← Chapters

သတ်ဖြတ်ခြင်း

Vol. 1 Ch. 127

သတ်ဖြတ်ခြင်း

Vol. 1 Ch. 127

ကျန်းရိလျှိုနှင့် ကျန်းစွန်းဝူကျိသည် ရှေးဟောင်း စစ်တပ်သုံး ရထားလုံး ထက်တွင် ရပ်နေ ခဲ့ကြသည်။ ကျန်းရီသည် အလွန်အမင်း ဒေါသ ထွက်နေ၍ ကြောက်စရာ ကောင်းနေသောကြောင့် သူတို့သည် အလျင်စလို မလှုပ်ရှားဝံ့ပေ။

ကျန်းရီသည် လေထဲမှ ခုန်ဆင်းလာရင်း အတွင်းအား ပေါက်ကွဲ လက်ဝါးကို ထုတ်လွှတ်လိုက်သည့် အခါတည်းက အလွန် ကြောက်စရာ ကောင်းနေပြီ ဖြစ်သည်။ ထိုကြောက်မက်ဖွယ် မြင်ကွင်းကို မြင်လိုက် ရပြီးနောက် သူတို့ နှစ်ယောက်၏ အဆင့်အတန်းနှင့် ဆိုလျှင် ဝင်မပါဘဲ ရပ်ကြည့်နေခြင်းက ဖြစ်သင့်ပေသည်။ ကျန်းရိလျှိုသည် သူ့လက်ထဲရှိ တောက်ပနေသော အဖြူရောင် ဓားရှည်ကို မိုးပေါ် မြှောက်လိုက်ရင်း အော်ပြောလိုက်သည်။

"ဒီကောင်ကို သတ်နိုင်တဲ့ ဘယ်သူ့ကိုမဆို ... ခရမ်းရောင်ရွှေ တစ်သန်းနဲ့ ရာထူးနှစ်ဆင့် တိုးပေးမယ် ... နောက်ဆုတ်ပြီး ထွက်ပြေးဖို့ ကြိုးစားတဲ့ သူတိုင်းကို သတ်ပစ်လို့ ရတယ်"

အနောက်ဘက် မြို့စောင့်တပ်၊ ကျန်းဂိုဏ်းနှင့် ကျန်းစွန်းဂိုဏ်းမှ လူများစွာတို့သည် မြေပြင်ပေါ်တွင် ဒူးတစ်ဖက်ထောက် ထိုင်နေသော ကျန်းရီကို ကြည့်လိုက်ကြပြီး တုန်လှုပ်သွားကြသည်။ သူ့ဆံပင်များသည် ရှုပ်ပွနေခဲ့ပြီး တစ်ကိုယ်လုံးသည် သွေးချင်းချင်း နီနေလေသည်။ သူသည် လက်စား ချေတော့မည့် တစ္ဆေတစ်ကောင် အလားပင် ... လေထဲမှ ခုန်ချ လာသော်လည်း အသက် ရှင်နေသေးသော် ဤလူကို သူတို့ ဘယ်လို သတ်ရမည်နည်း ... ထို့ပြင် သူတို့ အစောပိုင်းက မြင်လိုက်ရသော သတ်ဖြတ်ခြင်း အရှိန်အဝါသည် သာမန်လူ တစ်ယောက် ထုတ်လွှင့်နိုင်မည် မဟုတ်ပေ။

လူများစွာတို့အား ကြောက်ရွံ့၍ မလုံမခြုံ ဖြစ်အောင် ခံစား နိုင်စေသည်မှာ ကျန်းရီတွင် တစ်ခုခု ရှိရပေမည်။

သို့သော် ကျန်းရိလျှိုသည် တော်ဝင် မင်းသား တစ်ပါး ဖြစ်သည်။ သူ့စကားလုံး များသည် စစ်မိန့်နှင့် ညီမျှသည်။ ကျန်းပိုင်လီသည် စစ်သားများကို စည်းကမ်းဖြင့် အုပ်ချုပ်ရာတွင် အလွန် တင်းကျပ်သည်။ သို့ဖြစ်ရာ အနောက်ဘက် မြို့စောင့်တပ်သည် ပေးလာသော အမိန့်ကို မည်သို့ ငြင်းဆန် ရဲမည်နည်း။

