← Chapters

ငါလက်စားချေမလို့

Vol. 1 Ch. 130

ငါလက်စားချေမလို့

Vol. 1 Ch. 130

"ဝှစ်"

အုပ်ချုပ်သူ တံဆိပ်တုံးသည် နိမ့်ဆင်း လာနေသည်။ တံဆိပ်တုံးသည် နီးကပ်လာသော အခါ ကျန်းရီ၏ ကိုယ်သည်လည်း ဖိအားကို တောင့်မခံ ထားနိုင်တော့ဘဲ မြေပြင်ပေါ် လဲကျသွားခဲ့သည်။

ထိုအချိန်တွင် ကျန်းရီ၏ လက်တစ်ဖက်မှ အနီရောင် အလင်းများ တောက်ပ လာခဲ့သည်။ သိပ်သည်းလှသော အပူစွမ်းအားသည် ပတ်ဝန်းကျင်သို့ ပျံ့နှံ့လာသည်။ အုပ်ချုပ်သူ တံဆိပ်တုံး၏ ဖိအားကြောင့် လူများ မသေနိုင်ခင်မှာပင် ကြောက်စရာ အပူချိန်ကြောင့် လူအချို့ လောင်ကျွမ်း ကုန်ကြပြီ ဖြစ်လေသည်။

"မီးဝိညာဉ် ကျောက်တုံးလေး ... အဲဒီ အုပ်ချုပ်သူ တံဆိပ်တုံးကို ဖျက်စီးလိုက်"

ကျန်းရီ၏ ကိုယ်မှ အနက်ရောင် အတွင်းအားမျညး ထွက်ပေါ်လာခဲ့သည်။ သူသည် မီးဝိညာဉ် ကျောက်တုံး ထွက်ပေါ်လာသည်နှင့် ဆုပ်ကိုင်ကာ အားကုန် ပစ်မြှောက်လိုက်သည်။ မီးဝိညာဉ် ကျောက်တုံးသည် အုပ်ချုပ်သူ တံဆိပ်တုံး၏ ဖိအားကို ဆန့်ကျင်၍ အပေါ်သို့ တက်သွားခဲ့သည်။

မီးဝိညာဉ် ကျောက်တုံးသည် ကောင်းကင် ဧကရာဇ်၏ အုတ်ဂူရှိ တားမြစ် အစီအရင်များကို အလွယ်တကူ လောင်ကျွမ်းနိုင်သည် ... ကောင်းကင်အဆင့် သို့မဟုတ် နတ်ဘုရား အဆင့် ဖြစ်မည် ဖြစ်သော ကျောက်စိမ်း လှေလေးတောင် မကျန်ပေ။ ထို့ကြောင့် ဤအုပ်ချုပ်သူ တံဆိပ်တုံးအား အသာလေး ဖျက်စီး လိုက်နိုင်မည်ဟု ကျန်းရီ ခန့်မှန်းထားခဲ့သည်။

ကျန်းရီ မှန်သွားခဲ့သည်။ မီးဝိညာဉ် ကျောက်တုံးသည် တံဆိပ်တုံးအား ထိသွားသည်နှင့် အစိမ်းရောင် မီးတောက်များ ထွက်ပေါ်လာခဲ့သည်။ ပစ္စည်းနှစ်ခု တွေ့ဆုံသွားသော အခါ အုပ်ချုပ်သူ တံဆိပ်တုံးမှ ရွှေရောင် အလင်းများ မှိန်ဖျော့ သွားခဲ့ပြီး အမြန်နှုန်းနှင့် ဖိအားများပါ လျော့ကျသွားခဲ့သည်။ တံဆိပ်တုံး၏ အရွယ်အစားသည် မူလလက်သီးဆုပ် အရွယ်သို့ ပြန်ရောက်သွားပြီး အလင်းရောင်များ လုံးဝ ပျောက်ကွယ် သွားခဲ့သည်။ တံဆိပ်တုံး၏ အောက်ခြေတွင် အပေါက်တစ်ခုက ထင်ရှားစွာ နေရာ ယူထားခဲ့ပေသည်။

"ဟမ်"

