← Chapters

အခန်း (၂၁၃-၂၁၄)

Vol. 22 Ch. 213-214

အခန်း (၂၁၃-၂၁၄)

Vol. 22 Ch. 213-214

လောကရဲ့အထွတ်အထိပ်သို့ အပိုင်း (၂၁၃ + ၂၁၄)

တစ်ချိန်တည်းတွင် ထျန်ရှင်းလုတို့နှင့် မိုင် ၁၀၀၀ အကွာတွင် အသံထွက်ပင် ၅ ဆပိုမိုပြီးမြန်ဆန်သော အရှိန်နှုန်းဖြင့် လှုပ်ရှားနေသော အဖြူရောင်အလင်းတန်းပုံရိပ်ကြီးတစ်ခုရှိနေသည်။

အဖြူရောင်အလင်းတန်းပုံရိပ်ကြီးသည် အံမခန်းအမြန်နှုန်းဖြင့် လှုပ်ရှားနေကာ တစ်စက္ကန့်ကို တစ်မိုင်နှုန်းကျော်ရောက်သွားလေသည်။

သူ၏အနောက်တွင်လည်း အသံကျယ်ကြီးထွက်ပေါ်လာလေပြီး လေများထန်ကာ လက်သီးစုပ်ခန့်ရှိသော ကျောက်တုံးများပင်လွှင့်ထွက်သွားကြသည်။

သူသွားလိုရာ လမ်းတစ်လျောက်တွင်ရှိနေသည့် မည်သည့်အရာမဆို ဖြတ်အတိုက်ခံရလေပြီး တစစီကြွေမွပျက်စီးသွားကြသည်။

သစ်ပင်ကြီးများဆိုလျှင် အစိတ်အစိတ်အမွှာအမွှာဖြစ်သွားကုန်ကြကာ တိရိစ္ဆာန်များဆိုသည်လည်း သွေးအမှုန်များဖြစ်သွားကြသည်။

မည်သည့်အဆင့်နိမ့်သက်ရှိကမှ ဤပုဂ္ဂိုလ်လာနေသည်ကို ကြိုပြီးမြင်နိုင်စွမ်းမရှိကြချေ။ ဤပုဂ္ဂိုလ်၏သွားလိုရာ လမ်းကြောင်းတစ်လျောက်ရှိ သေဆုံးသွားသည့် သက်ရှိများသည်လည်း သူတို့သေသွားလို့သေသွားမှန်း သိရှိခြင်းမရှိကြချေ။

အံမခန်းအမြန်နှုန်းဖြင့် လှုပ်ရှားနေသော ဤပုဂ္ဂိုလ်၏ပုံရိပ်အား သေချာမြင်တွေ့နိုင်ဖို့ဆိုလျှင် အနည်းဆုံးအနေဖြင့် အဆင့် ၆ တန်ခိုးရှင်တစ်ပါးတော့ဖြစ်ဖို့ လိုအပ်၏။

ဤပုဂ္ဂိုလ်၏ မျက်နှာသည် အလွန်အမင်းအိုမင်းနေကာ အသက် ၁၀၀ လောက်ရှိမည့်ပုံဖြစ်သည်။

မုတ်ဆိတ်မရှိလေပဲ အဖြူရောင်ဆံပင်ခပ်ပါးပါးဖြင့်ရှိနေကာ ဦးခေါင်းအလယ်ဗဟိုထိပ်နားက ကွက်ပြောင်နေသည်။ သို့သော် ထိုသည်က သူ့၏ပုံရိပ်အားမထိခိုက်စေပဲ အညိုရောင်အင်မော်တယ်ဝတ်စုံဖြင့် ပိုလိုပင် ခန့်ညားနေသည်။

ဤပုဂ္ဂိုလ်သည် သူ၏တစ်ကိုယ်လုံးအား အဖြူရောင်ဝိညာဉ်စွမ်းအင်တို့ဖြင့်ကာရံထားကာ အသံထက် ၅ ဆ ပိုမြန်သော အရှိန်ဖြင့် လေထုကို ထိုးခွဲသွားနေသည်။

