← Chapters

နန်းကုန်းယွဲ့ဟွာ ရောက်ရှိလာခြင်း

Vol. 74 Ch. 1105

နန်းကုန်းယွဲ့ဟွာ ရောက်ရှိလာခြင်း

Vol. 74 Ch. 1105

နန်းကုန်းယွဲ့ဟွာသည် အဆောင်ဝင်းအတွင်းသို့ ဝင်ရောက်လာပြီးနောက် အဆောင်ငယ်တစ်ခုထဲတွင် ငြိမ်သက်စွာ ထိုင်နေလိုက်သည်။ ထိုအခိုက်အတန့်မှာပင် ကျိချိုးယုလည်း ဆောင်အတွင်းသို့ ဝင်ရောက်လာခဲ့သည်။

နန်းကုန်းယွဲ့ဟွာကို ထိုနေရာတွင် မြင်တွေ့လိုက်ရသောအခါ ကျိချိုးယုသည် ခဏခန့် အံ့အားသင့်သွားခဲ့သည်။ တစ်လနီးပါး ကြာမြင့်ခဲ့ပြီ ဖြစ်သဖြင့် အရာအားလုံး ပြီးဆုံးလောက်ပြီဟု သူမ ထင်မှတ်ခဲ့မိ သောကြောင့် အခြေအနေကို လာရောက်ကြည့်ရှုခဲ့ခြင်း ဖြစ်သည်။ သို့သော် ဤနေရာတွင် အခြား အမျိုးသမီးတစ်ဦး ရောက်ရှိနေလိမ့်မည်ဟု သူမ လုံးဝ မမျှော်လင့်ထားခဲ့ပေ။

ကျိချိုးယု သူမဘာသာ သက်ပြင်း ခပ်ဖွဖွ ချလိုက်မိသည်။ သူမ လူတွေကို အထင်မှားခဲ့မိလေပြီ။ လုချန်းကို တကယ့် ကျင့်ကြံသူစစ်စစ်တစ်ဦးဟု သူမ ထင်မှတ်ခဲ့သော်လည်း ယခုမူ သူသည် ကာမဂုဏ် လိုက်စားသူသက်သက်သာ ဖြစ်ကြောင်း တွေ့ရှိခဲ့ရသည်။

သို့သော် ဤအကြောင်းကို ယခုအချိန်မှ စဉ်းစားနေခြင်းက အသုံးမဝင်တော့ပေ။ အကြောင်းမှာ သူမသည်လည်း သူ၏ မိန်းမ ဖြစ်သွားခဲ့ပြီ ဖြစ်သောကြောင့်ဖြစ်သည်။

ကျိချိုးယုသည် အဆောင်ငယ်ထဲသို့ ဖြည်းညင်းစွာ လျှောက်လှမ်းဝင်ရောက်လာပြီး နန်းကုန်းယွဲ့ဟွာကို

“ဧကရီကို ဂါရဝပြုပါတယ်”

နန်းကုန်းယွဲ့ဟွာက ကျိချိုးယုကို တစ်ချက် ကြည့်လိုက်သည်။ သူမသည် ယင်ယန်အဆင့်သို့ တက်လှမ်းသွားခဲ့ပြီးဖြစ်ကာ သန့်ရှင်းသော အလင်းရောင်များပင် ထုတ်လွှတ်နေခဲ့သည်။ ထို့ပြင် သူမ၏ အငွေ့အသက်သည် ယခင်ကထက် ပိုမို ကြည်လင် သိမ်မွေ့လာသည်ကိုလည်း နန်းကုန်းယွဲ့ဟွာ သတိပြုမိလိုက်သည်။

ကျိချိုးယုသည်လည်း လုချန်း၏ မိန်းမ ဖြစ်သွားခဲ့လောက်ပြီ ဖြစ်ကြောင်း နန်းကုန်းယွဲ့ဟွာ ချက်ချင်း သဘောပေါက်လိုက်သည်။ လုချန်း လနက်မြို့သို့ ပထမဆုံး ရောက်ရှိလာစဉ်ကတည်း ကျိချိုးယုနှင့် အတူ ရှိနေခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် သူမက အခွင့်အရေးကို အလျင်ဦးစွာ အရယူသွားခဲ့ခြင်း ဖြစ်ပေမည်။

