← Chapters

ကျင့်ကြံမှုအတွက် ကူညီစေချင်နေတာလား

Vol. 74 Ch. 1099

ကျင့်ကြံမှုအတွက် ကူညီစေချင်နေတာလား

Vol. 74 Ch. 1099

လုချန်းက သူမ၏ခန္ဓာကိုယ်ကို အတင်းအကျပ် ပိုင်ဆိုင်ခဲ့ပုံ ထို့နောက် သူမအပေါ် နည်းလမ်းမျိုးစုံ အသုံးပြုခဲ့ပုံကို ပြန်စဉ်းစားမိတိုင်း ဒေါသကြောင့် ကျိချိုးယု အံကြိတ်မိ၏။

ဤလှည့်စားသူသည် အလွန် ကျွမ်းကျင်လှ၏။ သူသည် ယခင်က အမျိုးသမီး မည်မျှကို အန္တရာယ်ပြုခဲ့မှန်း မသိနိုင်‌ပေ။ ထို့အတူ သူ၏ မိဖုရားဆောင်တွင် ကိုယ်လုပ်တော် မည်မျှ ရှိနေသည်ကိုလည်း သူမ မသိချေ။

ဤအရာသည် သူမ ဤဘဝတွင် ကြုံတွေ့ခံစားရန် ကံကြမ္မာပါလာသော ဝဋ်ကြွေးတစ်ခု ဖြစ်ကောင်းဖြစ်ပေမည်။ ထို့ပြင် လုချန်းက သူမအား မိဖုရားကြီး အဆင့်အတန်းကို ချီးမြှင့်ရန် အစီအစဉ်ရှိနေပြီးဖြစ်ရာ သူမထံ၌ ပြောစရာ များများစားစား မကျန်တော့ချေ။

သူက သူမ၏ ကျင့်ကြံမှု အဆင့်အား ယင်ယန်အဆင့်သို့ တိုးမြှင့်ပေးခဲ့သည်။ ထို့ပြင် သူမအား မိဖုရားကြီး ဘွဲ့ကိုလည်း ပေးအပ်ခဲ့သည်။ ထို့ထက်ပို၍ သူမအား နတ်ဆိုးမြေမြုပ်ကျင့်စဉ်နှင့် သူတော်စင်အဆင့် ကျင့်စဉ်တစ်ခုကိုပါ ချီးမြှင့်ခဲ့သေးသည်။

ဒါတွေက သူမအတွက် ကြီးမားလှသော အခွင့်အရေးတစ်ခု ဖြစ်သည်။

သူမ၏ အပျိုစင်ဘဝနှင့် လဲလှယ်ခဲ့ရသည် ဆိုစေဦးတော့ ထိုကဲ့သို့ အခွင့်အရေးမျိုးမှာ အမျိုးသမီးများစွာ တောင့်တကြသော်လည်း ဘယ်သောအခါမှ ဆုပ်ကိုင်ခွင့် မရခဲ့သော အရာမျိုး ဖြစ်သည်။

ကျိချိုးယုက

“ဒီအခြေအနေထိ ရောက်လာမှတော့ ကစားစရာပဲ ဖြစ်ဖြစ် ကျင့်စဉ်မီးဖိုပဲ ဖြစ်ဖြစ် ငါ လက်ခံလိုက်တော့မယ်။”

ဟု သူ့မဘာသာ တီးတိုးရေရွတ်လိုက်သည်။

လုချန်းထံမှ အကျိုးကျေးဇူးများစွာ ရရှိခဲ့ပြီး ကြီးမားသော ကံကြမ္မာ အနှောင်အဖွဲ့နှင့် ချည်နှောင်ခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် လုချန်းသည် နယ်ခြားမှ ကျူးကျော်သူတစ်ဦး ဖြစ်ခဲ့လျှင်ပင် သူမ လက်ခံရုံသာ တတ်နိုင်တော့သည်။

ထိုသို့ တွေးမိသောအခါ လုချန်းက သူမအပေါ် အနိုင်ကျင့်နေပုံ ပုံရိပ်များက သူမ၏ စိတ်ထဲ အဆက်မပြတ် ပြန်ပေါ်လာသည်။ ထိုအခါ ကျိချိုးယု၏ ခန္ဓာကိုယ်လည်း တစ်ဖန် ပူနွေးလာခဲ့သည်။ သူမသည် သူမ၏ မငြိမ်သက်သော နှလုံးသားကို ထိန်းချုပ်ရန် ကြိုးစားလိုက်သည်။ ထို့နောက် သူမ၏ ကျင့်ကြံမှုကို လျင်မြန်စွာ စတင်လိုက်သည်။

