သူတို့ကို ရှင်းလိုက်မယ်
Vol. 73 Ch. 1456
ယဲ့ဖန်သည်လည်း အဘိုးအို၏ ရှင်းပြချက်ကြောင့် လန့်သွားသည်။
သင်္ချိုင်းဓားပြများသည် ပြဿနာရှာမည်ကို ယဲ့ဖန် မှန်းဆထားပြီးဖြစ်သော်လည်း ထိုမျှလောက် ရက်စက်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။
လူငါးဆယ်၊ ခြောက်ဆယ်ကျော် သတ်ဖြတ်ခြင်းသည် ထိတ်လန့်စရာ အဖြစ်ဆိုးကြီးဖြစ်သည်။
" ငါ့မိန်းမရဲ့ခေါင်းကို ကြေးရုပ်တုနဲ့ ရိုက်ခွဲလိုက်တာကို ငါ့မျက်စိနဲ့ မြင်ခဲ့ရတယ်။ သွေးတွေ မြေပေါ်မှာ ပြန့်ကျဲနေပြီး ငါ့ရဲ့ ၁၆ နှစ်အရွယ် သားလေးကိုလည်း သတ်ပစ်လိုက်ကြတာ။ သူတို့ ငါ့ဆီ ပြေးလာတာကိုတွေ့တော့ အရမ်းကြောက်သွားပြီး တတ်နိုင်သမျှ မြန်မြန်ထွက်ပြေးခဲ့တာ ....... "
အဘိုးအိုသည် ထိုသို့ပြောပြီး သူ့အသံမှာ ဝမ်းနည်းမှုများစွာ ပြည့်နှက်နေသည်။
သူ့ခန္ဓာကိုယ်သည် တဆတ်ဆတ်တုန်လာနေသည်မှာ အကြောက်တရားကြောင့်လား၊ မုန်းတီးခြင်းလား မသိရပေ။
ယဲ့ဖန်သည် အဘိုးအို၏ လက်ရှိ အခြေအနေကို နားလည်ပေးနိုင်သည်။
သူ၏ ဇနီးနှင့်သား အသတ်ခံရသည့်အဖြစ်ကို မည်သူမှ မေ့နိုင်မည်မဟုတ်ပေ။
ဒါပေမဲ့ ဒါက ချန်းရှောင်ရှုန်းနဲ့ ဘာဆိုင်လဲ။
ကလေးမလေးသည် သူမအဘိုး ငိုနေသည်ကို မြင်ပြီး သူ့မျက်ရည်များကို သုတ်ပေးသည်။
အဘိုးအိုသည် အသက်သွေးကြောကို ဆွဲကိုင်ထားသကဲ့သို့ ကလေးမလေးကို တင်းကြပ်စွာ ဖက်ထားသည်။
" ငါလည်း တစ်လမ်းလုံးပြေးပြီး မိုင် ၅၀ကျော် ပြေးလာခဲ့တာ။ မြို့ထဲထိ ပြေးလာတော့ ရဲဌာနကို သွားခဲ့တယ် "
အဘိုးအိုသည် ငြိမ်သက်သွားပြီး ဆက်ရှင်းပြသည်။
" ရဲဌာနက လာစုံစမ်းပေမယ့် ဘာမှမတွေ့ဘူး။ အဲ့ဒီလူအုပ်စုက လေထဲကအငွေ့လိုပဲ ပျောက်သွားခဲ့တာ "
ဤကိစ္စမပြီးသေးကြောင်း ယဲ့ဖန် သိသည်။
မဟုတ်ပါက အဘိုးအိုသည် တောင်နက်ဂိုဏ်းမှ လူများကို ပြဿနာရှာမိမည် မဟုတ်ပေ။
