အခန်း (၂၀၅-၂၀၇)
Vol. 21 Ch. 205-207
လောကရဲ့အထွတ်အထိပ်သို့ အပိုင်း (၂၀၅ + ၂၀၆ + ၂၀၇)
လင်းရှောင်သည် ထျန်ရှင်းလုနှင့် အပြန်အလှန်စကားပြောနေရန် ရည်ရွယ်ချက်မရှိချေ။
“မင်းကို နာနာရိုက်မဲ့ကောင်။” လင်းရှောင်က အံကြိတ်လိုက်ပြီး နီရဲနေသောမျက်လုံးတို့ဖြင့်ထျန်ရှင်းလုအား စူးစူးရဲရဲစိုက်ကြည့်နေ၏။
“အိုး...ကောင်းပြီလေ။ မင်းကပဲ ငါ့ကိုရိုက်မလား။ ငါကမပဲမင်းကိုသတ်ပြစ်နိုင်မလား။ စမ်းကြည့်ရအောင်။” သွေးမိုးကြိုးဆေဘာခန္ဓာကိုယ်၏ လွှမ်းမိုးမှုကြောင့် တိုက်ခိုက်လိုစိတ်များတတ်ကြွနေသည့် ထျန်ရှင်းလုကလည်း မိစ္ဆာတစ်ကောင်ကဲ့သို့ ပက်ပက်စက်စက်ပြုံးလိုက်သည်။
လင်းရှောင်က နှာမှုတ်လိုက်လေပြီး သူ၏ ၁ မီတာခန့်ရှည်လျားသော မြေကမ္ဘာအဆင့် ဓားနက်အား သတ်ဖြတ်ခြင်းစွမ်းအင်များဖြင့် ဖုန်းလွှမ်းလိုက်သည်။
ပြီးနောက်တွင် မြွေပေါက်လိုက်သလို အလွန်လျင်မြန်သောအလျင်ဖြင့် အရှေ့သို့တိုးဝင်လာကာ ထျန်ရှင်းလု၏ လည်ပင်းသို့ဓားဖြင့်ထိုးချလိုက်သည်။
လင်းရှောင်၏အလျင်နှုန်းမှာ မြန်ဆန်လွန်းသောကြောင့် သူ၏အနောက်တွင် နောက်ကျန်ပုံရိပ်ယောင်များပင်ကျန်ရှိခဲ့လေသည်။
အနက်ရောင်စွမ်းအင်များဖြင့် ဖုန်းလွှမ်းနေသည့် ဓားသည် လေထုအားနှစ်ပိုင်းဖြတ်ကာ တားဆီး၍မရနိုင်သော လှံတစ်ချောင်းကဲ့သို့ ထျန်ရှင်းလု၏ လည်ပင်းသို့ဦးတည်လာနေသည်။
ထျန်ရှင်းလု၏ မျက်ဝန်းတို့သည် တစ်ချက်တောက်ပသွားလေပြီး အနက်ဓားအား သွေးသောက်သူဆေဘာဖြင့် လက်တစ်ဖတ်တည်းကိုင်ကာ အသာအယာ ခုတ်ချလိုက်သည်။
ဆေဘာ နှင့် ဓားချင်းထိခတ်သွားတော့မည့်အချိန်တွင် လင်းရှောင်က သူ၏အနက်ရောင်ဓားအား ရုတ်ချည်းအလျင်အမြန် ရုတ်သိမ်းလိုက်ကာ တစ်ပတ်လည်၍ ထျန်ရှင်းလု၏လည်ပင်းသို့ပိုင်းဖြတ်လိုက်သည်။
ထိုအခါ အချိန်ကိုက်စွာပင် ထျန်ရှင်းလု၏ဆေဘာသည် မည်သည်ကိုမှမထိပဲကျော်ဖြတ်သွားလေပြီး လင်းရှောင်၏ဓားက အလွတ်အကျွတ်ကြီး ထျန်ရှင်းလု၏ လည်ပင်းသို့ အလွန်လျင်မြန်စွာဦးတည်လာသည်။
အငိုက်မိသွားသော ထျန်ရှင်းလုကလည်း သံမဏိခန္ဓာကိုယ်အား အသက်သွင်းလိုက်ကာ သူ၏ဘယ်လက်ဖြင့် အနက်ရောင်ဓားသွားအား ကာလိုက်လေ၏။
“ထန်းးးး”
ချက်ချင်းပဲ မီးပွားတွေပွင့်လာကာ ထျန်ရှင်းလု အနောက်သို့ခြေ ၂ လှမ်းဆုတ်လိုက်ရသည်။ သူ၏ခြေလှမ်းတိုင်းသည် အင်အားပါလွန်းသောကြောင့် မြေပြင်ပေါ်တွင် ၂ လက်မခန့်နက်သော ခြေရာကြီးများကျန်ရှိခဲ့သည်။
