← Chapters

အလင်းကျင့်စဉ်ထိပ်ဆုံးအဆင့်

Vol. 73 Ch. 1446

အလင်းကျင့်စဉ်ထိပ်ဆုံးအဆင့်

Vol. 73 Ch. 1446

ဝမ်သာ့ဖားသည် စကားပြောပြီးနောက် ဘေးမှ အမျိုးသမီး၏ ရင်ဘတ်ဆီသို့ ဓားမြှောင်ကို စိုက်ထိုးလိုက်ပြီးနောက် သူ့ရင်ဘတ်သူ ထိုးထည့်လိုက်သည်။

သူတို့နှစ်ဦးမှာ ချက်ချင်းပင် အလောင်းကောင်များ ဖြစ်သွားတော့သည်။

ယဲ့ဖန် တားချင်သော်လည်း နောက်ကျသွားပြီဖြစ်သည်။

ဝမ်သာ့ဖား၏ အပြုံးမှာ အမုန်းတရားနှင့် ပြည့်နှက်နေသည်။

" သခင်ကြီး၊ အဆင်ပြေရဲ့လား "

ဖန်းကျန်းဝူသည် အသံများကိုကြားပြီးနောက် ချက်ချင်း ပူပင်စွာမေးသည်။

" ရတယ်၊ ဆက်ပြော "

" ကြားကဖျန်ဖြေပေးမယ့်သူက လန်ရှင်းယွီကို ဒီကိစ္စ ကူဖြေရှင်းပေးနိုင်ပေမဲ့ သူနဲ့ လိုက်ခဲ့ရမယ်လို့ ပြောနေတယ်။ မေးစရာကိစ္စရှိလို့တဲ့။ ဒါပေမဲ့ လန်ရှင်းယွီက ငြင်းနေပြီးတော့ တောင်နက်ဂိုဏ်းဘက်ကလည်း အတင်းဖိအားပေးနေတယ်။ ကျန်းဝူ ဝင်မပါရသေးဘူး။ ထွက်ပြီး ကူရမလား "

ဖန်းကျန်းဝူမှ ဖြစ်ပျက်ခဲ့သည်များကို အတိုချုံး ရှင်းပြသည်။

" မင်း ဘာမှလုပ်စရာ မလိုသေးဘူး။ ကိုယ် အခု လန်ရှင်းယွီကို ဖုန်းဆက်ပြီး သူတို့နဲ့ လိုက်သွားဖို့ ပြောလိုက်မယ်။ သူတို့ကိုအနောက်ကို တိတ်တဆိတ် လိုက်သွားပြီး သူတို့ရဲ့ တည်နေရာကို ကိုယ့်စီ အတည်ပြုနေပေး "

ယဲ့ဖန်သည် ဖန်းကျန်းဝူကို ညွှန်ကြားပြီဒနောက် လန်ရှင်းယွီကို ခေါ်လိုက်သည်။

" ဟယ်လို "

လန်ရှင်းယွီသည် ငိုတော့မည့်အသံ ဖြစ်နေသည်။

သူမသည် တစ်ဖက်သူ၏ ဖိအားပေးခြင်း ခံနေရသည်မှာ ထင်ရှားသည်။

" သူတို့နဲ့ လိုက်သွား "

" ဟမ် "

လန်ရှင်းယွီသည် သိသာစွာ ကြောင်အပြီး မတုန့်ပြန်နိုင်ပေ။

" မင်း သူတို့နဲ့ လိုက်သွား။ စိတ်မပူနဲ့၊ မင်းကို လျှို့ဝှက်ပြီးကာကွယ်ပေးမယ့်လူ ရှိတယ်။ ကျန်တာ ကိုယ့်ကို အပ်ထားလိုက် "

ယဲ့ဖန် စိတ်ရှည်စွာဖြင့် ညွှန်ကြားသည်။

" ကောင်းပြီ၊ ကျွန်မနားလည်ပြီ "

