ရှင်းဖိန် သံမဏိ စက်ရုံ
Vol. 27 Ch. 370
လျူယောင်နဲ့ ချန်းဟူတို့က စက်ရုံဂိတ်တွင် ID ကဒ် ပြသပြီးနောက် ဂိတ်မှူးက ဖြတ်သန်း ခွင့်ပြုသဖြင့် ရှင်းဖိန် အထူးသံမဏိ စက်ရုံ ထဲ သူတို့ လမ်းလျှောက်ဝင်လာကြသည်။
ဒီနေ့ လျူယောင် ဘာလို့ ဒီစက်ရုံထဲကိုအထူး တလည် ဝင်ရောက်လာရသနည်း။
အဓိက အကြောင်းရင်းမှာ မီးခိုးနက်ရောင် သတ္တုများကို ဘားတန်းများ ဒါမှမဟုတ် ဝိတ်ပြားများဒါမှမဟုတ် သံမဏိတုံးများ အဖြစ် ပြုလုပ်နိုင်ရန် သင့်လျော်သော အ ထူးသံမဏိ ပြုပြင်ထုတ်လုပ်ရေး စက်ရုံကို လျူယောင် ရှာဖွေလိုခြင်းပဲ ဖြစ် သည်။
မီးခိုးနက်ရောင် သတ္တုများကို ပြုပြင်ထုတ် လုပ်ခြင်း မပြုလုပ်ပါက အဲ့ဒါတွေက အာ ကာသယာဉ်အပျက်အစီးများမှ အပိုင်း အစများ ဖြစ်နေသဖြင့် မလိုအပ်တဲ့ ထင် ကြေးများနှင့် ပြဿနာများ မဖြစ်စေရန် ပြုပြင်ထုတ်လုပ်ခြင်းက ပိုကောင်းလိမ့်မည်။
ဒီ ရှင်းဖိန်အထူးသံမဏိ စက်ရုံက ပြင်ပလူ များထံ လွှဲပြောင်းရန် ရည်ရွယ်နေကြောင်း ကြားသိရလို့ ချန်းဟူကို ခေါပြီး လျူယောင် ဒီနေရာကို လာရခြင်းပဲ ဖြစ်၏။
နှစ်ယောက်သား ရှင်းဖိန် အထူးသံမဏိ စက် ရုံရဲ့ စက်ရုံနယ်မြေထဲသို့ လမ်းလျှောက် ဝင် သွားကြပြီး လမ်းလျှောက်ရင်းနဲ့ပဲ ကြည့် လိုက်ကြသည်။
ဒီစက်ရုံဧရိယာမှာ သေးငယ်လှတယ် မဟုတ် ဘဲ အနည်းဆုံး ဧက မူ ၃၀၀ ခန့်ရှိပြီး စက်ရုံ အဆောက်အအုံများနဲ့ အခြားအဆောက် အအုံများမှာ အတော်လေး သစ်လွင်နေ သေး သည်။အဲ့ဒါက နှစ်အနည်းငယ်သာ ရှိသေး တယ်လို့ ထင်ရ၏။
ဒီနေရာသို့ မလာမှီက စက်ရုံအကြောင်းကို လျူယောင် အနည်းငယ် သိထားပြီးသား ဖြစ်သည်။ သတင်းအချက်အလက်များအရ ကောင်းမွန်တယ်လို့ ထင်ထားသဖြင့် ဒီ နေရာကို လာရောက်ကြည့်ရှုခြင်းလည်း ဖြစ်၏။
မျှော်လင့်ထားသည့်အတိုင်း လျူယောင် ပို ကျေနပ်လာသည်။ စက်ရုံအနှံ့ ကြည့်ရှုပြီး နောက် သတ္တု အရည်ကျိုတဲ့ အလုပ်ရုံ နေရ ာကို နှစ်ယောက်သား လျှောက်လာသည်။
အထူးသံမဏိသွန်းလုပ်ခြင်းကို ဒီနေရာတွင် လုပ်ဆောင်ပြီး အဓိက စက်ပစ္စည်းမှာ ပြည် ပမှ တင်သွင်းထားတဲ့ တန် ၅၀၀ အထူးသတ္တု အရည်ကျို မီးဖိုပဲ ဖြစ်သည်။