မကြာမီပင် ကျိရှောင်နိုင်ငံတော်နှင့် သွေးသက်တံရဲတိုက်တို့ ထျန်းချန်ကမ္ဘာထံသို့ လက်နက်ချခဲ့ကြသည်ဟူသော သတင်း ကျိယန်ကမ္ဘာတစ်ဝန်းလုံးသို့ ပျံ့နှံ့သွား၏။

ဤအချက်က လူများကို နားမလည်နိုင်အောင် ဖြစ်သွားစေသည်။ ကျိရှောင်ဧကရာဇ်နှင့် သွေးသက်တံရဲတိုက်သခင်မတို့သည် ကျိယန်ကမ္ဘာမှ ထွက်ခွာမသွားခဲ့ကြပေ။ ထိုမျှသာမက သူတို့သည် ရှနိုင်ငံတော်နှင့် အမှန်တကယ် မဟာမိတ် ဖွဲ့ခဲ့ကြသည်။

သူမတို့နှစ်ဦးစလုံး ပိုင်ဆိုင်ထားသော ဥပဒေနိယာမ အလုံးစုံအဆင့် အင်အားဖြင့် ကျိယန်ကမ္ဘာမှ ထွက်ပြေးခြင်းက အလွန်လွယ်ကူသည်။ အချို့သော အင်အားစုများ၏ ဥပဒေနိယာမ အလုံးစုံအဆင့် ကျင့်ကြံသူများမှာ ထွက်ပြေးရန်အတွက် ကမ္ဘာဖြတ်ကျော် လမ်းကြောင်းများကို ဖွင့်ခဲ့ပြီး ဖြစ်သည်။

သို့သော် သူတို့က ထွက်ပြေးမည့်အစား ဆွမ်ဧကရာဇ်ထံ၌ သစ္စာခံရန် ရွေးချယ်ခဲ့ကြတာလား။

လူများက သူတို့ အဘယ်ကြောင့် ထိုကဲ့သို့ ရွေးချယ်ခဲ့ကြသည်ကို အံ့ဩနေကြဆဲ ဖြစ်နေချိန်တွင် လနက်မြို့ရှိ ရှနိုင်ငံတော်၏ ယာယီနန်းတွင်းက ကြေညာချက်တစ်ခု ထုတ်ပြန်ခဲ့သည်။ ထိုကြေညာချက်မှာ ကျိယန်ကမ္ဘာ တည်ငြိမ်သွားသည်နှင့်တစ်ပြိုင်နက် ဆွမ်ဧကရာဇ်သည် ကျိရှောင်ဧကရီနှင့် သွေးသက်တံရဲတိုက်သခင်မ နှစ်ဦးစလုံးကို လက်ထပ်ရန် စီစဉ်ထားကြောင်း ဖြစ်သည်။

ထိုသတင်း ထုတ်ပြန်ပြီးသည်နှင့် ကျိရှောင်ဧကရီနှင့် ရဲတိုက်သခင်မတို့ အဘယ်ကြောင့် ထွက်မပြေးခဲ့ကြသည်ကို လူများ ချက်ချင်း နားလည်သွားကြ၏။ သူမတို့သည် ဆွမ်ဧကရာဇ်ကို လက်ထပ်ရန် သဘောတူခဲ့ပြီး ဖြစ်သည်။

ဤဖွင့်ချမှုက အချို့သော ပါးနပ်သူများကို နောက်ကွယ်မှ ရည်ရွယ်ချက်အား နားလည်သွားစေ၏။ ဆွမ်ဧကရာဇ်သည် ကျိယန်ကမ္ဘာတစ်ခုလုံးအပေါ် ချက်ချင်း အင်အားသုံးရန် မရွေးချယ်ခဲ့ပေ။ ထိုအစား သူက ကျိယန်ကမ္ဘာ၏ အမျိုးသမီးများကို လက်ထပ်ရန် ရွေးချယ်ခဲ့ခြင်းသည်။ ယင်းက သူ့ ထံ၌ ကျိယန်ကမ္ဘာကို ဖျက်ဆီးရန် ရည်ရွယ်ချက် မရှိကြောင်း ညွှန်ပြနေသည်။