" အဲ့ဒီနောက် မြို့ထဲမှာ အခြေချပြီး အချိန်ပိုင်းအလုပ်တွေ လုပ်တယ်။ အဲ့လိုမျိုး ဆယ်နှစ်ကျော် နေထိုင်ခဲ့ပြီး တစ်နေ့ကျ ဆောက်လုပ်ရေး လုပ်ငန်းခွင်တစ်ခုမှာ အလုပ်လာလုပ်တဲ့ အိမ်ခြံမြေကုမ္ပဏီက သူဌေးတစ်ယောက်နဲ့ တွေ့တယ်။ အဲ့ဒီလူကို တစ်ချက်ကြည့်လိုက်တာနဲ့ မှတ်မိသွားတာ သူက ငါ့မိန်းမနဲ့ သားကို သတ်ခဲ့တဲ့ ဓားပြပုု "
အဘိုးအိုသည် ထိုသည်ကို ပြောသည့်အခါ တဖန် စိတ်လှုပ်ရှားလာပြန်သည်။
သူသည် အံကြိတ်ရာ စူးရှသံပင် ထွက်လာသည်။
ယဲ့ဖန်သည် ထိုလူမှာ ချန်းရှောင်ရှုန်းဖြစ်သည်ကို သေချာပေါက် ခန့်မှန်းပြီးသားဖြစ်သည်။
မျှော်လင့်ထားသလိုပင် အဘိုးအိုမှ ထိုလူ နာမည်ကို ပြောလာသည်။
" အဲ့ဒီလူက သူဌေးကြီးဖြစ်လာပြီး တောင်နက်ဂိုဏ်းရဲ့ခေါင်းဆောင်လည်းဖြစ်တဲ့သူ။ နာမည်က ချန်းရှောင်ရှုန်းပဲ "
" အဲ့တာပြီးတော့ ဘာဆက်ဖြစ်တာလဲ "
" အဲ့ဒီတုန်းက သူလည်း ငါ့ကိုတွေ့တယ်။ ခဏအံ့ဩသွားပေမဲ့ ဘာမှမဖြစ်သလို ဟန်ဆောင်ပြီး လမ်းလျှောက်ထွက်သွားရော။ ငါလည်း ရဲတွေကို အမြန်ဖုန်းဆက်ပြီး ချန်းရှောင်ရှုန်းကို စုံစမ်းဖို့ သွားရှာခိုင်းပေမယ့် အချိန်တော်တော်ကြာပြီမလို့ ငါ့မိသားစုအသတ်ခံရတာအတွက် သက်သေအထောက်အထား လုံးဝ မရှိခဲ့ဘူး ......... "
အဘိုးအိုသည် ထိုသို့ပြောပြီး မုန်းတီးစွာဖြင့် သူ့ပေါင်သူ ရိုက်ချသည်။
" ငါ အရမ်းမုန်းတယ်။ လူဆိုးတွေက ဂုဏ်ကျက်သရေတွေ၊ စည်းစိမ်ဥစ္စာတွေ ရနေချိန် လူကောင်းတွေက ဘာလို့ ကောင်းကျိုးတွေ မရနိုင်ရတာလဲ။ ကောင်းကင်ဘုံက မတရားဘူး "
" ဘိုးဘိုး၊ မငိုပါနဲ့ "
ကလေးမလေးသည် ခေါင်းမော့ပြီး ကလေးဆန်သည့်အသံနှင့် နှစ်သိမ့်ပေးသည်။
အဘိုးအိုသည် သူမ၏ မျက်နှာလေးကို ပွတ်သပ်ကာ ငြိမ်သက်သွားပြန်သည်။
" တစ်ပတ်လောက်ကြာတော့ ဒီကိစ္စပြီးသွားလိမ့်မယ်လို့ ထင်ခဲ့တယ်။ အဲ့ဒီနေ့ည ဆောက်လုပ်ရေးလုပ်ငန်းခွင်ကို အုပ်လိုက်ကြီး ရုတ်တရက် ရောက်လာလိမ့်မယ်လို့ ဘယ်တုန်းကမှ မမျှော်လင့်ထားဘူး။ ကံကောင်းတော့ သူတို့က ငါအိမ်သာတက်နေချိန် ရောက်လာတော့ သူတို့နဲ့ ထိပ်တိုက်မတွေ့ဘဲ အဲ့ဒီအချိန်ကစပြီး အမြဲတမ်း ထွက်ပြေး ပုန်းအောင်းနေခဲ့ရတာ ........ "
