← Chapters

အငြိုးအတေးတွေ ထားနေတုန်းပဲလား

Vol. 74 Ch. 1097

အငြိုးအတေးတွေ ထားနေတုန်းပဲလား

Vol. 74 Ch. 1097

ဆွမ်ဧကရာဇ်တွင် သူတို့ကို အလွယ်တကူ ချေမှုန်းနိုင်သည့် အစွမ်းအစ ရှိနေသည်ဟု နန်းကုန်းယွဲ့ဟွာ မြင်၏။ သို့သော်လည်း သူ ထိုသို့ တိုက်ရိုက် မတိုက်ခိုက်ခဲ့ခြင်းမှာ သူ့အတွက် ကျိယန်ကမ္ဘာကို ထိန်းချုပ်ရာတွင် ကူညီပေးနိုင်မည့် လူနှစ်ဦးကို အမှန်တကယ် လိုချင်နေကြောင်း သက်သေပြနေခဲ့သည်။

ဆွမ်ဧကရာဇ်က သူတို့ကို ချက်ချင်း မတိုက်ခိုက်ခဲ့ခြင်းသည်ပင်လျှင် သူပြသနိုင်သည့် စစ်မှန်သော သဘောထားကြီးမှု ဖြစ်နေ၏။

ဆွမ်ဧကရာဇ်က သူ၏ သဘောထားကြီးမှုကို ပြသခဲ့ပြီးဖြစ်သည့်အပြင် သူတို့ကိုယ်တိုင်ကလည်း ကျိယန်ကမ္ဘာမှ ထွက်ခွာသွားလိုခြင်း မရှိပေ။ ထို့ကြောင့် သူနှင့် ပူးပေါင်းဆောင်ရွက်ခြင်းက မဆိုးလှသော ရွေးချယ်မှုတစ်ခုဟု ယူဆရမည် ဖြစ်သည်။

ကျင့်စဉ်လောက၏ ဓလေ့ထုံးတမ်းအရ အင်အားကြီးသူကိုသာ လေးစားရသည်။ ထို့ကြောင့် သူတို့ လက်နက်ချလျှင်ပင် ၎င်းကို ရှုံးနိမ့်မှုဟု မသတ်မှတ်နိုင်ပေ။ ၎င်းမှာ အင်အားကြီးသူကို နာခံရမည်ဟူသော လောကစည်းမျဉ်းကို လိုက်နာနေခြင်းမျှသာ ဖြစ်သည်။

ထို့ပြင် ဆွမ်ဧကရာဇ်၏ နောက်ခံက လုံးဝ သာမန်မဟုတ်သည်မှာ ထင်ရှားသည်။ သူ့နောက်သို့ လိုက်ခြင်းကလည်း သူတို့အတွက် ကြီးမားသော အခွင့်အရေးတစ်ခုကို ဖန်တီးပေးနိုင်စွမ်း ရှိ၏။

သူတို့ထံ၌ ကျိယန်ကမ္ဘာမှ ထွက်ပြေးရန် အခွင့်အရေး ရှိ မရှိကို ဆိုတာမသေချာပေ။ အကယ်၍ ထိုအခွင့်အရေး ရှိခဲ့လျှင်ပင် အခြားကမ္ဘာများတွင် ယခုလို အခွင့်အလမ်းမျိုးကို ရချင်မှ ရပေလိမ့်မည်။

နန်းကုန်းယွဲ့ဟွာ၏ စကားများကို ကြားသောအခါ နန်းကုန်းချင်ရက

“ဒါဆို နင်ကလည်း သူ့မိန်းမအဖြစ် ဒီမှာ နေဖို့ စဉ်စားထားတာပဲလား။”

ထိုမေးခွန်းကို ကြားသော် နန်းကုန်းယွဲ့ဟွာက ခပ်ဖျော့ဖျော့ ရယ်မောလိုက်သည်။

“ဒီလောက် တန်ခိုးကြီးတဲ့ လူတစ်ယောက်အတွက် သူ့ပတ်ဝန်းကျင်မှာ လှပတဲ့ မိန်းမတွေ ဘယ်လိုလုပ် မရှိပဲ နေမလဲ။ ဒါက ငါတို့ကို ဘွဲ့နာမည်တစ်ခု ပေးတာသက်သက်ပဲ။ ငါတို့က သူ့ရဲ့ ကိရိယာတွေ သက်သက်ပါပဲ။”

