← Chapters

ကျုပ်တစ်ယောက်တည်းနဲ့ သတ်ဖို့လုံလောက်တယ်

Vol. 73 Ch. 1448

ကျုပ်တစ်ယောက်တည်းနဲ့ သတ်ဖို့လုံလောက်တယ်

Vol. 73 Ch. 1448

ယဲ့ဖန်သည် ပေါ့ပါးစွာသာ ပြောလိုက်သော်လည်း အမှန်မှာ လေးနက်လေသည်။

သူ့အရှေ့မှ အဘိုးအိုသည် သူမြင်ဖူးသမျှ ထိပ်ဆုံးအဆင့်ရှိသည့် ကိုယ်ခံပညာရှင်များထဲမှ တစ်ယောက်ဖြစ်သည်။

လက်ရှိဖြစ်သွားခဲ့သော တိုက်ပွဲမှာ နားထောင်ရ ရှုပ်ထွေးနိုင်သော်လည်း အမှန်တကယ်တွင် စက္ကန့်၂၀မျှသာ ကြာမြင့်ခဲ့သည်။

လုံခြုံရေးအဖွဲ့ဝင်၉ဦးထဲမှ ချန်းဖေးအယ်တစ်ယောက်သာ ကျန်တော့သည်။

စက္ကန့်နှစ်ဆယ်အတွင်း အလယ်အလတ်အဆင့်ထက်မှ ကိုယ်ခံပညာရှင် ရှစ်ဦးကို ထိခိုက်ဒဏ်ရာရစေရန် လိုအပ်သော ခွန်အားမျိုးမှာ အနည်းငယ် ထိတ်လန့်စရာကောင်းလှသည်။

သို့သော် ယဲ့ဖန် ထူးဆန်းနေသည်မှာ သူသည် တစ်ဖက်လူ၏ အတွင်းအား ကြံ့ခိုင်မှု အတက်အကျကို မခံစားနိုင်သောကြောင့်ဖြစ်သည်။

သူသည် မတတ်နိုင်ဘဲ တစ်စုံတစ်ဦးကို တွေးမိသည်။

နျုံစစ်သွမ်း

နျုံစစ်သွမ်း၏ လျှို့ဝှက်ဆန်းကြယ်သောအဖွဲ့အစည်းမှ အသုံးပြုသော မျိုးရိုးဗီဇပြုပြင်မွမ်းမံရေးနည်းပညာသည် လူတစ်ဦး၏ခွန်အားကို စိတ်ကူးမယဉ်နိုင်သောအဆင့်အထိ လျင်မြန်စွာ တိုးမြင့်စေနိုင်ပြီးခန္ဓာကိုယ်အတွင်းအား ကြံ့ခိုင်မှုအတက်အကျကို မခံစားနိုင်စေပေ။

ဒီလူကရော မျိုးရိုးဗီဇ ပြုပြင်ထားတဲ့လူ ဖြစ်နေမလား။

ယဲ့ဖန် ၁၀၀ရာခိုင်နှုန်း မသေချာသေးသော်လည်း ဤလူသည် သာမန်အုတ်ဂူဓားပြ မဟုတ်သည်ကို သေချာစွာ ပြောနိုင်သည်။

ဘယ်အုတ်ဂူဖောက်ဂိုဏ်းက ဒီလောက် အတွင်းအား ကျွမ်းကျင်တဲ့သူရှိလို့လဲ။

ဒီလို ခွန်အားနဲ့ ဘာလို့ အုတ်ဂူဖောက်နေသေးမှာလဲ။

ဤအရည်အချင်းဖြင့် မည်သည့်အဖွဲ့အစည်းတွင်မဆို ပါဝင်ဆောင်ရွက်သူတိုင်းသည် ဘိုးဘေးတစ်ဦးကဲ့သို့ ဆက်ဆံခံရမည်ဖြစ်သည်။

ယဲ့ဖန် အဘိုးအိုကို အကဲခတ်နေစဉ် တစ်ဖက်မှ မေးလာသည်။

" မင်းက ယဲ့ဖန်လား "

အဘိုးအိုသည် သူ့ကို တစ်ချက်ကြည့်လိုက်သည်။

ယဲ့ဖန် မျက်လုံးများကို မှေးထားသည်။

" ကျုပ်ကို သိတာလား _

" ဟားဟားဟား၊ ကိုယ်ခံပညာလောကရဲ့ နံပါတ်တစ်ပါရမီရှင်ကို ဘယ်သူက မသိလို့လဲ "

