← Chapters

သူ့ကိုယ်သူ ဘယ်သူထင်နေတာလဲ

Vol. 73 Ch. 1459

သူ့ကိုယ်သူ ဘယ်သူထင်နေတာလဲ

Vol. 73 Ch. 1459

ယဲ့ဖန်သည် သူမလက်ကို လွှတ်လိုက်ပြီး အမာရွတ်ကို ထိလိုက်ချင်သည်။

ယုဖန်းရှန်းသည် ချက်ချင်းပင် ဒေါသထွက်သွားသည်။

သူမလက်ထဲမှ ဓားမြှောင်ကို စောင်းလိုက်ပြီး သူ့လည်ပင်းကို ဖိလိုက်သည်။

" ရှင်က ထိရဲတဲ့ သတ္တိရှိတာလား "

ယဲ့ဖန် ပြုံးပြီး နောက်ပြန်ဆုတ်ကာ သူမ၏ စားပွဲပေါ်တွင် ထိုင်လိုက်သည်။

" ဒီဒဏ်ရာက အရမ်းပြင်းထန်ခဲ့ပုံရတယ်။ လွတ်လာတာတောင် ကံကောင်းပုံပဲ "

ယုဖန်းရှန်းသည် သူမ၏ အမာရွတ်ကို ဖုံးအုပ်ရန် အင်္ကျီကို ဆွဲချလိုက်သည်။

" ကျွန်မတို့က မြေအောက်လောကမှာ ရှင်သန်နေတာလေ။ ဒီအမာရွတ်လေးလောက်က ဘာမလို့လဲ "

ယဲ့ဖန်သည် စားပွဲပေါ်မှ စာရွက်စာတမ်းများကို ကောက်ယူကာ လှန်လှောကြည့်သည်။

" ကိုယ့်မှာ အမာရွတ်တွေကို ဖယ်ပေးနိုင်တဲ့ ဆေးတစ်မျိုးရှိတယ်။ သက်ရောက်မှုက မဆိုးတော့ လိုချင်ရင် ပေးမယ် "

ယုဖန်းရှန်း ချက်ချင်း စိတ်ဝင်စားသွားသည်။

သူမသည် ဂရုမစိုက်ချင်ဟန်ဆောင်နေပါသော်လည်း ဤသို့ကိစ္စမျိုးကို မျက်နှာလွှဲနိုင်သည့် မိန်းကလေးဟူ၍ မရှိလောက်ပေ။

သို့သော် သူမသည် ဆန္ဒကို ထိန်းချုပ်ပြီး ဟက်ခနဲအသံပြုလိုက်သည်။

" မလိုပါဘူး။ ကျွန်မက သိုင်းလောကထဲမှာ နှစ်အတော်ကြာနေခဲ့တာဆိုတော့ ဒီတစ်ခုတော့ ကောင်းကောင်းသိတယ်။ တစ်ယောက်ယောက်က အကျိုးအမြတ်ကို လိုလိုလားလား ပေးလာတဲ့အခါ ဆယ်ဆ ဒါမှမဟုတ် အဆတစ်ရာ ပြန်တောင်းနိုင်တာကြောင့် သတိထားရမယ် "

ယဲ့ဖန်သည် မတတ်နိုင်ဘဲ ခေါင်းယမ်းပြီး ခါးသီးစွာ ပြုံးလိုက်သည်။

" မင်းက တကယ် ကပ်သီးကပ်သတ်နိုင်တာပဲ "

ယုဖန်းရှန်းသည် ထိုကိစ္စကို ဆက်မပြောချင်တော့ပေ။

" ပြော၊ ဒီမှာ ဘာလို့ ခိုးကြောင်ခိုးဝှက် လုပ်နေတာလဲ "

ယဲ့ဖန်သည် မတတ်နိုင်ဘဲ မျက်မှောင်ကြုတ်လိုက်သည်။

" မင်း စကား အကောင်းပြောလို့ မရဘူးလား။ ခိုးကြောင်ခိုးဝှက်နဲ့ဆိုတာ ဘာကိုဆိုလိုတာလဲ။ ကိုယ် ပေါ်တင် လျှောက်လာခဲ့တာပဲ။ မင်းရဲ့ လက်အောက်ငယ်သားတွေက အသုံးမကျတာကို ထည့်ပြော "

