← Chapters

အရှက်မရှိတဲ့သူ

Vol. 74 Ch. 1102

အရှက်မရှိတဲ့သူ

Vol. 74 Ch. 1102

အခန်း၏ အလယ်တွင် ရပ်နေသော နန်းကုန်းချင်ရကို လုချန်း နောက်တစ်ကြိမ် ကြည့်လိုက်သည်။ သူမ၏ တည်ရှိနေမှုသည်ပင်လျှင် အသက်ရှူမှားလောက်သော မြင်ကွင်းတစ်ခု ဖြစ်နေခဲ့၏။

သူမထံ၌ အေးစက်၍ ခပ်စိမ်းစိမ်းနိုင်သော အမူအရာ၊ လှပသော ခန္ဓာကိုယ်၊ လက်တစ်ဖက်တည်းဖြင့် ဆုပ်ကိုင်၍ရနိုင်သော သွယ်လျသည့် ခါးတို့ ရှိနေ၏။ ထို့အတူ သူမ၏ အနီရောင် ဝတ်စုံအောက်တွင် ခပ်ရေးရေး မြင်နေရသော ရှည်လျားသည့် ခြေတံများ အားလုံးက လုချန်း၏ အာရုံခံစားမှုများကို လှုံ့ဆော်လိုက်သည်။

လုချန်းက သူမကို စူးစိုက်ကြည့်နေသည်ကို မြင်သောအခါ နန်းကုန်းချင်ရ၏ အတွင်းမှ စိတ်ဝိညာဉ် စွမ်းအားများ ပို၍ပင် မငြိမ်မသက် ဖြစ်လာခဲ့သည်။ သူမ၏ စိတ်နှလုံးမှ ဂနာမငြိမ်ဖြစ်မှုကို တည်ငြိမ်အောင် ကြိုးစားလိုက်ရင်း အခန်း၏ ဘေးဘက်ရှိ ကုတင်ဆီသို့ ဖြည်းညင်းစွာ လျှောက်လှမ်းသွားခဲ့သည်။

သူမ လုချန်းထံသို့ ချဉ်းကပ်ပြီးသည်နှင့် သူက ချက်ချင်း လက်လှမ်းလိုက်ပြီး သူမ၏ ခန္ဓာကိုယ် တစ်ခုလုံးကို သူ၏ ပွေ့ဖက်မှုထဲသို့ ဆွဲသွင်းလိုက်၏။ ထိုအခါ နန်းကုန်းချင်ရ စိတ်ထဲ အလိုအလျောက် ခုခံလိုစိတ် ဖြစ်ပေါ်ခဲ့သည်။ သို့သော် လက်နက်ချခြင်းဖြင့်သာ လုချန်း၏ နတ်ဆိုးနှင်ကျင့်စဉ်ကို သူမ ရရှိနိုင်မည်ဟူသော အတွေးက သူမ၏ ရုန်းကန်လိုသော ပင်ကိုယ်စိတ်ဆန္ဒကို ဖိနှိပ်စေခဲ့သည်။

ထို့နောက် လုချန်းက သူမကို ကုတင်ပေါ်သို့ တင်လိုက်၏။ ထို့နောက် သူမအပေါ်သို့ မှီလိုက်ကာ သူမ၏ ခန္ဓာကိုယ်ကို ဖိနှိပ်လိုက်သည်။

နန်းကုန်းချင်ရ၏ ခန္ဓာကိုယ်မှ သင်းပျံ့သော ရနံ့တစ်ခုက လွင့်ပျံလာပြီး လုချန်း၏ နှလုံးသားထဲမှ ရက်စက်သော ဆန္ဒများကို ချက်ချင်း မီးထိုးပေးလိုက်သည်။

