← Chapters

တောင်နက်ဂိုဏ်းအကြောင်း ကြားဖူးလား

Vol. 73 Ch. 1455

တောင်နက်ဂိုဏ်းအကြောင်း ကြားဖူးလား

Vol. 73 Ch. 1455

ယဲ့ဖန်မှ အစ်ကိုဗြောင်ကို ရိုက်စဉ်က သူသည် ခုခံရန် ကြိုးစားသေးသည်။

သို့သော် ထူးဆန်းသည်မှာ သူသည် ထိုလူငယ်လေးအား ခုခံရန် ပြင်ဆင်သည့်အချိန်ကွက်တိမှာပင် တစ်ဖက်မှ သူ့ကို ရိုက်လာသည်။

ထိုအချက်မှတစ်ဆင့် သူ့အရှေ့မှလူငယ်သည် လုံးဝ သာမန်မဟုတ်သည်ကို မြင်နိုင်သည်။

အနည်းဆုံး သူတို့ ပေါင်း၍တိုက်ခိုက်လျှင်ပင် မနိုင်လောက်ချေ။

ထို့ကြောင့် သူ လေကုန်ခံကာ ပြောဆိုနေခြင်းဖြစ်သည်။

အခြားသူဖြစ်ပါက တစ်ခါတည်းတန်း၍ တိုက်ခိုက်လိုက်ပေမည်။

" ကောင်းပြီ၊ မင်းမှာ သတ္တိရှိရင် ဒီမှာစောင့်။ ငါ အခုချက်ချင်း လူသွားခေါ်မယ်။ မင်း ထွက်သွားရင် ဒီနှစ်ယောက် ကောင်းကောင်းနေရမယ် မထင်နဲ့။ မင်းလည်း လူတွေကို ခေါ်နိုင်ရင်ခေါ်လိုက် "

ထိုစကားကို ပြောပြီးသည်နှင့် ချက်ချင်းပင် ထွက်ခွာသွားခဲ့သည်။

ယဲ့ဖန် ချက်ချင်း အရိုက်ခံရမည်ဟု ထင်ထားကြသော ဘေးမှကြည့်နေသူများသည် ထိုလူများ အလျင်အမြန် ထွက်ခွာသွားသည်ကို မြင်သောအခါ စိတ်ရှုပ်သွားသည်။

" ဘာလို့ ထွက်သွားတာလဲ။ ဒီလူငယ်လေးကို လွှတ်ပေးလိုက်တာလား "

" သူတို့ပြောတာ မကြားဘူးလား။ သူတို့က စစ်ကူသွားခေါ်ကြတာ "

" စစ်ကူခေါ်တာလား။ အခုတောင် အများကြီးလေ။ ဒါတောင် ဒီကောင်လေးတစ်ယောက်ကို အနိုင်မယူနိုင်ဘူးလား။ စစ်ကူတွေလိုသေးတာလား "

" အဲ့တာတော့ အမှန်ပဲ ....... ဘာတွေဖြစ်နေတာလဲ ....... "

တောင်နက်ဂိုဏ်းမှ လူများ၏ လုပ်ရပ်ကြောင့် လူတိုင်း ပဟေဠိဖြစ်သွားခဲ့ကြသည်။

ယဲ့ဖန်သည် တစ်ယောက်တည်းဖြစ်ကာ တောင်နက်ဂိုဏ်းမှ လူငါးယောက်၊ ခြောက်ယောက်မက ရှိ၍ ဤအခြေအနေတွင် စစ်ကူ မလိုအပ်ပေ။

ဒါက ဘယ်လိုဟာသမျိုးလဲ။

" ကျေးဇူးတင်ပါတယ်၊ ကျေးဇူးရှင်လေး။ အသက်ကို ကယ်တင်ပေးလို့ ကျေးဇူးအများကြီးတင်ပါတယ် ........ "

ထိုအချိန်တွင် အရိုက်ခံထားရသော အဘိုးအိုသည် ခက်ခဲစွာ ထလာပြီး ယဲ့ဖန်၏ လက်ထဲမှ ကလေးမလေးကို ခေါ်ကာ အကြိမ်ကြိမ် ဦးညွတ်နေသည်။

" ရပါတယ်၊ ဘာမှမဖြစ်ပါဘူး "