ယုဖန်းရှန်းသည် စကားမပြောနိုင် ဖြစ်သွားရသည်။

ဇာမဏီသုံးကောင်အဖွဲ့အစည်းသည် ကျန်းကောပြည်နယ်ပြည်နယ်၌ တောင်နက်ဂိုဏ်းပြီးလျှင် ဒုတိယနေရာတွင် ရှိပြီး ဌာနချုပ်ကိုကာကွယ်သော တာဝန်ရှိသူများသည် အဖွဲ့အစည်း၏ အထက်တန်းအဆင့်များဖြစ်သည်။

ထိုလူများကို ယဲ့ဖန်မှ အသုံးမကျသောအမှိုက်များဟု ခေါ်လိုက်သည်။

သို့သော် သူမသည် ထိုအချက်အား ပြန်လည်ချေပရန် အကြောင်းပြချက်ကို အမှန်တကယ် ရှာမတွေ့ခဲ့ပေ။

အကြောင်းမှာ ယဲ့ဖန်သည် ထိုထိပ်တန်းအဆင့်အဖွဲ့ဝင်များအား သတိမပြုမိစေဘဲ တင်းကြပ်သော လုံခြုံရေးများအောက်တွင် အလွယ်တကူ ဝင်ရောက်လာသောကြောင့် ဖြစ်သည်။

ယဲ့ဖန်သည် သူမကို ဆက်လက် အငြင်းမပွားဘဲ လာရသည့် ရည်ရွယ်ချက်ကို ချက်ချင်း ပြောဆိုလိုက်သည်။

" တောင်နက်ဂိုဏ်းရဲ့ အခြေအနေကို မေးချင်တာ။ အချက်အလက် ပိုတိကျလေ ပိုကောင်းလေပဲ "

" ဒါပဲလား "

ယုဖန်းရှန်းသည် အခြားကိစ္စတစ်ခုလို့ ထင်ခဲ့သည်။

" ရှင် တောင်နက်ဂိုဏ်းရဲ့ အခြေအနေကို သိချင်ရင် လွယ်လွယ်လေး ရှာလို့ရတာပဲ။ ဘာလို့ ကျွန်မဆီ လာရတာလဲ "

" ရန်သူကို နားအလည်နိုင်ဆုံးသူက ရန်သူပဲ။ မင်းရဲ့ ဇာမဏီသုံးကောင်အဖွဲ့အစည်းက တောင်နက်ဂိုဏ်းရဲ့ နံပါတ်တစ်ရန်သူဆိုတော့ မင်းမှာ တခြားသူတွေမသိတဲ့ အချက်အလက်တွေ အများကြီးရှိလိမ့်မယ်။ အဲ့တာကြောင့် မင်းကိုမေးတာက အချိန်ကုန်သက်သာပြီး စွမ်းအင်ချွေတာတဲ့ အကောင်းဆုံးနည်းလမ်းပဲ "

ယဲ့ဖန်သည် ငြင်းလို့မရသည့် အကြောင်းပြချက်ကို ပေးခဲ့သည်။

ယုဖန်းရှန်းသည် မတတ်နိုင်တော့ဘဲ သူမ စုဆောင်းထားသော တောင်နက်ဂိုဏ်း၏ အခြေအနေကို ယဲ့ဖန်အား ရှင်းပြခဲ့သည်။

"တောင်နက်ဂိုဏ်းမှာ အဆင့်အမြင့်ဆုံးက ဂိုဏ်းခေါင်းဆောင် ချန်းရှောင်ရှုန်းပဲ။ ချန်းရှောင်ရှုန်းရဲ့ လက်အောက်မှာ အရည်အချင်းရှိတဲ့ လက်အောက်ငယ်သား နှစ်ယောက်ရှိတယ်။ အဲ့ဒီထဲက တစ်ယောက်က ဝေလီလို့ခေါ်တယ်။ သူက နိုင်ငံခြားက မြေအောက်လက်ဝှေ့သမားဖြစ်ခဲ့ဖူးပြီးတော့ နောက်ပိုင်းကျ ချန်းရှောင်ရှုန်းက ခေါ်ထားတာ။ သူက အတွင်းအား ကနဦးအဆင့်ရှိတယ်လို့ ပြောလို့ရတယ် "