တစ်စုံတစ်ခု မှားယွင်းနေသည်ကို အာရုံခံမိသောအခါ လုချန်း ဘာလုပ်နေသည်ကို ကြည့်ရန် နန်းကုန်းချင်ရက သူမ၏ ဦးခေါင်းကို အနည်းငယ် လှည့်လိုက်သည်။ ထိုအခါ သူ၏ မျက်လုံးများ သွေးရောင်ရဲနေပြီး သူမကို ဝါးမျိုစားသောက်လိုသည့်နှယ် ဖြစ်နေသည်ကို တွေ့လိုက်ရ၏။

ထိုမြင်ကွင်းကို မျက်မြင်တွေ့လိုက်ရသောအခါ သူမ ၏ နှလုံးသား တုန်လှုပ်သွားသည်ကို ခံစားလိုက်ရသည်။ မိစ္ဆာကျင့်ကြံသူတစ်ဦးအနေနှင့် သူမ တစ်နေ့တွင် ယောက်ျားတစ်ဦးကို ကြောက်ရွံ့နေလိမ့်မည်ဟု ဘယ်သောအခါကမှ စိတ်ကူးမထားခဲ့ဖူးပေ။

ဟုတ်ပါသည်။ အရေးပါသော အကြောင်းရင်းတစ်ခု ရှိနေသည်။ လုချန်းတွင် သူမ၏ သွေးထဲမှ အစွမ်းသတ္တိကို ညစ်ညမ်းစေသော စွမ်းအားတစ်ခုကို အဆက်မပြတ် ထုတ်လွှတ်နေပုံရပြီး ၎င်းက သူမအား ခုခံလိုစိတ် အနည်းငယ်မျှပင် မရှိစေပဲ စိတ်နှလုံးကို ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်စေခြင်းကြောင့် ဖြစ်သည်။

နန်းကုန်းချင်ရ သဘောမပေါက်ခဲ့သည့်အရာမှာ ဤစွမ်းအားသည် နတ်ဆိုးမြေမြုပ်ကျင့်စဉ်၏ စွမ်းအား ဖြစ်သည်ဟူသော အချက်ပင် ဖြစ်၏။

မိစ္ဆာကျင့်ကြံသူတစ်ဦးဖြစ်သဖြင့် နတ်ဆိုးမြေမြုပ်ကျင့်စဉ်က နန်းကုန်းချင်ရကို ကြီးမားစွာ ဖိနှိပ်ထားခဲ့သည်။ ထို့ကြောင့် သူမသည် နဂါးဖီးနစ် လက်ဖက်ရည်ကို သောက်သုံးထားခြင်း မရှိပဲနှင့်ပင် လုချန်းအား ခုခံလိုစိတ် ရှိမနေခြင်းဖြစ်သည်။

ပုံမှန်အားဖြင့် အေးစက်သော အသွင်အပြင် အမြဲရှိတတ်သော နန်းကုန်းချင်ရက စိတ်အတွင်း၌ ကြောက်ရွံ့မှု အရိပ်အယောင်ဖြင့် သူ့ကို လှည့်ကြည့်နေသည်ကို မြင်သောအခါ လုချန်းလည်း သူ့ကိုယ်သူ မထိန်းချုပ်နိုင်တော့ပေ။ ထို့ကြောင့် သူက ကိုင်းလိုက်ပြီး သူမ၏ နှုတ်ခမ်းများကို သူ၏ နှုတ်ခမ်းများဖြင့် ပိတ်ဆို့လိုက်သည်။

“အွန်း...”

ပထမဆုံးအကြိမ်အဖြစ် နန်းကုန်းချင်ရသည် ယောက်ျားတစ်ဦးနှင့် ဤမျှ ရင်းနှီးစွာ ထိတွေ့ခဲ့ရပြီး သူမ၏ စိတ်များလည်း ဗလာဖြစ်သွား၏။ ထို့နောက် ရင့်ကျက်သော ယောက်ျားတစ်ဦး၏ ရနံ့က သူမ၏ နှာခေါင်းပေါက်များထဲသို့ တိုးဝင်လာသည်။ ၎င်းက သူမ၏ အတွင်းမှ စိတ်ဝိညာဉ် စွမ်းအားကို ပို၍ မငြိမ်မသက် ဖြစ်စေသည်။

