← Chapters

အခန်း (၂၁၁-၂၁၂)

Vol. 22 Ch. 211-212

အခန်း (၂၁၁-၂၁၂)

Vol. 22 Ch. 211-212

လောကရဲ့အထွတ်အထိပ်သို့ အပိုင်း (၂၁၁ + ၂၁၂)

ထျန်ရှင်းလု၏ပါးစပ်မှ သွေးများသ​ည် ယိုကဲ့သို့ဖြစ်သည်အထိ ပြစ်ခဲစွာမြေပြင်ပေါ်သို့စီးကျနေ၏။ သူ၏ကိုယ်အပူချိန်သည် ယန်စွမ်းအင်လွန်ကဲမှုကြောငွ အလွန်မြင့်မားနေလေသည်။

ထို့အတွက်ကြောင့် သူ၏ယိုလိုပြစ်ခဲနေကာ ပူကျစ်နေသောသွေးပူတို့သည် အေးစက်နေသော ကျောက်သားမြေပြင်နှင့်ထိတွေ့ရာတွင် တစ်ရှဲရှဲဟူသော လောင်ကျွမ်းသံများထွက်ပေါ်လာလေ၏။

ထျန်ရှင်းလုက သူ၏လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး အိုက်ကီဒိုစတန်းပုံစံဖြင့်ရပ်တန့်လိုက်သည်။

ပြီးနောက်တွင် အသက်ရှိုက်လိုက်ပြီး နတ်ဆိုးတစ်ကောင်၏အပြုံးဖြင့် ခြေဆောင့်လိုက်၏။

“ဒုန်းးး” ချက်ချင်းပဲ သူ၏ခြေထောက်သည် ကျောက်သားမြေပြင်ထဲသို့ ၂ လက်မခန့်ကျွံကျသွားကာ ပင့်ကူအိမ်အက်ကွဲကြောင်းများလည်း ၁ မီတာပတ်လည်ခန့်ထွက်ပေါ်လာ၏။

“ဝုန်းးး” ထျန်ရှင်းလုက ​မျဥ်းဖြောင့်သဏ္ဍာန်ဖြင့် အရှေ့သို့ ချီတတ်သွားကာ သူ၏အလျင်နှုန်းသည် လေထုကို ၂ ပိုင်းခွဲသွားပြီး အသံ၏အလျင်ထက်ပင် ပိုမြန်သွား၏။

ထို့အတွက်ကြောင့် ဂျက်အင်ဂျင်သံနီးပါးလော​က်ရှိသည့် ပေါက်ကွဲသလို အသံကျယ်ကြီးထွက်ပေါ်လာကာ ကျောက်ခဲစများပင် ဘေးသို့လွှင့်ထွက်သွားပြီး ဖုန်များလည်း ထကြွလာသည်။

အသံထက်ပင်မြန်ဆန်လွန်းလှသောကြောင့် ရုတ်ချည်းပင် လင်းရှောင်၏အရှေ့သို့ရောက်သွားလေသည်။

ထျန်ရှင်းလုက ထိုးကြိတ်ရန်ရည်ရွယ်ချက်မရှိလေပဲ သူ၏ခန္ဓာကိုယ်ကြီးဖြင့် ဝင်တိုက်လိုက်သည်။

လင်းရှောင်၏ပိန်ပိန်ပါးပါးခန္ဓာကိုယ်သာ ထျန်ရှင်းလု၏တင့်ကားလိုကြွက်သားအတောင့်လိုက်ခန္ဓာကိုယ်ဖြင့် ဝင်အတိုက်ခံလိုက်ရလျှင် အသားတခြားအရိုးတခြားဖြစ်သွားလောက်မည်မှာ ကျိန်းသေပေါက်ပင်ဖြစ်သည်။

လင်းရှောင်က ထျန်ရှင်းလုနှင့်ထိပ်တိုက်မတွေ့ချင်သောကြောင့် အနောက်သို့ခြေတစ်လှမ်းကြိုဆုတ်ထားကာ ခန္ဓာကိုယ်ကိုတစ်ပတ်လှည်၍ ထျန်ရှင်းလု၏ မျက်နှာသို့တည့်ကန်လိုက်သည်။

