← Chapters

လေကျွယ်နှင့် ကြီးကျယ်ခမ်းနားသော တိုက်ပွဲ (၁)

Vol. 12 Ch. 170

လေကျွယ်နှင့် ကြီးကျယ်ခမ်းနားသော တိုက်ပွဲ (၁)

Vol. 12 Ch. 170

~လေကျွယ်သည် သူ၏ အစွမ်းအကုန်ကို တစ်ချက်တည်း ထုတ်ဖော်လိုက်၏။ သူ၏ ခန္ဓာကိုယ်မှ ပေါက်ကွဲလာသော အစစ်အမှန်ယွမ်များသည်... ယွမ်တန်ဘုံ နဝမအလွှာ၏ စွမ်းအားနှင့်ပင် ယှဉ်ပြိုင်နိုင်စွမ်း ရှိနေပြီး... သူ၏ တန်ခိုးအရှိန်အဝါမှာ... ပြိုင်ဘက်ကင်း နေခဲ့သည်။

ပြင်းထန်လှသော ချီစွမ်းအင် အရှိန်အဝါသည်... ကြမ်းတမ်းသော မုန်တိုင်းတစ်ခုအလား... တလိပ်လိပ် တိုက်ခတ်လာရာ... တောင်ထိပ်တစ်ခုလုံး... လေပြင်းများဖြင့်... ဆူပွက်သွားတော့၏။

ထို အံ့အားသင့်ဖွယ် အရှိန်အဝါကြောင့်... ကြည့်ရှုနေသူများ၏ မျက်နှာများ... ဖြူဖျော့သွားကြပြီး... မျက်ဝန်းများထဲတွင်... ထိတ်လန့်မှုတို့ဖြင့်... ပြည့်နှက်သွားလေသည်။

*...သွားပြီ...။ ဒီလောက် ကြောက်စရာကောင်းတဲ့ အရှိန်အဝါ...။ ဒါ... ဒါ... လူတစ်ယောက်ဆီက ထွက်လာတာ... ဟုတ်ရော ဟုတ်ရဲ့လား...။*

အသန်မာဆုံး မင်းသား ဆိုသည့် ဘွဲ့ထူးဂုဏ်ပုဒ်သည်... အမှန်တကယ်ပင်... ထိုက်တန်လှပေသည်။

ထို ရက်စက် ကြမ်းတမ်းသော အရှိန်အဝါသည်... မြင်ရသူတိုင်းကို... အနိုင်ယူ၍ မရနိုင်ဟူသော... ခံစားချက်မျိုး... ပေးနေခဲ့သည်။

လေကျွယ်သည်... ထိုမျှလောက်... အစွမ်းထက်လှသည်တကား။

"ဒီလောက် ကြောက်စရာကောင်းတဲ့ အစွမ်းနဲ့တော့... ဖုန်းဝူချန်... လေကျွယ်ကို... မယှဉ်နိုင်လောက်ဘူး ထင်တယ်"

သွမ့်ဝူချင်း မျက်မှောင်ကြုတ်လိုက်မိ၏။

*...ငါက... အိမ်ရှေ့စံမင်းသား တစ်ပါး ဖြစ်ပြီး... သူ့နဲ့ ယှဉ်လိုက်ရင်... ကွာလွန်းနေပါလား...။*

လေကျွယ် ပြသလိုက်သော အစွမ်းသည်... အင်ပါယာ အသီးသီးမှ အဆင့်မြင့် အရာရှိကြီးများအားလုံးကို... အလွန်အမင်း... လေးနက် တည်ငြိမ်သွားစေခဲ့သည်။

"မင်းသား လေကျွယ်ရဲ့ ခွန်အားက... ကြောက်စရာကောင်းလွန်းတယ်...။ ယွမ်တန်ဘုံ နဝမအလွှာနဲ့... ယှဉ်နိုင်လောက်တယ်...။ ဒီတိုက်ပွဲ... ဖုန်းဝူချန်... နိုင်ဖို့... အခွင့်အရေး... မရှိတော့ဘူး"

"ဖုန်းဝူချန်က... ပါရမီရှင် တိုက်ခိုက်ရေး အဆင့်သတ်မှတ်ပွဲမှာ... ပထမနေရာ ရခဲ့တယ် ဆိုပေမဲ့... သူ့ရဲ့ အစွမ်းက... အရမ်း... အရမ်း... နိမ့်လွန်းနေသေးတယ်"

"အသန်မာဆုံး မင်းသား ဆိုတဲ့ ဂုဏ်ပုဒ်က... အလကား ရထားတာ... မဟုတ်ဘူးပဲ"

