နန်းကုန်းချင်ရ ရောက်ရှိလာခြင်း
Vol. 74 Ch. 1101
ဆယ့်ငါးမိနစ်ခန့် ကြာသွားသည်။ ထို့နောက် ထျန်းကျိရဲတိုက်မှ လူများ၏ ခြေဖဝါးအောက်ရှိ ယင်ယန် နည်းဗျူဟာ ပုံစံ တဖြည်းဖြည်း ရပ်တန့်သွား၏။
ပုံမှန်အားဖြင့် တစ်စုံတစ်ဦး၏ ဇာစ်မြစ်ကို ခြေရာခံရန်နှင့် ထိုသူ၏ အနာဂတ်ကို ကြိုတင်ကြည့်ရှုရန် လူတစ်ဦးတည်းဖြင့် လုံလောက်ပေသည်။ သို့သော် ဤတစ်ကြိမ်က လုချန်း၏ စိန်ခေါ်မှုကို ကျော်လွှားရန် ဖြစ်သည်။
ထို့ကြောင့် ခန့်မှန်းချက်များကို ပိုမို တိကျစေရန်အလို့ငှာ သူတို့၏ နတ်ဘုရား ဆန္ဒခံယူမှုအား ပူးပေါင်းလုပ်ဆောင်ခဲ့ကြခြင်းဖြစ်သည်။
မကြာမီပင် သူတို့၏ နတ်ဘုရား ဆန္ဒခံယူမှု အဖြေများ သူတို့၏ စိတ်ထဲတွင် ပေါ်ထွက်လာခဲ့သည်။ ရှောင်ယွမ်ကျားက လုချန်းအား
“မင်းကြီး။ နတ်ဘုရား ဆန္ဒခံယူမှုရဲ့ အဖြေတွေ ထွက်လာပါပြီ။”
သူ၏ ရှေ့မှောက်ရှိ မြေပုံကို ငုံ့ကြည့်နေသော လုချန်းက သူ၏ ဦးခေါင်းကို မမော့ပဲ
“ပြော။”
ရှောင်ယွမ်ကျားက
“နန်းကုန်းချင်ရကလည်း ကြီးမားတဲ့ ကံကြမ္မာစွမ်းအား ရှိသူတစ်ဦး ဖြစ်ပါတယ်။ သူက စကြဝဠာရဲ့ မူလအစရဲ့ ကောင်းချီးပေးခြင်းကို ခံထားရပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့က သူရဲ့ သတင်းအချက်အလက် တချို့ကို စမ်းစစ်နိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ နတ်ဘုရား ဆန္ဒခံယူမှုအရ သူက ကျိရှောင်ဧကရိီနဲ့ သွေးသားတော်စပ်တဲ့ ညီမ ဖြစ်နေတာကို ကျွန်တော်တို့ တွေ့ရှိခဲ့ပါတယ်။”
“ နောက်ပြီး သူက လက်ရှိ လနက်မြို့ကို လာနေတဲ့ လမ်းမှာ ဖြစ်ပါတယ်။”
ရှောင်ယွမ်ကျား၏ စကားများကို ကြားသောအခါ ဤ ထျန်းကျိရဲတိုက်မှ လူများတွင် အမှန်တကယ်ပင် အရည်အချင်းအချို့ ရှိသည်ဟု လုချန်းက သူ့ဘာသာသူ တွေးလိုက်မိသည်။
စနစ်ထဲတွင် နန်းကုန်းချင်ရ၏ အမှတ်သည် ၉၀ကျော်သို့ ရောက်ရှိနိုင်ခဲ့သဖြင့် သူမသည် သာမန်လူတစ်ဦး မဖြစ်နိုင်ပေ။ ထို့ကြောင့် ကြီးမားသော ကံကြမ္မာစွမ်းအားကို သူမ ပိုင်ဆိုင်ထားခြင်းက ပုံမှန်ပင် ဖြစ်သည်။
ရှောင်ယွမ်ကျားတို့အုပ်စုက ကြီးမားသော ကံကြမ္မာစွမ်းအား ရှိသူ နန်းကုန်းချင်ရ၏ သရုပ်မှန်နှင့် သူမ၏ ဦးတည်ချက်များကိုပင် ခန့်မှန်းခဲ့ခြင်းမှာ အတန်ငယ် ကျေနပ်ဖွယ်ရာ ဖြစ်၏။
လုချန်းက
“ခင်ဗျားတို့အားလုံးက သူ အခု လနက်မြို့ကို လာနေတဲ့ လမ်းမှာလို့ နတ်ဘုရား ဆန္ဒခံယူပြီးပြီ ဆိုတော့ သူ လနက်မြို့မှာ ဘာလုပ်ဖို့ ရည်ရွယ်ထားလဲဆိုတာကို ဆက်ပြီးကြည့်ပါလား။”
ဒါ...