“ငါတို့က သူ့ကို လက်ထပ်ခဲ့ရင်တောင် သူက ငါတို့နဲ့ စုံတွဲကျင့်စဉ် ကျင့်ချင်မှ ကျင့်မှာ။”

နန်းကုန်းယွဲ့ဟွာ ထိုသို့ ရှင်းပြသည်ကို ကြားသောအခါ ထိုစဉ်းစားချက်များ ယုတ္တိရှိသည်ဟု နန်းကုန်းချင်ရ ခံစားလိုက်ရသည်။ ဆွမ်ဧကရာဇ်သည် ကျိယန်ကမ္ဘာတစ်ခုလုံးကို ထိန်းချုပ်ရန် ကိရိယာနှစ်ခုကို လိုအပ်သည်။ ထို့ကြောင့် သူတို့ကို လက်ထပ်ခြင်းမှာ ကျိယန်ကမ္ဘာကို စီမံခန့်ခွဲရန်အတွက် သင့်လျော်သော ဂုဏ်ပုဒ်များ ပေးအပ်ခြင်းမျှသာ ဖြစ်လိမ့်မည်။

ထိုသို့တွေးလျက် နန်းကုန်းချင်ရ မျက်မှောင်အနည်းငယ် ကြုတ်လိုက်မိ၏။ အကယ်၍သာ ထိုအတိုင်းဖြစ်ပါက လုချန်းက သူတော်စင်အဆင့် ကျင့်စဉ်ဟု ခေါ်သော ထိုအဖိုးတန် ကျင့်စဉ်ကို သူတို့နှစ်ဦးထံသို့ အလွယ်တကူ လက်ဆင့်ကမ်းပေးနိုင်ပါ့မလား။

အကယ်၍ လုချန်းအတွက် ကိရိယာနှစ်ခုကိုသာ အမှန်တကယ် လိုအပ်ပါက လုချန်း၏ အမြင်၌ သူမတို့သည် သူ၏ ဇနီးမယားများ မဟုတ်ပေ။ ဆန့်ကျင်ဘက်အနေဖြင့် သူမတို့သည် သူ့အတွက် အစေခံနှစ်ဦးနှင့်သာ ပိုတူနေလိမ့်မည်။

လုချန်းက သူတော်စင်အဆင့် ကျင့်စဉ်ကို သူ၏ အစေခံနှစ်ဦးထံသို့ မည်သို့ လက်ဆင့်ကမ်းပေးနိုင်မည်နည်း။

ဟုတ်ပါသည်။ သူမ အမှန်တကယ် အလေးထားဆုံးအရာမှာ သူတော်စင်အဆင့် ကျင့်စဉ် မဟုတ်ပေ။ နတ်ဆိုးနှင်ကျင့်စဉ်သာ ဖြစ်သည်။

အကယ်၍ လုချန်းထံမှ နတ်ဆိုးနှင်ကျင့်စဉ်ကို ရယူလိုပါက သူမအနေနှင့် မဖြစ်မနေ စတင်လှုပ်ရှားရမည်ဟု နန်းကုန်းချင်ရ သူ့ဘာသာသူ တွေးလိုက်၏။ လုချန်းက သူတို့ကို မက်လုံးပေးနေခြင်းလည်း ဖြစ်နိုင်သည်။ ထိုအဖိုးတန်ကျင့်စဉ်ကို သင်ကြားပေးရန် တကယ် အစီအစဉ် မရှိတာလည်း ဖြစ်နိုင်သည်။

ထိုသို့ တွေးမိလျက် နန်းကုန်းချင်ရ၏ စိတ်နှလုံးထဲတွင် ရဲတင်းသော ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်သည်။

