← Chapters

အင်မော်တယ်ဆေးလုံးများ စားသောက်ပွဲ

Vol. 10 Ch. 135

အင်မော်တယ်ဆေးလုံးများ စားသောက်ပွဲ

Vol. 10 Ch. 135

အန်လင်းအတွက် အင်မော်တယ် ဆေးလုံး ၅ လုံး ဖော်စပ်ပေးရန် ရှိနေခြင်း မဟုတ်လျှင် ယီစီသည် ထိုမျိုးမစစ် နှစ်ကောင်အား တံမြက်စည်းဖြင့် လှည်းထုတ်ပစ်မည် ဖြစ်သည်။

လိုအပ်သည့် ကုန်ကြမ်းများ စုဆောင်းပြီးသည့်အခါတွင် ကျင့်ကြံသူလေးသည် ပြန်လည် ရောက်ရှိလာသည်။

သိုလှောင်လက်စွပ်သည် အရောင် လက်သွားပြီးနောက် ရှားပါးသည့် ဆေးမြစ်များသည် ကြမ်းပြင်ပေါ်တွင် တောင်ပူစာလေးသဖွယ် ဖြစ်တည်လာသည်။ ထိုဆေးမြစ်များမှ အားကောင်းသည့် စွမ်းအင်များအား ထုတ်လွှတ်လျက် ရှိလေသည်။

ယီစီသည် ထိုမျိုးမစစ် နှစ်ကောင်အား မြန်မြန်ဆန်ဆန် ထွက်ခွာသွားစေချင် လှပြီ ဖြစ်သည်။ ထို့ကြောင့် သူ၏ အင်္ကျီလက်အား ဝှေ့ယမ်းလိုက်ပြီး ကုန်ကြမ်းအားလုံးကို လေထုအတွင်း လွင့်မျောစေလိုက်သည်။

ချက်ချင်းဆိုသလို သူ၏ပါးစပ်အတွင်းမှ ခရမ်းရောင် မီးတောက်တစ်ခု မှုတ်ထုတ် လိုက်ပြီးနောက် လေထုထဲတွင် ရပ်တန့်နေသည့် ပါဝင်ပစ္စည်းများအား ဝါးမျိုပစ်လိုက်လေသည်။

ထိုသည်ကို ကြည့်ခြင်းဖြင့် ယီစီသည် အင်မော်တယ်ဆေးလုံး ၅ လုံးအား တစ်ပြိုင်နက်တည်း ဖော်စပ်လိုနေခြင်း ဖြစ်သည်။

အန်လင်းသည် ထိုအခြင်းအရာအား မြင်လိုက်ရသည့်အခါ မျက်လုံးများ ပြူးလာတော့သည်။ ယီစီသည် အလွန်ကျွမ်းကျင်လှသည့် ဆရာတစ်ပါး ဖြစ်ပေသည်။

ယီစီ၏ အင်မော်တယ် ဆေးလုံး၅လုံးအား တစ်ပြိုင်နက်တည်း ဖော်စပ်သည်ကို မျက်မြင် တွေ့ရခြင်းသည် ရှားပါးလှသည့် အခွင့်အရေးတစ်ရပ် ဖြစ်ပေသည်။ ထိုမဟာ အခွင့်အရေးမှ သေချာပေါက် လေ့လာသင်ယူရမည် ဖြစ်သည်။

ယီဏီသည် ဆေးဖော်စပ်ခြင်းအား စတင်လေသည်။ သူသည် ကခုန်ကာဖြင့် ဆေးပစ္စည်းများအား လေထုအတွင်း ပျံဝဲစေလိုက်သည်။ ထို့အပြင် ခရမ်းရောင် မီးတောက်သည်လည်း ဆေးပစ္စည်းများမှ အဆီအနှစ်များအား ဖြည်းညင်းစွာ ထုတ်ယူနေလေသည်။

