ကိုယ်တို့က တစ်လှေတည်းစီးတွေပါ
Vol. 73 Ch. 1458
ဖုရှန်း အမြန်ခေါင်းညိတ်လိုက်သည်။
" ဟုတ်ကဲ့ပါ၊ ဟုတ်ကဲ့ပါ၊ ဟုတ်ကဲ့ပါ။ ယဲ့လူကြီးမင်းရဲ့ စကားကို သေချာပေါက် ပြန်ရောက်တာနဲ့ ပြောလိုက်ပါ့မယ်။ တ .... တခြားခိုင်းချင်တာများ ရှိသေးလား "
" ထွက်သွား "
ယဲ့ဖန်သည် ယင်ကောင်များကို ဖယ်ထုတ်နေသကဲ့သို့ လက်ကို ဝေ့ယမ်းလိုက်သည်။
ဖုရှန်းသည် စိတ်ထဲမထားပေ။
သူသည် လှည့်ပြီး လက်အောက်ငယ်သားများအား အမြန်ထွက်သွားရန် လက်ကိုဝေ့ယမ်းပြသည်။
ဤသည်မှာ ခဏတာဖြေရှင်းချက် ဖြစ်သည်ကို ယဲ့ဖန်သိသည်။
ချန်းရှောင်ရှုန်းသည် အဘိုးအိုအား နှောင့်ယှက်ရန် လူလွှတ်ခြင်းကို ယာယီရပ်ထားလျှင်ပင် ဤကိစ္စကို မဖြေရှင်းနိုင်သေးပါက အဘိုးအိုကို မကြာခင်မှာပင် ပြန်လည်ထိခိုက်လာနိုင်သည်။
ယဲ့ဖန်သည် ဤအဘိုးအိုအား အမြဲတစ္ဆေကာကွယ်မပေးနိုင်ပေ။
သို့သော်လည်း အဘိုးအိုသည် သူ့ကို ကျေးဇူးတင်နေဆဲဖြစ်သည်။
" အသက်ကို ကယ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ ကျေးဇူးရှင်လေး "
ထိုသို့ပြောပြီး ဒူးထောက်ရန်ပြင်သည်။
ယဲ့ဖန် သူ့ကို အမြန်ထူပေးသည်။
" ကျေးဇူးပြုပြီး ဒီလို မလုပ်ပါနဲ့။ ဒါက ဘာမှ မဟုတ်ပါဘူး "
အဘိုးအိုသည် သူ့မြေးမလေးကို အမြန်ခေါ်သည်။
" မြန်မြန် ဦးဦးကို အရိုအသေပေးလိုက် "
ကလေးမလေးသည် အလွန်နာခံကာ ချက်ချင်း ဒူးထောက်ပြီး ယဲ့ဖန်အား အရိုအသေပေးသည်။
" ကျေးဇူးတင်ပါတယ် ဦးဦး _
ယဲ့ဖန်၏ နှုတ်ခမ်းမှာ လှုပ်ယမ်းသွားပြီး သူမ၏ အိစက်သောမျက်နှာလေးကို ညှစ်လိုက်သည်။
" ငါ့ကို အစ်ကိုလို့ပဲ ခေါ်ပါ "
" ဟုတ်ကဲ့ပါ ဦးဦး "
ကလေးမလေး၏ မျက်နှာပေါ်၌ အပြစ်ကင်းစင်သော အပြုံးတစ်ခု ရှိနေသည်။
တစ်ချိန်တည်းမှာပင် ဘေးမှရပ်ကြည့်နေသော လူအုပ်ကြီးသည် ယဲ့ဖန်ကို ကြောက်ရွံ့ပြီး မယုံကြည်နိုင်စွာ ကြည့်နေခဲ့သည်။
အဲ့တာ ဖုရှန်းလေ။
သူက တောင်နက်ဂိုဏ်းက နာမည်ကြီး စစ်သည်တော်ပဲ။
ပြီးတော့ သူက လူတွေကို ယင်ကောင်လို သတ်ပြီး လူ့အသားစား၊ လူသွေးသောက်တဲ့ နတ်ဆိုးလို့ သတင်းတွေထွက်တဲ့သူ မဟုတ်လား။