နန်းကုန်းယွဲ့ဟွာက အေးဆေးစွာဖြင့်

“ကျိရှောင်နိုင်ငံတော်က ဆွမ်ဧကရာဇ်ဆီမှာ လက်နက်ချပြီးသားပါ။ ဒီအချိန်ကစပြီး ကျွန်မက ကျိရှောင်နိုင်ငံတော်ရဲ့ ဧကရီ မဟုတ်တော့ပါဘူး။ ရှင် ကျွန်မကို ဒီလို ထုံးတမ်းတွေ လုပ်ပေးစရာ မလိုပါဘူး။”

ကျိချိုးယုက တစ်စုံတစ်ခု ပြောတော့မည် အပြုတွင် လက်ဖက်ရည်အိုးတစ်လုံးဖြင့် ပိုင်ချင်းချင်း အဆောင်ငယ်ထဲသို့ ဝင်ရောက်လာခဲ့သည်။ သူမက ကျိချိုးယုနှင့် နန်းကုန်းယွဲ့ဟွာ နှစ်ဦးလုံးအတွက် လက်ဖက်ရည် ငှဲ့ပေးလိုက်ပြီးနောက်

“ကျိဧကရာဇ်က နေ့စဉ် အရေးကိစ္စပေါင်းများစွာကို စီမံခန့်ခွဲနေရတဲ့ ကြားထဲက အခု လနက်မြို့ကို ဘာကိစ္စ ရှိလို့ ကြွရောက်လာတာပါလဲလို့ မင်းကြီးက မေးခိုင်းလိုက်ပါတယ်။”

နန်းကုန်းယွဲ့ဟွာက ရွှေနက်သံချပ်ဝတ်စုံ ဝတ်ဆင်ထားသော ထိုအစေခံကို နောက်တစ်ကြိမ် ကြည့်လိုက်မိသည်။ ထိုအမျိုးသမီးသည် အေးစက်သော အမူအရာ ရှိလင့်ကစား ရင်သပ်ရှုမောဖွယ် လှပနေပြီး အေးစက်သော နတ်သမီးတစ်ပါးကဲ့သို့ တည်ရှိနေသည်။ ထိုသို့သော ပုဂ္ဂိုလ်မျိုးက ဆွမ်ဧကရာဇ် လက်အောက်တွင် အစေခံတစ်ဦးမျှသာ ဖြစ်နေတာလားဟု သူမ ချက်ချင်း တွေးမိလိုက်သည်။

ပိုင်ချင်းချင်းကို တစ်ချက် ကြည့်ပြီးနောက် နန်းကုန်းယွဲ့ဟွာက တွန့်ဆုတ်မနေပဲ

“ကျွန်မရဲ့ ထိန်းလို့မနိုင်တဲ့ ညီမ လနက်မြို့ကို ရောက်လာတယ်လို့ ကြားလို့ပါ။ သူ မင်းကြီးကို ဒုက္ခမပေးအောင် တားဆီးနိုင်မလားလို့ လာကြည့်တာပါ။”

နန်းကုန်းယွဲ့ဟွာ စကားဆုံးသည်နှင့် လုချန်း၏ အသံ အခန်းထဲမှ တိုက်ရိုက် ထွက်ပေါ်လာခဲ့သည်။

“အင်း... ကျိဧကရီ စိတ်ပူစရာ မလိုပါဘူး။ ခင်ဗျားရဲ့ ညီမက အရမ်း သိတတ်ပြီး ကျွန်တော့်ကို ဘာဒုက္ခမှ မပေးပါဘူး”။

ထိုအခိုက်တွင် ကုတင်ပေါ်၌ လဲလျောင်းနေသော နန်းကုန်းချင်ရလည်း အပြင်မှ နန်းကုန်းယွဲ့ဟွာ၏ အသံကို နားထောင်ရင်း အောင်နိုင်သူတစ်ယောက်ကဲ့သို့ ခံစားလိုက်ရသည်။ လနက်မြို့သို့ သူမသဘောဖြင့် ဆွမ်ဧကရာဇ်ကို ရှာဖွေရန် ရောက်လာခဲ့ခြင်းအတွက် သူမ ပိုမို ထက်မြက်ခဲ့သည်ဟု တွေးလိုက်မိသည်။

နန်းကုန်းယွဲ့ဟွာလည်း ရောက်ရှိလာခဲ့တာ မှန်သော်လည်း သူမထက် နောက်ကျမှ ရောက်လာခဲ့ခြင်း ဖြစ်သည်။

သို့သော်...

