← Chapters

ဘယ်သူမှ မင်းကို အနိုင်မကျင့်စေရဘူး

Vol. 73 Ch. 1447

ဘယ်သူမှ မင်းကို အနိုင်မကျင့်စေရဘူး

Vol. 73 Ch. 1447

ထိုလေးယောက်သည် ပါးစပ်ထဲ၌ ဆေးလိပ်တေ့လျက် စကားပြောနေကြကာ တစ်ခါတရံ ရယ်မောများ ကြားရသည်။

လုံခြုံရေးအဖွဲ့ဝင်လေးဦးသည် နံရံအနီးသို့ ခိုကပ်ကာ ပုန်းနေပြီးဖြစ်သည်။

ထိုလေးဦးထဲ၌ ချန်းဖေးအယ် မိတ်ဆက်ပေးခဲ့သည့် အလင်းကျင့်စဉ်ထိပ်ဆုံးအဆင့်ရှိသော ကျန်းချန်လည်း ပါဝင်သည်။

မကြာမီမှာပင် လုံခြုံရေးအဖွဲ့ဝင်လေးဦးသည် အစောင့်လေးဦး အနောက်သို့ ရောက်လာပြီး ပစ်မှတ်ချိန်ယူကြသည်။

ကျန်းချန်၏ အမူအရာနောက်တွင် ကျန်လေးယောက်သည် တစ်ချိန်တည်းနီးပါး လှုပ်ရှားသည်။

သူတို့၏ လှုပ်ရှားမှုများသည် တစ်သမတ်တည်းကျကာ သန့်ရှင်းသေသပ်သည်။

ပစ်မှတ်သုံးခုကို အောင်မြင်စွာ သတ်နိုင်ခဲ့သည်။

လေးယောက်မြောက်လုံခြုံရေးအဖွဲ့သားသည် သူ့ပစ်မှတ်၏လည်ပင်းကို ဖြတ်ရန် သူ၏ဓားမြှောင်ကို အသုံးပြုခဲ့သည်။

ထိုလူသည် သူ့အနောက်၌ တစ်စုံတစ်ယောက်ရှိနေသည်ကို သတိပြုမိပုံရပြီး ရှေ့သို့ ခြေတစ်လှမ်းတိုးသွားသည်။

လုံခြုံရေးအဖွဲ့မှ အဖွဲ့ဝင်သည်

လျင်မြန်စွာ ရှေ့တက်ပြီး ဓားမြှောင်နှင့် ထိုးသတ်သည်။

" ကယ် ........ "

ထိုလူသည် အသတ်မခံရမီ 'ကယ်'ဟုသော စကားတစ်ခွန်းကို အော်ခဲ့သည်။

သို့သော် ထိုစကားလုံးကြောင့် အခြေအနေများ ပြောင်းလဲသွားသည်။

ပြင်ဆိုင်တံခါးမှာ တွန်းပွင့်လာသည်။

အနက်ရောင် အရိပ်တစ်ခု ရုတ်တရက် ထွက်ပေါ်လာပြီး ကျန်းချန်ဆီသို့ ပြေးသွားခဲ့သည်။

ဤပြောင်းလဲမှုသည် ရုတ်တရက်ဖြစ်ပြီး ယဲ့ဖန်ပင်လျှင် တုံ့ပြန်ရန် အချိန်မရှိလိုက်ပေ။

အနက်ရောင်အရိပ်သည် ကျန်းချန်အရှေ့သို့ ရောက်ရှိနေပြီဖြစ်သည်။

သူ၏လက်သီးများသည် ကျန်းချန်၏ရင်ဘတ်ကို ချိန်ရွယ်ထားကာ ပြေးနေသောမြင်းနှင့်တူသည်။

ကျန်းချန်သည် အမှန်တကယ်ပင် လုံခြုံရေးအဖွဲ့ထဲမှ ထိပ်တန်းကျွမ်းကျင်သူတစ်ဦးဖြစ်သည်။

သူသည် တိုက်ပွဲအတွေ့အကြုံများစွာ ရှိသည်။

ခြုံခိုတိုက်ခိုက်ခံရသော်လည်း တိုက်ခိုက်မှုကို ရှောင်ရှားရန် ခြေလှမ်းနှစ်လှမ်း အမြန်ပြန်ဆုတ်ခဲ့သည်။