သာမန်လူတစ်ယောက်အနေဖြင့် ဤသို့သော အရှိန်ဖြင့် ရွေ့လျားပါက လေထု၏ ဖိအားနှင့် ပွတ်တိုက်မှုကြောင့် ဖြစ်ပေါ်လာသော အပူဒဏ်ကို လုံးဝခံနိုင်ရည်ရှိမည် မဟုတ်ပေ။

ဤအရှိန်တွင် လေထုနှင့် သူ၏ ခန္ဓာကိုယ်တို့ ပွတ်တိုက်မှုမှ ထွက်ပေါ်လာသည့် အပူချိန်သည် သံမဏိကိုပင် အရည်ပျော်စေနိုင်လောက်အောင် ပြင်းထန်လှသည်။

သို့သော် ဤပုဂ္ဂိုလ်အတွက်မူ ထိုအရာသည် ပြဿနာမဟုတ်ချေ။ သူ၏ ခန္ဓာကိုယ်ကို ဖုံးလွှမ်းကာကွယ်ပေးထားသော အဖြူရောင် ဝိညာဉ်စွမ်းအင်များသည် အကာအကွယ်တစ်ခုသဖွယ်ဖြစ်နေသည်။

အပြင်ဘက်မှ လေထု၏ ပွတ်တိုက်မှုကြောင့် ဖြစ်ပေါ်လာသော ပြင်းထန်လှသည့် အပူစွမ်းအင်များနှင့် ကြီးမားလှသော ဖိအားများကို သူ၏ခန္ဓာကိုယ်နှင့် မထိတွေ့ခင်မှာပင် ထိုဝိညာဉ်စွမ်းအင်အလွှာက လုံးဝကာကွယ်တားဆီးပေးထားသည်။

ထိုဝိညာဉ်စွမ်းအင်အကာအကွယ်သာမရှိပါက သူ၏ခန္ဓာကိုယ်သည် မီးထလောင်လိမ့်မည်ဖြစ်သည်။ ထိုမီးလောင်သလောက်က သူ့အားကြီးကြီးမားမားထိခိုက်စေမည်မဟုတ်သော်လည်း ဟန်ထုတ်နိုင်တော့မည် မဟုတ်ချေ။

ယခုမူ သူသည် မည်သည့်ဒဏ်ရာမှမရဘဲ အေးဆေးတည်ငြိမ်စွာဖြင့် သူ၏ပန်းတိုင်ဆီသို့သာ အာရုံစိုက်ကာ ရှေ့ဆက်သွားနေသည်။

သူ၏ မျက်လုံးများသည် ရှေတည့်တည့်သို့သာ စူးစိုက်ကြည့်နေပြီး သူ၏မျက်လုံးတို့က စူးရှစွာပင် မိုင် ၁၀၀၀ အကွာအဝေးမှ ပစ်မှတ်ကိုပင် ရှင်းလင်းစွာ မြင်နေရသည်။

ထိုပစ်မှတ်သည်ကား အခြားမဟုတ်၊ ထျန်ရှင်းလုတို့ အဖွဲ့ပင်ဖြစ်လေသည်။

“နောက်ဆုံးတော့ မင်းကို ရှာတွေ့ပြီ။”

သူ၏ နှုတ်ဖျားမှ တိုးညှင်းသော လေသံထွက်ပေါ်လာသော်လည်း ထိုအသံသည် သူ့ပတ်လည်မှ လေထု၏ ကျယ်လောင်သော အသံများကြားတွင် ပျောက်ကွယ်သွားလေသည်။

သူ၏မျက်နှာအထက်တွင် မပြောပြနိုင်လောက်အောင် ပြင်းထန်သော ဒေါသအရိပ်အ​ယောင်တို့ရှိနေကာ အံကိုတင်းတင်းကြိတ်ထား၏။

သူ၏ အရှိန်သည် နောက်တစ်ဆင့်သို့ ထပ်မံမြင့်တက်သွားကာ အဖြူရောင်အလင်းတန်းသည် ပို၍ပင် လျင်မြန်စွာဖြင့် အရှေ့သို့ တိုးဝင်သွားတော့သည်။