ထာဝရတစ်ခုကာလဟု ထင်ရလောက်အောင် ကြာမြင့်ပြီးနောက် အဝတ်စုတ်ဖြဲ သံတစ်ခုကို နန်းကုန်းချင်ရ မသဲမကွဲ ကြားလိုက်ရသည်။ သို့သော် သူမ တုံ့ပြန်နိုင်ခြင်း မရှိမီပင် ထူးဆန်းသော စွမ်းအားတစ်ခုက သူမ၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင်လာခဲ့သည်။

“အွန်း။”

အသံတိတ် ညည်းညူမှုတစ်ခု ပြီးနောက် ထိုစွမ်းအားက သူမ၏ သွေးထဲမှ အစွမ်းသတ္တိကို လုံးဝ ဖိနှိပ်လိုက်ကြောင်း နန်းကုန်းချင်ရ သဘောပေါက်လိုက်၏။ သူမ၏ ခန္ဓာကိုယ်သည် သားရဲတစ်ကောင်နှင့် ကြုံတွေ့ရသဖြင့် ထွက်ပြေးနေရသကဲ့သို့ မရေမတွက်နိုင်သော စွမ်းအင်များ ဆုံးရှုံးလာသည်။

သူမ၏ အင်အားများ ကျဆင်းသွားသည်ကို ခံစားရသောအခါ ပြင်းထန်သော ထိတ်လန့်မှုတစ်ခုက နန်းကုန်းချင်ရကို ဖမ်းစားသွား၏။ လုချန်း၏ ခန္ဓာကိုယ်က သူမ၏ သွေးထဲမှ အစွမ်းသတ္တိကို ဤမျှ ပြင်းထန်စွာ တန်ပြန်လိမ့်မည်ဟု သူမ မျှော်လင့်မထားခဲ့ပေ။

နန်းကုန်းချင်ရ ချက်ချင်း ရုန်းကန်လိုက်သည်။ သို့သော် လုချန်းက သူမအား အခွင့်အရေး မပေးခဲ့ပဲ ဆက်လက် အလုပ်များနေခဲ့သည်။

အခြားသော ထူးခြားသည့် ခံစားမှုတစ်ခုက နန်းကုန်းချင်ရ၏ စိတ်ကို လျင်မြန်စွာ လွှမ်းမိုးသွား၏။ မူလက သူမ၏ အင်အား ဆုံးရှုံးမှုနှင့် အစွမ်းသတ္တိ ယိုစိမ့်မှုတို့ကြောင့် ကြောက်ရွံ့နေခဲ့သော်လည်း ထူးဆန်းသော ခံစားမှုအသစ်က သူမကို ချက်ချင်း စွဲလမ်းသွားစေခဲ့ပြီး ထွက်ပြေးရန် အတွေးများ အားလုံးကို ပျက်စီးသွားစေခဲ့သည်။

သူမသည် ပင်ကိုယ်အားဖြင့် ညစ်ညမ်းသော အရည်အသွေး ရှိသည့် မိစ္ဆာကျင့်ကြံသူတစ်ဦး ဖြစ်သည့်အလျောက် လုချန်း၏ ကြိုးကိုင်မှုများအောက်တွင် လျင်မြန်စွာပင် ကျရှုံးသွားသည်။ သူမသည် သူ ယူဆောင်လာပေးသော သာယာမှုထဲတွင် လုံးဝ နစ်မြောသွားခဲ့သည်။

ထို့ကြောင့် စိတ်ပျက်အားငယ်မှု၊ ကြောက်ရွံ့မှုနှင့် မရပ်နားသော ပီတိတို့ဖြင့် ပြည့်နှက်လျက် နန်းကုန်းချင်ရသည် နက်ရှိုင်းသော ချောက်ကမ်းပါးထဲသို့ လုံးဝ ကျဆင်းသွားတော့သည်။

………..

