← Chapters

နိုင်ငံရဲ့ ခေါင်းဆောင်ကြီး သုံး ယောက်

Vol. 27 Ch. 368

နိုင်ငံရဲ့ ခေါင်းဆောင်ကြီး သုံး ယောက်

Vol. 27 Ch. 368

လူတိုင်းက မင်ရိူ့ဝေ တစ်ယောက်တည်း ကိုသာကြည့်နေကြပြီး မင်ရှို့ဝေ ခေါ်လာတဲ့ လူအချို့လည်း ထို့နည်းတူပင်။

လူတိုင်းရဲ့ ပထမဆုံးတုံ့ပြန်မှု့က

“တစ်တန်ကို ယွမ် ၂ သန်း ..ငါတို့ နားများ မှား ကြားတာလား” ဟူ၍ပင် ဖြစ်၏။

မင်ရှို့ဝေက ဈေးကို အရမ်းလျှော့ချတယ်လို့ သူ ခံစားရပြီး တောင်းပန်တဲ့မျက်နှာနဲ့ ချက် ချင်းရှင်းပြလိုက်သည်။

“မစ္စတာလျူ..ကျွန်တော့်ကို အထင်မလွဲပါနဲ့.. ဒီသတ္တုက အလွန်ထူးခြားပြီး.. စစ်ဘက် ဆိုင်ရာ စက်မှု့လုပ်ငန်းနဲ့ ကာကွယ်ရေး စက် မှု့လုပ်ငန်းအတွက် တကယ့်ကို အထူးပြု လုပ်ထားလို့ပါ.. ကျွန်တော်တို့ရဲ့ လက်နက်နဲ့ စက်ပစ္စည်းမျိုးစုံအတွက် အင်ဂျင် လေယာဉ် စတာတွေအတွက်ပဲ မဟုတ်ဘဲ အများကြီး လိုအပ်တာမို့ပါဗျာ...”

“တစ်တန်ကို ယွမ် သန်း ၂၀ ဈေးက အရမ်း ကြီးလွန်းလို့ ဒီလိုဈေးမြင့်တာနဲ့ လက်နက်နဲ့ ပစ္စည်းတွေအများကြီးမှာ သုံးလို့မရတော့ ဘူး.. အဆင့်မြင့်လက်နက်နဲ့ ပစ္စည်းအနည် းငယ်ကလွဲရင် တစ်တန်ကို ယွမ် ၂ သန်း အထိ လျှော့ချနိုင်မယ်ဆိုရင်တော့ အရာ အားလုံးက အများကြီး ပြောင်းလဲ သွားလိမ့် မယ်...”

သူက တောင်းပန်စကားအပြည့်နှင့် ဖြစ်၏။ တစ်ခွန်းတည်းနဲ့ အများကြီး မင်ရိူ့ဝေ ပြော လိုက်သည်။

ဒီစကားလုံးများကို ကြားရတဲ့ လူတိုင်းက စစ် ဘက်ဆိုင်ရာ စက်မှု့လုပ်ငန်းနဲ့ နိုင်ငံတော် ကာကွယ်ရေးအတွက် မြှုပ်နှံထားတဲ့ ဒီစစ်မှု့ ထမ်းဟောင်းရဲ့ စိတ်ဓာတ်ကို ခံစားနိုင်ပေ သည်။

သူတို့က တစ်သက်လုံး ရုန်းကန်နေကြရပြီး အပြန်အလှန် ဘာမှမတောင်းဆိုဘဲ သူတို့ရဲ့ အရာအားလုံးကို မြှုပ်နှံ ထားကြသည်။နိုင် ငံရဲ့ စစ်တပ်အတွက် နိုင်ငံတော်ကာကွယ် ရေးသုံး ပစ္စည်းကိရိယာတွေ တိုးတက်လာ ဖို့ပဲ သူတို့လိုချင်သည်။ အခု စူပါသတ္တု များ ရလာတော့ အခြားစက်တွေ အားလုံးက လည်း မျှော်လင့်ချက် ရှိလာပြီပဲ ဖြစ်သည်။

ဒီသတ္တုကို အများအပြားသုံးနိုင်သရွေ့ စစ် ဘက်ဆိုင်ရာစက်မှု့လုပ်ငန်းနှင့် ကာကွယ် ရေးစက်မှု့လုပ်ငန်းက အမြန်ဖွံ့ဖြိုးနိုင်ပြီး မကြာခင်ကာလမှာ အဆင့်မြင့်အဆင့်ကို ရောက်ဖို့ ဆိုတာက အိပ်မက်မဟုတ်တော့ ပေ။

