သေချင်တာလား။ အဲ့လောက် မလွယ်နိုင်ဘူး
Vol. 73 Ch. 1443
လူတိုင်း လှည့်ကြည့်လိုက်ကြသည်။
ချောမောငယ်ရွယ်သည့် လူငယ်လေးတစ်ဦး ကျေနပ်နေသောအပြုံးဖြင့် လမ်းလျှောက်လာသည်။
ကျိုးချန်းချင်းသည် သူ့ကိုမြင်သောအခါ အံ့ဩဝမ်းသာသွားသည်။
" ယဲ့လူကြီးမင်း၊ ဘာလို့ ဒီကိုရောက်နေတာလဲ "
" ဖြတ်သွားတာ "
ယဲ့ဖန်သည် ကျိုးချန်းချင်းကို အားရကျေနပ်စွာ ကြည့်လိုက်သည်။
ကျိုးချန်းချင်းသည် စူးစမ်းရှာဖွေရေးအဖွဲ့၏ တာဝန်အကြောင်းကို ပြောပြသည်ထက် ကြီးမားသော အကြွေးကို ပေးဆပ်ရန် ရွေးချယ်ခဲသည်။
ဤသို့ တာဝန်သိတတ်မှုမှာ လေးစားထိုက်လေသည်။
ယဲ့ဖန်ပေါ်လာသည်နှင့် ဆိုင်ပိုင်ရှင်ဇနီးမောင်နှံ၏ အမူအရာမှာ သိသာစွာ ပြောင်းလဲသွားပြီး တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ အကြည့်ချင်းဖလှယ်ကြသည်။
ယဲ့ဖန်သည် ကြွေထည် အပိုင်းအစများ ဆီသို့ ဖြည်းညှင်းစွာ လျှောက်သွားပြီး ကွဲနေသော အပိုင်းနှစ်ပိုင်းကို ကောက်ယူလိုက်ကာ ကြည့်လိုက်သည်။
" ဒါ မင်းအမေခွဲမိသွားတဲ့ ပန်းအိုးလား "
ယဲ့ဖန်သည် ကျိုးချန်းချင်းကို မေးသည်။
ကျိုးချန်းချင်း ရှက်သွားသည် ။
" ကျွန်တော့်အမေက သတိလက်လွတ်ဖြစ်သွားတာပါ။ စိတ်မပူပါနဲ့၊ ယဲ့လူကြီးမင်း။ သူတို့ကို ကျွန်တော် သေချာပေါက် လျော်ကြေးပေးလိုက်ပါ့မယ်။ စူးစမ်းရှာဖွေရေးအဖွဲ့အတွက် ကျွန်တော် ဘာဒုက္ခမှ မဖြစ်စေရပါဘူး "
ယဲ့ဖန် ပြုံးပြီး ဆိုင်ပိုင်ရှင်နှစ်ယောက်ဘက်ကို လှည့်ကြည့်လိုက်သည်။
" ဒီပန်းအိုးက သုံးသန်းကျော်တန်တယ်လို့ ပြောလိုက်တာလား "
ထိုအခါသူဌေးမ၏အမူအရာမှာ အနည်းငယ် သဘာဝမကျသော်လည်း သူမသည် ရှေ့တိုးလာသည်။
" ဟုတ်တယ်။ ငါ့မှာ ကျွမ်းကျင်သူစီက အကဲဖြတ်ထား သက်သေစာ ရှိတယ်။ ငါ သူတို့ကို ဘာလို့ လိမ်ရမှာလဲ "
ယဲ့ဖန်သည် သက်သေစာကိုယူ၍ တစ်ချက်ကြည့်လိုက်ပြီး မထိန်းနိုင်ဘဲ ရယ်မိသွားသည်။
" ဘယ်လို အကဲဖြတ်စာလဲ။ ဒီလူသာ အကဲဖြတ်ရင် သေးအိုးကိုတောင် ရတနာတစ်ခုအဖြစ် သတ်မှတ်နိုင်လောက်တယ် "
" ကျုပ်အမြင်အရ ခင်ဗျားတို့ရဲ့ပန်းအိုးက ယွမ်၂၀၀လောက်ပဲ တန်တာ။ လူတွေကို ငွေညှစ်ဖို့ ကြိုးစားနေတာလား "
