← Chapters

စူးစမ်းရှာဖွေရေးအချက်အလက်

Vol. 73 Ch. 1442

စူးစမ်းရှာဖွေရေးအချက်အလက်

Vol. 73 Ch. 1442

" ခြွင်းချက် လုပ်ပေးရမှာတဲ့လား။ ဘယ်လိုလုပ် ခြွင်းချက် လုပ်ပေးနိုင်မှာလဲ။ ဒါက ငါတို့ဆိုင်ရဲ့ ရတနာလေ။ ကျွမ်းကျင်သူက အကဲဖြတ်ထုတ်ပေးထားတဲ့ သက်သေခံ လက်မှတ်လည်းရှိတယ်။ ငါ နင်တို့ကို ငွေညှစ်နေတာ မဟုတ်ဘူး "

သူဌေးမသည် စားပွဲပေါ်သို့ လက်မှတ်ကို ရိုက်ချပြီး ပြောလိုက်သည်။

ကျိုးချန်းချင်းသည် စာရွက်ကို ကောက်ယူကြည့်လိုက်ရာ ကျွမ်းကျင်သူတစ်ဦးထံမှ အကဲဖြတ်ထားသည့် သက်သေခံစာဖြစ်နေကြောင်း တွေ့လိုက်ရသည်။

ဤပန်းအိုးသည် ယွမ်မင်းဆက်မှ အပြာအဖြူစပ် ကြွေထည်အစစ်ဖြစ်ပြီး တန်ဖိုးငွေမှာ ယွမ် ၃.၂သန်း ရှိသည်ဟု ဆိုထားသည်။

သူ ဘာလုပ်ရမည်ကို မသိတော့ပေ။

ပန်းအိုးသည် သူ့အမေကြောင့် ကျိုးသွားသည်ဖြစ်ရာ ဆိုင်ကို လျော်ကြေးပေးရမည်မှာ သေချာသည်။

သို့သော် သုံးသန်းသည် သူ တတ်နိုင်သည့်ပမာဏ မဟုတ်ချေ။

သူတို့မိသားစုရှိ ပစ္စည်းများ အကုန်ရောင်းလျှင်ပင် ထိုမျှထိ ပိုက်ဆံအများကြီး မစုနိုင်ပေ။

ထိုအခိုက်အတန့်တွင် သူ့စိတ်ထဲ၌ ယဲ့ဖန်၏ ပုံရိပ် ရုတ်တရက် စိတ်ထဲပေါ်လာသည်။

ကြုံခဲ့သည့်နှစ်ရက်အတွင်း ထိုသူဌေး၏ ယုံကြည်မှုရှိသော စကားလုံးများနှင့် အပြုအမူများကို စူးစမ်းရှာဖွေရေးအဖွဲ့ရှိ လူတိုင်းက ချီးကျူးခဲ့ကြသည်။

အဲ့သူဌေးက ဘာလို့ အဲ့လောက်တောင် ယုံကြည်ချက်တွေ ပြည့်နေရတာလဲ။

သူ ချမ်းသာလို့ မဟုတ်လား။

ဘာကိုမှ စိတ်ပူနေစရာ မလိုလောက်ဘူး။

ယွမ်သုံးသန်းဆိုသော ပမာဏသည် ယဲ့လူကြီးမင်းအတွက် အရေးမပါလောက်ပေ။

သို့သော် သူ့အတွက် ဤသည်မှာ မိုးလောက်မြင့်သော ပမာဏတစ်ခုဖြစ်သည်။

ထိုအချိန်တွင် သူသည် ယဲ့ဖန်ကို အလွန်မနာလိုဖြစ်မိသည်။

ဆိုင်မှ သူဌေးမသည် လက်ကို ခါးပေါ်တင်ပြီး သူ့ကို စိုက်ကြည့်နေသည်။

" ဘာလဲ၊ မတတ်နိုင်ဘူးလား

မတတ်နိုင်ရင် မကိုင်ခဲ့နဲ့ပေါ့ "

" မြန်မြန် ငွေထုတ်ပေး။ မပေးရရင် ငါ ရဲခေါ်ပြီး နင်တို့ကို ဖမ်းမယ် "

