← Chapters

နန်းကုန်းယွဲ့ဟွာ၏ စိုးရိမ်ပူပန်မှုများ

Vol. 74 Ch. 1104

နန်းကုန်းယွဲ့ဟွာ၏ စိုးရိမ်ပူပန်မှုများ

Vol. 74 Ch. 1104

နန်းကုန်းချင်ရသည် ကျင့်ကြံနေစဉ်အတွင်း ဤမျှလောက် စိတ်လှုပ်ရှားတုန်ယင်နေလိမ့်မည်ဟု လုချန်း လုံးဝ မျှော်လင့်မထားခဲ့ပေ။ ထိုတုန်ယင်မှု၏ အရှိန်က သူ၏ ခန္ဓာကိုယ်ထဲရှိ မငြိမ်သက်သေးသော စိတ်ဝိညာဉ် စွမ်းအားများကိုပင် ထိန်းချုပ်မှု လွတ်သွားစေလုနီးပါး ဖြစ်ခဲ့သည်။

လုချန်းက တစ်စုံတစ်ခု ပြောတော့မည် အပြုတွင် နန်းကုန်းချင်ရ ရုတ်တရက် မျက်လုံး ဖွင့်လိုက်သည်။ ထို့နောက် သူမက ပတ္တမြားကဲ့သို့ နီရဲတောက်ပသော မျက်ဝန်းများဖြင့် လုချန်းကို စူးစိုက်ကြည့်ကာ

“ဒီအချိန်ကစပြီး မင်းကြီးက ကျွန်မရဲ့ သခင်ပါ။ ဒါက ကျွန်မရဲ့ သက်စောင့်သွေးအနှစ်ပါပဲ။”

သူမ စကားပြောနေစဉ်မှာပင် အနီရောင်အလင်းတန်းများ ထုတ်လွှတ်နေသော သွေးလုံးတစ်လုံးသည် နန်းကုန်းချင်ရ၏ နဖူးပြင်ပေါ်တွင် ပေါ်ထွက်လာခဲ့သည်။ ကျင့်စဉ်လောကထဲတွင် ကျင့်ကြံသူတစ်ဦး၏ သက်စောင့်သွေးအနှစ်ကို ရရှိသည်နှင့် ထိုကျင့်ကြံသူ၏ ရှင်ခြင်းနှင့် သေခြင်းတရားကို အလုံးစုံ ထိန်းချုပ်နိုင်သည်။

ဤနည်းလမ်းကို လုချန်း သိထားပြီးဖြစ်သည်။ သို့သော်လည်း မည်သူ့၏ သက်စောင့်သွေးကိုမှ သူ မရယူခဲ့ဖူးပေ။ အကြောင်းမှာ ယေဘုယျအားဖြင့် တစ်စုံတစ်ယောက်၏ သက်စောင့်သွေးအနှစ်ကို ရရှိသွားသောအခါ ထိုသူ၏ အဆင့်အတန်းသည် သခင်ခိုင်းသမျှလုပ်ရသော ကျွန်တစ်ဦးနှင့် ဘာမှ ကွာခြားခြင်း မရှိတော့သောကြောင့် ဖြစ်သည်။

သူ၏ ကိုယ်ပိုင် လက်အောက်ငယ်သားများကိုပင် လုချန်းက သူတို့၏ သက်စောင့်သွေးအနှစ်ကို ပေးအပ်စေမည် မဟုတ်ပေ။

ထို့ကြောင့် နန်းကုန်းချင်ရက သူမ၏ သက်စောင့်သွေးအနှစ်ကို ယခုလို သဘောဆန္ဒအလျောက် အပ်နှံလာလိမ့်မည်ဟု လုချန်း လုံးဝ မျှော်လင့်မထားခဲ့ပေ။ ၎င်းက သူ့ကို အလွန်တရာ အံ့အားသင့်စေခဲ့သည်။

ခဏခန့် ကြောင်ငေးသွားပြီးနောက် လုချန်းက

“ ဒါက ဘာသဘောလဲ”

ဟု ဇဝေဇဝါဖြင့် မေးလိုက်သည်။

နန်းကုန်းချင်ရက

“မင်းကြီး ပေးသနားခဲ့တဲ့ အခွင့်အရေးက အရမ်း ကြီးမားလွန်းလို့ ဒီဘဝမှာ ကျွန်မ ပြန်ဆပ်ဖို့ ခက်ခဲပါလိမ့်မယ်။”

