← Chapters

အခန်း (၂၂၇-၂၂၈)

Vol. 23 Ch. 227-228

အခန်း (၂၂၇-၂၂၈)

Vol. 23 Ch. 227-228

လောကရဲ့အထွတ်အထိပ်သို့ အပိုင်း (၂၂၇ + ၂၂၈)

အီဗိုကျင့်ကြံခြင်းစနစ်တွင် အဆင့်ကြီး ၄ ဆင့်ရှိသည်။ ပထမအဆင့်သည် ကိုယ်ခံပညာရှင်အဆင့်ဖြစ်သည်။

ဤအဆင့်တွင် ဝိညာဉ်စွမ်းအင်၏အကူအညီဖြင့် သန်မာသောကိုယ်ခန္ဓာအားတည်ဆောက်ရကာ အတွင်းအားကို ကျွမ်းကျင်သည်အထိ လေ့ကျင့်ရသည်။

ကိုယ်ခံပညာရှင်အဆင့်၏ အထွတ်အထိပ်ဖြစ်သော သိုင်းထိပ်သီးအဆင့်သို့ရောက်လျှင်တော့ ဝိညာဉ်သားရဲများအား အမဲလိုက်ကာ ဝိညာဉ်အရိုးကိုဝါးမြို၍ ဝိညာဉ်သခင်အဆင့်သို့တတ်ရောက်နိုင်သည်။

ဝိညာဉ်သခင်အဆင့်တွင် ဝိညာဉ်ကွင်း ၄ ကွင်းအားတည်ဆောက်ရမည်ဖြစ်ပြီး စုစုပေါင်း ဝိညာဉ်အရိုး ၄ ချောင်းကိုဝါးမြိုရမည်ဖြစ်သည်။

ဤနေရာတွင် ကြုံရာကျပန်းဝိညာဉ်အရိုးများအား ဝါးမြို၍မရချေပဲ မိမိနှင့်ကိုက်ညီမည့် ဝိညာဉ်အရိုးများကိုသာဝါးမြိုရမည်ဖြစ်သည်။

ဥပမာအားဖြင့် ဒီဇင်ဘာလတွင်မွေးဖွားသူများသည် မြွေအမျိုးအစားထဲတွင်ပါရှိကြသည်။ ထိုအခါ မြွေအမျိုးအစားသတ္တဝါများဖြစ်သည့်၊ မြွေ၊ ပုတ်သင်၊ ကင်းလိပ်လျောတို့သာမက နဂါးများကိုပင်အမဲလိုက်နိုင်ကာ ကိုက်ညီသည့် ဝိညာဉ်အရိုးများကိုဝါးမြိုနိုင်ကြသည်။

ဒီဇင်ဘာလတွင်မွေးဖွားလာပြီး မကိုက်ညီသည့် ဝံပုလွေများ၏ဝိညာဉ်အရိုးကိုဝါးမြိုရန်ကြိုးစားပါက အောင်မြင်ရန် အလွန်ခက်ခဲသည်။

အကယ်၍ အောင်မြင်သွားသည့်အခါတွင်လည်း အစွမ်းကုန်အသုံးမပြုနိုင်ပဲ အဆင့်တူများနှင့်ယှဥ်လျှင် အလွန်အားနည်းနေလိမ့်မည်ဖြစ်သည်။

ထို့အတွက်ကြောင့် အီဗိုကျင့်ကြံခြင်းလမ်းစဥ်ကိုလိုက်စားသောသူများသည် သူတို့၏မွေးလအပေါ်မူတည်၍ ကိုက်ညီသော ဝိညာဉ်သားရဲများကို အမဲလိုက်ကြပြီး ဝိညာဉ်အရိုးများကိုဝါးမြိုကြသည်။

ဇန်နဝါရီလသည် ခွေးနှစ်ဖြစ်သည်။ ထို့အတွက်ကြောင့် ခွေး၊ ဝံပုလွေ၊ မြေခွေး၊ တောခွေးစသည့် ဝိညာဉ်သားရဲများကို အမဲလိုက်နိုင်သည်။

ဖေဖော်ဝါရီလသည် ဆိတ်နှစ်ဖြစ်ပြီး၊ တောဆိတ်၊ တောသိုး၊ တောင်ဆိတ် သည့်ဝိညာဉ်သားရဲများကို အမဲလိုက်နိုင်သည်။

