← Chapters

အခန်း (၅၉)

Vol. 5 Ch. 59

အခန်း (၅၉)

Vol. 5 Ch. 59

ရုတ်တရက် တိုးမြှင့်လာတဲ့ ရန်သူ့တိုက်ခိုက်ရေးအင်အားကြောင့် အလူးအလဲ ခုခံနေရတဲ့ ယန်မျိုးနွယ်ကျင့်ကြံသူတွေ ဖရိုဖရဲဖြစ်ပြီး အထိနာကုန်တယ်။ အများအပြား သေဆုံး၊ ဒဏ်ရာရကုန်သလို ချီစုစည်းခြင်း အဋ္ဌမအဆင့်တစ်ယောက်ဆို နှစ်ပိုင်းပြတ်ပြီး သေဆုံးသွားတယ်။

စစ်ကူအဖွဲ့ ထပ်ရောက်လာပေမယ့် ချီစုစည်းခြင်း နှောင်းပိုင်းအဆင့်တစ်ယောက်ပဲ ပါလာလို့ ဘာမှမထူးခြားဘူး။ အလူးအလဲ ခံနေရတယ်။ ယန်ကျန့်ဖျင်လည်း သူ့လူတွေကို ကယ်ချင်ပေမယ့် တစ္ဆေသုံးက ဖိတိုက်နေလို့ ကူမရဖြစ်နေတယ်။ တိုက်ပွဲဖြစ်ချိန် ၁၅ မိနစ်အတွင်း ယန်မျိုးနွယ်ကျင့်ကြံသူ ၁၈ ယောက် သေဆုံးသွားတယ်။ ချီစုစည်းခြင်း နှောင်းပိုင်းအဆင့် ၅ ယောက်ထဲက ၃ ယောက် ကျသွားလို့ ခံစစ်ပြိုပြီး ကျန်သူအားလုံး အချိန်တိုတွင်း ချေမှုန်းခံရကိန်းဆိုက်သွားတယ်။ ယန်ကျန့်ဖျင်လည်း သုံးယောက် တစ်ယောက် ဖိတိုက်ခံနေရလို့ ခြေထောက်နဲ့ ကျောမှာ ဒဏ်ရာရနေပြီ။

တစ္ဆေသုံးက အခွင့်သာချိန် အမြန်ပွဲဖြတ်ဖို့ လောဆော်နေတယ်။

"ငါ့ကို လာကူကြစမ်းပါ၊ ဒီကောင့်ကို ရှင်းပြီးရင် ဟိုငချွတ်လေးတွေက ချက်ချင်း မျိုးဖြုတ်လို့ ရတယ်"

တစ္ဆေသုံးပြောလိုက်လို့ ချီစုစည်းခြင်း နှောင်းပိုင်အဆင့်နှစ်ယောက် သူ့ကို လာကူတယ်။ အများနဲ့ တစ်ယောက်ဖြစ်ပြီး ယန်ကျန့်ဖျင် ချောင်ပိတ်မိသွားတယ်။ တစ္ဆေသုံးက အခွင့်ကောင်းယူပြီး အပြတ်ရှင်းဖို့ အားကုန်စုစည်းနေချိန် အဝေးတစ်နေရာက ပြင်းထန်လွန်းတဲ့အော်ရာဖိအားတစ်ခု သက်ရောက်လို့ တုန့်ခနဲ ရပ်သွားတယ်။ တခြားသူတွေလည်း ဒီဖိအားကြီးကို ခံစားမိလိုက်လို့ ရပ်ကုန်တယ်။

အားလုံးလည်း နားမလည်တဲ့အကြည့်နဲ့ ဖိအားအစပြုရာ အဝေးတစ်နေရာကို လှမ်းကြည့်လိုက်မိတယ်။ ယန်ကျန့်ဖျင်ကတော့ သက်ပြင်းချရင်း ပြုံးနေတယ်။

ချက်ချင်းဆိုသလို ဓားပျံစီးနင်းလာတဲ့လူတစ်ယောက်ပုံရိပ် မြင်ကွင်းထဲ ဝင်လာတယ်။ အိုမင်းလွန်းနေတဲ့ အဖိုးကြီးတစ်ယောက်၊ အချိန်မရွေး လဲပြိုသွားမယ့်ပုံ ပေါ်နေပေမယ့် အားပြင်းလွန်းတဲ့စွမ်းအင်အော်ရာက အဝေးကနေတောင် ခံစားနေရဆဲပဲ။

အခြေတည်အဆင့်ကျင့်ကြံသူ၊ ယန်မျိုးနွယ်ဘိုးဘေး။ ယန်မျိုးနွယ်ရဲ့မဏ္ဍိုင်ဖြစ်တဲ့ တစ်ဦးတည်းသော အခြေတည်အဆင့် ကျင့်ကြံသူယန်ထျန်းကုန်း။

