← Chapters

အခန်း (၂၁၅-၂၁၆)

Vol. 22 Ch. 215-216

အခန်း (၂၁၅-၂၁၆)

Vol. 22 Ch. 215-216

လောကရဲ့အထွတ်အထိပ်သို့ အပိုင်း (၂၁၅ + ၂၁၆)

“....” ထျန်ရှင်းလု ဆွံအသွားလေပြီး မြေပြင်ပေါ်တွင်လှဲနေသာ အလောင်းအားကြည့်လိုက်သည်။ ချက်ချင်းပဲ သူ၏မျက်ဝန်းတို့က ကြုံဝင်သွားလေ၏။

မြေပြင်ပေါ်တွင် လင်းရှောင်၏အလောင်းက ရှိမနေချေ။ ထို့အပြင် မြေပြင်တွင်အိုင်ထွန်းနေရမည့် သွေးများကလည်းမရှိနေချေ။

သူ၏အင်္ကျီပေါ်သို့လာရောက်စင်သည့် သွေးများပင် ရှိမနေတော့ချေ။ ထျန်ရှင်းလုက ကြောင်အစွာဖြင့် သူ၏နံရိုးအား လက်သည်းတို့ဖြင့်ထိုးဖောက်ထားသော လင်းရှောင်အားတစ်ဖန်ပြန်ကြည့်လိုက်သည်။

လင်းရှောင်သည်တော့ နတ်ဆိုးတစ်ကောင်ကဲ့သို့ပြုံးနေဆဲဖြစ်လေပြီး သူ၏သွေးများသည် ပါးစပ်မှစီးကျနေဆဲဖြစ်လေသည်။

ထျန်ရှင်းလု၏ နှုတ်ခမ်းထောင့်တို့ကလည်း တွန့်ကွေးသွားလေပြီး သွေးနီနီနှင့်ရောစွတ်နေသည့် သွားဖြူဖြူများက ထွက်ပေါ်လာသည်။

သူ၏မျက်ဝန်းတို့သည်လည်း ရူးသွပ်သွားသည့် အရိပ်အ​ယောင်များထွက်ပေါ်လာ၏။

အံ့ဩခြင်းသည် စက္ကန့်ပိုင်းမျှသာ ကြာမြင့်ခဲ့သည်။ ထိုအံ့ဩမှု့နေရာတွင် ရိုင်းစိုင်းကြမ်းတမ်းစွာ တိုက်ခိုက်လိုစိတ်တစ်ခုက အစားထိုးသွားသည်။

“ဟား... ဟား... ဟားဟားဟား။ အဟားဟားဟား။”

ထျန်ရှင်းလုထံမှ တုန်ရီသော ရယ်သံတစ်ခု စတင်ထွက်ပေါ်လာသည်။ ထိုရယ်သံသည် တဖြည်းဖြည်း ကျယ်လောင်လာပြီး ကောင်းကင်ကိုပင်ခွင်းဖောက်သွားမတတ် ဟိန်းထွက်လာတော့သည်။

ထိုရယ်သံထဲတွင် အံ့ဩခြင်းမပါ၊ ဒေါသမပါ၊ ကြောက်ရွံ့ခြင်းမပါချေ။ ပါဝင်သည်က တစ်ခုတည်းသာ... ရူးသွပ်သော သွေးဆာမှုနှင့် ပြိုင်ဘက်ကောင်းတစ်ယောက်ကို တွေ့လိုက်ရသည့် ကြမ်းကြုတ်သောပျော်ရွှင်မှုသာဖြစ်သည်။

သူ၏ရယ်သံကိုကြားသောအခါ လင်းရှောင်၏ နတ်ဆိုးအပြုံးသည် ပို၍နက်ရှိုင်းလာသည်။

သူ၏မျက်လုံးများက အရောင်တလက်လက်တောက်ပလာပြီး ထျန်ရှင်းလု၏ ရူးသွပ်မှုကို တုံ့ပြန်သည့်အနေဖြင့် သူကပါ ကျယ်လောင်စွာ ရယ်မောလိုက်သည်။