ရှောင်ယွမ်ကျား မှင်တက်သွားပုံ ပေါ်၏။
လုချန်း တစ်စုံတစ်ခု ပြောတော့မည် အပြုတွင် ရှောင်ယွမ်ကျားက
“မင်းကြီး။ နန်းကုန်းချင်ရက ကြီးမားတဲ့ ကံကြမ္မာစွမ်းအား ရှိသူတစ်ဦး ဖြစ်ပြီး အကြောင်းတရား ဆက်နွှယ်မှုတွေ အများကြီး ရှိပါတယ်။ သူ့ရဲ့ ရည်ရွယ်ချက် အမှန်ကို ဘယ်လိုမှ ကြည့်လို့ မရနိုင်ပါဘူး။”
ဟု အလျင်အမြန် ရှင်းပြလိုက်သည်။
“ကျွန်တော်တို့ အတင်းအကျပ် ကြည့်မယ်ဆိုရင် စကြဝဠာရဲ့ မူလအစကနေ ပြင်းထန်တဲ့ တုံ့ပြန်မှုကို ခံစားရပြီး အသေဆိုးနဲ့ သေဆုံးသွားဖို့ အလွန် ဖြစ်နိုင်ခြေ ရှိပါတယ်။”
လုချန်း ခဏခန့် စဉ်းစားလိုက်သည်။ ထို့နောက်
“အဲဒီလို ဆိုရင်တော့ ကျွန်တော် ခင်ဗျားတို့ကို ထပ်ပြီး အခက်မတွေ့စေတော့ဘူး။ ခင်ဗျားတို့ ပြန်နိုင်ပြီ။”
လုချန်းက သူတို့ကို ပြန်ခွင့်ပြုနေသည်ကို မြင်လိုက်ရသောအခါ ရှောင်ယွမ်ကျားတို့ တုန်လှုပ်သွားကြသည်။ လုချန်းသည် သူတို့၏ နတ်ဘုရား ဆန္ဒခံယူနိုင်စွမ်းကို အထင်မကြီးတော့သဖြင့် သေခြင်းတရားနှင့် ရင်ဆိုင်ရန် ပြန်လွှတ်လိုက်သည်ဟု သူတို့ ထင်မှတ်သွားကြသည်။
လူတိုင်း မြေပြင်ပေါ်တွင် ကမန်းကတန်း ထပ်မံ ဒူးထောက်လိုက်ကြ၏။ ထိုအရာကို မြင်သော လုချန်းလည်း သူတို့ သူ့စကားကို နားလည်မှု လွဲသွားနိုင်သည်ကို သဘောပေါက်လိုက်သည်။
“ထျန်းကျိရဲတိုက်က လူတချို့ကို အသက်ချမ်းသာ ပေးနိုင်တယ်။ ဒါပေမဲ့ အင်အားစုတစ်ခုအနေနဲ့ ထျန်းကျိရဲတိုက်ကိုတော့ ဆက်လက်တည်ရှိခွင့် မပြုဘူး။ ခင်ဗျားတို့ ပြန်ရောက်ပြီးရင် ထျန်းကျိရဲတိုက်ကို ဖျက်သိမ်းလိုက်ပါ။ အရည်အချင်းရှိတဲ့ တပည့်တွေ ရှိခဲ့ရင် သူတို့ကို လနက်မြို့ကို ခေါ်လာခဲ့ပါ။”
လုချန်း ထိုသို့ ပြောသည်ကို ကြားသောအခါမှ ဆွမ်ဧကရာဇ် ဆိုလိုရင်းကို လူတိုင်း ရုတ်တရက် သဘောပေါက်သွားကြ၏။ ဆွမ်ဧကရာဇ်သည် သူတို့၏ အရည်အချင်းများကို အထင်မကြီးပဲ အပြစ်ပေးခြင်းနှင့် ရင်ဆိုင်ရန် ပြန်လွှတ်လိုက်သည်ဟု သူတို့ ထင်မှတ်ခဲ့ကြသည်။