ထျန်ရှင်းလုက နည်းနည်းလေးတောင် တုန့်ဆိုင်းခြင်းမရှိပဲ နွားရိုင်းကြီးတစ်ကောင်ကဲ့သို့အရှေ့ကိုတိုးဝင်လာကာ သူ၏သွေးသောက်သူဆေဘာကြီးကို လက် ၂ ဖက်ဖြင့်တင်းတင်းကြပ်ကြပ်စုပ်ကိုင်၍ ပုဆိန်တစ်လက်ဖြင့် ထင်းခွဲသလိုမျိုး လင်းရှောင်ကို ၂ ပိုင်းခွဲပြစ်ရန် ကြိုးစားလိုက်သည်။
အံဩစရာကောင်းစွာပင် ထျန်ရှင်းလုထက်ပိုနှေးသည့် လင်းရှောင်က အနာဂါတ်အားကြိုမြင်နေရသကဲ့သို့ ထျန်ရှင်းလုမခုတ်ခင်ကတည်းက ကြိုရှောင်ပြီးသားဖြစ်နေသည်။
လင်းရှောင်က ဘေးသို့ ပုရစ်တစ်ကောင်လို အသာအယာခုန်ရှောင်လိုက်သည်။ ပြစ်မှတ်မရှိသည့် ထျန်ရှင်းလု၏ ပုဆိန်ပေါက်ချက်လို ဆေဘာခုတ်ချက်ကြီးသည်တော့ ကျောက်သားလမ်းသို့သွားရောက် ထိမှန်လေသည်။
“ဒုန်းးးးးး”
ချက်ချင်းပဲ ကျောက်သားလမ်းကြီး၏ ၅ မီတာပတ်လည်သည် ပင့်ကူအိမ်သဏ္ဍာန်ကြွေမွကုန်လေပြီး ထျန်ရှင်းလု၏သွေးသောက်သူဆေဘာသည်လည်း ကျောက်သားလမ်းထဲသို့ နစ်ဝင်သွားသည်။
တစ်ချိန်တည်းတွင် အသင့်ပြင်ထားပြီးဖြစ်သည့် လင်းရှောင်က သူ၏အနက်ရောင်ဓားသွားဖြင့် ထျန်ရှင်းလု၏နံရိုးသို့ထိုးချလိုက်သည်။
ဤတစ်ခေါက်တွင်တော့ ဖြစ်ပျက်သွားသည်များမှာ အလွန်မြန်ဆန်လွန်းသောကြောင့် ထျန်ရှင်းလု မကာကွယ်နိုင်လိုက်ချေ။
သို့သော် သူ၏သံမဏိခန္ဓာကိုယ်အားအသက်သွင်းထားသောကြောင့် လင်းရှောင်၏ဓားက သူ့၏ခန္ဓာကိုယ်ခံစစ်အား ထိုးဖောက်နိုင်လိမ့်မည်မဟုတ်ချေ။
ထိုအချိန်တွင် လင်းရှောင်၏ခန့်ညားသောမျက်နှာအထက်တွင် အပြုံးတစ်ပွင့်ပေါ်လာလေ၏။
တစ်ချိန်တည်းတွင် သူ၏ခံစစ်အား အပြည့်အဝယုံကြည်ချက်ရှိနေသည့် ထျန်ရှင်းလု၏ ခန္ဓာကိုယ်သည်လည်း အန္တာရာယ်အငွေ့အသက်ကြောင့် တောင့်တင်းသွားသည်။
ချက်ချင်းပဲ လင်းရှောင်၏ မြေကမ္ဘာအဆင့်ဓားက ထျန်ရှင်းလု၏ခံစစ်အား တို့ဖူးတစ်ခုကိုဓားဖြင့် ထိုးလိုက်သကဲ့သို့ အလွန်လွယ်ကူစွာ ထိုးဖောက်သွားလေသည်။
“ရှီးးး”
လင်းရှောင်၏ဓားက ထျန်ရှင်းလု၏နံရိုးထဲသို့ အခက်အခဲမရှိချောမွေ့စွာ တိုးဝင်သွားပြီ အခြားဘက်မှပင် ပြန်ထွက်လာကာ ထုတ်ချင်းပေါက်သွားသည်။
ထျန်ရှင်လုကလည်း မျက်မှောင်ကြုတ်သွားသည်။
လင်းရှောင်က တုန့်ဆိုင်းခြင်းမရှိ ဓားအားပြန်ဆွဲနှုတ်လိုက်ကာ အနောက်သို့ ခုန်ဆုတ်သွားလေ၏။
ချက်ချင်းပဲ ရဲရဲနီနေသောသွေးများက ပန်းထွက်လာကာ ထျန်ရှင်းလု၏အနက်ရောင်ဝတ်ရုံကြီးကို သွေးများဖြင့်စိုရွဲသွားစေသည်။