……

တစ်ချိန်တည်းမှာပင်။

လနက်မြို့။

မြို့သခင်စံအိမ်။

ကျိချိုးယု၏ အခန်းထဲ၌ သူမ၏ ညည်းညူသံများ ဆက်လက် ထွက်ပေါ်နေခဲ့သည်။ သို့သော် ပဲ့တင်ထပ်နေသော အသံများ တိတ်ဆိတ်သွားသည်နှင့်အမျှ အခန်းတစ်ခုလုံးသည် တိတ်ဆိတ်မှုသို့ တဖြည်းဖြည်းပြန်လည် ရောက်ရှိသွား၏။

ထိုအခိုက်အတန့်တွင် ကျိချိုးယုသည် လုချန်း၏ ရင်ဘတ်ပေါ်၌ အားအင်ကုန်ခမ်းစွာ လဲလျောင်းနေသည်။ သူမ၏ ရှုပ်ပွနေသော ဆံနွယ်များက ကုတင်တစ်ခုလုံးအနှံ့ ပျံ့ကျဲလျက် ရှိသည်။

လုချန်းက ကျိချိုးယု၏ ပျံ့ကျဲနေသော ဆံပင်များကို ညင်သာစွာ သပ်တင်ပေးလိုက်ရင်း

“မင်း သေချင်သေးလား။”

ဟု ပြုံးလျက် မေးလိုက်သည်။

ထိုမေးခွန်းကို ကြားလိုက်သောအခါ သာယာကြည်နူးမှု၌ နစ်မြောနေဆဲ ဖြစ်သည့် ကျိချိုးယု ရုတ်တရက် သတိပြန်ဝင်လာတော့သည်။

ကျိချို့ယု အနည်းငယ် နားမလည်နိုင် ဖြစ်နေသည်။ အများဆုံး တစ်ရက်ကြာပြီးနောက် လုချန်းက သူမကို သတ်လိမ့်မည်ဟု ထင်မှတ်ခဲ့သည်။ သူက သူမ၏ အပျိုစင်ဘဝကို ရယူသွားပြီးသောကြောင့် သူမထံ၌ တန်ဖိုးတစ်စုံတစ်ရာ မရှိတော့ဟု တွေးခဲ့မိသည်။

သို့သော် ဤလှည့်စားတတ်သော လူလိမ်က သူမကို လဝက်ကျော်တိုင်အောင် လွှတ်မပေးပဲ အကျဉ်းချထားလိမ့်မည်ဟု သူမ လုံးဝ မျှော်လင့်မထားခဲ့ပေ။

ဟုတ်ပါသည်။ သူမ အစာရှောင်နေခဲ့ရသည်။ နှစ်ပေါင်းများစွာ အစာမစား ရေမသောက်ပဲ နေခြင်းမှာ သူမကဲ့သို့ ကျင့်ကြံသူတစ်ဦးအတွက် ပြဿနာမဟုတ်ပေ။ စိတ်ဝိညာဉ် စွမ်းအားကိုသာ စုပ်ယူရန် လိုအပ်၏။

ထို့ကြောင့် လဝက်ကြာ အစာမစား၊ ရေမသောက်ပဲ နေရခြင်းမှာ လုံးဝပြဿနာမဟုတ်ခဲ့။ သို့သော် တကယ့်ပြဿနာမှာ ဤလူယုတ်မာက သူမအပေါ် ထိုအရာကို လဝက်ကြာတိုင်တိုင် ပြုလုပ်နေခဲ့ခြင်း ဖြစ်သည်။

ဒါက သူမအတွက် ယောက်ျားတစ်ဦးနှင့် ပထမဆုံးအကြိမ် ဖြစ်သော်လည်း ဤလူယုတ်မာထံ၌ သူမကို တန်ဖိုးထား မြတ်နိုးရန် ရည်ရွယ်ချက် တစ်စုံတစ်ရာ မရှိခဲ့ပေ။

အမှန်စင်စစ် ဤလူလိမ်၏ အမြင်၌ သူမသည် ကစားစရာတစ်ခုမျှသာ ဖြစ်သည်။ ထိုသို့သော ကစားစရာတစ်ခုကို တန်ဖိုးထား မြတ်နိုးဖို့ ဘာ့ကြောင့် လိုအပ်မည်နည်း။