ယခုတော့ သူတို့ထင်သလို မဟုတ်ပေ။ ယခုလို ဆိုရင်တော့ အရာအားလုံးကို ညှိနှိုင်းဆွေးနွေး၍ ရနိုင်သေး၏။
ထျန်းကျိရဲတိုက်၏ ယခင် ရဲတိုက်သခင်သည် ကောင်းကင်နတ်ဆိုးကို လွှတ်ပေးခြင်းဖြင့် ခွင့်မလွှတ်နိုင်သော လုပ်ရပ်တစ်ခုကို ကျူးလွန်ခဲ့ပြီး ဖြစ်သည်။ ထို့ကြောင့် ထျန်းကျိရဲတိုက်သည် အမှန်တကယ် ဆက်လက် တည်ရှိမနေသင့်တော့ပေ။
ထျန်းကျိရဲတိုက်ကို ဆက်လက်ထားရှိခဲ့လျှင်ပင် ဤကမ္ဘာမှ လူများ၏ ကျိန်ဆဲခြင်းကို မလွဲမသွေ ခံရလိမ့်မည်။ ဤ ထျန်းကျိရဲတိုက်မှ ဝါရင့်တပည့်များအတွက်လည်း ထိုအခြေအနေကို ရင်ဆိုင်ရန် ခက်ခဲမည်ဖြစ်သည်။ ထို့ကြောင့် ထျန်းကျိရဲတိုက်ကို ဖျက်သိမ်းပြီး ရှနိုင်ငံတော်ထံသို့ အပြည့်အဝ သစ္စာခံခြင်းက ပို၍ ကောင်း၏။
မည်သို့ပင်ဖြစ်စေ ဆွမ်ဧကရာဇ်သည် ကြီးမားသော ကံကြမ္မာစွမ်းအား ရှိသူတစ်ဦး ဖြစ်သည်။ ဆွမ်ဧကရာဇ်နောက်သို့ လိုက်ခြင်းသည် သူတို့အတွက် ကြီးမားသော အခွင့်အ ရေးတစ်ခု ဖြစ်လိမ့်မည်။
ရှောင်ယွမ်ကျားတို့က
“မင်းကြီးကို ကျေးဇူးတင်ပါတယ်။”
လုချန်းက
“ခင်ဗျားတို့ရဲ့ ထျန်းကျိရဲတိုက်က ကျိယန်ကမ္ဘာဇာတိ အင်အားစုတစ်ခု မဟုတ်လောက်ဘူး။ ဒါကြောင့် ခင်ဗျားတို့မှာ တခြားကမ္ဘာတွေအကြောင်း ဗဟုသုတအချို့ ရှိရမယ်။ တခြားကမ္ဘာတွေရဲ့ သမိုင်းမှတ်တမ်းတွေ ခင်ဗျားတို့မှာ ရှိနေတယ်ဆိုရင် အဲ့ဒါတွေကိုလည်း လနက်မြို့ကို ယူခဲ့ပါ။”
ရှောင်ယွမ်ကျားက
“စိတ်ချပါ မင်းကြီး။ ကျွန်တော် ပြန်ရောက်တာနဲ့ ထျန်းကျိရဲတိုက်ရဲ့ စာကြည့်တိုက်က သမိုင်းမှတ်တမ်းတွေ အားလုံးကို လနက်မြို့ကို ချက်ချင်း ယူလာခဲ့ပါ့မယ်။”
ဟု အလျင်အမြန် ပြောလိုက်သည်။
ရှောင်ယွမ်ကျား စကားပြောပြီးသည်နှင့် ပိုင်ချင်းချင်း အဆောင်အတွင်း၌ တစ်ဖန် ပေါ်ထွက်လာသည်။
“မင်းကြီး။ သွေးသက်တံရဲတိုက်ရဲ့ ရဲတိုက်သခင်က တွေ့ဆုံခွင့် တောင်းခံနေပါတယ်။”