ထိုစကား ပြောပြီးနောက် ဘေးပတ်ဝန်းကျင်မှလူများ ချက်ချင်း အုတ်ကြွတ်သွားသည်။
ကျိုးချန်းချင်းသည်လည်း စိတ်လှုပ်ရှားစွာ လျှောက်လာခဲ့သည်။
" ယဲ့လူကြီးမင်း၊ တကယ်ပြောတာလား "
" မယုံဘူးလား "
ယဲ့ဖန် ယုံကြည်မှုအပြည့်နှင့် ပြုံးနေခဲ့သည်။
ကျိုးချန်းချင်း စိတ်လှုပ်ရှားစွာ ခေါင်းညိတ်လိုက်သည်။
" ကျွန်တော် လူကြီးမင်းကို ယုံတယ်၊ ယုံပါတယ် "
အမေကြီးကျိုးသည် ယဲ့ဖန်၏ သရုပ်မှန်ကို မသိသော်လည်း သူမသား၏ သဘောထားအရ ထိုလူငယ်လေးသည် လေးစားထိုက်သူ ဖြစ်သင့်သည်။
ပန်းအိုးသည် တန်ဖိုးမရှိသည်ဟု ပြောသောကြောင့် သူမ၏နှလုံးသားသည် နောက်ဆုံး၌ သက်တောင့်သက်သာရှိသွားတော့သည်။
ဆိုင်ပိုင်ရှင်ယောက်ျား ဝမ်သာ့ဖားသည် ယဲ့ဖန်ကို မကျေနပ်စွာဖြင့် ကြည့်နေသည်။
" လူငယ်လေး၊ ဘာကိုဆိုလိုချင်တာလဲ။ ငါတို့က သူတို့ပိုက်ဆံကို တမင်တကာ ငွေညှစ်နေတယ်လို့ ပြောနေတာလား "
ယဲ့ဖန် ခေါင်းယမ်းလိုက်သည်။
" ပိုက်ဆံမဟုတ်ဘူး "
ဝမ်သာ့ဖားမှ ရယ်မောလိုက်သည်။
" ငါတို့က ငွေမညှစ်ဘဲ ဘာလို့ သူ့ကို အကွက်ဆင်ရမှာလဲ "
ယဲ့ဖန်၏ အကြည့်များသည် သူတို့နှစ်ဦးကို ဖြတ်ကျော်သွားကာ ရယ်မောလိုက်သည်။
" ဒါမှမဟုတ် တခြားကိစ္စအတွက်လည်း ဖြစ်နိုင်တာပဲ။ ဥပမာ ....... စူးစမ်းရှာဖွေရေးအချက်အလက်လိုမျိုးပေါ့ "
နောက်ဆုံးစကားကို ယဲ့ဖန် ပြောလိုက်သောအခါ သိသာစွာပင် ဆိုင်ရှင်နှစ်ဦးမှာ ထိတ်လန့်သွားသည်။
သေချာစွာပင် သူတို့၏ အစီအစဉ်ကို ယဲ့ဖန်မှ ကြိုသိနေခဲ့သည်။
ထိုနှစ်ယောက်သည် တစ်ယောက်ကို တစ်ယောက်ကြည့်ပြီး မျက်နှာပေါ်၌ ရက်စက်သည့် အမူအရာများ ပေါ်လာခဲ့သည်။
ဆိုင်ရှင်လင်မယား၏ လက်ထဲ၌ ဓားမြှောင်တစ်လက်စီ ရုတ်တရက် ပေါ်လာပြီး ကျိုးချန်းချင်းနှင့် သူ့အမေရှိရာသို့ အမြန်ပြေးသွားကြသည်။
ယဲ့ဖန်သည် အလွန်သန်မာသည်ကို သူတို့သိထားပြီးဖြစ်၍ တမင်ရှောင်ပြီး အားနည်းသည့် သားအမိနှစ်ယောက်ကို ရွေးကာ တိုက်ခိုက်လိုက်သည်။
ထိုသားအမိနှစ်ဦးအား ဓားစာခံအဖြစ် ထိန်းထားနိုင်ပါက ယဲ့ဖန်အား ဖိအားပေးကာ သူတို့ထွက်ပြေးရန် အခွင့်အလမ်း ရှာနိုင်လောက်မည်။
သို့သော် ယဲ့ဖန်သည် အသင့်ပြင်ထားပြီးသားဖြစ်၍ သူတို့တိုက်ခိုက်လာသည်နှင့် ရုတ်တရက် လက်ကို မြှောက်လိုက်ပြီး