ကြည့်ရှုနေကြသော အစွမ်းထက် ပုဂ္ဂိုလ်များစွာတို့သည်... လေကျွယ်၏ ကြောက်မက်ဖွယ် စွမ်းအားကြောင့်... တုန်လှုပ် ခြောက်ခြားသွားကြပြီး... ဖုန်းဝူချန် အပေါ်... မည်သူမျှ...... ထင်ကြေး မရှိကြတော့ပေ။

လူတစ်ယောက်၏ ခွန်အားက... အလွန်အမင်း ကြောက်မက်ဖွယ် ကောင်းနေသောအခါ... သူ၏ ပြိုင်ဘက်အပေါ်... မည်သူမျှ... ယုံကြည်မှု ရှိကြတော့မည်... မဟုတ်သည်မှာ... သဘာဝကျလှသည်။

ဖုန်းဝူချန်အပေါ် အကောင်းမြင်စိတ် မရှိကြသော်ငြားလည်း... သူတို့သည်... သူ၏ အစွမ်းကို... မြင်တွေ့ရန်... မျှော်လင့်နေကြဆဲ ဖြစ်သည်။

အကြောင်းမူကား... ထျန်းယွမ်ဘုံ အဆင့် ပုဂ္ဂိုလ်ကြီးများပင်လျှင်... မစွမ်းဆောင်နိုင်သော... ဓားပျံသန်းခြင်းကို... သူက.. လုပ်ပြသွားခဲ့သည် မဟုတ်ပါလား...။

လျိုချင်းယန်က သူ၏ ကြောက်ရွံ့မှုကို မျိုချကာ... တံတွေးတစ်ချက် မျိုချလိုက်ရင်း... စိုးရိမ်တကြီး မေးလိုက်သည်။

"ဒီမင်းသားရဲ့ စွမ်းအားက... ကြောက်စရာကောင်းလိုက်တာကွာ...။ အစ်ကိုကြီးဖုန်း.. နိုင်ပါ့မလား"

“စစ်သူကြီးချုပ်က... သူ့မှာ အစွမ်းမရှိဘဲနဲ့... ဒီစိန်ခေါ်ပွဲကို... လက်ခံခဲ့မှာ မဟုတ်ဘူး"

ဟု ဟွမ်ယန်က လေးနက်စွာ ပြောလာ၏။

ထိုသို့ ဆိုသော်ငြားလည်း... လူတိုင်း... စိတ်ပူနေကြဆဲ ဖြစ်လေသည်။

"ဖုန်းဝူချန်...။ ဒီမင်းသားကို... မင်းရဲ့ အစွမ်း... ပြစမ်း"

လေကျွယ်က ဖုန်းဝူချန်ကို ကြည့်ရင်း... တည်ငြိမ်စွာ ပြောလိုက်သည်။

ဖုန်းဝူချန်က ပြုံးလိုက်သည်။

"မင်းသားကြီးရဲ့ အစွမ်းက... တကယ်ပဲ... ကြောက်မက်ဖွယ် ကောင်းလှပါတယ်...။ အသန်မာဆုံး မင်းသားလို့... အခေါ်ခံရတာ... ထိုက်တန်ပါပေတယ်"

သူ၏ စကားသံ ဆုံးသည်နှင့် တစ်ပြိုင်နက်... တဝူးဝူး အသံများနှင့်အတူ... ဖုန်းဝူချန်၏ ခန္ဓာကိုယ်အတွင်းမှ... အစစ်အမှန်ယွမ်များ... တိုးထွက်လာခဲ့သည်။

ရွှေရောင် အလင်းတန်းများ... ဖြာထွက်လာပြီး... ကြမ်းတမ်းသော စွမ်းအားသည်... မြေပြင်ကို... တုန်ခါသွားစေတော့၏။

*...ယွမ်တန်ဘုံ... ပဉ္စမ အလွှာ...။ ဗိုလ်ချုပ်ဝမ်... ပြောတာ... မှန်နေတာပဲ...။ ဖုန်းဝူချန်... တကယ်... တိုးတက်လာခဲ့တာ...။ သောက်ကျိုးနည်း...။ သူ့ရဲ့ ကျင့်ကြံမှု အရှိန်က... တကယ့်ကို ကြောက်စရာကြီး...။*