သို့သော် ပြိုင်ဘက်၏ အရှိန်ကို သူ လျှော့တွက်မိသွားသည်။

သူ အမြန်ပြန်ဆုတ်လေ ပြိုင်ဘက်၏ တိုက်ခိုက်မှုမှာ ပိုမြန်လာလေ ဖြစ်သည်။

သူ သေချာစွာ မရပ်နိုင်ခင်မှာပင် အရိပ်မည်း၏ လက်သီးချက်က သူ့ရင်ဘတ်ကို ထိသွားခဲ့သည်။

ကျန်းချန်သည် ရှောင်လွှဲလို့ မရသည်ကို သိလိုက်ပြီးနောက် သူ့ကိုယ်သူ ကာကွယ်ရန် သူ၏ စွမ်းအားအားလုံးဖြင့် ချက်ချင်း တောင့်ခံလိုက်သည်။

သူ၏ လေ့ကျင့်မှုသည် အလင်းကျင့်စဉ်၏ ထိပ်ဆုံးအဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။

အဆင့်တစ်ခုထိ လေ့ကျင့်ထားသောသူဖြစ်သောကြောင့် သူ၏ကြွက်သားနှင့် အရိုးများအပြင် အရေပြားကပင် အလွန်မာကျောနေသည်။

နေ့ရောညပါ ထုဆစ်ထားသည့် နွားဖြူအိုကြီးကဲ့သို့ အလွန်မာကျောမှုရှိနေသည်။

သာမန်လူများထက် သာလွန်သည်။

လူတစ်ယောက်မှ သူ့အား ထိုးလျှင် တစ်ဖက်သူကပင် ပြန်၌ ဒဏ်ရာရသွားနိုင်သည်။

အထူးသဖြင့် ယခုအခါ သူသည် သူ့ကိုယ်သူ ခုခံနိုင်ရန် သူ့ရင်ဘတ်ထဲသို့ ခွန်အား အားလုံးကို ဖြန့်ကျက်ထားသောကြောင့် လေ့ကျင့်စဉ်အနေအထားတစ်ခုရှိသူကိုပင် ရင်ဆိုင်နိုင်သည်။

သို့သော် ဤတစ်ကြိမ် သူရင်ဆိုင်နေရသည့် ပြိုင်ဘက်မှာ ထင်ထားသည်ထက် အများကြီး ပိုပြင်းထန်သည်။

ဘန်း

တစ်စုံတစ်ယောက်မှ သားရေဗုံကို ထုလိုက်သကဲ့သို့ အသံကျယ်ကြီးတစ်ခု ထွက်ပေါ်လာသည်။

ကျန်းချန်သည် ချက်ချင်း ပျံထွက်သွားသည်။

တစ်ချိန်တည်းမှာပင် ပါးစပ်ထဲမှ သွေးများစွာ ထွက်လာပြီး သွေးမိုးရွာလာသည်။

ထို့နောက် မြေပြင်ပေါ်သို့ ပြင်းထန်စွာ လဲကျသွားပြီး မေ့လဲသွားသည်။

သူ့ရင်ဘတ်၌ ကြောက်မက်ဖွယ်ကောင်းသော ချိုင့်ကြီးတစ်ခုရှိနေတော့သည်။

ထိုထိုးနှက်ချက်မှာ အင်မတန်ကြောက်စရာကောင်းသည်ကို မြင်နိုင်သည်။

" ကျန်းချန် "

အနီးနားရှိ အခြားလုံခြုံရေးအဖွဲ့ဝင်များမှာ ချက်ချင်းအော်ဟစ်ပြီး အရိပ်မည်းကို တစ်ချိန်တည်း တိုက်ခိုက်ခဲ့ကြသည်။

သို့သော် အဆုံး၌ သည်းထိတ်ရင်ဖိုကောင်းသော အပြောင်းအလဲမရှိခဲ့ပေ။

ကျန်းချန်သည် သူတို့ထဲ၌ ခွန်အားအကြီးဆုံး ဖြစ်ပါသော်လည်း အရိပ်မည်း၏တိုက်ခိုက်မှုကို တစ်ချက်ပင် မခံနိုင်လိုက်ချေ။