လူတိုင်းသည် ဆွံ့အ သွားကြသည်။ သူတို့သည် သေရန်အတွက် ပြင်ဆင် ထားကြပြီး ဖြစ်သော်လည်း ကျန်းရီသည် တံဆိပ်တုံးငယ်အား အလွယ်တကူ ဖမ်းယူ လိုက်သည်ကိုသာ မြင်လိုက် ကြရသည်။ လွန်ခဲ့သော မိနစ်ပိုင်းလေးတွင် ကျန်းရီ၏ လှုပ်ရှားမှုများသည် အလွန် မြန်ဆန်ခဲ့သည်။ လူတိုင်းသည် အလွန်ပူပြင်းသော တည်ရှိမှုတစ်မျိုးကို ခံစားလိုက်ရပြီး လေထဲမှ တံဆိပ်တုံးကြီးသည် ရုတ်တရက် ပျောက်ကွယ် သွားခဲ့သည်။ သူတို့ထံ သက်ရောက်နေသော ကောင်းကင်နှင့် မြေကြီးကိုတောင် ဖျက်ဆီး နိုင်လောက်သည့် ဖိအားကြီးသည်လည်း ပျောက်ကွယ် သွားခဲ့သည်။

"ဖူး ... "

ရှေးဟောင်း စစ်တပ်သုံး ရထားလုံး ထက်တွင် ထိုင်နေသော ကျန်းရိလျှိုသည် သွေးတစ်ပွက် ထပ်အန်လိုက်သည်။ သူ့ကိုယ်သည် ပျော့ခွေနေပြီး လုံးဝ မေ့မျော သွားလေသည်။ အုပ်ချုပ်သူ တံဆိပ်တုံးသည် သူနှင့် ပေါင်းစပ်ထားကာ သူ့ကို သခင်အဖြစ် အသိအမှတ် ပြုထားပြီ ဖြစ်သည်။ ထို့ကြောင့် တံဆိပ်တုံး ဖျက်ဆီး ခံလိုက်ရသည်နှင့် တန်ပြန်အားကို ခံစားရကာ မေ့မျောသွားခဲ့ခြင်း ဖြစ်သည်။

"ဒါက”

ကျန်းစွန်းဝူကျိ၏ မျက်လုံးများတွင် မယုံနိုင်မှုများ၊ သံသယများနှင့် ပြည့်နှက် လာခဲ့သည်။ ကျန်းရီက တကယ် နတ်ဘုရား အဆင့် လက်နက်ကို ဖျက်ဆီး လိုက်တာလား ... သူ့မှာလည်း နတ်ဘုရား အဆင့် လက်နက် ရှိနေတာလား ... မဟုတ်လျှင် ဤအခြေအနေအား ရှင်းပြရန် နည်းလမ်း မရှိပေ။

"နောက်ဆုတ်ကြ"

ကျန်းစွန်းဝူကျိသည် ထပ်မံအချိန် မဆွဲဝံ့တော့ပေ။ သူ၏ ဝိညာဉ်သားရဲ အဆောင်လေးသည် အလင်းတစ်ချက် လက်သွားပြီး အပြာရောင် နဂါးကြီး ပေါ်ထွက် လာခဲ့သည်။ သူသည် ကျန်းရိလျှိုအား လက်တစ်ဖက်ဖြင့် ပွေ့၍ လက်တစ်ဖက်မှ ရှေးဟောင်း စစ်တပ်သုံး ရထားလုံးအား ဆွဲကာ နဂါးပြာကြီး၏ ကျောထက်သို့ ခုန်တက်လိုက်သည်။ ထို့နောက် နဂါးကြီးအား ထိန်းချုပ်ကာ ခပ်လှမ်းလှမ်းသို့ ပျံသန်း သွားခဲ့လေသည်။

ယနေ့ဖြစ်ရပ်သည် ဆန်းကြယ်လွန်းသည်။ လက်ရှိအချိန်တွင် သူသည် ကောင်းကင်ထက်၌ လုံခြုံစွာ ရှိနေသော်လည်း ထပ်မံ၍ ထူးဆန်းသည့် အရာများ ဖြစ်မလာရန် ဆုတောင်း နေမိသည်။ ကျန်းရိလျှိုအား ခေါ်၍ အတော်ဝေးဝေးသို့ အရင် နောက်ဆုတ် လိုက်သည်မှာ အကောင်းဆုံး ဖြစ်သည်။