လေကျွယ်သည်.. ကြိတ်၍ တွေးလိုက်မိသည်။

သွမ့်ထျန်းဟွမ်ကလည်း... အတွင်းစိတ်ထဲမှ မှတ်ချက်ပြုလိုက်သည်။

*...ရက်နည်းနည်းလေး အတွင်းမှာ... သူ့ရဲ့ ကျင့်ကြံမှုက... ရှေ့တက်လာပြန်ပြီ...။ ဒီကောင်လေး... လူရော.. ဟုတ်ရဲ့လား...။*

ဖုန်းဝူချန်၏ ကျင့်ကြံမှုအဆင့်ကို သိရှိထားသူများအားလုံးသည်... ထိုအခိုက်အတန့်တွင်... သူ၏ အစွမ်းကြောင့်... အကြီးအကျယ်... တုန်လှုပ်သွားကြရသည်။ သူ၏ ကြောက်မက်ဖွယ် ကောင်းလှသော... ကျင့်ကြံမှု အရှိန်အဟုန်သည်... သူတို့အားလုံးကို... ဖုန်မှုန့်များထဲတွင်... ချန်ထားခဲ့လေပြီ။

လက်ရှိတွင်... ဖုန်းဝူချန်၏ တိုက်ခိုက်ရေးအစွမ်းသည်... ယွမ်တန်ဘုံ သတ္တမ အလွှာနှင့်... ယှဉ်ပြိုင် တိုက်ခိုက်ရန်... လုံလောက်နေခဲ့ပြီး... သူ... အသာစီး မရလျှင်တောင်... အရှုံးဘက်တွင်... မရှိသည်မှာ... သေချာလှသည်။

"ကွာလွန်းတယ်...။ ကွာလွန်းနေတယ်...။ ဖုန်းဝူချန်... ရှုံး... ရှုံးမှာ... သေချာပါတယ်"

"ဖုန်းဝူချန်က... သူ့ရဲ့ ကိုယ်ပိုင် ကျင့်ကြံမှုအဆင့်ထက်... ကျော်လွန်တဲ့... တိုက်ခိုက်ရေးအစွမ်း... ပိုင်ဆိုင်ထားတယ် ဆိုရင်တောင်... သူ... မင်းသား လေကျွယ်ကို... ကျော်လွှားနိုင်မှာ... မဟုတ်ဘူး"

ကြည့်ရှုနေသော လူအုပ်ကြီးသည်... တစ်ဖန်... ခေါင်းခါ လိုက်ကြပြန်သည်။

*...ကွာလွန်းပါတယ်...။ ပဉ္စမ အလွှာနဲ့... နဝမအလွှာနီးပါး...။ ဒါ... ဘယ်လို ယှဉ်တိုက်လို့... ရမှာလဲ...။*

သို့သော်ငြားလည်း... အင်ပါယာ အသီးသီးမှ အထက်တန်းလွှာ ပုဂ္ဂိုလ်ကြီးများ၏ မျက်နှာအမူအရာများသည်... ပို၍... လေးနက်လာခဲ့သည်

ဖုန်းဝူချန်၏ စွမ်းအားသည်... မျက်မြင် တွေ့နေရသလောက်... ရိုးရှင်းမည် မဟုတ်...။ သို့မဟုတ်ပါက... သူ... ဤစိန်ခေါ်ပွဲကို... လက်ခံခဲ့မည် မဟုတ်ပေ။

"ဒါ... မင်းရဲ့... ခွန်အား အကုန်... မဟုတ်သေးဘူး"

လေကျွယ်က မျက်မှောင်ကြုတ်ရင်း ထုတ်ပြောလိုက်သည်။

ဖုန်းဝူချန်ကမူ... နှုတ်ခမ်းတွန့်ရုံမျှသာ... ပြုံးလိုက်သည်။

*...ဒီလောက်နဲ့... လန့်နေကြပြီလား...။ ဒါ... အခုမှ... အစပဲ... ရှိသေးတယ်...။*

ရုတ်ချည်းပင် သူ၏ သွေးမျိုးဆက်စွမ်းအားများ...... တိုးထွက်လာခဲ့သည်။ သူ၏ အရှိန်အဝါနှင့် အသက်ရှုသံများ... ပြင်းထန်စွာ... မြင့်တက်လာပြီး... သူ၏ တိုက်ခိုက်ရေး စွမ်းရည်သည်လည်း... ၎င်းတို့နှင့်အတူ... တဟုန်ထိုး... တက်သွားတော့၏။

လေကျွယ်၏ မျက်ခုံးများ... တစ်ဖန်... တွန့်ချိုးသွားပြီး... သူ၏ နှလုံးသား... အကြီးအကျယ်... တုန်လှုပ်သွားသည်။