အန်လင်းသည် ကြည့်ကာဖြင့် ခေါင်းညိတ်လိုက်သည်။ သူ၏စိတ်ထဲတွင် အမှတ်များ ပေးနေမိသည်။

မီးထိန်းချုပ်မှု _ အမှတ်ပြည့်။

ပါဝင်သည့် ဆေးပစ္စည်း ထိန်းချုပ်မှု _ ၉ မှတ်။

ကခုန်ခြင်း _ အနုတ်။

***

ခေတ္တမျှ ကြာပြီးနောက်တွင်

“ပေါင်းစပ်” ယီစီသည် အော်ဟစ်လိုက်သည်။

ချက်ချင်းဆိုသလို ခရမ်းရောင် မီးတောက်သည် တွန်သံပြု၍ တောက်ပလာလေသည်။

စိမ်းစိုနေသည့် အင်မော်တယ်ဆေးလုံး ၅လုံးသည် လေထဲတွင် ပေါ်လာပြီး လေထုအတွင်းတွင် အလွန်များပြားသည့် စွမ်းအင်အော်ရာများ ပျံ့နှံ့လာသည်။ အသက်ရှူလိုက်သည့် အချိန်တိုင်းတွင် တက်ကြွလန်းဆန်းမှု အပြည့် ခံစားရစေသည်။

“သွား” ယီစီသည် သူ၏လက်ကို ဝှေ့ယမ်းလိုက်ပြီးနောက် အင်မော်တယ် ဆေးလုံးများသည် အန်လင်းထံ ပျံသန်းလာလေသည်။

အန်လင်းသည် အင်မော်တယ်ဆေးလုံး ၅ လုံးအား စိတ်လှုပ်ရှားစွာဖြင့် ဖမ်းယူလိုက်သည်။ အလွန်ရှားပါးသည့် ရတနာတစ်ပါးအသွင် ကြည့်နေလေသည်။

သိုလှောင်လက်စွပ် အတွင်းမှ စိတ်ဝိညာဉ်ကျောက်တုံး ၄၀၀၀၀ အား ထုတ်ယူလိုက်ကာ ကြမ်းပြင်တွင် ပုံလိုက်သည်။

ဆေးလုံး ဖော်စပ်ခန်းသည် အလွန် ကျယ်ဝန်းလှသည်ကို ကျေးဇူးတင်ရပေမည်။ မဟုတ်လျှင် အခန်းတစ်ခုလုံးသည် စိတ်ဝိညာဉ်ကျောက်တုံး တောင်ပူစာလေးနှင့် ပြည့်သွားပေလိမ့်မည်။

ယီစီသည် စိတ်ဝိညာဉ် ကျောက်တုံးများအား သိုလှောင်လက်စွပ် အတွင်း သိမ်းဆည်းပြီးသည့် နောက်တွင် အန်လင်းသည် အင်မော်တယ်ဆေးလုံး တစ်လုံးအား သူ၏ပါးစပ်အတွင်း ထည့်လိုက်သည်ကို မြင်လိုက်ရသည်။

“အခုစားတော့မလို့လား” အံ့ဩစွာဖြင့် မေးလိုက်သည်။

အန်လင်းသည် ရှုပ်ထွေးသွားပြီး “ပြဿနာရှိလို့လား”

ယီစီသည် ရှုံ့မဲကာဖြင့် လည်ချောင်း ရှင်းလိုက်ပြီးနောက် “ပြဿနာတော့ မရှိပါဘူး။ ဒါပေမဲ့လည်း အရင်ဆုံး ငြိမ်းချမ်းတဲ့ ပတ်ဝန်းကျင်ကိုရှာပြီး တရားထိုင်ဖို့ မလိုအပ်ဘူးလား။ တစ်ခုခုပေါ့လေ”

အင်မော်တယ် ဆေးလုံးအား အချိုပွဲတစ်ခုကဲ့သို့ စားနေခြင်း။

အန်လင်းသည် ခေါင်းယမ်းလိုက်ပြီးနောက် “မလိုပါဘူး။ ဒီနေရာက အရမ်းကောင်းတယ်”

