← Chapters

အခန်း (၂၂၁-၂၂၂)

Vol. 23 Ch. 221-222

အခန်း (၂၂၁-၂၂၂)

Vol. 23 Ch. 221-222

လောကရဲ့အထွတ်အထိပ်သို့ အပိုင်း (၂၂၁ + ၂၂၂)

"အုန်းးးးးး"

မျက်စိကျိန်းလောက်သည့် အဖြူရောင်အလင်းတန်းများက လင်းရှောင်၏ခန္ဓာကိုယ်ကို လုံးဝလွှမ်းခြုံမျိုချသွားသည့်တစ်ခဏ၌ ကမ္ဘာမြေကြီးတစ်ခုလုံးကို အစိတ်စိတ်အမွှာမွှာဖြစ်သွားစေနိုင်သည့်၊ နားကန်းမတတ် ကျယ်လောင်လွန်းလှသော ပေါက်ကွဲသံကြီးကလည်း ကမ္ဘာကြီးပေါက်ကွဲသွာသည့်နှယ် ထွက်ပေါ်လာသည်။

ထိုနေရာတွင် နေအသေးစားလေးတစ်လုံး ပေါက်ကွဲသွားသကဲ့သို့ မျက်စိစူးလှအောင် အားကောင်းသော အဖြူရောင်အလင်းတန်းများထွက်ပေါ်လာသည်။

ပေါက်ကွဲမှု၏ဗဟိုချက်မှ ထွက်ပေါ်လာသော အပူချိန်သည် အရာအားလုံးကို အရည်ပျော်ကျစေပြီး အဖြူရောင်စွမ်းအင်လုံးကြီးက လျင်မြန်စွာ ပျံ့ကားထွက်လာသည်။

ထျန်ရှင်းလု၏ မျက်နှာတွင် ထိတ်လန့်မှုတို့က အထင်းသားပေါ်လာသည်။

သူ၏ ဇော်ဂျီနတ်ဘုရားပုတီးကုံးကို အသက်သွင်းရန်ပင် အချိန်မရလိုက်။ ပေါက်ကွဲမှုမှလာသော ပထမဆုံးတုန်ခါမှုလှိုင်းက သူ့ထံသို့ ရောက်ရှိလာခဲ့သည်။

ထိုအရာသည် လေထုကိုပင် ဖိသိပ်တွန်းထုတ်လိုက်သည့် မမြင်ရသော စွမ်းအင်လှိုင်းကြီးဖြစ်ပြီး ပေါင်ချိန် ၁၀၀၀၀ သံတူကြီးဖြင့် အားကုန်ထုနှက်ခြင်းကို ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။

"ဝေါ့..."

ထျန်ရှင်းလု၏ ပါးစပ်မှ သွေးများပန်းထွက်သွားပြီး သူ၏ခန္ဓာကိုယ်သည် ကျည်ဆန်တစ်တောင့်ကဲ့သို့ နောက်သို့လွင့်စင်သွားသည်။

သူ၏ နားထဲတွင် တဝီဝီမြည်သံများသာ ကြားရပြီး မျက်လုံးထဲတွင်တော့ အဖြူရောင်အလင်းတန်းများသာ မြင်နေရသည်။ သူ၏ အသိစိတ်များပင် လွင့်ပါးသွားမတတ် ဖြစ်သွား၏။

သူ၏ခန္ဓာကိုယ်သည် လေထဲတွင် သစ်ရွက်ခြောက်လေးတစ်ရွက်ကဲ့သို့ အထိန်းအကွပ်မဲ့စွာ လွင့်ပါးသွားပြီး မီတာရာပေါင်းများစွာအကွာရှိ အဆောက်အအုံတစ်ခုနှင့် အရှိန်ပြင်းပြင်းဝင်ဆောင့်မိလေသည်။

"ဒုန်းးးး။"

အုတ်နံရံကြီးသည် ပင့်ကူအိမ်ကဲ့သို့ အက်ကွဲသွားပြီး ထျန်ရှင်းလု၏ ခန္ဓာကိုယ်က ကျောက်သားထဲသို့ နှစ်ဝင်သွားကာ သွေးများဖြင့် ရွှဲနစ်နေသော လူပုံသဏ္ဌာန်အပေါက်ကြီးတစ်ခု ဖြစ်ပေါ်သွားသည်။

