← Chapters

ဖိနပ်လျက်ချင်တဲ့ကောင်တွေ

Vol. 73 Ch. 1453

ဖိနပ်လျက်ချင်တဲ့ကောင်တွေ

Vol. 73 Ch. 1453

" မင်းတို့ ဘာတွေပြောနေလို့ ဒီလောက်အသက်ဝင်နေတာလဲ "

ယဲ့ဖန် သမ်းဝေပြီး လျှောက်လာသည်။

မိန်းကလေးသုံးယောက်သည် တစ်ယောက်မှ လှည့်မကြည့်ဘဲ သူ့ကို လျစ်လျူရှုကြသည်။

ယဲ့ဖန် ခဏတာ နားထောင်ပြီးနောက် အဝတ်အစားနှင့် အလှကုန်များအကြောင်း ပြောနေကြသည်ကို ကြားကာ ငြီးငွေ့လာပြီး ရေချိုးရန် ထသွားသည်။

ရိုးရှင်းသော နံနက်စာစားပြီးနောက် ယဲ့ဖန် ပြန်အိပ်ပျော်ခါနီး၌ ကျူးရှောင်ကျောင်းမှ သူ့ကို တားလိုက်သည်။

" ယဲ့ဖန်၊ ငါတို့စျေးဝယ်ထွက်မှာ ကားသမားတစ်ယောက်လိုနေတယ်။ နင် ဘယ်လိုထင်လဲ ....... "

ယဲ့ဖန် သမ်းဝေပြီး သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။

" မင်းတို့ဘာသာသွားကြ။ ကိုယ် အရမ်းအိပ်ချင်နေသေးလို့ ခဏလောက် အိပ်လိုက်ဦးမယ် "

" အိပ်တာက ပိုအရေးကြီးတာလား၊ ဒါမှမဟုတ် မိန်းကလေးချောချောလေးတွေနဲ့ ဈေးဝယ်တာက ပိုအရေးကြီးတာလား "

ကျူးရှောင်ကျောင်းသည် အရှုံးမပေးဘဲ ယဲ့ဖန်ကို ဆက်လက် ချော့ပြောသည်။

" မင်းတို့ဘာသာ သွားလိုက်ကြ။ လမ်းမရှာတတ်တာလည်း မဟုတ်ဘဲနဲ့ "

ယဲ့ဖန်သည် အလွန်ငြင်းဆန်နေဆဲဖြစ်သည်။

" ဒါပေမယ့် ငါတို့သုံးယောက်က အရမ်းလှတာလေ။ ငါတို့ လူဆိုးတွေ အနိုင်ကျင့်တာခံရရင် ဘယ်လိုလုပ်မလဲ "

ကျူးရှောင်ကျောင်းသည် ချက်ချင်းပင် အားနည်းချင် ဟန်ဆောင်လိုက်သည်။

" ဟားဟား၊ မင်းက လူဆိုးတွေကို ပြဿနာမရှာရင်ဘဲ တော်ပါပြီ "

ယဲ့ဖန်သည် သူမစကားကို လှောင်ပြောင်လေသည်။

ဤမိန်းကလေးသုံးယောက်အနက် တစ်ယောက်မှာ အလင်းကျင့်စဉ်နှောင်းပိုင်းအဆင့်ရှိ လုံခြုံရေးအဖွဲ့ခေါင်းဆောင်ဖြစ်ပြီး နောက်တစ်ယောက်မှာ အတွင်းအားကျင့်စဉ်ပထမအဆင့် နင်ဂျာ တစ်ဦးဖြစ်ကာ နောက်ဆုံးတစ်ယောက်မှာ သိုင်းပညာ မသိသော်လည်း ကြမ်းတမ်းသော နတ်ဆိုး မတစ်ပါး ဖြစ်သည်။

သူတို့သုံးယောက် အတူရှိနေပါက နဂါးကန်ထဲဆင်းခြင်း သို့မဟုတ် ကျားတွင်းထဲသို့ ကျခြင်းပင် ဖြစ်ပေလိမ့်မည်။

လူဆိုးတွေကို ဘာလို့ ကြောက်ပြနေတာလဲ။

" သခင်ကြီး၊ ကျေးဇူးပြုပြီး ကျန်းဝူတို့နဲ့လိုက်ခဲ့ပေးပါလား နော် "

" ဟုတ်တယ်၊ ယဲ့ဖန်။ ကျွန်မလည်း ဈေးမဝယ်တာကြာပြီ "

