← Chapters

စစ်တပ်အတွက် သီးသန့်

Vol. 27 Ch. 369

စစ်တပ်အတွက် သီးသန့်

Vol. 27 Ch. 369

အောက်ခြေမှ လူတွေကတော့ စူပါသတ္တုဟာ ဟူကျန်းကော်တို့ အဖွဲ့ရဲ့ သုတေသနရလဒ် လို့ တကယ်ထင်ကောင်းထင်နိုင်ပေမယ့် သူ တို့၏ အဆင့်နဲ့အမှန်တရားကို ရှင်းရှင်းလင်း လင်း သိနေကြသည်။

စူပါသတ္တုကို လျူယောင် ဘယ်လိုရ လာလဲ ဆိုတာ မသိကြပေမယ့် စူပါသတ္တုက လျူ ယောင်ဆီမှာ ရှိနေတာကိုတော့ သူတို့ သိ ထားကြသည်။

လူတိုင်းက အမြင့်ဆုံးထိ စပ်စုချင်နေ ကြ သည်။

စစ်ဘက်ဆိုင်ရာ ခေါင်းဆောင်တစ်ယောက် က စူပါသတ္တုကို လျူယောင် ဘယ်လိုရလာ လဲဆိုတာ သိချင်တာကြောင့် မေးလိုက် သည်။

အခြားနှစ်ယောက်က ရယ်လိုက်ကြ၏။

“ကျွန်တော်လည်း အစတုန်းက စပ်စုချင်ပေ မယ့် ဒါကို ကျွန်တော်တို့ မမေးသင့်ဘူးလို့ ထင်တယ်.. လူတိုင်းမှာ ကိုယ်ပိုင်လျှို့ဝှက် ချက်တွေ ရှိတယ်..စူပါသတ္တုရဲ့ အရင်းအ မြစ်က လျူယောင်ရဲ့ လျှို့ဝှက်ချက်ပဲ...”

“ဟုတ်တယ်..ဒါ လုံးဝမှန်တယ်. .လျူယောင် က တစ်တန်ကို ယွမ် နှစ်သန်းအထိ စျေးနူန်း လျှော့ချလိုက်တဲ့အတွက် ကျွန်တော်တို့ စူပါ သတ္တုရဲ့ အရင်းအမြစ်ကို မမေးတော့ ဘူး.. ဒါ့အပြင် ဒီသတ္တုပစ္စည်းကို ဝယ်ဖို့ လူတချို့ က စိတ်ကူး မယဥ်အောင် သူ့ရဲ့ ကျော ထောက်နောက်ခံ ဖြစ်ပေးရမယ်..”

မကြာခင်မှာပဲ သုံးယောက်လုံး သဘောတူ လိုက်ကြ၏။

သူတို့ရဲ့ အဆင့်မှာတော့ အချို့သောအရာ တွေကို ရှင်းရှင်းလင်းလင်း မြင်နိုင်ကြပြီး စူပါသတ္တုရဲ့ အရင်းအမြစ်ကို သာမန်လူတွေ လို စပ်စုမနေတော့ပေ။

သူတို့ရဲ့ အမြင်အရတော့ ဘယ်ကရတယ် ဆိုတာ အရေးမကြီးတော့ပေ။ စစ်တပ်ရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းဖို့နဲ့ စစ်တပ်ကို အမြောက်အမြား ထောက်ပံ့နိုင်ရင် အဆင် ပြေ၏။ တစ်တန်ကို ယွမ် နှစ်သန်းဆိုတဲ့ ဈေးနှုန်းက ကုန်ကျစရိတ်နဲ့ နှိုင်းယှဉ်ရင် အလွန်မြင့်မားတယ်လို့ ဒီခေါင်းဆောင် သုံးယောက်လုံးက ထင်နေကြသည်။

.........

ယူနီဗာဆယ် တာဝါတွင်...