ဒီလိုကြောက်စရာကောင်းတဲ့ နတ်ဆိုးက ယဲ့ဖန်အရှေ့မှာ ကျွန်တစ်ယောက်လို ဖြစ်နေမယ်လို့ ဘယ်သူက ထင်မှာလဲ။
ဖုရှန်းသည် တောင်းပန်ရုံသာမက ယဲ့ဖန်ကို ခယနေသည်။
နောက်ဆုံး၌ သူသည် စိတ်ပျက်လက်ပျက်ဖြင့်ပင် ထွက်ခွာသွားခဲ့သည်။
ထိုမှတဆင့် ဤလူငယ်လေး၏ သရုပ်မှန်သည် မရိုးရှင်းကြောင်း ထင်ရှားစွာ မြင်နိုင်သည်။
သူက အနည်းဆုံး ချန်းရှောင်ရှုန်းနဲ့ အဆင့်တူလောက်တယ် မဟုတ်လား။
တစ်ချိန်တည်းမှာပင် အားလုံးသည် ယဲ့ဖန်ကို ကြောက်လန့်ဖြင့် စူးစမ်းကြသည်။
ယဲ့ဖန်သည် အဘိုးအိုနှင့် အချိန်အတော်ကြာ စကားစမြည်ပြောပြီးနောက် အခြားဘာမှမမေးနိုင်တော့ဘဲ ထွက်သွားခဲ့သည်။
[ ဒင် ....... ကံကြမ္မာပြလမ်းကြောင်းကို ပြီးမြောက်ခဲ့သည့်အတွက် လက်ခံသူအား ဂုဏ်ပြုပါသည်။ စနစ်မှ ဆုအဖြစ် ရွှေထိကျွမ်းကျင်မှုကို ပေးအပ်ပါသည်။ ဤကျွမ်းကျင်မှု ဖြည့်ဆည့်လေ့လာပြီးနောက် လက်ခံသူမှ ကျွမ်းကျင်အဆင့် အုတ်ဂူဖောက်ခိုးယူမှု တတ်ကျွမ်းပါမည် ]
ယဲ့ဖန်သည် အဝေးသို့ လမ်းလျှောက်လာပြီးသောအခါ စနစ်မှ သတိပေးချက်ကို ကြားလိုက်ရသည်။
ဤတစ်ကြိမ် ဆုပေးအပ်မှုသည် သူ့ကို အနည်းငယ် အံသြသွားစေသည်။
ရွှေထိကျွမ်းကျင်မှုလား။
သူ့ကို ရွှေလုယက်တဲ့ ဆရာကြီးဖြစ်အောင် စီစဉ်ပေးတာလား။
သို့သော် တွေးကြည့်သည့်အခါ ဤအရည်အချင်းသည် အချိန်တန် ရောက်လာခြင်းဖြစ်သည်။
သူသည် ရှန်းဘုရင်၏လျှို့ဝှက်ရတနာသိုက်ထဲသို့ ဝင်တော့မည်ဖြစ်ကာ မည်မျှအန္တရာယ်ရှိမည်ကို သူ မသိနိုင်သေးပေ။
ဤအုတ်ဂူဖောက်ရွှေထိကျွမ်းကျင်မှုသည်နောက်ထပ်အာမခံချက်အဖြစ် ယူဆနိုင်သည်။
ယဲ့ဖန်အား ပိုင်ဆိုင်မှုဆုများ ပေးသည်ထက် ပို၍ အသုံးဝင်သည်။
ထို့နောက် သူသည် ဖုမာကျန်းဝူနှင့် အခြားမိန်းကလေးနှစ်ယောက်အား တွေ့ဆုံပြီး သူတို့ငှားထားသည့် ခြံသို့ ပြန်သွားခဲ့သည်။
ညနေခင်းဘက်တွင် အားကန်ထံမှ ဖုန်းဝင်လာသည်။
ပန်းချီကားနှင့် ကြေးဆင်းတုတော်တို့ကို အကြမ်းဖျင်း ရှာဖွေတွေ့ရှိခဲ့ကြောင်း အားကန်မှ ဖုန်းဖြင့်ပြောခဲ့သည်။
ချန်းရှောင်ရှုန်းသည် ထိုပစ္စည်းနှစ်ခုကို တင်းကြပ်စွာ စောင့်ရှောက်ထားကြောင်း သိလာသည်။