အဘိုးအို၏ အသံသည် အလွန်စူးရှနေသည်။

သူ ပြုံးလိုက်သောအခါ လူများကို ထိတ်လန့်စေသည့် ဆိုးရွားသောလေထုတစ်ခု ပေါ်လာသည်။

ထိုအချိန်တွင် ဖန်းကျန်းဝူ ရောက်ရှိလာပြီး အဘိုးအို၏အနောက်တွင် ရပ်နေပြီဖြစ်သည်။

အဘိုးအိုသည် သူမကို လှည့်ကြည့်ပြီးနောက် ယဲ့ဖန်ကို ကြည့်လိုက်သည်။

" သူမကို ငါ့လက်ထဲမှာ မသေစေချင်ဘူးဆိုရင် ငါတို့တိုက်ပွဲထဲမှာ သူမကို မပါခိုင်းတာ အကောင်းဆုံးပဲ "

ယဲ့ဖန်သည် သူ့လက်ကို ဝှေ့ယမ်းပြီး ဖန်းကျန်းဝူကို ဖယ်နေရန် ညွှန်ပြသည်။

" ကျုပ်တစ်ယောက်တည်း ခင်ဗျားကို သတ်နိုင်တယ် "

" ဟားဟားဟား "

အဘိုးကြီး ရယ်ပြန်သည်။

" နံပါတ်တစ်ပညာရှင်ကြီးက အရမ်း မာနကြီးတယ်လို့ ငါ အမြဲကြားနေရတာ။ အခုမြင်ရတော့ အမှန်ပဲ။ ဒီအဘိုးကြီးက မင်းနဲ့ တိုက်ခိုက်ပြီး မင်းလို ဉာဏ်ကြီးရှင်တစ်ယောက်က ဘယ်လောက်တောင် စွမ်းဆောင်နိုင်လဲဆိုတာကို မြင်ချင်ပါသေးတယ် "

" ခင်ဗျားရဲ့အရိုးဆွေးတွေက ရိုက်တာကို ခံနိုင်ရည်ရှိမှာပဲ ကျုပ်က စိုးရိမ်တယ် "

ယဲ့ဖန်နှင့် အဘိုးအိုသည် ငါးမီတာမှ ခြောက်မီတာအကွာအဝေးအတွင်းတွင် မျက်လုံးချင်း သွေးအေးတိုက်ပွဲဖြစ်နေကာ လူသတ်ချင်စိတ်များ ပြည့်နှက်နေပုံရသည်။

ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားသည်။

ပေါက်

ခေါင်မိုးပေါ်မှ သွေးတစ်စက်ကျလာသည်။

ထိုသည်က လုံခြုံရေးအဖွဲ့မှ သတ်သည်ကို ခံလိုက်ရသော ခေါင်မိုးပေါ်မှလူ၏ သွေးဖြစ်သည်။

ထိုသွေးတစ်စက်သည် လက်ဝှေ့ကြိုးဝိုင်းအတွင်းရှိ ဒိုင်လူကြီးမှ မှုတ်ထုတ်လိုက်သည့် ဝီစီသံနှင့်တူသည်။

ကွင်းထဲရှိ ကစားသမားနှစ်ဦးသည် တိုက်ပွဲဝင်ရန် အဆင်သင့်ဖြစ်ခဲ့ကြပြီး ထိပ်တိုက်ရင်ဆိုင်ကြတော့သည်။

" ဟား ....... "

ထိုအဘိုးအိုသည် မငယ်ရွယ်သော်လည်း သူ၏လှုပ်ရှားမှုများမှာ လုံးဝအတားအဆီးမရှိပေ။

သူ့ခြေထောက်တစ်ဖက်သည် ကြာပွတ်ကဲ့သို့ လွင့်ပျံလာသည်။

ယဲ့ဖန်၏ ခန္ဓာကိုယ်အပေါ်ပိုင်းသည် ကိုးဆယ်ဒီဂရီထောင့်သို့ ရုတ်တရက် နောက်ပြန်လန်သွားသည်။

