မှတ်ထား ငါ့နာမည်က လော့ဝေလီ
Vol. 73 Ch. 1460
" မင်း ဘာလုပ်တာလဲ။ ဘယ်သူက ဝင်ခွင့်ပြုလိုက်လို့လဲ "
ဦးခေါင်းကြီးကြီး၊ နားရွက်ကြီးကြီး၊ ရွှေဆွဲကြိုးဝတ်ထားသည့် ယောက်ျားတစ်ယောက်မှ မေးလေသည်။
၀တ်စားဆင်ယင်ပုံနှင့် ပြုမူပုံအရ သူသည် လူကောင်းမဖြစ်နိုင်ပေ။
လော့ဝေလီသည် ထိုလူထံသို့ လျှောက်လှမ်းလာပြီး သူ့ကို ပြုံးပြသည်။
" ဒီသီးသန့်အခန်းက ငါအခန်းပါ။ ကျေးဇူးပြုပြီး ရွှေ့ပေး "
ထိုလူမှ ချက်ချင်း ရယ်မောလိုက်သည်။
" ငါတို့ ဒီအခန်းကို အရင်ဆုံး ကြိုဦးထားပြီးသား။ အဲ့တာ ဘယ်လိုလုပ် မင်းတို့ဟာ ဖြစ်ရမှာလဲ။ မင်းတို့မှာ လူပိုများနေလို့ ငါတို့ကို အနိုင်ကျင့်ချင်နေတာလား "
လော့ဝေလီ နှာခေါင်းကို ပွတ်သပ်လိုက်သည်။
" မင်းရဲ့အကျိုးအတွက် ငါ ပြောနေတာ။ မင်းမရွှေ့ရင် ငါ့ညီအစ်ကိုတွေကို ရွှေ့ခိုင်းပေးမယ် "
ရွှေဆွဲကြိုးဖြင့်လူက ပုလင်းတစ်လုံးကို လိုက်သည်။
" ဘာကိုဆိုလိုတာလဲ။ မင်းတို့က ပြဿနာရှာချင်နေတာလား။ ငါဘယ်သူလဲဆိုတာ မင်းတို့ ပတ်မေးလိုက် ...... "
သူ့စကားမပြီးခင်မှာပင် လော့ဝေလီသည် စားပွဲပေါ်မှ ကိတ်မုန့်ကို ဆွဲယူပြီး သူ့မျက်နှာကို ရိုက်ချလိုက်သည်။
တစ်ချိန်တည်းမှာပင် ထိုလူ၏ ရင်ဘတ်ကို ကန်သည်။
ထိုကန်ချက်မှာ မြန်ပြီး ကြမ်းတမ်းသည်။
အနည်းဆုံး ပေါင် ၁၈၀အလေးချိန်ရှိသော ထိုယောကျ်ား၏ ခန္ဓာကိုယ်သည် ပျံသွားကာ နံရံဆီသို့ ပြင်းထန်စွာ ရိုက်သွားခဲ့သည်။
" မင်းက လူ့စကားကို နားမလည်မှတော့ မင်းနားလည်အောင် တိရစ္ဆာန်တွေလို ရိုက်နှက်ပေးမယ် "
လော့ဝေလီသည် ချက်ချင်းပင် လက်ကိုဝှေ့ယမ်းလိုက်ရာ သူ၏ လက်အောက်ငယ်သားဘတစ်ဒါဇင်ခန့်သည် ဝံပုလွေများ၊ ကျားများကဲ့သို့ အရှေ့သို့ တဟုန်ထိုးပြေးသွားပြီး သီးသန့်အခန်းထဲရှိ လူအုပ်စုကို အော်ဟစ်ငိုကြွေးသည်အထိ ရိုက်နှက်ခဲ့ကြသည်။
လက်ရှိသီးသန်းအခန်းထဲမှလူများသည် ကိုင်တွယ်ရန် မလွယ်ကူလှသော်လည်း သူတို့သည် တောင်နက်ဂိုဏ်းမှ ထိပ်တန်းတိုက်ခိုက်ရေးသမားများနှင့် မယှဉ်နိုင်ပေ။