"သတ်"

မကြာခင်တွင် စစ်ဗိုလ်ချုပ် လေးငါးယောက်သည် ဓားများကို ကိုင်မြှောက်ကာ အံကြိတ်၍ ကျန်းရီထံ ပြေးသွား ကြလေတော့သည်။ ကျန်းဂိုဏ်းနှင့် ကျန်းစွန်းဂိုဏ်းမှ လူများသည်လည်း နောက်မှ လိုက်ပါ သွားကြသည်။ ကျန်းရီသည် ထိခိုက်ဒဏ်ရာ ရထားပုံ ပေါ်သည်။ သူတို့သာ ဝိုင်းဝန်း တိုက်ခိုက်လျှင် ကျန်းရီကို အနိုင်ယူနိုင် ပေလိမ့်မည်။

"သူ့ကိုသတ် ... ကျန်းရီဆီမှာ တန်ဖိုးရှိတဲ့ ရတနာ တစ်ခုခုတော့ ပါလိမ့်မယ် ... သူ့ကို သတ်နိုင်တဲ့ သူက ရတနာကို ရမယ်"

ကူရှန်းဟယ်သည်လည်း သူ၏ အနီရောင်ဓားကို ဝှေ့ယမ်းကာ အော်ဟစ် လိုက်သည်။ သို့သော် သူကိုယ်တိုင်သည်ကား နေရာမှ ရွေ့တောင် မရွေ့ပေ။ ဗိုလ်ချုပ်လျှိုသည် ကျန်းရီအား တိုက်ခိုက်ရန် အမိန့် ပေးနေသည်။ သူကိုယ်တိုင်ကား ကူရှန်းဟယ်ကို နမူနာယူ၍ နေရာ၌ပင် ရပ်နေလေသည်။

သူတို့ နှစ်ယောက်သည် ကျန်းရီကို သတိကြီးကြီး ထားနေခဲ့သည်။ ကျန်းရီသည် ထောင်ချောက် အတွင်း ကျသွားခဲ့သော်လည်း မသေပါဘဲ လေထဲမှ ခုန်ဆင်းလာခဲ့သည် မဟုတ်ပါလား ... သူ့တွင် ဆန်းကြယ်သော အရာတစ်ခုခု ဖြစ်သွားခဲ့ရမည်။ သူတို့နှစ်ယောက်သာ အလျင်စလို ပြေးဝင်သွားပါလျှင် ဘာမှန်းတောင် မသိလိုက်ပါဘဲ သေဆုံးသွားနိုင်ချေ ရှိပေသည်။

သူတို့၏ ခန့်မှန်းချက် မှန်ကန်ခဲ့ပေသည်။

ကျန်းရီနှင့် အဝေးတွင် လူနည်းနည်းသာ ကျန်တော့သော အချိန်တွင် မြေပြင်ပေါ်၌ ဒူးတစ်ဖက် ထောက်၍ ထိုင်နေခဲ့သော လူငယ်သည် ခေါင်းကို ဖြည်းဖြည်းချင်း မော့၍ လူများကို သွေးနီရောင် မျက်လုံးအစုံနှင့် ကြည့်လာခဲ့လေသည်။ လူတိုင်းသည် ထိတ်လန့် လာကြသည်။

အဆုံးအစမဲ့သော သတ်ဖြတ်ခြင်း အရှိန်အဝါတို့ ဖြာထွက် လာခဲ့ပြီး သူ့ထံ ပြေးလာကြသော လူများအား လွှမ်းခြုံ သွားခဲ့သည်။ သူ၏ သွေးရောင် မျက်လုံးများသည် လူအုပ်၏ ရှေ့ဆုံးတွင် ရှိနေသော ခရမ်းရောင် နန်းတော်ရှင် အဆင့် လူလေးငါးယောက်ထံ ကျရောက်နေခဲ့သည်။ ထို့နောက် ထိုလူများထံ အရှိန်အဟုန်နှင့် ပြေးလာခဲ့လေသည်။

"ဖုန်း ... ဖုန်း"