ကျိချိုးယုက အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး

“ရှင် ဒီလိုလုပ်ရင် ကျွန်မ ရှင့်အပေါ် ချစ်ခင်သွားမယ်လို့ ရှင် ထင်နေတာလား။”

“ရှင် ဒီလိုလုပ်တာက ရှင့်ကို ပိုပြီး သတ်ချင်လာလာ‌စေတယ်။”

လုချန်းက ခပ်ပြုံးပြုံးဖြင့်

“ဒါပေမဲ့ မင်းက ဒီရက်ပိုင်းတွေအတွင်း အဲဒီလို မပြောခဲ့ပါဘူး။”

သူ စကားပြောနေစဉ်တွင် လုချန်းက သူ၏ လက်မောင်းများကို ကျိချိုးယု၏ ခါးတစ်ဝိုက်၌ ရစ်ပတ်လိုက်သည်။ ထို့နောက် သူမ၏ ဆွဲဆောင်မှုရှိသော မျက်လုံးများထဲသို့ စိုက်ကြည့်လိုက်သည်။

“ချစ်သူ။ မင်းက ကိုယ့်ကို ချစ်သူလို့တောင် ခေါ်ပြီးနေပြီ။ ဘာလို့ မင်းက ကိုယ့်ကို အခက်တွေ့အောင် လုပ်နေတုန်းလဲ။”

ကျိချိုးယုက သူမ၏ သွားများကို ပြင်းထန်စွာ ကြိတ်လိုက်ပြီး အော်လိုက်သည်။

“ကျွန်မက အတင်းအကျပ် အလုပ်ခံခဲ့ရတာ။ ကျွန်မက ရှင့်ရဲ့ ကျင့်ကြံဖော် လုံးဝ ဖြစ်လာမှာ မဟုတ်ဘူး။”

လုချန်းက

“ကိုယ်က မင်းကို ကိုယ့်ရဲ့ ကျင့်ကြံဖော် ဖြစ်စေဖို့ ဘယ်တုန်းကမှ ရည်ရွယ်ခဲ့တာ မဟုတ်ဘူး။”

ထိုစကားကို ကြားလိုက်ရသောအခါ ကျိချိုးယု ချက်ချင်း ဆွံ့အသွားသည်။ သူမ၏ ရင်ထဲ၌လည်း ပြင်းထန်သော နာကြည်းမှု လှိုင်းလုံးတစ်ခု ထိုးတက်လာသည်။

အမှန်စင်စစ် ဤလှည့်စားတတ်သော လူ၏ အမြင်၌ သူမသည် ကစားစရာတစ်ခုမျှသာ ဖြစ်သည်။ သူက သူမကို သူ၏ ကျင့်ကြံဖော်ဖြစ်စေရန် ဘယ်သောအခါကမှ ရည်ရွယ်ခဲ့ခြင်း မရှိခဲ့ပေ။ ထိုအရာအားလုံးမှာ လိမ်ညာမှုများသာ ဖြစ်သည်။

အစကတည်းက ကြိုတင်ကြံစည်မှု သက်သက်သာ ဖြစ်ခဲ့သည်။

ကျိချိုးယု ထိုသို့ ခါးသီးစွာ တွေးနေစဉ် လုချန်းက

“ကျင့်ကြံဖော်နဲ့ ချစ်သူကြားမှာ ကွာခြားချက် ရှိတယ်။ ကိုယ့်မျက်လုံးထဲမှာတော့ မင်းက ကိုယ့်ရဲ့ ချစ်သူ။ ကိုယ့်ရဲ့ ကျင့်ကြံဖော် မဟုတ်ဘူး။”

“ကျင့်ကြံဖော် ဆိုတာက စုံတွဲကျင့်စဉ် ကျင့်ကြံဖို့အတွက်ပဲ။ ဒါပေမဲ့ ကိုယ် မင်းကို လက်ထပ်ခဲ့တာက စုံတွဲကျင့်စဉ် ကျင့်ဖို့ မဟုတ်ဘူး။ ကိုယ်က မင်းကို တကယ် သဘောကျလို့။”

