သိပ္ပံ သုတေသနစင်တာ
Vol. 27 Ch. 366
" သူဋေး ကျွန်တော့်ကို ခေါ်ပါသလား ခဗျ..”
ကျိုးယန်က သူ့ အထက်တွင် လူ တစ် ယောက်တည်းသာ ရှိပြီး သူ့ အောက်တွင် လုပေါင်းသောင်းချီ အုပ်ချုပ်နေရပေမဲ့ လျုယောင့် ကိုတော့ အ မြဲတမ်း နှိမ့်ချပြီး အလွန်လေးစားသည်။
လျူယောင် ခေါင်းညိတ်ကာ ပြောလိုက်၏။
“အင်း..လာ ထိုင်ပါဦး ငါ မင်းကို တစ်ခု ပြောစရာရှိတယ်...”
ကျိုးယန် ဆိုဖာပေါ်မှာ ထိုင်လိုက်ပြီး လျူ ယောင် ပြောသမျှ အကုန်နားထောင်မဲ့ ပုံပေါ် နေသည်။
လျူယောင် သေချာ ရှင်းပြလိုက်၏။
“ ငါ Universal သိပ္ပံသုတေသနစင် တာ တစ်ခု တည်ထောင်ပြီး ဟွမ်ကွမ်းကို အထွေထွေမန်နေဂျာအဖြစ် ခန့်အပ်မယ်.."
" အဖွဲ့ကနေ ပြောင်းလာတဲ့ ဝါရင့်အမှုဆောင် အချို့ကလွဲရင် ကျန်တဲ့ ဝန်ထမ်းတွေကို အ ပြင်ကနေ ခေါ်ယူမယ်.. အထူးသဖြင့် သိပ္ပံသု တေသနပညာရှင်အချို့နဲ့ နည်းပညာဝန်ထမ်း တွေကိုပေါ့..”
ကျိုးယန် နည်းနည်း အံ့အားသင့်သွားသည်။
သူဋေးက နည်းပညာနဲ့ပတ်သက်ပြီး စတင် လုပ်ဆောင်ဖို့ စီစဉ်နေတာပဲ Universal က သိပ္ပံသုတေသနစင်တာတစ်ခု တည်ထောင် ကာ နည်းပညာနယ်ပယ်ထဲ ဝင်ရောက် လိမ့် မယ်လို့ သူ မမျှော်လင့်ထားပေ။
“သူဋေး Universal သိပ္ပံသုတေသနစင်တာ ရဲ့ အရွယ်အစားက ဘယ်လောက်လဲ.. မှတ် ပုံတင်ထားတဲ့ မတည်ရင်းနှီးငွေ ဘယ် လောက်လဲ.. ဘယ်လိုမျိုး သိပ္ပံနဲ့နည်းပညာ ဆိုင်ရာ သုတေသနလုပ်မှာလဲ...”
“လောလောဆယ်တော့ မှတ်ပုံတင်ထားတဲ့ မတည်ရင်းနှီးငွေ ဘီလီယံ ၁ ဘီလီယံရှိမယ်.. ပထမအဆင့်မှာတော့ စွမ်းအင်၊ အတိအကျ ပြောရရင် အားပြန်သွင်းနိုင်တဲ့ ဘက်ထ္ထရီ တွေ အပေါ်သုတေသနလုပ်မယ်...ပိုက်ဆံသုံး ဖို့ မကြောက်ပါနဲ့.. လစာ ပိုပေးပြီး ဒီနယ်ပယ် က ဝါရင့်သုတေသီ အများအပြားကို ခေါ်ယူ မယ်..”
လျူယောင်က စိတ်ကူးအချို့ကို ပြောပြ လိုက်ရာကျိုးယန်က ဂရုတစိုက်နား ထောင် နေသည်။
အထူးသဖြင့် အမျိုးမျိုးသော စွမ်းအင်သုံး ယာဉ်များ ပေါ်လာတာကြောင့် အရည်အ သွေးမြင့်မားတဲ့ အားပြန်သွင်းနိုင်တဲ့ ဘက်ထ္ထ ရီများစွာ လိုအပ်နေပေသည်။ တချို့လုပ်ငန်း နဲ့ အဖွဲ့အစည်းများဆို သန်း ဘီလီယံနဲ့ချီ ကို ရင်းနှီးမြှုပ်နှံကြ၏။
ကျိုးယန်က Universal သင်္ဘောကုမ္ပဏီက ချမ်းသာတာကို သိထားတာကြောင့် ဒီနယ် ပယ်တွင် သုတေသနလုပ်ဖို့ ဘီလီယံပေါင်း များစွာ ဒါမှမဟုတ် ဆယ်ဘီလီယံများစွာ သုံးတာ ပြဿနာမရှိပေ။
လျူယောင့်ရဲ့ စကားများကို နားထောင် ပြီး နောက်ကျိုးယန် ခေါင်းညိတ်ပြီး ယုံကြည်စွာ ပြန်ဖြေလိုက်၏။
“ဟုတ်ကဲ့ပါ သူဋေး.. ကျွန်တော် သူဋေးရဲ့ အမိန့်တွေကို ချက်ချင်းလိုက်နာပါ့မယ်...”