ရုံးခန်းထဲမှာ လျူယောင် ရေနွေးကြမ်းပူပူကို တစ်ငုံ သောက်လိုက်သည်။အခုမှ သူ ပင် လယ်ကမ်း ခြေဂိုဒေါင်မှ ပြန်လာတာပဲ ဖြစ် ၏။

လိပ်ကြီးရဲ့ စွမ်းဆောင်မှု့က အလွန်မြင့်မား လှသည်။ ဒီမနက် အစောပိုင်းမှာပဲ မှောင်နေ တုန်း အခွင့်ကောင်းယူပြီး မီးခိုးနက်ရောင် စု စုပေါင်း တန် ၂၀၀ ကျော်ကို ပင်လယ် ကမ်း ခြေဂိုဒေါင်ထဲသို့ သူ ပို့ဆောင်ထားခဲ့သည်။

အဲ့ဒါကို လျူယောင် ကိုယ်တိုင် သွားကြည့် လိုက်သည်။ဂိုဒေါင်ထဲတွင် သတ္တု့ အပိုင်း အစ ဒါဇင်ပေါင်းများစွာရှိနေပြီး အကြီးဆုံး အပိုင်းက တန် ဆယ်ဂဏန်းရှိကာ အသေး ဆုံးအပိုင်းက ကီလိုဂရမ် ဆယ်ဂဏန်း လောက် အလေးချိန်ရှိပေသည်။

" ဟားဟား..ဒါက အရမ်းအံ့သြစရာ ကောင်း တာပဲ.."

ဒီ သတ္တု့ရဲ့ အလွန်ကောင်းမွန်တဲ့ စွမ်းဆော င်ရည်အပြင် ဈေးနှုန်းကလည်း အလွန် ကောင်းတာကြောင့် တစ်တန်ကို ယွမ် နှစ်သန်းဆိုတဲ့ ဈေးနှုန်းက အခုထိ အရမ်း ကောင်းတယ်လို့ လျူယောင် ထင်မိသည်။

ပင်လယ်အောက်ခြေမှာ ဒီလို အပိုင်းအစတွေ ကြီးကြီးမားမားနဲ့ သေးငယ်တဲ့ မီးခိုးနက် ရောင် သတ္တုတွေကို ပြန်ယူလာရင် အနည်း ဆုံး တန် သောင်းနဲ့ချီ ရှိပြီး ပိုများချင်လည်း များနိုင်ပေသည်။

အာကာသယာဉ်ရဲ့ အပျက်အစီးကိုသာ ရေတွက်မယ်ဆိုရင် အလျား ကီလိုမီတာ ၁၀၀ ကျော် စုစုပေါင်း အလေးချိန်က တန် သန်းပေါင်းများစွာ မဟုတ်ဘဲ တန် ဘီလီ ယံနဲ့ချီ ရှိပြီး ဒါက သတ္တု ဘီလီယံ ဆယ်နဲ့ ချီလည်း ဖြစ်နိုင်သည်။

မီးခိုးနက်ရောင် သတ္တုတန် ဘီလီယံနဲ့ချီရှိတဲ့ ဒီဟာက သူ့အတွက် အကြီးမားဆုံး ဘဏ္ဍာ တိုက်တစ်ခုလိုပင်။အဲ့ဒါက လုံးဝ မကုန်ခမ်း နိုင်လောက်အောင် ရှိနေတာပဲ ဖြစ်၏။

အမှန်ပါပဲ လျူယောင်ရဲ့ အမြင်က မီးခိုးနက် ရောင် သတ္တုတန် ဘီလီယံနဲ့ချီ ရှိနေတာတင် မကဘဲ အာကာသယာဉ် အပျက်အစီးပေါ်ရှိ အသိဉာဏ်ရှိတဲ့ ကွန်ပျူတာ အပါအဝင် အခြားဟာတွေလည်း ရှိပေသည်။

ဒီလောက်များပြားတဲ့ မီးခိုးနက်ရောင် သတ္တု တွေရှိနေတာကြောင့် တစ်တန်ကို နှစ်သန်း ဆိုတာ ထားဦး နှစ်သိန်းဆိုရင်တောင် များ ပြားတဲ့ ပိုင်ဆိုင်မှု့တစ်ခု ဖြစ်ပေသည်။

လျူယောင်ကိုယ်တိုင်ကတောင်မှ စစ်တပ်က တကယ်လာလိမ့်မယ်လို့ မမျှော်လင့် ထား ပေ။ ဗိုလ်မှူးကြီးတစ်ယောက်က ဦးဆောင် ပြီး လူအုပ်စုလိုက် ယူနီဗာဆယ် တာဝါကို ရောက်လာကြသည်။

