← Chapters

စျေးလေး နည်းနည်း လျော့ ပေးပါလား

Vol. 27 Ch. 367

စျေးလေး နည်းနည်း လျော့ ပေးပါလား

Vol. 27 Ch. 367

အဆိုပါစက်မှု့ဇုန်တွင်လည်း အတူတူပင်ဖြစ် သည်။ မြေက ဈေးကြီးရုံသာမက ကျန်တဲ့ဧ ရိယာကလည်း သေးနေပြီး လမ်းပန်း ဆက် သွယ်ရေးကလည်း မကောင်းပေ။

" ဒီး ဒီး..ဒီး.."

လျူယောင် စိတ်ပျက်နေတုန်း သူ့ ဖုန်းက အသံ မြည်လာသည်။ဖုန်းထဲမှ ကျိုးယန်ရဲ့ အသံက ထွက်ပေါ်လာ၏။

“သူဋေး WuZhi D ရဲ့ အကြီးအကဲ ဒီဇိုင်းပ ညာရှင်က ခင်ဗျားကို လာတွေ့ချင်တယ်လို့ ပြောတယ်.. သူတို့ အခု ဟွာဟိုင်းမြို့ကို ရောက်နေပါပြီ ခဗျ.. "

လျူယောင်က နာရီကိုကြည့်ပြီး ပြန်ဖြေ လိုက်သည်။

" ဟုတ်ပြီ ငါ..နောက်တစ်နာရီအတွင်း သူတို့ ကို ဧည့်ခံခန်းထဲမှာ တွေ့မယ်..”

“ဟုတ်ကဲ့ပါ သူဋေး..ကျွန်တော် စီစဉ်ထား ပါ့မယ်”

ဒီ WuZhi D က လူသိများပေသည်။ ဒါက ယန်နိုင်ငံရဲ့ နောက်ဆုံးပေါ် မျိုးဆက် လက် နက်တပ်ဆင်ထားတဲ့ ရဟတ်ယာဉ်ဖြစ်ပြီး စစ်တပ်ကနေ သူ့အပေါ် မျှော်လင့်ချက် ကြီး ကြီးမားမား ထားခဲ့သည်။

ဒီ အကြီးအကဲ ဒီဇိုင်းပညာရှင်က ကိုယ်တိုင် လာတာဖြစ်ပြီး ယဉ်ကျေးစွာ လာရောက် တွေ့ဆုံတယ်လို့ ပြောပေမဲ့ အဓိကမှာ သ တ္တုအတွက်ဖြစ်နိုင်တယ်လို့ လျူယောင် စိတ်ထဲကနေ ခန့်မှန်းမိသည်။

ဂြိုလ်သားတွေရဲ့ မီးခိုးနက်ရောင် သတ္တုကို စူပါသတ္တုဟု နာမည်ပေးထား၏။ ဒါကို ဟူ ကျန်းကော်ကလည်း သူ့ရဲ့ သုတေသန ရ လဒ်ဟု ပြောထားပေလိမ့်မည်။

ဒါကိုသိပြီးနောက် မင်ရှို့ဝေးတို့ အဖွဲ့ကို တွေ့ဆုံဖို့ လျူယောင် သဘောတူလိုက် သည်။

လျူယောင် ကားထဲဝင်ပြီး လက်ဝှေ့ယမ်း ကာ ချန်းဟူအား ပြောလိုက်သည်။

“သွားမယ်.. ကုမ္ပဏီကို ပြန်မယ်...”

ချန်းဟူက ကားမောင်းလာပြီး မကြာမှီမှာပဲ Universal တာဝါကို ရောက်လာကြသည်။ သူ့ရုံးခန်းထဲမှာ ထိုင်ရင်း Universal သိပ္ပံသု တေသနစင်တာကို ဟွာဟိုင်းမြို့ပြင်မှာထား သင့်လားဘို့ လျူယောင် စိတ်ထဲကနေ တွေး လိုက်သည်။

ဥပမာအားဖြင့် ဟွာဟိုင်းမြို့နဲ့ ကပ်လျက် ရှိ တဲ့ မြို့နဲ့ ခရိုင်တွေရဲ့ အခြေအနေက မဆိုး ပေ။ အဓိကမှာ ဟွာဟိုင်းမြို့ကနေ သိပ်မဝေး ဘဲ နှစ်နာရီအတွင်း သွားနိုင်တဲ့ စီးပွားရေးဇုန် ထဲမှာ ရှိနေတာပဲ ဖြစ်သည်။

" ဒေါက်.. ဒေါက်..ဒေါက်..."