နန်းကုန်းချင်ရသည် မိစ္ဆာကျင့်ကြံသူတစ်ဦး ဖြစ်သော်လည်း သူမတွင် သူမ၏ ကိုယ်ပိုင် ခံယူချက်များ ရှိနေသေး၏။ လုချန်း ပေးအပ်ခဲ့သော ဤအခွင့်အရေးတွင် ကြီးမားသော ကံကြမ္မာ ဆက်နွယ်မှု ပါဝင်ပတ်သက်နေသည်။ ထို့ကြောင့် သူမ ယခုအခါ လုချန်းနှင့် လုံးလုံးလျားလျား ချည်နှောင်ခံလိုက်ရပြီ ဖြစ်ကြောင်း သူမ ကောင်းစွာ သိရှိလိုက်သည်။

ထို့ပြင် လုချန်း သူမကို ပထမဆုံးအကြိမ် တိုက်ခိုက်ခဲ့စဉ်ကတည်းက သူ၏ ကျော့ကွင်းထဲ သူမ ကျရောက်ခဲ့ပြီး ရုန်းထွက်နိုင်စွမ်း မရှိတော့ချေ။ ဤအချက်က လုချန်းသည် သူမအတွက် ကံကြမ္မာက ရည်မှန်းထားသူ ဖြစ်ကြောင်းကိုလည်း သွယ်ဝိုက်သောအားဖြင့် သက်သေပြနေခဲ့သည်။

မိစ္ဆာကျင့်ကြံသူတစ်ဦးအနေဖြင့် သာမန်လူများနှင့် မတူသော တွေးခေါ်ပုံ ရှိခြင်းက ပုံမှန်ပင် ဖြစ်သည်ဟု လုချန်း သူ့ဘာသာသူ တွေးလိုက်သည်။ ထို့ကြောင့် သူ ဤအပေါ်တွင် အများကြီး စဉ်းစားနေရန် မလိုအပ်ပေ။

ထို့နောက် လုချန်းက ပြုံးလိုက်လျက်

“မင်း ဒါကို သေသေချာချာ စဉ်းစားဖို့ လိုတယ်။ မင်းရဲ့ သက်စောင့်သွေးအနှစ်ကို ကိုယ့်ဆီ အပ်ပြီးသွားရင် ဒီအချိန်ကစပြီး မင်းက ကိုယ့်ရဲ့ မိန်းမ အစေခံ ဖြစ်သွားပြီ။”

နန်းကုန်းချင်ရက မျက်နှာသေဖြင့်

“ကျွန်မ စဉ်းစားပြီးပါပြီ။”

လုချန်းက

“ကောင်းပြီလေ။ မင်း ဒီလောက်ထိ ဆုံးဖြတ်ချက်ချထားမှတော့ ကိုယ် မင်းရဲ့ဆန္ဒကို ဖြည့်ဆည်းပေးလိုက်ပါ့မယ်။”

ထိုနောက် ချက်ချင်းပင် နန်းကုန်းချင်ရ၏ သက်စောင့်သွေးအနှစ်ကို လုချန်း လက်ခံယူလိုက်သည်။ လုချန်းက သက်စောင့်သွေးအနှစ်ကို လက်ခံရရှိလိုက်သည့် ခဏမှာပင် နန်းကုန်းချင် ကိုယ်ထဲ ထူးခြားသော ခံစားမှုတစ်ခုကို ချက်ချင်း ခံစားလိုက်ရသည်။ သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် လုချန်း၏ အစိတ်အပိုင်းတစ်ခု ဖြစ်သွားသကဲ့သို့ ခံစားလိုက်ရပြီး လုချန်း၏ ရုပ်တုတစ်ခုက သူမ၏ စိတ်ပင်လယ်ထဲတွင် ပေါ်ပေါက်လာခဲ့သည်။

သို့သော် သူမကို ပို၍ အံ့အားသင့်စေသည့်အရာမှာ အခြားအရာ ဖြစ်နေသည်။ သူမ၏ သက်စောင့်သွေးအနှစ်ကို အပ်နှံလိုက်သော်လည်း သူမသည် အစေခံတစ်ယောက်ကဲ့သို့ နိမ့်ကျသွားသည့် ခံစားချက် အနည်းငယ်မှ မခံစားရခြင်းပင် ဖြစ်သည်။

