← Chapters

ရတနာများ... အားလုံးသည် ရတနာများ

Vol. 12 Ch. 168

ရတနာများ... အားလုံးသည် ရတနာများ

Vol. 12 Ch. 168

~ဖုန်းဝူချန်အတွက်... နောက်ထပ် စဉ်းစားတွေးခေါ်နေဖို့ အချိန်မရတော့ချေ။ သူသည် သူ၏ သွေးမျိုးဆက် စွမ်းအားကို ရူးသွပ်မတတ် နှိုးဆွလိုက်ပြီး... ချီလင် ချပ်ဝတ်နှင့် အထွတ်အထိပ် နဂါးနတ်ဘုရားဓားကို တစ်ပြိုင်နက် ထုတ်ဖော်ကာ... အသေခံ တိုက်ခိုက်ရန် ပြင်ဆင်လိုက်တော့သည်။

"နောက်ကျသွားပြီ"

ဖုန်းဝူချန်၏ ရင်ထဲတွင် စိုးရိမ်ပူပန်မှုများ မီးလို တောက်လောင်လာ၏။ သူ... သူ၏ 'လျှပ်တပြက် နေရာ ရွှေ့ပြောင်းသိုင်းကွက်' ကို အသုံးပြုရန် ပြင်ဆင်လိုက်သည်။

သို့သော်... ဖုန်းဝူချန် လှုပ်ရှားရန် ပြင်လိုက်သည့် ထိုအခိုက်အတန့်လေးမှာပင်... ကြောက်မက်ဖွယ် အဖြူရောင် ဓားအလင်းတန်းတစ်ခုသည်... အလွန်တရာ ထိတ်လန့်ဖွယ် အရှိန်အဟုန်ဖြင့်... လျှပ်တပြက် ဖြတ်သန်းသွားခဲ့ပြီးလေပြီ။

ဖုန်းဝူချန်၏ နှလုံးသားသည် ကြောက်ရွံ့မှုကြောင့် တုန်ခါသွား၏။

...မြန်... မြန်လွန်းလှသည်...။

"ဟင်... ဘာ... ဘာဖြစ်သွားတာလဲ...။ ဓားအလင်းတန်း...ပျောက်သွားပါလား"

ဖုန်းဝူချန်၏ စိတ်ထဲတွင် သေခြင်းတရားနှင့် ရင်ဆိုင်ရတော့မည် ဟူသော အတွေးများ လွှမ်းခြုံသွားခဲ့သည်။ သို့သော်... ထို့နောက်မှာတော့... သူ၏ ပတ်ဝန်းကျင်ရှိ နေရာလပ်သည် ရုတ်တရက် ငြိမ်သက်သွားသည်ကို သူ သတိပြုလိုက်မိသည်။

မျက်လုံး ဖွင့်ကြည့်လိုက်သောအခါ... ဓားအလင်းတန်းရော... အဖြူရောင် ဝတ်စုံနှင့် ထိုလူပါ... ပျောက်ကွယ်သွားခဲ့လေပြီ။ သူတို့... မူလကတည်းက လုံးဝ မရှိခဲ့သလို... သို့မဟုတ်... တစ္ဆေ အရိပ်မျှသာ ဖြစ်ခဲ့သလို...။ အလွန်... အလွန် ထူးဆန်းလှပေသည်။

"တစ္ဆေအရိပ်လား...။ မဟုတ်ဘူး...။ ခုနက သတ်ဖြတ်လိုစိတ်က... အရမ်း... အရမ်းကို အစစ်အမှန်ကြီး ဖြစ်လွန်းတယ်...။ ပြီးတော့... အဲ့ဒီစွမ်းအားက မယုံနိုင်လောက်အောင် ကြောက်စရာ ကောင်းတယ်...။ ဘယ်လိုမှ တစ္ဆေအရိပ် မဖြစ်နိုင်ဘူး...။ ဒါ... ဒါ... သူ... အသက်ရှင်နေတုန်းပဲလား"

ဖုန်းဝူချန်က မျက်မှောင်ကြုတ်ရင်း လေးနက်သော လေသံဖြင့် ရေရွတ်လိုက်မိသည်။

ဖုန်းဝူချန် တွေးလေလေ... အဖြစ်အပျက်က ပို၍ ထူးဆန်းလာလေလေ ဖြစ်သည်။

*...ဒီလူက အသက်ရှင်နေသေးတယ်ဆိုရင်... ဘာလို့ ကိုးထပ် ချန်ခွန်း မျှော်စင်ထဲမှာ ပုန်းနေရတာလဲ...။ ဘာလို့... ငါ့ကို သူ့သွေးနဲ့ ပိုင်ဆိုင်ခွင့် ပေးခဲ့တာလဲ...။ ပြီးတော့... ဘာလို့ ဝိညာဉ်တံဆိပ်က အဲ့ဒီလောက်တောင် အားနည်းနေခဲ့ရတာလဲ...။*

ဖုန်းဝူချန်တစ်ယောက် နားမလည်နိုင်အောင် ရှုပ်ထွေးနေစဉ်မှာပင်... အဖြူရောင် ဝတ်စုံနှင့် ထိုလူသည်... သူ၏ နောက်ကျောတွင် တိတ်ဆိတ်စွာ ပေါ်ပေါက်လာခဲ့သည်။

"စီနီယာက ဘယ်သူ ဖြစ်တယ်ဆိုတာ... ဂျူနီယာ ဖုန်းဝူချန် သိခွင့် ရှိပါမလား"

အဖြူရောင် ဝတ်စုံနှင့် ထိုလူ ပေါ်လာသည်နှင့်... ဖုန်းဝူချန်က ချက်ချင်း သတိပြုမိလိုက်ပြီး... အလျင်အမြန် မေးမြန်းလိုက်သည်။