ထိုအချိန် တံခါးခေါက်သံကြားရပြီး ဟွမ် ကွမ်းက တံခါးဖွင့်ကာ ဝင်လာ၍ ပြောလိုက် သည်။

“အစ်ကိုယောင်..ကျွန်တော် အလုပ်ကိစ္စ တစ် ခု အစီရင်ခံဖို့ရှိပါတယ်...”

လျူယောင်ကလည်း သိပ္ပံသုတေသနစင် တာရဲ့ တိုးတက်မှု့ကို နားထောင်ချင်နေတာ ကြောင့် ခေါင်းညိတ်ကာ ပြန်ဖြေလိုက်၏။

“အင်း..လက်ရှိအခြေအနေကို ပြောပြပါ အုံး..”

ဟွမ်ကွမ်းက စတင် အစီရင်ခံလိုက်သည်။

ဥပမာအားဖြင့်.. သိပ္ပံသုတေသနစင်တာကို မှတ် ပုံတင်တာ ချောမွေ့ပြီး လုပ်ငန်းစဉ် တစ်ခုလုံးက ရက်အနည်းငယ်အတွင်း ပြီး မြောက်မည့် အကြောင်း သူက အားပြန်သွင် းနိုင်တဲ့ ဘက်ထရီအကြောင်းနားလည်တဲ့ ပြည်တွင်းသိပ္ပံသုတေသနပညာရှင်အချို့ကို တွေ့ပြီး လူသစ်ရှာဖွေရေးကုမ္ပဏီကို တာဝန် ပေးနိုင်တယ် စသဖြင့်ပေါ့။

ဒီအချက်တွေကို အစီရင်ခံပြီးနောက် ဟွမ် ကွမ်းက ထပ်မအကြံပြုလိုက်သည်။

“အစ်ကိုယောင်.. ကျွန်တော် ချွမ်ဟွေး လမ်း မှာရှိတဲ့ ရုံးအဆောက်အအုံတစ်ခုကို သဘော ကျတယ်.. ပထမထပ်ကို ငှားဖို့ စီစဉ်ထား ပါတယ်..”

လျူယောင်က ဂရုမစိုက်ပဲ ပြန်ဖြေလိုက်၏။

“တစ်ထပ်က ဘယ်လိုလုပ် လုံလောက်မှာလဲ .. တတ်နိုင်သမျှ များများ ငှားပါ...ငါတို့ ဒီလိုပိုက်ဆံအနည်းအကျဉ်းအတွက် ဘာမှ မဖြစ်ဘူး.. "

ဒါက ချမ်းသာပြီး အင်အားကြီးပေသည်။

Universal သိပ္ပံသုတေသနစင်တာရဲ့ ဖွံ့ဖြိုး တိုးတက်မှုက အရမ်းမြန်ဆန် လာမှာကြောင့် ရုံးအဆောက်အအုံတစ်ထပ်က လုံလောက် မှာ မဟုတ်သေးပေ။ သိပ္ပံသုတေသနစင်တာ အသစ် တည်ဆောက် မပြီးခင်မှာတောင် ဝန် ထမ်း ထောင်နဲ့ချီရှိနိုင်တယ်လို့ ခန့်မှန်းရ သည်။

ဟွမ်ကွမ်းက ခေါင်းညိတ်ကာ သဘောတူ လိုက်သည်။

“ဟုတ်ကဲ့..ဒါဆို ကျွန်တော် အထပ်အနည်း ငယ် လောက် ထပ်ငှားလိုက်ပါ့မယ်.. ပြီး တော့ သိပ္ပံသုတေသနစင်တာရဲ့ နေရာရွေး ချယ်မှု့နဲ့ပတ်သက်ပြီးလည်း အစီရင်ခံချင် တယ်...”