တစ်ပြိုင်နက်တည်းတွင် ထျန်ရှင်းလု၏ဆေဘာကြီးက လင်းရှောင်ရှိနေခဲ့သည့် နေရာသို့ပိုင်းဖြတ်လိုက်လေသည်။ သို့သော် လင်းရှောင်က ထျန်ရှင်းလု မတိုက်ခိုက်ခင်ကတည်းက ကြိုရှောင်ပြီးသားဖြစ်နေသောကြောင့် ပြစ်မှတ်ကမရှိတော့ချေ။
သို့သော် ဆေဘာကြီးကြောင့် လေတွေထန်သွားကာ ထိုပိုင်းဖြတ်ချက် မည်မျှအားကောင်းကြောင်း သက်သေပြနေသည်။
ထျန်ရှင်းလု၏ သက်ရှိဆေးလုံးကဲ့သို့ပြန်လည်ကောင်းမွန်နိုင်စွမ်း နှင့် အတူ ဇော်ဂျီနတ်ဘုရား၏ပုတီးဆွဲကြိုးမှ ထောက်ပံပေးထားသော ပြန်လည်ကုသနိုင်စွမ်းတို့ကြောင့် ထျန်ရှင်းလု၏ ဒါဏ်ရာတို့က စက္ကန့်ပိုင်းအတွင်း အကောင်းပတိပြန်ဖြစ်သွားလေသည်။
တစ်ချိန်တည်းတွင် တိုက်ပွဲအားကြည့်နေကြသော သူများက အလွန်အမင်းတုန်လှုပ်သွားကြသည်။ ရှောင်ဘိုးဘေး နှင့် ချင်းလိန်ဟွာတို့ ၂ ယောက်က လေးနက်သော မျက်လုံးတို့ဖြင့် လင်းရှောင်အားကြည့်နေကြသည်။
သူတို့ ၂ ယောက်သည် ဤနေရာတွင် လင်းရှောင်ပြီးလျှင် ဗဟုသုတအကြွယ်ဝဆုံးသူများဖြစ်လောက်ကြပေမည်။ သူတို့၏ တိုက်ခိုက်ရေးအတွေ့အကြုံများက အဆင့်မြင့်သည်။
ရှောင်ဘိုးဘေးသည် အသက် ၁၅ နှစ်အရွယ်ကောင်မလေးအသွင်ဖြင့်ရှိနေသော်လည်း အသက် ၂၀၀ ကျော်၊ ၃၀၀ နီးနေပြီဖြစ်ကာ တော်လှန်ရေးစစ်ပွဲတွင် ဝင်ရောက်တိုက်ခိုက်ခဲ့သူတစ်ဦးဖြစ်သည်။
သူမတိုက်ပွဲပေါင်းရာချီအားတိုက်ခိုက်ခဲ့ကာ သက်ရှိပေါင်းထောင်ချီအားသတ်ဖြတ်ခဲ့သည်။ အခြားတစ်ဖက်တွင် ချင်းလိန်ဟွာသည် ယခင်ဘဝတွင် အသက် ၄၀ ကျော်လောက်သာဖြစ်သော်လည်း သူမ၏ကျင့်ကြံခြင်းအဆင့်က အလွန်မြင့်မားခဲ့သည်။
သူမလိုအဆင့်တစ်ယောက်အနေနှင့် အပေါ်ယံတိုက်ကွက်များကို အတွင်းကျကျ နားလည်ထားသည်။ လင်းရှောင်အသုံးပြုနေသည့် သတ်ဖြတ်ခြင်းတာအို နှင့် ဓားတာအိုတို့အား ရှောင်ဘိုးဘေးက မမြင်နိုင်သော်လည်း သူမမြင်နေရသည်။
ထို့အတွက်ကြောင့် သူမက လင်းရှောင်အား လေးနက်စွာစိုက်ကြည့်နေသည်။ အကြီးအကဲဖန်း နှင့် အကြီးအကဲချိုးတို့ကတော့ အတွင်းကျကျနားမလည်သော်လည်း လင်းရှောင်၏ အနာဂါတ်ကိုမြင်နေသလိုမျိုး လှုပ်ရှားမှုများကြောင့် တအံတဩဖြစ်နေကြသည်။
လီနာ နှင့် လုပ်ကြံသတ်ဖြတ်သူ ၂ ယောက်တို့သည်တော့ သူတို့၏သခင်လုပ်နိုင်စွမ်းကိုယုံကြည်ကြကာ စိုးရိမ်ခြင်းမရှိကြပေ။ သို့သော် လင်းရှောင်၏စွမ်းရည်များကြောင့် သူမတို့က အနည်းငယ်အံဩနေကြသည်။