*.....တိုက်ခိုက်ရေးအစွမ်း... တက်လာပြန်ပြီ...။ ဒီ... ဒီအရှိန်အဝါ... ဒါ... ဒါ... အစစ်အမှန်ယွမ် စွမ်းအား... မဟုတ်တော့ဘူး...။ ပြီးတော့... ဒီအရှိန်အဝါက... သူ့ဓား... သူ့ဓားနဲ့... တစ်ထပ်တည်း... တူနေပါလား...။*

"ဖုန်းဝူချန်ရဲ့... အစွမ်း... တက်လာပြန်ပြီ"

"ဒါ... ဒါ... ဘယ်လို အရှိန်အဝါကြီးလဲ...။ ဖုန်းဝူချန်ရဲ့... ဓားရဲ့ အရှိန်အဝါနဲ့... တူသလိုပဲ"

"ဒီ... အစစ်အမှန်ယွမ် စွမ်းအားက... အလွန်အမင်း... လွှမ်းမိုးနိုင်တာပဲ"

ဖုန်းဝူချန်... သူ၏ သွေးမျိုးဆက်စွမ်းအားကို နှိုးဆွလိုက်သည်နှင့်... ပရိသတ်ထဲမှ... မရေမတွက်နိုင်သော အစွမ်းထက် ပုဂ္ဂိုလ်ကြီးများ၏ မျက်နှာများ... အကြီးအကျယ်... ပြောင်းလဲသွားကြသည်။

"သွမ့် ဧကရာဇ်...။ ဒါ... ဒါ... ဘယ်လို စွမ်းအားမျိုးလဲ"

ရွှေယွဲ့ ဧကရာဇ်က... လေးနက်သော အမူအရာဖြင့်... သိလိုစိတ် ပြင်းပြစွာ... မေးလိုက်သည်။

"ဒီဘုရင်လည်း... သိချင်နေတာ...။ ဒီစွမ်းအားက... ခြိမ်းခြောက်နိုင်စွမ်းနဲ့... ပြည့်နေတယ်...။ ဒါ... သာမန်... အစစ်အမှန်ယွမ် စွမ်းအား... မဟုတ်ဘူး"ဟု ထျန်းဝူ ဧကရာဇ်က... အလေးအနက် ပြောလိုက်သည်။

ထိုစကားကို ကြားသောအခါ... သွမ့်ထျန်းဟွမ်က ခေါင်းခါလိုက်ပြီး... ပြန်လည် ဖြေကြားလိုက်သည်။

"ဒီဘုရင်လည်း... ဒါ... ဘာစွမ်းအားလဲ... မသိဘူးပဲ"

လော့ယွင် ဧကရာဇ်လည်း... အံ့အားတသင့်... ရေရွတ်လိုက်လေသည်။

"ကျုပ်.. ပိုပြီး သိချင်နေတာက... ဖုန်းဝူချန်ရဲ့... ဓားပဲ...။ ဘာလို့... သူ့ရဲ့ အရှိန်အဝါက... သူ့ရဲ့ အစစ်အမှန်ယွမ် အရှိန်အဝါနဲ့... တစ်ထပ်တည်း... တူနေရတာလဲ"

ထိုနေရာတွင် ရှိနေကြသော... မရေမတွက်နိုင်သည့် အစွမ်းထက် ပုဂ္ဂိုလ်ကြီးများသည်လည်း... အလွန်အမင်း... နားလည်ရခက်သွားကြသည်။

ဖုန်းဝူချန်၏ အစစ်အမှန်ယွမ် အရှိန်အဝါက... အဘယ်ကြောင့်... အထွတ်အထိပ် နဂါးနတ်ဘုရားဓား၏ အရှိန်အဝါနှင့်... တစ်ထပ်တည်း... တူညီနေရပါသနည်း။

"ချီလင် ချပ်ဝတ်"

လူတိုင်း... တုန်လှုပ် ရှုပ်ထွေးနေကြဆဲမှာပင်... ဖုန်းဝူချန်က... ဆင့်ခေါ်လိုက်သည်။ အနက်ရောင် တောင်ပံတစ်စုံ... သူ၏ နောက်ကျောတွင်... ဖြန့်ကျက် ပေါ်ထွက်လာ၏။

