← Chapters

ထျန်းကျိရဲတိုက်မှ ခိုလှုံမှု ရှာဖွေခြင်း

Vol. 74 Ch. 1100

ထျန်းကျိရဲတိုက်မှ ခိုလှုံမှု ရှာဖွေခြင်း

Vol. 74 Ch. 1100

ထို့နောက် လုချန်းက

“ထျန်းကျိရဲတိုက်က သံတမန်ကို ဝင်လာခွင့်ပြုလိုက်။”

“ဟုတ်ကဲ့ပါ မင်းကြီး။”

ထိုအသံဆုံးသွား လှည့်ထွက်ကာ ပိုင်ချင်းချင်း အဆောင်မှ ထွက်ခွာသွား၏။ ပိုင်ချင်းချင်း ထွက်ခွာသွားသည်ကို မြင်သောအခါ ကျိချိုးယုလည်း သူမ၏ ခြေလှမ်းများကို အရှိန်မြှင့်လိုက်ပြီး အဆောင်မှ ထွက်သွားလေသည်။

မကြာမီပင် ပိုင်ချင်းချင်း ပြန်ရောက်လာပြီး ယင်ယန်ပုံစံများပါသည့် မီးခိုးရောင် ဝတ်ရုံများ ဝတ်ဆင်ထားသော လူအနည်းငယ်ကို ဆောင်အတွင်းသို့ ဦးဆောင် ခေါ်ဆောင်လာခဲ့သည်။

အဆောင်အတွင်းသို့ ဝင်ရောက်လာသည်နှင့်တစ်ပြိုင်နက် သူတို့က လုချန်းကို ချက်ချင်း ဦးညွှတ်လိုက်ကြသည်။

“ထျန်းကျိရဲတိုက်က အပြစ်သားတွေ မင်းကြီးကို ဂါရဝပြုပါတယ်။”

လုချန်းက ထိုသူများကို တစ်ချက် ဝေ့ကြည့်လိုက်ပြီး သူတို့အားလုံးမှာ ထျန်းကျိရဲတိုက်၏ အကြီးအကဲများ ဖြစ်နေသည်ကို သူ တွေ့ရှိလိုက်ရသည်။

အကြီးအကဲများကို မြင်သောအခါ လုချန်းက ဖွဖွရယ်မောလိုက်သည်။ ထို့နောက် သူက

“ထျန်းကျိရဲတိုက်က အကြီးအကဲတွေအားလုံး ရောက်လာကြတာတော့ မဟုတ်လောက်ပါဘူးနော်။”

“ခင်ဗျားတို့အားလုံးကို ကျွန်တော် တစ်ခါတည်း ဖမ်းချုပ်လိုက်မှာ မကြောက်ပဲနဲ့ ဆန္ဒအလျောက် ရောက်လာကြတာလား။”

ထိုအရာကို ကြားသောအခါ ထျန်းကျိရဲတိုက်မှ အကြီးအကဲ ယုချန်ချင်က ချက်ချင်း ရှေ့တိုးလိုက်သည်။

“ကျွန်တော်တို့က အပြစ်သားတွေဆိုတာ ဟုတ်ပါတယ်။ မင်းကြီးက ကမ္ဘာလောကကြီးကို တရားမျှတမှု ပြသဖို့ ကျွန်တော်တို့ကို သုတ်သင်ရှင်းလင်းလိုတယ်ဆိုရင် ကျွန်တော်တို့မှာ ကန့်ကွက်စရာ မရှိပါဘူး။”

“ဒါပေမဲ့...”

ဤနေရာတွင် ယုချန်ချင်သည် ခဏခန့် ရပ်တန့်လိုက်သည်။ ထို့နောက်

“ဒါပေမဲ့။ အပြစ်သားတွေမှာ ပြောစရာ စကားအနည်းငယ် ရှိနေပြီး မင်းကြီးက ကျွန်တော်တို့ကို အဆုံးထိ ပြောခွင့်ပြုဖို့ မျှော်လင့်ပါတယ်။”

လုချန်း၏ အကြည့်များက ကျောက်စားပွဲပေါ်ရှိ မြေပုံဆီသို့ ပြန်ရောက်သွားသည်။ သူက

“ပြော။”