အရိုက်ခံရပြီးနောက် ချက်ချင်း မြေပြင်ပေါ် လူးလိမ့်ကာ ရှုံးနိမ့်ခဲ့ကြသည်။
ရုန်းရင်းဆန်ခတ်ဖြစ်နေသောသတင်း ရရှိပြီးနောက် ကလပ်မန်နေဂျာသည် အမြန်ပြေးလာခဲ့သည်။
ပြဿနာရှာသူမှာ လော့ဝေလီဖြစ်သည်ကို မြင်သောအခါ မန်နေဂျာ၏အမူအရာ ပြောင်းသွားသည်။
" အစ်ကိုလော့၊ ဘာဖြစ်တာလဲ "
လော့ဝေလီသည် မန်နေဂျာကို တွေ့လိုက်သောအခါ သူ၏အမူအရာမှာ အနည်းငယ်ပျော့ပြောင်းသွားသည်။
" ဒီကောင်တွေ ဘယ်ကလာမှန်းမသိ မဟုတ်တာတွေပြောနေလို့ သင်ခန်းစာပေးနေတာ "
ကလပ်မန်နေဂျာမှ ရယ်မောလိုက်သည်။
" အစ်ကိုလော့၊ ကျွန်တော့်မျက်နှာကြောင့် ဒီတစ်ကြိမ် လွှတ်ထားပေးလို့ရမလား။ဒီနေ့ အသုံးစရိတ်အတွက် ၅၀%လျှော့ပေးပါ့မယ် "
လော့ဝေလီသည် ပြုံးပြီး သူ့ပုခုံးကို ပုတ်လိုက်သည်။
" မန်နေဂျာဟူက ပြောနေမှတော့ မျက်နှာသာပေးရမှာပေါ့ "
ထိုစကားကို ပြောပြီးနောက် လက်အောက်ငယ်သားများကို တားရန် လက်ကို မြှောက်လိုက်သည်။
ထို့နောက် သူသည် ရွှေဆွဲကြိုးဆွဲထားသောယောက်ျားကို လှမ်း၍ ဟောက်လိုက်သည်။
" ကြားလား။ မန်နေဂျာဟူက မင်းအတွက် အသနားခံပေးလို့ ငါ မင်းကို ဒီတစ်ခါတော့ လွှတ်ပေးလိုက်မယ်။ မင်း ငါ့ရှေ့မှာ ထပ်ပြီး မောက်မာပြလို့ကတော့ စကားနဲ့ပြောနေမှာ မဟုတ်ဘူး နားလည်လား "
ထိုလူသည် အမြန်ခေါင်းညိတ်ပြလိုက်သော်လည်း သူ့နှလုံးသားထဲ၌ မုန်းတီးမှုများဖြင့် ပြည့်နှက်နေသည်။
သူသည် လတ်တလော အရင်ထွက်ပြေးရန် ပြင်ဆင်လိုက်ပြီး နောက်မှ တပ်ကူခေါ်ရန် စဉ်းစားနေသည်။
လော့ဝေလီသည် သူ့အတွေးတွေကို မြင်ပြီး ပြုံးပြလိုက်သည်။
" မင်း အကူအညီတောင်းချင်ရင် မြန်မြန်သွားခေါ်။ ငါဒီမှာစောင့်နေမယ်။ ငါ့နာမညက လော့ဝေလီ။ ပြီးတော့ ငါ့ရဲ့အထက်လူကြီးက တောင်နက်ဂိုဏ်းက ချန်းရှောင်ရှုန်းပဲ။ မင်းလက်စားလာချေမယ့်အချိန်ကို ငါတို့ စောင့်နေမယ် "
ထိုလူသည် 'တောင်နက်ဂိုဏ်း'ဟူသော စကားကို ကြားသောအခါ အလွန်ကြောက်လန့်ပြီး မျက်နှာမှာ ဖြူဖျော့သွားခဲ့သည်။
မူလက ကလဲ့စားချေလိုသောစိတ်များ ချက်ချင်းပင် လေထဲသို့ ပျောက်ကွယ်သွားသည်။