"ပြေးကြ"

ကျန်းစွန်းဂိုဏ်းမှ လူတို့သည် ချက်ချင်း သတိဝင်လာကာ အရပ် အသီးသီးသို့ ထွက်ပြေး ကုန်ကြသည်။ ကျန်းရီကို တိုက်ခိုက်ရန် ပြင်နေကြသော ကျန်းဂိုဏ်းမှ လူများနှင့် အနောက်ဘက် မြို့စောင့်တပ်မှ စစ်သည်များ သည်လည်း မှင်သက်နေရာမှ အသိဝင်လာကာ စတင် ထွက်ပြေး ကြတော့သည်။

သို့သော် ကျန်းရီသည် သူတို့ထက် မြန်ဆန်ပေသည်။ သတ်ဖြတ်ခြင်း အငွေ့အသက်တို့သည် နေရာတစ်ခုလုံးအား လွှမ်းခြုံလာသည်။ သူသည် အရိပ်တစ်ခုအလား ရွေ့လျားသွားခဲ့ပြီး လက်တစ်ဖက်မှ အနက်ရောင်များ လင်းလက်လာကာ အတွင်းအား ပေါက်ကွဲလက်ဝါး ထွက်ပေါ် လာခဲ့သည်။ သူ၏ အခြား လက်တစ်ဖက်သည် ဓားတစ်ချောင်းအား ကိုင်ဆွဲကာ ရန်သူ၏ ဦးခေါင်းအား ဖြတ်တောက် လိုက်သည်။ သတ်ဖြတ်ခြင်းများ ပြန်လည် စတင်ခဲ့လေပြီ ...

"နောက်ဆုတ်ကြ"

တောအုပ်ငယ်ထဲတွင် ပုန်းအောင်းနေသော ကျီထင်ယွီနှင့် ကျန်လူများသည် ဆက်လက် မကြည့်ရဲပေ။ ဆက်ကြည့်နေလျှင် သူတို့ပါ မလွတ်မြောက်နိုင် ဖြစ်သွားပေလိမ့်မည်။ ကျန်းရီသည် လူသတ်စက် အလားပင် ... သူသည် ကျန့်ဂိုဏ်းသားများမှ တစ်ပါး ကျန်လူများကို သနားညှာတာမှု မရှိ သတ်ဖြတ် ပစ်နေလေသည်။ အတွင်းအား ပေါက်ကွဲ လက်ဝါးနှင့် သတ်ဖြတ်ခြင်း အရှိန်အဝါတို့ ပေါင်းစပ်လိုက်လျှင် ကျန်းရီသည် ဂူသင်္ချိုင်း အတွင်း ပြိုင်ဘက် ကင်းပေသည်။

"ငါကျန့်ဝူရွှမ်း ... လူကဲခတ် မမှားဘူးပဲ ... ကျန်းရီက သက်ညှာ မပေးတတ်ဘူး"

ကျန့်ဝူရွှမ်းသည် ခပ်လှမ်းလှမ်းမှ ရပ်၍ စိတ်လှုပ်ရှားစွာ ကြည့်နေလေသည်။ သူသည် စိတ်လှုပ်ရှား လွန်း၍ ဝင်ရောက် တိုက်ခိုက် ချင်နေပါသော်လည်း မတိုက်ခိုက် နိုင်သည်မှာ စိတ်မကောင်း စရာပင်။ သူသည် ရုတ်တရက် ဝင်စွက်ဖက်၍ စုလောရွှယ်ကို ကယ်ကာ ကူရှန်းဟယ်ကို သတ်လိုက်ခြင်း ကပင် စည်းကျော်နေပြီ ဖြစ်သည်။ ထပ်မံ၍ ဝင်ပါမိလျှင် သူသည် ကျန်းဂိုဏ်းနှင့် ကျန်းစွန်းဂိုဏ်းအား အမှန်တကယ် ဆန့်ကျင်ရာ ရောက်သွားပေလိမ့်မည်။