ထိုအခိုက်တွင် နန်းကုန်းချင်ရ သူမ၏ ဦးခေါင်းကို အနည်းငယ် လှည့်လိုက်သည်။ သူမ၏ မျက်လုံးများက မျက်ရည်များဆိုင်းလျက် ထိုအာဏာရှင်ကို ပြန်ကြည့်လိုက်မိသည်။ သူမသည် ဤကိစ္စတွင် နှစ်ခြိုက်နေသော်လည်း သူမ၏ စိတ်အာရုံများ ပို၍ပို၍ မှုန်ဝါးလာသည်ကို ထင်ထင်ရှားရှား ခံစားနေရသည်။ ဤအတိုင်းသာ ဆက်သွားပါက သူမ၏ စိတ်ဓာတ်များ လုံးဝ ကျိုးကြေသွားနိုင်သည်။

နန်းကုန်းချင်ရ၏ သနားစဖွယ် အခြေအနေကို မြင်သောအခါ လုချန်း၏ အတွင်းမှ တပ်မက်မှု မီးတောက်များ ပြန်လည် တောက်လောင်လာခဲ့သည်။ ထို့နောက် သူ၏ လှုပ်ရှားမှုများကို ပြန်လည် စတင်လိုက်တော့သည်။

နန်းကုန်းယွဲ့ဟွာ စကားဆက်ပြောတော့မည် အပြုတွင် အခန်းတွင်းမှ နန်းကုန်းချင်ရ၏ ငိုညည်းသံကို ရုတ်တရက် ကြားလိုက်ရသည်။

ဤအခိုက်အတန့်တွင် နန်းကုန်းယွဲ့ဟွာ အလွန် အနေရခက်သွားသည်။ သူမ ဘာလုပ်ရမှန်း မသိတော့ပဲ ထိုနေရာမှာပင် ကြောင်ငေးနေမိသည်။ သူမကိုယ်တိုင်လည်း မိမိကိုယ်ကို ပေးအပ်ရန် ဆုံးဖြတ်ထားခဲ့ပြီး ဖြစ်သည်။ သို့သော် နန်းကုန်းချင်ရက လုချန်း၏ အခန်းထဲတွင် ရှိနေတုန်းပင်။

သူမ ဤအချိန်တွင် ဝင်သွား၍ လုံးဝ မဖြစ်နိုင်ပေ။

သို့သော် ဤနေရာတွင် ဆက်လက် ရပ်နေခြင်းကလည်း မသင့်တော်ဟု ထင်ရသည်။ သူမ ဘာလုပ်နိုင်မည်နည်း။ ဤနေရာတွင် ရပ်ပြီး သူတို့၏ ငိုညည်းသံများကို နားထောင်နေရမှာလား။

အချိန်မည်မျှ သွားသည်မသိ နောက်ဆုံးတွင် လုချန်း၏ သက်ပြင်းချလိုက်သံကို နန်းကုန်းယွဲ့ဟွာ ကြားလိုက်ရသည်ဟု ထင်မိသည်။ ထို့နောက် သူ၏ အသံ ထပ်မံ ထွက်ပေါ်လာသည်။

“ကျိဧကရီမှာ တခြား ကိစ္စ မရှိဘူးဆိုရင် လောလောဆယ် ပြန်သွားသင့်ပါတယ်”

ထိုစကားကို ကြားလိုက်ရသောအခါ နန်းကုန်းယွဲ့ဟွာ အံ့အားသင့်သွားသည်။

ပြန်သွားရမည်လား။

ထိုသို့ မဖြစ်နိုင်ပေ။

သူမ ဤနေရာသို့ လာခဲ့ခြင်းမှာ မိမိကိုယ်ကို ပေးအပ်ပြီးနောက် လုချန်း ပြောကြားခဲ့သော သူတော်စင်အဆင့် ကျင့်စဉ်ကို လက်ခံရယူရန် ဖြစ်သည်။ ယခု သူမ ဘာမှ မရသေးပဲ ဤအတိုင်း ပြန်သွားရမည်ဆိုလျှင် နန်းကုန်းချင်ရကို အာဏာ တက်လာနိုင်မည့် အခွင့်အရေး ပေးအပ်လိုက်ရုံသာမက အနာဂတ်တွင် ကျိယန်ကမ္ဘာတစ်ခုလုံးကိုပင် သူမ ထိန်းချုပ်သွားနိုင်ဖွယ် ရှိသည်။