သူတို့က အရမ်းကို နိမ့်ချတဲ့ ပုံစံ ပေါက်နေ ကြသည်။

စစ်ဝတ်စုံ မဝတ်ကြဘဲ ပုံမှန်အဝတ်အစား တွေပဲ ဝတ်ထား၏။ဒီလူတွေက စီးပွားရေး အတွက်ဆွေးနွေးဖို့ လာတဲ့ စီးပွားရေးသမား အဖွဲ့လို့ မသိတဲ့သူတွေက ထင်ကြလိမ့်မည်။

ယူနီဗာဆယ် တာဝါရဲ့ ၉၈ ထပ်ရှိ ဧည့်ခံခန်း မှာ သူတို့ကို လက်ခံတွေ့ဆုံခဲ့ရာ သူတို့က စူ ပါသတ္တုတွေအတွက် တိုက်ရိုက် အော်ဒါမှာ လိုက်သည်။

စစ်သားတွေရဲ့ ပုံစံအတိုင်း ရှင်းရှင်းလင်း လင်း ပြောတာပဲ ဖြစ်၏။

“မစ္စတာလျူ..ကျွန်တော်တို့က စစ်တပ်ကို ယ်စား စူပါသတ္တု တန် ၅,၀၀၀ မှာချင်တယ်.. ပြဿနာရှိလား”

“တန် ၅,၀၀၀ လား...”

ဒါက စုစုပေါင်းတန်ဖိုး ယွမ် ၁၀ ဘီလီယံ ပင်။

ဒါက ကြီးမားတဲ့ စာချုပ်ပါပဲ။

လျူယောင် စိတ်ထဲမှ အနည်းငယ် စိတ် လှုပ် ရှားနေသည်။ သူက စစ်တပ်နဲ့ ဒီလိုကြီးမား တဲ့ စီးပွားရေးလုပ်ငန်းမျိုး ပထမဆုံးအကြိမ် လုပ်ဖူးတာဖြစ်ပြီး စိတ်ငြိမ်အောင် ထိန်းဖို့ ခက်ခဲလှသည်။

စိတ်ငြိမ်အောင် ကြိုးစားရင်း လျူယောင် ကြီးကျယ်ခမ်းနားစွာ ပြောလိုက်သည်။

“တန် ၅,၀၀၀ က ပြဿနာမရှိဘူး ..စစ်တပ် က တန် ၅၀,၀၀၀ မှာရင်တောင် ကျွန်တော် ကျေနပ်ပါတယ်...”

“ဘာ...”

“တန် ၅၀,၀၀၀ တောင် အဆင်ပြေတယ် လား”

ဦးဆောင်လာသည့် ဗိုလ်မှူးကြီးရဲ့ တည် ငြိမ်တဲ့ မျက်နှာအမူအရာက အနည်းငယ် ပြောင်းလဲသွားပြီး လျင်မြန်စွာ မေးလိုက် သည်။

“မစ္စတာလျူ..တန် ၅၀,၀၀၀ ရှိတယ်ဆိုတာ သေချာလား...”

“ဟုတ်ပါတယ် တန် ၅၀,၀၀၀ က ပြဿနာ မရှိဘူး..တစ်လလောက် အချိန်ပေးရင် မှာ ယူမူ့ ပြီးဆုံးအောင် လုပ်ပေးနိုင်ပါတယ်...”

“အရမ်းကောင်းတာပေါ့.. ကျွန်တော် ခု ချက် ချင်း အထက်ကို အစီရင်ခံလိုက်ပါ့မယ် ..အ ခုပဲ ဖုန်းခေါ်လိုက်ပါ့မယ်...”

ထိုလူက လူတိုင်းရှေ့မှာပဲ ဖုန်းခေါ်ပြီး အစီ ရင်ခံလိုက်သည်။

ပြီးနောက် သူက အသံကျယ်ကျယ်နဲ့ ပြော လိုက်၏။

“မစ္စတာလျူ ..ကျွန်တော်တို့က အရင် တန် ၁၀,၀၀၀ ဝယ်မယ်.. ကျန်တဲ့ တန် ၄၀,၀၀၀ ကို ဘွတ်ကင်လုပ်ထားမယ် ..အခြားယူန စ်တွေကို မရောင်းရဘူး.. တင်ပို့လို့လည်း မရဘူး..”

"အရင်တုန်းက အနောက်နိုင်ငံတွေဟာ ကျွန် တော်တို့ရဲ့ လည်ပင်းကို ညှစ်ခဲ့တယ်.. ဒီတစ် ကြိမ်မှာတော့ သူတို့ရဲ့ လည်ပင်းကို ကျွန် တော်တို့ ပြန်ညှစ်မယ် မရောင်းပေးရဘူး..."