အကယ်၍ အားကန်သည် ဤရှေးဟောင်းပစ္စည်း နှစ်ခုကို အောင်မြင်စွာ ခိုးယူလိုပါက ချန်းရှောင်ရှုန်းနှင့် သူ၏လူများကို အာရုံပြောင်းစေမည့် နည်းလမ်းကို ဦးစွာ စဉ်းစားရပေမည်။
သို့သော် သူသည် ယဲ့ဖန်၏ ဆုံးဖြတ်ချက်ကို အားကိုးရသောကြောင့် သူတစ်ယောက်တည်း လုပ်လို့မရချေ။
ယဲ့ဖန်သည် ခဏတာ စဉ်းစားပြီးနောက် သဘောတူလိုက်သည်။
သို့သော် ချန်းရှောင်ရှုန်းအား မည်ကဲ့သို့ အာရုံပြောင်းရမည်ကို ဆုံးဖြတ်ချက်မချမီ တောင်နက်ဂိုဏ်း ဖွဲ့စည်းပုံကို ရှာဖွေရန် လိုအပ်နေသေးသည်။
ထို့ကြောင့် ပထမဦးစွာ ဇာမဏီသုံးကောင်အဖွဲ့အစည်းက လူများကို မေးရပေလိမ့်မည်။
.......................................
ယုဖန်းရှန်းသည် သူမ၏ရုံးခန်းသို့ ပြန်လာခဲ့သည်။
သွေးစွန်းနေသည့် အင်္ကျီကို ချွတ်ကာ အမှိုက်ပုံးထဲသို့ ပစ်ချလိုက်သည်။
ထို့နောက် ကော်ဖီစားပွဲပေါ်မှ တစ်ရှူးနှစ်ရွပ်ကိုယူကာ သူမ၏လက်သီးမှ သွေးများကို သုတ်လိုက်သည်။
သစ္စာဖောက်အဖြစ် ဖမ်းဆီးခြင်းခံရသော လက်အောက်ငယ်သားတစ်ဦး၏ သွေးများဖြစ်သည်။
ထိုလူအား သွေးအန်သည်အထိ လက်ဗလာဖြင့် ရိုက်နှက်ခဲ့သည်။
နောက်ဆုံး၌ ခြေလက်များကို လှီးဖြတ်ကာ ပစ်ခိုင်းစေခဲ့သည်။
မိန်းမတစ်ဦးအနေဖြင့် ဂိုဏ်းအဖွဲ့အစည်းတစ်ခုအား တာဝန်ယူလျှင် ယောက်ျားများထက်ပင် ပိုရက်စက်ရမည်ကို သူမ နားလည်ခဲ့သည်မှာ ကြာခဲ့ပြီဖြစ်သည်။
ယောက်ျားများ လုပ်ရဲသည်ကို သတ္တိရှိစွာ လုပ်ရဲရမည်။
ယောက်ျားများ မလုပ်ရဲသည့်ကိစ္စများကိုပင် လုပ်ရဲရမည်။
ဤနည်းဖြင့်သာ သူမသည် ထိုလက်အောက်ငယ်သားများကို ခြိမ်းခြောက်ကာ ခေါင်းပေါ်မတက်စေဘဲ နေနိုင်မည်ဖြစ်သည်။
သူမသည် သွေးစွန်းနေသော တစ်ရှူးများကို အမှိုက်ပုံးထဲသို့ ပစ်ချလိုက်ပြီး စားပွဲပေါ်မှ ရေခွက်ကို ယူရန်ပြင်လိုက်သည့်အခါ ထူးဆန်းသော အသံတစ်ခု ထွက်ပေါ်လာသည်။
အသံသည် တိုးညှင်းစွာသာ ကြားရသော်လည်း အမြဲသတိရှိနေသည့် သူမအား သတိပြုမိစေသည်။
လက်ရှိအချိန်တွင် ထိုင်ခုံသည် သူမနှင့် ဆန့်ကျင်ဘက်သို့ မျက်နှာမူနေသည်။