ထို့ကြောင့် အခြားသူများ၏ တိုက်ခိုက်ချက်သည် အရိပ်မည်းအပေါ် သက်ရောက်မှုမရှိသည်မှာ မြင်သာသည်။

သူတို့သုံးယောက်သည် အမြန်ပြေးသွားသော်လည်း တစ်စက္ကန့်စီမှာပင် သူတို့ သုံးယောက်သည် တစ်ယောက်စီ မြေပြင်ပေါ် လဲကျသွားသည်။

ဤတာဝန်အတွက် ကျန်းကောပြည်နယ်သို့ ရောက်လာသည့် လုံခြုံရေးအဖွဲ့ဝင်များသည် အနည်းဆုံးအနေဖြင့် အလင်းကျင့်စဉ် အလယ်အဆင့်၌ ရှိကြသည်။

သို့သော် ထိုအနက်ရောင်ဝတ်ရုံဖြင့်လူ၏ အရှေ့၌ သူတို့မှာ အပျော်တမ်းသမားများကဲ့သို့ ဖြစ်နေသည်။

ထိုလူ၏ ခွန်အားမှာ မည်မျှထိ ကြောက်စရာကောင်းသည်ကို သိနိုင်သည်။

ဒိုင်း

ဒိုင်း

ထိုအချိန်တွင် သေနတ်သံ အနည်းငယ်ကို ရုတ်တရက် ကြားလိုက်ရသည်။

လုံခြုံရေးအဖွဲ့မှ အခြားအဖွဲ့ဝင်ငါးဦး ရောက်ရှိလာခဲ့သည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များ အားလုံး သေနတ်များ တပ်ဆင်ထားသည်။

ရန်သူကို မသိစေချင်ခဲ့သော်လည်း ယခုအခါသူတို့၏ တည်နေရာမှာ ဖော်ထုတ်ခံရပြီးဖြစ်ရာ ဖုံးကွယ်ထားရန် မလိုတော့ချေ။

သို့သော် အရိပ်မည်းသည် အလွန်လျင်မြန်လှသည်။

လုံခြုံရေးအဖွဲ့ဝင်များ၏ ပစ်ခတ်မှုကို ရှောင်တိမ်းနိုင်ခဲ့သည်။

ထိုသည်သာမက လုံခြုံရေးအဖွဲ့ဝင်တစ်ဦးကိုလည်း အမြန်ချဉ်းကပ်ခဲ့သည်။

လုံခြုံရေးအဖွဲ့မှ အဖွဲ့ဝင်သည် သေနတ်မောင်းခလုတ်ကို ဆွဲတော့မည်ဖြစ်သော်လည်း သူ၏လက်ကောက်ဝတ်ကို အရိပ်မည်းမှ ဆုပ်ကိုင်ထားပြီးဖြစ်သည်။

ဂျွတ်

လုံခြုံရေးအဖွဲ့သား၏ လက်မောင်းမှာ အသားကြိတ်စက်ဖြင့် ကြိတ်ခံရသလို ခံစားလိုက်ရပြီး သူ့လက်ကောက်ဝတ်မှာ ကျိုးသွားတော့သည်။

ထို့နောက် ထိုလုံခြုံရေးအဖွဲ့ဝင်ကို အရိပ်မည်းမှ လူသားဒိုင်းကာအဖြစ် အသုံးပြုခဲ့သည်။

ချန်းဖေးအယ်နှင့် ကျန်အဖွဲ့ဝင် သုံးဦးသည် သူတို့၏အဖွဲ့ဝင်မှာ ဓားစာခံဖြစ်နေသောကြောင့် မပစ်ရဲကြတော့ပေ။

သူတို့ တုံ့ဆိုင်းနေချိန် ဓားစာခံဖြစ်နေသောလုံခြုံရေးအဖွဲ့သား၏ ခန္ဓာကိုယ်မှာ လွင့်ထွက်လာသည်။

အဖွဲ့ဝင်နှစ်ဦးသည် မသိစိတ်က လှမ်းဖမ်းချင်လိုက်ပါသော်လည်း အနောက်မှ အရိပ်မည်းကြီးသည် ခုန်ထွက်လာပြီဖြစ်သည်။