သူ၏အရိုးများ မည်မျှကျိုးသွားသည်ကို မသိနိုင်တော့။ သူ၏အတွင်းကလီစာများပင် ဒဏ်ရာပြင်းထန်စွာရရှိသွားပြီး ပါးစပ်မှ သွေးခဲများရောယှက်နေသော အနီရောင်အရည်များကို အဆက်မပြတ်အန်ထုတ်နေမိသည်။

အချိန်အနည်းငယ်ကြာပြီးနောက် ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားသည်။

ထိုတိုက်ပွဲဖြစ်ပွားခဲ့ရာနေရာသည် လုံးဝပြောင်းလဲသွားခဲ့ပြီဖြစ်သည်။ မူလက သေမျိုးအဆောက်အဦးများရှိရာနေရာတွင် ယခုအခါ မိုင်ဝက်ခန့်ကျယ်ဝန်းပြီး အနက်ကိုမခန့်မှန်းနိုင်သော ချောက်နက်ကြီးတစ်ခုသာ ကျန်ရှိတော့သည်။

ချောက်နက်ကြီး၏ အလယ်ဗဟိုတွင် မြေကြီးများအားလုံးသည် အလွန်မြင့်မားသော အပူချိန်ကြောင့် အရည်ပျော်ကာ ပြန်လည်ခဲသွားသဖြင့် လင်းလဲ့တောက်ပနေသော ဖန်သားပြင်ကဲ့သို့ ဖြစ်နေသည်။

ပတ်ဝန်းကျင်ရှိ သစ်ပင်များ၊ ကျောက်တုံးကျောက်ဆောင်များ၊ အုပ်ကျိုးများ၊ သေမျိုးများ၏ အလောင်းများ၊ အရာအားလုံးသည် ပြာအဖြစ်သို့ပင်မရောက်လိုက်ပဲ အငွေ့ပျံပျောက်ကွယ်သွားခဲ့သည်။

ထိုနေရာသည် သေမင်းတမန်၏ လက်ဖြင့် ပွတ်သပ်ဖျက်ဆီးခြင်းခံလိုက်ရသည့်အလား ပျက်စီးနေလေသည်။

"အဟွတ်... အဟွတ်..."

ကျောက်ဆောင်နံရံတွင် ကပ်နေသော ထျန်ရှင်းလုသည် ပြင်းထန်စွာချောင်းဆိုးနေရင်း အသိစိတ်ပြန်ဝင်လာသည်။ သူသည် မနည်းအားယူ၍ သူ၏ခေါင်းကိုမော့လိုက်ပြီး ပျက်စီးနေသော ရှုခင်းကိုကြည့်ကာ မျက်လုံးများမှေးကျဥ်းသွားမိသည်။

သူ၏ခန္ဓာကိုယ်တစ်ခုလုံး နာကျင်ကိုက်ခဲနေသော်လည်း ထိုနာကျင်မှုများထက် သူ၏ရင်ထဲတွင် ထိတ်လန့်မှုက ပို၍ကြီးစိုးနေသည်။

သူသည် အားတင်းကာ ကျောက်နံရံမှ ခန္ဓာကိုယ်ကို ဆွဲထုတ်လိုက်ပြီး ဒယိမ်းဒယိုင်ဖြင့် မြေပေါ်သို့ဆင်းသက်လိုက်သည်။ သူ၏ခြေထောက်များက မခိုင်တော့ပဲ ဒူးတစ်ဖက်ထောက်ကျသွားသည်။

သူ၏အကြည့်များက ချောက်နက်ကြီး၏ အလယ်ဗဟိုဆီသို့ ရောက်သွားသည်။

ထိုနေရာတွင် မည်သည့်အရာမှမရှိ။ လင်းရှောင်၏ အရိပ်အယောင်၊ အဝတ်အစားစုတ်တစ်စ၊ သွေးတစ်စက်ပင် မကျန်ရစ်ခဲ့။

"သူသေသွားပြီလား...။" ထျန်ရှင်းလု မျက်မှောင်ကြုတ်သွားသည်။ တစ်ချိန်တည်းတွင် လီနာ နှင့် လုပ်ကြံသတ်ဖြတ်သာ ၂ ယောက်က သူ့ထံသို့အသည်းအသန်ပြေးလာသည်။

သူမတို့က ပေါက်ကွဲမှု၏အလယ်ဗဟိုနှင့်အတော်လေး ဝေးကွာ​သောကြောင့် ထိခိုက်ခြင်းမရှိကြချေ။