ယန်မျိုးနွယ်ကျင့်ကြံသူတွေ ဘိုးဘေးစစ်ကူရောက်လာတာ မြင်ပြီး အားတက်သွားတယ်။ လေလွင့်ကျင့်ကြံသူအုပ်စု သွေးပျက်ပြီး ထွက်ပြေးချင်စိတ် ပေါက်ကုန်တယ်။ ယန်မျိုးနွယ်ဘိုးဘေး အခြေတည်အဆင့်ကျင့်ကြံသူ သေပြီ၊ ဒါမှမဟုတ် အိုမင်းပြီး မလှုပ်ရှားနိုင်တော့ဘူး ဆိုလို့သာ လာတိုက်ခိုက်ရဲတာ။ အခုလို အရှင်လတ်လတ်ကြီး ဓားပျံစီးရင်း ရောက်လာတော့ သွေးပျက်ပြီပေါ့။ တစ်ဆင့်ပဲ ကွာတယ်ဆိုပေမယ့် အဆင့်ကြီးတစ်ဆင့်လေ။

ယန်ထျန်းကုန်းက တိုက်ခိုက်နေသူတွေကို မြင်တာနဲ့ အဆိပ်လူးသံမဏိအပ်တွေ ပစ်လွှတ်လိုက်တယ်။ လေလွင့်ကျင့်ကြံသူအုပ်စု သတိထားမိချိန်၊ သံမဏိအပ်တွေက ပေနှစ်ဆယ်အကွာကို ရောက်နေပြီ။ ပစ်ချက်က တစ်ယောက်တစ်ချက်ပေမယ့် အခြေတည်အဆင့်ခွန်အားကို ကာကွယ်ဖို့ မလွယ်ဘူး။

မှော်အဆောင်တွေ၊ ဝိညာဥ်လက်နက်တွေ ထုတ်ယူကာကွယ်ပေမယ့်၊ သိပ်အရာမထင် ခဲ့ဘူး။ ဆယ့်နှစ်ယောက်ထဲမှာ သုံးယောက် အသက်ပါသွားပြီး၊ လေးယောက်က ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားတယ်။ ကျန်တဲ့ငါးယောက်လည်း အနည်းနဲ့အများ ထိခိုက်ဒဏ်ရာ ရကုန်တယ်။

ယန်ထျန်းကုန်း အားနည်းနေချိန်ဆိုတော့ ချီစု၀ည်းခြင်း နှောင်းပိုင်းအဆင့်တွေက ဒဏ်ရာပြင်းပြင်းထန်ထန် မရအောင် ကာကွယ်နိုင်လိုက်တယ်။ ဒါပေမယ့် ဆက်နေပြီး တိုက်ခိုက်ဖို့ မဖြစ်နိုင်တာကြောင့် အသက်လု ပြေးရပါတော့တယ်။ ဒဏ်ရာပြင်းထန်သူတွေကတော့ ယန်မျိုးနွယ်တွေလက်ချက်နဲ့ ခေါင်းနဲ့ကိုယ် အိုးစားကွဲကုန်တယ်။

ဒါပေမယ့် သူတို့ကာကွယ်ရိုက်ထုတ်ခဲ့တဲ့ သံမဏိအပ်တွေက အရှိန်သေမသွားဘဲ တစ်ပတ်လည်ပြီး နောက်က ကပ်ပါသွားတယ်။ တစ္ဆေသုံးတို့ ထိတ်လန့်သွားတယ်၊ ဒါက ဝိညာဥ်စွမ်းအင်နဲ့ ထိန်းချုပ်ထားတာပဲ။ ကျင့်ကြံမှုအဆင့် ကွာခြားချက်ကြောင့် မြန်နှုန်းပါ ကွာဟပြီး ပြေးမလွတ်တဲ့အဆုံး နောက်ပြန်လှည့်ပြီး ကာကွယ်လိုက်ရတယ်။

"စွတ် စွတ် စွတ်"

"အား .."

ခန္ဓာကိုယ်ထဲ သံမဏိအပ် ဖောက်ဝင်သွားတဲ့အသံ၊ နာနာကျင်ကျင် အော်ဟစ်သံနဲ့အတူ သုံးယောက် အသက်ပျောက်သွားတယ်။

တစ္ဆေသုံးက သူ့ဆီဝင်လာတဲ့ သံမဏိအပ်ကို ရိုက်ချလိုက်နိုင်ပေမယ့် အနားကတစ်ယောက်ကို ဖောက်ထွက်လာတဲ့ သံမဏိအပ်ကိုတော့ အလွတ်မရှောင်နိုင်တော့ဘူး။ သူ့ညာလက် လက်ဖျံကို ထိမှန်သွားတယ်။ အရှိန်ပြင်းလွန်းလို့ လက်က တံတောင်ဆစ်ကနေ ပြတ်ကျသွားတယ်။

"အား .."