ကြောက်စရာ သတ်ဖြတ်ခြင်း အရှိန်အဝါကြောင့် အားနည်းနေသော လူများသည် ခြေထောက်များ ပျော့ခွေ လာကာ မြေပြင်ပေါ်သို့ တစ်ယောက်ပြီး တစ်ယောက် လဲကျကုန်တော့သည်။ အများစုသည် ပြေးနေရာမှ ရပ်တန့် သွားကြကာ ကျောက်ရုပ်အလား မလှုပ်နိုင် ဖြစ်ကုန်ကြလေသည်။ ခရမ်းရောင် နန်းတော်ရှင် အဆင့် ဗိုလ်ချုပ် လေးငါးယောက်နှင့် လူနှစ်ဆယ် မပြည့်သော တပ်စု ခေါင်းဆောင်များသာ ကျန်းရီထံ ဆက်လက် ပြေးလာနိုင်ကြသည်။ သို့သော်လည်း သူတို့၏ အမြန်နှုန်းသည် အလွန် နှေးကွေးနေပြီ ဖြစ်လေသည်။

အတွင်းအားပေါက်ကွဲလက်ဝါး

ကျန်းရီ၏ နှုတ်ခမ်းထောင့်များသည် ကော့တက်သွားကာ ကြောက်စရာ အပြုံးတစ်ခု ဖြစ်တည်လာခဲ့သည်။ သူ့လက်ဝါးတွင် အနက်ရောင် အတွင်းအားများ စုစည်း လာနေခဲ့သည်။ သူထုတ်လွှတ် တော့မည့် အတွင်းအား ပေါက်ကွဲ လက်ဝါးသည် အနက်ရောင် အတွင်းအား ဆယ်မျှင်ကိုသာ အသုံးပြုခဲ့သော ပထမလက်ဝါးနှင့် ကွဲပြားပေသည်။ သူသည် သုံးနိုင်သမျှသော အနက်ရောင် အတွင်းအားကို သုံးကာ ထုတ်လွှတ်လိုက်သည်။

"အာ ... လာပြန်ပြီလား"

ခရမ်းရောင်နန်းတော်ရှင် အဆင့် ဗိုလ်ချုပ်များ၏ မျက်နှာထားများသည် ပြောင်းလဲ သွားကြလေသည်။ သူတို့သည် တွေဝေနေမှု မရှိဘဲ ပြန်လှည့်ကာ ထွက်ပြေးရန် ပြင်လိုက်ကြသည်။ အတွင်းအား ပေါက်ကွဲ လက်ဝါး ထွက်ပေါ် မလာသေးသော်လည်း သူတို့သည် ဖိအားများကို ခံစားနေရပြီ ဖြစ်သည်။ သတ်ဖြတ်ခြင်း အရှိန်အဝါ၏ သက်ရောက်မှုကြောင့် စစ်သည်များ၏ အင်အားတို့သည် တစ်ဝက်လောက် ယုတ်လျော့သွားပြီ ဖြစ်သည်။ သူတို့တွင် ဤသို့ ကြောက်မက်ဖွယ် တိုက်ခိုက်မှုကို တောင့်ခံနိုင်စရာ နည်းလမ်း မရှိတော့ပေ။

"ဝှစ်"

ရန်သူများ၏ အမြန်နှုန်းသည် ဖိနှိပ်ခံထားရရာ တစ်ဖက်တွင် ကျန်းရီသည် မည်သည့် သက်ရောက်မှုကိုမှ မခံစားရသောကြောင့် သူ၏ အမြန်နှုန်းသည် တိုး၍သာ လာခဲ့သည်။ ကျန်းရီသည် အနက်ရောင် အတွင်းအား အမျှင်များကို ခြေထောက်ဆီ ပို့ဆောင်၍ အမြန်နှုန်းကို မြှင့်တင်လိုက်သည်။ သူသည် ရက်စက်သော အကြည့်တစ်ချက်နှင့် ရန်သူများအား လက်ဝါးဖြင့် ရိုက်ချလိုက်သည်။

"ဗုန်း"

အားတစ်ခုသည် ပေအတော်များများအထိ ပေါက်ကွဲ သွားစေခဲ့သည်။ အတွင်းအား လှိုင်းများသည် အရှေ့ဘက်တွင် ရပ်နေကြသော လူများကို ဝါးမျိုသွားခဲ့သည်။