ငွေအပ်နှစ်ချောင်းကို ပစ်ချလိုက်သည်။
ငွေအပ်နှစ်ချောင်းသည် ထိုနှစ်ယောက်၏ လက်ကောက်ဝတ်ပေါ်၌ တိတ်တဆိတ် ထိုးစိုက်သွားသည်။
ဆိုင်ပိုင်ရှင်နှစ်ယောက်မှာ လက်ကောက်ဝတ်၌ ထုံကျင်သွားသည်ကို ခံစားလိုက်ရပြီး လက်ထဲ၌ရှိသော ဓားမြှောင်များသည်လည်း မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။
သူတို့နှစ်ယောက် ခေါင်းငုံ့ကြည့်လိုက်သည့်အခါ နွားမွေးကဲ့သို့ ပါးလွှာသည့် ငွေအပ်တစ်ချောင်းစီကို တွေ့ရသည်။
သူတို့၏မျက်နှာများပေါ်၌ စိုးထိတ်မှုမှာ ထင်ရှားစွာ ပေါ်လာသည်။
သတိမထားပါက ဤငွေအပ်သည် မျက်စိဖြင့်ပင် မမြင်နိုင်ချေ။ သို့သော် ထိုလူငယ်မှ ဤအပ်များကို လျှို့ဝှက်လက်နက်အဖြစ် သုံးခဲ့သည်။
ထိုသို့ အသုံးပြုနိုင်စေရန် ခွန်အား ထိန်းချုပ်နိုင်ခြင်းသည် ပြီးပြည့်စုံကာ ထိပ်တန်းအဆင့်ပင် ဖြစ်ကောင်းဖြစ်နိုင်သည်။
မကြုံဖူးသည့် အကြောက်တရားတစ်ခု ချက်ချင်း နိုးကြားလာသည်။
ဆိုင်ပိုင်ရှင်နှစ်ဦးသည် ချက်ချင်း ဆုံးဖြတ်ချက်ချကြသည်။
ယဲ့ဖန်သည် သန်မာလွန်းလေသည်။
ထို့ကြောင့် သူတို့နှစ်ယောက် ပူးပေါင်းတိုက်ခိုက်လျှင်ပင် ယှဉ်နိုင်မည် မဟုတ်ချေ။
သို့ဖြစ်၍ သူတို့နှစ်ယောက် အကြည့်ချင်းဖလှယ်လိုက်ပြီးနောက် ဆိုင်ရှင်အမျိုးသမီးသည် သူမအသက်ကို ဂရုမစိုက်ဘဲ ယဲ့ဖန်စီသို့ ရုတ်တရက် ပြေးတက်ကာ ဆိုင်ပိုင်ရှင်အမျိုးသားမှာ တံခါးဆီသို့ ပြေးလေသည်။
တစ်ယောက်ကို ကာကွယ်ရန်အတွက် တစ်ယောက်ကို စတေးနေသည်မှာ မြင်သာနိုင်သည်။
သို့သော် ယဲ့ဖန်သည် သူတို့၏အတွေးများကို မြင်ခဲ့ပြီး မထီမဲ့မြင်ပြုကာ ပြုံးလိုက်သည်။
အကြွင်းမဲ့ခွန်အားနှင့် ရင်ဆိုင်ရသောအခါ အစီအစဥ်များနှင့် အကြံအစည်များအားလုံးသည် အသုံးမဝင်ပေ။
ထိုအချိန် ဆိုင်ရှင်အမျိုးသမီးသည် ရှေ့သို့ အမြန်ပြေးလာပြီး ယဲ့ဖန်၏ နားထင်ကို ဦးတည်ထိုးလေသည်။
သူမ၏ လက်သီး ခွန်အားနှင့် အရှိန်ကို ကြည့်ပြီးနောက် အနည်းဆုံးအနေဖြင့် အလယ်အလတ်အဆင့် ရှိသည်ကို မြင်လိုက်သည်။
ယဲ့ဖန်သည် သူမ၏ ရက်စက်ကြမ်းကြုတ်သော အမူအရာကို ကြည့်ပြီး ပေါ့ပါးစွာသာ ပြုံးသည်။