သူမသည် အံဆွဲထဲမှ စာရွက်စာတမ်းတစ်ခုကို ထုတ်ကာ ယဲ့ဖန်အား ပေးလိုက်သည်။

ယဲ့ဖန်သည် စာရွက်စာတမ်းဖိုင်ကို ဖွင့်လိုက်ပြီး ဝေလီ၏အသေးစိတ်အချက်အလက်များကို ဖတ်လိုက်သည်။ သူ၏အရပ်အမောင်း၊ အလေးချိန်ဆိုင်ရာ အခြေခံအချက်အလက်များမှအစ ထိုလူ၏ ဝါသနာများ၊ တိုက်ပွဲမှတ်တမ်းများနှင့် ခွန်အားခွဲခြမ်းစိတ်ဖြာမှုအထိ အသေးစိတ်အချက်အလက်များအားလုံးအပါအဝင် ဆယ်မျက်နှာကျော်ရှိသည်။

ဤအချက်မှ ဇာမဏီသုံးကောင်အဖွဲ့အစည်းသည် တောင်နက်ဂိုဏ်းကို အမှန်တကယ် လေ့လာခဲ့ကြောင်း မြင်နိုင်သည်။

" နောက်တစ်ယောက်ကရော ဘယ်လိုလဲ "

ယဲ့ဖန်သည် အချက်အလက်များကို လှန်ကြည့်လျက် မေးသည်။

" နောက်တစ်ယောက်က အကြံဉာဏ်ပေးတဲ့နေရာမှာ အရမ်းကျွမ်းကျင်တဲ့ ချန်းရှောင်ရှုန်းရဲ့ ထိပ်တန်းဗျူဟာမှူး စုရှန်းဟော်ပဲ။ တောင်နက်ဂိုဏ်းက ကျန်းကောပြည်နယ်ပြည်နယ်မှာ အကြီးဆုံးဂိုဏ်းဖြစ်လာရတဲ့ အကြောင်းရင်းက ဒီလူရဲ့ဗျူဟာတွေကြောင့်ဆို မမှားဘူး "

ယုဖန်းရှန်းသည် ယဲ့ဖန်ကို နောက်ထပ်စာရွက်စာတမ်းဖိုင်တစ်ခု ပေးသည်။ ထိုဖိုင်သည် စုရှန်းဟော်၏ ကိစ္စများနှင့် ပတ်သက်သည်။

" တစ်နည်းပြောရရင် ဒီနှစ်ယောက်က ချန်းရှောင်ရှုန်းရဲ့ အကောင်းဆုံး ဘက်တော်သားတွေပေါ့။ ဖုရှန်းကရော ဘယ်လိုလဲ "

ယဲ့ဖန်သည် စုရှန်းဟော်၏ အချက်အလက်များကို လှန်ကြည့်လိုက်သည်။ ဤလူသည်လည်း သတိပြုသင့်သူဖြစ်သည်။

" ဖုရှန်းက ဘာမလို့လဲ။ ချန်းရှောင်ရှုန်းရဲ့ ညစ်ပတ်တဲ့အလုပ်တွေကို လိုက်ရှင်းပေးတဲ့ လူမိုက်သာသာပဲ "