ထိုအရာကို ကြားသောအခါ လုချန်းက ရှောင်ယွမ်ကျားတို့ဘက်သို့ လက်ယမ်းပြလိုက်ကာ
“တခြား ဘာမှမရှိတော့ရင် ခင်ဗျားတို့ ထွက်သွားနိုင်ပြီ။”
ရှောင်ယွမ်ကျားတို့လည်း ကမန်းကတန်း ထရပ်လိုက်ကြပြီး
“ အပြစ်သားတွေကို ပြန်ခွင့်ပြုပါဦး။”
ဟု တညီတညွတ်တည်း ပြောလိုက်ကြသည်။
ရှောင်ယွမ်ကျားနှင့် အခြား ထျန်းကျိရဲတိုက် အကြီးအကဲများ ထွက်ခွာသွားကြသောအခါ လုချန်းက ပိုင်ချင်းချင်းအား
“သူ့ကို ဝင်လာခိုင်းလိုက်။”
“ဟုတ်ကဲ့။”
ပိုင်ချင်းချင်းသည် လှည့်ထွက်ကာ အဆောင်မှ ထွက်ခွာသွားသည်။ ခဏအကြာတွင် သူမသည် နန်းကုန်းချင်ရနှင့်အတူ ပြန်လည် ရောက်ရှိလာခဲ့သည်။
နန်းကုန်းချင်ရ လုချန်း၏ အဆောင်အတွင်းသို့ ခြေချလိုက်သည့် အခိုက်အတန့်မှာပင် ကြီးမားလှသော ဖိအားတစ်ခုကို ချက်ချင်း ခံစားလိုက်ရသည်။ ဤဖိအားသည် အဆင့် ကွာဟမှုကြောင့် သက်သက် မဟုတ်ပဲ ထူးဆန်းသော မသန့်စင်မှုတစ်ခုက သူမ၏ ခန္ဓာကိုယ်အတွင်းမှ စွမ်းအားများကို ချုပ်နှောင်ထားသကဲ့သို့ ဖြစ်နေ၏။
အထူးသဖြင့် အဆောင်ထဲရှိ လုချန်းကို မြင်လိုက်ရသောအခါ ထိုဖိအားက ပို၍ပင် ထင်ရှားလာခဲ့သည်။
သူ၏ ရှေ့မှောက်ရှိ မြေပုံကို ငုံ့ကြည့်နေသော လုချန်းက
“နန်းကုန်း ရဲတိုက်သခင်က လနက်မြို့ကို ဆန္ဒအလျောက် လာရဲတဲ့ သတ္တိတော့ ရှိသားပဲ။ ကျွန်တော် ခင်ဗျားကို တစ်ခုခုလုပ်မှာ မကြောက်ဘူးလား။”
နန်းကုန်းချင်ရက သူမ၏ စိတ်ကို ပြန်လည်စုစည်းလိုက်ပြီး
“တကယ်လို့ မင်းကြီးက ကျွန်မကို တစ်ခုခု လုပ်ဖို့ ရည်ရွယ်ခဲ့တယ်ဆိုရင် အခုချိန်ထိ မစောင့်ပဲနဲ့ အစတည်းက လုပ်ခဲ့ပြီးလောက်ပြီ မဟုတ်လား။”
လုချန်းက
“ပြောပါဦး။ ဘာကိစ္စရှိလို့လဲ။”
ထိုသို့ ပြောရင်း လုချန်းက သူနှင့် မနီးမဝေးတွင် ရှိနေသော နန်းကုန်းချင်ရကို ကြည့်လိုက်သည်။
နန်းကုန်းချင်ရသည် အနီရောင် ဝတ်ရုံရှည်ကို ဝတ်ဆင်ထားသည်။ သူမ၏ ဆံပင်ကို လှပသေသပ်စွာ အပေါ်သို့ သိမ်းတင်ထားလျက် ကြီးမားသော ဂုဏ်သိက္ခာနှင့် မြင့်မြတ်မှုကို ထုတ်လွှတ်နေ၏။