အဘိုးအို၏ ခြေထောက်သည် သူ့နှာခေါင်းဖျားကို ကျော်သွားကာ လေပြင်းနှင့်အတူ သူ့မျက်နှာကို ထိခိုက်သွားစေသည်။

ယဲ့ဖန်သည် တိုက်ခိုက်မှုကို ရှောင်တိမ်းနေစဉ် အဘိုးအို၏ခါးကို ချိန်ရွယ်ကာ ညာခြေဖြင့် ကန်ထုတ်လိုက်သည်။

ထိုကန်ချက်သည် ကျောက်တုံးတစ်တုံးကိုပင် ကြေမွစေနိုင်လောက်အောင် အစွမ်းထက်သည်။

ထိုပြင်းအားဖြင့် တစ်စုံတစ်ဦးကို ကန်ထုတ်လိုက်ပါက သေမည် သို့မဟုတ် ဒဏ်ရာရသွားမည်ဖြစ်သည်။

သို့သော် အဘိုးအို၏ အရှိန်သည် အလွန်မြန်ဆန်လှသည်။

ယဲ့ဖန် ကန်လိုက်သည့် အချိန်အတွင်းမှာပင် တိုက်ခိုက်မှုကို ရှောင်တိမ်းနိုင်ခဲ့သည်။

နှစ်ယောက်ကြားမှ အပြန်အလှန် ပညာဖလှယ်မှုသည် လျှပ်စီးလက်သလို မြန်နေသည်။

အလင်းကျင့်စဉ် နှောင်းပိုင်းအဆင့်တွင် ရှိနေသည့် ချန်းဖေးအယ်ပင်လျှင် မြန်ဆန်လှသော မြင်ကွင်းကြောင့် မှိန်ဖျော့သော ပုံရိပ်ယောင်ကိုသာ မြင်နေရသည်။

သူတို့နှစ်ယောက် တိုက်ခိုက်နေကြစဉ် အခြားလူတစ်စုသည် ပြင်ဆိုင်ထဲမှ ထွက်လာကြပြီး ဆယ်ယောက်ထက်မနည်း ရှိနေသည်။

" ယဲ့ဖန် ......... "

လူအုပ်ထဲမှ အမျိုးသမီးတစ်ဦး၏ အသံ ထွက်ပေါ်လာသည်။

ထိုသည်မှာ လန်ရှင်းယွီ၏ အသံဖြစ်သည်။

သူမသည် လက်ရှိတွင် အမျိုးသားနှစ်ဦး၏ ဓားစာခံအဖြစ် ဖမ်းဆီးခြင်းခံထားရသည်။

ယဲ့ဖန်သည် အဘိုးအိုတစ်ဦးနှင့် တိုက်ခိုက်နေသည်ကို မြင်လိုက်ရသဖြင့် သူမ မသိစိတ်မှ အသံထွက်အော်လိုက်သည်။

တစ်ဖက်မှ တိုက်ပွဲကိုကြည့်နေသော ဖန်းကျန်းဝူနှင့် ချန်းဖေးအယ်တို့သည် တစ်ယောက်နှင့်တစ်ယောက် စကားမပြောကြသော်လည်း တိတ်တဆိတ် နားလည်မှုဖြင့် ရှေ့သို့ ပြေးကြသည်။

လန်ရှင်းယွီ ဘေး၌ရပ်နေသည့် အနက်ရောင်ဖြင့် အမျိုးသားတစ်ယောက်သည် သူ့လက်ကိုဝှေ့ယမ်းလိုက်ရာ သူ၏ လက်အောက်ငယ်သားရှစ်ယောက်မှ အမျိုးသမီးနှစ်ယောက်စီသို့ ချက်ချင်း ဦးတည်သွားခဲ့သည်။

သူတို့ထဲမှ သုံးဦးသည် ချန်းဖေးအယ်စီသို့ ပြေးသွားပြီး ကျန်ငါးဦးမှာ ဖန်းကျန်းဝူစီသို့ ပြေးသည်။

လူအုပ်စုနှစ်စုသည် ချက်ချင်းပင် တိုက်ပွဲစတင်ဖြစ်ပွားခဲ့သည်။

ချန်းဖေးအယ်ကို ဝိုင်းရံထားသည့် လူသုံးဦးထဲမှ နှစ်ဦးမှာ အလင်းကျင့်စဉ်၏ အလယ်အလတ်အဆင့်တွင်ရှိပြီး ကျန်တစ်ဦးမှာ အလင်းကျင့်စဉ်၏ ကနဦးအဆင့်တွင် ရှိနေသည်။

