည်းနှီး မဖြစ် တော့ပေ။
ဒီလက်နက်အပြင် အာကာသယာဉ် အပျ က်အစီးထဲမှာလည်း ပိုတန်ဖိုးရှိသည့် အရာ များ တွေ့ရှိရန်လည်း လျူယောင် မျှော်လ င့်မိသည်။ အာကာသယာဉ်ပေါ်တွင်ရှိတဲ့ စမတ်ကွန်ပျူတာကိုတောင် တွေးမိသည်။
ဂြိုလ်သားများရဲ့ စမတ်ကွန်ပျူတာ များထဲ တွင် အဆင့်မြင့်နည်းပညာများ အများကြီး ရှိရမည်။ ဒီထဲက တချို့ကို အသုံးပြုနိုင်မယ် ဆိုရင် လူသားမျိုးနွယ်တစ်ခုလုံးအတွက် ကြီးမားတဲ့အကျိုးကျေးဇူးတစ်ခုကို သေချာ ပေါက်ဖြစ်စေပါလိမ့်မည်။
လျူယောင် ညစာစားပြီးနောက် ခဏနား လိုက်သည်။
ပြီးနောက် သူ့လက်ကို မြှောက်ပြီး အချိန်ကို ကြည့်လိုက်သည်။ သူ ပြန်တက်လာပြီး က တည်းက နှစ်နာရီနီးပါး အနားယူ ခဲ့သည်။ အခု အင်အားအပြည့်အဝ ပြန်လည်ရ ရှိသွား ပြီဟု သူ ခံစားနေရသည်။
ဒါကြောင့် ရေထဲကို ထပ်ဆင်းဖို့ သူ ထပ်မံ ပြင်ဆင်လိုက်၏။
ဓာတ်မီးကြီးကို ကိုင်ပြီး ရွက်လှေကြီးရဲ့ နောက်ဘက်ကုန်းပတ်မှတစ်ဆင့် ပင်လယ် ထဲကို လျူယောင်ထပ်ဆင်းလိုက်သည်။
ညဘက်ဖြစ်နေတာကြောင့် ပင်လယ်ရေက မှောင်မိုက်နေပေမဲ့ ရေအောက် မီတာ ဆယ်ဂ ဏန်းရောက်တဲ့အခါ ဓာတ်မီးကို လျူ ယောင် ဖွင့်လိုက်သည်။
ချန်းဟူက ရွက်လှေကုန်းပတ်ပေါ်မှာ ရှိ နေ တာကြောင့် ဓာတ်မီးအလင်းက အရမ်း တောက်ပနေတာကို သူ မြင်နေရသည်။
အလင်းရောင်က ပင်လယ်အောက်ခြေ အ နက်ပိုင်းဆီ ရွေ့သွားတာကို သူ မြင်ရ၏။ တဖြည်းဖြည်းနဲ့ အလင်းရောင်က ပိုပိုပြီး နည်းသွားကာ နောက်ဆုံးတွင် ပျောက်ကွယ် သွားသည်။
လျူယောင်က မီတာ သုံးလေးရာ အနက်ကို ရောက်လာပြီး လိပ်ကြီးလည်း ရောက်လာ ခဲ့သည်။ အာကာသယာဉ်ထဲရှိ ကြီးမားပျက် စီးတဲ့ အပေါက် ကြီးဆီကို အရင်နည်း ဟောင်းအတိုင်း ရေကူးသွားလိုက်သည်။
ဆယ်မိနစ်အကြာတွင် ဂူပေါက်ဝကို လျူ ယောင် ထပ်ရောက်လာပြီး ဂြိုလ်သားသံ ချပ်ကာ အထူးသဖြင့် ဂြိုလ်သား လက်နက် ကို ကြည့်လိုက်သည်။
ထို့နောက် လျူယောင် အာကာသယာဉ် အ တွင်းပိုင်းသို့ ရေကူးဝင်လိုက်သည်။ ဒါက သူ ဝင်လာတာ တတိယအကြိမ်ဖြစ်ပြီး လမ်း ကို အလွန်ကျွမ်းကျင်နေပြီပဲ ဖြစ်သည်။
ပြီးခဲ့သည့်အကြိမ်က ဂြိုလ်သားရုပ် အ လောင်းကို တွေ့ခဲ့သည့်နေရာကို မကြာခင် မှာပဲ လျူယောင် ရောက်လာသည်။ ဒုတိ ယဂြိုလ်သားရုပ်အလောင်း ရှိမရှိ သူ စိတ်ထဲ ကနေ တွေးမိသည်။
ဓာတ်မီးကြီးကို ကိုင်ပြီး နေရာတိုင်း ကြည့် လိုက်သော်လည်း ဘာမှ မတွေ့ရတော့ လျူ ယောင်ရှေ့သို့ ဆက်သွားလိုက်သည်။
နေရာက အရမ်းကြီးမားပေမဲ့ သူကတော့ နည်းနည်းသေးငယ်တယ်လို့တောင် ခံစား ရသည်။
နှစ်မိနစ် သုံးမိနစ်ကြာ ရေကူးပြီးနောက် တံ ခါးတစ်ခုရဲ့ ရှေ့ကို သူ ရောက်လာသည်။ ဒီသတ္တုတံခါးက မီတာ ၂၀ မှ ၃၀ အထိ မြင့်ပြီး ၁၀ မီတာ ကျော် ကျယ်သည်။ဒါက ကြီးမားတယ်လို့ ဆိုနိုင်ပေသည်။
လျူယောင် တံခါးကို တွန်းဘိုက်ပေမဲ့ အဲ့ဒါက ရွေ့မသွားပေ။
"ထိန်းချုပ်တဲ့ ခလုတ် ရှိမလား မသိဘူး..."