လန်ရှင်းယွီသည် ဤတစ်ကြိမ်တွင် တုံ့ဆိုင်းမနေဘဲ ချက်ချင်း သဘောတူလိုက်သည်။

ဤအချက်မှကြည့်ခြင်းအားဖြင့် သူမသည် ယဲ့ဖန်ကို ခြွင်းချက်မရှိ ယုံကြည်မှုရှိကြောင်း မြင်နိုင်သည်။

ဖုန်းချပြီးနောက် ယဲ့ဖန်သည် အလောင်းနှစ်လောင်းကို ပြန်ကြည့်ရှုလိုက်သည်။ ထို့နောက် ဤနှစ်လောင်းအားဖြေရှင်းရန် တစ်စုံတစ်ယောက်အား ပို့ပေးရန် ချန်းဖေးအယ်ကို တောင်းဆိုခဲ့သည်။

ယဲ့ဖန်သည် ရှေးဟောင်းပစ္စည်းဆိုင်မှ ထွက်လာသောအခါ ကောင်းကင်သည် မှောင်နေပြီဖြစ်သော်လည်း အပြင်မှလူများမှာ မပြန်ကြသေးပေ။

" ယဲ့လူကြီးမင်း၊ ဒီကိစ္စကို ဖြေရှင်းပြီးပြီလား "

ကျိုးချန်းချင်း ရှေ့တက်လာပြီး စူးစမ်းစွာ မေးသည်။

" လုပ်စရာရှိသေးလို့ ချက်ချင်း ထွက်သွားရမယ်။ မင်း ဒီမှာနေပြီးတော့ စောင့်နေပေး။ ဘယ်သူ့ကိုမှ ဝင်ခွင့်မပေးနဲ့ "

ယဲ့ဖန် သူ့ကို သတိပေးလိုက်သည်။

ယဲ့ဖန်သည် လုံခြုံရေးအဖွဲ့မှ အထူးကျွမ်းကျင်ငှားရမ်းထားသူဖြစ်သောကြောင့် အမှန်တကယ် တစ်စုံတစ်ဦးကို သတ်ခဲ့လျှင်ပင် ကိစ္စမရှိပေ။ နောက်မှ သတင်းပို့နိုင်သည်။

သို့သော် သာမန်လူများအနေဖြင့် အတွင်းမှ ဆိုးရွားလှသော အခြေအနေကို မြင်ရန် မသင့်တော်ပေ။

" ယဲ့လူကြီးမင်း၊ စိတ်မပူပါနဲ့။ ကျွန်တော် ဒီမှာစောင့်ကြည့်ထားမယ်။ ကျွန်တော့်အလောင်းကို ကျော်မှပဲ ဝင်ခွင့်ပြုမှာ "

ကျိုးချန်းချင်းသည် ယဲ့ဖန်၏ တာဝန်ညွှန်ကြားချက်ကို အလွန်အရေးထားကာ ရင်ဘတ်ကို ချက်ချင်းပုတ်ကာ ကတိပြုသည်။

" ဒီလောက်ထိ မပြင်းထန်ပါဘူး။ ခဏနေ တစ်ယောက်ယောက်က လာဖြေရှင်းပေးလိမ့်မယ်။ သူတို့ ဒီကိုရောက်ရင် မင်း ထွက်သွားလို့ရတယ် "

ယဲ့ဖန် ပြုံးပြီး သူ့ပုခုံးကို ပုတ်ကာ လှည့်ထွက်သွားသည်။

ဖန်းကျန်းဝူနှင့်သူသည် တည်နေရာထပ်တူပြုခြင်းကို လုပ်ထားသောကြောင့် အချင်းချင်း၏တည်နေရာကို အချိန်မရွေးစောင့်ကြည့်နိုင်သည်။

ဖန်းကျန်းဝူ၏ တည်နေရာကို ဖန်သားမျက်နှာပြင်ပေါ်တွင် မြင်တွေ့နိုင်သည်။

လန်ရှင်းယွီသည် ယဲ့ဖန်၏ ညွှန်ကြားချက်ကို လိုက်နာပြီး ထိုလူများနှင့်အတူ လိုက်သွားခဲ့သည်။