"စုစုပေါင်း တန် ၅၀,၀၀၀ "

ဒါက လျူယောင် စစ်တပ်ကို ရောင်းဖို့ သ ဘောတူညီချက်ပဲ ဖြစ်သည်။

အသေးစိတ်ကို နှစ်ဖက်စလုံး အလျင်အမြန် ဆွေးနွေးလိုက်ကြသည်။ ပထမဆုံး တန် ၁၀,၀၀၀ စုစုပေါင်းတန်ဖိုး ယွမ် ၂၀ ဘီလီယံ ဖြစ်ပြီး နောက် ၄၀,၀၀၀ တန်ကို ခြောက်လ အတွင်း ပေးသွင်းမှု့ ပြီးစီးလိမ့်မည်။

စစ်တပ်က လူတွေကို ပို့ဆောင်ပြီးနောက် လျူယောင် ရုံးခန်းထဲမှာ တစ်ယောက်တည်း ထိုင်ရင်း အလွန်ပျော်ရွှင်နေသည်။

" ဝိူး..စစ်တပ်နဲ့ စီးပွားရေးလုပ်ရတာ မဆိုး ဘူး..တကယ် မဆိုးဘူး .."

ပျော်ရွှင်မှု့အပြင် အာကာသယာဉ်ရဲ့ ပျက်စီး နေသော အပေါက်အပြင်ဘက်မှာရှိနေတဲ့ မီးခိုးနက်ရောင် သတ္တုအားလုံး ပြန်သယ် လာရမှာကို လျူယောင် သိသည်။

ဒီ သတ္တု့အားလုံးကို ဘယ်လိုပြန်ယူ လာ မလဲဆိုတဲ့ အကြံဉာဏ်က လျူယောင်မှာ ရှိနှင့်ပြီးသားဖြစ်သည်။

ဒါ့အပြင် ပြန်သယ်လာတဲ့ သတ္တုတွေကို ကန ဦး ပြုပြင်ဖို့အတွက် အထူးသံမဏိ ထုတ် လုပ်ရေးစက်ရုံတစ်ရုံလည်း သူ လိုအပ် သည်။

......

ရှင်းဖိန် အထူးသံမဏိစက်ရုံံတွင်...

သူဋေးလီရှင်းဖန်းက ရုံးခန်းထဲမှာ ထိူင်းမိူင်း စွာ ဆေးလိပ်သောက်နေ၏။ အခုလေးတင် ဘဏ်ကနေ သူ့ကို ဖုန်းထပ်ခေါ်ပြီး ယွမ် သန်း ၅၀ ချေးငွေကို အမြန်ဆုံး ပြန်ဆပ်ဖို့ တိုက်တွန်းနေသည်။

သူသာ ပြန်မဆပ်ပါက အလက်ဇန်းဒါး သ တင်းစာရဲ့ သတင်းခေါင်းစဥ် တွင် ပါလာ တော့မှာပဲ ဖြစ်သည်။

အထူးသံမဏိစက်ရုံမှာ ကန့်သတ်ချက် တွေ ရှိပြီး စီးပွားရေးက ပြီးခဲ့တဲ့ နှစ်နှစ်အတွင်း ပိုပိုပြီး ခက်ခဲလာသည်။စက်ရုံ ဝယ်မဲ့လူကို သူ အကြိမ်များစွာ ဆက်သွယ်ပြီး ဒီ စက်ရုံ ကို ရောင်းချချင်နေသည်။

အစတုန်းက သူ ယွမ် ၄.၅ ဘီလီယံ တောင်း ခဲ့ပေမယ့် အခုတော့ ယွမ် ၃ ဘီလီယံအထိ ကျဆင်းသွား၏။ ဒါကို ရှုံးတာလို့ သတ်မှတ် ပေမယ့် သင့်တော်တဲ့ ဝယ်သူကို ခုထိ မတွေ့ သေးပေ။

ဆေးလိပ်သောက်နေရင်း လီရှင်းဖန်း စိတ် ထဲကနေ ရေရွတ်လိုက်သည်။

“၃ ဘီလီယံဆိုတာ ထားပါတော့..၂.၈ ဘီလီ ယံဆိုရင်တောင် ငါ ရောင်းနိုင်ပါတယ်ကွာ..”