ထိုသို့ဖြင့် အင်မော်တယ် ဆေးလုံးအား မျိုချလိုက်လေသည်။

ခန္ဓာကိုယ်အတွင်း သန့်စင်သည့် စွမ်းအင်များ ပျံ့နှံ့လာပြီး အလွန်ပေါ့ပါး လန်းဆန်း လာစေသည်။

အင်မော်တယ် ဆေးလုံးသည် သူ၏ခန္ဓာကိုယ် အတွင်း ပျော်ဝင်သွားသည်။ ဆေးလုံးတွင် ပါဝင်သည့် စွမ်းအင်များသည် သူ၏သွေးကြောများ အတွင်းသို့ စီးဝင်သွားပြီးနောက် စွမ်းအင် အဆီအနှစ်များသည် တက်ကြွ လန်းဆန်းလာစေသည်။ သူ၏ အသားနှင့် အရိုးများသည် ပို၍ သန်မာလာသည်။ ကောင်းကင်နှင့် မြေပြင်၏ စွမ်းအင်များသည် သူ၏ ကျောက်စိမ်းဂူ အတွင်းသို့ စုပြုံဝင်ရောက်လာပြီး စွမ်းအင် ပင်လယ်အား ကျယ်ပြန့်လာစေသည်။

“အား … အံ့ဩဖို့ ကောင်းလိုက်တာ” အန်လင်းသည် ကျေနပ်စွာဖြင့် ရေရွတ်လိုက်သည်။ သူ့မျက်နှာသည် ကျန်းမာ တက်ကြွမှုတွင့် တောက်ပနေလေသည်။

အဆင့်အနိမ့်ဆုံးသော အင်မော်တယ် ဆေးလုံးပင်လျှင် ထိုမျှလောက် အံ့အားသင့်ဖွယ် အကျိုးကျေးဇူးများ ရရှိလိမ့်မည်ဟု တွေးမကြည့်မိဖူးပေ။

အင်မော်တယ် ဆေးလုံးအား အပြည့်အဝ စုပ်ယူပြီးနောက်တွင် နောက်တစ်လုံးယူကာ ပါးစပ်အတွင်း ပစ်ထည့်လိုက်သည်။

ယီစီသည် ကြောက်လန့်တကြား ခုန်လိုက်သည်။ “ထပ်စားဦးမလို့လား”

အန်လင်းသည် ယီစီအား ကြည့်လိုက်ပြီး စဉ်းစားမရနိုင်ပဲ ရှိနေလေသည်။ “စားလို့မရဘူးလား”

ယီစီသည် အတော်လေး စိတ်ပျက်နေပြီ ဖြစ်သည်။ “စားစား မစားစား ပြဿနာတော့ မရှိပါဘူး။ ဒါပေမဲ့ ငါပြောခဲ့တယ် မဟုတ်လား။ အင်မော်တယ်ဆေးလုံး တစ်မျိုးတည်းကို ထပ်ကာထပ်ကာ စားတာက သူ့ရဲ့ သက်ရောက်မှုကို ဆက်တိုက် လျော့ကျစေတယ်လို့လေ”

အန်လင်းသည် လေးနက်စွာဖြင့် ခေါင်းညိတ်လိုက်သည်။ “အကျိုးကျေးဇူးတော့ ရှိနေသေးတယ်လို့ ပြောတယ် မဟုတ်လား။ မဟုတ်ဘူးလား”

ထိုသို့ပြောရင်း အင်မော်တယ် ဆေးလုံးအား မျိုချလိုက်သည်။

“အား မိုက်လိုက်တာ”

အန်လင်း၏ ခန္ဓာကိုယ် အတွင်းတွင် အားကောင်းသည့် စွမ်းအင်များ စီးဆင်း သွားပြီးနောက် ညည်းညူသံများ ဖြစ်ပေါ်စေလေသည်။

ယီစီ : “…”

ဒုတိယ အင်မော်တယ် ဆေးလုံးအား မျိုချပြီးနောက်တွင် အန်လင်းသည် တတိယဆေးလုံးအား စတင်စားလိုက်သည်။