ထျန်ရှင်းလုက လင်းရှောင်အား ပုရွဲဆိတ်တစ်ကောင်ကဲ့သို့ စိုက်ကြည့်နေလေပြီး ဆေဘာကြီးဖြင့် လင်းရှောင်၏လည်မြိုသို့ချိန်ထားလေသည်။

သူသာ သွေးသောက်သူဆေဘာအား ထိုးစိုက်လိုက်သည်နှင့် လင်းရှောင်းခေါင်းပြတ်သွားကာ သေဆုံးသွားရလိမ့်မည် ဖြစ်သည်။

အစွမ်းထက်လှပါသည်ဆိုသော သတ်ဖြတ်ခြင်းနတ်ဘုရား၏ ကံကြမ္မာသည် ထျန်ရှင်းလု၏လက်ထဲတွင်ရှိနေသည်။

ရုတ်တရက် တစ်ပိုင်းသေနေပြီဖြစ်သည့် လင်းရှောင်၏နှုတ်ခမ်းထောင့်တို့က တွန့်ကွေးသွားလေးပြီး စတင်ကာ ရယ်မောလိုက်သည်။

“ဟားဟား”

ပြီးနောက်တွင် သူ၏အရယ်ကမရပ်သွားလေပဲ ပိုမိုပြီး အားကောင်းလာလေ၏။ သူကပါးစပ်ကိုဖွင့်ထားသောကြောင့် အနက်ရောင်နီးပါးဖြစ်နေသည့် ကတ္တရာလိုပြစ်ခဲနေသော သွေးများက သူ၏ပါးစပ်မှ စီးကျလာလေသည်။

“အဟားဟားဟား။ ဟီးဟားဟားဟား။ ဟားဟားဟား။”

“အဟားဟားဟား” လင်းရှောင်က ကမ္ဘာပေါ်တွင်အရယ်ရဆုံးသောပြက်လုံးတစ်ခုအား ကြားလိုက်ရသကဲ့သို့ အားရပါးရရယ်မောနေ၏။

သူ၏နီရဲနေကာ သွေးများစိမ့်ထွက်နေသော မျက်ဝန်းသည်လည်း လခြမ်းကွေးကဲ့သို့ကွေးသွားကာ ထျန်ရှင်းလုအား စိုက်ကြည့်နေလေသည်။

“အားဟားဟားဟား”

ထျန်ရှင်းလုက မျက်ခုံးပင့်လိုက်လေပြီး မေးမြန်းလိုက်သည်။

“မင်း....ဘာလို့ရယ်နေတာလဲ။....”

လင်းရှောင်သည်တော့ မည်သည်ကိုမှ ပြောကြားခြင်းမရှိလေပဲ အရူးတစ်ယောက်တော့ ဆက်လက်ပြီးရယ်မောနေလေသည်။

ထျန်ရှင်းလု၏ မျက်ဝန်းတို့သည်တော့ ကျဥ်းမြောင်းသွားလေပြီး သွေးသောက်သူဆေဘာအား ကိုင်ထားသော လက်အား အောက်သို့ထိုးစိုက်လိုက်သည်။

လင်းရှောင်တစ်ယောက် တစ်ခုခုမလုပ်လျှင် ယနေ့တွင်ခေါင်းပြတ်ပြီး သေဆုံးတော့မည်ဖြစ်လေသည်။

ရုတ်တရက် တစ်စက္ကန့်၏ အပုံ ၁၀၀၀ တွင် တစ်ပုံဟူသော အချိန်ကလေးအတွင်းတွင် လင်းရှောင်၏ ဘယ်မျက်လုံးက အလုံးစုံနက်မှောင်သွားသည်။

မျက်စံနေရာတွင်တော့ အနီရောင်မျက်ဝန်းတစ်ခုထွက်ပေါ်လာပြီး အနီရောင်သွေးကြောများကဲ့သို့ မျက်သားနေရာတွင် အနှံဖြစ်နေသည်။ (Tokyo Ghoul ကဲ့သို့မျက်လုံး။)