ယဲ့ဖန် အချိန်ဖြုန်းမနေတော့ချေ။

သူ့ကားပေါ်တက်ပြီး ဖန်းကျန်းဝူ၏ တည်နေရာသို့ ဦးတည်မောင်းနှင်လာခဲ့သည်။

တစ်ချိန်တည်းမှာပင် သူသည် ချန်းဖေးအယ်ကို ဖုန်းခေါ်ဆိုပြီး လုံခြုံရေးအဖွဲ့အား အသင့်အနေအထားပြင်ပြီး သူနှင့် ပူးပေါင်းဆောင်ရွက်ရန် တောင်းဆိုခဲ့သည်။

ဖန်းကျန်းဝူ၏ တည်နေရာသည် ဆက်လက် ရွေ့လျားနေသည်။

သူမသည် တစ်နာရီကျော်ကြာပြီးနောက် မြို့တောင်ပိုင်းဆင်ခြေဖုံးရှိ နေရာတစ်ခုတွင် ရပ်လိုက်သည်။

ထို့နောက် ဖန်းကျန်းဝူမှ ဖုန်းဆက်သည်။

" သခင်ကြီး၊ သူတို့က မြို့တောင်ဘက်ပိုင်းဆင်ခြေဖုံးမှာ စွန့်ပစ်ထားတဲ့ ပြုပြင်ရေးဆိုင်တစ်ဆိုင်ထဲကို ဝင်သွားကြတယ်။ လူတော်တော်များများက တံခါးမှာ စောင့်နေကြတော့ ကျန်းဝူ အနားမကပ်နိုင်တော့ဘူး "

" ကောင်းပြီ၊ အဲ့ဒီမှာပဲနေ။ ကိုယ် အဲ့ဒီကို လာနေပြီ "

ယဲ့ဖန် ဖုန်းချလိုက်ပြီးနောက် ဖန်းကျန်းဝူ၏တည်နေရာကို ချန်းဖေးအယ်စီသို့ ပို့ပြီး လုံခြုံရေးအဖွဲ့ကို ချက်ချင်း ခေါ်ဆောင်ရန် တောင်းဆိုခဲ့သည်။

ထိုကိစ္စများအားလုံး ညွှန်ကြားပြီးနောက် သူသည် ဆက်မောင်းလာခဲ့ရာ မကြာခင်မှာပင် စွန့်ပစ်ထားတဲ့သည့် ဆိုင်အပြင်ဘက်၌ ဖန်းကျန်းဝူနှင့် တွေ့ဆုံခဲ့သည်။

" သခင်ကြီး၊ ကျန်းဝူ ကြည့်ပြီးပြီ။ အနည်းဆုံး လူဆယ်ယောက်ကျော်လောက်က ပတ်လည်ကို စောင့်နေကြတယ် "

" ဝင်ပေါက်မှာ လေးယောက်၊ ခေါင်မိုးပေါ်မှာ နှစ်ယောက်ရှိတယ် ........ "

ဖန်းကျန်းဝူသည် သူမ သတိပြုမိခဲ့သော အချက်အလက်များကို ယဲ့ဖန်အား အစီရင်ခံသည်။

စွန့်ပစ်ထားသော ပြုပြင်ရေးဆိုင်ကို ကြည့်ရှုပြီး ယဲ့ဖန်သည် သူမစကားကို နားထောင်နေခဲ့သည်။

ပြင်ဆင်ရေးဆိုင်မှာ မကြီးချေ။

ဧရိယာစတုရန်းမီတာ ၃၀၀ခန့်သာ ရှိပြီး ပြတင်းပေါက်များမှတစ်ဆင့် အလင်းရောင်များ လင်းလက်နေသည်။

ထို့အပြင် လုံခြုံရေးမှာလည်း တင်းကြပ်ထားသည်။

တစ်စုံတစ်ယောက် ချဉ်းကပ်လာလျှင်ပင် ချက်ချင်း တွေ့ရှိမည်ဖြစ်သည်။

သူတို့နှစ်ဦးတည်းဖြင့် ဤမျှများသော လူများကို တစ်ချိန်တည်း မရှင်းနိုင်သည်မှာ သိသာသည်။