ထို့နောက် ညာလက်ကို မြှောက်ပြီး သူမ၏ လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်သည်။
ဆိုင်ရှင်အမျိုးသမီး၏ တိုက်ခိုက်မှုမှာ ရုတ်တရက် ရပ်တန့်သွားသည်။
သူမ မတုံ့ပြန်နိုင်ခင်မှာပင် အလွန်ကြောက်စရာကောင်းသည့် အင်အားတစ်ခုမှ သူမအပေါ်ကို လွှမ်းမိုးသွားသည်။
ဆိုင်ရှင်အမျိုးသမီးသည် ကျယ်ပြောလှသည့် သမုဒ္ဒရာထဲ၌ တစ်စင်းတည်းသောလှေလို ခံစားရပြီး သူမ၏ ခန္ဓာကိုယ်သည် လုံးဝ ထိန်းမရတော့ပေ။
ထို့နောက် ယဲ့ဖန်သည် သူ၏ ခွန်အားကို ထုတ်ပြလိုက်သည်။
ဆိုင်ရှင်အမျိုးသမီး၏ ခန္ဓာကိုယ်သည် အနောက်သို့ ပျံသွားကာ ထွက်ပြေးသွားတော့မည့် ဆိုင်ရှင်အမျိုးသားအပေါ် ပြင်းထန်စွာ ကျသွားသည်။
ထိုမှသာ အနီးပတ်ဝန်းကျင်ရှိ လူအုပ်ကြီးမှာ တုံ့ပြန်ပြီး ထွက်ပြေးကြသည်။
ခြောက်မီတာ၊ ခုနစ်မီတာအထိ ပြေးကြပြီးနောက် လူအုပ်ကြီးသည် ရပ်သွားကာ အခြေအနေကို ဆက်လက်ကြည့်ရှုနေခဲ့သည်။
လူတိုင်း အံ့သြနေကြရသည်။
ဘာဖြစ်နေသည်ကို သူတို့ အတိအကျ မသိရပေ။
ထိုအချိန် ဆိုင်ရှင်နှစ်ယောက်သည် မြေပြင်ပေါ်မှ ထနေပြီဖြစ်သည်။
သူတို့ မလွတ်မြောက်နိုင်မှန်း သိလိုက်သောကြောင့် မြေပြင်ပေါ်ရှိ ဓားမြှောင်များကို ကောက်ကိုင်ပြီး ယဲ့ဖန်ကို ထိုးရန်သာ ဦးတည်လိုက်သည်။
သူတို့နှစ်ယောက်လုံးသည် အလယ်အလတ်ကျင့်စဉ်အဆင့်တွင် ရှိကြသည်။
ထို့ကြောင့် သူတို့၏ခွန်အားများ စုပေါင်းလိုက်ပါက အတွင်းအားနောက်ဆုံးအဆင့် ပထမပိုင်းသိုင်းသမားကို တိုက်ခိုက်နိုင်ပေသည်။
သူတို့၏ ထင်မြင်ယူဆချက်အရ ယဲ့ဖန် ၏အသက်အရွယ်ဖြင့် အများဆုံး အလယ်အလတ်အတွင်းအားကျင့်စဉ် နောက်ပိုင်းအဆင့်ဖြစ်မည်ဟု ထင်သည်။
ထို့ကြောင့် သူတို့နှစ်ယောက် ပူးပေါင်းလျှင် တိုက်ခိုက်နိုင်လောက်သည်။
သို့သော်လည်း ယဲ့ဖန်၏ မျက်လုံးများထဲတွင် သူတို့၏လုပ်ရပ်မှာ အလွန်ရယ်စရာကောင်းနေခဲ့သည်။
ယဲ့ဖန်သည် နှစ်ယောက်နှစ်ဦး အနားကပ်လာသာ တိုက်ခိုက်သည်။
သူ၏ ညာလက်သည် အဆိပ်ပြင်းသော မြွေတစ်ကောင်ကဲ့သို့ လျင်မြန်စွာ ထွက်လာသည်။
ယဲ့ဖန်၏ အမြန်နှုန်းအရှိန်ကြောင့် လှုပ်ရှားမှုတိုင်းမှာ လေထဲ၌ ပုံရိပ်ယောင်အဖြစ်သာ ကျန်ရစ်ခဲ့သည်။