နန်းကုန်းယွဲ့ဟွာ၏ မျက်ခုံးများ အနည်းငယ် တွန့်သွားသည်။ ထို့နောက်မှ သူမက

“မင်းကြီး။ ကျိရှောင်နိုင်ငံတော်ရဲ့ လက်နက်ချ စာရွက်စာတမ်းတွေကို ရေးဆွဲပြီးပါပြီ။ ရက်အနည်းငယ်အတွင်း တစ်စုံတစ်ယောက်က လာပို့ပါလိမ့်မယ်။ အခု ကျွန်မ မင်းကြီးနဲ့ မဟာမိတ် ဖွဲ့ပြီးပြီဆိုတော့ ကျွန်မက ကျိဧကရီ မဟုတ်တော့ပဲ မင်းကြီးရဲ့ မိန်းမ ဖြစ်နေပါပြီ။”

“မင်းကြီးရဲ့ မိန်းမ ဖြစ်တဲ့အတွက် ကျွန်မက သဘာဝအတိုင်း မင်းကြီးရဲ့ ဘေးမှာ နေပြီး အလုပ်အကျွေး ပြုသင့်ပါတယ်”။

ဒါပ...

နန်းကုန်းယွဲ့ဟွာ ဤမျှ တက်ကြွနေသည်ကို မြင်သောအခါ လုချန်းလည်း သူမ၏ ရည်ရွယ်ချက်များကို ချက်ချင်း ခန့်မှန်းမိလိုက်သည်။ နန်းကုန်းယွဲ့ဟွာနှင့် နန်းကုန်းချင်ရ နှစ်ဦးစလုံးသည် သူ့ထံမှ ကျင့်စဉ်ကို အလျင်အမြန် ရယူလိုကြပုံ ပေါ်သည်။

၎င်းမှာ ကျင့်ကြံသူများသည် ကျင့်ကြံခြင်းဆိုင်ရာ အရင်းအမြစ်များအတွက် သူတို့၏ ခန္ဓာကိုယ်ကို အခြားသူများထံ ပေးအပ်ရန်ပင် ဝန်မလေးကြသည့် ကျင့်စဉ်လောက၏ သဘာဝတရားပင် ဖြစ်သည်။

နန်းကုန်းယွဲ့ဟွာကိုပါ ပါဝင်စေသင့် မသင့် လုချန်း စဉ်းစားနေစဉ်မှာပင် နန်းကုန်းချင်ရက သူမ၏ ဦးခေါင်းကို လုချန်းထံသို့ အားယူ လှည့်ကာ အားနည်းသော အသံဖြင့်

“မင်းကြီး။ သူ့ကိုပဲ အလုပ်အကျွေး ပြုစုခိုင်းလိုက်ပါ။ ကျွန်မ... ကျွန်မ မခံနိုင်တော့ဘူး။”

သူ လနက်မြို့တွင် အတော်ကြာအောင် နေထိုင်ခဲ့ပြီးဖြစ်ကြောင်း လုချန်း ပြန်စဉ်းစားလိုက်မိသည်။ ယခု ကျိယန်ကမ္ဘာ တစ်ခုလုံးကို စုစည်းဖို့ အချိန်တန်ပြီ ဖြစ်သည်။

ထို့နောက် သူ ဖြည်းညှင်းစွာ ထလိုက်သည်။ ပြီးမှ အပြင်မှ နန်းကုန်းယွဲ့ဟွာကို

“ကောင်းပြီ။ ဒါဆို ခင်ဗျား ဆက်နေပါ။ ပိုင်။

သူ့အတွက် အခန်းတစ်ခန်း ရှာပေးလိုက်။”