“ဟားဟားဟားဟားဟား”

သူတို့နှစ်ယောက်လုံး၏ ရယ်မောသံများသည် တိုက်ပွဲမြေပြင်တစ်ခုလုံးအား လွှမ်းခြုံသွား၏။ ထိုရယ်သံတို့သည် အသက်ကိုအသက်နှင့် လဲလှယ်ရန် အဆင်သင့်ဖြစ်နေသော သားရဲနှစ်ကောင်၏ ကြောက်မက်ဖွယ် ကြုံးဝါးသံများနှင့် တူလှသည်။

ရယ်သံများ ရုတ်တရက် ရပ်တန့်သွားသည်။

အချိန်နှင့်လောကကြီးက ရပ်တန့်သွားသယောင်...။

သူတို့၏မျက်လုံးများက တစ်ယောက်နှင့်တစ်ယောက် ချိတ်ဆက်သွားကြသည်။

ထျန်ရှင်းလု၏ မျက်ဝန်းထဲတွင် ရိုင်းစိုင်းသော ပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေပြီး လင်းရှောင်၏ မျက်ဝန်းထဲတွင်တော့ အဆုံးမရှိသော သတ်ဖြတ်လိုစိတ်နှင့် အေးစက်မှုတို့က လွှမ်းခြုံနေသည်။

စကားလုံးများမလို။ အမူအရာများမလို။

သူတို့သည် တစ်ယောက်နှင့်တစ်ယောက်၏ ရူးသွပ်မှုကို နားလည်အသိအမှတ်ပြုနေကြသည်။

ဤတိုက်ပွဲသည် အနိုင်အရှုံးအတွက်မဟုတ်တော့။ မည်သူက ပို၍ရူးသွပ်သည်၊ မည်သူက နာကျင်မှုကို ပို၍ခံနိုင်ရည်ရှိသည်၊ မည်သူက သေခြင်းတရားကို ပို၍မထီမဲ့မြင်ပြုနိုင်သည်ကို သက်သေပြရန်အတွက်သာ ဖြစ်တော့သည်။

ရုတ်တရက်....။

စကားတစ်ခွန်းမှ မဆိုကြဘဲ၊ အချက်ပြမှုတစ်စုံတစ်ရာမရှိဘဲ၊ သူတို့နှစ်ယောက်လုံးသည် တစ်ပြိုင်နက်တည်း ရှေ့သို့ တိုးဝင်လိုက်ကြသည်။

လင်းရှောင်၏ လက်သည်းများက ထျန်ရှင်းလု၏ နံရိုးထဲတွင် စိုက်ဝင်နေဆဲ။ ထျန်ရှင်းလုကလည်း ထိုလက်အား ဖယ်ရှားရန်မကြိုးစား။

ထိုအစား သူသည် သူ၏ခွန်အားရှိသမျှကိုသုံးကာ သူ၏နဖူးဖြင့် လင်းရှောင်၏ နဖူးအား အရှိန်ပြင်းစွာ ခေါင်းနှင့်ဝင်ဆောင့်လိုက်သည်။

“ခွပ်...။”

ကျောက်တုံးနှစ်တုံးအား ပြင်းထန်စွာ ရိုက်ခွဲလိုက်သကဲ့သို့ အသံနက်ကြီးတစ်ချက် ထွက်ပေါ်လာသည်။

နှစ်ယောက်လုံး၏ ဦးခေါင်းမှ သွေးများ ပန်းထွက်လာပြီး သူတို့၏ မြင်ကွင်းများက ခဏတာ ဝေဝါးသွားသည်။

ကမ္ဘာကြီးတစ်ခုလုံး ချာချာလည်သွားသလို ခံစားလိုက်ရသော်လည်း သူတို့၏ခြေထောက်များက မြေပြင်ပေါ်တွင် မြဲမြံစွာ ရပ်နေဆဲဖြစ်ပြီး သူတို့၏မျက်လုံးများက တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်နေဆဲပင်။