ဟု မျက်နှာထား ခပ်တင်းတင်းဖြင့် ပြောလိုက်သည်။

လုချန်းက သူတို့ကို ချက်ချင်း တိုက်ခိုက်ခြင်း မပြုသည်ကို မြင်သောအခါ မျှော်လင့်ချက် အရိပ်အယောင်တစ်ခု ယုချန်ချင် ခံစားလိုက်ရသည်။ ထို့နောက် သူက

“ကောင်းကင်နတ်ဆိုးကို လွှတ်ပေးခဲ့တာက ကုန်းရယ်လျှံဖုန်းရဲ့ ဆုံးဖြတ်ချက်ပါ။ ကျွန်တော်တို့က အစပိုင်းမှာ ကန့်ကွက်ခဲ့ကြပေမဲ့ ကုန်းရယ်လျှံဖုန်းက အာဏာရှင်ဆန်လွန်းပြီး သူ့မှာ ကျိယန်ကမ္ဘာက အဓိက အင်အားစုကြီးတွေရဲ့ ထောက်ခံမှု ရှိနေခဲ့တာကြောင့် သူ့ကို တားဆီးဖို့ ပျက်ကွက်ခဲ့ရပါတယ်။”

လုချန်းက

“အိုး။ ခင်ဗျားတို့က တာဝန်အားလုံးကို ခင်ဗျားတို့ရဲ့ ရဲတိုက်သခင်အပေါ် ပုံချဖို့ ကြိုးစားနေတာလား။”

“ကျွန်တော် ခန့်မှန်းရရင် ခင်ဗျားတို့ရဲ့ ရဲတိုက်သခင်က ကျိယန်ကမ္ဘာကနေ ထွက်ပြေးသွားခဲ့ပြီးပြီ မဟုတ်လား။”

ယုချန်ချင်က ကမန်းကတန်း တုံ့ပြန်လိုက်သည်။

“မင်းကြီးက ထိုးထွင်းသိမြင်နိုင်စွမ်း ရှိလှပါတယ်။ ဒါက ကျွန်တော်တို့ရဲ့ တာဝန်ပါ။ ကျွန်တော်တို့ ရှောင်လွှဲမှာ မဟုတ်ပါဘူး။ ကျိယန်ကမ္ဘာရဲ့ အဖွဲ့ဝင်တွေအနေနဲ့ ကျွန်တော်တို့က ကုန်းရယ်လျှံဖုန်းကို တားဆီးဖို့ ပျက်ကွက်ခဲ့ကြပါတယ်။ ကျွန်တော်တို့ကို ခွင့်လွှတ်နိုင်စရာ မရှိပါဘူး။”

“နောက်ပြီး ကုန်းရယ်လျှံဖုန်း ထွက်ခွာသွားပြီးတဲ့အထိ သူက တကယ်တော့ နတ်ဆိုးတမန်တစ်ဦး ဖြစ်နေခဲ့တာကို ကျွန်တော် တို့ မသိခဲ့ကြပါဘူး။ နတ်ဆိုးတမန်တစ်ဦးရဲ့ နောက်ကို လိုက်ခဲ့မိပြီး နှစ်ပေါင်းများစွာ သူ့ရဲ့ မကောင်းမှုတွေကို ကူညီပံ့ပိုးပေးခဲ့မိပါတယ်။”

“ အဲ့ဒီတော့ မင်းကြီးက ကျွန်တော်တို့ကို ဘယ်လိုပဲ အပြစ်ပေးဖို့ ဆုံးဖြတ်ပါစေ ကျွန်တော်တို့မှာ နာကြည်းစရာ ဒါမှမဟုတ် နောင်တရစရာ ရှိမှာ မဟုတ်ပါဘူး။”

“ဒါပေမဲ့ ကောင်းကင်နတ်ဆိုးကို လွှတ်ပေးခဲ့တာနဲ့ ဆက်စပ်နေတဲ့ မကောင်းသတင်းကိုတော့ ကျွန်တော်မျိုးတို့ တကယ် မခံယူဝံ့ပါဘူး။”