သို့သော်... ဖုန်းဝူချန်ကို တုံ့ပြန်လိုက်သည်မှာ... ဓားရှည် တစ်ချောင်း၏ ထိုးစိုက်မှုသာ ဖြစ်ပြီး... အဖြူရောင် ဝတ်စုံနှင့် ထိုလူသည်... တုံ့ဆိုင်းခြင်း လုံးဝ မရှိဘဲ... တိုက်ခိုက်လာခဲ့သည်။

ဖုန်းဝူချန်က ပြတ်သားစွာ ရှောင်တိမ်းလိုက်ပြီး... သူတို့ နှစ်ဦးကြား အကွာအဝေးတစ်ခု ဖြစ်သွားစေခဲ့သည်။

"သူက... လူအစစ်တစ်ယောက်လိုပဲ...။ ဒါပေမဲ့... သူ့ဆီမှာ... အသက်စွမ်းအင် အရှိန်အဝါ... တစ်စက်ကလေးမှ မရှိဘူး"

ဖုန်းဝူချန်က မျက်မှောင်ကြုတ်ရင်း... အဖြူရောင် ဝတ်စုံနှင့် ထိုလူကို လေးနက်စွာ စူးစူးရဲရဲ ကြည့်ကာ... တကိုယ်တည်း ရေရွတ်လိုက်မိသည်။

အဖြူရောင် ဝတ်စုံနှင့် ထိုလူသည်... သူ၏ ဓားရှည်ကို... အံ့ဖွယ်ကောင်းလောက်အောင် သိမ်မွေ့လှသော လှုပ်ရှားမှုများဖြင့် လွှဲယမ်းလိုက်ရာ... ကြည့်ရှုရသူကို စွဲမက်သွားစေနိုင်၏။ လှုပ်ရှားမှုတိုင်းတွင်... ထည်ဝါသော အရှိန်အဝါနှင့်... လွှမ်းမိုးနိုင်စွမ်းရှိသော ဓားစိတ်ဆန္ဒတို့... အပြည့်အဝ ပါဝင်နေလေသည်။

"သူ့ရဲ့ ဓားတာအိုက... မယုံနိုင်လောက်အောင် သိမ်မွေ့တယ်...။ ဒီလူ... ဒီလူ... ဓားတာအိုရဲ့ ပါရမီရှင်တစ်ယောက် ဖြစ်ရမယ်...။ ဓားတာအိုမှာ သူ တတ်ကျွမ်းနားလည်မှုက... ငါ့ထက်တောင် မနိမ့်လောက်ဘူး...။ ပြီးတော့... သူ့ဓားတာအိုရဲ့ စွမ်းအားက... အံ့မခန်းပဲ"

ဖုန်းဝူချန်၏ မျက်နှာအမူအရာသည် ပို၍ပင် လေးနက်သွားတော့သည်။

တစ်စက္ကန့်တွင်... အဖြူရောင် ဝတ်စုံနှင့် ထိုလူသည်... သူ၏ ဓားကို ဝှေ့ယမ်းနေခဲ့ပြီး... နောက်တစ်စက္ကန့်မှာတော့... သူသည်... ထူးဆန်းအံ့ဖွယ်ရာ... ဖုန်းဝူချန်၏ ရှေ့တည့်တည့်သို့ ရောက်ရှိလာခဲ့လေပြီ။ သူ၏ ကိုယ်ဖော့သိုင်းပညာသည်လည်း... ထိုနည်းတူ ကြောက်မက်ဖွယ် ကောင်းလှသည်။

ကြောက်မက်ဖွယ် အရှိန်အဟုန်...။ 'လျှပ်တပြက် နေရာ ရွှေ့ပြောင်းသိုင်းကွက်' ထက်ပင်... ပို၍ ကြောက်မက်ဖွယ် ကောင်းလှသည်တကား။

"မကောင်းတော့ဘူး"

ဖုန်းဝူချန်၏ မျက်နှာအမူအရာ အကြီးအကျယ် ပြောင်းလဲသွားပြီး... သူ၏ နှလုံးသားသည် ရင်ခေါင်းထဲမှ ခုန်ထွက်မတတ် ဖြစ်သွားခဲ့သည်။

အဖြူရောင် ဝတ်စုံနှင့် ထိုလူသည်... သူ၏ ဓားရှည်ဖြင့်... သူ့ထံသို့ လွှဲခုတ်လိုက်သည်။ သို့သော်... ဖုန်းဝူချန် တုံ့ပြန်ချိန် မရလိုက်မီမှာပင်... ဓားရှည်သည်... သူ၏ ခန္ဓာကိုယ်ကို ဖြတ်သန်းသွားခဲ့လေပြီ။

ထိုအခိုက်အတန့်တွင်... ဖုန်းဝူချန်တစ်ယောက် မျှော်လင့်ချက် ကင်းမဲ့သွားမိသည်။

သို့သော်ငြားလည်း... အဖြူရောင် ဝတ်စုံနှင့် ထိုလူ၏ ဓားရှည် ဖြတ်သန်းသွားသည်နှင့်... ဓားရော... လူပါ... လေထဲတွင်... နောက်တစ်ကြိမ်... ပျောက်ကွယ်သွားပြန်သည်။

ဖုန်းဝူချန်သည် ပထမတော့ ကြောင်ငေးသွားသည်။ ထို့နောက်... သူ၏ ခန္ဓာကိုယ်ကို ပြန်လည် စစ်ဆေးကြည့်ရာ... ဒဏ်ရာ တစ်စုံတစ်ရာ မတွေ့...။

လုံးဝ... လုံးဝ... နားမလည်နိုင်တော့...။

"ဒါ... လောကကြီးမှာ... ဘာတွေ... ဘာတွေ ဖြစ်နေတာလဲကွာ"

သူ့ကို... အဖြူရောင် ဝတ်စုံနှင့် ထိုလူက... ဆော့ကစားနေသလို ခံစားလိုက်ရသည်။ သို့သော်... ဖုန်းဝူချန်... ဘာမှ မတတ်နိုင်ခဲ့...။ အဖြူရောင် ဝတ်စုံနှင့် ထိုလူ၏ ကျင့်ကြံမှုအဆင့်သည်... သူ ယှဉ်ပြိုင်နိုင်စွမ်း ရှိသည်ထက်... အလွန်အမင်း ကြောက်မက်ဖွယ် ကောင်းနေခဲ့သည်။