ဘန်း

ဘန်း

ဆူညံသံနှစ်ခုနှင့်အတူ လုံခြုံရေးအဖွဲ့မှ အဖွဲ့ဝင်နှစ်ဦး ပျံထွက်သွားခဲ့သည်။

ထိုလူ၏ ခွန်အားမှာ အလွန်ကြောက်စရာကောင်းလှသည်။

တိုက်ခိုက်မှုတိုင်းသည် ပေါင်တစ်ထောင်ကျော် အလေးချိန်ရှိလောက်သည်။

သူ၏ ထိုးနှက်ချက်ကြောင့်ရမည့် ဒဏ်ရာများမှာ ပြင်းထန်လှပေမည်။

ချန်းဖေးအယ်၏ မျက်လုံးများသည် ပြူးထွက်တော့မတတ် ဖြစ်နေသည်။

သူမသည် ဤစစ်ဆင်ရေး၏ခေါင်းဆောင်ဖြစ်ပြီး ယခုအခါ သူမ၏အဖွဲ့သားကိုးဦးအနက် ခုနစ်ဦးသည် ဒဏ်ရာအပြင်းအထန်ရရှိသွားခဲ့သည်။

ထိုသည်က ချက်ချင်းပင် သူမကို ဒေါသထွက်စေသည်။

ချန်းဖေးအယ်သည် မဆိုင်းမတွဘဲ ပရှေ့ကို တိုးလာခဲ့သည်။

ကျန်အဖွဲ့သားများကလည်း အတူတကွ အရိပ်မည်းကို ဝိုင်းရံထားကြသည်။

ထိုအချိန်တွင် ချန်းဖေးအယ်သည် အလင်းရောင်၏အကူအညီဖြင့် ထိုလူ၏အသွင်အပြင်ကို မြင်နိုင်ခဲ့သည်။

ထိုလူသည် အသက်ခုနစ်ဆယ်လောက်ရှိပြီး တစ်ခေါင်းလုံး ဆံပင်ဖြူနေကာ မျက်နှာမှာလည်း အရေးအကြောင်းများနှင့် ပြည့်နေသည်။

လမ်းတွေ၌ လမ်းလျှောက်နေလျှင် သာမာန်အဘိုးအိုကြီးတစ်ယောက် ဖြစ်နိုင်သည်။

သို့သော် ဤသို့သော အဘိုးအိုတစ်ဦးမှ ထိုမျှကြောက်စရာကောင်းသော ခွန်အားကို အမှန်တကယ် ပိုင်ဆိုင်လိမ့်မည်ဟု မည်သူမှ ထင်ထားမည် မဟုတ်ချေ။

" သူ့ကိုသတ် "

တစ်ဖက်သူ၏ အင်အားကြောင့် တုန်လှုပ်ခြောက်ခြားနေပါသော်လည်း ဒဏ်ရာရသွားသော အဖွဲ့ဝင်များကြောင့် သူမ၏စိတ်ထဲမှ ကြောက်ရွံ့မှုကို ဂရုမစိုက်တော့ဘဲ ရှေ့သို့ ပြေးသွားခဲ့သည်။

သို့သော် အဘိုးအိုသည် ချက်ချင်း မတိုက်ခိုက်ခဲ့ပေ။

သူ၏ခန္ဓာကိုယ်မှာ ရုတ်တရက် နောက်ဆုတ်သွားပြီး သူ့အရှိန်က အလွန်မြန်လေသည်။

ဘန်း

နောက်တစ်စက္ကန့်၌ သူ့ကို အနောက်မှ ဝိုင်းထားသည့် လုံခြုံရေးအဖွဲ့ ဝင်ကို တံတောင်နှင့် တိုက်လိုက်သည်။

ထို့ကြောင့် ဘေးနေရာ၌ ချန်းဖေးအယ်တစ်ယောက်သာ ကျန်ခဲ့သည်။

" ကျွန်မ ရှင့်ကို သတ်မယ် "

ချန်းဖေးအယ်သည် အလွန်ဒေါသထွက်နေပြီဖြစ်သည်။

သူမသည် ဘဝတွင် တစ်စုံတစ်ယောက်ကို ဤမျှလောက်ဆိုးရွားစွာ သတ်ပစ်ချင်စိတ် မရှိခဲ့ချေ။

သူမသည် မိန်းကလေးတစ်ဦးဖြစ်သောကြောင့် ဤအသင်းဖော်များမှ အလွန်ဂရုစိုက်ပေးကြသည်။

အားလုံးက သူမအတွက် မိသားစုလိုဖြစ်သည်။

ယခုအခါ သူမအရှေ့ရှိ အဘိုးကြီးကြောင့် တစ်မိသားစုလုံး ထိခိုက်ဒဏ်ရာ ရသွားရာ သူမ၏ လူသတ်ချင်စိတ်သည် အဆုံးထိနိုးကြားလာသည်။