“မင်း..” ယီစီ၏ မျက်လုံးများ ပြူးထွက်လာသ်။ အန်လင်းအနေဖြင့် ထပ်စားလိမ့်မည်ဟု သူ့အနေဖြင့် စိတ်ကူးပင် မထားမိချေ။

အန်လင်းသည် ယီစီအား ကြည့်လိုက်သည်။ ယီစီသည် ဆွံ့အလျက်ရှိကြောင်း သိလိုက်ရသည့်အခါ အန်လင်းသည် လျစ်လျူရှုလိုက်ပြီး အင်မော်တယ် ဆေးလုံးအား မျိုချလိုက်သည်။

“အား ကောင်းလိုက်တာ”

အန်လင်းသည် ထိုအင်မော်တယ် ဆေးလုံးအား အကြိမ်မည်မျှပင် စားသုံးပါစေ စွမ်းအင် စီးဆင်းခြင်းနှင့် တက်ကြွလန်းဆန်းသည့် ခံစားချက်တို့မှာ ပြောင်းလဲသွားခြင်း မရှိချေ။ သို့သော်လည်း သူ၏ခန္ဓာကိုယ် ကြံ့ခိုင်လာမှုနှင့် စွမ်းအင်ပင်လယ် ကျယ်ပြန့်လာမှုတို့သည် အကြိမ်တိုင်းစီတွင် လျော့ကျ လာသော်လည်း အံ့ဩဖို့ ကောင်းနေဆဲပင် ဖြစ်သည်။

အန်လင်း၏ အမူအရာအား ကြည့်ကာဖြင့် ယီစီသည် ပြောစရာစကားလုံး ပျောက်ဆုံးနေလေသည်။

လူသားများ အင်မော်တယ်ဆေးလုံး စားသုံးခြင်းအား မြင်ဖူးခဲ့သော်လည်း အင်မော်တယ် ဆေးလုံးအား သကြားလုံးသဖွယ် စားသုံးသူကို မမြင်ဖူးခဲ့ချေ။

လူချမ်းသာများသည် ပင်လျှင် သူတို့၏ ငွေကြေးများအား ထိုနည်းလမ်းဖြင့် ဖြုန်းတီးခြင်း မပြုကြချေ။

ကျေနပ်မှုအပြည့်ဖြင့် ခေါင်းယမ်း လိုက်ပြီးနောက် အန်လင်းသည် စတုတ္ထမြောက် အင်မော်တယ် ဆေးလုံးအား ပါးစပ်အတွင်းသို့ ပစ်ထည့်လိုက်သည်။

ယီစီ၏ မျက်နှာဝိုင်းဝိုင်းမှာ ရှုံ့မဲ့နေလေပြီ။ ဒီဖေ ဒီကောင်က အင်မော်တယ် ဆေးလုံးတွေ စွဲနေတာလား။

စတုတ္ထမြောက် အင်မော်တယ် ဆေးလုံးအား မျိုချပြီးနောက်တွင် အန်လင်းသည် နောက်ဆုံးကျန်ရှိသည့် ဆေးလုံးအား ပါးစပ်အတွင်းသို့ ပစ်ထည့်လိုက်သည်။

သူသည် အလွန်ဆန်းကြယ်သည့် အခြေအနေသို့ ရောက်ရှိနေခြင်း ဖြစ်သည်။ အတားအဆီးမဲ့သည့် စွမ်းအားနှင့် အကန့်အသတ်မဲ့သည့် စွမ်းအင်တို့ကို ပိုင်ဆိုင်ထားသည်နှင့် တူပေသည်။ မည်သည့်အရာကိုမျှ ဂရုမစိုက် အမှုမထားဘဲနှင့် ပျော်ရွှင်ခြင်းကိုသာလျှင် ခံစားမိနေသည်။ အသက်ရှူလိုက်သည့် အကြိမ်တိုင်းတွင် ပေါ့ပါးမှုနှင့် လန်းဆန်းမှုတို့သာလျှင် ကျန်ရှိပေသည်။