"နေဦး၊...။ သူ... သူ ငါ့ကို ကစားနေတာ မဟုတ်ဘူး...။ သူ... ငါ့ကို... ဓားတာအိုတစ်ခု... လက်ဆင့်ကမ်း သင်ပေးနေတာ"

ဖုန်းဝူချန်က မျက်မှောင်ကြုတ်ရင်း မိမိဘာသာ ရေရွတ်လိုက်သည်။ အစောပိုင်းက... သူ၏ စိတ်ထဲတွင် ပေါ်ပေါက်လာခဲ့သော ပုံရိပ်များကို... သူ ပြန်လည် သတိရလိုက်မိ၏။

ထိုပုံရိပ်များအားလုံးသည်... အဖြူရောင် ဝတ်စုံနှင့် ထိုလူက... သူ၏ ရန်သူများကို ဓားရှည်ဖြင့် ယှဉ်ပြိုင် တိုက်ခိုက်နေပုံများသာ ဖြစ်သော်လည်း... ပုံရိပ်တစ်ခုချင်းစီသည်... မတူညီကြပေ။

...သေချာ ပြန် စဉ်းစားကြည့်သောအခါ... ဖုန်းဝူချန် သဘောပေါက်သွားသည်။ ပုံရိပ်တစ်ခုချင်းစီတွင်... အဖြူရောင် ဝတ်စုံနှင့် ထိုလူ၏ ဓားကွက်များ... မတူညီကြ...။ ပုံရိပ်တစ်ခုချင်းစီသည်... မတူညီသော နည်းစနစ်များနှင့် ပုံစံများကို... ကိုယ်စားပြုနေခဲ့သည်။

အဖြူရောင် ဝတ်စုံနှင့် ထိုလူ... တိုက်ခိုက်ရေး စင်မြင့်ပေါ်တွင် ပေါ်လာပြီး... သူ၏ ဓားတာအိုများကို ပြသကာ... ဓားဖြင့် လှုပ်ရှားသွားသည်ကို... ဖုန်းဝူချန်... နောက်ဆုံးတော့... နားလည်သွားခဲ့လေပြီ။

ရဲတင်းသော ခန့်မှန်းချက်တစ်ခုကို ပိုက်ထွေးရင်း... ဖုန်းဝူချန်သည် ကွင်းပြင်၏ အလယ်ဗဟိုသို့ လျှပ်တပြက် ရောက်ရှိသွားခဲ့သည်။

မျှော်လင့်ထားသည့်အတိုင်းပင်... အဖြူရောင် ဝတ်စုံနှင့် ထိုလူသည်... နောက်တစ်ကြိမ် ပေါ်ပေါက်လာခဲ့ပြီး... ဓားတာအိုများကို သရုပ်ပြကာ... မတူညီသော လှုပ်ရှားမှုများဖြင့် တိုက်ခိုက်လာပြန်သည်။

ဖုန်းဝူချန်သည်... မလှုပ်မယှက် ရပ်နေလိုက်သည်။ အဖြူရောင် ဝတ်စုံနှင့် ထိုလူ တိုက်ခိုက်သည်ကို... သူ... ခွင့်ပြုလိုက်၏။

သူ၏ တာဝန်မှာ... အဖြူရောင် ဝတ်စုံနှင့် ထိုလူ၏ ဓားကွက်များကို... အလွတ် မှတ်သားရန် ဖြစ်သည်။

...တကယ်... တကယ်ပဲ...။

အဖြူရောင် ဝတ်စုံနှင့် ထိုလူ၏ ပြင်းထန်သော တိုက်ခိုက်မှုများသည်... ဖုန်းဝူချန်ကို ထိမှန်သည့် အခိုက်အတန့်မှာပင်... သူ၏ ခန္ဓာကိုယ်ကို လုံးဝ ဖြတ်သန်းသွားပြီး... ထို့နောက်... လေထဲတွင်... နောက်တစ်ကြိမ်... ပျောက်ကွယ်သွားပြန်သည်။

" တွေးထားတာ မှန်သွားပြီ"

ဖုန်းဝူချန်တစ်ယောက် အတိုင်းမသိ ဝမ်းသာသွားတော့သည်။

အဖြူရောင် ဝတ်စုံနှင့် ထိုလူ ပေါ်လာတိုင်း... သူသည် လုံးဝ ကွဲပြားခြားနားသော ဓားတာအိုများကို... သရုပ်ပြသွားခဲ့သည်။ တစ်ခုထက်တစ်ခု... ပို၍ ရှုပ်ထွေး သိမ်မွေ့လှ၏။

အချိန်များ ကုန်လွန်လာသည်နှင့်အမျှ... အဖြူရောင် ဝတ်စုံနှင့် ထိုလူသည်... ဆက်လက် ပေါ်ပေါက်လာခဲ့ပြီး... အကြိမ်တိုင်းတွင်... မတူညီသော ဓားကွက်များကို... သရုပ်ပြသွားခဲ့သည်။ နောက်ဆုံးတွင်... သူသည်... ထိုဓားကွက်များကို... ထပ်ခါတလဲလဲ ပြသလာတော့သည်။ ဖုန်းဝူချန်သည်... ၎င်းတို့ အားလုံးနီးပါးကို... အလွတ် မှတ်သားမိလိုက်လေပြီ။

ထို့နောက်... မှတ်သားနေရင်း... ဖုန်းဝူချန်သည်... ၎င်းတို့ကို... လိုက်လံ လေ့ကျင့်ပါတော့သည်။