“ဝုန်းးး” ကန်ချက်၏အလျင်သည်လည်း အသံထွက်ပင်ပိုမိုမြန်ဆန်သောကြောင့် ဆိုနစ်ဗုန်းအသံကျယ်ကြီးထွက်ပေါ်လာပြန်သည်။

အချိန်ကိုက်ချက်သည် အလွန်ကိုက်ညီလေပြီး ထျန်ရှင်းလုရောက်လာသည် နှင့် တစ်ပြိုင်နက် လင်းရှောင်၏ကန်ချက်က သူ၏မျက်နှာသို့ဦးတည်လာလေသည်။

“ဝုန်းးး” ချက်ချင်းပဲ ထျန်ရှင်းလု၏နှာခေါင်းရိုးကျိုးသွားကာ သွေးများထွက်လာ၏။ လေအဟုန်နှင့်အတူ ကျောက်သားမြေပြင်သည်လည်း ခံနိုင်ရည်မရှိတော့ပဲ ပင့်ကူအိမ်အက်ကွဲကြောင်းများစွာထွက်လာသည်။

တစ်ချိန်တည်းတွင် လင်းရှောင်၏ ယုံကြည်ချက်ရှိသော မျက်နှာထက်မှ အပြုံးသည် ရုတ်ချည်းပျောက်ကွယ်သွားလေ၏။

သူက ယိုင်တိုင်တိုင်ဖြင့် အနောက်သို့ဆုတ်လိုက်ရကာ တစ်ပြိုင်နက်တည်းတွင် သူ၏မျက်ဝန်းထဲတွင် အံဩမှုအရိပ်အယောင်များထွက်ပေါ်လာသည်။

“ဘယ်လိုလုပ်ပြီးတော့....” လင်းရှောင်က အံဩစွာဖြင့်ရေရွတ်လိုက်မိသည်။ ထျန်ရှင်းလု၏ နတ်ခန္ဓာသည် အလွန်အားကောင်းနေ၏။

ယခင်အချိန်စီးကြောင်းများထက် ၃ ဆခန့်ပင်ပိုမို၍ အားကောင်းနေလေသည်။ ယန်စွမ်းအင်ကြီးစိုးသည့် အထူးခန္ဓာများ၏ လက္ခဏာသည် တိုက်ခိုက်လေ ပိုမိုပြီး သန်မာလာလေဖြစ်သည်။

ထျန်ရှင်းလုသည် မယိုင်နဲ့နိုင်သော တန်ချိန် ၁၀၀၀၀ သံတိုင်ကြီးနှင့်ဆင်တူနေသည်။ ယခုအခါတွင် ကန်လိုက်သည့်သူသည် လင်းရှောင်ဖြစ်သော်လည်း သူ၏ဒူးအရိုးသည် အက်ကွဲသွားရသည်။

တစ်ဖက်မှ ထျန်ရှင်းလုသည် ဖြုံတောင်မဖြုံသွားလေပဲ လင်းရှောင်၏ ပိန်သွယ်သော ခြေကျင်းဝတ်အား လက်ကြီးဖြင့်စုပ်ကိုင်လိုက်၏။

လင်းရှောင်သည် ရှောင်ရှားချင်သော်လည်း မဖြစ်နိုင်တော့ချေ။

“သေစမ်း ကျွန်စုတ်!!!” ထျန်ရှင်းလုက တုတ်ချောင်းကိုမသလို လင်းရှောင်အား ခြေကျင်းဝတ်မှ စကိုင်၍ အပေါ်သို့မလိုက်သည်။

ချက်ချင်းပဲ သူ၏ကိုယ်က အပေါ်သို့ကြွသွားလေသည်။ ပြီးနောက်တွင် ထျန်ရှင်းလုက အံကိုပင်ကြိတ်လိုက်ပြီး လင်းရှောင်ကို အားရပါးရ မြေပြင်ပေါ်သို့ရိုက်ချပြစ်လိုက်၏။