လီနာက လင်းရှောင်၏မျက်နှာအား အသေအချာစိုက်ကြည့်နေပြီးနောက် မျက်ဝန်းထဲတွင် အလင်းတစ်ချက်တောက်ပသွားကာ လင်းရှောင်မည်သူဖြစ်သည်မှန်း မှတ်မိသွားလေသည်။
တစ်ချိန်တည်းတွင် ထျန်ရှင်းလုက သူ၏သွေးများဖြင့် စိုရွဲနေသော နံရိုးအားကြည့်လိုက်ပြီး လင်းရှောင်အားလေးနက်စွာကြည့်လိုက်သည်။
“ဓားတာအို....” ထျန်ရှင်းလုက လင်းရှောင်သူ၏ခံစစ်အား အလွယ်တကူကျော်ဖြတ်နိုင်လိုက်သည့် အကြောင်းအရင်းအား ချက်ချင်းသိလိုက်သည်။
ထျန်ရှင်းလုသည် သံမဏိခန္ဓာကိုယ်အား ကျင့်ကြံရာတွင် အဆင့် ၃ မူလခန္ဓာအဆင့်သို့ရောက်ရှိနေပြီဖြစ်သည်။ ပထမအဆင့်သည် သံခန္ဓာအဆင့်ဖြစ်ပြီး၊ သေမျိုးများအသုံးပြုသည့် ကျည်ဆန်များမတိုးနိုင်ချေ။
ပထမအဆင့် သံခန္ဓာအဆင့်သို့ရောက်ရှိထားပါက သိုင်းပညာရှင်အဆင့်တွင် ပြိုင်ဘက်ကင်းသည်ဟု ပြောလို့ရပေမည်။
ဒုတိယအဆင့်သည် သန့်စင်သောသံမဏိခန္ဓာအဆင့်ဖြစ်ပြီး ကျွမ်းကျင်ထားလျှင် အဆင့် ၄ ဝိညာဥ်သခင်အဆင့်များပင် သူ၏ခံစစ်အားထိုးဖောက်နိုင်လိမ့်မည် မဟုတ်ချေ။
ထျန်ရှင်းလု လက်ရှိရောက်နေသော အဆင့်မှာ တတိယအဆင့် မူလခန္ဓာအဆင့်ဖြစ်သည်။ လက်ရှိအဆင့်တွင် သူသည် သံမဏိခန္ဓာကိုယ်ကိုအသက်သွင်းထားလျှင်တောင် အပြင်ပန်းတွင် မည်သည့်ပြောင်းလဲမှုမှရှိမည်မဟုတ်ချေ။
မာကျောမှု နှင့် အကြမ်းခံမှုတို့ဖြင့် တိုင်းတာလျှင် ထျန်ရှင်းလု၏ ကြံခိုင်မှုသည် မြေကမ္ဘာအလယ်အလတ်အဆင့်လက်နက်များနှင့်သွားရောက် ညီမျှလေသည်။
ထို့အတွက်ကြောင့် မြေကမ္ဘာအဆင့်နိမ့်အနက်ရောင်ဓားသည် ထျန်ရှင်းလု၏ခံစစ်အား ထိုးဖောက်နိုင်လိမ့်မည်မဟုတ်ချေ။
အထူးစွမ်းအင်တစ်ခုခုဖြင့် အားမတိုးထားလျှင် သူ၏ခံစစ်အား ထိုးဖောက်နိုင်စွမ်းရှိမည်မဟုတ်ချေ။
ထျန်ရှင်းလုက လင်းရှောင်အား စိတ်ဝင်တစားဖြင့်ကြည့်နေသည်။
“မင်း...ဘာလို့ ငါ့ရဲ့နှလုံးကိုမထိုးတာလဲ။” ထျန်ရှင်းလုက သိချင်စိတ်အပြည့်ဖြင့် တိုက်ခိုက်ခြင်းကို ခနတာရပ်တန့်ကာ မေးမြန်းလိုက်သည်။
လင်းရှောင်၏ဓားသည် သူ၏နှလုံးဖြင့် ၀.၁ စင်တီမီတာခန့်သာ ကပ်လွဲသွားလေသည်။ သို့သော် လွဲသွားသည်ဟု မပြောနိုင်ပဲ လင်းရှောင်က တမင်မထိုးခဲ့ခြင်းဟုပြောရပေမည်။
လင်းရှောင်လို အဆင့်ရှိသော တိုက်ခိုက်ရေးသမားတစ်ယောက်အနေဖြင့် နှလုံး ကြီးမားသောကိုယ်တွင်းအင်္ဂါတစ်ခုကို လွဲချော်သွားခြင်းဆိုသည်မှာ မဖြစ်နိုင်ပေ။