ထိုသို့သော ကြီးမားသည့် အထူးသတ္တု အ ရည် ကျို မီးဖိုနှစ်ခုက ဒီ ဟွာဟိုင်းမြို့တွင် မရှိလောက်ပေ။
လုပ်သားများက အလုပ်များနေကြသည်။ ပူပြင်းတဲ့ သံရည်များကို ဇွန်းထဲ လောင်း ထည့်ပြီး ကရိန်းဖြင့် လောင်းချကာ သံမဏိ တုံးများအဖြစ် ပြုလုပ်နေကြသည်။
လျူယောင်နဲ့ ချန်းဟူတို့က ထုတ်လုပ်ရေး နေရာကို ဝင်မသွားဘဲ အလုပ်ရုံတံခါးဝ မှနေပြီး လုပ်သား များ အလုပ်လုပ်တာကို ရပ်ကြည့်နေသည်။
သိပ်မကြာခင်မှာပဲ လုပ်ငန်းကြီးကြပ်သူ သို့မဟုတ် အလုပ်ရုံမှူးနှင့်တူသူတစ်ဦးက သူတို့ဆီ လျှောက်လာသည်။
ထိုလူက လျှောက်လာပြီး မေးလိုက်၏။
"ခင်ဗျားတို့ ဘယ်သူ့ကို ရှာနေတာလဲ"
လျူယောင် ပြန်ဖြေလိုက်သည်။
"ကျွန်တော်တို့ လာကြည့်တာပါ"
ကြီးကြပ်သူက သတိပေးလိုက်၏။
"ဒီနေရာက အထူးသတ္တု အရည်ကျိုတဲ့ အလုပ်ရုံဖြစ်ပြီး အန္တရာယ်ဖြစ်နိုင် တာ ကြောင့် လုပ်ငန်းခွင်ထဲကို ဝင်လို့မရပါဘူး.. ဒီနေရာကနေပဲ အများဆုံးကြည့်လို့ ရ တယ်..."
လျူယောင် ခေါင်းညိတ်ပြလိုက်ပြီးနောက် မေး မြန်းလိုက်သည်။
"ခင်ဗျားတို့ စက်ရုံက ပြည်ပကနေ တင်သွင်း ထားတဲ့ အထူးသတ္တု အရည်ကျို မီးဖိုတွေက မှန်ပါတယ်နော်..."
လုပ်ငန်းကြီးကြပ်သူက ဂုဏ်ယူစွာဖြင့် ပြန် ဖြေလိုက်၏။
"အမှန်ပေါ့ဗျ ဂျာမနီကနေ တင်သွင်းထားတဲ့ သတ္တုအရည်ကျို စက်ပစ္စည်းတွေပဲ..တန် ၅၀၀ အထူးသတ္တုရည်ကျို မီးဖိုဖြစ်ပြီး တက် စတင်းသံမဏိကိုတောင် သွန်းနိုင်ပါတယ်.. အပူချိန် အမြင့်ဆုံး စင်တီဂရိတ် ၃,၅၀၀ အထိ ရောက်နိုင်တယ်ဗျ.."
ဒီစက်ပစ္စည်းအကြောင်း ပြောရာတွင် ဒီလူ က စကားပြောချင်စိတ် ပွင့်သွားသလို တစ် ထိုင်တည်း စကားများစွာ ပြောလိုက်၏။
နားထောင်ရင်းနဲ့ လျူယောင့်စိတ်ထဲတွင် တွေးလိုက်မိသည်။
'ဒီစက်ပစ္စည်းမျိုးက ကောင်းတာပဲ..ဒါက မီးခိုးနက်ရောင် သတ္တုတွေကို အရည်ပျော် အောင် လုပ်နိုင်ပြီး.. သံမဏိတုံးတွေ ဒါမှ မဟုတ် ဘားတန်းတွေအဖြစ် ပြုလုပ်နိုင် တာပဲ...'
ခဏ တွေးပြီးနောက် လျူယောင် စိုးရိမ်တ ကြီး မေးလိုက်၏။
"ခင်ဗျားတို့ရဲ့ အကျိုးအမြတ်တွေက မဆိုးဘူးလို့ ထင်ရတယ်.."