“ဝုန်းးး”

ပထမဆုံးအကြိမ်ရိုက်ချလိုက်သည့်အရှိန်ကြောင့် လင်းရှောင်၏ခန္ဓာကိုယ်သည် မြေပြင်နှင့်ထိခတ်သွားသောအခါ ကျောက်သားမြေပြင်တစ်ခုလုံး တုန်ခါသွားပြီး အက်ကွဲကြောင်းများ ပိုမိုနက်ရှိုင်းစွာထွက်ပေါ်လာသည်။

လင်းရှောင်၏ပါးစပ်မှ သွေးများပွက်ကနဲအန်ထွက်လာပြီး သူ၏အရိုးများကျိုးကြေသွားသည့် အသံသဲ့သဲ့ကိုပင် သူကိုယ်တိုင်ကြားလိုက်ရသည်။

သို့သော် ထျန်ရှင်းလုက ထိုမျှနှင့်ကျေနပ်ခြင်းမရှိပေ။ သူ၏မျက်လုံးများတွင် အရိုင်းဆန်သောဒေါသအရိပ်အယာင်များဖြင့်တောက်လောင်နေ၏။

သူက လင်းရှောင်အား နောက်တစ်ဖက်သို့တစ်ဖန်မြှောက်၍ ရိုက်ချလိုက်ပြန်သည်။

“ဒုန်းးးး”

“အားးးး”

လင်းရှောင်ထံမှ နာကျင်စွာအော်ဟစ်သံထွက်ပေါ်လာသည်။ သူ၏ခန္ဓာကိုယ်သည် ကျောက်မြေပြင်ပေါ်သို့ ဒုတိယအကြိမ် ပြင်းထန်စွာဆန့်ကျင့်ရိုက်ခတ်ခံလိုက်ရပြန်သည်။

ကျောက်သားမြေပြင်သည် ပိုမိုပျက်စီးသွားပြီး ဖုန်မှုန့်များနှင့် ကျောက်စများ လေထဲသို့လွင့်ပျံတက်သွားသည်။

ထို့နောက်တွင်တော့ ထျန်ရှင်းလုသည် အရိုင်းစိတ်ဝင်နေသော သားရဲတစ်ကောင်ကဲ့သို့ဖြစ်သွားလေသည်။

“ဝုန်းးး ဝုန်းးး ဝုန်းးး ဝုန်းးး”

သူသည် ဘယ်ညာမခွဲတော့ပဲ အရုပ်တစ်ရုပ်ကိုကိုင်ရမ်းနေသလိုမျိုး လင်းရှောင်၏ခန္ဓာကိုယ်ကို ခြေကျင်းဝတ်မှစုတ်ကိုင်၍ မြေပြင်ပေါ်သို့ အဆက်မပြတ်ရိုက်ချနေတော့သည်။

ရိုက်ချက်တိုင်းသည် တိုက်အိမ်ကြီးတစ်လုံးကိုပင်ဖြိုခွဲနိုင်လောက်သည့် အားအင်များပါဝင်နေပြီး အသံများသည်လည်း မိုးကြိုးပစ်သံများကဲ့သို့ တစ်ချက်ပြီးတစ်ချက် ဆက်တိုက်ထွက်ပေါ်နေ၏။

သူတို့နှစ်ယောက်ရပ်နေသော ကျောက်သားမြေပြင်သည် လုံးဝပျက်စီးသွားပြီး လူတစ်ရပ်စာရှိသော ချိုင့်ခွက်ကြီးတစ်ခုဖြစ်ပေါ်လာ၏။

ထိုချိုင့်ခွက်၏အလယ်တွင် ထျန်ရှင်းလုက မတ်တပ်ရပ်နေပြီး သူ၏လက်ထဲတွင်တော့ ပျော့ခွေနေသော လင်းရှောင်၏ခန္ဓာကိုယ်က ကြိုးပြတ်သွားသောစွန်တစ်ခုနှယ် ယိမ်းထိုးနေသည်။