ချီလင် ချပ်ဝတ်ကို ဆင့်ခေါ်လိုက်သည်နှင့်... ဖုန်းဝူချန်၏ တိုက်ခိုက်ရေးအစွမ်းသည်... တစ်ဖန်... တဟုန်ထိုး မြင့်တက်သွားပြန်သည်။ သူ၏ လွှမ်းမိုးနိုင်စွမ်းရှိသော စွမ်းအားသည်... ယွမ်တန်ဘုံ... အဌမ အလွှာ... အစွမ်းသို့... တက်လှမ်းသွားခဲ့လေပြီ။

ထိတ်လန့်ဖွယ်... ကြမ်းတမ်းပြီး... သွေးဆာသော... အရှိန်အဝါတစ်ခု... တဟုန်ထိုး... စီးဆင်း ထွက်ပေါ်လာခဲ့သည်။

"ဘာ... ဘာကြီးလဲ"

"ဒါ... ဒါ... ဘယ်လိုလုပ်... ဖြစ်နိုင်မှာလဲ...။ အဲ့... အဲ့ဒါ... ဘာကြီးလဲ...။ ဘာလို့... ဒီလောက် ကြောက်စရာကောင်းတဲ့... အရှိန်အဝါတွေ... ထွက်နေရတာလဲ"

"ဖုန်းဝူချန်ရဲ့... တိုက်ခိုက်ရေးအစွမ်း... ထပ်တက်လာပြန်ပြီ...။ ယွမ်တန်ဘုံ... အဌမ အလွှာ စွမ်းအား... အထိ...။"

*...ယွမ်တန်ဘုံ... ပဉ္စမ အလွှာကနေ... အဌမ အလွှာရဲ့... အစွမ်း...။ ဟုတ်... ဟုတ်... ငါ... အိပ်မက်... မက်နေတာလား...။*

ထိုနေရာတွင် ရှိနေသူအားလုံး... ဧကရာဇ် သုံးပါး အပါအဝင်... ဤ ကြောက်မက်ဖွယ် အရှိန်အဝါနှင့်... ဖုန်းဝူချန်၏ ကြောက်မက်ဖွယ် တိုက်ခိုက်ရေးအစွမ်းကြောင့်... ထိတ်လန့် တုန်လှုပ်သွားကြရသည်။

ယွမ်တန်ဘုံ ပဉ္စမ အလွှာ၏ အစွမ်းသည်... အမှန်တကယ်ပင်... ယွမ်တန်ဘုံ အဌမ အလွှာ စွမ်းအားကို... ပေါက်ကွဲ ထုတ်ဖော်နိုင်ခဲ့သည်တကား။

ကြည့်ရှုနေကြသော... အစွမ်းထက် ပုဂ္ဂိုလ်ကြီးများအားလုံး... မှင်တက်... အံ့အားသင့်သွားကြသည်။

"ယွမ်တန်ဘုံ... ပဉ္စမ အလွှာ... ကျင့်ကြံသူတစ်ယောက်က... ယွမ်တန်ဘုံ... အဌမအလွှာနဲ့... ယှဉ်နိုင်တဲ့... အစွမ်း...။ ဘယ်... ဘယ်လိုလုပ်... ဒါ... ဖြစ်နိုင်မှာလဲ"

"ဒီလောကကြီးမှာ... ဒီလောက် ကြောက်စရာကောင်းတဲ့... ပါရမီရှင်... တကယ်... ရှိနေတာလား"

ကြောက်လန့်မှု...။

မရေမတွက်နိုင်သော... အစွမ်းထက် ပုဂ္ဂိုလ်ကြီးများ၏ မျက်နှာများတွင်... ကြောက်ရွံ့မှုနှင့်... မယုံကြည်နိုင်မှုတို့... ပြည့်နှက်သွားသည်။

"ဒီကောင်လေး.... လူ ဟုတ်ရဲ့လား...။ ဘီလူး... ဘီလူးပဲ... ဖြစ်ရမယ်"

လေကျွယ်သည်... ဖုန်းဝူချန်ကို... မျက်လုံးပြူးကြီးများဖြင့်... စူးစူးရဲရဲ ကြည့်နေမိပြီး... သူ မြင်တွေ့နေရသည်များကို... မယုံကြည်နိုင် ဖြစ်နေခဲ့သည်။

"သွမ့် ဧကရာဇ်...။ ဒါ... ဒါ... ဘယ်လို... အရှိန်အဝါ... မျိုးကြီးလဲ"