လုပ်ငန်းကြီးကြပ်သူက ခါးခါးသီးသီး ပြုံးပြ ရင်း ပြန်ဖြေလိုက်သည်။
"အကျိုးအမြတ်တွေက သာမန်ပါပဲ.. ကျွန် တော်တို့ သူဋေးက စက်ရုံတစ်ခုလုံးကို ရောင်းချင်နေတယ်..ကျွန်တော်တို့အားလုံး စိုးရိမ်ထိတ်လန့်နေကြပြီး အနာဂတ်မှာ ဘာဖြစ်လာမလဲဆိုတာ မသိပါဘူးဗျာ.."
ဒီလူနဲ့ စကားပြောရင်း သတင်းအချက် အလက်များစွာကို လျူယောင် သိရှိသွားပြီး စက်ရုံရဲ့ အခြေအနေကို သိလာခဲ့သည်။
ခဏအကြာတွင် လျူယောင်နှင့် ချန်းဟူ တို့က အခြားအလုပ်ရုံတစ်နေရာကို သွားကြ ည့်လိုက်သည်။ ဒီအလုပ်ရုံက ရှင်းဖိန် အထူး သံမဏိ စက်ရုံရဲ့ ပုံသွင်းတဲ့ အလုပ်ရုံဖြစ်ပြီး ဒီနေရာတွင် အထူးသံမဏိများကို ဘားတန်း များ၊ အပြားများနှင့် ဝါယာကြိုးများကဲ့သို့ အမျိုးမျိုးသော သံမဏိထုတ်ကုန်များ စ သဖြင့် ပြုလုပ်နိုင်၏။
လျူယောင်နှင့် ချန်းဟူတို့ လှည့်လည်ကြည့် ရှုနေကြရာ နောက်ဆုံးတွင် ရှင်းဖိန်အထူး သံမဏိ သွန်းလုပ်စက်ရုံရဲ့ ဒါရိုက်တာကို ဆွဲဆောင်နိုင်ခဲ့သည်။
သူက အောက်ခြေမှ လူများရဲ့ အစီရင်ခံစာ ကို ကြားလိုက်ရပုံရသဖြင့် လျှောက်လာပြီး ယဉ်ကျေးစွာ မေးလိုက်သည်။
"ခင်ဗျားတို့ နှစ်ယောက် ဘာအကြောင်း ရှိလို့လဲဗျ"
လျူယောင် အေးအေးဆေးဆေး ပြန်ဖြေ လိုက်သည်။
"ကျွန်တော်တို့ လာကြည့်တာပါ"
စက်ရုံ ဒါရိုက်တာရှင်းဖေးဝမ်က လျူယောင် ကို သံသယဖြင့် ကြည့်ပြီးနောက် ရှင်းပြ လိုက်သည်။
"ခင်ဗျားတို့ နှစ်ယောက်က သာမန်လာ ကြည့်တာ မဖြစ်နိုင်ပါဘူး.. ကျွန်တော်တို့ ရှင်းဖိန် အထူးသံမဏိသွန်းလုပ်စက်ရုံက စက်မှု့လုပ်ငန်းမှာ ထူးခြားတဲ့ စွမ်းရည်တွေ ရှိပါတယ်.. ခင်ဗျားတို့မှာ ဘာလိုအပ်ချက် ပဲရှိရှိ ကျွန်တော်တို့က အားလုံးနီးပါးကို ဖြည့်ဆည်းပေးနိုင်ပါတယ်.."
သူက လျူယောင်ကို ဖြစ်နိုင်ချေရှိတဲ့ ဖော က်သည်တစ်ဦးအဖြစ် မှတ်ယူလိုက်သည်။
လျူယောင် ပြုံးကာ ပြောလိုက်၏။
"ခင်ဗျားတို့ရဲ့ စက်ရုံကို ရောင်းမယ်လို့ သတင်း ကြားလို့ပါ.."