ဈေးနှုန်းသင့်တင့်ရင် အများအပြား အသုံး ပြုနိုင်ပြီး တစ်တန်ကို ယွမ် သန်း ၂၀ ဈေး ဆိုရင်တော့ ကန့်သတ်ပြီးသာ အသုံးပြုနိုင် ပေသည်။

လျူယောင်က စစ်ဘက်စက်မှု့လုပ်ငန်းနှင့် နိုင်ငံတော်ကာကွယ်ရေးအပေါ် မင်ရှို့ဝေးရဲ့ မြှုပ်နှံမှုကို ခံစားမိတာကြောင့် အချိန် အ တော်ကြာပြီးနောက် ခေါင်းညိတ် ပြလိုက် သည်။

“ကောင်းပြီလေ ဒါဆိုလည်း တစ်တန်ကို ယွမ် ၂ သန်းပေါ့...”

“ဘာ...”

တခြားသူတွေဆိုထားတော့ မင်ရှို့ဝေတောင် အံ့အားသင့်သွားပြီး လျူယောင်ကို အံ့ဩ စွာကြည့်နေသည်။

သတိပြန်ဝင်လာဖို့ သူ အချိန်အနည်းငယ် ကြာခဲ့ပြီးမှ စိတ်လှုပ်ရှားစွာ ပြောလိုက် သည်။

“အရမ်းကောင်းတယ်..အရမ်းကောင်းတယ်.. ဒါ အရမ်းကောင်းတယ်..”

သုံးကြိမ်ဆက်တိုက် "အရမ်းကောင်းတယ်" ဟု ပြောခဲ့တာက မင်ရှို့ဝေးရဲ့ လက်ရှိ စိတ် ခံစားချက်ကို ပြသနေ​သည်။

သူက ဆံပင်ဖြူတွေနဲ့အသက်ကြီးတဲ့ ကျွမ်း ကျင်သူတစ်ဦးကို ခေါ်လာပေသည်။ဒီလူက မျက်မှန်အနက်တစ်လက်တပ်ထားပြီး လက် နက်တင် ရဟတ်ယာဉ်လုပ်ငန်းမှာ တစ်သက် လုံးနီးပါး အလုပ်လုပ်ခဲ့ဖူးသည်။

ဒီလူက တုန်ယင်စွာ ထရပ်ပြီး လျူယောင် ရှေ့ကို လျှောက်သွားကာ ခါးကို လေးလေး နက်နက် ကွေး ၍ ပြောလိုက်သည်။

“မစ္စတာလျူ..စစ်ဘက်ဆိုင်ရာ စက်မှု့ လုပ် ငန်းနဲ့ နိုင်ငံတော်ကာကွယ်ရေးအတွက် ခင် ဗျားရဲ့ ပံ့ပိုးမှု့ကို ကျေးဇူးတင်ပါတယ်...”

အသက် ၇၀ အရွယ်ရှိပြီဖြစ်သည့် ဒီ ကျွမ်း ကျင်သူဟောင်းရဲ့ မျက်လုံးတွေက ဒီအ ချိန်မှာ တကယ်ပဲ စိုစွတ်နေသည်။

ဒီတစ်ကြိမ် ခါးညွတ်တာက သူ့ရင်ထဲမှ အပြည့်အဝလာတာပဲ ဖြစ်၏။

သူ့ တစ်သက်လုံး စစ်ဘက်ဆိုင်ရာ စက်မှု့ လုပ်ငန်းမှာ အလုပ်လုပ်ခဲ့ပြီး စူပါသတ္တုလို ထူးခြားတဲ့ သတ္တုပစ္စည်းတွေ ပိုင်ဆိုင်ဖို့ သူ အိပ်မက်မက်ဖူးသည်။ အခုတော့ သူ့အိပ် မက် အကောင်အထည် ပေါ်လာခဲ့ပြီး ဒီဟာ က တစ်တန်ကို ယွမ် ၂ သန်းပဲ ကုန်ကျ သည် လေ။

လျူယောင်က ကျွမ်းကျင်သူဟောင်းကို ချက်ချင်း ဖေးမ ပေးပြီး အမြန် ပြောလိုက် သည်။

“ဆရာကြီးချီ..ကျွန်တော် မရဲပါဘူး..မရဲ ပါဘူး..”