ထိုလူအား တိုက်ခိုက်ခြင်းကြောင့် သူမ သေရမည်ဆိုသည်ကို သိလျှင်ပင် မတွန့်ဆုတ်ချေ။

အဘိုးအိုသည် ချန်းဖေးအယ်မှာ မိန်းကလေးဖြစ်သော်လည်း သနားညှာတာခြင်း မပြခဲ့ပေ။

သူသည် သူမဆီသို့ ပြေးလာသည်။

သူတို့နှစ်ယောက်ကြားမှ အကွာအဝေးသည် မားစ်ဂြိုဟ်နှင့် ကမ္ဘာ တိုက်မိတော့မည်သကဲ့သို့ ပိုနီးကပ်လာခဲ့သည်။

ပို၍ ရှင်းလင်းစွာ ပြောရလျှင် ကျောက်တုံးနှင့် တိုက်မိတော့မည့်ကြက်ဥနှင့် တူသည်။

ကြက်ဥက မည်သူ၊ ကျောက်တုံးက မည်သူဖြစ်သည်မှာ ထင်ရှားသည်။

ချန်းဖေးအယ်သည် သေရန် ဆုံးဖြတ်ထားပြီးသားဖြစ်သည်။

သူမ မသေခဲ့လျှင်ပင် ထိုလူအိုကြီးအား အဖိုးအခပေးဆပ်အောင် လုပ်မည်ဖြစ်သည်။

သို့သော် ထိုအရေးကြီးသော အခိုက်အတန့်တွင် သူမရှေ့၌ တစ်စုံတစ်ခု ရုတ်တရက် ပိတ်ဆို့သွားသည်။

ဘန်း

ပေါက်ကွဲသံ ထွက်ပေါ်လာပြီး မြေကြီးပင် တုန်လှုပ်သွားပုံရသည်။

ပြေးထွက်လာသူသည် အဘိုးအိုနှင့် လက်ဖဝါးချင်းရိုက်ခဲ့ကြောင်း ထင်ရှားသည်။

အဘိုးအိုသည် တုန်လှုပ်ခြောက်ခြားသော အမူအရာဖြင့် နောက်သို့ ခြေလှမ်းသုံးလှမ်း ဆုတ်သွားခဲ့သည်။

ချန်းဖေးအယ်သည် မှိန်ဖျော့သော အလင်းရောင်အောက်တွင် သူမအရှေ့မှ ရုပ်ပုံကို ကြည့်လိုက်သည်။

အဝါရောင်မှိန်ဖျော့သော အလင်းရောင်အောက်၌ ရွှေရောင်ကိုယ်ရောင်ဝါကို ၀တ်ဆင်ထားသကဲ့သို့ ထိုလူ၏ခန္ဓာကိုယ်ပေါ်မှ ခွန်အားတစ်ခုကို ထုတ်လွှတ်နေပုံရပြီး စိတ်အားထက်သန်မှုကို ဖြစ်လာစေသည်။

" ယဲ့ဖန် ....... "

ချန်းဖေးအယ် သူ့နာမည်ကို ရေရွတ်လိုက်ပြီး သူမ၏ စိတ်ခံစားမှုများ တဟုန်ထိုး တက်လာသည်။

အခြားသူများ၏ အနိုင်ကျင့်ခြင်းကို ခံရသောကလေးသည် သူ့မိဘ ပေါ်လာသည်ကို မြင်လိုက်ရသလိုဖြစ်သွားသည်။

ယဲ့ဖန် ဖြည်းညှင်းစွာ လှည့်ကြည့်လိုက်ပြီး သူ့နှုတ်ခမ်းထောင့်မှာ လှပသော အပြုံးတစ်ခုအဖြစ် ကွေးကောက်သွားသည်။

" ကိုယ်ရှိနေရင် မင်းကိုဘယ်သူမှ အနိုင်ကျင့်လို့မရဘူး "

All Chapters