ဒါက ဘယ်လိုဟာသမျိုးလဲ။
တောင်နက်ဂိုဏ်းကလူတွေကို လက်စားချေမှာတဲ့လား။
အသက်ရှင်ရတာ ပျင်းနေပြီလို့ ပြောလိုက်တာနဲ့ မတူဘူးလား။
ထို့နောက် သူ၏အပေါင်းအဖော်များကို ချက်ချင်းခေါ်ပြီး သီးသန့်အခန်းထဲမှ စိတ်ပျက်စွာ ပြေးထွက်သွားသည်။
" အစ်ကိုလော့၊ ခဏစောင့်။ အခန်းရှင်းဖို့ ကလေးတွေကို ပြောလိုက်မယ် "
မန်နေဂျာဟူသည် ပြုံးရွှင်စွာပြောပြီး သီးသန့်အခန်းကို သန့်ရှင်းရေးလုပ်ရန် စားပွဲထိုးများကို ညွှန်ကြားခဲ့သည်။
လော့ဝေလီသည် မန်နေဂျာဟူကို ဘေးသို့ ဆွဲခေါ်လိုက်ပြီး သနားစရာကောင်းသော အပြုံးကို ထုတ်ဖော်လိုက်သည်။
" မန်နေဂျာဟူ၊ နောက်ဆုံးတစ်ခေါက်က မေရှင်းနဲ့ရခဲ့တဲ့အတွေ့အကြုံကို အခုထိ မမေ့သေးဘူး။ ခေါ်ပေးပါဦး "
မေရှင်းသည် ဤကလပ်တွင် အလှဆုံးမိန်းကလေးဖြစ်သည်။
သူမသည် မြောက်ဥရောပသွေးအနည်းငယ်ရောပြီး အထူးသဖြင့် သူမ၏ခြေထောက်ရှည်များဖြင့် အလွန်လှပသည်။
သူမကို မမေ့နိုင်ဖြစ်ရသည်အထိ စွဲလမ်းစရာကောင်းသည်။
မေရှင်း၏ နောက်ဆုံးအကြိမ်က ဝန်ဆောင်မှုကို နှစ်သက်ပြီး ထိုအကြောင်းကို နေ့ရောညပါ တွေးနေခဲ့သည်။
ဤတစ်ခါ ကလပ်သို့ လာရသည့် အဓိကအကြောင်းရင်းမှာ မေရှင်းကြောင့် ဖြစ်သည်။
သို့သော် မန်နေဂျာဟူသည် ထိုစကားကိုကြားပြီးနောက် ကြောင်အစွာ ပြုံးလိုက်သည်။
" အစ်ကိုလော့၊ မေရှင်းက ဧည့်သည်ရှိလို့ နောက်တစ်ယောက်ပြောင်းသင့်တယ် "
" ဟိုဘက်ကလူနဲ့ သွားပြီး ဆွေးနွေးလိုက်။ ဒီည သူမအတွက် ငါ့အကုန်ပေးမယ်။ ဘာပဲဖြစ်ဖြစ် ဒီနေ့ ငါ့အတွက် မေရှင်းကို ခေါ်ပေးရမယ် "
လော့ဝေလီသည် မေရှင်း ဧည့်သည်ရှိနေသည်ဟု ကြားသောအခါ ချက်ချင်းစိတ်ပျက်သွားသည်။
သူ့ခရီးစဉ်က အချည်းနှီးဖြစ်တော့မှာ မဟုတ်ဘူးလား။
မန်နေဂျာဟူသည် စိတ်ပူပန်နေပုံရသည်။
" အစ်ကိုလော့၊ ဟိုဘက်ဖောက်သည်နဲ့က စကားပြောရတာ မလွယ်ဘူး။ သူတို့က သဘောမတူဘူး။ တခြားကောင်မလေးကို ခေါ်ပေးပါ့မယ်။ ကျွန်တော်တို့ ကလပ်မှာ အရမ်းလှတဲ့ မိန်းကလေးတွေ အများကြီးရှိပါသေးတယ်။ အရင်တုန်းက လီဆာပြုစုပေးတာ အရမ်းကောင်းခဲ့တယ် မဟုတ်ဘူးလား "