ယုဖန်းရှန်း၏ လေသံအရ ဖုရှန်းအား အထင်သေးနေသည်မှာ သိသာသည်။

ယဲ့ဖန် အံ့သြသွားသည်။

ဖုရှန်းသည် တောင်နက်ဂိုဏ်း၌ နေရာကြီးတစ်ခုရှိသည်ဟု ယဲ့ဖန် ထင်ခဲ့သည်။

သို့သော် ယုဖန်းရှန်းမှ ဖုရှန်းကို မျက်လုံးထဲပင် မထည့်မည်ဟု မမျှော်လင့်ထားပေ။

ယဲ့ဖန်သည် အချက်အလက်နှစ်ခုကို အသေးစိတ် နှိုင်းယှဉ်ကြည့်နေသည်။

အချက်အလက်များအရ ဝေလီဆိုသူနှင့် ဖြေရှင်းရန် ပိုမိုလွယ်ကူနိုင်သည်။

ထိုလူသည် သန်မာသော်လည်း အားနည်းချက်ရှိသည်နှင့် အလွယ်တကူ ဖြေရှင်းနိုင်သည်။

သို့သော် ထိုစုရှန်းဟုန်သည်သာ မြေခွေးအိုကြီးဖြစ်သည်။

ဇာမဏီသုံးကောင်အဖွဲ့အစည်းမှ စုဆောင်းရရှိထားသော အချက်အလက်များအရ ထိုလူတွင် တိကျသော အားနည်းချက်ဟူ၍ မရှိပေ။

ထိုမှတဆင့် ဤလူသည် ကိုင်တွယ်ရခက်သူဖြစ်သည်ကို မြင်နိုင်သည်။

ထို့ကြောင့် ယဲ့ဖန်သည် ရိုးရှင်းသော ဝေလီနှင့် စတင်နိုင်သည်။

အစီအစဥ်ကို ချမှတ်ပြီးနောက် ယဲ့ဖန်သည် လုပ်ဆောင်ချက်များအား ယုဖန်းရှန်းနှင့် ချက်ချင်း ဆွေးနွေးခဲ့သည်။

'သမုဒ္ဒရာကောင်းကင်'သည် ကျန်းကောပြည်နယ်ပြည်နယ်ရှိ အဆင့်အမြင့်ဆုံးကလပ်များထဲမှ တစ်ခုဖြစ်သည်။

ဤကလပ်၏ ပိုင်ရှင်သည် ခိုင်မာသောနောက်ခံရှိသည်ဟု ဆိုကြသည်။

ထို့ကြောင့် အခြားကလပ်များ၌ မရနိုင်သော အထူးပရောဂျက်များစွာရှိသည်ဟု ဆိုကာ အထူးဝါသနာပါသည့် ဖောက်သည်အများအပြားကို ဆွဲဆောင်နိုင်ခဲ့သည်။

ဝေလီသည် 'သမုဒ္ဒရာကောင်းကင်'ကလပ်သို့ မကြာခဏ လာလေ့ရှိသူဖြစ်ပြီး ရက်အနည်းငယ်တိုင်း လာလေ့ရှိသည်။

သို့သော် ဤကလပ်သည် အလွန်ဈေးမြင့်သည်။

ဝေလီ ရောက်လာတိုင်း သူ့အသုံးစရိတ်များအပါအဝင် သူ့လက်အောက်ငယ်သားများ၏ အသုံးစရိတ်မှာ အနည်းဆုံး ယွမ်တစ်သိန်းအထိ ရှိတတ်သည်။

ထို့အပြင် သူသည် ငွေမစုနိုင်သူ ဖြစ်သည်။

ပိုက်ဆံရတိုင်း သုံးပစ်တတ်သည်။

......................................

ယနေ့ည ဝေလီသည် ဂိုဏ်းအတွက် သန်းဆယ်နှင့်ချီသော အကြွေးများ ပြန်လည်ရရှိရန် ကူညီပေးခဲ့သည်။

ချန်းရှောင်ရှုန်းသည် သူ့လက်ကို ဝှေ့ယမ်းပြီး တစ်သန်းတန် အနီရောင်ဟုန်ပေါင်ထုပ်ကြီးကို ပေးလိုက်သည်။