ကျန့်ဂိုဏ်းမှ လူများသည်လည်း ခေါင်းညိတ်ကာ ထောက်ခံ လိုက်ကြသည်။ အစက သူတို့ အားလုံးသည် ကျန့်ဝူရွှမ်း ဝင်ပါမည်ကို သဘောမတူ၍ ကန့်ကွက်ခဲ့ကြသည်။ ယခုမူ သူတို့အားလုံးသည် ကျန့်ဝူရွှမ်းအား လေးစားစွာ ကြည့်နေကြသည်။ ကျန်းရီသာ ဘာမှမဖြစ်ခဲ့လျှင် နောက်ရာစုနှစ် တစ်ခုနှစ်ခုကြာလျှင် သူသည် နယ်မြေ၏ အစွမ်းထက်သော လူငယ်မျိုးဆက် တစ်ယောက် ဖြစ်လာပေလိမ့်မည်။ ၎င်းမှ ကျန့်ဂိုဏ်းသည်လည်း အကျိုးအမြတ် ရပေလိမ့်မည်။

မကြာခင်တွင် သတ်ဖြတ်ခြင်းများ အဆုံးသတ်သွားခဲ့သည်။ ကျန်းရီသည် သူ၏ အားနည်း နေသော ကိုယ်ကြောင့် လူတိုင်းအား မသတ်လိုက်နိုင်ပေ။

ထိုသို့ဆိုလျှင် လူတစ်ထောင်ကျော်မှ တစ်ဝက်ခန့်သည် ကျန်းရီ၏ သတ်ခြင်းကို ခံလိုက်ရလေသည်။ မြေပြင်တွင် ခြေပြတ်၊ လက်ပြတ်များ ပြန့်ကျဲနေခဲ့ပြီး သွေးချောင်း စီးနေခဲ့သည်။

"ဝှစ်"

ကျန်လူများသည်လည်း ကြောက်လန့်တကြား လူစုခွဲကာ အားကုန် ထွက်ပြေး ကြတော့သည်။ သူတို့သည် ပြေးနေရင်းမှ နောက်လှည့် ကြည့်လိုက်မိလျှင် ကျန်းရီအား ငရဲမှ တက်လာသော နတ်ဆိုး တစ်ကောင်ဟု မြင်နေမိကြလေသည်။

"ခလွမ်"

ကျန်းရီ၏ ကိုယ်သည် ယိုင်နဲ့နေကာ နောက်ဆုံးတွင်တော့ မြေပေါ် လဲကျသွားခဲ့သည်။ သူသည် ကောင်းကင် ဧကရာဇ်၏ အုတ်ဂူမှ ခုန်ချလာစဉ်တည်းက နံရိုးနှစ်ချောင်းခန့် ကျိုးနေခဲ့ပြီး ဒဏ်ရာများ ရထားပြီး ဖြစ်လေသည်။ ဒဏ်ရာများကို တောင့်ခံရင်း သတ်ဖြတ်ခြင်း အရှိန်အဝါအား အဆက်မပြတ် ထုတ်လွှင့်နေရသည့် ပြင်းပြင်းထန်ထန် တိုက်ပွဲအပြီးတွင် သူ့ကိုယ်အား ထပ်မံ ထိန်းမထား နိုင်တော့ပေ။ သူအချိန် အကြာကြီး တောင်းခံ ထားနိုင်သည်ကပင် အံ့အားသင့်စရာ ကောင်းနေပြီ ဖြစ်လေသည်။

"ကျန့်ဟူ ... ကျန်းရီကို ခေါ်ပြီး နောက်ဆုတ်ကြမယ်"

ကျန့်ဝူရွှမ်း၏ အမိန့်ပေးသံ အဆုံးတွင် ခရမ်းရောင် နန်းတော်ရှင် အမြင့်ဆုံးအဆင့် လူတစ်ယောက်သည် ကျန်းရီအား သယ်ဆောင် လိုက်သည်။ ထို့နောက် သူတို့အုပ်စုသည် အလျင်အမြန် ထွက်ခွာ လာခဲ့ကြသည်။

နေရာ တစ်ခုလုံးသည် အလောင်းများ ပုံထပ်နေပြီး မြေပြင်ပေါ်တွင် သွေးများ စွန်းထင်းကာ နီရဲ နေလေတော့သည်။

