လျှပ်စစ်စွမ်းအင်သုံး ကျည်ကဒ်
Vol. 27 Ch. 365
လျူယောင် လက်နက်ကို စားပွဲပေါ်တင်ပြီး အရင်ဆုံး ကြည့်လိုက်ရာ နည်းနည်းညစ်ပတ် နေသည်။
ဒါက ဒီလက်နက်နဲ့ပတ်သက်ပြီး လျူယောင် ရဲ့ ပထမဆုံး ခံစားချက်ပဲ ဖြစ်၏။ သူရဲ့ မျက်နှာပြင်ကို မည်းနက်နေတဲ့ အလွှာတစ် ထပ် ဖုံးအုပ်နေသည်။
သူ ကောက်ကိုင်ကြည့်တော့ သေနတ်ထဲ က နေ ရေတွေတောင် ထွက်လာသေးသည်။ လျူယောင် ရေတွေ အားလုံးကို ဖယ်ထုတ်ပြီ းနောက် နောက်ထပ်ရေမထွက်လာတော့မှ ပထမဆုံး သန့်ရှင်းဖို့ ပြင်ဆင်လိုက်သည်။
"ငါ သန့်ရှင်းနေတုန်း အန္တရာယ်တစ်ခုခု ရှိမလား.."
လျူယောင်က ဒီသေနတ်ရဲ့ မောင်းကို ဖော် ထုတ်လိုက်သည်။ ဒါက သူတို့ဆီက မောင်းနဲ့ နည်းနည်းကွာခြားပေမဲ့ မောင်းခလုတ် ဖြစ် တာကိုတော့ သူ ပြောနိုင်ပေသည်။
ဒီ ဂြိုလ်သားတွေက အရပ်နည်းနည်း ပိုရှည် တာဖြစ်နိုင်လောက်၏။ ဒီသေနတ်ရဲ့ အရှည် က နှစ်မီတာနီးပါးရှည်ပြီး အလေးချိန်က ကီ လို ၄၀ မှ ၅၀ လောက်ရှိတာကြောင့် ဖြစ် သည်။
လျူယောင် ဂရုတစိုက်သန့်ရှင်းလိုက်ပြီး မောင်းကို မထိမိအောင် ကြိုးစားခဲ့သည်။ ထိမိရင်တောင် ဂရုစိုက်ပြီး သူ့လှုပ်ရှား မှု တွေကို တတ်နိုင်သမျှ ညင်သာစေခဲ့သည်။
သေနတ်ရဲ့ မျက်နှာပြင်ကို အခြေခံအားဖြင့် သန့်ရှင်းဖို့ မိနစ် သုံးဆယ် သို့မဟုတ် လေး ဆယ် အနည်းဆုံးကြာပေသည်။
ဒီအချိန် နောက်ဆုံးမှာတော့ သေနတ်ရဲ့ အ မှန်တကယ်ပုံစံကို လျူယောင် မြင်ရသည်။
ဒါက စိတ်ကူးယဉ် သိပ္ပံရုပ်ရှင်တွေမှာ မြင် ရတဲ့ ဂြိုလ်သားသေနတ်တွေနဲ့ အခြေခံအား ဖြင့် တူသော်လည်း ပိုကြီးနေသည်။
အပြင်ဘက်က သံချေးတက်နေပုံမရပေ။ ပင်လယ်ထဲမှာ နှစ် ၅၀,၀၀၀ ကြာ စိမ်ထား ပေမဲ့လည်း သံချေးတက် မနေပေ။
ဒီ ဂြိုလ်သားတွေရဲ့ နည်းပညာအဆင့်ကို လျူယောင် အလွန်လေးစားမိသည်။ သံ မဏိဆိုရင်တောင် နှစ် ၅၀,၀၀၀ ထားလိုက် ပါတော့ နှစ် ၅၀၀ စိမ်ထားရင်တောင် ပျက်စီး သွားလိမ့်မည်။ နှစ် ၅၀,၀၀၀ ဆိုရင်တော့ ဘာမှကျန်ရှိတော့မည်မဟုတ်ပေ။
"သံချေးတက်တာမရှိပဲ ထိန်းသိမ်းထား တာ က အရမ်းကောင်းတာပဲ မိုက်လှချည်လား ဟ.. ဒါဆို ပစ်နိုင်သေးလား..."