ထျန်ရှင်းလုနှင့် မီတာ ၅၀ အကွာတွင် အနည်းငယ်ပဲ့နေသော အနက်ရောင်ဓားတစ်ချောင်းအားကိုင်ဆွဲ၍ ရပ်တန့်နေသည့် လင်းရှောင်ရှိနေ၏။
သူ၏နှုတ်ခမ်းထောင့်တို့က အပေါ်သို့မြင့်တတ်သွားကာ ထျန်ရှင်းလုအား လှောင်ပြုံးလေးဖြင့်ကြည့်လိုက်သည်။
“ဟမ့်၊ ငါမင်းကိုပြောပြီးသားလေ။ မင်းကိုနာနာရိုက်မာ။ သတ်မလို့မဟုတ်ဘူး။”
အကယ်၍ထျန်ရှင်းလုသာ ကျီရှင်းသက်ရှိများနှင့်တိုက်ခိုက်ရာတွင် အရေးပါသော သူတစ်ယောက်မဟုတ်ခဲ့လျှင် လင်းရှောင် သကောင့်သားအား ၁၀ ခါပြန်သတ်ပြီးလောက်ပြီဖြစ်သည်။
ထျန်ရှင်းလု၏ မျက်ဝန်းများက ကျဥ်းမြောင်းသွားကာ လင်းရှောင်အားဒေါသမျက်ဝန်းတို့ဖြင့်ကြည့်လိုက်သည်။
“မင်း.....။ ဘယ်သူလဲ။” ထျန်ရှင်းလုက ထပ်မေးလိုက်သည်။ ဤဓားသမားသည် သူ၏တိုက်ခိုက်ရေးပုံစံအား အလွန်ရင်းနှီးနေသည့်ပုံရှိပြီး မသိလျှင် အနာဂါတ်ကိုကြိုမြင်နေရသလိုပင်ဖြစ်သည်။
ထျန်ရှင်းလုက မသိသော်လည်း ဤဘဝသည် လင်းရှောင်၏ ၁၈ ကြိမ်မြောက်ဘဝ ဖြစ်သည်။ သူသည် ယခင်ဘဝများတွင် ထျန်ရှင်းလု နှင့် အသေအကြေလက်ရည်စမ်းဖူးသလို ကျီရှင်းသက်ရှိများနှင့်လက်တွဲတိုက်ခိုက်ခဲ့ကြသည်။
ထိုအတူတူတိုက်ခိုက်ခဲ့သည့်အချိန်များသည် နှစ် ၁၀၀ မဟုတ်၊ နှစ် ၁၀၀၀ မက၊ နှစ်သောင်းနှင့်ချီသည်။
ထို့အတွက်ကြောင့် လင်းရှောင်သည် ထျန်ရှင်းလု၏ တိုက်ခိုက်ရေးပုံစံအားအလွတ်ရနေကာ အနာဂါတ်အားစက္ကန့်အနည်းငယ်ကြိုမြင်နေသည်နှင့် မခြားနားချေ။
ထျန်ရှင်းလု၏ အတွင်းခံအရောင်အား မှန်းဆခိုင်းလျှင်ပင် လင်းရှောင်ရာနှုန်းပြည့်နီးပါး မှန်အောင် မှန်းနိုင်လိမ့်မည်ဖြစ်သည်။
လင်းရှောင်က ထျန်ရှင်းလုအား ရိုက်နှက်နေရသောကြောင့် ဒေါသများပြေလာကာ စိတ်ချမ်းသာလာလေပြီး ပြုံးဖြီး၍ပြောလိုက်သည်။
“ငါမင်းကိုဘယ်နှခါပြောရမာလဲ ကောင်လေးရ။ ငါက မင်းကို နာနာရိုက်မဲ့ကောင်လို့။”
ထျန်ရှင်းလုက လင်းရှောင်စကားဆုံးသည့်အချိန်ကိုမစောင့်ဆိုင်းတော့ပဲ ဆေဘာကြီးဖြင့် လင်းရှောင်ရှိနေသည့်နေရာသို့ ပြစ်လိုက်သည်။
“ရှီးးးး” သွေးသောက်သူဆေဘာကြီးက အသံ၏အလျင်နှုန်းနီးပါးဖြင့် လေထုကိုပိုင်းဖြတ်ကာ လင်းရှောင်ထံသို့တိုးဝင်လာသည်။
သို့သော် လင်းရှောင်က ကြို၍ရှောင်ရှားပြီးသားဖြစ်သည်။ ထျန်ရှင်းလုသည်လည်း လင်းရှောင်ထံသို့နွားသိုးကြီးတစ်ကောင်လို တိုးဝင်လာသည်။
လင်းရှောင်က သူ၏ဓားအားအောက်သို့စိုက်ချလိုက်လေပြီး သူ၏လက် ၂ ဖက်ကိုမြောက်ကာအသင့်ပြင်လိုက်သည်။