ဒီလိုကောင်းမွန်တဲ့ စက်ကို ပြည်ပကနေ တင် သွင်းထားတာ ဖြစ်တာကြောင့် သူ့အတွက် ဆုံးရှုံးရတာ ဝမ်းနည်းစရာကောင်းလှသည်။

ပြည်ပကနေ တင်သွင်းတဲ့ အထူးသတ္တု အ ရည်ကျို မီးဖိုတစ်ခုတည်းကတင် သန်း ၁၀၀ ကျော်ပြီး သံရည်ကျိုစက် ၊ ထုလုပ်ရေး စက် တွေ အစရှိသဖြင့် ပြည်ပကနေ တင်သွင်း ထားတဲ့ စက်တွေက စက်ရုံတွင် အများကြီး ရှိနေသည်။

ဆေးလိပ်တစ်လိပ် ကုန်သွားပြီးနောက် သူ နောက်တစ်လိပ် ထပ်မီးညှိကာ ဆေးလိပ်ကို တစ်လိပ်ပြီးတစ်လိပ် သောက်နေမိသည်။ မကြာခင်မှာပဲ ရုံးခန်းထဲတွင် မီးခိုးတွေ အနံ့ဆိုးတွေနဲ့ ပြည့်နှက်သွား၏။

" ဒေါက် ဒေါက် ဒေါက်... "

ထိုအချိန် ရုံးခန်း တံခါးခေါက်ပြီး လူတစ် ယောက် ဝင်လာ၏။

ဝင်လာသူက ရှင်းဖိန် အထူးသံမဏိစက်ရုံရဲ့ ဒါရိုက်တာဖြစ်ပြီး လီရှင်းဖန်ရဲ့ ညာလက်ရုံး တစ်ဦးပဲ ဖြစ်သည်။

“သူဋေး ကျွန်တော်တို့မှာရှိတဲ့ အော်ဒါတွေ ပြီးလုနီးပါးဖြစ်နေတာကြောင့် အော်ဒါ အ သစ်တွေ မလာရင် အလုပ်ရပ်ရတော့မယ်...”

ပြီးခဲ့တဲ့ နှစ်နှစ်အတွင်း အထူးသံမဏိ လုပ် ငန်းက ပြိုင်ဆိုင်မှု့ ပြင်းထန်လာပြီး အမြတ် အစွန်းတွေကလည်း ပိုပိုပြီး နည်းပါး လာ သည်။ မှာယူတဲ့ အော်ဒါတွေကလည်း နည်း ပါးလှသည်။ အော်ဒါတိုင်းက စစ်ပွဲတစ်ပွဲ တိုက်ရသလို ဖြစ်နေသည်။

သူ့လက်ထဲမှာရှိတဲ့ အော်ဒါက ပြီးခါနီးပြီဆို တာ ကြားတော့ အော်ဒါအသစ်တွေ မရှိ သေးဘူးဆိုတာ သိလိုက်ရတော့ လီရှင်းဖန်း လက်ထဲက ဆေးလိပ်အဖျားကို ပြင်းပြင်း ထန်ထန် လိမ်ချိုးပစ်လိုက်သည်။ သူ့ စိတ် ထဲမှာ ဖိအားတွေ ပိုများလာ၏။

အော်ဒါရဖို့အတွက် ဈေးနှုန်းကို ထပ်လျှော့ ချရမလားလို့တောင် သူ တွေးလိုက်မိသည်။

......

ရှင်းဖိန်အထူးသံမဏိစက်ရုံ အပြင်ဘက်မှာ တော့ G ကားကြီးတစ်စီးက ဂိတ်ကို မောင်း ဝင်လာပြီး လျူယောင်နဲ့ ချန်းဟူတို့ ကား ပေါ်မှ ဆင်းလာကြသည်။

စက်ရုံရဲ့ ဂိတ်ဝမှာ လျူယောင် ရပ်ပြီး စက် ရုံကို ကြည့်လိုက်ကာ စိတ်ထဲကနေ ရေရွတ် လိုက်သည်။

“ဟုတ်တယ် ဒီ စက်ရုံပဲ...”

လျူယောင် လက်ကို ဝှေ့ယမ်းလိုက်ပြီး ချန်းဟူအား ပြောလိုက်၏။

“လာငါတို့ အထဲ ဝင်ကြည့်ရအောင်..”

All Chapters