ဖန်းကျန်းဝူနှင့် ချန်းဖေးအယ်တို့သည်လည်း ဝင်ပြောပြီး ယဲ့ဖန်အား အတူတူလိုက်၍ စျေးမဝယ်ပါက ကြီးလေးသော ရာဇ၀တ်သားတစ်ယောက်သဖွယ် တယောက်ပြီးတယောက် ပြောဆိုကြသည်။

ယဲ့ဖန်သည် သူတို့ကို မအောင်မြင်နိုင်ဘဲ သူတို့နဲ့အတွက် ထွက်လာခဲ့သည်။

သူတို့လေးယောက်သည် အနီးနားရှိ ဈေးဝ်စင်တာကြီးတစ်ခုစီသို့ သွားခဲ့ကြပြီး အရူးအမူး ဈေးဝယ်ထွက်ကြသည်။

အဝတ်အစား၊ ဒေါက်မြင့်ဖိနပ်များ၊ အလှကုန်ပစ္စည်းများ အကုန်ဝယ်ကြသည်။

ဝတ်စားဆင်ယင်လေ့မရှိသော ချန်းဖေးအယ်ပင်လျှင် လမ်းလွဲကာ မှန်အရှေ့တွင် နှုတ်ခမ်းနီစမ်းနေသည်။

ယဲ့ဖန် မြင်သည့်အခါ မတတ်နိုင်ဘဲ ခေါင်းခါကာ လောကကြီးအတွက် သက်ပြင်းချမိသည်။

ခဏကြာပြီးနောက် သူ့လက်ထဲ၌ အိတ်များအပြည့်ရှိနေပြီး ကောင်မလေးသုံးယောက်အနောက်မှ စိတ်ပျက်လက်ပျက်ဖြင့် လိုက်နေရသည်။

ယဲ့ဖန်သည် ကောင်မလေးများနှင့်အတူ ရှိနေပါသော်လည်း အကြွေးငါးသန်းလောက်တင်နေသည့်ရုပ်ပေါက်နေ၍ ဘေးမှလူများက ရိုက်ချင်လာကြသည်။

ဒီကောင် ဘယ်လောက်ကံကောင်းလဲ သူ့ကိုယ်သူ မသိဘူးလား။

မိန်းကလေးတစ်ယောက်ချင်းစီတိုင်းသည် အလွန်လှပကြသည်။

တစ်ယောက်ချင်းစီ၌ နတ်ဘုရားအဆင့် အလှတရားမျိုးရှိသည်။

ဤသို့နတ်ဘုရားမသုံးယောက်၏ အဖော်ပြုပေးခြင်းကို ခံရသည်မှာ ယောက်ျားတိုင်း အိပ်မက်ပင်မမက်ရဲသည့် အနေအထားတစ်ခုဖြစ်သည်။

သို့သော် ဤကောင်လေးမှ ကျေးဇူးမတင်သင့်အပြင် စိတ်ညစ်ပြနေသည်။

ဒါက လုံးဝ လက်မခံနိုင်စရာဘဲ။

ဒီလောက်အနေအထားဆို ပတ်ကြွားနေသင့်တယ် မဟုတ်လား။

လူတစ်စု၏ မနာလိုသောအကြည့်ကို ယဲ့ဖန်မြင်ပြီး အထင်သေးစွာ ရေရွတ်လိုက်သည်။

ဖိနပ်လျက်ချင်တဲ့ကောင်တွေ။

သူတို့လေးယောက်သည် တစ်မနက်ခင်းလုံး ဈေးဝယ်ထွက်ကြသည်။

ယဲ့ဖန်သည် ဗိုက်ဆာနေပြီဖြစ်ရာ တစ်ခုခုစားချင်လာသည်။

ဒီမိန်းမလှတွေက အလှအပထိန်းသိမ်းပြုပြင်ရေးဆိုင်ထဲမှာ တစ်အောင့်မက ကြာမယ်လို့ ဘယ်သူထင်မှာလဲ။

သူသည် အပြင်၌ စောင့်နေသည်မှာ အတော်ကြာပြီးနောက် ပျင်းရိလာ၍ လမ်းတစ်လျှောက် ဦးတည်ချက်မဲ့စွာ လျှောက်ပတ်ကြည့်နေသည်။

[ စနစ်မှ ကံကြမ္မာတာဝန်တစ်ခု ရှာဖွေတွေ့ရှိထားပါသည်။ မီတာ ၂၀ တည့်တည့်သွားပြီးနောက် ညာဘက်ကွေ့ပါ ...... ]