နာကျင်မှု....။

ထိုအရာသည် သူတို့အတွက် လောင်စာတစ်ခုသာဖြစ်သည်။

သွေးများစီးကျနေသော သူတို့၏ မျက်နှာများပေါ်တွင် ကြောက်မက်ဖွယ်အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။

နာကျင်မှုကို အံတုရင်း၊ သူတို့၏ နှုတ်ခမ်းများက ပို၍ပင် ရက်စက်စွာ တွန့်ကွေးသွားကြသည်။ သူတို့သည် နောက်သို့ မဆုတ်။ ရှောင်တိမ်းခြင်းမရှိ။

တစ်ယောက်၏ရူးသွပ်မှုက နောက်တစ်ယောက်၏ရူးသွပ်မှုကို မီးထိုးပေးနေသကဲ့သို့ သူတို့၏ သတ်ဖြတ်လိုစိတ်များက အထွတ်အထိပ်သို့ ရောက်ရှိသွားတော့သည်။

ဤသည်မှာ အရူးနှစ်ယောက်၏ အသက်ကို အပေါင်ဆုံးသော တိုက်ပွဲပင် ဖြစ်လေတော့သည်။

တစ်ချိန်တည်းတွင် ဇာတ်ရှိန်လျော့သွားသည့် တိုက်ပွဲက ပြန်လည်ပြီးတစ်ဖန်ထောင်မတ်လာကာ ၂ ယောက်သား အကြမ်းပတမ်းဆက်လက်ပြီး တိုက်ခိုက်ကြလေသည်။

စောင့်ကြည့်နေသည့်သူများ၏ မျက်လုံးတို့ကလည်း တောက်ပလာကြသည်။

ထျန်ရှင်းလုက လင်းရှောင်၏ခေါင်းအား ဘောလုံးတစ်လုံးကဲ့သို့တင်းကြပ်စွာ စုပ်ကိုင်လိုက်လေပြီး သူ၏ဒူးဖြင့်ခုန်တိုက်ချလိုက်လေသည်။

“ဒုန်းးးးး” အလွန်ကျယ်လောင်လှသော အသံကြီးထွက်ပေါ်လာပြီး လေအဟုန်များလည်းထွက်ပေါ်လာလေသည်။ လင်းရှောင်၏ နှာခေါင်းရိုးကကျိုးသွားလေပြီး အနက်ရောင်သွေးများစီးကျလာသည်။

ထျန်ရှင်းလုက ထိုမျှနှင့်ရပ်တန့်ခြင်းမရှိလေပဲ သူ၏တံတောင်ဆစ်ဖြင့် လင်းရှောင်၏မျက်နှာအား ရိုက်ချပြစ်လိုက်ပြန်သည်။

“ဒုန်းးးးး၊ ဒုန်းးးး၊ ဒုန်းးးးး”

၃ ကြိမ်ဆက်တိုက် လင်းရှောင်၏မျက်နှာအား တစ်တောင်ဆစ်ဖြင့် ရိုက်ချပြီးနောက်တွင် သွေးများက ရေတံခွန်လိုစီးကျလာသည်။

၄ ကြိ​မ်မြောက်တွင်တော့ လင်းရှောင်က ထျန်ရှင်းလု၏ တံတောင်ဆစ်အား ဖမ်းဆုပ်လိုက်၏။

“ဘန်းးး”

လင်းရှောင်က အနောက်သို့ခြေတစ်လှမ်းဆုတ်လိုက်ရသော်လည်း ထျန်ရှင်းလု၏ တံတောင်ဆစ်အား အောင်မြင်စွာ ဖမ်းစုပ်လိုက်မိသည်။

၂ ယောက်လုံးက အပြုံးမပျက်လေပဲ တစ်ယောက်နှင့်တစ်ယောက် အလွန်ရက်စက်ကြမ်းကြုတ်သော အကြည့်တို့ဖြင့် ခနတာ စိုက်ကြည့်နေကြသည်။