သူမ၏ နက်ရှိုင်းပြီး အေးစက်သော မျက်လုံးများနှင့် အေးစက်သော ပါးပြင်များကလည်း ဂုဏ်သိက္ခာကြီးသည့် အငွေ့အသက်တစ်ခုကို ပြသနေခဲ့သည်။ ၎င်းက မြင်လိုက်ရသူ မည်သူ့ကိုမဆို သူမအား အနိုင်ယူလိုသော ဆန္ဒကို မတွန်းလှန်နိုင်အောင် ဖြစ်စေသည်။
လုချန်း၏ ပြင်းထန်သော အကြည့်ကို ခံစားမိသောအခါ နန်းကုန်းချင်ရ အတွင်းမှ စိတ်ဝိညာဉ် စွမ်းအားများ မငြိမ်မသက် လှုပ်ရှားလာသည်။
စကြဝဠာ သားရဲကြီးတစ်ကောင်၏ ပစ်မှတ်ထားခြင်း ခံရသော သားကောင်တစ်ကောင်ကဲ့သို့ သူမကိုယ်သူမ ခံစားလိုက်ရသည်။ သူမ၏ နဖူးပြင်တွင် ချွေးစေးများ သိပ်သည်းစွာ ထွက်လာသည်ကိုလည်း မထိန်းချုပ်နိုင် ဖြစ်သွား၏။
နန်းကုန်းချင်ရ ချက်ချင်း ပြန်မဖြေသေးသည်ကို မြင်သောအခါ လုချန်းက
“ဘာဖြစ်လို့လဲ။ ဒါက မပြောနိုင်တဲ့ တောင်းဆိုမှု တစ်ခုခုများ ဖြစ်နေလို့လား။”
ဟု ထပ်မေးလိုက်သည်။
သူမ၏ သတ္တိကို စုစည်းလိုက်ပြီး နန်းကုန်းချင်ရက
“ကျွန်မ မင်းကြီးရဲ့ နတ်ဆိုးနှင်ကျင့်စဉ်ကို ချက်ချင်း သင်ယူချင်ပါတယ်။”
ထိုအရာကို ကြားသောအခါ လုချန်းက
“မဖြစ်နိုင်တာတော့ မဟုတ်ဘူး။ ဒါပေမဲ့ ကျွန်တော့်ရဲ့ ကျင့်စဉ်က ကျွန်တော့်ရဲ့ မိန်းမတွေကိုပဲ သင်ကြားပေးတာ။ အဲ့ဒီတော့ ခင်ဗျား အဆင်သင့် ဖြစ်မဖြစ်ကိုပဲ ကျွန်တော် သိချင်မိတာ။”
ဟု ချီတုံချတုံမဖြစ်ပဲ ပြောလိုက်သည်။
နန်းကုန်းချင်ရ ခဏခန့် တုန်လှုပ်သွားသည်။ ထို့နောက် သူမက
“မင်းကြီးက ကျွန်မကို နတ်ဆိုးနှင်ကျင့်စဉ်ကို သင်ပေးဖို့ ဆန္ဒရှိတယ်ဆိုရင် ကျွန်မက ဒီည ရှင့်အပိုင်ပါပဲ။”
လုချန်း ဖွဖွရယ်မောလိုက်သည်။
ဒီညပဲလား။
နန်းကုန်းချင်ရက အတန်ငယ် ရိုးသားပုံရသည်။
လုချန်းက ချက်ချင်းပင်
“ဒီညအထိ စောင့်စရာ မလိုပါဘူး။ ကိုယ် မင်းကို နတ်ဆိုးမြေမြုပ်ကျင့်စဉ်ကို အခုချက်ချင်း လက်ဆင့်ကမ်းပေးနိုင်တယ်။”