ယုချန်ချင်၏ စကားများကို ကြားသောအခါ လုချန်း သူ၏ ဦးခေါင်းကို တစ်ဖန် မော့လိုက်ကာ ယုချန်ချင်ကို တစ်ချက် လှမ်းကြည့်လိုက်သည်။

[အမည်: ယုချန်ချင်]

[အချက်အလက်: ထျန်းကျိရဲတိုက်၏ ရဲတိုက်သခင်လောင်း။]

[အင်အား: ယင်ယန်အဆင့် နဝမအလွှာ]

[သစ္စာစောင့်သိမှု: ၉၆]

ယုချန်ချင်၏ သူ့အပေါ် သစ္စာစောင့်သိမှုမှာ ကိုးဆယ်ကျော်တွင် ရှိနေ၏။ သူသည် သစ္စာစောင့်သိရန် အမှန်တကယ် ဆန္ဒရှိပုံ ပေါ်သည်။

လုချန်းက

“ကုန်းရယ်လျှံဖုန်းက ထွက်ပြေးသွားပြီ။ ပြီးတော့ ထျန်းကျိရဲတိုက်က မကောင်းသတင်းကို မခံယူဘူးဆိုရင် ခင်ဗျားတို့က ဒါကို ကျွန်တော် ခံယူမယ်လို့ မျှော်လင့်နေတာလား။”

စကားများ ကျဆင်းသွားသည်နှင့် လုချန်း၏ ခန္ဓာကိုယ်မှ ဖိနှိပ်သော အင်အားတစ်ခု ထွက်ပေါ်လာသည်။ ၎င်းက ယုချန်ချင်နှင့် ထျန်းကျိရဲတိုက်မှ အခြားအကြီးအကဲများကို မြေပြင်ပေါ်သို့ ချက်ချင်း ဒူးထောက်စေခဲ့သည်။

အင်အားကြီးမားသော ဖိအားတစ်ခုက ၎င်းတို့အပေါ် ဖိစီးထားပြီး အသက်ရှူရန်ပင် ခက်ခဲစေ၏။

ရှောင်ယွမ်ကျားက သူ၏ သွားများကို ကြိတ်လိုက်ပြီး

“မင်းကြီး။ ကုန်းရယ်လျှံဖုန်းရဲ့ သရုပ်မှန်ကို မခွဲခြားနိုင်ခဲ့တာက ကျွန်တော်တို့ရဲ့ တာဝန်ပါ။ ပြီးတော့ ကျွန်တော်တို့က ဘယ်လို အပြစ်ပေးမှုကိုမဆို လက်ခံဖို့ ဆန္ဒရှိပါတယ်။ ဒါပေမဲ့ ကုန်းရယ်လျှံဖုန်းက အရမ်းကို တန်ခိုးကြီးလွန်းလို့ အဲဒီတုန်းက သူ့ကို တားဆီးဖို့ ကြိုးစားခဲ့ရင်တောင် ဆန္ဒရှိပေမဲ့ အင်အားတော့ ရှိနိုင်ခဲ့မှာ မဟုတ်ပါဘူး။”

ဟု သူက စကားလုံးတစ်လုံးချင်း ပြောလိုက်သည်။

လုချန်းက

“ဆန္ဒရှိပေမဲ့ အင်အားမရှိခဲ့တာ ဟုတ်လား။ ခင်ဗျားတို့ ဘယ်လို ကြိုးပမ်းမှုမှ မလုပ်ခဲ့ဘူး မဟုတ်လား။”

ဟု ဂရုမစိုက်သလို ပြောလိုက်သည်။

“တကယ်လို့ အဲဒီတုန်းက ကုန်းရယ်လျှံဖုန်း ကောင်းကင်နတ်ဆိုးကို မလွှတ်ပေးအောင် ခင်ဗျားတို့ အပြည့်အဝ ကြိုးစား တားဆီးခဲ့တယ်ဆိုရင် ခင်ဗျားတို့ ဒီနေ့ ကျွန်‌တော့်ကို တောင်းပန်နေစရာ မလိုဘူး။ ပြီးတော့ ကျွန်‌ တော်ကလည်း ခင်ဗျားတို့ကို တာဝန်ယူခိုင်းမှာ မဟုတ်ဘူး။”