ဆရာကြီး ချီကို ဆိုဖာပေါ်မှာ ထိုင်ဖို့ ကူညီ ရင်း လျူယောင် ပြောလိုက်၏။

“ဒါဆို ဈေးနှုန်းက တစ်တန်ကို ၂ သန်းပေါ့.. အရေးတကြီးလိုအပ်ရင်တော့ တန် ၃၀ ကျော်ကို ကျွန်တော် အရင်ပို့ပေးနိုင် ပါတယ် ... ကျန်တာတွေကို တစ်ပတ်အတွင်း ပို့ ဆောင်ဖို့က ကြီးကြီးမားမားပြဿနာ မရှိပါ ဘူး....”

“ကောင်းပြီ..ကောင်းပြီ..မစ္စတာလျူ ကျေး ဇူးအရမ်းတင်ပါတယ်ဗျာ..”

မင်ရှို့ဝေက ထရပ်ပြီး လျူယောင်ကို လက် ဆွဲနှုတ်ဆက်လိုက်သည်။

ဈေးနှုန်းကို ညှိနှိုင်းပြီးတာနဲ့ အရာအား လုံးက ချော မွေ့ သွားပေတော့မည်။

အလုပ်ကိစ္စပြီးဖို့ တစ်နာရီလောက်ကြာခဲ့ပြီး အ ခြေခံအကျဆုံး အသေးစိတ်များကိုပင် သူတို့ ဆွေး နွေးခဲ့ကြသည်။ နေ့လည်စာကို လျူယောင်က ဧည့်ခံခဲ့ပြီး ညနေပိုင်းမှာတော့ စာချုပ်တွင် တရားဝင် လက်မှတ် ရေးထိုးလို က်ကြသည်။

အရာအားလုံးက ပြီးဆုံးသွား၏။

မင်ရှို့ဝေနှင့် အခြားသူများကို နှုတ်ဆက်ပြီး နောက် လျူယောင် သူ့ရဲ့ကျယ်ဝန်းပြီး သက် တောင့်သက်သာရှိတဲ့ ရုံးခန်းထဲမှာ တစ် ယောက်တည်း စိတ်ချမ်းသာစွာ ထိုင်နေ သည်။

လျူယောင် စိတ်ထဲကနေ တွေးနေမိသည်။

“အင်း ယွမ် ၂ သန်းဈေးက မဆိုးပါဘူး ..ပင်လယ်အောက်ခြေမှာ ဒီလိုသတ္တုတွေ အများကြီးရှိတာပဲ...အာကာသယာဉ် အပျက်အစီးထဲမှာတင် တန်ထောင်ပေါင်း များစွာရှိတယ်..”

အဲ့ဒီ့ သတ္တုအပိုင်းအစ အကြီးတွေက တန်ရ ာပေါင်း သို့မဟုတ် တန်ထောင်ချီရှိနေပြီး အသေးတွေကတော့ တန်ဆယ်ဂဏန်း သို့ မဟုတ် တန်အနည်းငယ်ရှိကာ ပျက်စီးနေ သည့် နေရာရဲ့ အပြင်ဘက်မှာ ပြန့်ကျဲနေ သည်။ လိပ်ကြီးကို သယ်ယူပေးဖို့ သူ အမိန့် ပေးရုံနဲ့တင် လုံလောက်သည်။

ဒါကို လုပ်ဖို့ပဲ လိုအပ်သည်။

လျူယောင် ချက်ချင်းပဲ စိတ်ထဲကနေ လိပ် ကြီးနဲ့ ဆက်သွယ်လိုက်ပြီး ညွှန့်ကြားလိုက် သည်။

“လိပ်ကြီးရေ ငါ့အတွက် တစ်ခုလုပ်ပေး ပါ အုံး.. အဲ့ဒီ့ စက်ဝိုင်းတွင်းပေါက်ကြီးထဲမှာ မီး ခိုးနက်ရောင် သတ္တု တန် နှစ်ရာ သုံးရာ လောက် ရှိတယ်.. အဲဒါတွေကို ပင်လယ် ကမ်းခြေက ဂိုဒေါင်ကို သယ်ပေးပါအုံး...”

ဒီအချိန်တွင် လိပ်ကြီးက သူ့ရဲ့ယာယီဂူထဲမှာ ရေဘဝဲကြီးကို စားနေသည်။ ထောင်ပေါင်း များစွာ အလေးချိန်ရှိတဲ့ ရေဘဝဲကြီးကို ခုန ကမှ သူ ဖမ်းမိတာဖြစ်ပြီး ကြီးမားတဲ့ လက် တံနဲ့ ခြေတံနှစ်ချောင်းကို သူ စားပြီးခဲ့သည်။

“အိုကေဘာသခင်..ကျွန်တော် အခုပဲ သွား လိုက်ပါ့မယ်...”