လေထုသည် ကွဲအက်သွားကာ ဖုန်မှုန့်များသည် တိမ်တိုက်ကြီး တစ်ခုအလား ဖြစ်သွားခဲ့သည်။ ခြေပြတ် လက်ပြတ်များ၊ အသားစများသည် ပေါက်ကွဲမှု၏ အလယ်လောက်မှ ဖြာကျလာကာ သွေးမိုး ရွာနေသည့် အလား ပြန့်ကျဲ ကုန်ကြသည်။

လူများစွာတို့သည် အသက်ပင် ရဲရဲမရှူရဲကြတော့ပေ။ တစ်စစီ ဖြစ်သွားကြသော ခရမ်းရောင် နန်းတော်ရှင် အဆင့် လူများကို ကြည့်ရင်း လူတိုင်း၏ စိတ်ဝိညာဉ်များပါ ချောက်ချား ကုန်ကြလေသည်။

ဒီခွေးကောင်ရဲ့ အင်အားက ဘယ်လိုလုပ်ပြီး ဒီလောက်ကြောက်ဖို့ ကောင်းသွားရတာလဲ ... ကောင်းကင် ဧကရာဇ်ရဲ့ အုတ်ဂူထဲက ဘယ်လို ရတနာမျိုး ရလာလို့များလဲ ... အနှိုင်းမဲ့ လက်နက်များလား။

ကျန်းရိလျှိုနှင့် ကျန်းစွန်းဝူကျိတို့၏ မျက်နှာများ မည်းသွားကြသည်။ သူတို့နှစ်ယောက်သည် ကျန်းရီ၏ တိုက်ခိုက်မှုသည် ပြင်းထန်လိမ့်မည်ဟု မှန်းဆ ထားသော်လည်း ဤမျှလောက် ဖြစ်နေမည်ဟု ထင်မထားမိပေ။ သူဘယ်လိုလုပ်ပြီး တစ်ချက်တည်းနဲ့ လူအများကြီး သတ်လိုက်တာပါလိမ့်် ...

ဗိုလ်ချုပ် လေးငါးယောက်သည် အသက်ရှင် ကျန်ရစ်သော်လည်း ပြင်းပြင်းထန်ထန် ဒဏ်ရာ ရသွားကြသည်။

"ကျန်းရီ ... မင်း ငါ့ကို တကယ်ကြီး စိတ်မပျက်စေဘူးပဲ”

စုလောရွှယ်သည် မြေပြင်ပေါ်တွင် လဲကျနေလျက်ရှိသော်လည်း မည်သူမှ သူမအား အာရုံမစိုက်နိုင်ကြပေ။ သူမ၏ကိုယ်သည် တစ်လက်မတောင် မရွေ့နိုင်သော်ငြား သူမ၏ မျက်ဆံလေးများသည် တလက်လက် တောက်ပနေပြီး ရှည်လျားသော မျက်တောင်များသည် တဖျပ်ဖျပ် လှုပ်ရှား နေခဲ့သည်။ သူ၏ နှုတ်ခမ်းဖျားလေးများ ကော့တက်သွားကာ လှပသော အပြုံးတစ်ပွင့် ဖြစ်တည် လာခဲ့သည်။

"ဝှစ်"

ကျန်းရီသည် ဒဏ်ရာ အများကြီး ရမသွားခဲ့ပေ။ အချိန်သိပ်မရရာ သူသည် သတ်ဖြတ်ခြင်း အရှိန်အဝါတို့ ထုတ်လွှင့်ကာ ချက်ချင်းပင် အနောက်ဘက် မြို့စောင့်တပ်ထံ တစ်ဟုန်ထိုး ပြေးသွားခဲ့သည်။