ထိုင်ခုံအနောက်၌ ပုန်းအောင်းနေသူတစ်ဦး ရှိပေမည်။
သူမသည် ဖြည်းညှင်းစွာ ထိုင်ချလိုက်ပြီး သူမ၏ဖိနပ်ထဲမှ ဓားမြှောင်တစ်ချောင်းကို ထုတ်ယူလိုက်သည်။
ထို့နောက် သူမသည် ကြောင်တစ်ကောင်ကဲ့သို့ ခန္ဓာကိုယ်ကို ကွေးညွတ်ကာ ကုလားထိုင်ဆီသို့ ဖြည်းညှင်းစွာ ချဉ်းကပ်လာသည်။
ထိုင်ခုံမှ နှစ်မီတာအကွာတွင် သူမသည် ရုတ်တရက် တိုက်ခိုက်မှုကို စတင်လိုက်သည်။
သူမသည် ဓားမြှောင်ကို ဆွဲကိုင်ကာ ကုလားထိုင်ပေါ်သို့ အပြင်းအထန် ထိုးခဲ့သည်။
သူမသည် ကိုယ်ခံပညာကို စနစ်တကျ မသင်ယူဖူးသော်လည်း သိုင်းလောကတွင် နှစ်ပေါင်းများစွာ နေလာခဲ့ပြီး အမြဲတမ်း တိုက်ခိုက်သတ်ဖြတ်နေခဲ့ရသည်။
ထို့ကြောင့် သူမကိုယ်တိုင် နားလည်ထားသည့် တိုက်ခိုက်ရေးနည်းမျိုးစုံရှိသည်။
သူမ၏ရုံးခန်းထဲသို့ ခိုးဝင်လာသော မဖိတ်ကြားထားသည့်ဧည့်သည်ကို ဖယ်ရှားနိုင်မည်ဟု သူမ ယုံကြည်သည်။
သို့သော် ဤတစ်ကြိမ် သူမ၏ တွက်ချက်မှုမှာ မှားယွင်းနေခဲ့သည်။
ဓားထိုးချက်သည် တစ်ဝက်တစ်ပျက်ဖြင့် ရပ်သွားသည်။
အကြောင်းမှာ သူမ၏ လက်ကောက်ဝတ်ကို တစ်ဖက်လူမှ ဆုပ်ကိုင်ထားပြီးဖြစ်၍ မလှုပ်ရှားနိုင်တော့ပေ။
သို့သော် သူမသည် အခြားလက်တစ်ဖက်ဖြင့် ဓားမြှောင်ကိုပြောင်းကိုင်ကာ မပြီးဆုံးသေးသော လုပ်ဆောင်ချက်ကို ဆက်လက်လုပ်ဆောင်သည်။
ကံမကောင်းစွာဖြင့် သူမ၏ အခြားလက်တစ်ဖက်မှာလည်း ဖမ်းဆုပ်ခံလိုက်ရသည်။
ထို့နောက် ချက်ချင်းပင် အင်အားကြီးတစ်ခုမှ သူမအား အနောက်ရှိ နံရံသို့ တွန်းထုတ်သည်။
ယုဖန်းရှန်း ထိတ်လန့်သွားပြီး ဆက်လက် ခုခံတော့မည်ဖြစ်သည်။
ထိုအချိန် တစ်ဖက်မှ ရုတ်တရက် အသံထွက်လာသည်။
" မကြောက်ပါနဲ့၊ ကိုယ်တို့က တစ်လှေတည်းစီးတဲ့သူတွေပါ "
ထိုမှသာ ယုဖန်းရှန်းသည် တစ်ဖက်လူ၏ အသွင်အပြင်ကို မြင်လိုက်ရသည်။
သပ်ရပ်ပြီး ချောမောသည့်မျက်နှာဖြစ်ကာ ထိုလူ၏ ပါးစပ်ထောင့်၌ အပြုံးတစ်ပွင့်ပင် ရှိနေသည်။
ယဲ့ဖန်ကလွဲပြီး ဘယ်သူဖြစ်နိုင်မှာလဲ။
" ရှင် ...... ဘယ်လိုလုပ် ဝင်လာတာလဲ "
ယုဖန်းရှန်းသည် ယဲ့ဖန်ဖြစ်သည်ကို မြင်သောအခါ သက်ပြင်းချသော်လည်း သူမ ချက်ချင်းပင် စိတ်ရှုပ်ထွေးလာသည်။