သူ့ရဲ့ ယာယီဂူထဲကနေ လိပ်ကြီး ရေကူး ထွက်လာပြီး ကြီးမားတဲ့စက်ဝိုင်း တွင်း ပေါက်ကြီးရဲ့ ရှေ့ကိုရောက်ဖို့ အကြာကြီး မယူခဲ့ရပေ။

သူ ခဏရပ်ကာ ပတ်ပတ်လည်ကို ကြည့် လိုက်ပြီးနောက် အတွင်းသို့ ရေကူးဝင် လာလိုက်သည်။ တွင်းပေါက်ရဲ့ အောက်ခြေ ကို ရောက်တော့ ရေအနက်က တဖြည်းဖြည်း တိုးလာသည်။လိပ်ကြီး အောက်ခြေနားကို ရောက်တော့ တကယ်ပဲ ကြီးမားတဲ့ ရေဘဝဲ ကြီးရှိနေတာကို အံ့ဩစွာတွေ့လိုက်ရသည်။

ဒါက ဝမ်းသာစရာပဲ...

အစက ဒီတွင်းထဲမှာ ကြီးမားတဲ့ရေဘဝဲ ကြီး များစွာရှိခဲ့သော်လည်း လိပ်ကြီးက လိုက်လံ အမဲလိုက်သတ်ပြီးနောက် ကျန်နေတဲ့ ကောင် တွေက အချိန်အကြာကြီးကတည်းက ထွက်ပြေးကြသည်။

မမျှော်လင့်ဘဲ ခုတော့ နောက်တစ်ကောင် ပေါ်လာ ပြန်သည်။

"ဒါက အရင်ရှိခဲ့တဲ့ အကောင်များထဲက တစ် ကောင်ဖြစ်နိုင်လား ဒီနေရာက လုံခြုံတယ် ထင်လို့ ဒီဂူကို ပြန်လာတာလား... "

"ဘာပဲဖြစ်ဖြစ် ဒီကောင်က ငါ့အစာတွေပဲ.. "

ရေရွတ်ပြီး လိပ်ကြီးက ရေဘဝဲကြီးဆီကို ချက်ချင်း ရေကူးလာလိုက်၏။ ဒီတစ်ကြိမ်မှ ာ သူ လက်နက်ယူ မလာခဲ့ပေ။ သူ့ရဲ့ လှံကို ယာယီဂူရဲ့ဝင်ပေါက်မှာ ထားထားခဲ့သည်။ ဒီတစ်ကြိမ် သူ့ရဲ့ အဓိကတာဝန်က မီးခိုးနက် ရောင် သတ္တုကို ဟွာဟိုင်းမြို့သို့ သယ်ပို့ဖို့ သာ ဖြစ်သည်။

ဒီစက်ဝိုင်းတွင်းထဲမှာ ကြီးမားတဲ့ရေဘဝဲနဲ့ တွေ့တာက လိပ်ကြီးအတွက် သေချာပေါက် ကံကောင်းခြင်းပဲ ဖြစ်၏။

လိပ်ကြီးက အရှိန်နဲ့ ပြေးဝင်လိုက်သည်။

ကြီးမားပြီး မဖိတ် ခေါ်ထားတဲ့ဧည့်သည်က လိပ်ကြီးကို ချက်ချင်း တိုက်ခိုက်မယ့်ပုံစံ ယူကာ သူ့ရဲ့လက်တံနဲ့ ခြေတံများစွာကို ဝှေ့ယမ်းလိုက်သည်။

အဓိပ္ပာယ်က ရှင်းလင်းနေသည်။ လိပ်ကြီးကို မလာဖို့ သူ သတိပေးခြင်းပဲ ဖြစ်သည်။ မဟုတ်ရင် ယဉ်ကျေးလိမ့်မှာ မဟုတ်ဘူးလို့ ယူဆရသည်။

လိပ်ကြီးကတော့ ဒါကို လျစ်လျူရှု့ လိုက် ၏။

အရှိန်နဲ့သွားပြီးနောက် ချက်ချင်းကိုက်ဖို့ စတင်လိုက်သည်။ သူ့ရဲ့ကြီးမားတဲ့ ပါးစပ်နဲ့ တိုက်ရိုက်ကိုက်ဖြတ်လိုက်ပြီး ထိုကိုက်အားနဲ့ သွားချွန်များကြောင့် မကြာခင်မှာပဲ ဒီရေ ဘဝဲကြီးက လိပ်ကြီးရဲ့ ဆုဖလား ဖြစ်သွား ရသည်။