ထျန်ရှင်းလုက အံကြိတ်လိုက်လေပြီး သူ၏တံတောင်ဆစ်အား အရှေ့သို့တိုးရန်ကြိုးစားလိုက်၏။ ချက်ချင်းပဲ လင်းရှောင်က အနောက်သို့ ခြေ ၃ လှမ်းခန့်ဆုတ်လိုက်ရလေပြီး ထျန်ရှင်းလုနှင့်ထိပ်တိုက် ခွန်အားခြင်းယှဥ်ပြိုင်နေလိုက်သည်။

သူ၏ခြေလှမ်းတိုင်းသည် ကျော​က်သားမြေပြင်ထဲသို့ ၃ လက်မခန့်ကြွံကျသွားလေပြီး အက်ကွဲသံများထွက်ပေါ်လာလေသည်။

လင်းရှောင်က ရုတ်တရက် ထျန်ရှင်းလု၏နံရိုးထဲတွင်ရှိနေသည့် လက်ဝါးထိုးချက်အား အတွင်းထဲသို့ဆက်ထိုးလိုက်သည်။

ပြီးနောက်တွင် ထျန်ရှင်းလု၏ မေးရိုးသို့ သူ၏ခေါင်းဖြင့်ဝင်တိုက်ကာ နံရိုးမှလက်ဝါးထိုးချက်အားထုတ်၍ တစ်ပတ်လည်ကာ ထျန်ရှင်းလု၏ ရင်ဘတ်သို့ အဖြောင့်ကန်ချက်ဖြင့် ကန်ချပြစ်လိုက်သည်။

“ဘန်းးး” ဤနေရာတွင် ထိုးဖောက်ခြင်းမရှိသောကြောင့် ထျန်ရှင်းလုး မူလအဆင့်သံမဏိခန္ဓာက အစွမ်းပြလာလေသည်။

ခေါင်းတိုက်ချက် နှင့် ကန်ချက် ၂ ခုပေါင်း၏ ခွန်အားမှာမနည်းပဲ တန်ချိန် ၁၀၀ သံမဏိတုံးကြီးကိုပင် ၂ ပိုင်းကွဲသွားစေလောက်မည်အထိ အားကောင်းသည်။

သို့သော် ထျန်ရှင်းလုသည်တော့ အနည်းငယ်မူသားဝေသွားကာ အနောက်သို့ ခြေ ၃ လှမ်းသာဆုတ်ခွာလိုက်ရပြီး အပြုံးမပျက် အရှေ့သို့ပြန်တိုးဝင်လာလေ၏။

“ဟားဟားဟား....။”

သူကလက်သီးကိုစုပ်၍ လင်းရှောင်ကိုထိုးရန်ပြင်လိုက်သည့်အချိန်မှာပင် သူ၏နံရိုးမှဒါဏ်ရာက အသားပြန်ပြန်ဖြစ်တည်လာပြီး အလုံးစုံပြန်ကောင်းသွားသည်။

အခြားတစ်ဖက်မှ လင်းရှောင်သည်လည်း အပြုံးမပျက်ပဲ သွားဖြီးထားကာ လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ထား၍ ထျန်ရှင်းလုအား ထိုးချပြစ်လိုက်၏။

သူ၏နှာခေါင်းရိုးကျိုးထားသည့် ဒါဏ်ရာများသည်လည်း ထိုအချိန်ခနတာလေးမှာပင် အလုံးစုံပြန်ကောင်းသွားကြသည်။

ဤ ၂ ယောက်လုံးသည် အလွန်ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်နိုင်စွမ်း၊ အားကောင်းသော ပေါက်ကွဲအားတို့ကို ပိုင်ဆိုင်ထားသည်။

ထိုအချက် ၂ ခုတည်းဖြင့်ပင် သူတို့ ၂ ယောက်လုံးအား ထိပ်တန်းအဆင့်တိုက်ခိုက်သူများအဖြစ် မှတ်ယူထားနိုင်လေသည်။