သူမ၏ ဇာမဏိသုံးကောင်အဖွဲ့အစည်း ဌာနချုပ်မှာ အကောင်းဆုံးဟု မပြောရဲသော်လည်း လုံခြုံရေးမှာ အလွန်တင်းကြပ်ဆဲဖြစ်သည်။
အထဲဝင်ရန် မဆိုထားနှင့် သာမာန်လူများ အနီးကပ်လာလျှင်ပင် ချက်ချင်းတွေ့နိုင်သည်။
ယဲ့ဖန်သည် မည်သူတစ်ဦးတစ်ယောက်ကိုမှ မသိစေဘဲ သူမ၏ ရုံးခန်းထဲသို့ ထင်ပေါ်စွာ ဝင်လာခဲ့သည်။
ဤသည်မှာ အနည်းငယ်ကြောက်စရာကောင်းသည်။
အကယ်၍ တစ်ဖက်လူမှာ ရန်သူဖြစ်ပြီး မကောင်းသောရည်ရွယ်ချက်ဖြင့် ခိုးဝင်ခဲ့မည်ဆိုလျှင် သူမ အချိန်မရွေး အသတ်ခံရနိုင်သည်။
" သေချာပေါက် လမ်းလျှောက်ဝင်လာတာပေါ့ "
ယဲ့ဖန်သည် အမှန်အတိုင်း ပြောခဲ့သည်။
သူတို့နှစ်ယောက်သည် တစ်ယောက်နှင့်တစ်ယောက် အလွန်နီးကပ်နေကြသည်။
စကားပြောသည့်အခါ သူတို့၏ အသက်ရှုသံများကို အချင်းချင်း ခံစားနိုင်သည်။
ယုဖန်းရှန်း၏ အမူအရာမှာ အနည်းငယ် သဘာဝမကျဖြစ်လာသည်။
" ကျွန်မက လူသတ်သမားက ပုန်းနေတယ်ထင်လို့ ဒီလိုလုပ်လိုက်တာ။ တောင်းပန်ပါတယ် "
" ရပါတယ်"
ယဲ့ဖန်သည် သူမကို အနီးကပ် ကြည့်နေခဲ့သည်။
ဤအမျိုးသမီးသည် လူအများကို ကြောက်ရွံ့တုန်လှုပ်စေသော ဂိုဏ်းအဖွဲ့အစည်းကြီးတစ်ခု၏ ဥက္ကဌကြီးတစ်ဦးဖြစ်သော်လည်း သူမသည် အမှန်တကယ်ပင် ရုပ်ရည်ချောမောသူ ဖြစ်သည်။
သူမ၏ မျက်နှာအသွင်အပြင်သည် အလွန်ရုပ်ကြွပြီး လက်ရာမြောက်သည်။
အကယ်၍ သူမသည် ဂိုဏ်းခေါင်းဆောင်မဟုတ်ဘဲ ဖျော်ဖြေရေးနယ်ပယ်မှ မိန်းကလေးအဖွဲ့တစ်ဖွဲ့နှင့် ချိတ်ဆက်ခဲ့မည်ဆိုလျှင် သူမသည် ယခုအချိန်၌ ထိပ်တန်းနာမည်ကျော်တစ်ဦး ဖြစ်နေပေလိမ့်မည်။
ယုဖန်းရှန်းသည် ယဲ့ဖန်မှ အလွန်ပြင်းထန်သော အကြည့်ဖြင့် စိုက်ကြည့်နေသောကြောင့် သူမ ချက်ချင်းပင် ဒေါသထွက်လာသည်။
" ရှင် ဘာကြည့်နေတာလဲ။ မြန်မြန် ကျွန်မကို လွှတ် "
ယဲ့ဖန်သည် နံရံသို့ သူမ၏လက်နှစ်ဖက်ကို ဖိထားလိုက်ရာ သူမ၏ အင်္ကျီမှာ မြောက်သွားပြီး သူမ၏ နို့နှစ်ရောင်သန်းနေသော ခါးသွယ်လေး ပေါ်လာသည်။
သူမ၏ ဝမ်းဗိုက်အောက်ပိုင်းရှိ ကြောက်စရာကောင်းသော အမာရွတ်မှာလည်း ပေါ်သွားခဲ့သည်။