စက်ဝိုင်းတွင်းပေါက်ရဲ့ အောက်ခြေမှာရှိတဲ့ အကြီးအသေးမျိုးစုံ ရှိတဲ့ မီးခိုးနက်ရော င်သတ္တုတွေကို ကြည့်ပြီး လိပ်ကြီးက သူ ဖမ်းမိတဲ့ရေဘဝဲကြီးကို သူ့ရဲ့ယာယီဂူဆီ ခဏ ပို့ထားလိုက်သည်။

ပြီးနောက် လိပ်ကြီးက တွင်းပေါက်ထဲကို ထပ်ဝင်လာပြီး ဒီမီးခိုးနက်ရောင် သတ္တု အပိုင်းအစများကို ပါးစပ်ထဲ ထည့်လိုက်၏။ ဒါဇင်နဲ့ချီတဲ့ အပိုင်းအစများက အနည်းဆုံး တန် ၁၀၀ ရှိပြီး သူ့ပါးစပ်ထဲ ပြည့်လုနီးပါး ပင် ဖြစ်နေသည်။

သူ့ရဲ့ရှေ့ခြေတစ်ဖက်က အကြီးဆုံး အချို့ ကိုတောင် ဆွဲကိုင်ထားသည်။ ဒီတွင်းပေါက် ထဲမှာ သတ္တုစ တစ်စတောင် မကျန်တော့ တာကို လိပ်ကြီး စစ်ဆေးပြီးနောက် အ ပေါက်ထဲကနေ ရေကူးထွက်လာပြီး ဟွာဟို င်းမြို့ဆီကို ဦးတည် ကူးခတ်လာခဲ့သည်။

.....

ယန်နိုင်ငံရဲ့ ရုံးခန်းတစ်ခုတွင်...

စစ်ဘက်က လူတွေသာ ဒီမြင်ကွင်းကို မြင် မယ်ဆိုရင် သူတို့ ကြောက်ရွံ့မှု့နဲ့ ပါးစပ် အဟောင်းသားဖြစ်သွား ကြလိမ့်မည်။ ဒီမှာ ထိုင်နေတဲ့ လူသုံးဦးက စစ်ဘက်ဆိုင်ရာမှ လူကြီးများဖြစ်ပြီး တခါတလေ ရုပ်မြင်သံ ကြားမှာသာ ပေါ်လာတတ်တဲ့ သူတွေပဲ ဖြစ်၏။

အခု သူတို့က စူပါသတ္တုများအကြောင်း ပြောနေကြသည်။ စားပွဲပေါ်မှာ တစ်ကီ လိုဂရမ် သို့မဟုတ် နှစ်ကီလိုဂရမ် လောက်ရှိ တဲ့ နမူနာတစ်ခု ရှိနေသည်။

“အိုး လူအိုလျူ .."

"အိုး လူအိုမင် .."

လျူယောင်က ဈေးကို တစ်တန် ယွမ် ၂ သန်း အထိ လျှော့ချပေးတာက ငါ့ရဲ့မျှော်လင့် ချက်ထက် အများကြီးကျော်လွန်သွားတယ် ..”

“ဟုတ်တယ်.. ငါလည်း နည်းနည်း အံ့အား သင့်သွားတာပဲကွာ.. ”

“တစ်တန်ကို ယွမ် ၂ သန်းအထိ လျှော့ ချ လိုက်တာက ငါတို့အတွက် ကောင်းတဲ့ သ တင်းပဲ.. ”

“ဟုတ်တယ်.. ဒါက တကယ်ကို ကောင်း တဲ့သတင်းပဲ.. ဒါက လျူယောင်ရဲ့ အသိ စိတ်က အရမ်းမြင့်မားပြီး သူက အကျိုး အမြတ်ကိုပဲ ကြည့်တဲ့လူမျိုးမဟုတ်ဘူး ဆိုတာ ပြသနေတယ်..”

သူတို့က လျူယောင့်ရဲ့ စူပါသတ္တု အ ကြောင်း ပြောဆိုနေကြပြီး အားလုံးက သဘောတူ လက်ခံခဲ့ကြသည်။

ခဏအကြာစကားပြောပြီးနောက် ခေါင်း ဆောင် ယောက်က အခြားခေါင်းဆောင် နှစ် ယောက်ကို ကြည့်ကာ မေးလိုက်သည်။

“ငါသိချင်တာက.. လျူယောင်ရဲ့ လက်ထဲ မှာရှိတဲ့ စူပါသတ္တုက ဘယ်နေရာက နေ..ရ တာလဲ..”

All Chapters