ယဲ့ဖန် ပျင်းရိစွာ လမ်းလျှောက်နေစဉ် စနစ်အကြောင်းကြားစာမြည်လာသည်။

ထိုသည်က သူ့ကို ချက်ချင်းပင် တက်ကြွစေပြီး စနစ်၏ ညွှန်ကြားချက်အနောက်ကို အမြန်လိုက်သည်။

ဆယ်မိနစ်ကြာပြီးနောက် နေရာတစ်ခုစီသို့ ရောက်သွားသည်။

ရင်ပြင်တစ်ခုဖြစ်ပြီး အလယ်၌ ရေပန်းတစ်ခုရှိကာ ဘေးပတ်ဝန်းကျင်၌ လူများစွာရှိသည်။

မိသားစုများ၊ အတွဲများစွာလည်း ရှိနေသည်။

မြင်ကွင်းမှာ အလွန်ပင် လိုက်လျောညီထွေရှိလှသည်။

ရင်ပြင်၏ထောင့်၌ မုန့်များ၊ အရုပ်များရောင်းနေသော ပျံကျဈေးသည်များလည်း စည်ကားနေသည်။

စနစ်၏ ညွှန်ကြားချက်အောက်၌ ယဲ့ဖန် ဆိုင်တစ်ဆိုင်အရှေ့သို့ ရောက်လာသည်။

ထိုဆိုင်သည် သကြားရုပ်များရောင်းနေသည်။

ဤသည်မှာ ကြံသကာကိုအရည်ကြိုပြီး သကြားရည်အပျော့မှ လူရုပ်၊ တိရစ္ဆာန်ရုပ်၊ ပန်းပုံစသည်ဖြင့် ပုံဖော်ထားသည့်သကြားခဲများဖြစ်သည်။

သူသည် ငယ်စဉ်က ဤသကြားရုပ်များစားရသည်ကို နှစ်သက်ကြောင်း မှတ်မိလိုက်သည်။ သူ ပိုက်ဆံရှိသည့်အခါတိုင်း ဝယ်စားတတ်လေ့ရှိသည်။

သို့သော် ယဲ့ဖန် ကြီးပြင်းလာသည်နှင့် ဤမုန့်များကို စိတ်မဝင်စားတော့ပေ။

သို့သော် စနစ်သည် သကြားခဲဝယ်ရန် တာဝန်ပေးနေခြင်းတော့ မဟုတ်ချေ။

လက်ရှိအချိန် ထိုဆိုင်ဘေး၌ ခန္ဓာကိုယ်တောင့်ဖြောင့်သော လူသန်ကြီးအချို့ ရှိနေသည်။

ထိုလူများသည် သန်မာဝဖီးကာ လက်မောင်းများပေါ်၌ တက်တူးများရှိသည်။

တစ်ချက်ကြည့်ရုံဖြင့် လူကောင်းများ မဟုတ်သည်ကို မြင်နိုင်သည်။

ပိန်လှီနေသောအဘိုးအိုအား ထိုလူများက ဝန်းရံနေသည်ကို ကြည့်ရသည်မှာ သနားစရာကောင်းလှသည်။

" အဘိုးကြီး၊ ဒီလမ်းပေါ်ထပ်လာရင် ရိုက်ပစ်မယ်လို့ပြောထားတာ မမှတ်ဘူးလား။ ငါတို့စကားကို အလေးမထားတာလား "

ဆံပင်အတိဖြင့် လူရမ်းကားသည် အဘိုးအို၏အင်္ကျီကိုဆွဲကာ ကြမ်းတမ်းစွာ ကြိမ်းမောင်းသည်။

" ငါ့မှာ ရွေးစရာမရှိလို့ပါ။ ဒါလေးမှမလုပ်ရင် ဘယ်လို နေထိုင်ရမလဲ "

အဘိုးအို၏မျက်နှာမှာ မျက်ရည်များဖြင့် ပြည့်နေပြီး ခန္ဓာကိုယ်တစ်ခုလုံးမှာလည်း အလွန်ပင် တုန်လှုပ်နေသည်။

လူအများသည် အဝေးမှသာ ကြည့်နေပြီး ဝင်မစွက်ဖက်ရဲပေ။

ထိုလူအုပ်စုသည် ပြဿနာရှာရန် လွယ်မည့်လူများ မဖြစ်နိုင်ချေ။

ဘယ်သူက ဒီလိုအရှုပ်ထဲ ဝင်ပါရဲမှာလဲ။

" ဒီအဘိုးကြီးက ခေါင်းမာနေတုန်းပဲလား။ သူ့ဈေးဆိုင်ကို ရိုက်ချိုးပြီး နောက်တစ်ခေါက် ပြန်လာရဲတဲ့ သတ္တိရှိမရှိ ကြည့်တာပေါ့ "