သူသည် ထိုကမ္ဘာကို ထိန်းချုပ်ရန် ရည်မှန်းထားဖွယ်ရှိသည်။ သူတို့သာ ရှနိုင်ငံတော်ထံ လက်နက်ချပြီး ဆွမ်ဧကရာဇ်မှ ရွေးချယ်လိုက်သော ခေါင်းဆောင်များနှင့် ဆက်ဆံရေး ကောင်းမွန်နေသရွေ့ ရှနိုင်ငံတော်က သူတို့အပေါ် အင်အား အသုံးပြုမည် မဟုတ်ပေ။

ရက်အနည်းငယ်အတွင်း အင်အားစု ရာပေါင်းများစွာသည် သွေးသက်တံရဲတိုက်နှင့် ကျိရှောင်နိုင်ငံတော်တို့ဘက်သို့ ယိမ်းယိုင်သွားခဲ့ကြသည်။ ထို့ပြင် ပိုကြီးသော အင်အားစုအချို့ကလည်း ဆွမ်ဧကရာဇ်ထံ ဆန္ဒအလျောက် သစ္စာခံရန် လနက်မြို့သို့ သံတမန်များ စေလွှတ်ခဲ့ကြသည်။

လက်နက်ချသည့် လမ်းကြောင်းတစ်ခု ထူထောင်ပြီးသည်နှင့် ကျိယန်ကမ္ဘာကို သိမ်းပိုက်ရန်မှာ အခက်အခဲ တစ်စုံတစ်ရာ မရှိသလောက် ဖြစ်သွားသည်။ လုချန်းအတွက် နောက်ထပ် စဉ်းစားရမည့်အရာမှာ ကျိယန်ကမ္ဘာတစ်ခုလုံးကို မည်သို့ စီမံခန့်ခွဲရမည်ဟူသော အချက် ဖြစ်သည်။

သူ၏ အစီအစဉ်က ရိုးရှင်း၏။ သူသည် ရှနိုင်ငံတော် နန်းတွင်းကို ကျိယန်ကမ္ဘာအား တိုက်ရိုက် စီမံခန့်ခွဲခွင့်ပြုရန် ချက်ချင်း အစီအစဉ် မရှိခဲ့ပေ။ ပွင့်ပွင့်လင်းလင်း ပြောရလျှင် ကျိယန်ကမ္ဘာ၏ ကြီးမားလှသော အရွယ်အစားကြောင့် ထိုသို့စီစဉ်ခြင်းက အတော်လေး လက်တွေ့မကျနိုင်ပေ။ အကြောင်းမှာ ရှနိုင်ငံတော် နန်းတွင်းသည် ထျန်းချန်ကမ္ဘာကို စီမံခန့်ခွဲရန်ပင် ရုန်းကန်နေရပြီး ဖြစ်သည်။

ထို့ပြင် အနာဂတ်တွင် သူသည် ကျိယန်ကမ္ဘာကို သိမ်းပိုက်ရန် သက်သက်သာ ရည်ရွယ်ထားခြင်း မဟုတ်ပေ။ သူက အခြားကမ္ဘာများ၏ ကံကြမ္မာစွမ်းအားများကိုပါ ရယူရန် ရည်ရွယ်ထားပြီး ပို၍များပြားသော ကမ္ဘာများကို မလွဲမသွေ သိမ်းပိုက်ပေလိမ့်မည်။

သူ သိမ်းပိုက်ထားသော ကမ္ဘာများကို စီမံခန့်ခွဲရန်အတွက် သူ့အား ကူညီရန် ကိုယ်စားလှယ် တစ်ဦး သို့မဟုတ် နှစ်ဦးကို ရွေးချယ်မည်။ ထို့နောက် ပဒေသရာဇ်စနစ်နှင့် ဆင်တူသော စနစ်တစ်ခုကို ယာယီ ကျင့်သုံးရန် သူ စီစဉ်ထား၏။

ဟုတ်ပါသည်။ သူ၏ ကိုယ်စားလှယ်များ သစ္စာဖောက်မှု ရှောင်ရှားရန်အတွက် ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံရသူ အားလုံးသည် သူ၏ မိန်းမများ ဖြစ်ကြပေမည်။

အနာဂတ်တွင် သူ၏ ဘေး၌ တန်ခိုးကြီး ပုဂ္ဂိုလ်များ လုံလုံလောက်လောက် ရှိလာသည်နှင့် ဧကရာဇ်နိုင်ငံတော်တစ်ခုကို သူ တည်ထောင်မည်ဖြစ်သည်။ ထိုအချိန်ကျမှသာ သူ သိမ်းပိုက်ခဲ့သော ကမ္ဘာအားလုံးကို ဧကရာဇ် အုပ်ချုပ်ရေးတစ်ခုတည်းအောက်တွင် ပေါင်းစည်းညီညွတ်စေမည် ဖြစ်သည်။

……..