သူ၏ ညာမျက်လုံးသည်တော့ အပြောင်းအလဲမရှိဖြစ်ကာ သူကရယ်မောနေသောကြောင့် လခြမ်းကွေးလေးသဏ္ဍာန်ဖြစ်နေဆဲဖြစ်သည်။

ထိုအချိန်မှာပင် ထျန်ရှင်းလု၏ ဆေဘာက ကျဆင်းလာသည်။

သွေးသောက်သူဆေဘာ၏ အေးစက်စက်အရှိန်အဝါက လေထုကိုပင်ခဲသွားစေမတတ် ထျန်ရှင်းလု၏ လက်ထဲတွင် တုန်ခါနေသည်။

အချိန်သည် လုံးဝရပ်တန့်သွားသကဲ့သို့ ထင်မှတ်ရသည်။

လေကိုထိုးခွဲလိုက်သည့် အသံနှင့်အတူ သွေးသောက်သူဆေဘာ၏ သွေးရောင်အလင်းတန်းတစ်ခုက လင်းရှောင်၏လည်ပင်းဆီသို့ လျှပ်စီးလက်သကဲ့သို့ ထိုးဆင်းသွားသည်။

…..

ပထမဆုံးအနေဖြင့် အရေပြားကို ထွင်းဖောက်ဝင်ရောက်သွားသည့် အေးစက်လှသော ခံစားမှု။

ထို့နောက် လည်ပင်းကြွက်သားများ တိခနဲပြတ်တောက်သွားသည့် အသံ။

နောက်ဆုံးတွင်တော့ လည်မျိုရိုးကို ချိုးဖဲ့လိုက်သည့် ကြက်သီးထဖွယ် အက်ကွဲသံတစ်သံ ထွက်ပေါ်လာသည်။

လင်းရှောင်၏ ရယ်မောနေဆဲဖြစ်သော မျက်နှာထက်တွင် မည်သည့်နာကျင်မှု အရိပ်အယောင်မှ မရှိ။

သူ၏ညာဘက်မျက်လုံးက လခြမ်းကွေးလေးသဏ္ဌာန်ဖြင့် ကွေးညွှတ်နေဆဲဖြစ်ပြီး သူ၏ဘယ်ဘက်မျက်လုံးနက်ကြီးကတော့ ထျန်ရှင်းလုကို တည်ငြိမ်စွာ စိုက်ကြည့်နေသည်။

ထိုမျက်ဝန်းနက်ထဲတွင် လှောင်ပြောင်ရယ်မောခြင်းနှင့် နားလည်ရခက်သော အဓိပ္ပါယ်တစ်မျိုး ကိန်းအောင်းနေသည်။

“ရှဲ....”

လည်ပင်းမှ သွေးများက မီးသတ်ပိုက်မှရေများပန်းထွက်လာသကဲ့သို့ အနီရောင်စမ်းချောင်းတစ်ခုအလား ပန်းထွက်လာတော့သည်။

လင်းရှောင်၏ခန္ဓာကိုယ်နှင့် အနီးဆုံးတွင်ရှိနေသော ထျန်ရှင်းလု၏ တစ်ကိုယ်လုံးသည် နွေးထွေးသောသွေးများဖြင့် ရွှဲနစ်သွားကာ သွေးနံ့များက သူ၏နှာခေါင်းထဲသို့ အလုံးအရင်းနှင့် တိုးဝင်လာသည်။

လင်းရှောင်၏ ဦးခေါင်းသည် သူ၏ခန္ဓာကိုယ်နှင့် လုံးဝအဆက်ပြတ်သွားကာ မြေပြင်ပေါ်သို့လှိမ့်ကျသွားသည်။

ထိုလိမ့်ကျသွားသော ဦးခေါင်း၏ မျက်နှာထက်တွင် ထိုအရူးအမူးရယ်မောနေသော အမူအရာက အေးခဲနေဆဲပင်။

သူ၏ပါးစပ်က ဟလျက်သား၊ သူ၏မျက်လုံးများက အရောင်တောက်နေဆဲ။ ထိုမြင်ကွင်းသည် သာမန်လူတစ်ယောက်အတွက် အိပ်မက်ဆိုးတစ်ခုသဖွယ်ပင်။