ယဲ့ဖန်သည် သူ့လက်ကို ဝှေ့ယမ်းပြီး ကလေးမလေး၏ ပါးဖောင်းလေးများကို ညှစ်လိုက်သည်။

အဘိုးအိုသည် ပိန်လှီနေသော်လည်း ကလေးမလေးမှာ နူးညံ့သိမ်မွေ့သည်။

သူမ၏ အဝတ်အစားများသည် ကွက်တိမဖြစ်သော်လည်း သပ်ရပ်သန့်ရှင်းနေသည်။

ဤအဘိုးအိုသည် သူ့မြေးမလေးကို မည်မျှချစ်သည်အား သိနိုင်သည်။

" ကျေးဇူးရှင်လေး၊ မင်း မြန်မြန်ထွက်သွားသင့်တယ်။ တောင်နက်ဂိုဏ်းက လူတွေက သာမန်မဟုတ်။ မင်းကို ထပ်ပြီး ပြဿနာရှာလိမ့်မယ်။ အခုမထွက်သွားရင် အရမ်းနောက်ကျသွားမှာ "

အဘိုးအိုသည် ယဲ့ဖန်ကိုကြည့်ကာ ပြဿနာမဖြစ်စေချင်ပေ။

" ရပါတယ်၊ ကျွန်တော် သူတို့ကို မကြောက်ပါဘူး "

ယဲ့ဖန် သူ့လက်ကို အေးဆေးစွာ ဝှေ့ယမ်းပြီး သိချင်စိတ်ဖြင့်မေးလိုက်သည်။

" အဘိုးက တောင်နက်ဂိုဏ်းကလူတွေနဲ့ ဘယ်လိုပတ်သက်မိတာလဲ "

တောင်နက်ဂိုဏ်းမှလူများသည် ရက်စက်ကြမ်းကြုတ်သော်လည်း အဘိုးအိုအား အကြောင်းပြချက်မရှိ ပြဿနာရှာမည် မဟုတ်လောက်ပေ။

ထို့အပြင် စနစ်မှ ဤနေရာသို့ ပို့ရသည်မှာ အကြောင်းအရင်းရှိပေလိမ့်မည်။

အဘိုးအိုသည် ယဲ့ဖန်၏မေးခွန်းကိုကြားပြီး နေရခက်သွားပုံပေါ်သည်။

" ကျေးဇူးရှင်လေး၊ မင်းက ငါတို့အသက်ကို ကယ်ထားပေးတော့ ဘာမှမဖုံးကွယ်သင့်ပေမဲ့ ဒီကိစ္စက ရှုပ်ထွေးလွန်းတယ်။ ငါမင်းကို ပြောလိုက်ရင် မင်းပဲ ပြဿနာတက်မှာ။ မမေးတာပဲကောင်းတယ် "

အဘိုးအိုမှ ဤသို့မပြောလျှင်ပင် ယဲ့ဖန် စိတ်ဝင်စားမည် မဟုတ်သော်လည်း ဤသို့ပြောလာပြီးနောက် သူ ပို၍ စိတ်ဝင်စားလာသည်။

" ဘာလို့လဲ။ ကျွန်တော် သိချင်လို့ပါ "

" ကျေးဇူးရှင်လေး၊ မင်းက ငါ့ကို ခက်ခဲအောင်လုပ်နေတာပဲ "

ယဲ့ဖန်မှ သိချင်နေသည်ကိုမြင်ပြီး အဘိုးအို ဘာလုပ်ရမလဲ မသိတော့ပေ။

" ပြောပါ၊ ဖြစ်လာသမျှတွေကို ကျွန်တော် ခံနိုင်တယ် "

အဘိုးအိုမှ စကားရှောင်နေသည်ကို မြင်ပြီး ယဲ့ဖန် စိတ်မရှည်ဖြစ်လာသည်။

နောက်ဆုံး၌ အဘိုးအိုသည် ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်သည်။

" မင်းက သိချင်မှတော့ ပြောပေးမယ်။ ဒါပေမဲ့ လျှို့ဝှက်ထားရမှာ။ ဘယ်သူ့ကိုမှ ပြောလို့မဖြစ်ဘူး "

ယဲ့ဖန် သူ့အတွက် ခုံတစ်ခုံဆွဲပြီး ထိုင်စေလိုက်သည်။

အဘိုးအိုသည် မြေးမလေးကို ချီလိုက် ခုံပေါ်တွင် ထိုင်လေသည်။

သူဆက်ပြောသောစကားများက ယဲ့ဖန်ကို ထိတ်လန့်စေခဲ့သည်။

" ငါက ချန်းရှောင်ရှုန်းကို စော်ကားခဲ့မိတော့ သူက အမြဲတမ်းငါ့ကို သတ်ချင်နေတာ "

ယဲ့ဖန် ကြောင်အသွားသည်။

" ချန်းရှောင်ရှုန်းက အဘိုးကို သတ်ချင်နေတာလား "