လုံခြုံရေးအဖွဲ့ ရောက်လာသည်ကိုသာ စောင့်နေကြရတော့သည်။

နောက်ထပ် နာရီဝက် စောင့်ပြီးနောက် ယဲ့ဖန် စိတ်မရှည်တော့ပေ။

မည်သို့ပင်ဖြစ်စေ လန်ရှင်းယွီသည် ထိုအထဲသို့ ရောက်နေသည်မှာ အလွန်ကြာနေပြီဖြစ်သည်။

ပြသနာတစ်စုံတစ်ရာ ဖြစ်ခဲ့ပါက သူ တာဝန်ခံရပေမည်။

ကံကောင်းစွာဖြင့် ခဏကြာပြီးနောက် လုံခြုံရေးအဖွဲ့၀င်များ တစ်ယောက်ပြီးတစ်ယောက် ရောက်လာသည်။

ထိုအဖွဲ့ဝင်များသည် တစ်ဖက်လူ သတိထားမိမည်ကို စိုးရိမ်သောကြောင့် အဝေး၌ ကားရပ်ထားပြီး လမ်းလျှောက်လာကြခြင်း ဖြစ်သည်။

ချန်းဖေးအယ် အပါအဝင် စုစုပေါင်း ကိုးဦးရှိသည်။

ယဲ့ဖန်သည် ချန်းဖေးအယ်တို့အား ပတ်၀န်းကျင်၌ စောင့်ကြပ်နေသူများ၏ အခြေအနေကို ရှင်းပြပေးသည်။

" ဘယ်လိုလဲ။ ဒီလူတွေကို ရှင်းပစ်နိုင်ဖို့ ယုံကြည်မှုရှိလား "

ယဲ့ဖန်သည် လုံခြုံရေးအဖွဲ့မှ အဖွဲ့ဝင်များကို လှမ်းကြည့်ကာ သူတို့၏ အင်အားကို ယုံကြည်ချက်မရှိပေ။

" ရှင် ဘာကိုဆိုလိုတာလဲ။ ငါတို့ကို အထင်သေးနေတာလား "

ချန်းဖေးအယ်သည် သူ့ကို မကျေမနပ် စိုက်ကြည့်သည်။

" ကိုယ်ဆိုလိုတာ အဲ့လိုမဟုတ်ဘူး။ သေချာအောင် မေးတာ "

ယဲ့ဖန် နေရခက်စွာ ပြုံးလိုက်သည်။

" စိတ်မပူပါနဲ့၊ ကျန်းချန်က ကျွန်မတို့ထဲမှာ အပြင်းထန်ဆုံးပဲ။ သူက အလင်းစွမ်းအားကျင့်စဉ် ထိပ်ဆုံးအဆင့်ကို ရောက်နေပြီ "

ချန်းဖေးအယ်သည် ပြောနေစဉ်တွင် သူမ၏မျက်နှာ၌ ဂုဏ်ယူနေသော အမူအရာဖြင့် သူမအနောက်မှ အရပ်မြင့်မြင့်ဖြင့်လူကို ညွှန်ပြသည်။

သူမ၏ အမူအရာမှာ "အရမ်းကြီး အထင်အသေးပါနဲ့။ ငါတို့မှာလည်း ကျွမ်းကျင်သူတွေရှိပါတယ်"ဟု ပြောနေသယောင်ဖြစ်သည်။

ယဲ့ဖန်သည် ထိုလူကို ကြည့်လိုက်သည်။

" အလင်းကျင့်စဉ်ထိပ်ဆုံးလား။ အဲ့တာဆို လုံလောက်ပါတယ် "

သူ့စကားကြောင့် လုံခြုံရေးအဖွဲ့မှ အဖွဲ့ဝင် အားလုံးမှာ ဒေါသထွက်သွားရသည်။

အလင်းကျင့်စဉ်၏ ထိပ်ဆုံးအဆင့်ကို ကိုယ်ခံပညာရှင်များကြား၌ ကျွမ်းကျင်သူအဖြစ် သတ်မှတ်ထားနိုင်သည်။