ပုံမှန်အားဖြင့် သက်စောင့်သွေးအနှစ်ကို အပ်နှံလိုက်သော ကျင့်ကြံသူသည် သူ၏ သခင်ထံမှ ဖိနှိပ်မှု အငွေ့အသက်ကို အမြဲတစေ ခံစားနေရမည် ဖြစ်သည်။ သို့သော် သူမ အပ်နှံပြီးနောက်တွင်မူ သူမ၏ ရှေ့မှ လုချန်း၏ ဖိနှိပ်မှု အငွေ့အသက် လုံးဝ ပျောက်ကွယ်သွားခဲ့သည်။

သူမ၏ ခန္ဓာကိုယ်သည် ရုတ်တရက် အလွန် ပေါ့ပါးသွားသလို ခံစားလိုက်ရသည်။

ဘာတွေ ဖြစ်ပျက်နေပါသနည်း။

နန်းကုန်းချင်ရ ဇဝေဇဝါ ဖြစ်နေစဉ်မှာပင် လုချန်း၏ အသံက သူမ၏ နားထဲသို့ ဝင်ရောက်လာသည်။

“နန်းကုန်းဂိုဏ်းချုပ်က ဒီလို ဆက်ဆံတာမျိုးကို သဘောကျလိမ့်မယ်လို့ ကိုယ် မထင်ထားဘူး။”

“ဒါဆိုရင်တော့ နန်းကုန်းဂိုဏ်းချုပ် ပျော်ရွှင်သွားအောင် ကိုယ် သေချာ လုပ်ပေးရတော့မှာပေါ့။”

လုချန်း၏ စကားကို ကြားသောအခါ နန်းကုန်းချင်ရ လုံးဝ ကြောင်ငေးသွားသည်။

“ဒီလို ဆက်ဆံတာမျိုးကို သဘောကျတယ်”

ဆိုသည်မှာ ဘာကို ဆိုလိုသနည်း။

“ပျော်ရွှင်သွားအောင်” ဆိုသည်ကရော ဘာကို ဆိုလိုပါသနည်း။

နန်းကုန်းချင်ရ တုံ့ပြန်နိုင်ခြင်း မရှိမီတွင် လုချန်းက သူ၏ ခရီးကို ပြန်လည် စတင်လိုက်သည်။

ယခုအခါတွင်တော့ “ပျော်ရွှင်သွားစေမည်” ဟု လုချန်း ဆိုလိုသည့်အရာကို နန်းကုန်းချင်ရ နောက်ဆုံးတွင် နားလည်သွားခဲ့လေသည်။

…….

တစ်ချိန်တည်းမှာပင်...

ကျိရှောင်နိုင်ငံတော်။

နန်းတော်ထဲ၌။

ဖီးနစ်ဝတ်ရုံကို ဝတ်ဆင်ထားသော နန်းကုန်းယွဲ့ဟွာသည် သူမ၏ အိပ်ဆောင် ပြတင်းပေါက်နံဘေးတွင် ငြိမ်သက်စွာ ရပ်နေခဲ့သည်။ သူမသည် ကောင်းကင်ပေါ်မှ လမင်းကို အလွန်တရာ အေးစက်သော အမူအရာဖြင့် ကြည့်နေကာ အတွေးထဲ နစ်မြောနေသကဲ့သို့ ရှိနေသည်။

ထိုအခိုက်တွင် အစေခံတစ်ဦးက အိပ်ဆောင်ထဲသို့ ဝင်လာပြီး

“ သွေးသက်တံရဲတိုက်သခင်က လနက်မြို့ကို ထွက်သွားပါတယ် ဧကရီ။”

ထိုစကားကို ကြားသောအခါ နန်းကုန်းယွဲ့ဟွာ၏ မျက်ခုံးများ အနည်းငယ် တွန့်သွား၏။ နန်းကုန်းချင်ရ အဘယ်ကြောင့် ရုတ်တရက် ပျောက်ကွယ်သွားသည်ကို သူမ တွေးတောနေခဲ့ခြင်း ဖြစ်သည်။ နန်းကုန်းချင်ရသည် ဆွမ်ဧကရာဇ်၏ မိန်းမ မဖြစ်ချင်သောကြောင့် ဤကမ္ဘာမှ သူမဘာသာ ထွက်ပြေးသွားခဲ့သည်ဟုပင် နန်းကုန်းယွဲ့ဟာ ထင်မှတ်ခဲ့မိခဲ့သေးသည်။

သို့သော် သူမ ထွက်ပြေးသွားခြင်း မဟုတ်‌ပေ။ ထိုအစား လနက်မြို့သို့ ပြေးသွားခဲ့ခြင်းဖြစ်သည်။