ရက်ပေါင်းများစွာ ကြာပြီးနောက် ထျန်းကျိရဲတိုက် ဖျက်သိမ်းလိုက်သည့် သတင်းသည် ကျိယန်ကမ္ဘာတစ်ဝန်းလုံးသို့ ပျံ့နှံ့သွား၏။

မဖျက်သိမ်းမီ ထျန်းကျိရဲတိုက်သည် ကောင်းကင်နတ်ဆိုးကို လွှတ်ပေးခဲ့မှုအတွက် တာဝန်များစွာကို ခံယူခဲ့သည်။ ထို့ပြင် လူသိရှင်ကြား ကြေညာချက်တစ်ခုကိုလည်း ထုတ်ပြန်ခဲ့သည်။

ဤအရာအားလုံးမှာ ဤကမ္ဘာသား မဟုတ်သော ရဲတိုက်သခင် ကုန်းရယ်လျှံဖုန်း၏ အကြံအစည်တစ်ခု ဖြစ်ကြောင်း ထိုကြေညာချက်တွင် ထုတ်ပြန်ခဲ့သည်။ သူသည် ကမ္ဘာကို ဖျက်ဆီးရန် အကြံနှင့် ကောင်းကင်နတ်ဆိုးကို လွှတ်ပေးခဲ့ခြင်း ဖြစ်သည်။

အကယ်၍သာ ဆွမ်ဧကရာဇ် အချိန်မီ ရောက်ရှိလာခြင်း မရှိခဲ့ပါက ကျိယန်ကမ္ဘာတစ်ခုလုံးသည် ငရဲဘုံ ဖြစ်သွားနိုင်ခဲ့ကြောင်း ထျန်းကျိရဲတိုက်၏ ကြေညာချက်ထဲတွင် ထောက်ပြခဲ့သည်။ ဆွမ်ဧကရာဇ်ကသာ ကျိယန်ကမ္ဘာကို ကယ်တင်ခဲ့ခြင်း ဖြစ်၏။

ထျန်းကျိရဲတိုက်က ထိုကဲ့သို့ ထုတ်ပြန်ချက်တစ်ခု ပြုလုပ်လိုက်သည်နှင့် အစပိုင်းတွင် ခုခံနေဆဲဖြစ်သော ကျိယန်ကမ္ဘာမှ အခြား အင်အားစုများလည်း သူတို့အတွက် မျှော်လင့်ချက် မရှိတော့ကြောင်း သဘောပေါက်လာကြသည်။ ထို့ကြောင့် သူတို့သည် ဆွမ်ဧကရာဇ်ထံ သစ္စာခံရန် လနက်မြို့သို့ သံတမန်များ စေလွှတ်ခဲ့ကြသည်။

သို့သော် ထိုသံတမန်များသည် ဆွမ်ဧကရာဇ်ကို လဝက်ကြာအောင် မတွေ့မြင်ခဲ့ကြရပေ။ ဆွမ်ဧကရာဇ်သည် လက်ရှိတွင် တံခါးပိတ် ကျင့်စဉ်စခန်း ဝင်နေပြီး သူတို့နှင့် ယာယီ တွေ့ဆုံနိုင်ခြင်း မရှိဟု ဆို၏။

ဤအချက်က ထိုအင်အားစုများကို ပို၍ပင် စိုးရိမ်ပူပန်စေခဲ့သည်။ ဆွမ်ဧကရာဇ်က အမှန်တကယ် တံခါးပိတ် ကျင့်စဉ်စခန်း ဝင်နေလား သို့မဟုတ် တစ်စုံတစ်ခုကို ကြံစည်နေတာလားဆိုတာကို သူတို့ မသေချာနိုင်ခဲ့ပေ။ ထိုအချက်က ကျိယန်ကမ္ဘာရှိ အင်အားစုများ အားလုံးကို အသက် ရှူရခက်စေခဲ့သည်။

……..