ချန်းဖေးအယ်သည် အလင်းကျင့်စဉ်၏ နှောင်းပိုင်းအဆင့်သို့ ရောက်ရှိနေပြီဖြစ်သောကြောင့် ဖိအားအချို့ရှိသော်လည်း အကြီးအမားမဟုတ်ပေ။

ဖန်းကျန်းဝူကို ဝိုင်းထားကြသော လူငါးယောက်မှာ အလင်းကျင့်စဉ် နှောင်းပိုင်းအဆင့် နှစ်ယောက်၊ အလယ်အဆင့် နှစ်ယောက်နှင့် အစောပိုင်းအဆင့် တစ်ယောက်တို့ ပါဝင်သည်။

ထို့ကြောင့် ဖန်းကျန်းဝူသည် အတွင်းအားကနဦးအဆင့်ဖြစ်သော်လည်း သူမအတွက် ကြီးမားသည့် ဖိအားတစ်ခု ဖြစ်သည်။

သို့သော် ယဲ့ဖန်သည် လက်ရှိတွင် အဘိုးအိုနှင့် တိုက်ခိုက်နေသောကြောင့် သူတို့ကို လုံးဝမကူညီနိုင်၍ သူတို့ကိုယ်တိုင်သာ ရင်ဆိုင်နေရသည်။

လန်ရှင်းယွီသည် ကွင်းပြင်ရှိ အခြေအနေကို စိုက်ကြည့်နေသည်။

ဤသည်မှာ သူမ တစ်ခါမှ မမြင်ဖူးသည့် မြင်ကွင်းတစ်ခုဖြစ်သည်။

ယဲ့ဖန်သည် ကိုယ်ခံပညာ ကျွမ်းကျင်သည်နှင့် သူ၏ အစွမ်းသတ္တိကို သူမ၏ မျက်လုံးများဖြင့် မြင်ဖူးထားသည်။

သို့သော် သူမအရှေ့ရှိ အခြားမိန်းကလေးနှစ်ဦးမှာ တကယ်ပင် သန်မာလွန်းလှသည်။

ထိုအရာက သူမကို အလွန်အံ့အားသင့်စေခဲ့သည်။

ဤတိုက်ပွဲသုံးခုသည် လက္ခဏာရပ်တစ်ခုစီ ရှိကြသည်။

အမြင်အရဆိုလျှင် ဖန်းကျန်းဝူ၏ဘက်သည် အကောင်းဆုံးဖြစ်သည်။

နင်ဂျာလှုပ်ရှားမှုနည်းပညာသည် အလွန်ထူးဆန်းပညာသားပါသည်။

ဖန်းကျန်းဝူဝတ်ထားသည့် ဂါဝန်လေးဖြင့် သူမ၏ နူးညံ့သိမ်မွေ့သောရုပ်သွင်သည် ပန်းနတ်သမီးကဲ့သို့ လူငါးဦးကြားတွင် လှည့်ပတ်သွားလာနေသည်။

တစ်ဖက်တွင် ချန်းဖေးအယ်သည် လုံခြုံရေးအဖွဲ့မှ သင်ကြားခဲ့သောနည်းပညာများဖြင့် တိုက်ခိုက်နေသည်။

ကြည့်ရသည်မှာ လှပမှုမရှိသော်လည်း တိုက်ခိုက်ချက်တိုင်းက ပြင်းထန်ပြီး စွမ်းအားများဖြင့် ပြည့်နေသည်။

သူမသည် အမျိုးသမီးတစ်ဦးဖြစ်သော်လည်း ယောက်ျားသုံးယောက်၏ ဝိုင်းရံခြင်းကို ရင်ဆိုင်ရသောအခါ လုံးဝမထိတ်လန့်နေပေ။

ယဲ့ဖန်ကိုတော့ လန်ရှင်းယွီ ရှင်းလင်းစွာ မမြင်နိုင်ခဲ့ချေ။

ပထမအချက်မှာ ညဉ့်နက်နေပြီဖြစ်၍ ပြုပြင်ရေးဆိုင်မှ မီးရောင်တစ်ခုတည်းရှိရာ ပတ်ဝန်းကျင်ကို မလင်းစေနိုင်ပေ။