ထျန်ရှင်းလုသည်တော့ ညာလက်သီးကိုကျစ်ကျစ်ပါအောင် စုပ်၍ လင်းရှောင်ကို အားရပါးရထိုးချပြစ်လိုက်သည်။
ထျန်ရှင်းလု၏အရပ်သည် ၆ ပေ ၇ လက်မဖြစ်ကာ လင်းရှောင်ထက် ၁ ပေနီးပါးပိုရှည်သည်။ ထို့အပြင် ထျန်ရှင်းလု၏ခန္ဓာကိုယ်သည် ပုခုံးရိုးရှည်ကာ ကြီးမားပြီး ဂရိနတ်ဘုရားများ နှင့် သွားရောက်တူညီနေ၏။
ထို့အတွက်ကြောင့် ထျန်ရှင်းလုသည် နတ်ဘုရားတစ်ပါးကဲသို့ဖြစ်နေကာ အပေါ်စီးမှနေ၍ လင်းရှောင်အား ကြီးမားစွာ ဖိအားပေးထားသည်။
“ဝုန်းးး” လက်သီးချက်သည် ခွန်အားကောင်းလွန်းသောကြောင့် လေအဟုန်များပင်ထွက်ပေါ်လာကာ အလွန်လျင်မြန်လှသော အရှိန်နှုန်းဖြင့် လင်းရှောင်၏မျက်နှာထံသို့တိုးဝင်လာလေသည်။
လက်သီးချက်မရောက်လာခင်မှာပင် လေအဟုန်ကြောင့် လင်းရှောင်၏မျက်နှာသည် စပ်ဖျင်းလာရသည်။
လင်းရှောင်က ပြုံးလိုက်ပြီး ခြေတစ်လှမ်းဆုတ်ကာ လက်ဖမိုးဖြင့် ထျန်ရှင်းလု၏လက်သီးချက်အား အောက်သို့ဖိချလိုက်ပြီး လက်ကိုလှည့်ကာ ထျန်ရှင်းလု၏လက်ကောက်ဝတ်အား စုပ်ကိုင်လိုက်သည်။
ရုတ်ချည်းပဲ ထျန်ရှင်းလု၏တစ်ကိုယ်လုံးက ယာယီအကြောသေသွားလေပြီး မထိန်းချုပ်နိုင်စွာ လေထဲသို့ဂျွန်းပြစ်သွားသည်။
“ဟမ်...” ထျန်ရှင်းလု၏ နတ်သားတစ်ပါးလိုချောမောခန့်ညားလွန်းလှသော မျက်နှာအထက်တွင် ထိန်းချုပ်မထားနိုင်သည့် အံဩမှုများထွက်ပေါ်လာသည်။
“အိုက်ကီဒို...???” တိုက်ပွဲအားကြည့်နေသည့် သူများသည်လည်း မျက်လုံးပြူးသွားကြသည်။
လင်းရှောင်က သူ၏ခြေထောက်အားမြောက်လိုက်၍ ယာယီအကြောသေနေကာ လေထဲတွင် မလှုပ်ရှားနိုင်ဖြစ်နေသည့် ထျန်ရှင်းလု၏ရင်ဘတ်သို့ အဖြောင့်ကန်ချက်ဖြင့် ကန်လိုက်သည်။
နောက်ဆုံးစက္ကန့်လေးတွင် အံဩနေဆဲဖြစ်သည့် ထျန်ရှင်းလု၏အကြောများက ပြန်ပွင့်လာပြီး လက် ၂ ဖက်ကိုကြက်ခြခတ်လိုက်ကာ လင်းရှောင်၏အဖြောင့်ကန်ချက်အား တားစီးလိုက်သည်။
“ဝုန်းးး” ချက်ချင်းပဲ လင်းရှောင်၏မြေပြင်ပေါ်တွင် ထောင့်ထားသော ခြေထောက်တစ်ဖက်အပေါ်တွင် ဗဟိုပြု၍ ပင့်ကူအိမ်သဏ္ဍာန်အက်ကွဲကြောင်းများက ၁ မီတာပတ်လည်အထိပေါ်လာသည်။
ထျန်ရှင်းလုသည်လည်း ၅ မီတာခန့်လွှင့်ထွက်သွားသည်။
လွှင့်ထွက်နေရင်းမှာပင် သူ၏မျက်နှာက အံဩနေသည့်မျက်နှာဖြင့်ရှိနေဆဲဖြစ်ကာ မျက်လုံးပြူး မျက်ဆန်ပြူးဖြင့် လင်းရှောင်အား မကောင်းဆိုးဝါးတစ်ကောင်ကဲ့သို့ ကြည့်နေသည်။