" တစ်ယောက်ယောက်ကို ဖမ်းချင်ရင် ငါ့ကိုဖမ်း။ ငါ့သားနဲ့ ဘာမှမဆိုင်ဘူး “

အမေကြီးကျိုးသည် ရှေ့မှရပ်ပြီး သူ့သားကို ကာကွယ်သည်။

ကျိုးချန်းချင်းမှ သူမကို အမြန်ဆွဲထုတ်လိုက်သည်။

" အမေ၊ တစ်ယောက်ယောက် သွားရမယ်ဆို ကျွန်တော်က သွားသင့်တာပေါ့။ အမေ့ကို လုပ်ခိုင်းလို့ ဘယ်လိုလုပ်ရမှာလဲ "

" ချန်းချင်း၊ နင်က ငယ်သေးတယ်။ ငါက အသက်ကြီးနေပြီ။ ထောင်ကျရမှာကို မကြောက်ဘူး "

" အမေ ...... "

သူတို့နှစ်ယောက် အပြန်အလှန် ကာကွယ်နေကြသည်ကို မြင်ပြီး သူဌေးမက ဒေါသထွက်သွားပြန်သည်။

သူမသည် စားပွဲကို ဆောင့်ရိုက်လိုက်ပြီး ပြောလိုက်သည်။

" ဒီသားအမိဇာတ်ကနေတာတွေကို ရပ်လိုက်။ မြန်မြန် ငွေပေးနိုင်မယ့်နည်းကိုသာ တွေး "

ကျိုးချန်းချင်းနှင့် သူ့အမေတို့ စဉ်းစားရကြပ်နေချိန် ဝဖိုင့်သည့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ဆိုင်အတွင်းထဲမှ ထွက်လာခဲ့သည်။

" ဟန်နီ၊ ခွင့်လွှတ်ပေးလိုက်ပါ။ သူတို့က တော်တော်လေး သနားဖို့ကောင်းပါတယ်။ သူတို့ကို ခက်ခဲအောင် မလုပ်ပါနဲ့ "

ထိုလူကြီးသည် သူဌေးမကို ထိုသို့ပြောလိုက်ပြီး ဤရှေးဟောင်းပစ္စည်းဆိုင်၏ ပိုင်ရှင်ဖြစ်ပုံရသည်။

လူအုပ်ထဲရှိ ယဲ့ဖန်၏ နှုတ်ခမ်းမှာ ကွေးတက်သွားသည်။

လူဆိုးနဲ့ လူကောင်းတွဲလာတာပဲ။ လုပ်ရိုးလုပ်စဉ်အတိုင်းပါလား။

ထိုစကားကို ကြားသောအခါ သူဌေးမက ဒေါသထွက်သွားသည်။

သူမသည် ထိုသူဌေး၏နှာခေါင်းကို ညွှန်ပြပြီး ကြိမ်းမောင်းသည်။

" ဝမ်သာ့ဖား၊ ရှင် ဒီမှာ ဘယ်သူ့ဘက်လိုက်ပြောနေတာလဲ "

" သူတို့ကို ခက်ခဲအောင်လုပ်တယ်ဆိုတာ ဘာကို ဆိုလိုတာလဲ။ ဒါက ယွမ်သုံးသန်းကျော်တန်ဖိုးရှိတဲ့ ကြွေပန်းအိုးပါ။ ကျွန်မတို့က ဒါကို ဒီအတိုင်းထားပေးလိုက်သင့်တယ်လို့ ပြောနေတာလား "

ဆိုင်ရှင်ယောက်ျားမှ သက်ပြင်းရှည်ချလိုက်သည်။

" သူတို့က သနားစရာပါ။ သုံးသန်းကျော် ဘယ်ကနေ ရနိုင်မှာလဲ။ သူတို့ကို သေအောင် အတင်းအကြပ် ခိုင်းနေတာနဲ့ မတူဘူးလား "