" အင်း.. ဒါကို ငါ စမ်းကြည့်ရမယ်... "
ဒီစိတ်ကူး ပေါ်လာပြီးနောက် ရွက်လှေ ကုန်း ပတ်ပေါ်မှာ စမ်းပစ်ကြည့်ဖို့ လျူယောင် ပြင် ဆင်လိုက့သည်။
ဒါကြောင့် သူ သေနတ်ကို ကုန်းပတ် ပေါ်ယူ သွားတော့ ချန်းဟူက စူးစမ်းချင်စိတ်နဲ့ လိုက် လာသည်။
"သူဋေး ဒါက သေနတ်နဲ့တူပေမဲ့ ဒီလို သေန တ်မျိုးကို ကျွန်တော် ဘယ်တုန်းကမှ မမြင် ဖူးဘူး..."
လျူယောင်လည်း တွေဝေစွာ ပြန်ဖြေ လိုက် ၏။
“ဒါက တကယ်ပဲ သေနတ်တစ်လက် ဖြစ် တယ်.. ဒါကို ပစ်နိုင်လားဆိုတာ ငါ စမ်း ကြည့်မလို့..”
လျူယောင် သေနတ်ကို ကိုင်ပြီး ပြောင်းဝကို အဝေးက ပင်လယ်ဆီ ချိန်ပြီး မောင်းကို ဆွဲ လိုက်သည်။
"ဟင်.."
"ဘာလို့ အသံမကြားရတာလဲဟ.. "
သေနတ်ခလုတ်ကို လျူယောင် အကြိမ်အ တော်ကြာ တွန်းကြည့်ခဲ့ပေမဲ့ ဘာအသံမှ ထွက်မလာပေ။
လုံခြုံရေး စနစ်များရှိလား စသဖြင့် ထပ်မံ လေ့လာကြည့်တော့ အချိန်အတော်ကြာ သွားပြီး ချန်ဟူကလည်း လာကူပေးပေမဲ့ ဘာအသံမှ ထွက်မလာပြန်ပေ။
"ဒါက ပစ်မရတော့ဘူးပဲ ငါ ဘာပဲ လုပ်ခိုင်းခိုင်း ဘာမှတုံ့ပြန်မှုမရှိတော့ဘူး ..."
လျူယောင် စိတ်ထဲတွင် တွေးမိလိုက်သည်။
“ပင်လယ်အောက်ခြေမှာ အကြာကြီး စိမ် ထားခဲ့လို့များလား လုံးဝစိမ်ထားခဲ့ရလို့.. မ သုံးနိုင်တော့ဘူးလား...”