"အဟွတ်၊ အဟွတ်၊ အဟွတ်...။" သူကထရပ်ရန်ကြိုးစားလိုက်သောအခါ သွေးချောင်းဆိုးလိုက်ရလေပြီး ကိုယ်တွင်းအင်္ဂါအပိုင်းအစများပင်ပါရှိလေသည်။

သူ၏သွေးမျိုးဆက်စွမ်းအင်က ကုန်ခမ်းသွားလေပြီး သံမဏိခန္ဓာကိုယ်က ပျက်ပျယ်သွားလေသည်။ သွေးမိုးကြိုးဆေဘာခန္ဓာကိုယ်က အသက်ဝင်နေဆဲဖြစ်သော်လည်း အလွန်အားနည်းနေပြီဖြစ်သည်။

ထို့အတွက်ကြောင့် သူ၏ပြန်လည်ကုစားနိုင်စွမ်းသည် ထိုးကျသွားကာ ယခုအခါမတ်တပ်ပင် ကောင်းကောင်းမရပ်နိုင်တော့ချေ။

ထိုအချိန်တွင် လီနာက အနားသို့ရောက်လာလေပြီး ထျန်ရှင်းလုအား ကူတွဲပေးလိုက်သည်။ ပြီးနောက်တွင် အဖြူရောင်ဆေးလုံးအား သိုလှောင်လက်စွပ်ထဲမှထုတ်ယူကာ ထျန်ရှင်းလုအား တိုက်ကျွေးလိုက်သည်။

"သခင်၊ အဆင်ပြေပါရဲ့လား...။" ပုံမှန်ဆိုလျှင် အေးစက်စက်ဖြင့် ချောမောလှပ​နေတတ်သည့် လီနာ၏မျက်နှာအထက်တွင် စိုးရိမ်ပူပန်မှုတို့ဖြင့် ပြည့်နှက်လာလေသည်။

အဖြူရောင်ဆေးလုံးသည် ထျန်ရှင်းလု၏ ပါးစပ်ထဲသို့ဝင်ရောက်သွားသောအခါ ချက်ချင်းပင် အရည်ပျော်ကျသွားလေပြီး စွမ်းအင်များအဖြစ်သို့ သူ၏တစ်ကိုယ်လုံးသို့ ပျံနှံသွားသည်။

"ဟူးး...။ သူရော၊ ဘယ်မာလဲ...။" ထျန်ရှင်းလုက မတ်မတ်ရပ်လိုက်ပြီး မေးမြန်လိုက်သည်။ ချီသခင်ကြီးကိုပင် သေမင်းလက်မှပြန်လုယူနိုင်ခဲ့သည့် ဆေးလုံးဆိုသည့် အတိုင်းပင် ထျန်ရှင်းလု၏ ဒါဏ်ရာများသည် စက္ကန့်ပိုင်းအတွင်း အလုံးစုံပြန်ကောင်းသွားသည်။

ပိုကျန်ခဲ့သည့် စွမ်းအင်များသည်လည်း အလာဟသမဖြစ်လေပဲ သူ၏အားကုန်ခမ်းနေသော သွေးမျိုးဆက်စွမ်းအင်ကို အားဖြည့်ပေးလိုက်သည်။

စုစုပေါင်း ၄၀ ရာခိုင်နှုန်းခန့်ကိုပြန်ဖြည့်ပေးပြီးနောက်တွင် ဆေး၏အာနိသင်က ကုန်ဆုံးသွားလေသည်။ ထျန်ရှင်လုက သူ၏လက်သီးအား ကျစ်ကျစ်ပါအောင် စုပ်လိုက်သည်။

လီနာက ထျန်ရှင်းလု၏ အမေးအား ခေါင်းငုတ်၍ပြန်လည်ဖြေကြားလိုက်သည်။

"ဒီအစေခံ မမြင်လိုက်မိပါဘူး...။ တောင်းပန်ပါတယ်သခင်။"

ထျန်ရှင်းလုက တိတ်ဆိတ်သွားလေပြီး ဦးတည်ရာတစ်နေရာသို့ ကြည့်လိုက်သည်။ ထိုနေရာတွင် အကြီးအကဲချိုးသည် ခေါင်းပြတ်နေပြီး သွေးအိုင်ထဲတွင် ဒူးထောက်နေရလေ၏။