“ဟွာဟိုင်းမြို့ကို ကြည့်တော့ ကျွန်တော်တို့ နေရာအများကြီး စစ်ဆေးခဲ့ပေမဲ့..မကျေ နပ်သေးဘူး..ဧရိယာက သေးငယ်ပြီး မြေ ဈေးက အရမ်းကြီးတယ်.. ဟွာဟိုင်းမြို့ဘေး က ဝမ်ဟိုင်း မြို့ကတော့ အတော်လေး ကောင်းတယ်လို့ ကျွန်တော် ထင်တယ်..အ ကိုယောင်.. ”

ဒီစိတ်ကူးက လျူယောင်နှင့် တစ်ထပ် တည်း ကျနေသည်။

ဝမ်ဟိုင်းမြို့က ဟွာဟိုင်းမြို့၏ ဘေးမှာ ရှိပေသည်။ အဲ့ဒီမြို့က ခရိုင်အဆင့်သာ ဖြစ်သော်လည်း စီးပွားရေးက ကောင်းမွန်ပြီး အထူးသဖြင့် မကြာသေးခင်နှစ်များအတွင်း လမ်းပန်းဆက်သွယ်ရေးက အလွန်ဖွံ့ဖြိုး လာ၏။

ဝမ်ဟိုင်းမြို့ကို သွားဖို့က အမြန်လမ်းမရှိပေ။ ဟွာဟိုင်းမြို့ကနေ ဝမ်းဟိုင်းမြို့ကို အမြန် လမ်းကနေ ဆင်းပြီး တစ်နာရီလောက်ပဲ ကြာပေသည်။

အမြန်လမ်းအပြင် အမြန်ရထားလည်းရှိ၏။ ဝမ်ဟိုင်းမြို့တွင် အမြန်ရထားရှိနေပြီး ဟွာ ဟိုင်းမြို့ကို ရောက်ဖို့ အချိန်ပိုတောင် နည်း သည်။

“အင်း သိပ္ပံသုတေသနစင်တာကို ဝမ်ဟိုင်း မြို့မှာ ထားတာကောင်းတယ်လို့ ငါထင် တယ်.. ဒါပေမဲ့ ဧရိယာက မသေးငယ်ရဘူး.. အနည်းဆုံး မူဧက ၂,၀၀၀ ကျော်ကို အ ကျယ်အဝန်း လိုအပ်တယ်..”

" ဗျာ.. "

ဟွမ်ကွမ်း တိတ်တိတ်လေး လန့်သွား၏။

မူဧက ၂,၀၀၀ ကျော် ကျယ်ဝန်းတာလား ဒါ ဘယ်လိုစိတ်ကူးမျိုးနည်း။ သူက လျူ ယောင်ရဲ့ ရည်မှန်းချက်ကို ထပ်ခံစား ရ သည်။ အစ်ကိုယောင်က အလုပ်ကြီးကြီး လုပ်ပေတော့မည်။

သိပ္ပံသုတေသနစင်တာနဲ့ သက်ဆိုင်တဲ့ ကိစ္စ ရပ်များကို အစီရင်ခံပြီးနောက် ဟွမ်ကွမ်း ထွက်သွားသည်။ သူက သိပ္ပံသုတေသန စင်တာ တည်ထောင်ဖို့ စတင်လုပ်ဆောင် တော့မှာပဲ ဖြစ်၏။

ခဏအကြာမှာတော့...

တံခါးခေါက်သံ ထပ်ကြားရပြီး ကျိူးယန်က တံခါးဖွင့်ပြီး ဝင်လာခဲ့သည်။

“သူဋေး WuZhi D ရဲ့ အကြီးအကဲ ဒီဇိုင်း ပညာရှင် မင်ရိူ့ဝေနဲ့ အဖွဲ့ဝင် ငါးဦးက ဧည့်ခံ ခန်း နံပါတ် ၁ ကို ရောက်နေပါပြီခဗျ...”

လျူယောင်.ခေါင်းညိတ်ပြပြီး ပြန်ဖြေ လိုက် သည်။

“ကောင်းပြီ.. ငါ အဲ့ဒီကို သွားမယ်...”

ဧည့်ခံခန်း နံပါတ် ၁ တွင် မင်ရှို့ဝေးနဲ့ သူ့အဖွဲ့ က ရောက်နှင့်နေ၏။ သူတို့က မြင်ကွင်း အ ကြီးကြီးများကို မြင်ဖူးကြသော်လည်း သူတို့ ရဲ့စိတ်တွေကတော့ မငြိမ်သက်သေးပေ။

Universal တာဝါထဲ ဝင်တာနဲ့ သူတို့စိတ်တွေ က လှုပ်ရှားနေသည်။ ဒီလိုကြီးမားပြီး မြင့် မားတဲ့ မိုးမျှော်တိုက်က ခမ်းနားပြီး အဆင့် မြင့်လှသည်။