ရှင်းဖေးဝမ် အနည်းငယ် တအံ့တဩ ဖြစ် သွားသည်။ဒီအလှည့်အပြောင်းက အနည်း ငယ် မြန်ဆန်လွန်းသည်။ သူက လျူ ယောင် ကို ဖောက်သည်ဟု ထင်ထားခဲ့ပေမဲ့ ဒီလူက စက်ရုံကို ဝယ်ရန် စိတ်ဝင်စားပုံရသည်။
အဲ့ဒါက စက်ရုံပိုင်ရှင် လီရှင်းဖန်က မျှော်လင့် ထားခြင်းပဲ ဖြစ်သည်။
အထူးသဖြင့် ပိုင်ရှင် လီရှင်းဖန်းပဲ ဖြစ်၏။
သူက အခု ရုန်းကန်နေရပြီး အနည်းငယ်ပင် နောင်တရနေသည်။
" ဘာကြောင့် ငါ အစကတည်းက အိမ်ခြံ မြေလုပ်ငန်းကို မလုပ်တာလဲ..သူ အိမ်ခြံ မြေလုပ်ငန်းကို မရွေးချယ်ပဲ အထူးသံမဏိ သွန်းတဲ့ လုပ်ငန်းထဲ ဝင်လာတာလဲ ..ငါ အစကတည်းက အိမ်ခြံမြေလုပ်ငန်း လုပ်ခဲ့ ရင် ကောင်းမှာပဲကွာ.. "
တစ်ဖက်မှာတော့ လီရှင်းဖန်က ဝမ်းနည်းစွာ တွေးနေမိသည်။
ရှင်းဖေးဝမ်က အံ့အားသင့်တဲ့ အမူအရာကို ဖော်ပြကာ အသံကျယ်ကျယ်နဲ့ မေးလိုက် ၏။
"ခင်ဗျားက ဝယ်ဖို့အတွက် လာရောက်စစ် ဆေးတာလား"
လျူယောင် ခေါင်းညိတ်ကာ ပြန်ဖြေ လိုက် သည်။
"မှန်ပါတယ်.. လာကြည့်တာပါ ..သင့်တော် ရင်တော့ ဝယ်မှာပါ..."
ရှင်းဖေးဝမ် စိတ်ထဲကနေ တိတ်တိတ် ကလေး တုန်လှုပ်သွားရသည်။စိတ်ထဲကနေ သူ မယုံံကြည်နိုင်စွာ တွေးလိုက်၏ ။
'ဒီလူက အပြောကြီးတာပဲ စက်ရုံကို ဝယ်တာ က မုန်လာဥနဲ့ ဂေါ်ဖီထုပ် ဝယ်သလို လွယ် ကူနေပုံရတယ် ..ငွေကြေးဖိအားလည်း ရှိ ပုံမရဘူး..'
သာမန်စကားပြောဆိုမှု့ မဟုတ်ဘူးဆိုရင် သူက အလွန်မာနကြီးသူပဲ ဖြစ်သည်။ဒီ စက်ရုံရဲ့ တန်ဖိုးမှာ အနည်းဆုံး ၃ ဘီလီယံ ဖြစ်၏။
"၃ ဘီလီယံလား.."
ဟွာဟိုင်းမြို့တစ်ခုလုံးကို ကြည့်လျှင် တစ် ပြိုင်နက်တည်း ဒီလို များပြားတဲ့ ပိုက်ဆံကို သုံးစွဲနိုင်သူမှာ သေချာပေါက် များများ စား စား မရှိပေ။
ရှင်းဖေးဝမ်က လျူယောင်ကို တိတ်တဆိတ် ထပ်ကြည့်လိုက်သည်။ ဒီအချိန်တွင် သူ တ ကယ် မသေချာတော့ပေ။
လျူယောင် ပုံစံက အလွန်ငယ်ရွယ် နေ သည်။
"ဒီလို ငယ်ငယ်ရွယ်ရွယ် ငွေကြေးခိုင်မာမှု့ ရှိပါမလား .."
စိုးရိမ်ပူပန်မှုများနှင့်အတူ ရှင်းဖေးဝမ် ပထမ ဆုံး သူ့ကိုယ်သူ မိတ်ဆက်ပြီးနောက် ယဉ် ကျေးစွာဖြင့် မေးလိုက်သည်။
"မစ္စတာခင်ဗျားရဲ့ နာမည်က ဘယ်လို ခေါ် ပါသလဲ...."
လျူယောင် ပြုံးလိုက်ကာ..