ထို့နောက် ဓားကိုင်ထားသည့် ဆိုင်ရှင်၏ လက်ကောက်ဝတ်ကို ဖမ်းပြီး ညင်သာစွာ ချိုးလှန်ပစ်လိုက်သည်။
ကျိုးအက်သံနှင့်အတူ ဆိုင်ရှင်ယောက်ျား၏လက်ကောက်ဝတ်မှာ ကျိုးသွားကာ ဓားမြှောင်သည် မြေပြင်ပေါ်သို့ ထပ်ကျသွားသည်။
တစ်ချိန်တည်းမှာပင် ယဲ့ဖန်သည် အခြားလက်တစ်ဖက်ကို ဆန့်ထုတ်ကာ ဆိုင်ရှင်အမျိုးသမီး၏လက်ကောက်ဝတ်ကိုလည်း ဆုပ်ကိုင်ကာ ဆက်ချိုးသည်။
အဆုံး၌ ယဲ့ဖန်သည် သူတို့နှစ်ယောက်ကို အမြန်ကန်ထုတ်လိုက်သည်။
အလယ်အလတ်အဆင့် ကျွမ်းကျင်သူနှစ်ဦးသည် ယဲ့ဖန်၏ ထိုးနှက်ချက်တစ်ချက်ကိုပင် မခံနိုင်ပေ။
ဆိုင်ရှင်သူဌေးနှစ်ယောက်၏ မျက်နှာ၌ ကြောက်လန့်နေသည့် အမူအရာများ ရှိနေကြသည်။
သူတို့အရှေ့ရှိ လူငယ်လေးသည် အသက်နှစ်ဆယ်ကျော်လောက်သာ ရှိသေးသော်လည်း သူ၏ခွန်အားစွမ်းပကားမှာ မတွေးနိုင်စရာဖြစ်သည်။
သူတို့၏ ထင်မြင်ချက်အရ ယဲ့ဖန်သည် အတွင်းအားကျင့်ကြံစဉ်၏ မူလအဆင့်ရှိခွန်အားကို ပိုင်ဆိုင်ထားသည်။
အသက်၂၀အရွယ်ဖြင့် ဤမျှ အတွင်းအားရှိခြင်းသည် စိတ်ကူးမယဉ်နိုင်သော အနေအထားဖြစ်သည်။
ကြည့်ရှုသူများသည် သိုင်းပညာအဆင့်များကို မသိကြသော်လည်း ယဲ့ဖန်သည် ဓားမြှောင်ပါသော ရာဇ၀တ်ကောင်နှစ်ဦးအား အလွယ်တကူ အနိုင်ယူသွားသည်ကို တွေ့လိုက်ရသည်။
ထို့အပြင် သူ၏ လုပ်ဆောင်ချက်များသည် တုန်လှုပ်ခြင်းမရှိဘဲ သန့်ရှင်းသပ်ရပ်သည်။
လူအတော်အများသည် ဝမ်းသာသွားကြ၍ အောင်ပွဲခံချင်သော်လည်း နောက်ဆုံး၌ တောင့်ခံထားကြသည်။
လူတိုင်းသည် ယဲ့ဖန်ကို ကြောင်အစွာကြည့်နေကြပြီး သူ၏နောက်ခံသရုပ်မှန်ကို လျှို့ဝှက်စွာ ခန့်မှန်းနေသည်။
ဆိုင်ရှင်နှစ်ယောက်သည် တစ်ယောက်ကိုတစ်ယောက် အကြည့်ချင်း ဖလှယ်ပြီးနောက် ရက်စက်သည့် အရိပ်အယောင်များ သူတို့၏မျက်နှာပေါ်၌ ပေါ်လာသည်။
သွားတွေ၌ ဝှက်ထားသော အဆိပ်အိတ်ကို ကိုက်တော့မည်ဖြစ်သည်။
သို့သော် ယဲ့ဖန်သည် မည်သူမျှ သတိမထားမိချိန် သူတို့နှစ်ဦး၏အနောက်၌ ပေါ်လာခဲ့သည်။
သူသည် ရုတ်တရက် လှုပ်ရှားကာ သူတို့၏ မေးစေ့များကို ညှစ်ပြီး အနည်းငယ် လိမ်လိုက်သည်။
ကွဲအက်သော အသံနှစ်ခုနှင့်အတူ သူတို့၏ မေးရိုးများ ရွေ့လျားသွားသည်။
" သေချင်နေတာလား။ ဘယ်လိုလုပ် ဒီလောက်လွယ်မှာလဲ "