လင်းရှောင်မှာတော့ အော်ဟစ်ရန်ပင် အင်အားမရှိတော့ချေ။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးရှိ အရိုးတိုင်းသည် ကြေမွသွားလောက်ပြီဖြစ်ပြီး အတွင်းကလီစာများလည်း ဒဏ်ရာအပြင်းအထန်ရရှိသွားသည်။

သူ၏အမြင်အာရုံတို့သည် ဝေဝါးနေပြီး နားထဲတွင်လည်း တဝီဝီမြည်သံများသာကြားနေရသည်။ သူသည် သတိလစ်လုနီးပါးဖြစ်နေလေပြီ။

“ကျွန်စုတ်... မင်းလိုအဆင့်နဲ့များ ငါ့ကိုနိုင်မယ်ထင်နေလား... ဟမ်???”

ထျန်ရှင်းလုက အားကုန်အော်ဟစ်လိုက်ပြီး နောက်ဆုံးတစ်ချက်အဖြစ် လင်းရှောင်အား အပေါ်သို့အမြင့်ဆုံးမြှောက်ကာ အားကုန်ရိုက်ချလိုက်သည်။

“ဝုန်းးးးးးးးးးးးးးးးးး”

ယခင်အကြိမ်များထက် အဆပေါင်းများစွာကျယ်လောင်သောအသံကြီးထွက်ပေါ်လာပြီး ချိုင့်ခွက်ကြီးသည် ပိုမိုနက်ရှိုင်းကျယ်ပြန့်သွားသည်။

ထိုရိုက်ချက်အပြီးတွင် ထျန်ရှင်းလုက လင်းရှောင်၏ခြေကျင်းဝတ်ကို စက်ဆုပ်စွာဖြင့်လွှတ်ပေးလိုက်သည်။

လင်းရှောင်၏ခန္ဓာကိုယ်သည် အဝတ်စုတ်တစ်စကဲ့သို့ ချိုင့်ခွက်၏အစွန်းနံရံသို့ လွင့်စင်သွားပြီးနောက် ပုံ့ပုံ့လေးလဲကျသွားတော့သည်။

ထျန်ရှင်းလုသည် နှာခေါင်းမှသွေးများစီးကျနေလျက်၊ သူ၏ကိုယ်ပေါ်တွင်လည်း ဒဏ်ရာဗရပွဖြင့်။

သို့သော် သူက မတ်တပ်ရပ်နေဆဲဖြစ်ပြီး အောင်နိုင်သူတစ်ယောက်အဖြစ် သတိလစ်နေသော လင်းရှောင်အား အပေါ်စီးမှ အေးစက်စွာကြည့်လိုက်သည်။

သူက မြေပေါ်သို့ သွေးရောနေသောတံတွေးကိုထွေးထုတ်လိုက်ပြီး မထီမဲ့မြင်ပြုသောအသံဖြင့်ပြောလိုက်သည်။

“ဟက်... သောက်ပုရွက်ဆိတ်ကျွန်စုတ်...။”

ထျန်ရှင်းလုက ရက်စက်ကြမ်း​ကြုတ်သော မျက်နှာအမူအရာဖြင့်ရှိနေလေပြီး သူ၏လက်အားဆန့်ထုတ်လိုက်သည်။

ချက်ချင်းပဲ အဝေးတစ်နေရာတွင် ကျနေသော သွေးသောက်သူဆေဘာက သွေးရောင်အလင်းတန်းများဖြင့် တောက်ပသွားလေကာ မြေပြင်ပေါ်သို့ကြွလာလေသည်။

ညအမှောင်ထဲတွင် အနီရောင်မီးသီးကြီးလင်းလာသကဲ့သို့ မှောင်မဲနေသော ပတ်ဝန်းကျင်သည် ခနတာ နီရဲစွာလင်းထိန်သွားလေသည်။

ချက်ချင်းပဲ သွေးသောက်​သူဆေဘာက စိတ်လှုပ်ရှားစွာဖြင့် တစ်ဝှီဝှီအော်မြည်လိုက်လေပြီး လေထုကို ၂ ခြမ်းခွဲ၍ ထျန်ရှင်လုထံသို့ ပျံသန်းလာ၏။