ရက်အနည်းငယ် ကြာပြီးနောက်။

လနက်မြို့။

မြို့သခင်စံအိမ်။

လုချန်းသည် အဆောင်ငယ် တစ်ခုထဲတွင် ထိုင်လျက် ကျိယန်ကမ္ဘာ၏ မြေပုံကို စစ်ဆေးကြည့်ရှုနေသည်။ ထိုအချိန်တွင် ကျိချိုးယု ထိုအဆောင်ထဲသို့ ဝင်လာခဲ့သည်။

လုချန်း မြေပုံထဲ၌ အလွန်အာရုံစိုက်နေသည်ကို သူမ မြင်လိုက်ရသဖြင့် အဆောင်ငယ် အတွင်းသို့ မဝင်ပဲ အပြင်ဘက်တွင် ရပ်လျက် သူ့ကို တိတ်တဆိတ် ကြည့်ရှုနေခဲ့သည်။

ဤလူသည် သူမ၏ အပျိုစင်ဘဝကို ရယူခဲ့သူဖြစ်သည်။ သူမ သူ့ကို ချစ်လည်းချစ်၊ မုန်းလည်းမုန်းသည်။ ထို့ကြောင့် ကျိချိုးယု၏ စိတ်ခံစားချက်များ မယုံနိုင်လောက်အောင် ရှုပ်ထွေးနေပြီး ယခု သူ့ကို ဘာပြောရမည်မှန်း မသေချာ ဖြစ်နေသည်။

ကျိချိုးယု အတွေးထဲ နစ်မြောနေစဉ်မှာပင် လုချန်း၏ အသံက သူမထံသို့ ရောက်ရှိလာသည်

“ချိုးယု မင်း တစ်ခုခု လိုအပ်တာ ရှိလို့လား။”

ကျိချိုးယုက

“မ... မဟုတ်ပါဘူး။ ဘာမှ မရှိပါဘူး။”

ဟု ကမန်းကတန်း ပြန်ဖြေလိုက်သည်။

သူမ၏ စိတ်ထဲတွင် တစ်ခုခုတော့ ရှိနေခဲ့၏။ လုချန်းက နန်းကုန်းယွဲ့ဟွာနှင့် နန်းကုန်းချင်ရတို့ကို လက်ထပ်လိုကြောင်း ကြားသိခဲ့ရပြီး ထိုသတင်း အမှန်ဟုတ် မဟုတ် မေးရန် သူမ စဉ်းစားနေခဲ့သည်။

သို့သော် လုချန်း သူမအပေါ် ပြုလုပ်ခဲ့သည်များကို ပြန်အမှတ်ရမိသောအခါ သူ့ကို ကာမစိတ် ကြီးသူတစ်ဦးအဖြစ် တွေးမြင်မိရုံမှတစ်ပါး အခြား ‌အ‌တွေးမရှိတော့ပေ။ ထို့ကြောင့် သူ နန်းကုန်းယွဲ့ဟွာနှင့် နန်းကုန်းချင်ရတို့၏ အလှအပကို စိတ်ဝင်စားခြင်းက အံ့ဩစရာ မဟုတ်ပေ။

ထို့ပြင် သူမသည် လုချန်း၏ ရှေ့မှောက်တွင် ထူးခြားသော အဆင့်အတန်း သို့မဟုတ် ဂုဏ်ပုဒ်ကို ပိုင်ဆိုင်ထားခြင်း မရှိပေ။ ထို့ကြောင့် သူ့ကို မေးခွန်းထုတ်ပိုင်ခွင့် မရှိခဲ့ပေ။