သူမ လနက်မြို့သို့ သွားရသည့် တစ်ခုတည်းသော အကြောင်းပြချက်မှာ ဆွမ်ဧကရာဇ်ကို ရှာဖွေရန်သာ ဖြစ်ရပေမည်။

ဘာအတွက်များ ဖြစ်နိုင်မည်နည်း။

သူ၏ထံမှ ကျင့်ကြံခြင်းဆိုင်ရာ အရင်းအမြစ်များ ပိုမို ရရှိရန်အတွက် ဆွမ်ဧကရာဇ်၏ မိန်းမ ဖြစ်လာချင်၍ ဖြစ်နိုင်လား။

ထိုအတွေးက နန်းကုန်းယွဲ့ဟွာ၏ စိတ်ထဲသို့ ဖြတ်ပြေးသွားသည်။ သူမ ရုတ်တရက် သဘောပေါက်လိုက်သည်မှာ နန်းကုန်းချင်ရသည် သူမ၏ ညီမ ဖြစ်သော်လည်း မိစ္ဆာကျင့်ကြံသူတစ်ဦး ဖြစ်နေခြင်းပင်။ မိစ္ဆာကျင့်ကြံသူတစ်ဦးအတွက် သူ၏ အင်အားကို မြှင့်တင်ရန် မလုပ်ရဲသည့်အရာ ဟူ၍ မရှိပေ။

သူမ၏ အပျိုစင်ဘဝကို စတေးရခြင်းကပင် နန်းကုန်းချင်ရအတွက် ဘာမှအရေးပါမည် မဟုတ်ပေ။ သူမ၏ လနက်မြို့ ခရီးစဉ်သည် ဆွမ်ဧကရာဇ်ထံမှ ကျင့်ကြံခြင်းဆိုင်ရာ အရင်းအမြစ်များ ရယူရန် ဖြစ်သည်။ အထူးသဖြင့် သူ ပြောခဲ့သော သူတော်စင်အဆင့် ကျင့်စဉ်နှင့် သူမ၏ ခန္ဓာကိုယ်ကို လဲလှယ်ရန် အမှန်တကယ် ဖြစ်နိုင်၏။

ဒါက ကောင်း‌သောကိစ္စ တစ်ခုတော့မဟုတ် ပေ...

သူမနှင့် နန်းကုန်းချင်ရတို့သည် ညီအစ်မများ ဖြစ်ကြသော်လည်း တော်ဝင်မိသားစုအတွင်း၌ သွေးသားသံယောဇဉ်အတွက် နေရာ မရှိပေ။ အကယ်၍ နန်းကုန်းချင်ရသာ သူမထက်စော၍ သူတော်စင်အဆင့် ကျင့်စဉ်ကို ရရှိသွားပြီး ပိုမို အင်အားကြီးမားလာပါက ဆွမ်ဧကရာဇ်သည် နန်းကုန်းချင်ရကိုသာ ထောက်ပံ့ရန် စိတ်ဝင်စားသွားနိုင်ခြေ မြင့်မားသည်။

ထိုအခါ နန်းကုန်းချင်ရသည် ကျိယန်ကမ္ဘာတစ်ခုလုံးကို သူမ၏ လက်ဝယ်တွင် စိုးမိုးခြယ်လှယ်တော့မည် ဖြစ်သည်။

မဖြစ်ပါ...

သူမကို ဤသို့ အောင်မြင်ခွင့် မပေးနိုင်ပေ။

ထိုသို့ တွေးလိုက်သည်နှင့် နန်းကုန်းယွဲ့ဟွာက သူမ၏ အစေခံကို ချက်ချင်း အမိန့်ပေးလိုက်သည်။

“ငါတံခါးပိတ် ကျင့်ကြံမယ့်အကြောင်း ကြေညာလိုက်။ ပြီးတော့ လာမယ့် နန်းတွင်းအစည်းအဝေးတွေ အားလုံးကို ဖျက်သိမ်းလိုက်။”

အစေခံ ပြန်လည် တုံ့ပြန်နိုင်ခြင်း မရှိမီမှာပင် နန်းကုန်းယွဲ့ဟွာသည် ထိုနေရာမှ လေပွေတစ်ခုအလား ပျောက်ကွယ်သွားခဲ့ပြီး ဖြစ်သည်။