အမေကြီးကျိုးသည် ဆိုင်ပိုင်ရှင်ယောက်ျားကို ကျေးဇူးတင်စွာဖြင့် ကြည့်လိုက်သည်။

" သူဌေး၊ ရှင်က တကယ်ကို လူကောင်းပဲ။ ကျွန်မတို့လို မိသားစုက ယွမ်သုံးသန်းလောက် ရှိမယ်လို့ ထင်လို့လား။ ကျေးဇူးပြုပြီး ကျွန်မတို့ကို လျော့ပေါ့ပေးပါ "

ဆိုင်ရှင်ယောက်ျားမှ သက်ပြင်းချလိုက်သည်။

" စိတ်မပူပါနဲ့ အစ်မကြီး။ တတ်နိုင်သလောက်ပဲ လျော်ကြေးပေးပြီး ကျန်တာကို မေ့လိုက်ပါ "

" မေ့လိုက်ပါ၊ ဟုတ်လား။ ကျွန်မတို့က ဘာလို့ လွှတ်ပေးရမှာလဲ။ ဝမ်သာ့ဖား ရှင်ကသူရဲကောင်းဝင်လုပ်နေတာလား "

ဆိုင်ရှင်သူဌေးမသည် ရှေ့ထွက်လာပြန်သည်။

ဆိုင်ရှင်ယောက်ျား၏ကိုင်တွယ်ပုံကို သူမ မကျေနပ်ချေ။

" ပါးစပ်ပိတ်ထား။ မင်း ထပ်ပြီး မဟုတ်တဲ့ စကားတွေ ပြောနေရင် ငါ မင်းကို မရိုက်ဘူး ထင်နေလား "

ထိုသူဌေး၏ ဒေါသသည်လည်း တိုးလာသည်။

သူသည် သူဌေးမကို လက်ညှိုးထိုးပြီး ကြိမ်းမောင်းနေသည်။

သူဌေးမသည် ချက်ချင်း ထိုင်ခုံပေါ်ထိုင်ပြီး တခြားဘက်ကို လှည့်သွားသည်။

ဆိုင်ရှင်သူဌေးသည် သူမကို ဂရုမစိုက်တော့ပေ။

သူသည် လှည့်ပြီး ကျိုးချန်းချင်းစီသို့ လျှောက်သွားသည်။

" သူမကို စိတ်ထဲမထားနဲ့။ ဒီမိန်းမက

ဆံပင်ရှည်ပေမယ့် ဗဟုသုတနည်းတယ် "

" သူဌေး၊ ရှင်က အရမ်းသဘောကောင်းတဲ့လူပဲ "

ကျိုးချန်းချင်းသည် သူဌေးကို ကျေးဇူးတင်နေသလို အပြစ်ရှိသလိုလည်း ခံစားခဲ့ရသည်။

သူဌေးသည် သူတို့ကြောင့် သူဌေးမဖြင့် သဘောထားကွဲလွဲနေသည်။

ထိုသည်က သူ့ကို အလွန်စိတ်မသက်မသာဖြစ်စေသည်။

ဆိုင်ပိုင်ရှင်ယောက်ျားသည် သူ့အိတ်ကပ်ထဲမှ ဟွမ်းဇီဆေးလိပ်တစ်လိပ်ကို ထုတ်ယူပြီး တစ်လိပ်ကို ပေးလိုက်သည်။

ကျိုးချန်းချင်းသည် ဆေးလိပ်မသောက်သော်လည်း ဆိုင်ပိုင်ရှင်မှ ပေးသည့်အတွက်ကြောင့် မျက်နှာထောက်ထားကာ ချက်ချင်း လက်နှစ်ဖက်ဖြင့် လက်ခံလိုက်သည်။

ဆိုင်ပိုင်ရှင်သည် သူ့ဆေးလိပ်ကို မီးညှိပြီးနောက် မသိမသာ မေးသည်။

" ညီလေး၊ မင်း ဘာလုပ်ငန်းလုပ်နေတာလဲ "

" ကျွန်တော် စူးစမ်းရှာဖွေရေးအဖွဲ့မှာ အလုပ်လုပ်နေတာပါ။ ကျွန်တော့်နာမည်က ကျိုးချန်းချင်းပါ "