ချန်းရှောင်ရှုန်းသည် တောင်နက်ဂိုဏ်း၏ ပဲ့ကိုင်ရှင်ဖြစ်သည်။

တကယ့်အကောင်ကြီးများအတွက် သူသည် ပိုးဟပ်တမျှသာဖြစ်သော်လည်း သာမန်လူများအတွက် သူက အကောင်ကြီးဖြစ်သည်။

ထို့ကြောင့် ပြဿနာရှာမိရန်မပြောနှင့် တွေ့ဆုံရန်ပင် ခက်ခဲနိုင်သည်။

ဤအဘိုးအိုသည် ချန်းရှောင်ရှုန်းကို ပြဿနာရှာခဲ့ရုံသာမက တစ်ဖက်သူကပင် သူ့ကို သတ်ပစ်ချင်နေခဲ့သည်။

ထို့ကြောင့် အဘိုးအိုအပေါ် ယဲ့ဖန်၏အမြင်ပြောင်းသွားသည်။

" သူက အဘိုးကို ဘာလို့ သတ်ချင်တာလဲ "

" အင်း၊ ဒီကိစ္စက ရှည်လွန်းတယ်။ လွန်ခဲ့တဲ့ ၂၂နှစ်လောက်ကပေါ့။ အဲ့ဒီတုန်းက ငါက ဟိုနားက တောင်ပေါ်မှာ နေတာ ....... "

အဘိုးအိုသည် အရှေ့မြောက်ဘက်ရှိ တောင်တစ်တောင်ကို ညွှန်ပြသည်။

" ဒီကနေ မိုင် ၅၀လောက်ဝေးတဲ့ နေရာမှာ တစ်ခုတည်းသောတောင်ရှိတယ် "

ယဲ့ဖန်သည် နားလည်ကြောင်း ညွှန်ပြသည့်အနေဖြင့် ခေါင်းညိတ်ပြလိုက်သည်။

အဘိုးအိုမှ ဆက်ပြောသည်။

" ငါတို့ရဲ့ဘိုးဘေးတွေကလည်း အဲ့နေရာမှာ မျိုးဆက်ပေါင်းများစွာ နေထိုင်လာခဲ့ကြတာ။ တစ်ခုတည်းသော တောင်ပေါ်မှာ မိသားစုဆယ်စုကျော်ရှိတယ်။ လူတိုင်းက လယ်ယာလုပ်ငန်းတွေ၊ အမဲလိုက်တာတွေနဲ့ တော်တော်လေး ကောင်းကောင်းမွန်မွန် ရှင်သန်နေထိုင်ကြတာပဲ။ ခေတ်စကားအရဆို အဲ့နေရာက နတ်ဘုံတစ်ခုအလားပါပဲ "

အဘိုးအိုသည် ထိုအကြောင်းပြောနေသည့်အခါ သူ့မျက်နှာ၌ တောင့်တလွမ်းဆွတ်မှုများဖြင့် ပြည့်နေသည်။

သူသည် လွန်ခဲ့သော အနှစ် ၂၀ကျော်က အေးဆေးလှသည့် ဘဝကို လွမ်းဆွတ်နေသည်မှာ ထင်ရှားသည်။

ယဲ့ဖန်သည် သူ့ကို မနှောင့်ယှက်ဘဲ ထိုင်နေလျက် ငြိမ်သက်စွာသာ နားထောင်နေသည်။

" ဒါပေမယ့် တစ်နေ့ကျတော့ အဲ့ဒီသာယာတဲ့ဘဝကို လူတစ်စုက ဖျက်ဆီးခဲ့တယ် "

အဘိုးအိုသည် ပြောနေလျက် သူ့မျက်နှာ၌ ကြောက်ရွံ့မှုနှင့် မုန်းတီးမှုများ ပြည့်နှက်နေသည်။

" ဒီလူတစ်စုက ငါတို့ရွာကိုလာပြီး အားလပ်ရက်အပန်းဖြေတာလို့ ပြောကြတယ်။ ငါတို့အိမ်မှာ တစ်ညလောက် နေချင်ကြတယ်ဆိုတော့ ငါ့မိန်းမနဲ့ ငါလည်း အဲ့တာကို သိပ်ပြီး တွေးမနေခဲ့ဘူး။ သူတို့ကို ဧည့်ခံဖို့ အစားအသောက်နဲ့ သောက်စရာတွေတောင် ပြင်ထားပေးသေးတယ် ........ "

ယဲ့ဖန်သည် အဘိုးအို၏ဖော်ပြချက်မှ ထိုလူများသည် လူကောင်းများ မဟုတ်ကြောင်း ခန့်မှန်းနိုင်သည်။