ဖုန်းဝူချန်သည် ဤဓားတာအိုကို မသိသေးသော်လည်း... ၎င်း၏ စွမ်းအားသည်... သူ၏ ကိုယ်ပိုင် 'ဝိညာဉ် ဖျက်ဆီးခြင်း ဓားသိုင်း' ထက်ပင်... ပို၍ ကြောက်မက်ဖွယ် ကောင်းသည်ကိုမူ သူ သိနေခဲ့သည်။

*...ဒီလောက် အစွမ်းထက်တဲ့ ဓားတာအိုကို... သင်ပေးနေမှတော့... ဘာလို့ မသင်ဘဲ နေရမှာလဲ...။ ယူထားရမှာပေါ့...။*

ဖုန်းဝူချန် ကြိတ်တွေးလိုက်သည်။

အချိန် နှစ်နာရီ အပြည့် သုံးစွဲပြီးနောက်... ဖုန်းဝူချန်သည်... အဖြူရောင် ဝတ်စုံ လူ၏ ဓားတာအို အားလုံးကို... နောက်ဆုံးတွင်... အလွတ် မှတ်သားနိုင်ခဲ့လေသည်။

အရာအားလုံးကို မှတ်သားပြီးသွားသောအခါ... အဖြူရောင် ဝတ်စုံနှင့် ထိုလူသည်... နောက်တစ်ကြိမ် ပေါ်မလာတော့ပေ။

လေ့ကျင့်ရန် အခွင့်ကောင်းကို အရယူလျက်... ဖုန်းဝူချန်သည် ပြင်းထန်စွာ လေ့ကျင့်တော့သည်။ လှုပ်ရှားမှု တစ်ခုချင်းစီကို... အမှားအယွင်းမရှိ... လုပ်ဆောင်နိုင်သည်အထိ... ထပ်ခါတလဲလဲ လေ့ကျင့်နေခဲ့၏။

သို့သော်ငြားလည်း... ဓားတာအိုသည်... အလွန်အမင်း နက်နဲပြီး သိမ်မွေ့လှရာ... ဖုန်းဝူချန်ကဲ့သို့ ဓားသိုင်း ပါရမီရှင်တစ်ဦး အတွက်ပင်လျှင်... ၎င်း၏ အနှစ်သာရကို... ဆုပ်ကိုင်နိုင်ရန်... ခက်ခဲနေခဲ့သည်။

ဖုန်းဝူချန်သည်... ဤသိုင်းပညာကို လေ့ကျင့်ပြီး... နားလည် သဘောပေါက်ရန်... အချိန်များစွာ လိုအပ်ပေဦးမည်။

"စီနီယာ... ကျေးဇူးတင်ပါတယ်"

သူ... ကျွမ်းကျင် ပိုင်နိုင်လာမှသာ... ဖုန်းဝူချန်သည် ရပ်တန့်လိုက်ပြီး... လေထဲသို့ လက်သီးဆုပ်ကာ... ကျေးဇူးတင်ခြင်း အထိမ်းအမှတ်အဖြစ်... အရိုအသေပေးလိုက်တော့သည်။

သူ၏ စကားသံ မဆုံးသေးမီမှာပင်... တိုက်ခိုက်ရေး စင်မြင့်၏ မြေပြင်ပေါ်တွင်... မှိန်ပျပျ ရွှေရောင် အလင်းတန်းတစ်ခု ပေါ်ထွက်လာခဲ့သည်။ စကားလုံးများ... မှိတ်တုတ် မှိတ်တုတ် လင်းလက်လာ၏။ ၎င်းတို့သည်... စင်မြင့်ပေါ်မှ ဓားစိတ်ဆန္ဒများဖြင့်... ဖွဲ့စည်းထားခြင်း ဖြစ်သည်။

"ဒါ ဘာတွေလဲ"

ဖုန်းဝူချန်က ကွင်းပြင်၏ မြေပြင်ကို ကြည့်ရင်း... အံ့အားတသင့် ရေရွတ်လိုက်မိသည်။

သူ၏ အကြည့်သည်... စင်မြင့်ပေါ်မှ စကားလုံးများပေါ်တွင်... စူးစိုက်နေမိသည်။

ဖုန်းဝူချန် ဖတ်လိုက်သည်မှာ...

"အင်မော်တယ် ဆုံးဖြတ်ချက်ကျမ်း... ဝိညာဉ် ဖျက်ဆီးခြင်း ဓားသိုင်း"

"ဝိညာဉ် ဖျက်ဆီးခြင်း ဓားသိုင်း...။ ဒါ... ဒါကြောင့်... ဒီလောက် နက်နဲပြီး သိမ်မွေ့နေတာကိုး...။ ဒါ... ဒါက... အင်မော်တယ် ဆုံးဖြတ်ချက်ကျမ်း ဖြစ်နေတာ...။ ဟား... ဟားဟား"

ဖုန်းဝူချန်တစ်ယောက် အတိုင်းမသိ ဝမ်းသာသွားပြီး... ထိန်းမနိုင်သိမ်းမရ ရယ်မောလိုက်မိတော့သည်။

နဂါးဆိုးနတ်ဘုရားထံတွင်... အစွမ်းထက်သော ကျင့်ကြံခြင်း နည်းစနစ်များနှင့် သိုင်းပညာများစွာ ရှိခဲ့သော်လည်း... သူ၏ ဓားတာအိုများထဲတွင်... အစွမ်းအထက်ဆုံးမှာ...ဝက်ပါ ဓားသိုင်း' သက်သက်သာ ဖြစ်ပြီး... သူ၏ မျက်စိရှေ့မှ 'ဝိညာဉ် ဖျက်ဆီးခြင်း ဓားသိုင်း' နှင့် နှိုင်းယှဉ်ပါက... အလွန်... အလွန်... နိမ့်ကျလှပေသည်။

ဒီနေ့ ရလိုက်တဲ့ အကျိုးအမြတ်တွေက... များလွန်းလှသည်။ ဖုန်းဝူချန်တစ်ယောက် အိပ်မက်မက်နေသလိုပင် ခံစားနေရ၏။