ပိုင်ချင်းချင်းက

“ဟုတ်ကဲ့ပါ မင်းကြီး”

ထို့နောက် ပိုင်ချင်းချင်းက နန်းကုန်းယွဲ့ဟွာကို

“ကျေးဇူးပြုပြီး ကျွန်မနောက် လိုက်ခဲ့ပါ”

နန်းကုန်းယွဲ့ဟွာလည်း ထို‌နေရာတွင် ဆက်မနေတော့ပေ။ နန်းကုန်းချင်ရ၏ ငိုညည်းသံများကို သူမ ဆက်လက် နားမထောင်လိုတော့‌ပေ။ ထို့ကြောင့် ပိုင်ချင်းချင်းနောက်သို့ သာ တွန့်ဆုတ်မှု မရှိပဲ လိုက်ပါသွားခဲ့သည်။

အိပ်ရာမှ ထပြီးနောက် လုချန်း ကိုယ်လက် သန့်စင်လိုက်သည်။ ထို့နောက် စစ်ရေး အစည်းအဝေးတစ်ခုခေါ်ရန် သူ၏ စာကြည့်ခန်းသို့ တန်းတန်းမတ်မတ် သွားခဲ့သည်။ သူတို့ ချူးနိုင်ငံတော်၏ နေပြည်တော်သို့ ချီတက်ရန် ပြင်ဆင်နေခြင်း ဖြစ်သည်။

စစ်သူကြီးများ ရောက်ရှိလာသည်ကို လုချန်း စောင့်ဆိုင်းနေစဉ် စနစ် ၏ အသိပေးချက်များကို ဖွင့်ကြည့်လိုက်သည်။

ပြီးခဲ့သည့်တစ်ကြိမ် သူ ကျိချိုးယု၏ အပျိုစင်ဘဝကို ရယူခဲ့စဉ်က စနစ်၏ ဆုလာဘ်များ ရရှိခဲ့သည်။ ထိုစဉ်က သူ ခဏခန့် ကြည့်လိုက်ရာ ကျင့်စဉ် ဆုလာဘ်တစ်ခု ဖြစ်သည်ကို တွေ့ခဲ့ရသည်။ သို့သော် ထိုဆုကို များစွာ အာရုံမစိုက်မိပဲ သူ၏ စွမ်းအင်အားလုံးကို ကျိချိုးယုကို ကိုင်တွယ်ရန်သာ အာရုံစိုက်ထားခဲ့သည်။ ထို့ကြောင့် အခန်းမှ ထွက်ခွာခဲ့သောအခါ စနစ်၏ ဆုလာဘ်များ ရှိနေသည်ကို သူ လုံးဝ မေ့လျော့နေခဲ့သည်။

စနစ်၏ သတိပေးချက်များကို ဖွင့်လိုက်သောအခါ စာသား နှစ်ခု လုချန်း၏ မျက်စိရှေ့တွင် ပေါ်လာခဲ့သည်။

[ ဇနီးတစ်ဦး ရရှိခဲ့သောကြောင့် ကောင်းကင်အဆင့် ကျင့်စဉ်ဖြစ်သည့်

ကောင်းကင်မိုးကြိုးကျင့်စဉ်ကို ချီးမြှင့်ပါသည်။]

[ဇနီးတစ်ဦး ရရှိခဲ့သောကြောင့် ကောင်းကင်အဆင့် ကျင့်စဉ်စွမ်းရည် ဖရိုဖရဲနတ်ဆိုးသတ်ကျင့်စဉ်ကို ချီးမြှင့်ပါသည်။]

လုချန်း ထိုကျင့်စဉ်နှစ်ခုကို ချက်ချင်း ခေါ်ထုတ်လိုက်ရာ နောက်တစ်ခဏတွင် ၎င်းတို့၏ အကြောင်းအရာများ လုချန်း၏ စိတ်ထဲတွင် အလိုအလျောက် ပေါ်လာခဲ့သည်။