တစ္ဆေသုံး သူ့လက်ကို ငုံ့ကြည့်ရင်း ပန်းထွက်နေတဲ့သွေးက အနီရောင် မဟုတ်ဘဲ၊ အမည်းတွေ ဖြစ်နေလို့ ထိတ်လန့်သွားတယ်။ အဆိပ်မိပြီ၊ တွေဝေမနေဘဲ ဓားထုတ်ပြီး လက်မောင်းရင်းကနေ ခုတ်ဖြတ်ချလိုက်တယ်။ အနီရောင်သွေးတွေ ထွက်လာတော့မှ ဒဏ်ရာကို ဆေးမှုန့်ထည့်ရင်း တောနက်ရာဆီ အမြန်ဆုံး ပြေးပါတော့တယ်။

နောက်ထပ် ချီစုစည်းခြင်း နှောင်းပိုင်းအဆင့်တစ်ယောက်လည်း ခုခံပေမယ့် သံမဏိအပ်က ဗိုက်ကို ထိသွားတယ်။ အရှိန်လျော့သွားလို့သာ မသေတာ။ ဒါပေမယ့် အဆိပ်ဒဏ်ကို ခံလိုက်ရတယ်။ ထိမှန်ခံရသူက ချက်ချင်းဆေးလုံးတစ်လုံး ထုတ်သောက်လိုက်လို့ အဆိပ်မိတဲ့လက္ခဏာတွေ လျော့ပါးကွယ်ပျောက်သွားတယ်။ သူလည်း နီးရာတောအုပ်ထဲ ဝင်ပြေးသွားတယ်။

ယန်ကျန့်ဖျင်က ပြေးလိုက်ဖို့ ပြင်လိုက်ပေမယ့် အနီးရောက်လာတဲ့ ဘိုးဘေးယန်ထျန်းကုန်းက လှေပေါ်ဆင်းရင်း ဟန်ချက်ပျက်ပြီး လဲမလို ဖြစ်သွားလို့ အမြန်ပြေးထူလိုက်ရတယ်။

"ဘိုးဘေး .. အဆင်ပြေရဲ့လား"

ယန်ထျန်းကုန်းက ခေါင်းပဲခါပြပြီး၊ စကားမပြောနိုင်ဘဲ မောနေတယ်။ အသားအရေ ဖြူဖျော့နေပြီး၊ ဝိညာဥ်စွမ်းအင်လည်း ထိုးကျနေတယ်။

အခြေအနေကို ရိပ်စားမိတဲ့ ယန်ကျန့်ဖျင်က ဆေးလုံးတွေ ထုတ်ယူပြီး အမြန်တိုက်ရင်း ဝိညာဥ်စွမ်းအင် ထိုးသွင်းအားဖြည့်ပေးလိုက် ရတယ်။ ယန်ထျန်းကုန်းကို ကုသနေရင်း ယန်မျိုးနွယ်တွေကိုလည်း ညွှန်ကြားနေရတယ်။

"ဘိုးဘေးက ဝိညာဥ်စွမ်းအင် အလွန်အကျွံ သုံးလိုက်ရလို့ ပင်ပန်းပြီး အနားယူရဦးမယ်။ ယန်ကောင်း၊ မင်းက လူခေါ်ပြီး တစ္ဆေသုံးကို လိုက်သတ်"

ယန်ကျန့်ဖျင်အကြည့်က နောက်ထပ် ချီစုစည်းမှု အဋ္ဌမအဆင့်တစ်ယောက်ပေါ် ရောက်သွားတယ်။

"ယန်ဝူ၊ မင်းလည်း တစ်ဖွဲ့ခေါ်ပြီး လွတ်သွားတဲ့ နောက်တစ်ယောက်ကို လိုက်ရှင်း။ အဲဒီ နှစ်ကောင်ကို လုံးဝမလွတ်စေနဲ့။ သူတို့ လွတ်သွားလို့ လျှို့ဝှက်ချက် ဖော်ထုတ်ခံရရင် ငါတို့ ယန်မျိုးနွယ် မျိုးပြုတ်ပြီပဲ။ သေချာလုပ်ကြ"