ယဲ့ဖန်သည် အဘိုးအို၏ ရှင်းပြချက်ကို တိတ်တဆိတ် နားထောင်နေခဲ့သည်။
ထို့နောက် အဘိုးအိုကို တောင်နက်ဂိုဏ်းမှ လူများက အကြိမ်ပေါင်းများစွာ ဖမ်းမိလုနီးပါး ဖြစ်ခဲ့သော်လည်း အဘိုးအိုသည် အချိန်တိုင်း လက်တစ်လုံးခြား ရှောင်နိုင်ခဲ့သည်။
နောက်ဆုံးတွင် အဘိုးအိုသည် ရဲစခန်းအနီးသို့ ပြောင်းရွှေ့နေထိုင်ခဲ့သည်။
သူသည် အိမ်အနီးနားဝန်းကျင်၌သာ လှည့်ပတ်သွားလေ့ရှိသောကြောင့် အနည်းငယ် ပိုလုံခြုံခဲ့သည်။
သို့သော် ချန်းရှောင်ရှုန်းသည် အရှုံးမပေးဘဲ သူ့ကို နှောင့်ယှက်ခြိမ်းခြောက်ရန် လူများကို ဆက်လက်စေလွှတ်ခဲ့သည်။
အဘိုးအို မည်သည့်အလုပ်လုပ်သည်ဖြစ်စေ ရက်အနည်းငယ်အတွင်း ပျက်စီးအောင် လိုက်လုပ်သည်။
ပြီးခဲ့သောရက်အနည်းငယ်က အဘိုးအိူသည် သကြားခဲအရုပ်များရောင်းရန် စျေးဆိုင်လေးတစ်ခုကို တည်ထောင်ခဲ့ရာ တောင်နက်ဂိုဏ်းမှလူအုပ်စုက သူ့ကို နှောင့်ယှက်ပြန်သည်။
သူသည် အရာအားလုံး လက်လျော့တော့မည် ဖြစ်သည်။
ထိုစကားကို ယဲ့ဖန် ကြားသောအခါ သူသည် ကလေးမလေးကို စိုက်ကြည့်လိုက်သည်။
" ဒါဆို အဘိုးရဲ့မြေးက ....... "
" အမှိုက်သွားကောက်တုန်းက အမှိုက်ပုံးထဲမှာ ကလေးမလေးကို တွေ့ခဲ့တာ။ သူမက ခက်ခဲကြမ်းတမ်းတဲ့ဘဝနဲ့ ကလေးတစ်ယောက်ပဲ။ ငါလည်း သူ့ကို မွေးစားနိုင်မယ်ထင်တော့ အဖော်တစ်ယောက်လို့ ယူဆလို့ရတယ် "
အဘိုးအိုသည် မြေးမလေး၏ မျက်နှာလေးကို ချစ်စဖွယ် ပွတ်သပ်သည်။
ကလေးမလေးသည် သူ့ဘဝ၏ တစ်ခုတည်းသော အားအင်ဖြစ်သည်မှာ ထင်ရှားသည်။
ကလေးမလေးသည် သူမအဘိုး၏ မျက်နှာကို ကလေးပီသစွာ အပြစ်ကင်းကင်းဖြင့် ကိုင်လိုက်သည်။
သူတို့စကားဝိုင်း၏ အကြောင်းအရာကို သူမ နားမလည်နိုင်ပေ။
" သက်သေ ရှာမတွေ့ဘူးလား "
ယဲ့ဖန် မျက်မှောင်ကြုတ်ကာ ထပ်မေးသည်။
" သက်သေအထောက်အထားလား ...... "
အဘိုးအိုသည် မျက်မှောင်ကြုတ်ပြီး ခဏတာ စဉ်းစားသည်။