နောက်တစ်ချက်မှာ သူတို့နှစ်ယောက် တိုက်ခိုက်နေခြင်းသည် မြန်ဆန်လွန်းလှသည်။

အဆင့်မြင့်ကင်မရာဖြင့် ရိုက်ကူးဖြင့် အနှေးပြကွက်ဖြင့်ကြည့်မှသာ သေချာမြင်နိုင်ပေလိမ့်မည်။

ယခုအခါ လူနှစ်ယောက်သည် ကွင်းပြင်၌ ဟိုဒီ ပြေးလွှားနေကြသည်ကိုသာ မြင်နေရသည်။

ဆယ်မိနစ်ကျော်ကြာပြီးသော်လည်း သူတို့နှစ်ဦးအနက် အောင်နိုင်သူ မရှိလာသေးပေ။

တစ်ဖက်တွင် ဖန်းကျန်းဝူသည် အလင်းကျင့်စဉ်ကနဦးအဆင့်ရှိ ကိုယ်ခံပညာရှင်တစ်ဦးနှင့် အလင်းကျင့်စဉ်အလယ်အလတ်အဆင့်ရှိ သိုင်းပညာရှင်တစ်ဦးကို အောင်မြင်စွာ တိုက်ခိုက်ခဲ့ပြီးဖြစ်သည်။

ချန်းဖေးအယ်သည် အလယ်တန်းအဆင့် ကျွမ်းကျင်ပညာရှင်တစ်ဦးကိုလည်း အောင်မြင်စွာ ဒဏ်ရာရရှိစေခဲ့သည်။

ထိုအချိန်တွင် ယဲ့ဖန်နှင့် တိုက်ခိုက်နေသော အဘိုးအိုသည် ရုတ်တရက် အမှားလုပ်မိသွားသည်။

တစ်စုံတစ်ခုကို နင်းမိသွားပုံရသည်။

သူသည် ချက်ချင်း ခန္ဓာကိုယ်ကို တည့်မတ်ပေးခဲ့သော်လည်း ယဲ့ဖန်သည် အားနည်းချက်ကို အမီဆုပ်ကိုင်နိုင်လိုက်သည်။

" သေလိုက် "

ယဲ့ဖန် အော်လိုက်သည်။

ထို့နောက် သူ့လက်သီးသည် ဥက္ကာပျံတစ်စီးကဲ့သို့ အဘိုးအို၏ ရင်ဘတ်ဆီသို့ ပျံသွားသည်။

ယဲ့ဖန်သည် အဘိုးအို၏ အမှားကို ချက်ချင်းပင် ဆုပ်ကိုင်လိုက်ချိန် အဘိုးအိုသည် ရုတ်တရက် ထူးဆန်းသော အပြုံးကို ထုတ်ဖော်လိုက်သည်။

အမှန်တကယ်တွင် သူသည် ထိုချို့ယွင်းချက်ကို တမင်ထုတ်ဖော်ခဲ့ခြင်းဖြစ်သည်။

အချိန်အတော်ကြာ တိုက်ပွဲဝင်ပြီးနောက် အဘိုးအိုသည် ယဲ့ဖန်၏ အင်အားကို ရှာဖွေတွေ့ရှိခဲ့သည်။

ဤလူငယ်၏ ခွန်အားသည် အတွင်းစွမ်းအားကျင့်စဉ်၏ ပထမအဆင့် ဖြစ်နိုင်သည်။

ထို့အပြင် သူ၏ တိုက်ပွဲပုံစံသည် ပြင်းထန်ပြီး အားနည်းချက်ပေါ်လာရန် နေရာလွတ်မရှိပေ။

ယဲ့ဖန်သည် စိတ်မရှည်တတ်သူတစ်ယောက်ဖြစ်ကြောင်း ထင်ရှားသည်။

ထို့ကြောင့် အဘိုးအိုသည် ဤချို့ယွင်းချက်ဖြင့် ယဲ့ဖန်အား သွေးဆောင်ရန် တမင်တကာ ထုတ်ဖော်ခဲ့သည်။

မျှော်လင့်ထားသလိုပင် ယဲ့ဖန်မှာ ထောင်ချောက်ထဲသို့ ဝင်လာသည်။

All Chapters