ဆွမ်ဧကရာဇ်အပေါ် သူမ သံသယ ရှိနေသေးသော်လည်း လနက်မြို့သို့ ဦးတည်သွားသော နန်းကုန်းချင်ရ၏ တက်ကြွသော အပြုအမူက သူမကို အလွန် စိုးရိမ်ပူပန်စေခဲ့ပြီး အလောတကြီး လုပ်ဆောင်ရမည့် ခံစားမှုတစ်ခုကို ပေးလျက်ရှိသည်။

လနက်မြို့တွင် ဘာတွေ ဖြစ်ပျက်နေသည်ကို သူမ ကိုယ်တိုင် သွားကြည့်ရမည်။ နန်းကုန်းချင်ရသည် ဆွမ်ဧကရာဇ် ပြောခဲ့သည့် သူတော်စင်အဆင့် ကျင့်စဉ်အတွက် သူမကိုယ်သူမ အမှန်တကယ် ပေးအပ်နေခြင်း ဟုတ် မဟုတ် သေချာအောင် စုံစမ်းရမည်။

မကြာမီတွင် နန်းကုန်းယွဲ့ဟွာ လနက်မြို့အပေါ်သို့ ရောက်ရှိလာခဲ့သည်။ သူမ မြို့သခင်စံအိမ်၏ ဝင်ပေါက်သို့ ချဉ်းကပ်သွားစဉ် ရွှေနက်သံချပ်ကာဝတ်စုံ ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦးက

“ ရှင်ရောက်လာတာကို မင်းကြီးဆီ အကြောင်းကြားပြီး ဖြစ်ပါတယ်။ ကျေးဇူးပြုပြီး ကျွန်မနောက် လိုက်ခဲ့ပါ။”

ထိုစကားကို ကြားသော် နန်းကုန်းယွဲ့ဟွာလည်း တုံ့ဆိုင်းမနေပဲ လိုက်ပါသွားခဲ့သည်။ သို့သော် သူမ၏ စိတ်နှလုံးမှာမူ ပတ်ဝန်းကျင်ကို သတိထားလျက် တင်းမာနေဆဲ ဖြစ်သည်။

လမ်းပြခေါ်ဆောင်လာသူ အမျိုးသမီး၏နောက်သို့ လိုက်၍ လုချန်း လက်ရှိ နေထိုင်နေသော အဆောင်အတွင်းသို့ နန်းကုန်းယွဲ့ဟွာ ဝင်ရောက်လာခဲ့သည်။ ထိုနေရာသို့ ဝင်လိုက်သည်နှင့် ထူထဲသော သွေးရနံ့များက ချက်ချင်း လွှမ်းခြုံသွားပြီး နန်းကုန်းချင်ရ၏ အငွေ့အသက်ကိုပါ သူမ ခံစားမိလိုက်ရသည်။

ထို့ပြင် ထူးဆန်းပြီး စိတ်လှုပ်ရှားဖွယ် ကြောင်တောင်တောင်နိုင်သော အသံများ အခန်းတွင်းမှ မရပ်မနား ထွက်ပေါ်နေခဲ့သည်။

“မင်းကြီး... ကျွန်မ မှားတာ ဝန်ခံပါတယ်...”

“ကျေးဇူးပြုပြီး...”

နှစ်ပေါင်း ထောင်ပေါင်းများစွာ နေထိုင်ခဲ့သူတစ်ဦးအနေနှင့် ထိုအခန်းထဲတွင် ဘာတွေ ဖြစ်ပျက်နေသည်ကို နန်းကုန်းယွဲ့ဟွာ မည်သို့ မသိပဲ နေမည်နည်း။ နန်းကုန်းချင်ရ၏ အသံကို ကြားလိုက်ရသောအခါ နန်းကုန်းယွဲ့ဟွာ၏ မျက်ခုံးများ အနည်းငယ် တွန့်သွားခဲ့သည်။

အရာအားလုံး သူမ ထင်ထားသည့်အတိုင်း အတိအကျ ဖြစ်နေလိမ့်မည်ဟု သူမ မျှော်လင့်မထားခဲ့ပေ။ နန်းကုန်းချင်ရသည် အမှန်တကယ်ပင် ဆွမ်ဧကရာဇ်ကို ရှာဖွေခဲ့သည်။ ပြီးနောက် သူတော်စင်အဆင့် ကျင့်စဉ်အတွက် သူ့အား မိမိကိုယ်ကို ပေးအပ်နေခဲ့သည်။