***

ကျန်းရီသည် သုံးရက်ကြာ မေ့မျောနေခဲ့ပြီး နောက်ဆုံးတွင် နိုးလာခဲ့လေသည်။ သူသည် မူးဝေ နေသေးသော်လည်း မျက်လုံးများကို ဖွင့်လိုက်သည်။ သူသည် ဂူတစ်ခုထဲတွင် လဲလျောင်း နေကြောင်း သိလိုက်ရလေသည်။

နေရာတစ်ခုလုံးအား ဖယောင်းတိုင်မီး ခပ်ဖျော့ဖျော့က အလင်း ပေးထားသည်။ အသားညိုညိုနှင့် လူတစ်ယောက်သည် သူ့ဘေးတွင် ထိုင်၍ ကျင့်ကြံနေခဲ့သည်။ မျက်နှာတွင် ပဝါ အုပ်ထားသော အနက်ရောင်ဝတ် မိန်းကလေးသည် ဂူနံရံကို မှီ၍ မှိန်းနေခဲ့သည်။

တစ်ဖက်တွင်တော့ အဖြူရောင် ဝတ်စုံနှင့် မိန်းကလေးသည် သူ့နည်းတူ ဂူကြမ်းပြင်တွင် လဲလျောင်းကာ အိပ်ပျော်နေခဲ့သည်။ ကျန့်ဝူရွှမ်းသည် လှုပ်ရှားမှု တစ်ခုကို သတိပြုမိသွားကာ မျက်လုံးများ ဖွင့်လာခဲ့လေသည်။ သူသည် ကျန်းရီအား ပြုံးပြကာ မေးလာခဲ့သည်။

"ကျန်းရီ ... နိုးလာပြီလား ... မင်းကိုယ်က ဘယ်လိုနေလဲ"

ကျန်းရီသည် လည်ချောင်းများ ခြောက်ကပ် နေသောကြောင့် တံတွေးတစ်ချက် မျိုချလိုက်သည်။ ထို့နောက် မျက်လုံးများကို ပြန်မှိတ်ကာ ခေါင်းညိတ်ပြလိုက်သည်။

"ငါ့ဒဏ်ရာတွေက ပြန်ကောင်းနေပြီ ... ဒါပေမဲ့ လူကတော့ အားနည်း နေတုန်းပဲ ... ငါနောက်ထပ် နှစ်ရက်လောက် အနားယူရဦးမယ် ... ဒါက ဘယ်နေရာလဲ ... ဆရာမစုရော အဆင်ပြေလား"

"ဒါက ဂူတစ်လုံးပဲ ... ပြီးတော့ လူတွေ မတွေ့နိုင်ဘူး ... မစိုးရိမ်နဲ့"

ကျန့်ဝူရွှမ်းသည် ရှင်းပြလိုက်ပြီး စုလောရွှယ်ကို ကြည့်ကာ ပြုံးလိုက်သည်။

"ဆရာမစု အဆင်ပြေတယ် ... သူမကိုယ်ထဲက အတွင်းအား ပိတ်ဆို့ဆေးမှုန့်က အာနိသင် ပြယ်သွားပြီ ... အခုတော့ အားနည်းနေတုန်းပဲ ... ဒါကြောင့် ရက်နည်းနည်းတော့ အနားယူဖို့ လိုသေးတယ်"

ကျန်းရီသည် အားတင်းကာ ပြုံးလိုက်ပြီး ထိုင်ရန် ကြိုးစားလိုက်သည်။ ကျန့်ဝူရွှမ်းသည် ကျန်းရီ ဘာလုပ်ချင်သည်ကို သိသည့်အတွက် ဆေးပုလင်းတစ်ခု ကမ်းပေးလိုက်သည်။ ကျန်းရီသည် ဆေးပုလင်းအား ကျေးဇူးစကား မဆိုတော့ဘဲ လက်ခံလိုက်ပြီး ချက်ချင်းဆေးသောက်ကာ တင်ပျဉ်ခွေ ထိုင်လိုက်သည်။