အန်လင်း၏ အခြေအနေအား မြင်တွေ့ရသည့် အခါတွင် ယီစီ၏စိတ်သည် တုန်လှုပ်လာတော့သည်။

အင်မော်တယ် ဆေးလုံးတွေ အများကြီးကို ဆက်တိုက် စားသုံးတာက အလွန်ကောင်းမွန်တဲ့ ခံစားချက် ရရှိတာကို စမ်းသပ်ချင်လို့လား။

ထိုထူးဆန်းမှုအား ကြုံတွေ့ခံစားရန် အတွက် သူ့အနေဖြင့် ငွေကြေးစုဆောင်းရန် လိုအပ်ပေသည်။

“တင်းတောင်။ စစ်ဆင်ရေး ပြီးမြောက်ပါပြီ”

အန်လင်းစိတ်ထဲတွင် စနစ်၏အသံ ထွက်ပေါ်လာသည်။

ချက်ချင်းဆိုသလိုပင် အမြဲစိမ်းနည်းစနစ်နှင့် ပတ်သက်သည့် အချက်အလက်များသည် အန်လင်း၏ စိတ်အတွင်း ရောက်ရှိလာလေသည်။

တောက်ပသည့် အစိမ်းရောင် အလင်းတန်းသည် သူ၏ခန္ဓာကိုယ် အတွင်းမှ ထွက်ပေါ်လာပြီး သူ၏ခေါင်းပေါ်တွင် အစိမ်းရောင် စက်ဝန်းသည် တောက်ပစွာ ထွန်းတောက်နေသည်။ မြင့်မြတ်သည့် အရှိန်အဝါကို ပိုင်ဆိုင်ထားပြီး ကြောက်မက်ဖွယ် အော်ရာအား ထုတ်လွှတ်နေလေသည်။

ယီစီနှင့် ရှောင်ချိုးတို့သည် အန်လင်း၏ ခေါင်းထက်တွင် ရှိနေသည့် ရောင်လျှံစက်ဝန်းအား မိန်းမော တွေဝေစွာဖြင့် စိုက်ကြည့်နေမိကြသည်။ ‘ဦးထုပ်စိမ်း နတ်ဘုရားအား အရိုအသေပြုပါ၏’ ဟု အော်ဟစ်ရမည်လား။

အစိမ်းရောင် စက်ဝန်းသည် ဖြည်းညင်းစွာဖြင့် မှိန်ဖျော့လာသည်။ အန်လင်းသည် အဆင့် ၁ အမြဲစိမ်း နည်းစနစ်အား အောင်မြင်စွာဖြင့် ကျွမ်းကျင် တတ်မြောက်သွားပြီ ဖြစ်သည်။ သူ၏ အသက်စွမ်းအား သည်လည်း ကြောက်မက်ဖွယ် ကောင်းလောက်သည့် အထက် တိုးလာပြီ ဖြစ်သည်။

သူ၏ စွမ်းအင်ဖြည့်တင်းနှုန်း၊ ခန္ဓာကိုယ် ပြန်လည် ကုစားခြင်းစွမ်းရည် စသည့် အရာအားလုံးသည် ကြီးမားစွာ တိုးတက် ပြောင်းလဲလာပြီ ဖြစ်သည်။

အန်လင်း၏ နှလုံးသားနှင့် ဦးခေါင်း ပြင်းထန်စွာ ဒဏ်ရာမရရှိသ၍ သူ့အနေဖြင့် မည်သည့် ဒဏ်ရာမှမဆို ပြန်လည် ကောင်းမွန်လာနိုင်စွမ်း ရှိလာပြီ ဖြစ်သည်။

ယီစီသည် အန်လင်း၏ အော်ရာပြောင်းလဲမှုအား ခံစားမိသည်။ သူသည် လုံးဝ ပါးစပ်အဟောင်းသားဖြင့် ရှိနေလေသည်။ သူ၏ ဘဝအပေါ် ရှုမြင်ချက်များပင်လျှင် ပြောင်းလဲသွားပြီ ဖြစ်သည်။