လုချန်း၏ စကားများကို ကြားသောအခါ၊ ရှောင်ယွမ်ကျားနှင့် အခြားသူများ တိတ်ဆိတ်သွားကြသည်။

ထိုစဉ်က အခြားကမ္ဘာမှ ကျူးကျော်သူများကို တိုက်ခိုက်ရန် ကောင်းကင်နတ်ဆိုးကို လွှတ်ပေးခြင်းမှာ မလျော်ကန်ဟု သူတို့ အမှန်တကယ် ယုံကြည်ခဲ့ကြ၏။

သို့သော် ထျန်းကျိရဲတိုက်သည် ကုန်းရယ်လျှံဖုန်း၏ စကားတစ်ခွန်းကိုမှ မတွန်းလှန်နိုင်ပေ။ သူတို့က နှုတ်ဖြင့် ကန့်ကွက်ခဲ့ကြသော်လည်း မည်သည့် လက်တွေ့ကျသော အရေးယူမှုမှ ပြုလုပ်ရန် မဝံ့ရဲခဲ့ကြပေ။

ထိုအခိုက်အတန့်တွင် လုချန်းက သူ၏ ဖိနှိပ်သော အငွေ့အသက်ကို ပြန်ရုပ်သိမ်းလိုက်သည်။ ရှောင်ယွမ်ကျားတို့၏ ခန္ဓာကိုယ်များလည်း ပေါ့ပါးမှုကို ချက်ချင်း ခံစားလိုက်ရပြီး အသက်ကို ပြင်းပြင်း ရှူလိုက်ကြသည်။

လုချန်းက ကျောက်စားပွဲပေါ်ရှိ မြေပုံကို စိုက်ကြည့်လျက်

“တကယ်တော့ ထျန်းကျိရဲတိုက်ထဲက တချို့ကို ကျွန်တော့် စကားတစ်ခွန်းတည်းနဲ့ အပြစ်တွေကနေ ကင်းလွတ်ခွင့် ပေးလိုက်နိုင်တယ်။ ဒါပေမဲ့ ကျွန်တော်က ဘာလို့ အဲဒီလို လုပ်သင့်ရမှာလဲ။”

ထိုအရာကို ကြားသောအခါ ရှောင်ယွမ်ကျားလည်း လုချန်း၏ သွယ်ဝိုက်သော အဓိပ္ပာယ်ကို ချက်ချင်း နားလည်သွားသည်။ သူက

“မင်းကြီးရဲ့ အစွမ်းက အထွတ်အထိပ်မှာ ရှိနေပြီး ကျိယန်ကမ္ဘာကို သိမ်းပိုက်ရုံနဲ့ ရပ်တန့်နေမှာ မဟုတ်တာ သေချာပါတယ်။ အနာဂတ်မှာ မင်းကြီး တခြားကမ္ဘာတွေကို တိုက်ခိုက်ဖို့ အစီအစဉ် ရှိတယ်ဆိုရင် ကျွန်တော်တို့ရဲ့ ထျန်းကျိရဲတိုက်က အဲဒီကမ္ဘာတွေမှာရှိတဲ့ ရန်သူ့ရဲ့ အင်အားနဲ့ ဗျူဟာတွေကို ခန့်မှန်းပေးနိုင်ပါတယ်။”

လုချန်း ခဏခန့် စဉ်းစားလိုက်၏။ အကယ်၍ ထျန်းကျိရဲတိုက်မှ လူများက အခြားကမ္ဘာများ၏ တိကျသော အခြေအနေများကို ခန့်မှန်းနိုင်မည်ဆိုလျှင် ထောက်လှမ်းရေး သတင်းအချက်အလက်များ စုဆောင်းရာ၌ အချိန်အနည်းငယ်ကို သက်သာစေနိုင်မည်ဖြစ်သည်။

ကျိယန်ကမ္ဘာကို တိုက်ခိုက်ခဲ့စဉ်က ထောက်လှမ်းရေး သတင်းအချက်အလက် စုဆောင်းခြင်းရန် အချိန်များစွာ ယူခဲ့ရသည်။

ထို့နောက်မှသာ ကျိယန်ကမ္ဘာသို့ ဝင်ရောက်ပြီး ကောင်းကင်နတ်ဆိုးတစ်ကောင်ကို သုတ်သင်ရှင်းလင်းကာ ထိုကမ္ဘာအား ရယူနိုင်ခဲ့ခြင်းဖြစ်သည်။