အထူးသဖြင့် ၉၈ လွှာထဲ ဝင်ပြီးနောက် စူပါ ကြယ်ငါးပွင့် ဟိုတယ်ထဲ ဝင်လာရသလိုမျိုး သူတို့ ခံစား နေရသည်။

“ဆရာမင်..ဒီ Universal တကယ်ကို ထူးခြား တာပဲ.. ဟွာဟိုင်းမြို့တစ်မြို့လုံးကို.. ကြည့် လိုက်ရင် တောင် ဒီ့ထက်ပိုကောင်းတဲ့ ရုံးပတ် ဝန်းကျင်မျိုး မရှိနိုင်ဘူး..."

“ခင်ဗျား သတိထားမိလား. ရုံးခန်းကြီး အ နည်းငယ်ကလွဲရင် ၉၈ လွှာတစ်ခုလုံးက အစည်းအဝေးခန်းနဲ့ ဧည့်ခံခန်းအချို့ပဲ ရှိ တယ်.. ဒီနေရာက သူတို့ရဲ့ အဆင့်မြင့် ရုံး တွေအလုပ်လုပ်တဲ့ နေရာပဲ..”

“ကျွန်တော် စူပါသတ္တုရဲ့ စွမ်းဆောင်ရည် အစီရင်ခံစာကို အကြိမ်များစွာ ဖတ်ပြီးပြီ ဒါပေမဲ့ ဒီလိုသတ္တုမျိုးရှိတယ်ဆိုတာကို ကျွန်တော် မယုံနိုင်သေးဘူး..."

“ဟုတ်တယ်.. ဒီလိုထူးခြားတဲ့သတ္တုကို ကျွန်တော်တို့ WuZhi D မှာ သုံးမယ်ဆိုရင် စွမ်းဆောင်ရည်က တိုက်ရိုက်တိုးတက်လာ တော့မယ်ဗျာ..”

သူတို့ စကားပြောနေတုန်း ဧည့်ခံခန်းရဲ့ တံခါးအပြင်ဘက်မှ ခြေသံတွေ ကြား လာရသည်။ မင်ရှို့ဝေက လူတိုင်းကို တိတ် တိတ်နေဖို့ အချက်ပြပြီး သူလည်း ဝတ်စုံနဲ့ လည်စည်းကို ဖြောင့်လိုက်သည်။

လျူယောင်က အရင် ဝင်လာပြီး သူ့နောက်မှ ာတော့ ချူးယန်နဲ့ အခြားအလယ်အလတ် အဆင့်နှင့် အဆင့်မြင့် အမှု့ထမ်းအချို့ လိုက်ပါလာသည်။

မင်ရှို့ဝေက ချက်ချင်းထရပ်လိုက်၏။

“မစ္စတာလျူ.. မင်္ဂလာပါ..”

“ဆရာမင်.. ကြိုဆိုပါတယ်ဗျာ...”

နှစ်ဖက်စလုံး နွေးထွေးစွာ လက်ဆွဲနှုတ် ဆက်ကြပြီး ယဉ်ကျေးစွာ မိတ်ဆက်ကာ စကားပြောလိုက်ကာ ပတ်ဝန်းကျင်လေထု က အရမ်း နွေးထွေးနေပေသည်။

ထို့နောက် လူတိုင်း ဆိုဖာပေါ်မှာ ထိုင်ကြပြီး စူပါသတ္တုအကြောင်း ကို ချက်ချင်း စတင် ပြောဆို လိုက်ကြသည်။

မင်ရှို့ဝေက Wu Zhi D ရဲ့ လက်ရှိအခြေအ နေဥပမာ ခဲယမ်းမလုံလောက်မှု့၊ အဆင့်မြင့် ရေဒါ တပ်ဆင်လို့မရတာ၊ ရဟတ်ယာဉ်ရဲ့ အလေးချိန်က စံသတ်မှတ်ချက်ထက် ကျော် လွန်နေတာတွေကို ပြောပြလိုက်သည်။

အခြေအနေ အချို့ကို ပြောပြပြီးနောက် သူက မျှော်လင့်ချက်နဲ့ ပြောလိုက်သည်။

“မစ္စတာလျူ ခင်ဗျားမှာ စူပါသတ္တု ရှိတယ် လို့ ကျွန်တော် ကြားတယ်..နည်းနည်း လောက် ကျွန်တော် ဝယ်ချင်ပါတယ်...”