“မင်း … မင်းပြောင်းလဲသွားတယ်” အန်လင်းအား ညွှန်ပြကာဖြင့် လုံးဝနားလည်နိုင်စွမ်း မရှိသည့် အရာတစ်ခုအား တွေ့လိုက်ရသကဲ့သို့ပင် ဖြစ်နေလေသည်။

ရှောင်ချိုးသည်သာလျှင် ပုံစံမပြတ် တည်ငြိမ်နေဆဲဖြစ်သည်။ အန်လင်းသည် စိတ်ဝိညာဉ်ပျိုးထောင်ခြင်း အဆင့်အား သားရဲအမြုတေများ စားသောက်ကာ ချိုးဖြတ်ဝင်ရောက်ခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် အင်မော်တယ် ဆေးလုံးများ စားသောက်ပြီး ပြောင်းလဲမှုများ ဖြစ်ပေါ်ခြင်းသည် ပုံမှန်သာလျှင် ဖြစ်သည်။

အန်လင်းသည် ထိုမှတ်ချက်အား မည်သို့တုံ့ပြန်ရမည်ကို မသိချေ။ ထို့ကြောင့် တည်ငြိမ်စွာဖြင့် “ဟုတ်တယ်။ ပြောင်းလဲသွားပြီ”

“ဒီပြောင်းလဲမှုက အင်မော်တယ် ဆေးလုံးတွေကို ဆက်တိုက်စားလို့ ဖြစ်ပေါ်လာတာလား” ယီစီသည် မျက်လုံးများ ပြူးကျယ်လျက် အန်လင်းအား စိတ်လှုပ်ရှားမှု အပြည့်ဖြင့် ကြည့်နေလေသည်။

“အမှန်ပဲ” အန်လင်းသည် ရိုးသားစွာ ပြန်ဖြေလိုက်သည်။ “ဒီပြောင်းလဲမှုက အင်မော်တယ်ဆေးလုံး  ၅ လုံးကို ဆက်တိုက်စားလို့ ဖြစ်ပေါ်လာတာ”

ထိုအဖြေတွင် မှားယွင်းမှု မရှိချေ။ ထိုသည်မှာ စနစ်မှ ပြောကြားသည့် အတိုင်းပင် ဖြစ်သည်။

သို့သော်လည်း အန်လင်း၏ အဖြေသည် သူမမျှော်မှန်းထားသည့် ပြောင်းလဲမှုအား ဖြစ်ပေါ်လာစေသည်။

ယီစီသည် ကမ္ဘာသစ်တစ်ခုအား ရှာဖွေတွေ့ရှိလိုက် သကဲ့သို့ ခံစားနေရသည်။

“ဒီလိုမျိုးလား။ ဒါက ရှားပါးတဲ့ ဖြစ်ရပ်တစ်ခုပဲ”

“ငါအခုတော့ နားလည်နိုင်ခဲ့ပြီ။ အရေအတွက်က အရည်အသွေးကို ပြောင်းလဲနိုင်တယ်။ ဘာတွေပဲဖြစ်ဖြစ် လုံလောက်တဲ့ အရေအတွက် ရှိနေသမျှ ကာလပတ်လုံး မြင့်မားတဲ့ အရည်အသွေးကို ရရှိစေနိုင်တယ်”

ယီစီသည် အူလှိုက်သည်းလှိုက် ရယ်မောလိုက်သည်။ အန်လင်းအား ကျေးဇူးတင်သည့် မျက်လုံးများဖြင့် ကြည့်လိုက်လေသည်။

အန်လင်းထံမှ ရရှိသည့် စိတ်ကူးစိတ်သန်းသည် အလွန်ကြီးမားလှသည်။

ထိုသို့ဖြင့် သူသည် အသစ်အဆန်းများကို ဖန်တီးနိုင်တော့မည် ဖြစ်ပေသည်။

***

All Chapters