အကယ်၍ ကမ္ဘာတစ်ခု၏ အလုံးစုံ အင်အားကို ပိုမိုစောစီးစွာ ဆုံးဖြတ်နိုင်ခဲ့မည်ဆိုလျှင် သူ၏ တပ်များကို ပိုမိုစောစီးစွာ ဖြန့်ကျက်နိုင်မည် ဖြစ်သည်။ ထိုအခါ ထိုကမ္ဘာကို ပိုမိုစောစီးစွာ သိမ်းပိုက်နိုင်မည် ဖြစ်ပြီး ထိုကမ္ဘာ၏ ကံကြမ္မာစွမ်းအားကိုလည်း ပိုမိုစောစီးစွာ စုပ်ယူနိုင်ပေမည်။

ထိုသို့တွေးလျက် လုချန်းက

“ခင်ဗျားတို့ရဲ့ ခန့်မှန်းနိုင်စွမ်းတွေကလည်း လိုအပ်နေပုံရတယ်။ ခင်ဗျားတို့ရဲ့ ရဲတိုက်သခင်ကိုင်တိုင်က နတ်ဆိုးတမန်တစ်ဦး ဖြစ်ခဲ့တာကိုတောင် မသိခဲ့ဘူး။ ကျွန်တော် ခင်ဗျားတို့ကို အသက်ချမ်းသာပေးခဲ့ရင်တောင် ခင်ဗျားတို့က အသုံးဝင်မှာ မဟုတ်ဘူးလို့ ကျွန်တော် သံသယရှိတယ်။”

ဒါက...

ရှောင်ယွမ်ကျားတို ဤအချက်အကို မချေပနိုင်ခဲ့ပေ။ သူတို့သည် ကြက်သေသေလျက် တိတ်ဆိတ်စွာ ရပ်နေခဲ့ကြသည်။

ခဏအကြာတွင် ရှောင်ယွမ်ကျားက

“ခန့်မှန်းနိုင်စွမ်း အားကောင်းတဲ့ ကျင့်ကြံသူတစ်ယောက်က နတ်ဘုရားတွေရဲ့ ဆန္ဒကို ကာကွယ်ထားနိုင်ပါတယ်။ ကုန်းရယ်လျှံဖုန်းက ကျွန်တော်တို့အားလုံး ပေါင်းထားတာထက် ပိုပြီး အင်အားကြီးခဲ့ပါတယ်။ သူ နတ်ဆိုးတမန်တစ်ဦး ဖြစ်နေတာကို ကျွန်တော်တို့ မခန့်မှန်းနိုင်ခဲ့တာက ပုံမှန်ပါပဲ။”

ဟု ခုခံကာကွယ်လိုက်သည်။

လုချန်းက

“အိုး။ ဟုတ်လို့လား။ ကျွန်တော်က နတ်ဘုရားတွေရဲ့ ဆန္ဒကို မကာကွယ်ထားနိုင်သေးတော့ ကျွန်တော် နောက်ထပ် ဘာလုပ်တော့မယ်ဆိုတာ ခန့်မှန်းကြည့်စမ်းပါ။”

“ခင်ဗျားတို့ အဲဒါကို ခန့်မှန်းနိုင်မယ်ဆိုရင် ခင်ဗျားတို့ အပြစ်က လွှတ်မြောက်ပြီလို့ သတ်မှတ်လိုက်ပါ။”

လုချန်း၏ စကားများ ကျဆင်းသွားသည်နှင့် ထျန်းကျိရဲတိုက်မှ အကြီးအကဲများ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြသည်။

သူတို့ ချက်ချင်း တုံ့ပြန်ခြင်း မရှိသည်ကို မြင်သောအခါ လုချန်းက

“ဘာလဲ။ ခင်ဗျားတို့မှာ အဲဒီ အရည်အချင်း မရှိဘူးလား။”