...ဒါ... ဒါ... ကောင်းကင်ပေါ်က မုန့်ပြားတစ်ချပ် ကျလာတာနဲ့ တူနေပါလား...။

(ဘာသာပြန်သူ မှတ်ချက်: 'ကောင်းကင်ပေါ်က မုန့်ကျလာခြင်း' က မမျှော်လင့်ဘဲ ကံကောင်းမှုကြီး ရရှိခြင်းကို တင်စားသတဲ့ တရုတ်အသုံးအနှုန်း ဖြစ်ပါတယ်။)

"အချိန်သာ ပေးလိုက်...။ ငါ... 'ဝိညာဉ် ဖျက်ဆီးခြင်း ဓားသိုင်း' ' ရဲ့ အနှစ်သာရကို... သေချာပေါက် နားလည် သဘောပေါက်အောင် လုပ်ပြမယ်"

ဖုန်းဝူချန်က ယုံကြည်မှု အပြည့်ဖြင့် ကြွေးကြော်လိုက်သည်။

ထို့နောက် အထွတ်အထိပ် နဂါးနတ်ဘုရားဓားကို သူ၏ ခန္ဓာကိုယ်အတွင်းသို့ သိမ်းဆည်းလိုက်ပြီး... ဖုန်းဝူချန်၏ အတွေးများ ရွေ့လျားသွားကာ... သူသည်... အပေါ်ဆုံးအလွှာ... သတ္တမအလွှာ နေရာလပ်ဆီသို့... ဆက်လက် တက်လှမ်းသွားခဲ့သည်။

*...နောက်ဆုံး အလွှာက... ဘယ်လို ထူးဆန်းမှုတွေ ရှိနေဦးမလဲ...။ ဒီထက် ပိုအစွမ်းထက်တဲ့ သိုင်းပညာတွေ... ထပ်ရှိဦးမလား...။*

ဖုန်းဝူချန်တစ်ယောက် အလွန် သိချင်နေမိသည်။

သတ္တမအလွှာ နေရာလပ်သည်... စတုရန်း မီတာ ဆယ်ဂဏန်းမျှသာ ကျယ်ဝန်းသော်လည်း... ၎င်း၏ အောက်ဘက်တွင်... အဆုံးမရှိ နက်ရှိုင်းသော ချောက်ကမ်းပါးကြီး...။

အချင်း မီတာ အနည်းငယ်သာ ရှိသော... 'ထုံထျန်း' (ကောင်းကင်ထိ) ကျောက်တိုင်ကြီး တစ်တိုင်သာ... ရှိနေလေသည်။ (ဘာသာပြန်သူ မှတ်ချက်: 'ထုံထျန်း' (通天) ဆိုတာက 'ကောင်းကင်ဘုံနဲ့ ဆက်သွယ်ခြင်း'လို့ အဓိပ္ပာယ်ရပါတယ်။ )

"အဆုံးမရှိ နက်ရှိုင်းတဲ့ ချောက်ကမ်းပါး...။ သာမန် ဝိညာဉ်စွမ်းအင်...။ ဒါ... ဒါ... ဘယ်လို နေရာလပ်မျိုးလဲ"

ဖုန်းဝူချန်က ပတ်ဝန်းကျင်ကို အမြန်တစ်ချက် ဝေ့ကြည့်ရင်း... သိလိုစိတ်ဖြင့် တိုးတိုး ရေရွတ်လိုက်သည်။

ယခင်က... ထူးဆန်းသော နေရာလပ်များနှင့် တွေ့ကြုံခဲ့ပြီးဖြစ်ရာ... ဖုန်းဝူချန်သည်... ဤ သတ္တမအလွှာကို... အလွန် စိတ်ဝင်စားနေမိသည်။

သူသည် ပတ်ဝန်းကျင်ကို တိတ်ဆိတ်စွာ စစ်ဆေးကြည့်ရှုရင်း... ဆယ်မိနစ်ကျော်ကြာ... စောင့်ဆိုင်းနေခဲ့သည်။ သို့သော်... နေရာလပ်မှ... မည်သည့် တုံ့ပြန်မှုမှ... ထွက်ပေါ်မလာခဲ့...။ ဤအချက်က... ဖုန်းဝူချန်ကို... နားမလည်နိုင် ဖြစ်သွားစေသည်။

"ဒါ... ဒါ... ပထမအလွှာလိုမျိုး... ရိုးရိုး သာမန် နေရာလပ် တစ်ခုပဲလား"

ဖုန်းဝူချန်က အနည်းငယ် စိတ်ပျက်သွားသော လေသံဖြင့် ပြောလိုက်သည်။

*...ဒါပေမဲ့... ဒါက မဖြစ်သင့်ဘူးလေ...။ အမြင့်ဆုံး အလွှာက... အထူးခြားဆုံး ဖြစ်ရမှာ မဟုတ်လား...။ ဒါ... ရိုးရိုးသာမန် နေရာလပ်တစ်ခု မဖြစ်နိုင်ဘူး...။*

သိလိုစိတ်၏ တွန်းအားကြောင့်... နေရာလပ်တွင် မည်သည့် လှုပ်ရှားမှုမှ မရှိသော်လည်း... ဖုန်းဝူချန်သည်... ဆက်လက် စောင့်ဆိုင်းနေခဲ့သည်။

သူ စောင့်ဆိုင်းနေရင်း... တစ်နာရီ ကုန်လွန်သွားခဲ့၏။ သို့တိုင်... နေရာလပ်သည်... ငြိမ်သက်နေဆဲ...။

ထို့နောက်... သူ ဆက်လက် စောင့်ဆိုင်းရာ... နောက်ထပ် တစ်နာရီ ကုန်လွန်သွားပြန်သည်။ နေရာလပ်သည်... တုံ့ပြန်မှု မရှိသေး...။