“မင်းဘယ်လိုလုပ်ပြီးတော့....” ထျန်ရှင်းလု ဘာမှမပြောနိုင်သေးခင်မှာပင် လင်းရှောင်က သူ၏စိုက်ထားသောဓားကိုပြန်ဆွဲနှုတ်၍ ထျန်ရှင်းလုထံခုတ်ပိုင်းလိုက်ကာ အနက်ရောင်ဓားအလင်းတန်းတစ်ခုအား ထုတ်ဖော်လိုက်သည်။
အနက်ရောင်ဓားအလင်းတန်းသည် လခြမ်းပုံသဏ္ဍာန်ဖြစ်ပြီး ၅ မီတာခန့်ရှည်လျားကာ သတ်ဖြတ်ခြင်းအရှိန်အဝါတို့ဖြင့်ပြည့်နှက်နေသည်။
ချက်ချင်းပဲ ထျန်ရှင်းလု အားကောင်းသော အန္တာရာယ်တစ်ခုအား ခံစားလိုက်ရသည်။
ထိုအနက်ရောင်ဓားအလင်းတန်းသည် ဓားတာအို နှင့် သတ်ဖြတ်ခြင်းတာအိုတို့ပါဝင်ကာ ထျန်ရှင်းလု၏ ခံစစ်အား စက္ကူတစ်ရွက်ကဲ့သို့ထိုးဖောက်နိုင်သည်။
ထျန်ရှင်းလု၏ ဟေဇယ်ရောင်မျက်ဝန်းထဲသို့တွင် သတ္တုရောင်အလင်းတစ်ချက်လက်သွား၏။ တစ်ပြိုင်နက်မှာတွင် သူ၏ညာဖက်လက်ညိုး နှင့် လက်ခလယ်၂ ချောင်းသည် လေဆာချောင်းကြီးနှယ်တောက်ပလာကာ အဖြူရောင်အလင်းတန်းများထွက်ပေါ်လာသည်။
“စိန်လက်ညိုး...” ထျန်ရှင်းလုက ခပ်တိုးတိုးရေရွတ်လိုက်ပြီး အနက်ရောင်ဓားအလင်းတန်းအား သူ၏လက်ညိုးဖြင့် ရိုက်ချလိုက်လေ၏။
စိန်လက်ညိုး နှင့် လခြမ်းသဏ္ဍာန်အနက်ရောင်ဓားအလင်းတန်းတို့သည် အချင်းအချင်းပြင်းထန်စွာထိခတ်သွားကာ မီးပွားများပွင့်ထွက်လာသည်။
“ဒုန်းးးး”
ချက်ချင်းပင် မျက်စိကျိန်းလောက်အောင်တောက်ပသော အလင်းရောင်များထွက်ပေါ်လာပြီး အလွန်ကြီးမားသော စွမ်းအင်လှိုင်းလုံးကြီးတစ်ခုက လေးဘက်လေးတန်သို့ ပျံ့နှံ့သွားလေ၏။
ချက်ချင်းပဲ မှောင်ခါစပြုလာသော လောကကြီးသည်လည်း နေအသေးစားလေးကဲ့သို့သော ပေါက်ကွဲမှုကြောင့် ယာယီလင်းထိန်သွားသည်။
ကြည့်နေသော သူများထဲမှ အားနည်းသောသူများသည် မျက်စိကျိန်းလာသောကြောင့် အကြည့်လွဲကာ မျက်လုံးအစုံတို့အား မှိတ်ထားလိုက်ရသည်။
“ဝုန်းးးးး”
စွမ်းအင်လှိုင်းလုံးကြီးဖြတ်သန်းသွားရာတစ်လျှောက်ရှိ ကျောက်သားလမ်းများသည် ဖန်ထည်ပစ္စည်းများကဲ့သို့ ကြေမွပျက်စီးကုန်ကြသည်။
တိုက်ပွဲကိုကြည့်နေကြသော လူများသည်လည်း ထိုစွမ်းအင်လှိုင်းဒဏ်ကြောင့် အနောက်သို့ ခြေလှမ်းများစွာဆုတ်သွားကြကသည်။
ထျန်ရှင်းလုသည် မီတာ ၂၀ ခန့်အထိ လွင့်စဉ်သွားခဲ့ပြီး သူ၏ညာဖက်လက်ညိုးနှင့်လက်ခလယ်ထိပ်တွင် သွေးများစို့ထွက်ကာ မီးလောင်ထားသကဲ့သို့ မည်းနက်နေသည်။
သူ၏ရင်ဘတ်တွင်လည်း ပိုင်းဖြတ်ခံထားရသော ဓားဒဏ်ရာတစ်ခုရှိနေပြီး သွေးများက တစိမ့်စိမ့်စီးကျနေသည်။