ကျိုးချန်းချင်းသည် ဘာမှ မဖုံးကွယ်ဘဲ သူ့ကိုယ်သူ ချက်ချင်း မိတ်ဆက်လိုက်သည်။

" စူးစမ်းရှာဖွေရေးအဖွဲ့လား။ အဲ့ဒါက အရမ်းခက်တယ်မဟုတ်လား "

ရှေးဟောင်းပစ္စည်းဆိုင်ပိုင်ရှင်မှ စူးစမ်းစွာ မေးသည်။

" ဒီလိုပဲ၊ အဆင်ပြေပါတယ် "

ကျိုးချန်းချင်းသည် သူ့အလုပ်အကြောင်း သိပ်မပြောချင်ပေ။

သို့သော် ဝမ်သာ့ဖားသည် သူ့အလုပ်နှင့်ပတ်သက်၍ အလွန်သိချင်ပုံရသည်။

ထို့နောက် ဆက်၍မေးသည်။

" မင်းတို့ တာဝန်တွေ ခဏခဏ သွားရတာလား "

" ဟုတ်ကဲ့ "

ကျိုးချန်းချင်း ခေါင်းညိတ်လိုက်သည်။

ဤသူဌေးသည် အနည်းငယ် ထူးဆန်းသည်ဟု သူ ခံစားမိသည်။

ဘာလို့ သူ့အလုပ်အကြောင်းကို ဆက်တိုက်မေးနေတာလဲ။

" လွန်ခဲ့တဲ့နှစ်ရက်က တာဝန်တစ်ခု သွားရသေးလား "

ဝမ်သာ့ဖား ထပ်မေးသည်။

ကျိုးချန်းချင်း ရုတ်တရက် သတိကပ်လာပြီး စိတ်ရှုပ်ထွေးစွာဖြင့် ဆိုင်ရှင်ကိုကြည့်လိုက်သည်။

" ဘာလို့ ဒီလိုမေးတာလဲ "

" ငါ ငယ်ငယ်တုန်းက စူးစမ်းရှာဖွေရေး အဖွဲ့တစ်ခုမှာ အလုပ်လုပ်ဖူးတယ်။ အဲ့တာကြောင့် မင်းနဲ့ အရမ်းရင်းနှီးတယ်လို့ ခံစားရလို့ပါ။ အဲ့တော့ မတတ်နိုင်ဘဲ မေးခွန်းတွေ မေးမိနေတာ "

ဝမ်သာ့ဖား ပြုံးပြီး ရှင်းပြသည်။

" စကားမစပ်၊ လွန်ခဲ့တဲ့ နှစ်ရက်က မင်းရဲ့တာဝန်မှာ ဘာတွေ့ခဲ့လဲ "

" စိတ်မကောင်းပါဘူး၊ တာဝန်အတွင်းက အချက်အလက်တွေအားလုံးကို လျှို့ဝှက်ထားရမယ်ဆိုတဲ့ စည်းမျဉ်း ကျွန်တော်တို့အဖွဲ့မှာ ရှိတယ် "

ကျိုးချန်းချင်းသည် တစ်ဖက်လူမှ ကူညီပေးထားပါသော်လည်း သူ ကျော်လို့မရသည့်စည်းများရှိသည်။

ဝမ်သာ့ဖား ကြောင်အစွာ ရယ်မောလိုက်သည်။

ထိုအချိန် သူဌေးမက ခုန်ထွက်လာပြန်သည်။

သူမသည် ကျိုးချန်းချင်း၏နှာခေါင်းကိုထောက်ကာ ကြိမ်းမောင်းသည်။

" အိုး၊ နင်ကပဲ ကြီးကျယ်ပြနေသေးတယ်။ မေးခွန်းနည်းနည်းတောင် မေးလို့မရဘူးလား။ ဝမ်သာ့ဖား၊ ရှင်ကူညီနေတာ ဘယ်သူလဲဆိုတာ ကြည့်လိုက်စမ်းပါ။ ရှင်က မင်း သူ့ကို ကူညီနေပေမယ့် သူက ကျေးဇူးမတင်တဲ့အပြင် ကြီးကျယ်ပြနေသေးတယ် "