ထိုလူသည် သူ့အနားမှ လူများကို အမိန့်ပေးလိုက်သည်။

ထိုအခါ ဘေးမှယောက်ျားကြီးများက ဈေးဆိုင်စားပွဲလေးပေါ်မှ ပစ္စည်းများကို ဖမ်းထုတ်ပြီး ရိုက်ဖျက်ဆီးကြသည်။

မူလက ရိုးရှင်းသပ်ရပ်သော ဈေးဆိုင်လေးမှာ ရှုပ်ပွသွားတော့သည်။

" အဘိုးကို မရိုက်ပါနဲ့ ......... "

ထိုအချိန် အသက် ၅နှစ်၊ ၆နှစ်အရွယ်လောက်သာရှိသည့် ကလေးမလေးတစ်ဦးသည် လူအုပ်ကြီးကြားထဲမှ ပြေးထွက်လာကာ အဘိုးအိုအား ရိုက်နေသူများကို တွန်းလေသည်။

သို့သော် သူမသည် ပိန်လွန်းလှသည်။

ရွယ်တူကလေးများကြား၌ပင် သေးညှပ်သည်ဟု သတ်မှတ်နိုင်သည်။

သူမသည် ထိုလူရမ်းကားများကို မလှုပ်ခတ်နိုင်သည်မှာ မြင်သာလေသည်။

" ကောင်မစုတ်လေး၊ ဖယ်စမ်း။ မဟုတ်ရင် နင့်ကိုပါ ရိုက်ထုတ်ပစ်မယ် "

လူရမ်းကားကြီးတစ်ယောက်မှ ဆဲဆိုကာ ထိုကောင်မလေးကို ကန်ထုတ်လိုက်သည်

သို့သော် ထိုကလေးမလေးသည် ပြန်ထလာပြီး ဆက်၍ သူမအဘိုးကို ကာကွယ်သည်။

" စောက်ကျိုးနည်း၊ သေချင်နေတာလား "

လူရမ်းကားကြီးသည် အဘိုးအိုကို လွှတ်ပြီး ကလေးမလေးကို ကောက်ယူသည်။

ထိုကလေးမလေး၏ ခြေလက်လေးများမှာလေထဲ၌ တန်းလန်းကျနေပြီး သေးငယ်အားနည်းလွန်း၍ မခုခံနိုင်ပေ။

အစောက တုန်လှုပ်ကြောက်ရွံ့နေသော အဘိုးအိုမှာ သူ၏မြေးမလေးအား လူရမ်းကားကြီးမှ ပွေ့ထားသည်ကို မြင်ပြီး ရုတ်တရက် ပြေးထွက်လာသည်။

ဘယ်နေရာမှ သတ္တိရလာသည်ကို မသိနိုင်ပေ။

" ငါ့မြေးကို လွှတ် ........ "

သူ အနားမကပ်နိုင်ခင်မှာပင် လူရမ်းကားကြီး၏ ကန်ချက်ကြောင့် လွင့်ထွက်သွားကာ မြေကြီးပေါ် ပြုတ်ကျသွားသည်။

ကန်ချက်မှာ ပြင်းထန်လွန်းသည့်အပြင် အဘိုးအိုမှာ ၆၀ကျော် ၇၀အရွယ် အဘိုးကြီးဖြစ်သည်။

အဘိုးအိုမှာ မြေပြင်ပေါ်မှ အတော်ကြာ မထနိုင်ပေ။

" ဘိုးဘိုး ........ "

ကလေးမလေးသည် အသည်းကွဲမတတ် အော်ငိုနေသည်

" ထပ်ငိုရင် သတ်ပစ်မယ် "

လူရမ်းကားကြီးသည် နှလုံးအား သံမဏိဖြင့် လုပ်ထားသဖွယ် ညှာတာမှုမရှိပေ။

ဘေးမှကြည့်နေသူများမှာ မကျေနပ်သော်လည်း ဘာမှဝင်မပြောရဲကြပေ။

လူရမ်းကားကြီးသည် မြေပြင်ပေါ်မှ အဘိုးအိုကို စူးရဲစွာ ကြည့်နေသည်။

" ငါတို့ကို ရက်စက်တယ်လို့ အပြစ်မတင်နဲ့။ ခင်ဗျား စောက်ချိုးမပြေလို့ဖြစ်တာ "

ထိုသို့ပြောပြီး ကောင်မလေးကို ပစ်ချသည်။

All Chapters