ကျိချိုးယု တစ်ခဏမျှ ဆွံ့အနေခဲ့သော်လည်းလျင်မြန်စွာ ပြန်လည် သတိဝင်လာသည်။ ထို့နောက် သူမ၏ မျက်လုံးများကို တင်းကျပ်စွာ မှိတ်ထားလိုက်ကာ ခေါင်းထဲမှ နားမလည်နိုင်မှုများကို ဖယ်ထုတ်လိုက်ပြီးနောက် လုချန်းကို ပြင်းထန်စွာ စိုက်ကြည့်လျက်

“ စကားချိုချိုတွေ ပြောနေတာက အလကားပဲ။ ရှင် ဘာပဲပြောပြော ရှင် ကျွန်မကို အတင်းအကျပ် လုပ်ခဲ့တယ်ဆိုတဲ့ အချက်ကို ပြောင်းလဲပစ်လို့ မရဘူး။”

လုချန်းလည်း ထိုအကြောင်းအရာအပေါ် ဆက်လက် မဆွေးနွေးတော့ပဲ

“စကားမစပ်။ ကိုယ့်မှာ မင်းအတွက် သတင်းကောင်းတစ်ခု ရှိတယ်။”

ဟု အကြောင်းအရာ လွှဲလိုက်သည်။

လုချန်းက စကားလမ်းကြောင်းကို ရုတ်တရက် ပြောင်းလိုက်သည်ကို မြင်သောအခါ ကျိချိုးယုက နှာခေါင်းရှုံ့လိုက်ပြီး

“ရှင့်မှာ ဘယ်လို သတင်းကောင်းမျိုး ရှိနိုင်မှာမို့လို့လဲ။”

လုချန်းက

“နန်းကုန်းယွဲ့ဟွာနဲ့ သွေးသက်တံရဲတိုက်က နန်းကုန်းချင်ရတို့က ကိုယ်နဲ့ ပူးပေါင်းဖို့ စီစဉ်နေကြပြီ။”

ဒါက...

ကျိချိုးယု လုံးဝ မှင်တက်သွား၏။

နန်းကုန်းယွဲ့ဟွာနှင့် နန်းကုန်းချင်ရတို့က ဤနယ်ခြားမှ ကျူးကျော်သူ လုချန်းနှင့် ပူးပေါင်းရန် ရွေးချယ်လိမ့်မည်ဟူသော အချက်က သူမအတွက် ယုံကြည်ရန်ခက်ခဲလှသည်။

ဥပဒေနိယာမ အလုံးစုံအဆင့်သို့ ရောက်ရှိနေပြီဖြစ်သော သူတို့၏ ကျင့်ကြံမှု အင်အားဖြင့် ကမ္ဘာဖြတ်ကျော် လမ်းကြောင်းတစ်ခုကို သေချာပေါက် တည်ဆောက်နိုင်သည်။ ထို့နောက် ဤကမ္ဘာမှ လွတ်လပ်စွာ ထွက်ခွာသွားနိုင်စွမ်း ရှိသည်။

ထိုသို့ဖြစ်ပါလျက် သူတို့အတွက် ဤနယ်ခြားမှ ကျူးကျော်သူ လုချန်းထံ၌ ခိုလှုံရန် အဘယ်ကြောင့် လိုအပ်မည်နည်း။

ထို့ပြင် လုချန်းက သူမ၏ ကုတင်ပေါ်၌ လဝက်ကျော်ကြာတိုင်အောင် ရှိနေခဲ့သည် မဟုတ်ပါလား။ နန်းကုန်းယွဲ့ဟွာနှင့် နန်းကုန်းချင်ရတို့က သူနှင့် ပူးပေါင်းရန် စီစဉ်နေကြသည်ကို သူက မည်သို့ သိနိုင်မည်နည်း။

ခဏ...

လုချန်းမှာ ရုပ်သေးတွေ ရှိသေးတယ်...