သူသည် သွေးများ ထွက်နေခဲ့ပြီး စွမ်းအားများလည်း မြန်မြန်ဆန်ဆန် လျော့ကျနေပြီ ဖြစ်သည်။ အနီးတွင် ရန်သူများစွာ ရှိနေလေရာ အချိန်ကြာလေလေ သူအား ပိုနည်းလာလေလေ ဖြစ်သည်။ ထို့ကြောင့် သူသည် အမြန်ဆန် အထိရောက်ဆုံး နည်းလမ်းကို သုံးကာ အခြေအနေ တစ်ခုလုံးအား မြန်မြန်ဆန်ဆန် ထိန်းချုပ်ရ၍ ကျန်လူများ မတိုက်ခိုက်ရဲအောင် ထိန်းချုပ်ရပေမည်။

"ခလွမ် ... ခလွမ်"

ကျန်းရီသည် ခြေထောက် တစ်ဖက်ကို သုံး၍ မြေပြင်ပေါ်ရှိ ဓားတစ်ချောင်းကို ဆွဲယူ၍ ပင့်မြှောက် လိုက်ပြီး လက်တစ်ဖက်ဖြင့် ဖမ်းလိုက်သည်။ ကျန်းရီသည် ဓားကို ကိုင်၍ အနောက်ဘက် မြို့စောင့်တပ်ထံ ပြေးသွားခဲ့သည်။

အစုလိုက် အပြုံလိုက် သတ်ဖြတ်ခြင်း စတင်ခဲ့ပေပြီ။

ကျန်းရီသည် လူများကို လွယ်လွယ်နှင့် ခွင့်လွှတ်တတ်သည့် ကြင်နာတတ်သော လူစားမျိုး မဟုတ်ပေ။ တစ်ဖက်လူသည် သူ့ရန်သူ ဖြစ်နေသရွေ့ သေသင့်ပေသည်။ သတ်ဖြတ်ခြင်း အရှိန်အဝါများ တစ်ဖန် ထွက်ပေါ်လာကာ ကျန်းဂိုဏ်း၊ ကျန်းစွန်းဂိုဏ်းနှင့် အနောက်ဘက် မြို့စောင့်တပ်တို့အား ဖိနှိပ် ထားလေသည်။ သူသည် ဓားရှည်ကို ကိုင်ဆွဲကာ မရပ်မနား သတ်ဖြတ်ခြင်း အလုပ်ကို စတင် လိုက်သည်။

ဓားအလင်း တစ်ချက် လက်သွားတိုင်း လက်ပြတ်များ၊ သွေးများသည် လေထဲတွင် ပြန့်ကျဲ နေတော့သည်။ အသက်များသည် ဇီဝိန် ခြွေခံနေရပြီး ကွင်းပြင်ကြီးသည် နောက်တစ်ကြိမ် ငရဲ ကျသွား ခဲ့ပြန်သည်။

ကောင်းကင် ဧကရာဇ်၏ ဂူသင်္ချိုင်းတွင်းသို့ ဝင်ကြသူများသည် သူတို့ကိုယ်တိုင် လူမသတ်လျှင်တောင် သတ်ဖြတ်ခြင်းကို မျက်မြင် ကိုယ်တွေ့ ကြုံရမည် ဖြစ်သည်။ သို့သော် သူတို့သည် ဤမျှ ကြောက်စရာ ကောင်းသည့် မြင်ကွင်းမျိုးကို မြင်ရလိမ့်မည်ဟု မျှော်လင့်မထားကြပေ။

တစ်ဖက်တွင် သွေးများရွှဲနေပြီး သွေးနီရောင် မျက်လုံးအစုံနှင့် သဏ္ဌာန်သုံးဆင့် အသွင်ပြောင်းခြင်း သတ္တမအဆင့် လူငယ်လေး တစ်ဦး ... တစ်ဖက်တွင် တစ်ဖက်တွင် အနည်းဆုံးတော့ သဏ္ဌာန်သုံးဆင့် အသွင်ပြောင်းခြင်း သတ္တမအဆင့်၊ အဋ္ဌမအဆင့်လောက် ရှိကြမည့် လူငါးရာ၊ ခြောက်ရာခန့် ... ကြောက်လန့်မှုများနှင့် စိတ်ပျက် ရွံ့ရှာမှုတို့သည် သူတို့၏ မျက်နှာတွင် စာရေး ထားသည့်အလား ... သို့သော် သူတို့သည် အနှောင့်အယှက် ဖြစ်စေမည့် မည်သည့် အသံကိုမှ မလုပ်ကြဘဲ ဓားရှည်တစ်ချောင်း ကိုင်ဆွဲ၍ အသက် တစ်ချောင်းပြီး တစ်ချောင်း ခြွေယူနေသော လူငယ်လေးကိုသာ ကြည့်နေကြတော့သည်။