မျှော်လင့်ထားသည့်အတိုင်း အဘိုးအိုက ဆက်ပြောသည်။

" အဲ့ဒီလူတစ်စုက ငါ့အိမ်မှာ တစ်ညနေပြီး နောက်နေ့မနက် အစောကြီး ထွက်သွားကြတယ်။ ပြန်မလာတော့ဘူးလို့ ငါတို့ထင်လိုက်ပေမဲ့ သန်းခေါင်ကျော် ငါတို့ အိပ်တဲ့အချိန်ကျမှ မမျှော်လင့်ထားဘဲ ပြန်လာကြတာ။ နောက်ပြီး အိတ်ကြီးနှစ်လုံးတောင် ယူလာသေးတယ် ...... "

" အဲ့တာ ဘာလဲ "

ယဲ့ဖန် စိတ်ဝင်စားနေပြီဖြစ်ရာ မတတ်နိုင်ဘဲ မေးလိုက်သည်။

" အဲ့ထဲမှာ ရှေးဟောင်းပစ္စည်းတွေနဲ့ ပြည့်နေပြီး သူတို့အားလုံးစီက မြေကြီးနံ့တွေ ရနေတာ။ သူတို့ သင်္ချိုင်းအုတ်ဂူဖောက်ပြီး ခိုးလာတာ သိသာတယ် "

" အဲ့လူတွေက ဓားပြတွေလား "

" ဟုတ်တယ်၊ သူတို့က ကမ္ဘာလှည့်ခရီးသည်တွေ မဟုတ်ဘဲ သင်္ချိုင်းဓားပြအုပ်စုဖြစ်နေတာ။ ငါ့မိန်းမက သူတို့အိပ်နေတုန်း တွေ့လိုက်ရတော့ အဲ့ဒီတုန်းက ငါလည်း ကြောက်လွန်းလို့ ဘယ်သူ့ကိုမှ မပြောဖို့ ငါ့မိန်းမကို သတိပေးခဲ့ပါသေးတယ်။ မဟုတ်ရင် အသတ်ခံရနိုင်တယ်လေ ...... "

အဘိုးအိုသည် အတော်ကြာ ငြိမ်သက်သွားသည်။

" အဲ့တာပြီးတော့ ဘာဆက်ဖြစ်လဲ "

ယဲ့ဖန်သည် အချိန်အတော်ကြာ စောင့်ခဲ့သော်လည်း အဘိုးအိုမှ စကားမပြောလာ၍ ထပ်မေးခဲ့သည်။

အဘိုးအို၏ မျက်နှာသည် ဝမ်းနည်းပူဆွေးနေသောအမူအရာဖြင့် သက်ပြင်းရှည်ကြီး ချလိုက်သည်။

" မိန်းမတွေ အကုန်လုံး အတင်းအဖျင်းကြိုက်ကြတာ မင်း သိတယ်မလား။ ငါ့မိန်းမက အစစအရာရာ တော်တယ် ဒါပေမယ့် အတင်းပြောရတာ အရမ်းကြိုက်တယ်။ နောက်နေ့မနက်ကျ တစ်ရွာလုံးက အဲ့ဒီအကြောင်း ကြားသွားရော "

ယဲ့ဖန်သည် နောက်ပိုင်း ဘာဆက်ဖြစ်သည်ကို မှန်းဆထားသည်။

ထိုဓားပြအုပ်စုသည် သူတို့ကို လွှတ်ထားမည် မဟုတ်သည်မှာ သေချာသည်။

အဘိုးအို၏ ဆက်ပြောသောဖော်ပြချက်မှ သူ၏ ခန့်မှန်းချက်ကို အတည်ပြုခဲ့သည်။

" သင်္ချိုင်းဓားပြတွေက သူတို့အကြောင်း ပေါ်သွားတာကို သိသွားတော့ အားလုံးကို သတ်ပစ်လိုက်တယ်။ ငါတို့ရွာမှာ မိသားစု ဆယ်စုကျော်၊ လူငါးဆယ်၊ ခြောက်ဆယ်ကျော်အထိ သတ်ခံလိုက်ရတာ ...... "

အဘိုးအို၏ အသံသည် တုန်လှုပ်စပြုလာသည်။

မျက်လုံးများ ပြူးကျယ်သွားကာ အရိုးထဲထိ နက်ရှိုင်းဝင်ရောက်နေသော အမုန်းတရားများ မျက်နှာပေါ်၌ ပေါ်လွင်နေသည်။

All Chapters