ထိုအခိုက်အတန့်တွင်။

လုချန်း၏ အိပ်ခန်း။

ကျိချိုးယု၏ မျက်လုံးများက လုချန်း၏ အခန်းကို စိုက်ကြည့်နေပြီး

“အင်း။ တံခါးပိတ် ကျင့်စဉ်စခန်းတဲ့လား... ဒီလူ့ရဲ တံခါးပိတ် ကျင့်စဉ်စခန်းက တော်တော် ထူးခြားတာပဲ။”

ဟု မထိန်းနိုင်ပဲ မထီမဲ့မြင် ပြက်ရယ်ပြုလိုက်မိသည်။

လုချန်းက သူမနှင့်အတူ လဝက်ကျော်ကြာမျှ စုံတွဲကျင့်စဉ် ကျင့်ကြံပြီးခါစ ဖြစ်သည်။ သို့သော် ယခု သူက နန်းကုန်းချင်ရနှင့် လျင်မြန်စွာ ပေါင်းသင်းသွားပြီး နောက်ထပ် လဝက်ပင် ထပ်ကြာလိမ့်မည်ဟု သူမ မျှော်လင့်မထားခဲ့ပေ။

လုချန်းသည်လည်း မိစ္ဆာကျင့်ကြံသူတစ်ဦး ဖြစ်လေသလားဟုပင် သူမ သံသယဝင်မိနေသည်။ ပြီးတော့ စုံတွဲကျင့်စဉ် ကျင့်ကြံခြင်းကို အဓိက ကျင့်ကြံမှု နည်းလမ်းအဖြစ် မည်သည့်ကျင့်ကြံသူက သတ်မှတ်မည်နည်း။

ဟုတ်ပါသည်။ သူမ အနည်းငယ် သဝန်တိုနေခြင်းမျှသာ ဖြစ်ကြောင်းကို ကျိချိုးယု၏ နှလုံးသားထဲတွင် သိနေသော အရာတစ်ခုတော့ရှိ၏။ မည်သို့ပင်ဆိုစေ လွန်ခဲ့သော လဝက်အတွင်း လုချန်းသည် သူမအပေါ် ချိုသာသော စကားများ ပြောဆိုခြင်း၊ အလိုလိုက်ခြင်းများ ပြုလုပ်ခဲ့သည်။

ထိုစဉ်က အချိုသာဆုံး စကားလုံးများ၊ ရင်ခုန်ဖွယ် စကားလုံး မျိုးစုံနှင့် သူမ၏ ခံစားချက်များ မရပ်တန့်နိုင်အောင် ဖြစ်စေခဲ့သော နည်းလမ်း ပေါင်းစုံတို့ သူသုံးခဲ့သည်။

ယခုမူ အချိန်များစွာ မကြာလိုက်မီပင် လုချန်းက ထိုနည်းလမ်းများကို နန်းကုန်းချင်ရအပေါ် အသုံးပြုနေသည်။

ထိုအချိန်တွင် နန်းကုန်းချင်ရ၏ အသံက အခန်းအတွင်းမှ အဆက်မပြတ် ထွက်ပေါ်နေခဲ့သည်။

“မင်းကြီး။ ကျွန်မအသက်ကို ချမ်းသာပေးပါ...”

“ကိုယ့်ကို ချစ်သူလို့ ခေါ်။”

“ချစ်သူ...”

“အရှက်မရှိကြဘူး”

ဟုကျိချိုးယု ပြင်းထန်စွာ ကျိန်ဆဲလိုက်သည်။

ထို့နောက် ကျိချိုးယုလည်း ဒေါသတကြီးဖြင့် သူမ၏ ကိုယ်ပိုင်အခန်းသို့ ပြန်ရန် လှည့်ထွက်သွားခဲ့သည်။

သူမက ဆက်လက် ချောင်းနားထောင်နေပါက သူမကိုယ်သူမ ထိန်းချုပ်နိုင်တော့ပါ့မလားဟု ကြောက်ရွံ့နေခဲ့သည်။