သို့သော် ယခုအခါတွင်တော့ သူတို့ ၂ ယောက်လုံးတွင် လူမဆန်လွန်းသောကြောင့် ဆေးလူသားဟုပင် ခေါ်ဝေါ်ကြသည်အထိ အားကောင်းသော ပြန်လည်ကုသနိုင်စွမ်းကို ပိုင်ဆိုင်ထားကြပြန်သေး၏။

သူတို့ ၂ ယောက်လုံးသည် မည်သည့်ကျင့်ကြံသူမဆို ထိပ်တိုက်မတွေ့ချင်ကြသော နတ်ဆိုးအကြမ်းပတမ်းတိုက်ခိုက်ကြသူများဖြစ်သည်။

ယခုလို ၂ ယောက်သားထိပ်တိုက်တွေ့ဆုံကြသောအခါတွင် လယ်ပြင်တွင် ကျွဲ ၂ ကောင်ခတ်သကဲ့သို့ ထိပ်တိုက်တွေ့ကြပေတော့သည်။

“ဝုန်းးးးး”

အက်တမ်ဗုံးပေါက်ကွဲသွားသလို ပေါက်ကွဲသံကြီးနှင့်အတူ ဖုန်များထလာကာ ကျောက်သားမြေပြက်တွင် ပင့်ကူအိမ်သဏ္ဍာန်အက်ကွဲကြောင်းများက ၁၀ မီတာပတ်လည်ထွက်ပေါ်လာလေသည်။

“အုန်းးးး” မိုးကြိုးပြစ်ချလိုက်သလို အသံကျယ်ကြီးနှင့်အတူ မြေပြင်သည်လည်း ​အားကောင်းသည့် ငလျင်ကြီးလှုပ်သွားသကဲ့သို့ တုန်ခါသွားရသည်။

ကျွဲ ၂ ကောင်ခေတ်သည့်အခါ သေဆုံးရတတ်သည့် မြေစာပင်များလည်းရှိတတ်ပြီး အနီးနားမှပျက်စီးနေသော ယိုင်နဲနဲအဆောက်အဦးများက ပြိုကျလာကာ ကြောက်ရွံနေကြသည့် သေမျိုးပေါ်သို့ သွားပိကျကုန်လေသည်။

တစ်ချိန်တည်းတွင် ထိပ်တိုက်တွေ့ဆုံမှုမှ အနိုင်ရရှိသူတစ်ယောက်ထွက်ပေါ်လာလေ၏။ ဖုန်ထုကြီးကြားထဲမှ ထျန်ရှင်းလုက အမြောက်ကြီးတစ်ခုမှပြစ်လွတ်လိုက်ည့် အမြောက်ဆန်ကြီးလို အမြန်နှုန်းဖြင့်လွင့်ထွက်သွားကာ လမ်းတစ်လျောက်ရှိ အရာအားလုံးကို ဝင်တိုက်သွားသည်။

“ဝုန်းးးးး” တစ်ချိန်တည်းတွင် အသံထက်ပိုမြန်သည့် အရှိန်ကြောင့် အသံကျယ်ကြီးထွက်ပေါ်လာပြီး ဖုန်များရှင်းသွားကာ လင်းရှောင်ထွက်ပေါ်လာလေသည်။

သူ၏လက်သီးမှာ အက်ကွဲနေပြီး အရိုးဖြူများအားမြင်နေရကာ သွေးများကျစီးနေလေသည်။ သို့သော် အနက်ရောင်စွမ်းအင်များက ထိုဒါဏ်ရာနားတွင်စုပြုံလာလေပြီး ကုစားသွားရာ ဒါဏ်ရာက အရှင်းပျောက်သွား၏။

သူကလည်း အံမခန်းအမြန်နှုန်းဖြင့် လှုပ်ရှားလိုက်ရာ အမှောင်ထုထဲတွင် အနက်ရောင်အလင်းတန်းကြီးထွက်ပေါ်လာလေသည်။