လျူယောင် အကြာကြီးလေ့လာခဲ့ သော် လည်း အသံလည်းမထွက် ဘာတုံ့ပြန်မှု့မှ လည်းမရှိတော့ သေနတ်နဲ့အတူ ရွက်လှေထဲ ပြန်ဝင်လာလိုက်သည်။
ဆိုဖာပေါ်မှာ ထိုင်ပြီး သေနတ်ကို လျူ ယောင် ဂရုတစိုက်ကြည့် လိုက်၏။
ဒါက ပစ်မရတာကို စိတ်ပူစရာမလို တော့ တာကြောင့် လျူယောင် ယုံကြည်မှုရှိရှိနဲ့ လေ့လာလိုက်သည်။
ဒီအရာကို လေ့လာပြီးနောက် သေနတ် အ တွင်းပိုင်းကို ဖြုတ်ပြီး ကြည့်သင့်လားဟု လျူယောင် တွေးမိသည်။
လျူယောင် အချိန်အတော်ကြာ ကြည့်သော် လည်း ဘယ်ကနေ ဖြုတ်ရမလဲ ဆိုတာကို မသိပေ။ စကူ တစ်လုံးတောင် မမြင်ရပေ။
" လခွမ်း.. သူတို့ရဲ့နည်းပညာက ဒီလောက် အဆင့်မြင့်သလား... "
လျူယောင် အချိန်အတော်ကြာ ကြည့်ပြီး နောက် တကယ်ပဲ စကူ မရှိပေ။
"ဒီသေနတ်ကို ဖြုတ်ဖို့ လုံးဝမဖြစ်နိုင်ဘူးဟ လခွမ်းပဲ "
"အမ် ဒီနေရာမှာ ချိတ်လို အရာတစ်ခုရှိ နေပါ့လား.. "
ဒီရှာဖွေတွေ့ရှိမှု့အသစ်ကြောင့် လျူယောင် အနည်းငယ်စိတ်လှုပ်ရှားသွားသည်။ သူက ချိတ်ကို ဖိလိုက်တော့ “ကလစ်” ဆိုတဲ့ အသံ နုနုလေး ထွက်လာပြီး သေနတ်ရဲ့ လက်ကိုင် ကနေ အရာတစ်ခု ပေါ်လာခဲ့သည်။
"ဘာလား ဒါက ကျည်ကဒ် လားပဲ... "
လျူယောင်တို့ နိုင်ငံရဲ့ တိုက်ခိုက် ရေးရိုင် ဖယ်တွေက ဒီနေရာမှာ ကျည်ကဒ်တစ်ခုရှိပြီး ပေါ့ပေါ့လေး ဖိလိုက်တာနဲ့ ကျည်ကဒ်က ထွက်လာနိုင်တာကြောင့် ဖြစ်သည်။
လျူယောင် စူးစူးစမ်းစမ်းနဲ့ ဒီအရာကို ထုတ် လိုက်သည်။ ဒါက ကြီးမားသည့် ကျည် ကဒ် တစ်ခုဖြစ် ပုံရပြီး ကျွန်တော်တို့အသုံးပြုတဲ့ တိုက်ခိုက်ရေးရိုင်ဖယ် ကျည်ကဒ်ထက် နှစ် ဆကျော် ပိုကြီး၏။
"ဝိူး..ဒါကြီးက ဒီသေနတ်ရဲ့ ကျည်ကဒ် တ ကယ်လားဟ ကြီးလိုက်တာ လခွမ်း.."
လျူယောင် ဘယ်ညာကြည့်ပြီး ကျည်ကဒ် ကို အကြာကြီးလေ့လာခဲ့ရာ ဘာကျည်မှ မရှိ တာကို ထူးဆန်းတယ်လို့ သူ ခံစားရသည်။
ဒါက သတ္တုကျည်တွေနဲ့ ပစ်တဲ့သေနတ် ဟုတ်ပုံ မရပေ။ စွမ်းအင်နဲ့ မောင်းနှင်တာ ဖြစ်နိုင်၏။ စိတ်ကူးယဉ် သိပ္ပံရုပ်ရှင်တွေထဲ ကလို လေဆာရောင်ခြည်များ ဒါမှမဟုတ် အခြားစွမ်းအင်ရောင်ခြည်များလို ပစ်တာ ဖြစ်နိုင်သည်။
ဒီလိုအခြေအနေမျိုးမှာ မောင်းနှင်ဖို့ စွမ်းအင် အများကြီး လိုအပ်လောက်မည်။
" ဒီကျည်ကဒ်ထဲမှာ စွမ်းအင်အများကြီး ပါဝင်နေတာဖြစ်နိုင်သလား... "
ဒီလိုဆိုရင်တော့ ဒါကို လျူယောင် လေ့လာ နိုင်ပြီပဲ ဖြစ်သည်။
"ကံမကောင်းစွာနဲ့ပဲ ငါ က ကျွမ်းကျင်သူ မဟုတ်ဘူး...မဟုတ်ရင် ဒါကို အခြေခံပြီး သုတေသနလုပ်နိုင်မှာပဲကွာ ..."