လုချန်းသည် သူ၏ ရုပ်သေးများကို ထိန်းချုပ်ခြင်းဖြင့် ပြင်ပကမ္ဘာနှင့် အဆက်မပြတ် ဆက်ဆံနေနိုင်သည်ဟု ကျိချိုးယုက ချက်ချင်း တွေးလိုက်မိသည်။

ထိုအချက်ကို သဘောပေါက်သွားသောအခါ မနှစ်မြို့ဖွယ် သံသယအချို့ ကျိချိုးယု၏ စိတ်ထဲတွင် ပေါ်ပေါက်လာခဲ့သည်။

လုချန်း၏ ရုပ်သေး သူမနှင့်အတူ ရှိနေစဉ် အချိန်များက သူ၏ ပင်မခန္ဓာကိုယ်ကအခြား အမျိုးသမီးတစ်ဦးဦး၏ ကုတင်ပေါ်၌ ဤသို့ ရှုပ်ရှက်ခတ်နေခဲ့ခြင်း ဖြစ်နိုင်ပါသလား။

ထိုအချက်ကို တွေးမိသောအခါ ကျိချိုးယု၏ မျက်နှာပို၍ပင် ညိုမှိုင်းသွားသည်။

ဤလူ၏ ရုပ်သေးခန္ဓာက သူမနှင့် အတူရှိစဉ်တစ်နေ့လုံး ကုတင်ပေါ်တွင် လဲလျောင်းနေတတ်ပြီး ထူးဆန်းသော အသံများကို မကြာခဏ ပြုလုပ်တတ်ခြင်းက ယခု အံ့ဩစရာ မရှိတော့ပေ။

အချိန်တိုင်း ဤလူက သူ၏ ပင်မခန္ဓာကိုယ် အဆင့်တက်နေသောကြောင့် ရုပ်သေးကို ထိန်းချုပ်ရန် စိတ်အာရုံမရှိဟု ဆင်ခြေပေးတတ်သည်။ တကယ်တမ်းတော့ သူက အခြားတစ်နေရာတွင် အဲ့ဒီလို ကိစ္စမျိုးကို လုပ်နေခဲ့တာပဲ...

ဒီ လူလိမ်။

သူ့ပါးစပ်က အမှန်တရား တစ်ခွန်းတောင် ဘယ်တော့မှ မပြော‌ပေ။

ကျိချိုးယုက သူ့ကို ပြင်းထန်စွာ စိုက်ကြည့်နေဆဲဖြစ်သည်ကို မြင်သောအခါ လုချန်းက

“ဘာလဲ မင်း မယုံဘူးလား။”

ဟု ပြုံးလျက် မေးလိုက်သည်။

ကျိချိုးယုက ထိုမေးခွန်းကို ပြန်မဖြေပဲ

“ရှင် ကျွန်မနဲ့ အတူ အဲဒါတွေ လုပ်နေတုန်းက ကျိရှောင်နိုင်ငံတော်မှာလည်း ရုပ်သေးတစ်ခုကို ထိန်းချုပ်နေခဲ့တာလား။”

ဟု အေးစက်စွာ ပြန်မေးလိုက်သည်။

လုချန်းက များများစားစား မတွေးပဲ

“ဟုတ်တယ်။”

ထို့နောက် ကျိချိုးယုက

“ဒါဆို အဓိပ္ပာယ်က ရှင့်ရဲ့ ရုပ်သေး ကျွန်မနဲ့ အတူရှိနေတုန်းမှာ ရှင့်ရဲ့ ပင်မခန္ဓာကိုယ်က မိန်းမတစ်ယောက်ရဲ့ ကုတင်ပေါ်မှာ ရှိနေနိုင်ခဲ့တာပေါ့။”

ဒါက...

ကျိချိုးယု ထိုကောက်ချက်သို့ ဤမျှလျင်မြန်စွာ တန်းပြီး ခုန်ကူးသွားလိမ့်မည်ဟု လုချန်း မျှော်လင့်မထားခဲ့ပေ။

All Chapters