" ငါ မေရှင်းကို လိုချင်တယ်။ မင်း လူ့စကားကို နားမလည်ဘူးလား။ မင်းတို့ရဲ့ ကလပ်လောက်ကို ငါ မဖျက်ဆီးနိုင်ဘူးလို့ ထင်နေလား "
လော့ဝေလီ၏ ဒေါသသည် အမြဲဆိုးရွားလေသည်။
မန်နေဂျာဟူနှင့် ဤသို့ အချိန်အတော်ကြာ အေးဆေးစွာ စကားပြောနေသည်မှာပင် အလွန်ရှားနေပြီ ဖြစ်သည်။
မန်နေဂျာဟူမှ တင်းကြပ်ချင်နေသည်ကို ကြားပြီး ချက်ချင်း ဒေါသထွက်သွားသည်။
မန်နေဂျာဟူ၏ မျက်နှာမှာလည်း တင်းမာသွားသည်။
" အစ်ကိုလော့၊ ဖျက်ဆီးချင်ရင် လုပ်လိုက် "
မန်နေဂျာသည် သူ၏ခြိမ်းခြောက်မှုကို မကြောက်သည်မှာ ထင်ရှားသည်။
လော့ဝေလီသည် ဆန္ဒပြင်းပြနေခဲ့ပါသော်လည်း သူ၏အရှိန်အဟုန်သည် ချက်ချင်း ရပ်တန့်သွားရသည်။
သူသည် အထက်စီးမှ နေနိုင်သူတစ်ဦးဖြစ်သော်လည်း ဤကလပ်ကို ဖြိုခွင်းနိုင်သည်အထိ အာဏာမရှိပေ။
သမုဒ္ဒရာကောင်းကင်ကလပ်၏ သူဌေးကြီးသည် ခွန်အားကြီးမားသော ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။
တောင်နက်ဂိုဏ်းမှ ဥက္ကဌချန်းပင်လျှင် သူ့ကို ပြဿနာရှာရန် မတတ်နိုင်လောက်ပေ။
အကယ်၍ သူသည် ဤကလပ်ကို အမှန်တကယ် ပြဿနာရှာပါက ဥက္ကဌချန်းမှ သူ့ကို ခွင့်မလွှတ်မည်မှာ သေချာသည်။
သူသည် စိတ်အားထက်သန်သူဖြစ်ပြီး ဦးနှောက်ရှိသူလည်း ဖြစ်သည်။
ထို့ကြောင့် သေချာစဉ်းစားပြီးကာ သူ့လေသံမှာ ချက်ချင်း ပျော့သွားသည်။
" ဒါဆိုရင်ရော ဘယ်လိုလဲ မန်နေဂျာဟူ။ မင်း ငါ့ကို အဲ့ဒီကို ခေါ်သွားပေး။ အဲ့ဖောက်သည်နဲ့ ငါ ကိုယ်တိုင် ဆွေးနွေးလိုက်မယ်။ အဲ့တာဆို အဆင်ပြေရဲ့လားဘ"
မန်နေဂျာဟူသည် အနည်းငယ် ချီတုံချတုံ ဖြစ်နေသေးသည်။
" အစ်ကိုလော့၊ ဟိုက ဖောက်သည်တွေက ပြဿနာရှာလို့မရဘူး။ တွေ့ရင် တိုက်ခိုက်ကြမှာကို စိုးရိမ်တယ် "
" မပူပါနဲ့၊ သူတို့နဲ့ ဆွေးနွေးရုံတင်ပဲ။ ဘာမှမလုပ်ဘူး။ ကတိပေးတယ် "
လော့ဝေလီသည် ဘာမှမလုပ်ဘူးဟု အမြန်ကတိပေးလိုက်သည်။
သို့သော် စိတ်ထဲ၌ အထင်သေးနေသည်။
သူသည် တောင်နက်ဂိုဏ်း၏နာမည်ကို ထုတ်ပြောလိုက်သည်နှင့် တစ်ဖက်မှ ချက်ချင်း ဖယ်ရှောင်သွားမည်ဖြစ်သည်။