ရှောင်ယွမ်ကျားက

“ လနက်မြို့ကို လာလမ်းမှာ ကျွန်တော်တို့ မင်းကြီးရဲ့ အကြောင်း အရာအားလုံးကို ခန့်မှန်းဖို့ ကြိုးစားခဲ့ပြီးပါပြီ။ ဒါပေမဲ့ မင်းကြီးက စကြဝဠာရဲ့ မူလအစကနေ အကာအကွယ်ပေးခံထားရတဲ့ ကြီးမားတဲ့ ကံကြမ္မာစွမ်းအားကို ထမ်းပိုးထားတဲ့ ပုဂ္ဂိုလ်တစ်ဦး ဖြစ်တာကြောင့် ကျွန်တော်တို့က မင်းကြီးအကြောင်း ဘာတစ်ခုမှကို ခန့်မှန်းလို့ မရပါဘူး။”

လုချန်းက နှာခေါင်းရှုံ့လိုက်သည်။

“ ထင်ထားတဲ့အတိုင်းပဲ။ ခင်ဗျားတို့က အသုံးမကျတဲ့ လူတစ်စုပဲ။”

လုချန်း၏ စကားများကို ကြားသောအခါ ထျန်းကျိရဲတိုက်မှ လူများ၏ စိတ်နှလုံးထဲတွင် ကြီးမားလှသော ဝမ်းနည်းမှုတစ်ခုကို ခံစားလိုက်ရ၏။ သူတို့ သေမင်းတမန်လက်ထဲသို့ ကျရောက်ခဲ့ကြပြီ ဖြစ်သည်။

သူတို့ ထျန်းကျိရဲတိုက်တွင် ရှိနေကြကတည်းက ဆွမ်ဧကရာဇ်၏ ဇာစ်မြစ်ကို တွက်ချက်ကြည့်ရန် ကြိုးစားခဲ့ကြသည်။ သို့သော်လည်း ထိုအတွက် ပြင်းထန်သော နောက်ဆက်တွဲ ဆိုးကျိုးများနှင့် ရင်ဆိုင်ခဲ့ရသည်။

သူတို့သည် သူတို့၏ ကံကြမ္မာကို ထိုစဉ်ကတည်းက ခန့်မှန်းမိခဲ့ကြပြီးဖြစ်သည်။ ထို့ကြောင့်ပင် သူတို့၏ အသက်ကို စွန့်စားကာ ဆွမ်ဧကရာဇ်ထံ သစ္စာခံရန် လနက်မြို့သို့ လာရန် ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်သည်။

ယခုတော့ သူတို့ အောင်မြင်ပုံ မရပေ။

လူတိုင်းက ဆွမ်ဧကရာဇ် သူတို့ကို ရှင်းလင်းတော့မည်ဟု တွေးထင်နေကြစဉ်မှာပင် လုချန်းက

“ကျွန်တော် ခင်ဗျားတို့ကို နောက်ထပ် အခွင့်အရေးတစ်ခု ပေးနိုင်သေးတယ်။ သွေးသက်တံရဲတိုက်က ရဲတိုက်သခင် နန်းကုန်းချင်ရရဲ့ ဇာစ်မြစ်တွေနဲ့ သူ နောက်ထပ် ဘာလုပ်ဖို့ စီစဉ်ထားလဲဆိုတာကို ခန့်မှန်းကြည့်ပါ။”

“ခင်ဗျားတို့ အဲဒါကိုတောင် မခန့်မှန်းနိုင်ဘူးဆိုရင်တော့ ပြန်သွားပြီး သေဖို့ စောင့်နေတာက ပိုကောင်းလိမ့်မယ်။”

ထို့အခါ ထျန်းကျိရဲတိုက်မှ အကြီးအကဲများလည်း ထိုအခွင့်အရေးကို သူတို့၏ အသက်ကယ် ကြိုးတစ်ချောင်းကဲ့သို့ ဆုပ်ကိုင်ထားလိုက်ကြသည်။ ထို့နောက် စက်ဝိုင်းတစ်ခုကို ကမန်းကတန်း ဖွဲ့လိုက်ကြသည်။

နောက်တစ်ခဏတွင် ယင်ယန် နည်းဗျူဟာ ပုံစံတစ်ခု သူတို့၏ ခြေဖဝါးများအောက်တွင် ပေါ်ထွက်လာခဲ့သည်။

All Chapters