တစ်ဖက်မှ ထျန်ရှင်းလု၏လက်သည်တော့ ရုပ်ပျက်ဆင်းပျက်ဖြစ်နေကာ ကောက်ကွေးနေလေ၏။

သူ၏ခန္ဓာကိုယ်က အလိုအလျောက် ထိုဒါဏ်ရာများအား အစွမ်းကုန်ကုစားနေသော်ငြား လင်းရှောင်လောက် မြန်ဆန်ခြင်းမရှိလေချေ။

သူ၏သံမဏိခန္ဓာကိုယ်အားအသက်သွင်းထားသည့် လက်ကိုပင် ဤမျှလောက် ရုပ်ပျက်ဆင်းပျက်ဖြစ်အောင်လုပ်နိုင်ခဲ့သည့် လင်းရှောင်၏ ခွန်အားသည် ကြောက်မက်ဖွယ်ကောင်းလှသည်။

“ဝုန်းးးး”

တစ်ချိန်တည်းတွင် လင်းရှောင်က အံမခန်းအမြန်နှုန်းဖြင့်ရောက်လာလေပြီး ယခုမှမြေပြင်​ပေါ်သို့ ပြန်ရပ်တည်နိုင်ပြီသော ထျန်ရှင်းလု၏ လည်မြိုသို့ လက်သည်းတို့ဖြင့် ဓားတစ်ချောင်းလို ထိုးချပြစ်လိုက်သည်။

ထိုလက်သည်းတို့တွင် ဓားတာအို၏အရိပ်အယောင်တို့ပါဝင်နေလေပြီး အထိုးဖောက်ခံရလျှင် ကျိန်း​သေပေါက် ထျန်ရှင်းလု၏ လည်မြိုက ၂ ပိုင်းပြဲသွားလိမ့်မည်ဖြစ်လေသည်။

“ဟားဟားဟား”

ထျန်ရှင်းလုက သေခြင်းနှင့်ကခုန်မှုအား ခုန်မင်လာလေပြီး အလျင်အမြန်ဘေးသို့ရှောင်လို​က်ရသည်။

“ရှီးးးး ဝုန်းးးးး” ပြစ်မှတ်အားမထိလိုက်​သော်လည်း လေဓားသည် လေထုကိုပိုင်းဖြတ်သွားသောအသံနှင့်အတူ မုန်တိုင်းတိုက်ခတ်သွားသကဲ့သို့ ​ဖုန်ထသွားသည်။

တစ်ချိန်တည်းတွင် ဘေးသို့သီသီကလေးရှောင်လိုက်နိုင်သည့် ထျန်ရှင်းလု၏ မျက်ဝန်းတို့က ကြုံ့ဝင်သွားလေသည်။

ချက်ချင်းပဲ သူ၏ဘယ်လက်လည်ပင်းတွင် ၁ စင်တီမီတာခန့်နက်ရှိုင်းသော ဓားရာကြီးထွက်ပေါ်လာကာ နီရဲနေသော သွေးများက ဖြာကျလာလေသည်။

ဓားလက်ဝါး နှင့် တိုက်ရိုက်မထိသွားသော်လည်း ဒါဏ်ရာရသွားသေး၏။ ထိုသည်ကနေတစ်ဆင့် လင်းရှောင်၏ လက်ဝါးသည် မည်မျှထက်ရှကြောင်း သိမြင်နိုင်သည်။

သူတို့ ၂ ယောက်က ထိုအခြေအနေတွင် ခဏတာရပ်တန့်သွား​​လေသည်။

လင်းရှောင်၏ သွေးနီရောင်ဘယ်မျက်ဝန်းက ထျန်ရှင်းလုအား စိုက်ကြည့်နေလေ၏။ ထျန်ရှင်းလုက ​လင်းရှောင်အား စိုက်ကြည့်နေသည်။

သူတို့ ၂ ယောက်အကြည့်ခြင်းဆုံသွားလေပြီး အချိန်က ခနတာရပ်တန့်သွားလေသည်။

လောကရဲ့အထွတ်အထိပ်သို့ အပိုင်း (၂၁၅ + ၂၁၆) ပြီး။

All Chapters