ယန်ကောင်းနဲ့ ယန်ဝူတို့လည်း နောက်လိုက်ကိုယ်စီခေါ်ပြီး တစ္ဆေသုံးနဲ့ ထွက်ပြေးသွားတဲ့ လေလွင့်ကျင့်ကြံသူနောက် အပြေးလိုက်သွားကြတယ်။ ကျန်ရှိတဲ့သူတွေက ဘိုးဘေးယန်ထျန်းကုန်းနဲ့ ကုသပေးနေသူ ယန်ကျန့်ဖျင်တို့ကို ကာကွယ်စောင့်ရှောက်နေတယ်။ ယန်ကျန့်ဖျင်က တစ္ဆေသုံးကို ကိုယ်တိုင်လိုက်ပြီး သုတ်သင်ချင်ပေမယ့် အခြေအနေဆိုးနေတဲ့ ယန်ထျန်းကုန်းကို စိတ်မချတာကြောင့် နေရစ်ခဲ့ရတယ်။ ဥာဏ်နည်းတဲ့ယန်ကောင်း အောင်မြင်စေဖို့ မျှော်လင့်ရတာပဲ။

အဲဒီအချိန် ကောထောင်က ထော့နဲ့ထော့နဲ့လျှောက်ရင်း ယန်ကျန့်ဖျင်နား ရောက်လာတယ်။ သူလည်း ဒဏရာအပြင်းအထန်ရထားလို့ လမ်းတောင် မနည်းလျှောက်နေရတယ်။

"အကြီးအကဲ၊ ကျိယင် ထွက်ပြေးသွားပြီ ထင်တယ်"

ကောထောင်ပြောမှ ယန်ကျန့်ဖျင် သတိရသွားတယ်။ ဟုတ်သားပဲ၊ အလောင်းနတ်ဆိုးဂိုဏ်းသား လွတ်သွားလို့ မဖြစ်ဘူး။ လက်ရှိအချိန်မှာ ယန်မျိုးနွယ်စုအနေနဲ့ ကိုးနန်းတော်ဂိုဏ်းနယ်မြေကို ပြောင်းရွေ့တာ အကောင်းဆုံးပဲ။ ဒါပေမယ့် အစုလိုက် အပြုံလိုက် ပြောင်းပြန်ရင်လည်း အလောင်းနတ်ဆိုးဂိုဏ်းက ချက်ချင်းသိပြီး လိုက်ဖမ်းရင် လွတ်မှာ မဟုတ်ဘူး။ တစ်ဆင့်ချင်း လုပ်ရမယ်။

ဒီတော့ လျှို့ဝှက်ချက်ကို ဖုံးဖိပြီး၊ အချိန်ဆွဲရင်း အဆင့်လိုက် စနစ်တကျလုပ်မှ ဖြစ်မယ်။ သက်တံမြက် နောက်ဆုံးအသုတ် ရိတ်သိမ်းချိန်ထိ စောင့်ဖို့က မဖြစ်နိုင်တော့ဘူး။ ဘယ်လောက်ကြီးမားတဲ့ အကျိုးအမြတ်ဖြစ်ဖြစ်၊ မျိုးနွယ်စုအသက်နဲ့ အလဲအထပ်လုပ် စွန့်စားဖို့ထိ မတန်ဘူး။

အစီအစဥ် အောင်မြင်ဖို့ဆို လျှို့ဝှက်ချက် မပေါက်ကြားအောင် သိသွားသူတိုင်းကို နှုတ်ပိတ်ဖို့က အရေးအကြီးဆုံးပဲ။ ကောထောင်ကို ကြည့်တော့ လမ်းတောင် မနည်းလျှောက်နေရတာဆိုတော့ မသင့်တော်ဘူး။ ယန်ကျန့်ဖျင်အကြည့်က ဒဏ်ရာနည်းနည်းပါးပါးပဲ ရထားတဲ့ ယန်ဖုန်းဆိုတဲ့ ချီစုစည်းခြင်း သတ္တမအဆင့်ရှိသူအပေါ် ရောက်သွားတယ်။

"ယန်ဖုန်း ..ဒီကို လာဦး"

ယန်ဖုန်းက လှေစထွက်တည်းက ပါလာသူဆိုတော့ လိုက်ဖမ်ရမယ့်ကျိယင်ကို မြင်ဖူးပြီးသားဆိုတော့ ပိုအဆင်ပြေတယ်။ ကျင့်ကြံမှုအဆင့်ကလည်း ချီစုစည်းခြင်း သတ္တမအဆင့်ဆိုတော့ တတိယအဆင့်သမားကို လိုက်ဖမ်းဖို့ အခက်အခဲ မရှိနိုင်ဘူး။

"ယန်ဖုန်း၊ မင်းကျိယင်ကို လိုက်ရှာပြီး သတ်လိုက်"

"ဟုတ်ကဲ့ အကြီးအကဲ၊ ဒါပေမယ့် ကျိယင် ဘယ်ဘက် ထွက်ပြေးသွားလဲဆိုတာ ကျနော် မသိလိုက်ဘူး"

…………..

All Chapters