တစ်ချိန်က သွေးအေးပြီး ရက်စက်ခဲ့သော မိစ္ဆာမသည် ယခုအခါ ဆွမ်ဧကရာဇ်၏ ရှေ့မှောက်တွင် ညည်းတွားနေသော မိန်းမတစ်ဦးမျှသာ ဖြစ်နေခဲ့သည်။ ဒါက အမှန်တကယ်ပင် ရယ်စရာ ကောင်းလှသည်။

သူမ နန်းကုန်းချင်ရကို အတွင်းစိတ်ထဲမှ ရှုံ့ချနေမိသော်လည်း မကြာမီ သို့မဟုတ် နောက်ပိုင်းတွင် သူမကိုယ်တိုင်လည်း ဆွမ်ဧကရာဇ်၏ မိန်းမ ဖြစ်လာရမည်ကို‌တော့ နန်းကုန်းယွဲ့ဟွာ နားလည်ထားသည်။

ယခု နန်းကုန်းချင်ရက ဤခြေလှမ်းကို ဦးစွာ လှမ်းခဲ့ပြီ ဖြစ်သည်။ သူမသာ ဆွမ်ဧကရာဇ်၏ မိန်းမ မဖြစ်ခဲ့လျှင် အနာဂတ်တွင် ဆွမ်ဧကရာဇ်က နန်းကုန်းချင်ရကိုသာ ထောက်ပံ့ရန် ရွေးချယ်သွားလိမ့်မည်။

ဆွမ်ဧကရာဇ်သည် မိန်းမများအပေါ် စိတ်ဝင်စားမှု များစွာ မရှိနိုင်ဟု သူမ တွက်ဆခဲ့သည်။ သို့သော်လည်း လင်မယား ဆက်ဆံရေး ရှိခြင်း မရှိခြင်းသည် ယောက်ျားတစ်ဦး၏ ဆုံးဖြတ်ချက်များအပေါ် သိသိသာသာ လွှမ်းမိုးမှု ရှိနေဆဲ ဖြစ်သည်။

အချို့အဆင့်မြင့် နိုင်ငံရေး မဟာမိတ်ဖွဲ့မှုများသည် တစ်ခါတစ်ရံတွင် ရှေးအကျဆုံး မူလ ပေါင်းစည်းမှု ပုံစံတစ်ခုထက် ဘာမှ ပိုမလိုအပ်ပေ။

နန်းကုန်းယွဲ့ဟွာ မသိခဲ့သည့်အရာတစ်ခု ရှိသည်။ နန်းကုန်းချင်ရ လနက်မြို့သို့ လာခဲ့စဉ်က သူမသည်လည်း လုချန်း မိန်းမများအပေါ် စိတ်ဝင်စားမှု အနည်းငယ်သာ ရှိသည်ဟု ထင်ခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် သူနှင့်အတူ တစ်ညတာ အဖော်ပြုပေးခြင်းဖြင့် ကိစ္စပြီးမြောက်လိမ့်မည်ဟု သူမ ယုံကြည်ခဲ့သည်။

နန်းကုန်းချင်ရသည် သူမ လိုချင်တပ်မက်ခဲ့သော သူတော်စင်အဆင့် ကျင့်စဉ်နှင့် နတ်ဆိုးမြေမြုပ်ကျင့်စဉ်တို့ကို အမှန်တကယ် ရရှိခဲ့သည်။ သို့သော်လည်း သူမကိုယ်တိုင် ဤအခြေအနေထဲတွင် လုံးဝ နစ်မျောသွားခဲ့ရသည်။

သို့သော်လည်း ဒါတွေအားလုံးက သူမ၏ ကိုယ်ပိုင် ရွေးချယ်မှုများ ဖြစ်သောကြောင့် သူမ ဝမ်းနည်းမှု တစ်စိုးတစ်စိမှ မခံစားခဲ့ရပေ။

နတ်ဘဝပြောင်းလဲခြင်း အဆင့်သို့ပင် နီးကပ်နေသော သူမကိုယ်တိုင်ပင် လုချန်း၏ များပြားလှသော နည်းလမ်းများကို ခံနိုင်ရည် ရှိခဲ့ပေ။ ဆွမ်ဧကရာဇ် အဘယ်ကြောင့် ထိုသို့သော ပျော်ရွှင်မှုများအပေါ် ဤမျှ အာသီသ ပြင်းပြနေသည်ကိုလည်း သူမ နားမလည်နိုင်ခဲ့ပေ။

All Chapters