ဦးခေါင်းက မြေပြင်ပေါ်သို့ ပြုတ်ကျသွားပြီး ဖုန်များကြားတွင် လူးလိမ့်သွားသည်။

သူ၏လည်ပင်းပြတ်နေရာမှ သွေးများက ရပ်တန့်သွားခြင်းမရှိသေးဘဲ အဆက်မပြတ် ပန်းထွက်နေကာ သူ၏အောက်မှ မြေပြင်ကို သွေးအိုင်အဖြစ်သို့ ပြောင်းလဲပစ်လိုက်သည်။

ကမ္ဘာကြီးတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။

လေပြင်းတိုက်ခတ်သံများ၊ သစ်ရွက်လှုပ်ရှားသံများအားလုံး ရပ်တန့်သွားသကဲ့သို့။ ထျန်ရှင်းလု၏ အသက်ရှူသံပြင်းပြင်းတစ်ခုသာလျှင် ထိုတိတ်ဆိတ်မှုကို ဖြိုခွင်းနေသည်။

သူ၏လက်ထဲမှ သွေးသောက်သူဆေဘာထိပ်ဖျားမှ သွေးစက်များက တစ်စက်ချင်း မြေပြင်ပေါ်သို့ ကျဆင်းနေသည်။

တိုက်ပွဲကိုကြည့်နေသော လီနာကတော့ တိတ်တဆိတ်သက်ပျင်းချလိုက်ပြီး သူမ၏လက်ထဲတွင် တင်းကြပ်စုပ်ကိုင်ထားသည့် အစမ်းရောင်ကျောက်စိမ်းဆံထိုးအား အနည်းငယ်ဖြေလျော့လိုက်မိသည်။

သူမသည် အရိပ်လုပ်ကြံသူတစ်​ယောက်ဖြစ်သလို ထျန်ရှင်းလု၏ အိမ်တော်ထိန်းလည်းဖြစ်သည်။ ထို့အတွက်ကြောင့် သူမအတွက်သတင်းအချက်အလက်များသည် အလွန်အရေး​ကြိးပြီး သူမအနေဖြင့် နောက်ဆုံးရသတင်းများကို ရှိထားရန်လိုအပ်သည်။

ထိုအခါမှသာ ထျန်ရှင်းလုတစ်ယောက် သတင်းအချက်အလက်များအား မေးမြန်းသည့်အခါ ပြန်ဖြေနိုင်မည်ဖြစ်လေ၏။

ထို့အတွက်ကြောင့် သူမက လင်း​ရှောင်အားသေသေချာချာသိနေသည်။ လင်းရှောင် နှင့် ဒေသခံအာဏာရှင်များ၏ တိုက်ပွဲမှတစ်ဆင့် လင်းရှောင်၏ မျက်နှာအား မြင်သွားသူ များစွာရှိလေသောကြောင့် ဝရမ်းထဲတွင် လင်းရှောင်၏ပုံသဏ္ဍာန်အား သေချာရေးဆွဲထားသည်။

ထို့အတွက်ကြောင့် လင်းရှောင်သည် သေမျိုးတန်ခိုးရှင် အဆင့် ၅ ပုဂ္ဂိုလ်ကြီးများအား ဂုတ်ချိုးသတ်ပြီး စစ်သည်ပေါင်း ၃၀၀၀ ၏သွေးဖြင့်ခြေဆေးခဲ့သော သတ်ဖြတ်ခြင်းနတ်ဆိုးဖြစ်ကြောင်း လီနာကောင်းကောင်းသိသည်။

ထျန်ရှင်းလုသာ အကယ်၍ရှုံးနိမ့်သွားခဲ့လျှင် သူမက ကျောက်စိမ်းအားအသုံးပြုရန်ဝန်လေးနေမည်မဟုတ်လေချေ။

ထွက်ပြေးရန်ကြံစည်နေကြသော သူများသည်လည်း သက်ပျင်းချလိုက်ကြသည်။ သူမတို့၏ မျှော်လင့်ချက်လေးက သေဆုံးသွားပြီဖြစ်သောကြောင့် စိတ်ဓာတ်ကျသွားကြလေ၏။