လျူယောင် စိတ်လှုပ်ရှားစွာနဲ့ အများကြီး တွေးနေပြီး ဒီမထင်မရှား ကျည်ကဒ်က ကြီးမားတဲ့ရတနာတစ်ခုဖြစ်တာကို သူ သိနေသည်။
ဒီဟာက မကြီးမားပဲ လက်ဝါးထက် နည်း နည်းပဲပိုကြီးသည်။ ဒါက တကယ်ပဲ ကြော က်မက်ဖွယ်ကောင်းတဲ့ စွမ်းရည်များကို ပါဝင်နိုင်မယ်ဆိုရင်ဒါကို တုပပြီး အမြောက် အများ ထုတ်လုပ်နိုင်မယ်ဆိုရင် လူသား တွေအတွက် အကျိုးအများကြီး ရစေပါ လိမ့်မည်။
ဥပမာအားဖြင့် လျှပ်စစ်ကား အသစ်တစ်စီး ကို ဒီအရာတစ်ခုတည်းနဲ့ တပ်ဆင်မယ်ဆို ရင်တစ်ခါတည်းနဲ့ ကီလိုမီတာ ထောင်ပေါင်း များစွာ သွားနိုင်မှာမို့လို့ ဒါက အံ့မခန်းပဲ ဖြစ်၏။
"အင်း ..စွမ်းအင်ကို စုစည်းထားတာလား အဲဒီလိုပဲ ဖြစ်ရမယ်.. "
လျူယောင်ရဲ့ နှလုံးခုန်နူန်းက ပိုမြန်လာ သည်။
ဒါက ဘာကိုဆိုလိုတယ်ဆိုတာကို သူ ကောင်းကောင်းသိပြီး သူ ဆက်တွေးဖို့ မရဲတော့ပေ။ သူတွေးလေလေ ပိုမို စိတ် လှုပ်ရှားလေလေ ဖြစ်ရသည်။
ကျည်ကဒ်ကို ထပ်ကြည့်ပြီးနောက် လျူ ယောင် ဒါကို ပြန်ထည့်လိုက်ပြီး ဒီဟာက သေနတ်အတွက် စွမ်းအင်ထောက်ပံ့ပေးတဲ့ စွမ်းအင်သေတ္တာတစ်ခုဖြစ်တယ်လို့ သူ့ စိတ်ထဲတွင် ခန့်မှန်းလိုက်သည်။
နောက်ပိုင်းမှာ သေနတ်ကို လျူယောင် ထပ် လေ့လာခဲ့သည်။ ညနေစောင်းနေပြီဆိုတာကို မြင်ပြီးနောက်မှ သူ အိပ်ရာဝင်လိုက်၏။
မီတာ ၃,၀၀၀ ကျော် အနက်ကို သုံးကြိမ် ဆက်တိုက် ဆင်းပြီးနောက် လျူယောင်ရဲ့ ခန္ဓာကိုယ်က ရိုးရိုးလူတွေနဲ့ မတူဘဲ စူပါမင်း နဲ့ နှိုင်းယှဉ်နိုင်ပေမဲ့ သူက နည်းနည်း ပင်ပန်း နေသေးသည်။ လျူယောင်မှလွဲပြီး ဒီလို ပြင်းထန်မှု့ကို ဘယ်သူမှ ခံနိုင်မှာ မဟုတ်ပေ။
ရက်အနည်းငယ်အကြာ နောက်ဆုံးမှာတော့ ရွက်လှေကြီးက ဟွာဟိုင်းမြို့သို့ ပြန်ရောက် လာပေသည်။
ရွက်လှေကို ထိန်းသိမ်းစောင့်ရှောက် ဖို့အ တွက် အထူးကုမ္ပဏီတစ်ခုရှိတာကြောင့် ဒါ ကို စိတ်ပူစရာမလိုပေ။
ဒီဂြိုလ်သားလက်နက်ကို အဝတ်အစားများ နဲ့ ပတ်ပြီး ကားရဲ့နောက်ဖုံးထဲ လျူယောင် ထည့်လိုက်သည်။ပြီးနောက် လက်ဝှေ့ယမ်း ကာ ပြောလိုက်၏။
“ချန်းဟူ Universal တာဝါ ကို သွားကြ မယ်...”