ရွှေယွဲ့ ဧကရာဇ်က... တုန်လှုပ်ခြောက်ခြားစွာ... တုန်ယင်လျက်... မေးလိုက်သည်။

ထျန်းဝူ ဧကရာဇ်ကလည်း... သူ၏ မျက်နှာ အမူအရာ... ထိတ်လန့်မှုများ အပြည့်ဖြင့်

"ဒါ... ဘယ်လို... ကြောက်မက်ဖွယ်... အရှိန်အဝါကြီးလဲ...။ ဒီဘုရင်... ကြောက်စရာကောင်းတဲ့... ခုခံစွမ်းအားကိုပါ... ခံစားနေရတယ်"

"အမှန်အတိုင်း ပြောရရင်... ဒီဘုရင်လည်း... မသိဘူး"

သွမ့်ထျန်းဟွမ်က... ကူကယ်ရာမဲ့စွာ... ခြောက်ကပ်ကပ် ပြုံးကာ ပြောလိုက်သည်။

သို့သော်... သူ၏ နှလုံးသားထဲတွင်မူ... ဂုဏ်ယူမှုများ... တိုး၍... တိုး၍... ဖြစ်ပေါ်လာခဲ့သည်။

"ဒါ... ခုခံရေး... ချပ်ဝတ်ပါ"

စစ်ထူကျန့်ထျန်းက... ဝင်၍ ပြောလိုက်သည်။ သူ၏ အဘိုးအို မျက်နှာပေါ်တွင်... မာနထောင်လွှားသော...

အရိပ်အယောင် အနည်းငယ်... ထင်ဟပ်နေလေ၏။

"ခုခံရေး... ချပ်ဝတ်"

လူအုပ်ကြီး၏... အမူအရာ... အကြီးအကျယ်... ပြောင်းလဲသွားပြန်သည်။

*...တိုက်ခိုက်ရေးအစွမ်းကို... တိုးမြှင့်ပေးနိုင်တဲ့... ခုခံရေး ချပ်ဝတ်... ဟုတ်လား...။*

*...ဒီလောက်... ကြောက်စရာကောင်းတဲ့ အရှိန်အဝါ...။ ဒါ... ဒါ... အင်မော်တယ် လက်နက်... ချပ်ဝတ်... များ... ဖြစ်နေမလား...။*

ဤအခိုက်အတန့်တွင်မှ... သူတို့အားလုံး... ဖုန်းဝူချန်သည်... မည်မျှ ကြောက်စရာ ကောင်းသည်ကို... အမှန်တကယ်... နားလည် သဘောပေါက်သွားကြတော့သည်။

"ခင်ဗျားကို... စောင့်ခိုင်းထားမိသလို... ဖြစ်သွားပြီ"

ဖုန်းဝူချန်က... တုန်လှုပ်နေသော လေကျွယ်ကို... နှုတ်ခမ်းတွန့်ရုံ ပြုံးပြလိုက်သည်။

ထိုအခိုက်အတန့်၌ လွှမ်းမိုးနိုင်ပြီး... ကျယ်ပြောလှသော... အရှိန်အဝါ တစ်ခု... တိုက်ခတ် ထွက်ပေါ်လာပြီး... အလွန့်... အလွန်... အစွမ်းထက်သော... ဖိနှိပ်မှု ခံစားချက်ကို... ပေးစွမ်းနေခဲ့သည်။

"မင်း... မင်း... တကယ်ပဲ... ငါ့ကို... စိတ်မပျက်စေခဲ့ဘူး...။ တကယ်တော့... မင်းက... ငါ့ကို... အကြီးအကျယ်... အံ့အားသင့်သွားစေတာ...။ ကြည့်ရတာ... ပါရမီရှင် အဆင့် သတ်မှတ်ပွဲ... တိုက်ပွဲတွေတုန်းက... မင်း... အစွမ်းအကုန်... ထုတ်မသုံးခဲ့ဘူး... ဆိုတဲ့... သဘောပဲ"

လေကျွယ်သည်... သူ၏ အံ့အားသင့်မှုမှ... ပြန်လည် သတိဝင်လာပြီးနောက်... နှုတ်ခမ်းတွန့်ရုံ... ပြုံးလိုက်သည်။

သူ... ကြောက်ရွံ့သွားခြင်း မဟုတ်...။ ထိုအစား... ပို၍ပင်... မျှော်လင့်တကြီး... ဖြစ်လာခဲ့သည်။

"နဂါးနတ်ဘုရား အရိပ်"

ဖုန်းဝူချန်က... အသံတိုးတိုးဖြင့် ဟိန်းဟောက်လိုက်ပြီး... ပထမဆုံး... စတင် လှုပ်ရှားလိုက်သည်။