မတ်လသည် နွားမျိုးနွယ်နှစ်ဖြစ်သည်။ ထို့အတွက်ကြောင့် တောနွား၊ တောရိုင်းနွားသိုး၊ ကျွဲ၊ သားမင်း ကဲ့သို့သော ဝိညာဉ်သားရဲများကို အမဲလိုက်နိုင်သည်။

ဧပြီလသည် ဝက်ဝံမျိုးနွယ်နှစ်ဖြစ်သည်။ ထို့အတွက်ကြောင့် ဝက်ဝံ၊ ပန်ဒါ ကဲ့သို့သော ဝိညာဉ်သားရဲများကို အမဲလိုက်နိုင်သည်။

မေလသည် သမင်မျိုးနွယ်နှစ်ဖြစ်သည်။ ထို့အတွက်ကြောင့် သမင်၊ ဒရယ်၊ ချေ၊ ကဲ့သို့သော ဝိညာဉ်သားရဲများကို အမဲလိုက်နိုင်သည်။

ဇွန်လသည် ကြောင်မျိုးနွယ်နှစ်ဖြစ်သည်။ ထို့အတွက်ကြောင့် ကျား၊ ခြင်္သေ့၊ ကျားသစ်၊ ပန်တာ ကဲ့သို့သော ဝိညာဉ်သားရဲများကို အမဲလိုက်နိုင်သည်။

ဇူလိုင်လသည် မျောက်မျိုးနွယ်နှစ်ဖြစ်သည်။ ထို့အတွက်ကြောင့် လူဝံ၊ ဂေါ်ရီလာ၊ မျောက်လွှဲကျော်၊ မျောက်ဝံ ကဲ့သို့သော ဝိညာဉ်သားရဲများကို အမဲလိုက်နိုင်သည်။

လူသားများသည်လည်း မျောက်မျိုးနွယ်ဝင်ဖြစ်သည်။

ထို့အတွက်ကြောင့် လူသားများကိုပင် ​​အမဲလိုက်နိုင်သော်လည်း သိသာလှစွာပင် ထိုသည်ကိုတားမြစ်ထားသည်။

ဩဂုတ်လသည် မြင်းမျိုးနွယ်နှစ်ဖြစ်သည်။ ထို့အတွက်ကြောင့် တောမြင်း၊ မြင်းကျား ကဲ့သို့သော ဝိညာဉ်သားရဲများကို အမဲလိုက်နိုင်သည်။

စက်တင်ဘာလသည် ဆင်မျိုးနွယ်နှစ်ဖြစ်သည်။ ထို့အတွက်ကြောင့် ဆင်၊ အမွှေးရှည်ဆင်ကဲ့သို့သော ဝိညာဉ်သားရဲများကို အမဲလိုက်နိုင်သည်။

အောက်တိုဘာလသည် ကြွက်မျိုးနွယ်နှစ်ဖြစ်သည်။ ထို့အတွက်ကြောင့် တောကြွက်၊ ပွေး၊ တဲ့၊ ရှဉ့် ကဲ့သို့သော ဝိညာဉ်သားရဲများကို အမဲလိုက်နိုင်သည်။

နိုဝင်ဘာလသည် ငှက်မျိုးနွယ်နှစ်ဖြစ်သည်။ ထို့အတွက်ကြောင့် လင်းယုန်၊ သိမ်းငှက်၊ ဖီးနစ်၊ ဂဠုန် ကဲ့သို့သော ဝိညာဉ်သားရဲများကို အမဲလိုက်နိုင်သည်။

ဒီဇင်ဘာလသည် မြွေမျိုးနွယ်နှစ်ဖြစ်သည်။ ထို့အတွက်ကြောင့် စပါးကြီးမြွေ၊ မြွေဟောက်၊ အနာကွန်ဒါ၊ နဂါး ကဲ့သို့သော ဝိညာဉ်သားရဲများကို အမဲလိုက်နိုင်သည်။