ဖုန်းဝူချန်တစ်ယောက် လုံးဝ စိတ်ပျက်သွားလေပြီ။

ခေါင်းကို ခါယမ်းရင်း သက်ပြင်းဖွဖွ ချလိုက်ကာ... သူ၏ အတွေးများ ရွေ့လျားသွားပြီး... ကိုးထပ် ချန်ခွန်း မျှော်စင်ထဲမှ ထွက်ခွာလိုက်တော့သည်။

သူ၏ ရင်ထဲမှ အတိုင်းမသိ ပီတိများနှင့် စိတ်လှုပ်ရှားမှုများကို ချုပ်တည်းလိုက်ပြီး... ကိုးထပ် ချန်ခွန်း မျှော်စင်ကို... တောက်ပသော မျက်လုံးများဖြင့် စူးစူးရဲရဲ ကြည့်ရင်း... ဖုန်းဝူချန်က စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်မိသည်။

"အရင်ကတော့ မသိခဲ့ဘူး...။ အခု တွေ့လိုက်ရမှပဲ... တုန်လှုပ်သွားရတော့တယ်...။ ဒီမျှော်စင်ထဲက ရတနာတွေက... တကယ်ကို... အံ့အားသင့်စရာကောင်းပြီး... မျှော်လင့်မထားတာတွေချည်းပဲ...။ ဒါ... ရတနာ မျှော်စင်လို့ ခေါ်ထိုက်ပါပေတယ်...။ အားလုံး... အားလုံးက... ရတနာတွေချည်းပဲ"

ရတနာများ ရှာဖွေတွေ့ရှိလိုက်ရသည့် ခံစားမှုသည်... ဖုန်းဝူချန်ကို... အမှန်တကယ် ပျော်ရွှင်စေခဲ့သည်။ သူ၏ မျက်နှာပေါ်တွင်... တောက်ပသော အပြုံးတစ်ခု... ချိတ်ဆွဲထားမိ၏။

...သူ့ကို မသိတဲ့လူတွေသာ မြင်ရင်... ဖုန်းဝူချန်တစ်ယောက်... မိန်းမလှလေးလို ကံကောင်း မှုတစ်ခုခုနှင့် ကြုံတွေ့လာသလို... ထင်မှတ်သွားနိုင်ပေသည်။

"ဒီလို ရတနာမျိုးကို... တခြားလူတွေ... လုံးဝ သိခွင့်မဖြစ်ဘူး"

ဖုန်းဝူချန်က တိုးတိုး ရယ်မောလိုက်ပြီး... ကိုးထပ် ချန်ခွန်း မျှော်စင်ကို... သူ၏ ခန္ဓာကိုယ်ထဲသို့... ဆွဲသွင်းရန် ပြင်ဆင်လိုက်သည်။

"ဟမ်"

ဖုန်းဝူချန်က မျက်မှောင် အနည်းငယ် ကြုတ်လိုက်ပြီး... ပြတင်းပေါက် အပြင်ဘက်သို့... နားမလည်နိုင်စွာ လှည့်ကြည့်လိုက်သည်။

"အခုဆို... 'ယင်' နာရီ ဖြစ်ရမှာ မဟုတ်ဘူးလား...။ ဘာလို့... 'ဇီ' နာရီပဲ ရှိသေးတာလဲ"

နောက်ဆုံးတွင်... ဖုန်းဝူချန် တစ်ယောက်... တစ်စုံတစ်ခု... မှားယွင်းနေသည်ကို... သတိပြုလိုက်မိလေပြီ။

သူ၏ တွက်ချက်မှုများ ရှုပ်ထွေးသွား၏။

"ငါ... အင်ပါယာကို ရောက်လာတာ... ‘ဝေ’နာရီ (ညနေ ၁ နာရီမှ ၃ နာရီ) လောက်က...။ ကြားထဲမှာ နည်းနည်း နှောင့်နှေးသွားတာတွေ ရှိခဲ့ပေမဲ့... ငါ... မျှော်စင်ထဲကို ဝင်တဲ့အချိန်က... 'ရှန်’နာရီ (ညနေ ၃ နာရီမှ ၅ နာရီ) ဖြစ်သင့်တယ်"

သူသည် မျှော်စင်အတွင်း၌ အာရုံစူးစိုက်မှု လွန်ကဲနေခဲ့ရာ အချိန်မည်မျှ ကုန်ဆုံးသွားသည်ကိုပင် သတိမမူမိခဲ့။ သူ၏ စိတ်အာရုံထဲတွင်မူ ညတစ်ညလုံး ကုန်လွန်သွားပြီး အရုဏ်တက်တော့မည်ဟုပင် ထင်မှတ်နေခဲ့သည်။

"ငါ... မျှော်စင်ထဲမှာ... အနည်းဆုံး ဆယ်နာရီ၊ ဒါမှမဟုတ် တစ်ညလုံးတောင် နေခဲ့မိသလို ခံစားနေရတာ...။ ဒီလိုသာဆိုရင်... အခု အပြင်ဘက်မှာ 'ယင်' (寅) နာရီ (နံနက် ၃ နာရီမှ ၅ နာရီ) ဖြစ်နေရမှာ...။ အနည်းဆုံးတော့ 'ချိုဝ်' (丑) နာရီ (နံနက် ၁ နာရီမှ ၃ နာရီ) ဖြစ်သင့်တာပေါ့"

သို့သော် သူ၏ အာရုံခံစားမှုနှင့် လက်တွေ့အချိန်သည် ထပ်တူကျမနေခဲ့။

သူသည် သံသယကို ဖြေဖျောက်ရန် ခေါင်းမော့၍ ကောင်းကင်ယံရှိ ကြယ်တာရာတို့၏ အနေအထားကို အသေအချာ လေ့လာလိုက်သည်။

"ဒါ... ဒါက 'ဇီ' (子) နာရီ (ည ၁၁ နာရီမှ ၁ နာရီ) ရဲ့ ကြယ်အနေအထားပဲ...။ 'ယင်' နာရီ မဟုတ်ဘူး...။ ဘယ်လိုလုပ်ပြီး... ငါ့ရဲ့ တွက်ချက်မှုနဲ့ အပြင်ကအချိန်... ဒီလောက် ကွာဟနေရတာလဲ"