သူ၏ ကိုယ်ဖော့သိုင်းကို... ထုတ်လွှတ်လိုက်ရာ... သူ မူလ ရှိခဲ့သော နေရာတွင်... 'ဝူး' ဟူသော အသံကျယ်ကြီးနှင့်အတူ... ကြောက်မက်ဖွယ် လေပွေကြီးတစ်ခု... ဖြစ်ပေါ်သွားသည်။... သူ၏ ခန္ဓာကိုယ်သည်... လျှပ်စီးကဲ့သို့... ပစ်ခတ် ထွက်သွားတော့၏။

ဖုန်းဝူချန် လှုပ်ရှားလိုက်သည့် ထိုအခိုက်အတန့်တွင်... ထို ကြောက်မက်ဖွယ် အရှိန်အဟုန်သည်... ကွင်းပြင်ထဲမှ... မရေမတွက်နိုင်သော အစွမ်းထက် ပုဂ္ဂိုလ်ကြီးများ၏... ကျောရိုးထဲထိ... စိမ့်တက်သွားစေခဲ့သည်။

"မြန်... မြန်လွန်းတယ်"

ဧကရာဇ်များနှင့် အကြီးတန်း အရာရှိကြီးများ၏... မျက်နှာအမူအရာများ... လေးနက်သွားကြသည်။

"ဒီလောက် မြန်တဲ့ အရှိန်နဲ့... သူ့ရဲ့ ကိုယ်ဖော့သိုင်းပညာက... ထင်ရှားနေပြီ...။ သူ့ရဲ့ အစွမ်းက... ကြောက်စရာ ကောင်းကို... ကောင်းရမယ်"

လေကျွယ်က... မျက်မှောင်ကြုတ်ရင်း... လေးနက်သော အမူအရာဖြင့်... မှတ်ချက်ပြုလိုက်သည်။

လေကျွယ်သည်လည်း... အငြိမ်... နေနေသည်တော့ မဟုတ်...။ ဖုန်းဝူချန် လှုပ်ရှားလိုက်သည်နှင့်... သူသည်လည်း... ချက်ချင်း... တိုးထွက်သွားခဲ့လေပြီ။

"ဝုန်း..ဝုန်း.."

မျက်စိတစ်မှိတ်အတွင်း... မိုးထစ်ချုန်းသံကဲ့သို့ ပေါက်ကွဲသံကြီး... ထွက်ပေါ်လာသည်။

အလွန်အမင်း ကြောက်မက်ဖွယ် ကောင်းသော... စွမ်းအင်တစ်ခု... ရူးသွပ် ပေါက်ကွဲထွက်လာပြီး... မြေပြင်သည်... ပြင်းထန်စွာ... တုန်ခါသွား၏။

လက်တစ်ဖက်စာမျှ တုတ်သော... အက်ကွဲကြောင်းများသည်... သူတို့၏ ခြေဖဝါးအောက်တွင်... ပေါက်ကွဲ ထွက်ပေါ်လာပြီး... ပြင်းထန်သော ချီစွမ်းအင် အရှိန်အဝါသည်... နေရာတစ်ဝိုက်ကို... ထင်တိုင်းကြဲ... တိုက်ခတ်သွားတော့သည်။

လက်သီးတစ်ချက်တည်း၏... စွမ်းအား...။

ထို ကြောက်မက်ဖွယ် စွမ်းအားသည်... လူတိုင်း၏ မျက်နှာများကို... ထိတ်လန့်တကြား... အမူအရာများ... ပြောင်းလဲသွားစေခဲ့သည်။

"ဟ... မဆိုးဘူး...။ မင်း... မင်း... ဒီလောက် ကြီးမားတဲ့... ကာယခွန်အားတွေ... ပိုင်ဆိုင်ထားလိမ့်မယ်လို့... ထင်မထားဘူး"

လေကျွယ်က... အံ့အားတသင့်... ရေရွတ်လိုက်မိသည်။ ဖြောင့်တန်းသော... လက်သီးချင်း... ဖလှယ်မှု အပြီးတွင်... ဖုန်းဝူချန်၏... ပြိုင်ဘက်ကင်းသော... ကာယခွန်အားကို... သူ... ခံစားလိုက်မိသောကြောင့်တည်း။

"ခင်ဗျားရဲ့ အစွမ်းကလည်း... မဆိုးပါဘူး...။ ဒါပေမဲ့... ခင်ဗျား... အခုထိ... အစွမ်းအကုန်... ထုတ်မသုံးသေးဘူး... ဆိုတာ...ကျုပ် သိတယ်"