အကယ်၍သာ သူ၏စိန်လက်ညိုးဖြင့် အနက်ရောင်ဓားအလင်းတန်း၏ စွမ်းအားကို မလျော့ချနိုင်ခဲ့လျှင် နှင့် နောက်ဆုံးအချိန်တွင် သူ၏ခန္ဓာကိုယ်အား မရွှေ့နိုင်ခဲ့လျှင် ထိုဓားချက်ကြောင့် သူ၏ခန္ဓာကိုယ်သည် နှစ်ပိုင်းပြတ်သွားလောက်ပေမည်။
“မင်းက ထျန်ကလန်ဝင်လား” ထျန်ရှင်းလုက သူ၏ဒါဏ်ရာများကိုလျစ်လျှူရှုထားကာ လင်းရှောင်ကိုပဲ မျက်လုံးမှေး၍ကြည့်လိုက်သည်။
အိုက်ကီဒိုဆိုသည်မှာ သေမျိုးသိုင်းပညာတစ်ခုသာဖြစ်ပြီး မည်သည်မဆိုသင်ယူနိုင်သည်။ သို့သော် ထိုသေမျိုးသိုင်းပညာတစ်ခုသည် ထျန်ကလန်ဝင်များ၏ လက်ထဲသို့ရောက်လာသည့် အချိန်တွင်တော့ ဂန္နဝင်နတ်သိုင်းတစ်ခုကဲ့သို့ပြောင်းလဲသွား၏။
သာမန်သိုင်းပညာရှင်တစ်ယောက် အိုက်ကီဒိုအားအသုံးပြုလျှင် သူတို့ဘယ်လောက်ပဲကြိုးစားနေပါစေ ပြစ်မှတ်အား အကြောသေအောင်လုပ်ပြီး လေပေါ်သို့လွှင့်သွားအောင် လုပ်နိုင်မည်မဟုတ်ချေ။
သို့သော် ထျန်ကလန်ဝင်များတွင် စွမ်းအင်တစ်မျိုးရှိသည်။ ထိုစွမ်းအင် နှင့် အိုက်ကီဒိုအားပေါင်းစပ်၍အသုံးပြုလိုက်သည့်အခါ သေမျိုးသိုင်းပညာတစ်ခုက ဒဏ္ဍာရီလာသိုင်းပညာတစ်ခုအဖြစ်သို့ ပြောင်းလဲသွားလေသည်။
သို့သော် ထိုစွမ်းအင်ဆိုသည်မှာ ထျန်ကလန်ဝင်များ၏ ထူးခြားသောသွေးမျိုးဆက်ဖြစ်သည်။ ထို့အတွက်ကြောင့် ထျန်ကလန်ဝင်မဟုတ်လျှင် ထျန်ကလန်၏သွေးမျိုးဆက်သာမပါလျှင် မည်ကဲ့သို့ အိုက်ကီဒိုအားအသုံးပြုနိုင်မည်နည်း။
ထို့အတွက်ကြောင့် ထျန်ရှင်းလုက လင်းရှောင်သည် ထျန်ကလန်ဝင်ဖြစ်သည်ဟု မှတ်ချက်ချလိုက်ခြင်းဖြစ်သည်။
“မင်းဘယ်လိုထင်လဲ” လင်းရှောင်က ထူးခြားဆန်းကြယ်ဟန်ဖြင့်ပြောလိုက်သည်။
“ကောင်းပြီ ငါမင်းကိုရိုက်နှက်ပြီးရင် သိရမာပေါ့” ထျန်ရှင်းလုက ဒေါသအားထိန်းချုပ်၍လက်သီးအားစုပ်လိုက်သည်။
ထိုအခါ သူ၏လက်ဖျံကြွက်သားတို့သည် ကျစ်လစ်စွာထွက်ပေါ်လာပြီး အကြောစိမ်းကြီးများလည်းထွက်ပေါ်လာသည်။
လင်းရှောင်က မျက်ခုံးပင့်လိုက်မိသည်။ “မင်းမာ ငါ့ကိုရိုက်နှက်နိုင်တဲ့ အရည်အချင်းကောရှိရဲ့လား....။”
တစ်ချိန်တည်းတွင် ဆေးလုံးလူသားထျန်ရှင်းလု၏ ဒါဏ်ရာတို့သည် အပြီးတိုင်ပျောက်ကင်းသွားလေသည်။ သူက မိစ္ဆာဆန်ဆန်ပက်ပက်စက်စက် ပြုံးလိုက်သည်။
“ကျိန်းသေတာပေါ့....။”
လင်းရှောင်၏ခေါင်းအထက်တွင်တော့ စာတန်းလေးတစ်ခုပေါ်နေလေသည်။
[ငါမင်းသောက်ခွက်ကိုပိတ်ရိုက်ပြီ] ဂါချာကဒ်အား အသုံးပြုမည်လော။
လောကရဲ့အထွတ်အထိပ်သို့ အပိုင်း (၂၀၅ + ၂၀၆ + ၂၀၇) ပြီး