ဟုတ်ပါသည်။ ဤအချက်က သူမ၏ နှလုံးသားကို နာကျင်စေသည်။ ဤလူထံ၌ မိန်းမများစွာ ရှိသည်ကို သူမ သိထားသည်။ သို့သော် သူသည် ကျိယန်ကမ္ဘာသို့ ရောက်ရောက်ချင်း သူမ၏ အပျိုစင်ဘဝကို ရယူသွားခဲ့ပြီး မကြာမီ အခြားအမျိုးသမီးများအကြောင်း စတင် စဉ်းစားနေပြီဟု တွေးမိခြင်းက သူမကို အလွန် စိတ်ဒုက္ခရောက်စေသည်။

အကယ်၍ သူမ လုချန်း၏ မိဖုရားဆောင်ထဲသို့ အမှန်တကယ် ဝင်ရောက်သွားမည်ဆိုလျှင် သာမန်လူသားမင်းဆက်များမှ မိဖုရားများကဲ့သို့ ဖြစ်သွားနိုင်မလားဟု သူမ တွေးမိနေသည်။

ထိုမိဖုရားများကဲ့သို့ ဧကရာဇ်၏ မျက်နှာသာပေးခြင်းကို တစ်ခါမှ မရရှိနိုင်ပဲ အဆောင်ထဲတွင် တစ်ယောက်တည်း အဆုံးသတ်သွားလေမလား။

ကျိချိုးယု၏ ချီတုံချတုံ ဖြစ်နေသော အသံကို ကြားသောအခါ လုချန်းက သူမကို မော့ကြည့်လိုက်သည်။ ထိုအခါ ကျိချိုးယု သူမ၏ ဦးခေါင်းကို အနည်းငယ် ငုံ့ထားလိုက်သည်။ သူ၏ မျက်လုံးများကို သူမ ရင်ဆိုင် မကြည့်ဝံ့ပေ။

လုချန်း၏ နှုတ်ခမ်းများက အပြုံးငယ်တစ်ခုအဖြစ် ကွေးတက်သွားပြီးနောက် သူက

“ဘာဖြစ်လို့လဲ။ မင်း ကိုယ့်ကို မင်းရဲ့ကျင့်ကြံမှုအတွက် ကူညီစေချင်နေပေမဲ့ မေးဖို့ ရှက်နေတာလို့တော့ မပြောနဲ့နော်။”

ဟု စနောက်သလို ပြောလိုက်သည်။

လုချန်း၏ လှောင်ပြောင်သော စကားများကြောင့် ကျိချိုးယုက ကျေမချမ်း ပြန်ပြောလိုက်သည်။

“ကျွန်မ အဲဒီလောက်ထိ အဆင့်မနိမ့်သေးဘူး။”

ထိုစကားများ ပြီးဆုံးသည်နှင့် ကျိချိုးယုလည်း မကျေမချမ်းဖြင့် လှည့်ထွက်သွားသည်။

သူမသည် လုချန်း၏ နှိပ်စက်မှုကို လဝက်ကျော်ကြာ ခံခဲ့ရပြီး ဖြစ်သည်။ ထိုကဲ့သို့သော အရာမျိုးကို သူမ မည်သို့ ထပ်စဉ်းစားနိုင်မည်နည်း။ လုချန်းက သူမကို အရှက်ခွဲနေခြင်းသာ ဖြစ်သည်။ သူမသည် လုချန်း၏ ကစားစရာ အဖြစ်သို့ နိမ့်ကျသွားခဲ့လျှင်ပင် သူမ၏ ဂုဏ်သိက္ခာကို ဆက်လက် ထိန်းသိမ်းထားမည် ဖြစ်သည်။

ကျိချိုးယု ခြေလှမ်းအနည်းငယ် လျှောက်လှမ်းပြီးနောက် ရွှေနက် ချပ်ဝတ်တန်ဆာ ဝတ်ဆင်ထားသော ပိုင်ချင်းချင်း အဆောင်အတွင်း၌ ပေါ်ထွက်လာသည်။ ပိုင်ချင်းချင်းကို မြင်သောအခါ ကျိချိုးယု၏ မျက်ခုံးများ အနည်းငယ် တွန့်သွားသည်။

ဤရက်အနည်းငယ်အတွင်း သူမ ပိုင်ချင်းချင်းကို မကြာခဏ မြင်တွေ့ခဲ့ရသည်။ ပိုင်ချင်းချင်းသည် အစေခံတစ်ဦးမျှသာ ဖြစ်သည်ဟု ပေါ်လွင်နေသည်။ သို့သော် လုချန်း ပတ်ဝန်းကျင်ရှိ စစ်သားများအားလုံးက သူမအပေါ် အလွန် ယဉ်ကျေးကြသဖြင့် ဤ ပုဂ္ဂိုလ်ရေး အစေခံဟု ခေါ်သော မိန်းမသည်လည်း လူလိမ် လုချန်းနှင့် ပတ်သက်နေနိုင်သည်ဟု ကျိချိုးယုကို သံသယဝင်မိသည်။