ဓားချက်တိုင်းတွင် ခေါင်းတစ်လုံးစီ ပြတ်တောက် နေခဲ့သော်လည်း အကြောက်အလန့် ကင်းသော လူငယ်လေး၏ မျက်နှာထက်တွင် မည်သည့် ခံစားချက်မှ ရှိမနေခဲ့ပေ။ သူ၏ မျက်လုံးများသည် နတ်ဆိုး တစ်ကောင်အလား နီရဲနေတော့သည်။ သူသည် အသက်များကို သူ့စိတ်ကြိုက် ခြွေယူ နေတော့သည်။ သူသည် လူတစ်ယောက် မဟုတ်တော့ဘဲ ငရဲမှ တက်လာသည့် သွေးဆာနေသော နတ်ဆိုး တစ်ကောင် အလားပင် ...

ပွဲကြည့်နေကြသော လူများသည် တုန်ယင်နေကြပြီး မျက်နှာများ ဖြူဖျော့နေကြသည်။ လဲလျက် ရှိနေသော စုလောရွှယ် တစ်ယောက်သာလျှင် နှစ်နှစ်ခြိုက်ခြိုက် ပြုံးနေခဲ့သည်။ သူမသည် တိုးတိုးလေး ရေရွတ်လိုက်သည်။

"ကောင်းတယ် ... ယောက်ျား တစ်ယောက်က ရန်သူတွေကို သတ်ပစ်ရမယ် ... သူသတ်တဲ့ အခါမှာလည်း ဘာမှ ညှာတာ ထောက်ထားနေစရာ မလိုဘူး ... ယောက်ျားကောင်း တစ်ယောက်က ရန်သူ တစ်သန်းပါတဲ့ စစ်တပ်ဆိုရင်တောင် ဖျက်ဆီး ပစ်နိုင်ရမယ်”

အိုး ... မဖြစ်ဘူး ... အရှင့်သားနဲ့ သခင်လေး ကျန်းစွန်းက လွဲရင် အကုန် သေကုန်ကြတော့မှာပဲ

ကူရှန်းဟယ်သည် ထိတ်လန့် ချောက်ချား နေခဲ့သည်။ သူသည် ထွက်ပြေး ချင်နေပါသော်လည်း ကျန်းရိလျှို၏ ခွင့်ပြုချက် မရဘဲ ထွက်ပြေးလျှင် အသတ် ခံရပေလိမ့်မည်။ သူဆက်နေပါလျှင်လည်း ကျန်းရီ၏ သတ်ဖြတ်ခြင်း အရှိန်အဝါသည် သူ့အား လွှမ်းခြုံသွားကာ ထွက်ပြေးရန် လမ်းမရှိ ဖြစ်သွား ပေလိမ့်မည်။

သူသည် ဖြည်းဖြည်းချင်း နောက်ဆုတ်လိုက်သည်။ သူ့မျက်လုံးများသည်မူ မရပ်မနား လှုပ်ရှားနေခဲ့သည်။ နောက်ဆုံး၌ သူသည် မြေပြင်ပေါ်တွင် လဲကျနေသော စုလောရွှယ်အား သတိ ထားမိသွားပြီး မျက်လုံးများ တောက်ပလာခဲ့သည်။ သူသည် သူမထံ ပြေးသွားလိုက်ပြီး အနီရောင် ဓားအား ဆွဲထုတ်လိုက်သည်။ သူသည် ဓားဖြင့် စုလောရွှယ်ကို ရွယ်ထားကာ ကျယ်လောင်စွာ အော်ဟစ် လိုက်သည်။

"ကျန်းရီ ... မင်းဘာပဲ လုပ်နေလုပ်နေ အခုချက်ချင်း ရပ်လိုက် ... မရပ်ရင် မင်းရဲ့ မိန်းကလေးကို ငါသတ်လိုက်မယ်"

***

All Chapters