[

ဖုန်းဝူချန် တွေးလေလေ... ပို၍... နားမလည်နိုင် ဖြစ်လာလေလေ...။

အချိန်... အချိန်တွေ... လုံးဝ... လွဲချော်နေခဲ့သည်။

[ရှေးတရုတ် နာရီစနစ် (时辰 - Shíchen) ဆိုတာက တစ်နေ့တာ (၂၄ နာရီ) ကို အချိန်ကာလ ဆယ့်နှစ်ခုအဖြစ် ပိုင်းခြားထားတာ...။ အချိန်ကာလ တစ်ခုစီက ခေတ်သစ်နာရီစနစ်အရ နှစ်နာရီတိတိ ကြာမြင့်တယ်...။ ပြီးတော့... အချိန်ကာလတစ်ခုစီကို တိရစ္ဆာန်ရာသီခွင် တစ်ခုစီနဲ့ ကိုယ်စားပြု သတ်မှတ်ထားလေ့ရှိပါတယ်..။

"'ဇီ' (子) နာရီ... ဒါက ကြွက် (Rat) နာရီ... ည ၁၁ နာရီကနေ မနက် ၁ နာရီအထိ ကြာမြင့်တဲ့ ညသန်းခေါင်ယံ အချိန်ကာလပေါ့။ နေ့သစ်တစ်ခုရဲ့ အစလို့လည်း ဆိုနိုင်တယ်"

"'ချိုဝ်' (丑) နာရီ... ဒါကတော့ နွား (Ox) နာရီ... မနက် ၁ နာရီကနေ မနက် ၃ နာရီအထိ ကြာမြင့်တဲ့ ညဉ့်နက်ချိန်ပဲ"

"'ယင်' (寅) နာရီ... ၎င်းက ကျား (Tiger) နာရီ ဖြစ်ပြီး၊ မနက် ၃ နာရီကနေ မနက် ၅ နာရီအထိ ကြာမြင့်တယ်...။ ဒါက အရုဏ်မတက်မီ၊ မိုးသောက်ယံ အမှောင်ဆုံး အချိန်ကာလကို ဆိုလိုတာ"

"'ဝေ' (未) နာရီ... ဒါက သိုး (Goat) နာရီ... နေ့လယ် ၁ နာရီကနေ ညနေ ၃ နာရီအထိ ကြာမြင့်တဲ့ နေ့လယ် နေစောင်းချိန်"

"'ရှန်' (申) နာရီ... ၎င်းက မျောက် (Monkey) နာရီ ဖြစ်ပြီး၊ ညနေ ၃ နာရီကနေ ညနေ ၅ နာရီအထိ ကြာမြင့်တဲ့ ညနေစောင်း အချိန်ကာလ ဖြစ်ပါတယ်"]

ဖုန်းဝူချန် သေချာ ပြန် စဉ်းစားကြည့်လိုက်သည်။

ငါ... ဆဌမအလွှာနဲ့ သတ္တမအလွှာတွေမှာ... အချိန်ပိုသုံးခဲ့တယ်...။ တစ်ခုချင်းစီမှာ... နှစ်နာရီလောက်...။ တခြား နေရာလပ်တွေမှာ... အကြာကြီး မနေခဲ့ပေမဲ့... အချိန် အတော်အတန်တော့... သုံးစွဲခဲ့သေးတယ်...။ အားလုံးပေါင်းလိုက်ရင်... ငါးနာရီကျော်တာ... သေချာပါတယ်...။

သို့သော်... ယခု... ဖုန်းဝူချန် မျှော်စင်ထဲမှ ထွက်လာသောအခါ... လေးနာရီမျှသာ... ကုန်ဆုံးသွားသည်ကို... သူ တွေ့ရှိလိုက်ရသည်။

...ပျောက်ဆုံးသွားသော တစ်နာရီက... ဘယ်ရောက်သွားပါသနည်း...။

"သေချာတယ်... တစ်နာရီ ပျောက်နေတယ်...။ ဒါ... ဒါ... မျှော်စင်ရဲ့ နေရာလပ်နဲ့... ပတ်သက်နေရမယ်...။ သေချာပေါက်... ဆဌမအလွှာ... ဒါမှမဟုတ်... သတ္တမအလွှာ... ဖြစ်ရမယ်"

ဖုန်းဝူချန်က... သေသေချာချာ... အတည်ပြုလိုက်သည်။

အကြောင်းရင်းမရှိဘဲ တစ်နာရီ ပျောက်ဆုံးနေမှတော့... ဤ အလွှာနှစ်ခုသည်... ဖြစ်နိုင်ခြေ အရှိဆုံးပင်။

အတွေးတစ်ချက်ဖြင့်... ဖုန်းဝူချန်သည် ဆဌမအလွှာ နေရာလပ်သို့... ရောက်ရှိသွားခဲ့သည်။

ဆဌမအလွှာ နေရာလပ်သည်... ဖုန်းဝူချန် ယခင်က ဓားတာအို လေ့ကျင့်ခဲ့သော နေရာ ဖြစ်သည်။ ထိုနေရာသို့ တစ်ဖန် ပြန်ရောက်သောအခါ... ကွင်းပြင်သည်... ကြောက်မက်ဖွယ် သတ်ဖြတ်လိုစိတ်များဖြင့်... ပြည့်နှက်နေဆဲ...။ တစ်ခုတည်းသော ကွာခြားချက်မှာ... အဖြူရောင် ဝတ်စုံနှင့် ထိုလူ... နောက်တစ်ကြိမ် ပေါ်မလာတော့ခြင်းပင်။

ဖုန်းဝူချန်သည်... အချိန် စီးဆင်းမှု၏ အရှိန်အဟုန်ကို... မခွဲခြားနိုင်ခဲ့...။ မည်သူမျှ... မခွဲခြားနိုင်ပေ...။ သူ... တစ်ခုပြီးတစ်ခု... စမ်းသပ်ကြည့်ရုံသာ... တတ်နိုင်လေသည်။