လျူယောင် အပေါ်အောက် လှည့်ပတ် ကြည့် ပြီး နောက် ဓာတ်မီးကို ကိုင်ကာ ပတ်ပတ် လည်ကို ကြည့်သော်လည်း ဘာမှမတွေ့ ရ ပေ။ တံခါးတစ်ခုလုံး တင်းကျပ်စွာ ပိတ် ထား၏။ သူ အားနဲ့တွန်းတာတောင် မရွေ့ သွားပေ။
ဒီတံခါးကိုသာ သူ ဖွင့်နိုင်မယ်ဆိုရင် နောက် ထပ် ကြီးမားတဲ့အခန်းထဲကို သေချာပေါက် ဝင်နိုင်လိမ့်မည်။ ဒါဆို ရှာဖွေတွေ့ရှိမှု့ အ သစ်များ ရှိနိုင်မယ်လို့ လျူယောင် ခန့်မှန်း လိုက်သည်။
ကံမကောင်းစွာနဲ့ပဲ တံခါးက လုံးဝတွန်းလို့ မရပေ။
လက်လျှော့ဖို့ကလွဲပြီး တခြားရွေးချယ်စရာ မရှိတော့ဘဲ ဓာတ်မီးကြီးနဲ့အတူ လျူယောင် ပြန်ထွက်ဖို့ ပြင်ဆင်လိုက်သည်။ သူ မီတာ ၃,၃၀၀ အနက် ပင်လယ်အောက်ခြေမှာ ဆယ်မိနစ်ကျော်လောက်သာ နေနိုင်သေး သည်။
လျူယောင် ပြန်ထွက်လာတဲ့အခါ ဓာတ်မီး ကြီးကိုသုံးပြီး ပတ်ပတ်လည်ကို ကြည့်ဖို့ မမေ့ပေ။ ဒါပေမဲ့ ဒုတိယဂြိုလ်သား ရုပ်အလောင်းကို ထပ်မတွေ့ရတော့ပေ။
မကြာခင်မှာပဲ ပျက်စီးနေသည့် အပေါက်မှ လျူယောင် ထွက်လာပြီး ဂြိုလ်သားလက် နက်ကို ယူလာလိုက်သည်။
ဂြိုလ်သားသံချပ်ကာကို ကြည့်ပြီးနောက် လိပ်ကြီးကို အာကာသယာဉ်ထဲ ပြန်ပစ် ထည့်ဖို့ သူ အမိန့်ပေးလိုက်သည်။
လျူယောင်ရဲ့ လက်တစ်ဖက်မှာ ဓာတ်မီး ကြီးကိုကိုင်ထားပြီး နောက်တစ်ဖက်မှာ ဂြိုလ်သားလက် နက်ကို ကိုင်ကာ ပင်လယ် မျက်နှာပြင်ပေါ်သို့ ရေကူးတက်လာခဲ့သည်။
မိနစ်နှစ်ဆယ်ကြာတော့ ရွက်လှေပေါ်ကို လျူယောင် ရောက်လာသည်။ ရော်ဘာ ရေငုပ်ဝတ်စုံကို ချွတ်ပြီး ရေနွေးနွေးဖြင့် ရေချိုးကာ သက်တောင့်သက်သာရှိတဲ့ အဝတ်အစားများ သူ ပြောင်းဝတ်လိုက် သည်။
“ချန်းဟူ ရွက်လှေကို ပြန်လှည့်လိုက် ငါတို့ ပြန်ကြမယ်...”
သုံးကြိမ်ဆက်တိုက် လျူယောင် ဆင်း ကြည့်ပြီးနောက် သူ့ရဲ့ လက်ရှိခွန်အားက နည်းနည်းအားနည်းနေသေးပြီး ပင်လယ် အောက်ခြေမှာ နေရတဲ့အချိန်က တိုတောင်း လွန်းတယ်ဆိုတာ သိသွားသည်။
လိပ်ကြီး ပိုကြီးလာတဲ့အထိ စောင့်ပြီး ပင် လယ်အောက်ခြေမှာ ပိုကြာကြာ နေနိုင်မှသာ သူ ဒီကို နောက်တစ်ကြိမ် ထပ်လာတော့ မည်။
ချန်းဟူက ရွက်လှေကြီးကို ကွေ့ပြီး အပြန် ခရီးကို စတင်လိုက်၏။
လျူယောင်ကတော့ ဂြိုလ်သားလက်နက်နဲ့ အတူ အနားယူတဲ့အခန်းထဲ ဝင်လာပြီး သေချာ လေ့လာဖို့ ပြင်ဆင်လိုက်ပေသည်။