သို့သော် ချင်းလိန်ဟွာတစ်ယောက်ကတော့ လင်းရှောင်၏ အလောင်းအားစိုက်ကြည့်နေသည်။ ရုတ်တရက် သူမ၏မျက်နှာက ဖြူလျော်သွားလေပြီး အနောက်သို့ခြေတစ်လှမ်းဆုတ်လိုက်မိသည်။

“ဘယ်.....ဘ​ယ်လောက်တောင် အားကောင်းလွန်းတဲ့ သတ်ဖြတ်လိုစိတ်ဆန္ဒလဲ....။” သူမက တုန်ယင်နေသော အသံဖြင့်ရေရွတ်လိုက်ကာ တစ်ကိုယ်လုံးက အေးစိမ့်လာသောကြောင့် တုန်ရီလာသည်။

တစ်ချိန်တည်းတွင် အောင်ပွဲ၏အရသာကိုခံစားနေသည့် ထျန်ရှင်းလုသည်လည်း အနောက်ဘက်မှ အန္တာရယ်ကိုခံစားလိုက်ရသောကြောင့် သူ၏တစ်ကိုယ်လုံးမှ ကြွက်သားများက​ တောင့်တင်းသွားလေပြီး ရင်ထဲတစ်ချက်ထိတ်သွားလေ၏။

သို့သော် သူ မတုန့်ပြန်နိုင်သေးခင်မှာပင် သူ၏နံရိုးထံသို့ထက်ရှသော တစ်စုံတစ်ခုက တိုးဝင်လာကြောင်း ခံစားလိုက်မိသည်။

“ဗြစ်...” ချက်ချင်းပဲ သူ၏နံရိုးမှ ပြစ်ခဲနေသောသွေးများစီးကျလာကာ မြေပြင်ပေါ်သို့ကျဆင်းသွားရာ တစ်ရှဲရှဲလောင်ကျွမ်းသံများထွက်ပေါ်လာလေ၏။

တစ်ချိန်တည်းတွင် ထျန်ရှင်းလုက အံဩနေသော မျက်ဝန်းတို့ဖြင့် အနောက်ဘက်မှ သူအားတိုက်ခိုက်သည့်သူအားစိုက်ကြည့်လိုက်သည်။

ထိုသူမှာတော့ အရပ် ၅ ပေ ၈....မဟုတ်ချေ.... အရပ် ၆ ပေ ၂ လက်မခန့်ရှိမည့်ပုံရလေပြီး အနက်ရောင်ဆံပင်ရှည်တို့ဖြင့် အနည်းငယ်ခန့်ညားချောမောသော လင်းရှောင်ပင်ဖြစ်လေ၏။

သူ၏ဘယ်မျက်လုံးသည်တော့ အနက်အပေါ်တွင် အနီရောင်မျက်ဝန်းလေးရှိနေဆဲဖြစ်ပြီး မျက်သားများအား အနီရောင်သွေးကြောလေးများနှင့်ဆက်နွယ်ထားသည်။

ညာမျက်လုံးသည်တော့ ပုံမှန်အတိုင်းသာဖြစ်ပြီး ယခုအခါတွင် ရက်စက်ကြမ်းကြုတ်မှုများဖြင့်ပြည့်နှက်နေသည်။

သူ၏မျက်နှာအထက်တွင် အလွန်ရက်စက်ကြမ်းကြုတ်သော နတ်ဆိုးတစ်ကောင်ကဲ့သို့အပြုံးတစ်ပွင့်အား တပ်ဆင်ထားလေသည်။

“....” ထျန်ရှင်းလု ဆွံအသွားလေပြီး မြေပြင်ပေါ်တွင်လှဲနေသာ အလောင်းအားကြည့်လိုက်သည်။ ချက်ချင်းပဲ သူ၏မျက်ဝန်းတို့က ကြုံဝင်သွားလေ၏။

လောကရဲ့အထွတ်အထိပ်သို့ အပိုင်း (၂၁၃ + ၂၁၄) ပြီး

All Chapters