ပထမအဆင့်က Universal သိပ္ပံသုတေသ နစင်တာကို မှတ်ပုံတင်ပြီး တည်ထောင်ဖို့ပဲ ဖြစ်၏။ ဒုတိယအဆင့်ကတော့ သိပ္ပံသုတေ သနအတွက် အဆောက်အအုံတစ်ခုလုံးကို ငှားရမ်းခြင်း သို့မဟုတ် ဝယ်ယူခြင်းပဲ ဖြစ် သည်။ တတိယအဆင့်မှာမူ ဝန်ထမ်းအများ အပြားကို ရှာဖွေဖို့ဖြစ်ပြီး စတုတ္ထအဆင့်က အားပြန်သွင်းနိုင်တဲ့ ဘက်ထရီများပေါ် သု တေသနလုပ်ဆောင်ဖို့ပဲ ဖြစ်သည်။
ရုံးခန်းထဲမှ ထွက်လာပြီးနောက် ကျိုးယန်က ဆောင်ရွက်စရာများကို စတင်လုပ် ဆောင် လိုက်သည်။
မကြာမှီ လျူယောင့်ရဲ့ ရုံးခန်းထဲကို ဟွမ် ကွမ်း ဝင်လာ၏။
အခု သူက Universal သင်္ဘောကုမ္ပဏီရဲ့ ဒု တိယမန်နေဂျာဖြစ်နေပေမဲ့ ရာထူးက နည်း နည်း နိမ့်ပေသည်။
သို့ပေမဲ့ တစ်နှစ်အကြာက အရောင်းဝန် ထမ်းတစ်ယောက်ဖြစ်ခဲ့တာနဲ့ နှိုင်းယှဉ်ရင် တော့ အခုက နေရာက ကွာခြားချက် အရမ်း ကြီးမားလှသည်။
သူ ဒီလိုအနေအထားကို ရောက်နိုင်တာက လျူယောင့်ရဲ့ ပံ့ပိုးမှုကြောင့်ပဲ ဖြစ်၏။ ဟွမ် ကွမ်းလည်း ဒါကို ကောင်းကောင်းသိသည်။ အမြဲတမ်း သူ ကျေးဇူးတင်နေပြီး အလုပ်မှာ ဆို တည်ကြည်မှု့နဲ့ တာဝန်ယူမူ့ရှိသည်။သူက လျူယောင်အပေါ် အလွန်သစ္စာရှိပေသည်။
Universal သိပ္ပံသုတေသနစင်တာတွင် သု တေသနစတင်တဲ့အခါ လျှို့ဝှက်ချက်များစွာ ပါဝင်လာမှာကြောင့် လျူယောင်က သစ္စာ ရှိတဲ့လူကို ရွေးချယ်ရမှာဖြစ်ပြီး သူပထမဆုံး တွေးမိတဲ့ လူက ဟွမ်းကွမ်းပဲ ဖြစ်သည်။
“အစ်ကိုယောင် ခင်ဗျား ကျွန်တော့်ကို ရှာ တယ်ဆို...”
လျူယောင် ခေါင်းညိတ်ပြီး Universal သိပ္ပံ သုတေသနစင်တာ တည်ထောင်မှု့အကြောင်း အကျဉ်းချုံးပြောပြလိုက်သည်။ ဟွမ်ကွမ်း ကို အကြီးအကဲနှင့် သိပ္ပံသုတေသနစင်တာ ရဲ့ အထွေထွေမန်နေဂျာအဖြစ် တာဝန်ပေး မယ်ဆိုတာကို ရှင်းရှင်းလင်းလင်း ပြောပြ လိုက်၏။
ဟွမ်ကွမ်းက ချက်ချင်းသဘောတူပြီး အာ မခံကာ ပြန်ဖြေလိုက်သည်။
“အစ်ကိုယောင်..စိတ်မပူပါနဲ့..ကျွန်တော် Universal သိပ္ပံသုတေသနစင်တာကို ကောင်းကောင်း စီမံခန့်ခွဲပါ့မယ်..."