ထျန်ရှင်းလုသည် ဒီဇင်ဘာလတွင်မွေးဖွားသူဖြစ်သည်။ ထို့အတွက်ကြောင့် သူသေမျိုးတန်ခိုးရှင်အဆင့်သို့တတ်ရောက်ဖို့အတွက် မြွေမျိူးနွယ်ဝင်များအား အမဲလိုက်ဖို့လိုအပ်လိမ့်မည်ဖြစ်သည်။

ဝိညာဉ်သခင်အဆင့်ပြီးလျှင်တော့ သေမျိုးဆင့်ကဲပြောင်းလဲခြင်းအဆင့်ရှိသည်။ ဤအဆင့်အား သေမျိုးတန်ခိုးရှင်အဆင့်ဟူ၍လည်းခေါ်ဆိုကြလေ၏။

ဤအဆင့်သို့တတ်ရောက်ရန်အတွက် ဝိညာဉ်ကွင်း ၄ ကွင်းအားစုပေါင်းကာ ဆင့်ကဲပြောင်းလဲခြင်းမျိုးစေ့အား ဖန်တီးရမည်ဖြစ်သည်။

တန်ခိုးရှင်မျိုးစေ့ဟူ၍လည်း အလွယ်တကူခေါ်ဆိုကြသည်။ ထိုမျိုးစေ့အားဖန်တီးရန်မှာ အလွန်မြင့်မားသော ဉာဏ်အလင်းအား လိုအပ်သလို ကံလည်းလိုအပ်သည်။

သေမျိုးတန်ခိုးရှင်အဆင့်သည် ကျင့်ကြံသူတိုင်းတွေ့ရမည့် သံမဏိတံတိုင်းကြီးတစ်ခုဖြစ်သည်။ ပြိုင်စံရှားပါရမီရှင်များပင် အဆင့်တတ်ရန် ကျရှံးတတ်ကြ၏။

ထို့အတွက်ကြောင့် သေမျိုးတန်ခိုးရှင်အဆင့်များသည် အလွန်ရှားပါးလှသည်။ တန်ခိုးရှင်မျိုးစေ့အား အောင်မြင်စွာတည်ဆောက်ပြီးနောက်တွင် ကိစ္စများက စိတ်ဝင်စားစရာကောင်းလာသည်။

သေမျိုးတန်ခိုးရှင်များသည် ဆင့်ကဲပြောင်းလဲရာတွင် သူတို့၏ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်များက ပြောင်းလဲသွားတတ်ကြသည်။

အားနည်းပြီး အလားအလာနည်းသည့် သေမျိုးတန်ခိုးရှင်များ၏ ရုပ်ပိုင်ဆိုင်ရာအသွင်အပြင်များသည်တော့ ပြောင်းလဲမှုနည်းပါးသည်။ အလုံးစုံမပြောင်းလဲသွားသည့် အခြေအနေများသည်ပင် မရှားပါးချေ။

ရှောင်ဘိုးဘေးကဲ့သို့ အဆင့်တတ်ပြီးပြီးခြင်းမှာပင် မြွေအကြေးခွံများပေါ်လာသည်မှာ အလွန်ရှားပါးသည်။

သူမအနေဖြင့် လုံလောက်သော အရင်းအမြစ်သာရှိပါက အထွတ်အထိပ်တန်ခိုးရှင်အဆင့်ကို ရောက်ရှိမည်ဆိုတာ ကျိန်းသေပေါက်ပင်ဖြစ်သည်။

ယခုအခါတွင် တောင်တန်းဘုရင်၏ အပြင်ပန်းရုပ်ပိုင်းဆိုင်ရာအသွင်အပြင်သည် အလုံးစုံလူသားအတိုင်းသာဖြစ်သည်။

သို့သော် အပြင်ပန်းက မပြောင်းသွားသော်လည်း အတွင်းပိုင်းခန္ဓာကိုယ်ကတော့ မပြောင်းလဲဘူးဟူ၍မပြောနိုင်လေချေ။

တောင်တန်းဘုရင်၏သိုင်းဝိညာဉ်သည် လေစွမ်းအင်အထူးပြု တိမ်သမင်ဖြစ်သည်။ သိုင်းဝိညာဉ်ဆိုသည်မှာ တန်ခိုးရှင်မျိုးစေ့၏ရလာဒ်ဖြစ်သည်။