သူ၏ အသံ အဆုံးသတ်သွားသည်နှင့် လုချန်းက သူ၏ လက်ကို ခမ်းနားစွာ ယမ်းလိုက်ရာ ချက်ချင်းပင် သူနှင့် နန်းကုန်းချင်ရတို့ အခန်းတစ်ခုထဲသို့ ရောက်ရှိသွားကြသည်။
နန်းကုန်းချင်ရ အနည်းငယ် မှင်တက်သွား၏။
သူမ ရောက်ရှိလာကတည်းက ဤအခိုက်အတန့်အတွက် သူမကိုယ်သူမ ပြင်ဆင်ထားခဲ့သည်။ သို့သော်လည်း လနက်မြို့သို့ သူမ ရောက်ရှိပြီး ခဏအကြာမှာပင် သူမ၏ အပျိုစင်ဘဝကို ဆုံးရှုံးရလိမ့်မည်ဟု သူမ မျှော်လင့်မထားခဲ့ပေ။
ထိုအခိုက်အတန့်တွင် လုချန်းက ကုတင်တစ်ခုပေါ်တွင် အေးအေးဆေးဆေး ထိုင်နေသည်။ သူက အိပ်ခန်း၏ အလယ်တွင် ကြောင်ငေးကာ ရပ်နေသော နန်းကုန်းချင်ရကို စိတ်ဝင်တစား ကြည့်လျက်
“ဘာဖြစ်သွားတာလဲ။ ခင်ဗျား နတ်ဆိုးမြေမြုပ်ကျင့်စဉ်ကို မလိုချင်ဘူးလား။ ဘာလို့ အခုထိ အာရုံလွင့်နေတုန်းလဲ။”
သူမ၏ အခြေအနေကို သဘောပေါက်သွားသောအခါ နန်းကုန်းချင်ရလည်း ကုတင်ပေါ်တွင် ထိုင်နေသော လုချန်းကို မော့ကြည့်လိုက်သည်။
လုချန်း၏ ပင်ကိုယ်ရုပ်အသွင်အမှန်သည် သူ၏ ရုပ်သေးခန္ဓာ၏ ရုပ်သွင်နှင့် အမှန်တကယ်ပင် များစွာ ကွာခြားခြင်း မရှိပေ။ သို့သော် သူ၏ ပင်ကိုယ်ရုပ်က ပို၍ပင် ကြည့်ကောင်းပြီး အငွေ့အသက်က ပို၍ နူးညံ့သိမ်မွေ့ကာ ယောက်ျားပီသမှု ပိုရှိသည်။
ထိုကဲ့သို့ တန်ခိုးကြီးသော ယောက်ျားတစ်ဦးနှင့် တစ်ညတာ ကုန်ဆုံးရခြင်းသည် နောက်ဆုံးတွင် ထင်သလောက် မဆိုးလှဟု နန်းကုန်းချင်ရက သူ့ဘာသာသူ တွေးလိုက်မိသည်။
သူမကိုယ်တိုင်က မိစ္ဆာကျင့်ကြံသူတစ်ဦး ဖြစ်သည့်အားလျော်စွာ သူမထံ၌ အခြားသူများရှိတတ်သော ကိုယ်ကျင့်တရားဆိုင်ရာ ကန့်သတ်ချုပ်ချယ်မှုများ မရှိခဲ့ပေ။ သို့သော် သူမသည် အမြဲတစေ မြင့်မားသော နေရာမှ အမိန့်ပေးနေရတတ်သော၊ လေးစားကြည်ညိုခံရသော သွေးသက်တံရဲတိုက်၏ ရဲတိုက်သခင်မ ဖြစ်သည်။ ယခု ရုတ်တရက် လက်အောက်ငယ်သားတစ်ဦးအဖြစ် ယောက်ျားတစ်ဦးကို ပြုစုရမည် ဖြစ်သဖြင့်မည်သို့ ဆက်လက်လုပ်ဆောင်ရမယ်မှန်း သူမ အမှန်တကယ် မသိခဲ့ပေ။