အကြီးအကဲဖန်း၏ ခန္ဓာကိုယ်သည်လည်း အလယ်မှ ၂ ပိုင်းပြတ်သွားကာ သွေးအိုင်ထဲတွင် လှဲကျနေလေသည်။ သိသာလှစွာပင် လီနာ၏စောင့်ကြပ်မှုမရှိတော့သောအခါတွင် ဓားစာခံ ၄ ယောက်က ပြေးသွားကြခြင်းဖြစ်ပေမည်။

ထျန်ရှင်းလုက ထို ၄ ယောက်အားလျစ်လျှူရှုလိုက်သည်။ မည်သည့်ပင်ဖြစ်စေကာမူ သူမတို့သည် သူ၏လက်ခုပ်ထဲမှ ရေသာဖြစ်သည်။

ထိုအချိန်တွင် ထျန်ရှင်းလုက အဝေးတစ်နေရာသို့အကြည့်ရောက်သွားလေ၏။ ပြိုကျလုနီးဖြစ်နေသည့် အဆောက်အဦးကြီး၏ ထိပ်ဆုံးတွင် ပညာရှင်တစ်ဦးနှယ်ရပ်နေသော အဘိုးကြီးတစ်ယောက်ရှိ​လေသည်။

ထိုအဘိုးကြီးသည် အညိုရောင်အင်မော်တယ် ဝတ်ရုံအားဝတ်ဆင်ထားလေပြီး သူ၏အဖြူရောင်ဆံပင်ပါးများက လေနှင့်အတူကခုန်နေလေသည်။

သူက အလွန်မာနကြီးသော မျက်လုံးတို့ဖြင့် လက်၂ဖက်ကို အနောက်သို့ပြစ်ကာ ပေါက်ကွဲမှု၏အလယ်ဗဟိုသို့စိုက်ကြည့်နေသည်။

ပေါက်ကွဲမှု၏အလယ်ဗဟိုတွင်တော့ ဘယ်တင်မက၊ ညာမျက်လုံးအပါအဝင် မျက်လုံး ၂ လုံး၊ လုံးက အနီရောင်ဖြစ်နေသည့် လင်းရှောင်ရှိနေလေသည်။

သူကမျက်နှာသေကြီးဖြင့်ရှိနေလေပြီး အဆောက်အဦးထိပ်မှ အဘိုးကြီးအားကြည့်နေသည်။ လင်းရှောင်၏ ဗိုက်နားရှိ ခန္ဓာကိုယ်တစ်ဝက်နီးပါးမှာ ပျောက်နေလေပြီး စေးကပ်နေသော အနက်ရောင်သွေးများက ဆက်တိုက်စီး​ကျနေသည်။

မှင်ကဲသို့စီးကပ်နေသော အနက်ရောင်အရည်များကလည်း လင်းရှောင်၏ဒါဏ်ရာကြီးအား အသည်းအသန်ကုသပေးနေ​လေသည်။

လင်းရှောင်၏ ပြန်လည်ကုစားနိုင်စွမ်းသည် ပို၍ပင်အစွမ်းထက်လာကာ ထိုကဲ့သို့ကြီးမားသည့် ဒါဏ်ရာကြီးက ၅ စက္ကန့်အတွင်း အရှင်းပျောက်သွားသည်။

အဆောက်အဦးထိပ်မှ အဘိုးကြီးသည်တော့ မျက်မှောင်ကြုတ်လိုက်မိသည်။ သူ၏အနောက်သို့ပြစ်ထားသော လက် ၂ ဖက်မှညာလက်သည်လည်း သွေးများဖြင့်စိုရွဲနေလေ၏။

သူ၏ညာဘက်လက်သည် လက်ကောက်ဝတ်မှစတင်၍ အဖြတ်ခံထားရကာ တုံးတိကြီးဖြစ်နေပြီး သွေးများက တစ်တောက်တောက်ဖြင့် ကျဆင်းနေသည်။

အဆင့် ၇ သေမျိုးတန်ခိုးရှင်တစ်ပါးဖြစ်သည် နှင့် အညီ သူ၏လက်ကောက်ဝတ်မှဒါဏ်ရာသည် သွေးတိတ်သင့်ပြီဖြစ်သည်။

သို့သော် အကြောင်းအရင်းတစ်ခုခုကြောင့် ယခုထက်ထိသွေးမတိတ်သေးလေပဲ ဆက်လက်ပြီးကျဆင်းနေသေးသည်။

ပတ်ဝန်းကျင်က တိတ်ဆိတ်​နေသည်။

လောကရဲ့အထွတ်အထိပ်သို့ အပိုင်း (၂၂၁ + ၂၂၂) ပြီး။

All Chapters