သွေးသောက်သူဆေဘာ၏အလျင်သည် မြန်ဆန်လွန်းလှပြီး သူ၏အနောက်တွင် အနီရောင်အလင်းတန်းကြီးပင် ကျန်ခဲ့သည်။

ထျန်ရှင်းလုက သွေးသောက်သူဆေဘာအား အထာကျကျစုပ်ကိုင်လိုက်ကာ သူ၏သွေးတို့ဖြင့်စိုရွဲနေသာ မျက်နှာအထက်တွင် နတ်ဆိုးတစ်ကောင်ပင် ကျောချမ်းသွားလောက်မည့် ကြောက်စရာကောင်းသော အပြုံးတစ်ပွင့်ထွက်ပေါ်လာသည်။

ထျန်ရှင်းလုက သွေးသောက်သူဆေဘာဓားကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်လိုက်ခြင်းမရှိပေ။

သူက ဓားအဖျားကို မြေပြင်ပေါ်သို့ချလိုက်ပြီး ပေါ့ပေါ့ပါးပါးဆွဲရမ်းကာ လင်းရှောင်ရှိရာသို့ ခြေလှမ်းကျဲကြီးများဖြင့် တစ်လှမ်းချင်းလျှောက်လှမ်းလာခဲ့သည်။

“ကျီး....”

နားထဲသို့စူးရှစွာထိုးဖောက်ဝင်ရောက်လာသော သတ္တုခြစ်သံသည် ညအမှောင်ကို ဆုတ်ဖြဲလိုက်၏။ ကျောက်သားမြေပြင်နှင့် သွေးသောက်သူဆေဘာတို့ ပွတ်တိုက်မှုကြောင့် မီးပွားများ တဖျတ်ဖျတ်ထွက်ပေါ်လာသည်။

ဆေဘာဓားကိုယ်ထည်မှ ထွက်ပေါ်နေသော သွေးရောင်အလင်းတန်းများနှင့် လိမ္မော်ရောင်မီးပွားများက အမှောင်ထုထဲတွင် သေမင်းတမန်၏လမ်းပြမီးတိုင်များအလား ထွန်းလင်းနေသည်။

ခြေတစ်လှမ်းချင်းစီတိုင်းသည် လဲကျနေသော လင်းရှောင်၏နှလုံးသားကို သံတူကြီးဖြင့် ထုနှက်နေသလိုပင်။

နောက်ဆုံးတွင် ထျန်ရှင်းလုသည် သတိလစ်မေ့မြောလုနီးပါးဖြစ်နေသော လင်းရှောင်၏အရှေ့တည့်တည့်သို့ ရောက်ရှိလာခဲ့သည်။

သူက အပေါ်စီးမှနေ၍ ပုံ့ပုံ့လေးလဲကျနေသော လင်းရှောင်အား အမှိုက်တစ်စကို ကြည့်နေသကဲ့သို့ စူးစိုက်ကြည့်လိုက်သည်။

သူဆွဲလာသော ဆေဘာဓားသည်လည်း လင်းရှောင်၏လည်ပင်းအနားတွင် တစ်ထွာခန့်အကွာတွင် ရပ်တန့်သွားပြီး ကြောက်မက်ဖွယ်ကောင်းသော တိတ်ဆိတ်မှုတစ်ခုက ကြီးစိုးသွားတော့သည်။

သူက ဆေဘာအား​​မြောက်လိုက်လေပြီး လင်းရှောင်၏လည်မြိုသို့ချိန်လိုက်သည်။ ဆေလာကြီးသာကျဆင်းလာပါက လင်းရှောင်ခေါင်းတခြား ကိုယ်တခြားဖြစ်သွားမည်ဆိုတာကို ဗေဒင်သွားမေးစရာလိုမည် မဟုတ်ချေ။

အခြေအနေအားစောင့်ကြည့်နေသည့် သူများစွာလည်းရှိ၏။ လီနာ နှင့် အရိပ်လုပ်ကြံသူ ၂ ဦးသည် အကယ်၍ ထျန်ရှင်းလုရှုံးနိမ့်သွားပါက သူမတို့၏အသက်ကိုပင် မထောက်ထားပဲ ပေးဆပ်ပြီး ကာကွယ်မည့်သူများဖြစ်ကြသည်။