လျူယောင်က ရှင်းရှင်းလင်းလင်း မေး လိုက်၏။

“ပြဿနာမရှိဘူး..ဘယ်လောက်လိုချင်လဲ..”

မင်ရှို့ဝေက ချက်ချင်းပဲ အလွန်ပျော်ရွှင် သွားပြီး သူ့ရဲ့ မျှော်လင့်ချက်ကို မြင်နေ ရသည်။ သူ မလာခင်တုန်းက မစ္စတာ လျူသာ မရောင်းရင် ဒါမှမဟုတ် သတ္တု ဆယ်ဂဏန်း သို့မဟုတ် ရာဂဏန်းသာ ရောင်းရင် ဘယ်လိုလုပ်မလဲဆိုတာ တွေး ထားမိသည်။

လျူယောင်က ဒီလို ပွင့်ပွင့်လင်းလင်း ဖြေတော့ မင်ရိူ့ဝေ တစ်ခဏတာ ပျော်ရွှင် သွားသည်။

“မစ္စတာလျူ.. ကျေးဇူးအများကြီးတင် ပါတယ်..”

“ဆရာမင် ယဉ်ကျေးစရာမလိုပါဘူး နိုင်ငံ တော်ကာကွယ်ရေးနဲ့ စစ်ရေးစက်မှု့ လုပ် ငန်းအတွက် အနည်းငယ်အထောက် အကူ ပြုရတာကိုပဲ.. ကျွန်တော် ပျော်ပါတယ်..”

စကားအနည်းငယ် ပြောပြီးနောက် မင်ရှို့ ဝေက တွန်းအားပေး ပြောလိုက်သည်။

“ကျွန်တော်တို့ ပထမဆုံးအသုတ်ကို တန် ၁၀၀ ဝယ်ဖို့ စီစဉ်ထားတယ်.. ဒါပေမဲ့ ဈေးက အရမ်းများနေတယ်.. တစ်တန်ကို ယွမ် သန်း ၂၀ ဈေးက ကျွန်တော်တို့အတွက် ဖိအား ရှိ တယ် စျေးလေးနည်းနည်းလျော့ ပေးနိုင်မ လား..”

လျူယောင် ပြုံးကာ မေးလိုက်၏။

“ဒါဆို..မစ္စတာမင်က တစ်တန်ကို ဘယ် လောက် ဈေးနဲ့ ဆို ပိုသင့်တော်မယ်လို့ ထင် လဲ..”

မင်ရိူ့ဝေ ခဏစဉ်းစားပြီးမှ ပြန်ဖြေလိုက် သည်။

“မစ္စတာလျူ.. တစ်တန်ကို ယွမ် ၂ သန်း ဆို ရင်ရော ဘယ်လိုလဲ..ဒီဈေးဆိုရင်တော့ စူပါ သတ္တုတွေကို ကာကွယ်ရေးနဲ့ စစ်ရေးစက်မှု့ လုပ်ငန်းမှာ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြု နိုင်ပြီး..စက်မှု့လုပ်ငန်းတစ်ခုလုံးအပေါ် ကြီး မားတဲ့ သက်ရောက်မှု့တွေ ရှိနိုင်ပါလိမ့်မယ် ဗျာ..”

ဒါက အမှန်ပင်။ ဈေးပိုသက်သာရင် ကာ ကွယ်ရေးလက်နက်နဲ့ ပစ္စည်းကိရိယာတွေရဲ့ ကုန်ကျစရိတ်ကို အများကြီးလျှော့ချနိုင်ပေ လိမ့်မည်။

" ဘာလား.."

" တစ်တန်ကို ယွမ် ၂ သန်းဈေးလား "

ဒါက မူလဈေးဖြစ်သည့် တစ်တန် ယွမ် သန်း ၂၀ ရဲ့ ဆယ်ပုံတစ်ပုံသာဖြစ်သည်။ လူတိုင်း က အံ့အားသင့်သွားပြီး မင်ရှို့ဝေကို ကြည့် လိုက်ကြသည်။

သူ့ဘေးမှ လူတွေကတော့ စိတ်ထဲကနေ အံ့ အားသင့်ကာ ရေရွတ်လိုက်၏။

“ဘုရားရေ ဆရာမင်က ဈေးညှိတာ အရမ်း ပြင်းထန်တာပဲ..”

All Chapters