ကျန့်ဝူရွှမ်းသည် ဒီတစ်ကြိမ်တွင် သူ့အား အားတက်သရော ကူညီခဲ့သည့် အတွက် ကျန်းရီသည် သူ့အား ညီအစ်ကိုတစ်ဦးအဖြစ် မှတ်ယူထားခဲ့ပြီ ဖြစ်သည်။ ညီအစ်ကိုများ အကြားတွင် မလိုအပ်ဘဲ ယဉ်ကျေးနေခြင်းက မသင့်တော်ပေ။ အချို့သော ကျေးဇူးတရားများအား ရင်ထဲမှ မှတ်ထားခြင်းကသာ သင့်တော်ပေသည်။

နောက်တစ်နေ့တွင် စုလောရွှယ်သည်လည်း နိုးလာခဲ့ပြီး ဒဏ်ရာများကို ပြန်လည် ကုစားနေခဲ့သည်။

ငါးရက် ကြာပြီးနောက်တွင် ကျန်းရီသည် လုံးဝ ပြန်ကောင်းသွားပြီ ဖြစ်ကာ စုလောရွှယ်သည် ခုနှစ်ဆယ် ရာနှုန်းခန့် ပြန်ကောင်းနေပြီ ဖြစ်သည်။ စုလောရွှယ် အဆင်ပြေမပြေ စစ်ဆေးပြီးသော အခါ ကျန်းရီသည် ကျန့်ဝူရွှမ်းအား စကားဆိုလိုက်သည်။

"ဝူရွှမ်း ... ငါနဲ့ အတူသွားမလား ... ဒါမှမဟုတ် ငါတို့ လမ်းခွဲပြီး သွားကြမလား"

ကျန့်ဝူရွှမ်းသည် စိတ်မပါစွာ ပြုံးလိုက်ကာ ပြန်ပြောလိုက်သည်။

"လမ်းခွဲပြီး သွားကြတာက ပိုကောင်းမယ် ... မင်းအတွက် စိတ်မပူရပေမဲ့ ငါ့ရဲ့ ရာထူး အဆင့်အတန်းကြောင့် ငါရှောင်ရှားရမယ့် အရာတွေ ရှိတယ်"

စုလောရွှယ်သည်လည်း စကားတစ်ခွန်းမှ မဆိုဘဲ ထရပ်လိုက်သည်ကို မြင်လျှင် ကျန့်လင်းအာသည် မေးလာခဲ့လေသည်။

"အစ်ကိုကြီး ကျန်းရီနဲ့ ဆရာမစု ... ဘယ်ကို သွားကြမှာလဲ"

ကျန်းရီသည် ကျန့်လင်းအာ၏ ခေါင်းလေးအား ပုတ်ပေးလိုက်သည်။ သူသည် သွားများ ပေါ်သည်အထိ ပြုံးလိုက်ကာ ပြန်ဖြေလိုက်သည်။

"ငါလက်စား သွားချေရင်းနဲ့ ရတနာတွေ လျှောက်လုမလို့ ... လင်းအာ ... မင်းရော လိုချင်သေးလား ... မင်းအတွက်ပါ လုလာခဲ့ပေးမယ်"

"အမ်"

ကျန့်လင်းအာ၏ ပုလဲနှယ် မျက်လုံးလေးများသည် ချက်ချင်း တောက်ပ သွားခဲ့သည်။ သူမသည် ကျန်းရီ၏ တိုက်ပွဲအား ကိုယ်တွေ့ ကြုံပြီးတည်းက ကောင်းကင် ဧကရာဇ်၏ ဂူသင်္ချိုင်း အတွင်းတွင် သူ့အား ယှဉ်နိုင်သူ မရှိကြောင်း သိလိုက်သည်။ ရတနာ အချို့ကို လုရန်မှာ သူ့အတွက် ကလေး ကစား သလောက်ပင်။ သူမသည် ချက်ချင်း ပျော်ရွှင်စွာ ပြောလိုက်သည် ...

"ပိုပြီးသာ လုလာခဲ့ ... အစ်ကိုကျန်းရီ ... လူဆိုးတွေဆီက ရတနာ အားလုံးကို လုလာခဲ့ ... ပြီးရင် ညီမကို တချို့တလေပေးပေါ့"

***

All Chapters