ကျိချိုးယု ထိုသို့ တွေးနေစဉ် ပိုင်ချင်းချင်း၏ အသံက ထွက်ပေါ်လာသည်။

“မင်းကြီး။ ထျန်းကျိရဲတိုက်က ငြိမ်းချမ်းရေး ညှိနှိုင်းဖို့ လူတွေ လွှတ်လိုက်ပါတယ်။”

ထိုအရာကို ကြားသောအခါ ကျိချိုးယု တုန်လှုပ်သွားသည်။ ထျန်းကျိရဲတိုက်ကလည်း ရှနိုင်ငံတော်ထံ လက်နက်ချနေတာလား။

ကျိယန်ကမ္ဘာသည် ဤအာဏာရှင်၏ လက်ထဲသို့ အမှန်တကယ် ကျရောက်တော့မည် ပုံရသည်။

ထိုအချက်ကို တွေးမိခြင်းက ကျိချိုးယုအား ဖော်မပြနိုင်သော ဝမ်းနည်းမှု လှိုင်းလုံးတစ်ခုကို ခံစားရစေသည်။ သူမသည် ကျိယန်ကမ္ဘာတွင် ကြီးပြင်းလာခဲ့သူဖြစ်သည်။ သူမထံ၌ ဤကမ္ဘာအပေါ် နက်ရှိုင်းသော ခံစားချက်များ ရှိနေသည်။

ယခုအခါ သူမ လုချန်း၏ မိန်းမများထဲမှ တစ်ဦး ဖြစ်လာခဲ့သော်လည်း သူမ၏ ရှုထောင့်မှ ကြည့်လျှင် ဒါက အလွန် နာကျင်စရာ ကောင်းနေဆဲ ဖြစ်သည်။

ပိုင်ချင်းချင်း၏ စကားများကို ကြားသောအခါ လုချန်းက ခပ်ဟဟ ရယ်မောလိုက်ပြီးနောက်

“ကောင်းကင်နတ်ဆိုး လွတ်မြောက်သွားတာက အများအားဖြင့် ထျန်းကျိရဲတိုက်ကြောင့်ပဲ။ အခု သူတို့က ငြိမ်းချမ်းရေး ညှိနှိုင်းဖို့ တောင်းဆိုရဲတယ် ဟုတ်လား။”

ထျန်းကျိရဲတိုက်သည် ကောင်းကင်နတ်ဆိုး၏ ချိပ်ပိတ်တံဆိပ်ကို ဖျက်ဆီးရန်နှင့် ၎င်းကို လွတ်မြောက်စေရန် အင်အားစုအမျိုးမျိုးအား စည်းရုံးလှုံ့ဆော်ခဲ့သည်။ ဤလုပ်ရပ်မှာ ကျိယန်ကမ္ဘာရှိ လူအများစုအတွက် ခွင့်မလွှတ်နိုင်သော ရာဇဝတ်မှုတစ်ခု ဖြစ်သည်။

ကျိယန်ကမ္ဘာမှ လူများ၏ နှလုံးသားကို လုချန်း ရယူလိုသည်။ ထို့ကြောင့် အင်အားစုတစ်ခုကို တာဝန်ခံခိုင်းရမည်သာ ဖြစ်သည်။ ထို့ကြောင့် ထျန်းကျိရဲတိုက်ကို အပြစ်မှ လွတ်ငြိမ်းခွင့် မပေးနိုင်ပေ။

ထျန်းကျိရဲတိုက်သည် ကောင်းကင်နတ်ဆိုးကို လွှတ်ပေးမှုအတွက် အဓိက လှုံ့ဆော်သူ အနေနှင့် အပြစ်ပေးခံရမည်မှာ သေချာသည်။

သို့သော် မည်သို့ပင်ဖြစ်စေ ထျန်းကျိရဲတိုက်၏ ရဲတိုက်သခင်က မည်သို့ ကြံစည်နေသည်ကို ကြည့်ရှုရန် လုချန်း ဆုံးဖြတ်လိုက်သည်။

All Chapters