" ကျွန်တော့်နာမည် လျူယောင်ပါ." ဟု ပြောပြီးနောက် မျက်လုံးဖြင့် အချက်ပြလိုက် သည်။
ချန်းဟူက ချက်ချင်း နားလည်သွားပြီး ရွှေ ရောင်စီးပွားရေးကဒ်ကို ထုတ်ကာ လက် နှစ်ဖက်ဖြင့် ရှင်းဖေးဝမ်ကို ပေးလိုက်သည်။
ရှင်းဖေးဝမ်က ထိုစီးပွားရေးကဒ်ပြား ယူ လိုက်၏။ သူ့ရဲ့ ပထမဆုံး ခံစားချက်က ဒီစီးပွားရေးကဒ်မှာ အလွန်စတိုင် ကျနေ သည်။ ဒါက ရွှေရောင်ကဒ်ဖြစ်ပြီး လူ အ များစုက ထိုသို့သော အဆင့်မြင့် စီးပွား ရေးကဒ်ပြားကို အသုံးမပြုကြပေ။
" ဘာလဲဟ.."
"ဒီလူက ရေကြောင်းပို့ဆောင်ရေးအဖွဲ့ရဲ့ ဥက္ကဋ္ဌလျူယောင် ဖြစ်နေတာလား.."
"Universal ကလား.. "
ဒီ ကုမ္ပဏီက ဟွာဟိုင်းမြို့တွင်လူသိများပေ သည်။ ရာနှင့်ချီတဲ့ ဘီလီယံတန်ဖိုးရှိပြီး ရေ ကြောင်းပို့ဆောင်ရေးအဖွဲ့ ဖြစ်ရုံသာမက ဟွာဟိုင်းမြို့ရဲ့ အထင်ကရ အဆောက်အအုံ ဖြစ်တဲ့ Universal တာဝါကိုလည်း တည် ဆောက်ထား၏။
ကျွန်တော့်ရှေ့မှာ ရပ်နေသူက Universal ရဲ့ သူဋေး လျူယောင် ဖြစ်နေသည်။
"အိုး ဘုရားရေ.."
ရှင်းဖေးဝမ် ညာလက်ကို အဝတ်ပေါ်တွင် စိတ်လှုပ်ရှားစွာ သုတ်လိုက်ပြီး စိတ်အား ထက်သန်စွာ ပြောလိုက်သည်။
"မစ္စတာလျူ ရှင်းဖိန် အထူးသံမဏိ သွန်း လုပ်ရေး စက်ရုံကနေ ကြိုဆိုပါတယ် ခဗျာ.."
လျူယောင်နဲ့စိတ်လှုပ်ရှားစွာ လက်ဆွဲ နှုတ် ဆက်ပြီးနောက် ရှင်းဖေးဝမ်က သူတို့ နှစ်ဦး ကို ရုံးခန်းထဲ ယဉ်ကျေးစွာ ဖိတ်ခေါ် ကာ အကောင်းဆုံး ဧည့်ခံခန်းတွင် ဧည့်ခံ လိုက် သည်။ ပြီးနောက် အောက်ခြေမှလူ များကို ရေနွေးကြမ်းနှင့် သစ်သီးမုန့်များ ယူလာ ပေးရန် သူ မှာလိုက်သည်။
ထိုအရာအားလုံးကို စီစဉ်ပြီးနောက် လီ ရှင်းဖန်ရဲ့ ရုံးခန်းကို သူ ပြေးသွားတော့ သည်။
တံခါးခေါက်ရန်ပင် သူ မေ့သွားပြီး တံခါးကို တွန်းဖွင့်ကာ ကျယ်လောင်စွာ အော်ပြော လိုက်၏။
"သူဋေး ..သူဋေး ..ကျွန်တော်တို့ အသက် ရှင်သွားပြီ ကျွန်တော်တို့ စက်ရုံကို ဘယ် သူလာလဲဆိုတာ ခင်ဗျား သိလား..."
ရှင်းဖေးဝမ်ရဲ့ စိတ်လှုပ်ရှားမှု့နဲ့ ပျော်ရွှင်မှု့ကို ခံစားလိုက်ရတာကြောင့် ဆေးလိပ်သောက် နေတဲ့ လီရှင်းဖန်က ချက်ချင်း ထရပ်ကာ မေးလိုက်သည်။
"ဖြေးဖြေးပြောပါကွာ ဘယ်သူလာတာလဲ ငါ့ကို သေချာပြောစမ်း.."