တောင်တန်းဘုရင်၏ အပြင်ပန်းအသွင်အပြင်က မပြောင်းလဲသွားသော်လည်း သူ၏အာသီးကတော့သန္ဓေပြောင်းလဲသွားကာ လေဓားများကိုထုတ်ဖော်နိုင်သည့် စွမ်းရည်တစ်ခုအား ရရှိခဲ့သည်။

လေဓားများအား သူဘာသာသူပင် ဝိညာဉ်စွမ်းအင်ကို အသုံးပြု၍ အလွယ်တကူထုတ်ဖော်နိုင်သော်လည်း အာသီးမှလေးဓားလောက်တော့ မမြန်သလို၊ ထက်ရှမှုလည်းရှိမည်မဟုတ်ချေ။

ဤကဲ့သို့သောစွမ်းရည်များအား သေမျိုးတန်ခိုးရှင်အဆင့် ၇ ဆင့်လုံးတွင် အဆင့် ၁ ဆင့်တတ်တိုင်း ၁ ကြိမ်ရနိုင်ရန် အခွင့်အရေးရှိသည်။

စုစုပေါင်း အခွင့်အရေး ၇ ကြိမ်ဖြစ်ကာ ကံအပေါ်လုံးဝမူတည်သည်။ မည်မျှပင် ပါရမီရှိနေပါစေ အခွင့်အရေး ၇ ​ကြိမ်လုံးတွင် မည်သည့် စွမ်းရည်မှ မနိုးထလာသည်လည်း ဖြစ်နိုင်သည်။

ပါရမီနိမ့်ပါးသော သာမန်သေမျိုးတန်ခိုးရှင်များသည် ၇ ​ကြိမ်ဆက်တိုက်စွမ်းရည်များနိုးထလာပြီး အဆင့်တူတွင် ပြိုင်ဘက်ကင်းဖြစ်သွားသောသူများသည်လည်း သမိုင်းတွင် ၅ ကြိမ်ထက်မနည်းထွက်ပေါ်လာဖူးသည်။

တောင်တန်းဘုရင်၏ အာသီးလေဓားစွမ်းရည်သည် အတော်လေး အားကောင်းလေပြီး မည်သည့်အဆင့် ၇ သေမျိုးတန်ခိုးရှင်မဆို သတိထားရလိမ့်မည်ဖြစ်သည်။

“မင်းငယ်ပါသေးတယ် ကောင်လေးရာ။”

တောင်တန်းဘုရင်က သူ၏လည်ပင်းမှ စုတ်ပြတ်သွားသော အဝတ်စကို လက်ဖြင့်ဖယ်ရှားရင်း အေးစက်စွာ ရေရွတ်လိုက်သည်။

လင်းရှောင်ကိုသတ်ပြီးနောက်တွင် တောင်တန်းဘုရင်က ထျန်ရှင်းလုအား တစ်ချက်လောက်ကြည့်လိုက်သေး၏။ ထျန်ရှင်းလုမသေသေးကြောင်း သူတွေ့လိုက်ရသောအခါ လှောင်ရယ်လိုက်လေပြီး ထွက်ခွာရန်လုပ်လိုက်သည်။

သူ၏နန်းတော်ကြီးတွင် မျိုးဆက် ၇ ဆက်သုံးမကုန်နိုင်သော စည်းစိမ်များ နှင့် မိုင် ၁ သိန်းပတ်လည်မှ အလှလေးများအား မြည်းစမ်းရဦးမည်ဖြစ်သည်။

သို့သော် တစ်ခုခုမှားနေသည်။ တောင်​တန်းဘုရင်က သူ၏လေးလံနေသော စိတ်ကြောင့်မျက်မှောင်ကြုတ်သွားလေသည်။

သူတစ်ခုခုကို မေ့နေသည်လော....။

ရုတ်တရက် သူ၏အလွန်တန်ဖိုးကြီးလှသော အသက်ကယ်ရတနာက အသက်ဝင်လာသောကြောင့် တောင်တန်းဘုရင်မျက်လုံးပြူးသွားသည်။

လောကရဲ့အထွတ်အထိပ်သို့ အပိုင်း (၂၂၇ + ၂၂၈) ပြီး။

All Chapters