အဆောင်မှ ထွက်ခွာသွားပြီးနောက်ကျိချိုးယု သူမကိုယ်သူမ နှစ်သိမ့်လိုက်သည်။ မည်သို့ပင်ဖြစ်စေ လုချန်းက သူမအား မိဖုရားကြီး ရာထူးပေးမည်ဟု ကတိပေးထားခဲ့ပြီး ဖြစ်သည်။ ထို့ကြောင့် သူမ အနေနှင့် အခြားမိန်းမများကို ဂရုစိုက်ရန် မလိုအပ်တော့ပေ။

နန်းကုန်းချင်ရသည် လုချန်း၏ ကစားစရာတစ်ခုမျှသာ ဖြစ်သည်ဟု သတ်မှတ်ရန် သူမ ဆုံးဖြတ်လိုက်သည်။ ထိုသို့ တွေးလိုက်ခြင်းက ကျိချိုးယုအား များစွာ စိတ်သက်သာရာ ရစေခဲ့သည်။

………

အချိန်မည်မျှ ကြာသွားသည် မသိ နေရောင်ခြည် တစ်တန်း အခန်းထဲသို့ ဝင်ရောက်လာသည်။ ထိုရွှေရောင် အလင်းတန်းက တလက်လက် တောက်ပနေသော ရေစက်ကလေးများပေါ်တွင် ပြန့်ကြဲကျ‌ရောက်နေ၏။ ဤအခိုက်အတန့်တွင် နန်းကုန်းချင်ရသည် လုချန်း၏ ဖိနှိပ်မှုအောက်တွင် ရှိနေဆဲ ဖြစ်သည်။

လွန်ခဲ့သော လဝက်ခန့်က လုချန်း၏ နတ်ဆိုးနှင်ကျင့်စဉ်နှင့် လဲလှယ်ရန် တစ်ညတာမျှသာ လိုအပ်သည်ဟု နန်းကုန်းချင်ရ တွေးထင်ခဲ့သည်။ ထိုကျင့်စဉ်ကို သူမ လက်ထဲ ရရှိပြီးသည်နှင့် ဤကမ္ဘာမှ ထွက်ပြေးရန်၊ မပြေးရန် စဉ်းစားနိုင်မည် ဖြစ်သည်။

သူမ အံ့ဩမိသည်မှာ ယခုထိ သူမ နတ်ဆိုးနှင်ကျင့်စဉ်ကို မရသေးခြင်း ဖြစ်သည်။ ထိုအစား လုချန်း၏ ကစားခံရခြင်းကို လဝက်ကြာမျှ ခံခဲ့ရပြီး သူမ၏ အသက်စွမ်းအား အများစုပင် ပျံ့လွင့်သွားခဲ့သည်။

သို့တိုင် သူမသည် လုချန်း ယူဆောင်လာပေးသော ခံစားချက်များကို မခုခံနိုင်ခဲ့ပေ။ ထိုခံစားချက်ကို စွဲလမ်းသွားခဲ့ပြီး သူမကိုယ်တိုင် နောက်ထပ် မရုန်းထွက်နိုင်တော့ချေ။

ဤအခြေအနေတွင် လုချန်းထံမှ သူမ ဘယ်သောအခါမှ ပြန်လည် ရုန်းထွက်နိုင်တော့မည် မဟုတ်ကြောင်းလည်း နန်းကုန်းချင်ရ သဘောပေါက်လိုက်၏။ ကြောက်ရွံ့မှုနှင့် သာယာမှုတို့ ရောယှက်နေသော ခံစားမှုက သူမကို လက်နက်ချစေခဲ့သည်။

ယခု လုချန်းက သူမအား နတ်ဆိုးနှင်ကျင့်စဉ်ကို မပေးလျှင်ပင် သူမ ဤလူ၏ ဘေးတွင် နေထိုင်ရန် ဆန္ဒရှိနေခဲ့သည်။

All Chapters