အမေကြီးကျိုးလည်း စိတ်မကောင်းဖြစ်သွားပုံရသည်။

သားဖြစ်သူ၏အဝတ်အစားများကို အမြန်ဆွဲလိုက်သည်။

" ချန်းချင်း၊ သူဌေးက အမေတို့ကို စေတနာနဲ့ ကူညီပေးထားတာ။ သူက အမေတို့မိသားစုရဲ့ ကျေးဇူးရှင်လေ။ သူ့ကို ရိုးရိုးသားသား ပြန်ဖြေလိုက်၊ ဘာမှ ဖုံးကွယ်မထားနဲ့ "

ကျိုးချန်းချင်း ကူကယ်ရာမဲ့စွာ သက်ပြင်းချသည်။

" အမေ၊ ကျွန်တော်တို့ရဲ့ စူးစမ်းရှာဖွေရေးအဖွဲ့မှာ စည်းကမ်းရှိတယ်။ အခြားသူမပြောနဲ့ အမေဖြစ်နေရင်တောင်မှ တာဝန်ကအသေးစိတ်အချက်အလက်တွေကို မပြောပြနိုင်ဘူး "

" ဟမ်း၊ ကျေးဇူးကန်းလိုက်တာ။ မေးတာ ဖြေမှာလား၊ ပိုက်ဆံပေးမှာလား။ တစ်ခုရွေးလိုက် "

သူဌေးမသည် နောက်တစ်ကြိမ် ထွက်လာပြီး သူ့ကို အတင်းတွန်းအားပေးခဲ့သည်။

ကျိုးချန်းချင်းသည် ပို၍ပင် သတိကပ်နိုးကြားလာသည်။

ဤဆိုင်ပိုင်ရှင်လင်မယားသည် သူတို့၏ စူးစမ်းရှာဖွေရေးတာဝန် အကြောင်းအရာများကို အလွန်သိချင်နေပုံရသည်။

ဘာလို့လဲ။

သူသည် အံကြိတ်လျက် နောက်ဆုံး၌ သတ္တိမွေးကာပြောသည်။

" တောင်းပန်ပါတယ်၊ တာဝန်က အသေးစိတ်အချက်အလက်တွေကို တကယ်မပြောပြနိုင်လို့ပါ "

" ဒီပန်းအိုးအတွက် လျော်ကြေးပေးပါ့မယ်။ တစ်နှစ်အတွင်း မတတ်နိုင်ရင် ဆယ်နှစ်အတွင်း ဆပ်မယ်။ ဆယ်နှစ်မှာ မတတ်နိုင်သေးရင် တစ်သက်လုံး ဆပ်မယ်။ အတိုချုပ်ပြောရရင် ခင်ဗျားကို တစ်ပြားတစ်ချပ်မှ အကြွေးမတင်စေရပါဘူး "

ဘေးမှလူများသည် သူ့ကို စဉ်းစားဉာဏ်နည်းကာ ဦးနှောက်က အလုပ်မလုပ်ဘူးဟု ခံစားရသည်။

ဆိုင်ပိုင်ရှင်သည် လျော်ကြေးမပေးရသည့်အနေဖြင့် မေးခွန်းအနည်းငယ် ဖြေစေလိုသည်။

သို့သော် ဤလူငယ်လေးသည် ကြီးမားသော အကြွေးကို ပေးဆပ်ရန်ရွေးချယ်ကာ မဖြေပေ။

သူ့ဦးနှောက် တစ်ခုခုမှားနေတာလား။

ဆိုင်ပိုင်ရှင်လင်မယားသည် ကျိုးချန်းချင်းမှာ ဤမျှလောက် ခေါင်းမာမည်ဟု မမျှော်လင့်ထားပေ။

အချင်းချင်း လျင်မြန်စွာ အကြည့်ချင်းဖလှယ်လိုက်ကြသည်။

" သေချာစဉ်းစား ....... "

ဝမ်သာ့ဖား ဆက်ပြောတော့မည်ဖြစ်သည်။

ထိုအချိန် လူအုပ်ထဲမှ အသံတစ်ခု ထွက်ပေါ်လာသည်။

" ကောင်းလိုက်တာ၊ ငါ မင်းကို အကဲခတ်မလွဲခဲ့ဘူးဘဲ "

All Chapters