" ချန်းရှောင်ရှုန်းက ငါ့မိန်းမကို သတ်တုန်းက ကြေးဘုရားရုပ်ထုနဲ့ ခေါင်းကို ရိုက်ခဲ့တာကို ငါ မှတ်မိတယ်။ သွေးတွေက ပန်းချီကားတစ်ချပ်ထဲ စီးသွားတာကလွဲရင် တခြားဘာမှ မမှတ်မိတော့ဘူး "
" အဲ့တာက ဘယ်လိုပန်းချီကားမျိုးလဲ "
ယဲ့ဖန်မှ ဆက်မေးသည်။
" ငါလည်း သေချာတော့ မမှတ်မိဘူး။ တောင်တွေ၊ မြစ်တွေပါတဲ့ ပန်းချီကားတစ်ချပ်ပဲ။ အဲ့လိုပန်းချီတွေကို သေချာ နားမလည်ဘူး "
အဘိုးအိုသည် ထိုမှတ်ဉာဏ်များကို မသိချင်တော့သကဲ့သို့ နာကျင်စွာဖြင့် ခေါင်းယမ်းနေသည်။
ထိုအချိန်တွင် ယဲ့ဖန်သည် လေးနက်စွာ တွေးနေမိသည်။
လက်ရှိ ထိုသဲလွန်စများသည် တန်ဖိုးအချို့ရှိသည်ဟု ယဲ့ဖန် ယူဆသည်။
ကြေးဘုရားရုပ်တုနှင့် ထိုသွေးစီးထားသောပန်းချီကားကို အောင်မြင်စွာ ရှာတွေ့နိုင်ပါက ချန်းရှောင်ရှုန်းအား စွပ်စွဲလို့ ရနိုင်မည်ဖြစ်သည်။
ထိုအခါ ယဲ့ဖန်သည် ထိုအချက်ကို လက်ဝယ်ကိုင်ကာ လျှို့ဝှက်ဆန်းကြယ်သော အဖွဲ့အစည်း၏ သဲလွန်စများအကြောင်း ဖော်ထုတ်ပြောရန် တွန်းအားပေးမည်။
သို့သော် ချန်းရှောင်ရှုန်းသည် ထိုအရာနှစ်ခုကို ဖျက်ဆီးလိုက်မည်ကို ယဲ့ဖန် စိုးရိမ်ပေသည်။
ထိုသို့ဖြစ်ပါက သူ ဘာမှလုပ်နိုင်မည် မဟုတ်ပေ။
သို့သော် စနစ်သည် သူ့ကို ဤနေရာသို့ ခေါ်ဆောင်လာသောကြောင့် အသုံးမဝင်သော သဲလွန်စတစ်ခု မဖြစ်နိုင်ပေ။
ကြေးဘုရားဆင်းတုနှင့် ပန်းချီကားအကြောင်း အသေးစိတ်မေးသောအခါ အဘိုးအိုသည် အကြမ်းဖျင်းသာ ဖော်ပြနိုင်ခဲ့သည်။
သူ့အတွက် နှစ်ပေါင်းများစွာကြာပြီဖြစ်ရာ မှတ်ဉာဏ်များမှာ ဝေဝါးမှေးမှိန်လာပြီဖြစ်သည်။
ယဲ့ဖန်သည် လက်ခံရရှိသည့် အချက်အလက်များကို မှတ်သားပြီး အားကန်ကို ခေါ်လိုက်သည်။
ဤရှေးဟောင်းပစ္စည်းနှစ်ခုအကြောင်း ပိုမိုသိရှိနိုင်စေရန် အကူအညီတောင်းဆိုခဲ့သည်။
ဖုန်းချပြီးနောက် အဘိုးအိုကို ဆက်မေးတော့မယ့်အချိန် အဝေးမှ လမ်းလျှောက်လာသည့် လူတစ်စုကို တွေ့လိုက်ရသည်။
အနည်းဆုံး လူအယောက် ၄၀မှ ၅၀အထိ ရှိသည်။