သူတို့ ဒီလိုအပြင်ထွက်လာခဲ့ပြီး အသွား အ ပြန် ၁၀ ရက်နီးပါးကြာခဲ့တာကြောင့် အရင် နေရာဟောင်းကနေ Universal တာဝါကို ရုံးခန်းများ ပြောင်းရွှေ့ဖို့ စတင် ပြင်ဆင် ရတော့မည်။
လျူယောင် ဓာတ်လှေကားနဲ့ ၉၈ လွှာသို့ တက်ခဲ့ပြီး သူ့ရုံးခန်းထဲ ဝင်ကာ တံခါးကို ပိတ်လိုက်သည်။
အရင်ဆုံးသူကုလားထိုင်ပေါ် ထိုင်ပြီး ဒီလက် နက်ကို အကြာကြီးလေ့လာ ကြည့်သည်။ ကျည်ကဒ်ကိုတောင် သူ ပြန်ထုတ်ကြည့်၏။
ဒါက အားပြန်သွင်းနိုင်တဲ့ ဘက်ထ္ထရီ ဖြစ် လောက်မယ်လို့ လျူယောင် ခန့်မှန်းမိသည်။ ဒါပေမဲ့ ကမ္ဘာပေါ်မှာရှိတဲ့ ဘယ်ဘက်ထရီနဲ့ ဘယ်လိုမှ မနှိုင်းယှဉ်နိုင်ပေ။ဒါကို တစ် ကြိမ် အားသွင်းလိုက်ရင် အားသွင်းနိုင်တဲ့ စွမ်းအားက ကြောက်စရာကောင်းလိမ့်မည်။
ဒါကို အားပြန်သွင်းနိုင်တဲ့ ဘက်ထရီလို့ လျူ ယောင် ဘာလို့ပြောရသလဲဆိုတော့ ဒီကျည် ကဒ်တွင် အပေါင်း အနုတ်ဓာတ် ပုံစံများ အ ပြင် အားသွင်းပေါက်လို အရာတစ်ခု ရှိတာ ကို အခြေခံအားဖြင့် တွေ့ရတာကြောင့် ဖြစ် ၏။
လျူယောင် ခဏလောက် သုတေသနလုပ် ပြီးနောက် ကျည်ကဒ်ကို ပြန်ထည့်၍ လက် နက်ကို ရုံးခန်းထဲက လုံခြုံသည့်ဘီရိုကြီးထဲ ထည့်လိုက်သည်။
ဒီရုံးခန်းက အရွယ်အစားကြီးပြီး အဆင့် မြင့်လှသည်။ ဇိမ်ခံရုံးသုံးပစ္စည်းများအပြင် ရုံးခန်းထောင့်မှာ လုံခြုံတဲ့ ဘီရိုကြီးတစ်လုံးရှိ တာကြောင့် တကြီးမားတဲ့ အရာများကို ထည့်ထားနိုင်ပေသည်။
အရှည် နှစ်မီတာနီးပါးရှိတဲ့ ဒီဂြိုလ်သား လက်နက်လိုမျိုးပေါ့။
သေနတ်ကို ထည့်ကာ ဘီရိုကို ပိတ်လိုက်ကာ လျူယောင် သူဋေးကုလားထိုင်ပေါ် ထိုင်ပြီး နောက်ဘာဆက်လုပ်ရမလဲဆိုတာကို သူ တွေး လိုက်သည်။
လျူယောင် တွေးကြည့်ပြီးနောက် သူ့ စိတ် ထဲတွင် ကနဦး စီမံကိန်း တစ်ခုရှိ လာသည်။ ဒါ့ကြောင့် သူ ဖုန်းကို ကောက်ကိုင်လိုက်ပြီး ကျိုးယန် ကို ခေါ်လိုက်၏။