သူ... ဆဌမအလွှာ နေရာလပ်သို့ ရောက်နေပြီ ဖြစ်သောကြောင့်... ဖုန်းဝူချန်သည်... 'ဝိညာဉ် ဖျက်ဆီးခြင်း ဓားသိုင်း' ကို လေ့ကျင့်ရင်း... အချိန်ကုန်ဆုံးသည်ကို... စောင့်ဆိုင်းနေလိုက်သည်။

တစ်နာရီ ကြာပြီးနောက်... ဖုန်းဝူချန်သည် ကိုးထပ် ချန်ခွန်း မျှော်စင်ထဲမှ ချက်ချင်း ထွက်လိုက်ပြီး... အပြင်တွင်... အမှန်တကယ်... တစ်နာရီ ကုန်ဆုံးသွားသည်ကို... တွေ့ရှိလိုက်ရသည်။

"ဒါ... ဒါ... သတ္တမအလွှာ... ပဲ ဖြစ်ရမယ်"

ဖုန်းဝူချန်က စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

အကယ်၍... သတ္တမအလွှာက... အချိန်ကို နှစ်ဆ တိုးပေးနိုင်ခဲ့မည် ဆိုလျှင်... ဒါ... ဒါ... သူများတွေထက်... သူက ကျင့်ကြံဖို့ အချိန် နှစ်ဆ ပိုရသွားမည် ဟူသည့် အဓိပ္ပာယ်ပင်...။

အတွေး တစ်ချက်ဖြင့်... ဖုန်းဝူချန်သည် ကိုးထပ် ချန်ခွန်း မျှော်စင်ထဲသို့ တစ်ဖန် ပြန်ဝင်လိုက်ပြီး... သတ္တမ အလွှာသို့... ချက်ချင်း တက်လှမ်းသွားခဲ့သည်။

ဖုန်းဝူချန်သည်... ကြီးမားသော ကျောက်တိုင်ကြီး၏ ထိပ်ပေါ်တွင်... ပေါ်ထွက်လာခဲ့သည်။ ၎င်း၏ အောက်တွင်... အဆုံးမရှိ နက်ရှိုင်းသော ချောက်ကမ်းပါးကြီးပင်...။

"ဒီ နေရာလပ်က... သာမန်လို ထင်ရပေမဲ့... သေချာပေါက်... ထူးခြားဆန်းကြယ်နေရမယ်...။ ငါ... ငါ... ခန့်မှန်းထားတာ... မှန်လောက်တယ်"

ဖုန်းဝူချန် တွေးလေလေ... သူ ပို၍ စိတ်လှုပ်ရှားလာလေလေ ဖြစ်သည်။

နေရာလပ် ရတနာများသည်... ရှာဖွေ၍ မရနိုင်သော... ကံကောင်းသည့် ကြုံဆုံမှုများ ဖြစ်သည်။ ဖုန်းဝူချန်... ကိုးထပ် ချန်ခွန်း မျှော်စင်ကို ရရှိပိုင်ဆိုင်ခဲ့ခြင်းသည်... ကောင်းကင်ဘုံ၏ ကောင်းချီးမင်္ဂလာ... အစစ်အမှန်ပင်တည်း။

ဖုန်းဝူချန်သည် ကျောက်တိုင်ပေါ်တွင် တင်ပျဉ်ခွေ ထိုင်လိုက်ပြီး... အချိန်ကုန်ဆုံးသည်ကို စောင့်ဆိုင်းရင်း... ကျင့်ကြံနေလိုက်သည်။

မျက်စိတစ်မှိတ်အတွင်း တစ်နာရီ...။

ဖုန်းဝူချန်သည် မျှော်စင်ထဲမှ ချက်ချင်း ထွက်လိုက်ပြီး... အပြင်တွင်... နာရီဝက် (မိနစ် ၃၀) မျှသာ... ကုန်ဆုံးသွားသည်ကို... တွေ့ရှိလိုက်ရသည်။

"တကယ်... တကယ်ပဲ... မှန်နေတာပဲ...။ သတ္တမအလွှာ နေရာလပ်က... တကယ်... တကယ်ကို... ထူးခြားဆန်းကြယ်တာပဲ"

ဖုန်းဝူချန်က စိတ်လှုပ်ရှားစွာ ပြောလိုက်ပြီး... ကိုးထပ် ချန်ခွန်း မျှော်စင်ကို... အလွန်အမင်း မြတ်နိုးစွာ... ကိုင်ထားလိုက်မိသည်။

ဖုန်းဝူချန်သည် သတ္တမအလွှာတွင် တစ်နာရီ နေခဲ့သော်လည်း... အပြင်သို့ ထွက်လာသောအခါ... အပြင်လောကတွင်... နာရီဝက်မျှသာ... ကုန်ဆုံးသွားသည်ကို... တွေ့ရှိခဲ့ရသည်။

တစ်နည်းအားဖြင့်... သတ္တမအလွှာရှိ အချိန် စီးဆင်းမှုသည်... အပြင်လောကထက်... နှစ်ဆ... ပို၍ မြန်ဆန်နေခဲ့သည်။

ဖုန်းဝူချန်က စိတ်လှုပ်ရှားမှု အပြည့်ဖြင့် အော်ဟစ်လိုက်မိသည်။

" မျှော်စင်ထဲမှာ တစ်လလောက် ကျင့်ကြံနေမယ်ဆိုရင်... အပြင်လောကမှာ... လဝက်ပဲ ကုန်ဆုံးသွားမှာ...။ ကိုးထပ် ချန်ခွန်း မျှော်စင်က... တကယ်... ရတနာတွေနဲ့ ပြည့်နှက်နေတဲ့... မျှော်စင် အစစ်ပဲ... ဟားဟား"

All Chapters