"အင်း အထွေထွေမန်နေဂျာက အဆင်ပြေ သွားပြီပဲ..ပြီးတော့မှ အဆင့်ဆင့်လိုက်လုပ် ရုံပါပဲ.."
ဟွမ်ကွမ်း ထွက်သွားပြီးနောက် လျူယောင် စိတ်ထဲကနေ ပျော်ရွှင်စွာ ရေရွတ်လိုက်၏။
......
ရုံးခန်းထဲမှာ...
လျန်ဝမ်ချန်းက သူငယ်ချင်းတစ်ဦးကို ဧည့် ခံနေသည်။ဒီလူက စစ်ဘက်ဆိုင်ရာ စက်မှု့ လုပ်ငန်း အဖွဲ့တစ်ဖွဲ့မှ အကြီးအကဲ ဒီဇိုင်းပ ညာရှင်ဖြစ်ပြီး လက်နက်တပ်ဆင်ထားတဲ့ ရဟတ်ယာဉ်အမျိုးအစားတစ်ခုရဲ့ တာဝန် ခံဖြစ်သည်။
သူတို့က သူငယ်ချင်းအဟောင်းများဖြစ်ပြီး စစ်ဘက်ဆိုင်ရာ စက်မှု့နယ်ပယ်မှာ နှစ်ဦး စလုံးက အကြီးအကဲ များဖြစ်ကြကာ နှစ်ဦး ကြားမှ ဆက်ဆံရေးက အရမ်းကောင်းမွန်လှ သည်။
မင်ရိူ့ဝေက သိလိုစိတ်နဲ့ မေးလိုက်၏။
“အိုး.. လူအိုလျန်.. ခင်ဗျားရဲ့ တာဘိုဖန် X အင်ဂျင် တိုးတက်မှု့ ဘယ်လိုရှိလဲ.. မင်း.. ပြည်ပက သတ္တုစပ်တွေကို သုံးမယ်လို့ ငါ ကြား တယ်...ဒီဟာက ကိုင်တွယ်ဖို့ မလွယ် ဘူးနော်..”
လျန်ဝမ်ချန်းက စိတ်အေးလက်အေး ဖြစ် နေပုံပေါ်သည်။
“သူငယ်ချင်း မင်းသတင်းက နောက်ကျ နေပြီ.. ငါတို့ ဒီပြဿနာကို ဖြေရှင်းပြီးပြီ..”
မင်ရှို့ဝေး တကယ်မသိခဲ့ပေ။သူတိူ့ မကြာ သေးမီက ထုတ်လုပ်ထားတဲ့ Wuzhi D အင် ဂျင်ရဲ့ တိုးတက်မှု့က မချောမွေ့ခဲ့ပေ။ ပြည် တွင်းမှာ နောက်ဆုံးထုတ် လက်နက် တပ် ဆင်ထားတဲ့ ရဟတ်ယာဉ်အနေနဲ့ စစ်တပ်မှ လိုအပ်ချက်တွေက အလွန်မြင့်မားနေသည်။
Wuzhi Dရဲ့ အင်ဂျင် ပါဝါက အကန့်အသတ် ရှိနေ၏။
မူလက ၁၀ တန် လက်နက်တပ်ဆင်ထား သည့် ရဟတ်ယာဉ်အဖြစ် သတ်မှတ်ထား သော်လည်း ဗုံးတင်ဆောင်နိုင်မှု့ လိုအပ် ချက်များကို ဖြည့်ဆည်းပြီးနောက် ရေဒါ အသစ်ကို တပ်ဆင်လို့မရတော့ပေ။
ဒီ ရဟတ်ယာဉ်ပေါ်က ရေဒါရဲ့ အလေးချိန် က ၈၀၀ ကီလိုဂရမ်ကျော်အထိ ရောက်နေ သည်။ ဒီလိုကြီးမားတဲ့ ဟာကို ရဟတ်ယာဉ် ပေါ်မှာ တပ်ဆင်ထားရင် ဝန်ပိုတာကို ရှောင် လွှဲလို့မရပေ။
ဒီပြဿနာကို ဖြေရှင်းဖို့ ရွေးချယ်စရာများ စွာရှိသည်။ ပိုအားကောင်းတဲ့ အင်ဂျင်ကို အစားထိုးတာ၊ ဗုံးတင်ဆောင်မှု့ကို လျှော့ ချတာ၊ ဒါမှမဟုတ် ကီလိုဂရမ် ၂၀၀ ကျော် သာ ရှိတဲ့ ရေဒါအဟောင်းကို ဆက်လက်သုံး တာပဲ ဖြစ်သည်။