"လုံလောက်တယ်"ဆိုတာ ဘာစကားကြီးလဲ။

ထိုစကားကို ကြားရတာသည်မှာ အဆင်မပြေလှပေ။

ချန်းဖေးအယ်သည် ယဲ့ဖန်ကို စိုက်ကြည့်ပြီးနောက် သူမအနောက်မှ အဖွဲ့သားများကို လှည့်ကြည့်လိုက်သည်။

" သူ့ရဲ့စကားတွေကို နားမထောင်နဲ့။ တာဝန်ကို အရင်စလိုက်ရအောင် "

ထို့နောက် သူမသည် လူတိုင်းကို စည်းစနစ်ကျစွာဖြင့် အလုပ်တာဝန်များ စတင်ခွဲဝေပေးခဲ့သည်။

ယဲ့ဖန်သည် သူမ အမိန့်ပေးနေစဉ် လုံခြုံရေးအဖွဲ့သားများ အားလုံးက သူမ၏အမိန့်ကို နာခံကြသည့်ပုံစံကို ကြည့်ကာ ချန်းဖေးအယ်ကို အမြင်အသစ်တစ်မျ်ိုးဖြင့် မြင်လာသည်။

ချန်းဖေးအယ်သည် အများအားဖြင့် သူ့အရှေ့၌ ပေါ့ပျက်တတ်သောကြောင့် သူမ၏ ဤကဲ့သို့ ပြတ်သားတိကျနေပုံကို မြင်ရသည်ကို ထူးဆန်းနေသည်။

သူသည် ချန်းဖေးအယ်နှင့်ပတ်သက်ပြီး နားလည်မှုလွဲနေခဲ့ပုံရသည်။

ချန်းဖေးအယ်သည် သူ့အရှေ့တွင် ပေါ့ပျက်ရသော အဓိအကြောင်းရင်းမှာ သူသည် သန်မာလွန်းသောကြောင့် ဖြစ်သည်။

သူ့အနေဖြင့် အချိန်တိုင်း တိကျမှန်ကန်သော ဦးဆောင်ဆုံးဖြတ်ချက်များကြောင့် ချန်းဖေးအယ်သည် သူ၏ထင်မြင်ချက်ကိုသာ နားထောင်ခဲ့သည်။

သို့သော် သူမသည် အခြားသူများနှင့် ရင်ဆိုင်ရသောအခါ သူမ၏ ခေါင်းဆောင်မှုရောင်ဝါ ထွက်ပေါ်လာသည်။

" စထွက်ကြ "

တာဝန်များ ပေးအပ်ပြီးနောက် ချန်းဖေးအယ်သည် သူမ၏အဖွဲ့သားများကို ချက်ချင်း လက်ပြအချက်ပေးခဲ့သည်။

ထို့နောက် လုံခြုံရေးအဖွဲ့မှ အဖွဲ့ဝင်ကိုးဦးသည် ညအမှောင်ထဲတွင် အမြန်ပျောက်ကွယ်သွားကြသည်။

ယဲ့ဖန်နှင့် ဖန်းကျန်းဝူတို့သည် သူတို့နောက်ကို မလိုက်ဘဲ ပတ်ဝန်းကျင်ကို စောင့်ကြည့်ရန် တာဝန်ယူသည်။

မကြာခင်မှာပင် လုံခြုံရေးအဖွဲ့ဝင်များသည်တာဝန်ကျရာ နေရာများကို ရောက်သွားကြသည်။

ပထမဆုံး ကိုင်တွယ်ရမည့်သူမှာ အိမ်ခေါင်မိုးပေါ်မှ လူနှစ်ဦးဖြစ်သည်။

လုံခြုံရေးအဖွဲ့သည် ထိုလူနှစ်ဦးကို တိတ်တဆိတ် လည်လှီးဖြတ်ခဲ့သည်။

ထို့နောက် ဘေးအစွန်းရှိ လူလေးဦးကိုလည်း အမှောင်ထဲတွင် တိတ်တဆိတ် သတ်ဖြတ်ခဲ့ကြသည်။

ထိုအချိန်တွင် အပြင်ဘက်၌ လူလေးယောက်မှ တံခါးကို စောင့်နေကြသည်။

ဤသည်မှာ ကိုင်တွယ်ရ အခက်ဆုံး ဖြစ်ပေမည်။

All Chapters