အရှေ့ဆုံးမှ လျှောက်လာသူများမှာ အစောက လူရမ်းကားများဖြစ်သည်။
ထိုလူအုပ်စုသည် လက်ထဲ၌ ဓားများ၊ တုတ်များ ကိုင်ဆောင်ထားသည်။
ထို့ကြောင့် ဘေးလူများမှာ ကြောက်ရွံ့ကာ ရှောင်ဖယ်ကြသည်။
" တောင်နက်ဂိုဏ်းကလူတွေ ဒီကို ရောက်လာပြီ။ လူငယ်လေး၊ မင်း မြန်မြန်ပြေးသင့်တယ်။ ငါတို့ကို စိတ်မပူနဲ့ "
အဘိုးအို၏ မျက်နှာသည် ကြောက်ရွံ့မှုကြောင့် ဖြူဖျော့နေသော်လည်း ယဲ့ဖန်အား ထွက်ပြေးရန် အကြံပေးနေဆဲဖြစ်သည်။
ယဲ့ဖန် အေးဆေးစွာ ပြုံးလိုက်သည်။
" အဆင်ပြေပါတယ်။ ကျွန်တော် သူတို့ကို ရှင်းနိုင်တယ် "
အဘိုးအိုသည် ယဲ့ဖန်မှ သူ့အကြံဥာဏ်အား နားမထောင်သည်ကို မြင်လိုက်ရပြီး စိတ်မရှည်တော့ပေ။
ဘေးပတ်လည်၌ ထွက်မသွားသေးသော ကြည့်ရှုသူများလည်း ရှိသေးသည်။ သူတို့သည် တုန်လှုပ်ချောက်ချားစွာဖြင့် နီးကပ်လာနေသော လူရမ်းကားအုပ်စုကြီးကို ကြည့်လိုက်ကြသည်။
ဓား သို့မဟုတ် တုတ်တစ်ချောင်းစီ ကိုင်ဆောင်ထားသည့် လူငါးကျော်သည် ကြောက်စရာကောင်းသောဖိအားတစ်ခုကို ပေးစွမ်းကာ သတ္တိနည်းသောလူများစွာကို အသက်ရှူကြပ်သွားစေသည်။
" သွားပြီ၊ ဒီလူငယ်လေး ဒီနေ့တော့ သေချာပေါက် သေပြီ "
" ဟူး၊ ဒီလူငယ်လေးက တကယ်ပါပဲ။ ဘာလို့ မပြေးတာလဲ "
" ဒီလူတွေက သာမန် မဟုတ်ဘူးဆိုတာ သိတယ်မလား။ ဘာလို့ထွက်မပြေးတာလဲ။ သူက အရမ်းဉာဏ်နည်းတာပဲ "
" လူငယ်လေး၊ မင်းက မထိခိုက်ရင် နာရကောင်းမှန်း သိမှာမဟုတ်ဘူး "
အားလုံး ဆွေးနွေးနေကြစဉ် ထိုလူရမ်းကားအုပ်စုသည် ယဲ့ဖန်နှင့် အဘိုးအိုတို့ သုံးယောက်ကို ဝိုင်းရံထားပြီး ဖြစ်သည်။
အစောပိုင်းက ယဲ့ဖန်၏ ရိုက်နှက်ခြင်းကို ခံခဲ့ရသော လူရမ်းကားသည် မုန်းတီးမှုအပြည့်ဖြင့် ထွက်လာခဲ့သည်။
" မဆိုးဘူးဘဲ ကောင်လေး။ မင်းက ဒီမှာစောင့်ရဲတဲ့အထိ သတ္တိရှိတာပဲ။ ဒီနေ့ ငါတို့ ဘယ်လောက် အစွမ်းထက်တယ်ဆိုတာ မင်းကို မပြရင် ငါတို့ တောင်နက်ဂိုဏ်းက ဘယ်လောက် အစွမ်းထက်တယ်ဆိုတာ မင်း သိမှာမဟုတ်ဘူး "