မင်ရိူ့ဝေး အမြင်မှာတော့ ဘယ်ဖြေရှင်းချက် ကမှ အကောင်းဆုံးဖြေရှင်းချက်မဟုတ်ဘဲ သူက ဒီ့ထက် ပိုကောင်းတဲ့ ဖြေရှင်းချက်ကို မျှော် လင့်မိသည်။
ဒီလိုနည်းပညာပိုင်းဆိုင်ရာ ပြဿနာမျိုးနဲ့ ကြုံလာတဲ့အခါ သူက ဒီပြဿနာကို ဘယ် လိုဖြေရှင်းရမလဲဆိုတာပေါ်မှာပဲ စဥ်းစားနေ ပြီး တာဘိုဖန် X အင်ဂျင် ကိုတော့ အမှန်တ ကယ် ဂရုစိုက်မှု့ နည်းလာခဲ့သည်။
ပြဿနာကို ဖြေရှင်းပြီးပြီလို့ သူ ကြားတဲ့ အခါ မင်ရိူ့ဝေ အံ့အားသင့်သွားသည်။
“အိုး.. လူအိုလျန် ခင်ဗျားတို့ လိုအပ်တဲ့ သတ္တုစပ်ကို ပြည်ပကနေ အောင်မြင်စွာ ဝယ်နိုင်ခဲ့တာလား..”
လျန်ဝမ်ချန်း ပြုံးကာ ပြန်ဖြေလိုက်၏။
" အဲ့လို မဟုတ်ဘူး..ဒါပေမဲ့ ငါတို့က ..ပို ကောင်းတဲ့သတ္တုကို သုံးခဲ့တယ်.. အနာဂတ် မှာ ထုတ်လုပ်တဲ့ တာဘိုဖန် X အင်ဂျင်က ဒီ သတ္တုရဲ့ ၃၀ ရာခိုင်နှုန်းခန့် ပါဝင်လိမ့် မယ်...”
" ဘာလဲ.. "
" ငါပဲ မှားကြားနေတာလား "
“ဘယ်လိုသတ္တုမျိုးက ဒီလောက်အံ့မခန်း ဖြစ်နေတာလဲ...”
လျန်ဝမ်ချန်းကို မယုံနိုင်စွာ မင်ရိူ့ဝေ ကြည့် နေသည်။ သူ့အကြည့်တွေက “အိုး လူအို လျန် ငါ့ကို လိမ်ပြောပြီး.. ပျော်အောင် မလုပ် ပါနဲ့..” ဟု ပြောနေပုံရသည်။
လျန်ဝမ်ချန်းက ထပ်ရပ်လိုက်ပြီး သူ့ရဲ့ စား ပွဲအံဆွဲထဲမှ မီးခိုးနက်ရောင် သတ္တုရဲ့ စမ်း သပ် အစီရင်ခံစာနှင့် နမူနာကို ထုတ်ယူ လိုက်သည်။
“ငါ တို့ ဒီလိုသတ္တုပစ္စည်းမျိုးကို သုံးပါ တယ်.. ဒါက အရမ်းကောင်းပြီး..အဆင့် မြင့်တယ်ဆိုတဲ့ သတ္တုပစ္စည်းတွေကို ဘယ် ဂျောင်မှာ ချန်ထားခဲ့လဲဆိုတာ မင်း သိလိမ့် မယ်...”
“ဘုရားရေ..ဒီလိုသတ္တုမျိုး ရှိသေးတာ လား..”
မင်ရိူ့ဝေက ပထမဆုံး စမ်းသပ် အစီရင်ခံစာ ကို ကောက်ကိုင်ပြီး လှန်ကြည့်လိုက်သည်။ ပြီးနောက် သူ့မျက်လုံးတွေ ပြူးသွားပြီး မီးခိုးနက်ရောင် သတ္တုနမူနာကို ထပ်ကြည့် လိုက်သည်။
" ဒါ.. ဒါ.. မဖြစ်နိုင်တာ.."