လုချန်းလည်း ၎င်းတို့ကို ချက်ချင်း ကျင့်ကြံကြည့်လိုက်သည်။ မိုးကြိုးဓာတ် စိတ်ဝိညာဉ် စွမ်းအားက သူ၏ ခန္ဓာကိုယ်ကို ဖြတ်သန်း စီးဆင်းသွားစဉ် သူ၏ ခန္ဓာကိုယ်ထဲရှိ ဆဲလ်များအားလုံး ပြန်လည် နုပျိုလာသကဲ့သို့ ခံစားလိုက်ရသည်။ ထို့ပြင် သူ၏ စိတ်ဝိညာဉ် စွမ်းအင် စုပ်ယူမှုနှုန်းလည်း ပိုမြန်လာခဲ့သည်။

နောက်တစ်ခဏတွင် လုချန်း၏ လက်ချောင်းထိပ်များမှ လျှပ်စီးတန်းတစ်ခု မြေကြီးဆီသို့ ပစ်လွှတ်လိုက်သည်။ ၎င်းက ကြမ်းပြင်တွင် ကြီးမားသော တွင်းကြီးတစ်ခု ချက်ချင်း ဖြစ်သွားစေပြီး စာကြည့်ခန်းတစ်ခုလုံး ဖုန်များဖြင့် ဖုံးလွှမ်းသွားခဲ့သည်။

လုချန်းလည်း အခန်းထဲရှိ ဖုန်မှုန့်အားလုံးကို ရှင်းလင်းရန် သူ၏ လက်ကို လျင်မြန်စွာ ဝှေ့ယမ်းလိုက်ရသည်။

ထိုအချိန်တွင် သူ၏ အာရုံသည် ဖရိုဖရဲနတ်ဆိုးသတ်ကျင့်စဉ်ထံသို့ ပြန်လည် ရောက်ရှိသွားသည်။ ၎င်းသည် နတ်ဆိုးမြေမြုပ်ကျင့်စဉ်နှင့် တူညီမှုများစွာ ရှိနေသည်ကို သူတွေ့ရှိခဲ့ရသည်။ အမှန်ဆိုရလျှင် နတ်ဆိုးမြေမြုပ်ကျင့်စဉ်၏ အကြောင်းအရာ တစ်ခုလုံးနီးပါး ထိုကျင့်စဉ်ထဲတွင် ပါဝင်နေသည်။

ဖရိုဖရဲနတ်ဆိုးသတ်ကျင့်စဉ်သည် နတ်ဆိုးမြေမြုပ်ကျင့်စဉ်၏ အဆင့်မြင့် ပုံစံတစ်ခုဟု ဆိုနိုင်သည်။

မြေအဆင့် နတ်ဆိုးမြေမြုပ်ကျင့်စဉ်ကပင် နတ်ဆိုးကျင့်ကြံသူများအပေါ် ဤမျှ ပြင်းထန်သော ဖိနှိပ်မှု ရှိခဲ့လျှင် ကောင်းကင်အဆင့် ဖရိုဖရဲနတ်ဆိုးသတ်ကျင့်စဉ်က မည်သို့ဖြစ်မည်နည်း။ ထိုကျင့်စဉ်ဖြင့် အနာဂတ်တွင် ကောင်းကင်နတ်ဆိုးများနှင့် နတ်ဆိုးကျင့်ကြံသူများကို ပို၍ပင် ပြင်းထန်စွာ ထိန်းချုပ်နိုင်မည် မှာလားဟု လုချန်း သူ့ဘာသာ တွေးလိုက်မိသည်။

ထို နတ်ဆိုးကျင့်ကြံသူများနှင့် ကောင်းကင်နတ်ဆိုးများသည် သူ့ကို ဒုက္ခမပေးမီ နှစ်ခါ ပြန်စဉ်းစားသင့်ပေသည်။

ထိုသို့ စဉ်းစားမိလျက် ဖရိုဖရဲနတ်ဆိုးသတ်ကျင့်စဉ်ကို နောက်တစ်ကြိမ် ထပ်မံ ကျင့်ကြံကြည့်လိုက်သည်။ ခဏအကြာတွင် ရှနိုင်ငံတော်၏ ဗိုလ်ချုပ်များ စာကြည့်ခန်းသို့ ရောက်ရှိလာကြသောအခါမှ သူတို့ကို စစ်ရေးတာဝန်များ ခွဲဝေပေးရန် ကျင့်ကြံခြင်းကို ချက်ချင်း ရပ်တန့်လိုက်သည်။

All Chapters