ဝေလီသည် အိတ်ကပ်ထဲ ပိုက်ဆံရောက်လာ၍ အပြင်ထွက်ပြီး ပျော်ပါးချင်သည်။

သူနှင့်အတူ ပါလာသည့် လက်အောက်ငယ်သား ဆယ်ယောက်ကျော် ရှိလေသည်။

ချန်းရှောင်ရှုန်း၏ နံပါတ်တစ်တိုက်ခိုက်ရေးသမားဖြစ်သည့်အလျောက် သူနှင့်အတူပါလာသည့် လက်အောက်ငယ်သားများသည် တောင်နက်ဂိုဏ်း၏ ထိပ်တန်းအဆင့်များ ဖြစ်သည်။

ဤလူများသည် သူ့အပေါ် သစ္စာရှိနေပါက တောင်နက်ဂိုဏ်းရှိ သူ့ရာထူးမှာ တည်မြဲနေမည် ဖြစ်သည်။

လူရမ်းကားတစ်စုသည် ခမ်းနားသောပုံစံဖြင့် ကလပ်ထဲသို့ ဝင်လာကြသည်။

ကလပ်ရှိဖောက်သည်များသည် ဤလူအုပ်စုမှာ သာမန်မဟုတ်ကြောင်း ခန့်မှန်းနိုင်၍ ရှောင်သွားကြသည်။

ဝေလီသည် ဦးဆောင်ပြီး လျှောက်သွားကာ အရှေ့၌တွေ့သည့် မိန်းကလေးတစ်ယောက်၏ ဖောင်းကားနေသော ရင်သားများကို ကိုင်လိုက်သည်။

" ရှင် ဘာလုပ်တာလဲ။ နံစော်နေတဲ့ လူရမ်းကား "

ထိုမိန်းကလေးသည် အော်ဟစ်ပြီး ဘေးမှယောက်ျားလေးအဖော်များကို အကူအညီတောင်းသည်။

အဖော်ယောက်ျားလေးများသည် ဝေလီကို ပြဿနာရှာချင်သော်လည်း အနောက်လှည့်ကြည့်လိုက်သည့်အခါ ကြမ်းတမ်းသော အမူအရာများနှင့် လူများစွာ ရှိနေသည်ကို တွေ့ပြီး ထိတ်လန့်ကာ စကားမပြောရဲတော့ပေ။

" မင်းကများ ပြန်ပြောရဲသေးတာလား "

ဝေလီသည် ထိုသို့ မောက်မာစွာ ပြောဆိုပြီးနောက် သူ၏လူများကို ဦးဆောင်ကာ ကလပ်ထဲသို့ ဝင်သွားခဲ့သည်။

သူ့အနောက်မှ လက်ပါးစေတွေကလည်း လမ်းလျှောက်လာပြီး ထိုမိန်းကလေးကို တစ်ယောက်ပြီးတစ်ယောက် မထိတရိစော်ကားကြသည်။

ထိုမိန်းကလေးမှာ တုန်ရီကြောက်လန့်နေပြီး မခုခံရဲပေ။

" ဟားဟားဟားဟား ......... "

လက်ပါးစေအုပ်စုမှာ ကျယ်လောင်စွာ ရယ်မောလိုက်ကြသည်။

သူတို့သည် အခကြေးငွေမပေးဘဲ အခြားသူများကို အနိုင်ကျင့်ရခြင်းကို နှစ်သက်ကြသည်။

ဝေလီသည် သူ၏လက်အောက်သားငယ်များကို သွားလေ့ရှိသည့် သီးသန့်ခန်းသို့ ခေါ်ဆောင်သွားသောအခါ အထဲ၌ ဧည့်သည်များ ရှိနေပြီး ဖြစ်သည်။

တစ်စုံတစ်ယောက်သည် မွေးနေ့ပွဲ ကျင်းပနေပြီး မွေးနေ့သီချင်း သီဆိုနေပုံရသည်။

ဝေလီသည် တံခါးကို တွန်းဖွင့်ပြီး အထဲကို ဝင်သွားသည်။

အထဲမှ သက်ဝင်လှုပ်ရှားနေသော လေထုသည် ရုတ်တရက် ရပ်သွားကာ လူတိုင်းမှ သူတို့ကို ထိတ်လန့်စွာ ကြည့်နေကြသည်။

All Chapters