သူ စိတ်လှုပ်ရှားလာသည်။
သူ့မျက်နှာက နည်းနည်းနီရဲလာသည်။
အသက် လေးဆယ် ငါးဆယ်အရွယ်ရောက် တဲ့အထိ Wuzhi D ရဲ့ အကြီးအကဲ ဒီဇိုင်း ပညာရှင်အနေနဲ့ သူ မမြင်ဖူးတဲ့ မြင်ကွင်းမျိုး မရှိပေ။ သူ့စိတ်ခံစားမှု့ အရည်အသွေးက အရမ်းအားကောင်းနေပြီဖြစ်ပေမဲ့ ဒီအချိန်မှ ာတော့ သူ စိတ်မလှုပ်ရှားဘဲ မနေနိုင်တော့ ပေ။
Wuzhi D ရဲ့ လက်ရှိပြဿနာတွေကို လုံးဝ ဖြေရှင်းပြီးပြီဆိုတာကို သူ သိခဲ့သည်။
ဒီသတ္တုအများအပြားကို အသုံးပြုသရွေ့ Wuzhi D ရဲ့ အလေးချိန်ကို အများကြီး လျှော့ချနိုင်တော့မည်လေ။
ဒီ Wuzhi D ရဟတ်ယဥ်ရဲ့ ကိုယ်ပိုင်အလေး ချိန်ကို လျှော့ချပြီးနောက် ရေဒါအသစ်ကို တပ်ဆင်နိုင်ပြီး ခဲယမ်းတင်ဆောင်မှု့လည်း တိုးလာနိုင်ပေသည်။
ဒီ မီးခိုးနက်ရောင် သတ္တုက အရမ်းပေါ့ပြီး အလူမီနီယမ် အလွိုင်းထက်တောင် ပေါ့ နေသည်။ ဒီပစ္စည်းကို သုံးပြီးနောက် Wuzhi D က ဘာ ပြဿနာမရှိဘဲ နှစ်တန် သုံးတန် လျှော့ချနိုင်ပေလိမ့်မည်။
လျှော့ချနိုင်တဲ့ နှစ်တန် သုံးတန်က အရာများ စွာကို လုပ်ဆောင်နိုင်၏။ မင်ရှို့ဝေက Wuzhi D ရဲ့ အလုံးစုံစွမ်းဆောင်ရည်ကို တိုက်ရိုက်တိုးတက်အောင် လုပ်နိုင်မယ်ဆို တာကို ယုံကြည်မှု့ ရှိလာသည်။
.....
Universal သိပ္ပံသုတေသနစင်တာကို မှတ် ပုံတင်ကာ စတင်တည် ထောင်နေပြီပဲ ဖြစ် သည်။ လုပ်ထုံးလုပ်နည်းတွေက အဆင်ပြေ နေပြီး လျူယောင်ကတော့ အားနေတာ ကြောင့် ချန်းဟူကို ကားမောင်းစေပြီး ဟွာ ဟိုင်းမြို့ရှိ စက်မှုဇုန်တစ်ခုကို သွားကြည့် လိုက်သည်။
လျူယောင်ရဲ့ စိတ်ကူးထဲတွင် ဒီသုတေသန စင်တာရဲ့ အရွယ်အစားက အရမ်းကြီးမား လာပေမည်။ ဒါက ကမ္ဘာပေါ်မှာ အကျော် ကြားဆုံး သိပ္ပံသုတေသနစင်တာ ဖြစ်လာမှာ ကြောင့် မြေဧရိယာအကျယ်ကြီး လိုအပ် ပေ လိမ့်မည်။
ဒါ့ကြောင့် လျူယောင်က မြေဧရိယာ ကျယ် ကြီးကို ဝယ်ပြီး သိပ္ပံသုတေသီ ထောင်ပေါင်း များစွာ ဒါမှမဟုတ် ရာပေါင်းများစွာ နေနိုင် တဲ့ ကြီးမားသော သိပ္ပံသုတေသနစင် တာ တစ်ခုကို တည်ဆောက်ဖို့ ကြိုတင် ပြင်ဆင် လိုက်သည်။
သူ ပတ်ပတ်လည်ကြည့်သော်လည်း စိတ်ကျေနပ်စရာ ဘာမှမတွေ့သေးပေ။
တခါတရံမှာ မြေတစ်လက်မ၊ ရွှေတစ်လက် မဆိုတာ ကောင်းတဲ့အရာမဟုတ်ပေ။ ဥပမာ အားဖြင့် ဒီ ဟွာဟိုင်းမြို့တွင် စိတ်ကျေနပ်စ ရာ ကောင်းပြီး ကြီးမားတဲ့ မြေတစ်ကွက် ရှာရတာက တကယ် ခက်ခဲ လွန်းလှသည်။