ရန်သူက တစ်ပိုင်းသေနေသော်လည်း သူမတို့က တစ်လက်လက်တောက်ပနေသော မျ​က်လုံးတို့ဖြင့် အခြေအနေအား သတိလက်လွတ်မရှိ ဆက်လက်ပြီး စောင့်ကြည့်နေဆဲဖြစ်သည်။

သူမတို့ နှင့် ဆန့်ကျင်ဘက်တွင်တော့ ထျန်ရှင်းလုသာ ရှုံးနိမ့်သွားပါက ထွန်ပြေးရန်အားခဲထားသူ ၄ ယောက်ရှိသည်။ ထိုသူတို့မှာ ရှောင်ဘိုးဘေး၊ ချင်းလိန်ဟွာ၊ ညီမ ၅ နှင့် သူနာပြုမလေးရှောင်ယွဲ့တို့ဖြစ်လေ၏။

သူမတို့က ထျန်ရှင်းလုရှုံးလျင် ချက်ချင်းထွက်ပြေးမည့်သူ​များဖြစ်ကြသည်။ သို့သော် လင်းရှောင်​က ရှုံးနိမ့်တော့မည်ဖြစ်သောကြောင့် သူမတို့ စိတ်ဓာတ်ကျသွားကြသည်။

အကြီးအကဲချိုး နှင့် အကြီးအကဲချိုးတို့ကတော့ ထျန်ရှင်းလု၏ ခွန်အားကြောင့် တ​စ်ယောက်ကို တစ်ယောက် တအံတဩဖြင့်စိုက်ကြည့်နေကြသည်။

ထျန်ရှင်းလု၏ ခွန်အားသည် သူတို့ဟောခန်းသခင်နှင့်ပင် တန်းတူနီးပါးလောက်သွားကျနေပြီဖြစ်သည်။ လူမဆန်သော မကောင်းဆိုးဝါးဟုသာ သူတို့ ၂ ယောက်က ထျန်ရှင်းလုအား တိတ်တဆိတ်ကျိန်ဆဲလိုက်ကြ၏။

တစ်ချိန်တည်းတွင် လင်းရှောင်ကလည်း ရီဝေနေသော မျက်လုံးတို့ဖြင့် ထျန်ရှင်းလုအား တွေဝေစွာဖြင့်ကြည့်နေသည်။

သူ၏တစ်ကိုယ်လုံးသည်တော့ ကိုင်ရိုက်အထားခံရသောကြောင့် အလွန်အမင်း နာကျင်နေလေပြီး တစ်ပိုင်းသေနေပြီဖြစ်သည်။

သူ​သည်အလွန်အမင်း အားနည်းနေဆဲဖြစ်ကာ သူ၏လက်ချောင်းများကိုပင် လှုပ်ရှားရန် ခက်ခက်ခဲခဲကြိုးစားနေရလေ၏။

ထျန်ရှင်းလုက သူ့အား ပုရွဲဆိတ်တစ်ကောင်ကဲ့သို့ စိုက်ကြည့်နေလေပြီး ဆေဘာကြီးဖြင့် လင်းရှောင်၏လည်မြိုသို့ချိန်ထားလေသည်။

သူသာ သွေးသောက်သူဆေဘာအား ထိုးစိုက်လိုက်သည်နှင့် လင်းရှောင်းခေါင်းပြတ်သွားကာ သေဆုံးသွားရလိမ့်မည် ဖြစ်သည်။

အစွမ်းထက်လှပါသည်ဆိုသော သတ်ဖြတ်ခြင်းနတ်ဘုရား၏ ကံကြမ္မာသည် ထျန်ရှင်းလု၏လက်ထဲတွင်ရှိနေသည်။

လောကရဲ့အထွတ်အထိပ်သို့ အပိုင်း (၂၁၁ + ၂၁၂) ပြီး။

All Chapters