တိုက်ခိုက်စရာတောင် လိုသေးလို့လား။
မန်နေဂျာဟူသည် ရွေးချယ်စရာမရှိဘဲ တစ်ဖက်ဧည့်သည်များ၏အခန်းသို့ ခေါ်သွားသည်။
လော့ဝေလီနှင့် လက်အောက်ငယ်သားများမှာ အေးဆေးသော အမူအရာဖြင့်လိုက်လာကြသည်။
မန်နေဂျာဟူသည် သီးသန့်ခန်းကို ပြပြီးနောက် ပြောလိုက်သည်။
" ခဏစောင့်ပါ။ အထဲဝင်ပြီး မေးလိုက် ...... "
သို့သော် လော့ဝေလီသည် သည်းမခံတတ်ပေ။
မန်နေဂျာအား ဘေးသို့ တွန်းဖယ်ပြီး တံခါးကို တွန်းကန်ဖွင့်လိုက်သည်။
ဤသည်မှာ သူ၏ တံခါးဖွင့်နည်းဖြစ်သည်။
ဘယ်သောအခါမှ လက်ဖြင့်မဖွင့်ဘဲ ခြေထောက်ဖြင့်သာ ကန်ဖွင့်တတ်သည်။
ဘန်း
သီးသန့်အခန်းတံခါးမှာ နံရံကို တိုက်ပြီး သီးသန့်ခန်းတစ်ခုလုံးပင် တုန်လှုပ်သွားပုံရသည်။
အထဲ၌ ပျော်ရွှင်နေသောလူများမှာ ချက်ချင်း ကြောင်သွားပြီး လှည့်ကြည့်ကြသည်။
လော့ဝေလီသည် ယောက်ျားတစ်ယောက်၏ ပေါင်ပေါ်၌ ထိုင်ကာ သူနှင့်အတူ အရက်သောက်နေသော မေရှင်းကိုတွေ့ကာ မနာလိုသွားသည်။
" မေရှင်း ဒီကိုလာ "
လော့ဝေလီသည် အခြားသူများကို မကြည့်ဘဲ မေရှင်းကိုသာ လက်ဝေ့ယမ်းပြသည်။
မေရှင်းသည် သူမဘေးမှယောက်ျားအား နေရခက်သောအမူအရာဖြင့် ကြည့်နေသည်။
" ကျွန်မ ...... "
" ဘာလဲ၊ ကန်းနေတာလား "
သူမသည် ထမလာသည်ကိုမြင်ကာ လော့ဝေလီ စိတ်မရှည်စွာ လျှောက်လာပြီး ဆွဲထုတ်ရန် ပြင်သည်။
သို့သော် မေရှင်း၏လက်ကို တစ်ဖက်မှယောက်ျားက ပြန်ဆွဲထားသည်။
တစ်ချိန်တည်းမှာပင် ထိုယောက်ျား၏အသံ ထွက်လာသည်။
" လော့ဆိုတဲ့ကောင်၊ မင်းက မောက်မာလှချည်လား "
လော့ဝေလီ ထိုအသံကို ကြားပြီ ကြောင်အသွားသည်။
တစ်ဖက်လူမှ သူ၏ မျိုးရိုးအမည်ကိုသိ၍ သူ့ကို သေချာပေါက်သိသူ ဖြစ်ရမည်။
သူ့ကိုသိသော်လည်း ဤသို့ ခေါ်ရဲသေးသည်။ ကျန်းကောပြည်နယ်၌ သူ့ကို သိသူ များစွာမရှိပေ။ သိကြသူများမှာလည်း သူ့ကို ကြောက်ကြသည်။
မေရှင်းထံမှ အကြည့်ခွာကာ ထိုလူကို ကြည့်လိုက်ရာ လော့ဝေလီ မျက်လုံးအိမ်များ ကျဉ်းမြောင်းသွားရသည်။
" လိုက်ကျီချန်း၊ မင်းလား "