ဖုန်းဝူချန်က... ပြောလိုက်သည်။

သူတို့နှစ်ဦး... လက်သီး တစ်ချက်ချင်း... ဖလှယ်လိုက်ရာ... မည်သူမျှ... အသာစီး... မရရှိခဲ့ပေ။

တိုက်ပွဲက... အခုမှ... အစပျိုးရုံသာ... ရှိသေးသည်။ ကွင်းပြင်တစ်ခုလုံး... ပွက်ပွက်ဆူနေခဲ့လေပြီ။

ကြောက်ရွံ့တကြား... တီးတိုး ရေရွတ်သံများသည်... ဆူနာမီ လှိုင်းလုံးကြီးအလား... စီးဆင်းသွားခဲ့သည်။

"မင်းရဲ့ ခန္ဓာကိုယ်... တကယ်... ဘယ်လောက် သန်မာလဲ... ကြည့်ကြသေးတာပေါ့"

လေကျွယ်က... ရုတ်တရက်... ပြင်းထန်သော... တိုက်စစ်ကို... စတင်လိုက်တော့သည်။

"ဂျုန်း... ဂျုန်း... ဂျုန်း"

"ဝုန်း..ဝုန်း.."

ဖုန်းဝူချန်ကလည်း... အားနည်းသော အရိပ်အယောင်... တစ်စက်မျှ မပြ...။ ပြင်းထန်သော တိုက်ပွဲကြီး... စတင် ဖြစ်ပွားလာပြီး... စိတ်ဓာတ်တက်ကြွဖွယ် ပေါက်ကွဲသံများ... ထွက်ပေါ်လာသည်။ လက်သီးချက်၊ ခြေကန်ချက် တိုင်းသည်... ကြောက်မက်ဖွယ် ချီစွမ်းအင် အရှိန်အဝါများကို... စီးဆင်းစေခဲ့၏။

"ဂလု"

ပြင်းထန်သော တိုက်ပွဲ... ထို ကြောက်မက်ဖွယ် စွမ်းအားများ...။ ကြည့်ရှုနေကြသော ကျင့်ကြံသူများစွာတို့သည်... စိတ်လှုပ်ရှားစွာဖြင့်... တံတွေးများကို... အကြိမ်ကြိမ်... မျိုချလိုက်မိကြသည်။

ယခင်က... ဖုန်းဝူချန်အပေါ်... သံသယ ရှိနေခဲ့သူများ... ယခုအခါ... တုန်လှုပ်မှုကြောင့်... တိတ်ဆိတ်... ငြိမ်သက်သွားကြလေပြီ။

*...သြော်... သြော်...။ ခုနက... ဖုန်းဝူချန်... ရှုံးမှာ... သေချာတယ်လို့... ပြော... ပြော... နေတဲ့... ငါ့ပါးစပ်... ဘယ်... ဘယ်ရောက်သွားပါလိမ့်...။ ဒါ... ဒါ... ယွမ်တန်ဘုံ ပဉ္စမ အလွှာ... တဲ့လား...။ လာနောက်မနေနဲ့...။*

အသန်မာဆုံး မင်းသား၏... ရက်စက် ကြမ်းတမ်းသော တိုက်ခိုက်မှုကို... ရင်ဆိုင်ရင်း... ဖုန်းဝူချန်သည်... အနည်းငယ်မျှပင်... ယိုင်လဲသွားခြင်း... မရှိခဲ့...။ တန်ပြန် တိုက်ခိုက်နိုင်သော... အစွမ်းကို... ပိုင်ဆိုင်ထားခဲ့သည်။ ဤအချက်သည်... လူတိုင်းကို... အကြီးအကျယ်... မှင်တက်သွား

စေ‌တော့သည်။

ဖုန်းဝူချန် ပြသလိုက်သော... ဖြုံလောက်သည့် စွမ်းအားသည်... လူတိုင်း၏... မျှော်လင့်ချက်များကို... ကျော်လွန်သွားခဲ့လေပြီ။

ရလဒ်... အနေနှင့်... ယခုအခါ... မည်သူ နိုင်မည်ကို... အတပ် ပြောရန်... အလွန်... ခက်ခဲသွားခဲ့လေပြီ။

"ဖုန်းဝူချန်ရဲ့ ခွန်အားက... တကယ်ပဲ... ကြောက်စရာကောင်းတယ်"

ရွှေယွဲ့ ဧကရာဇ်က... မျက်မှောင်ကြုတ်လိုက်သည်။

သူသည်လည်း... ဖုန်းဝူချန်၏... ပြင်းထန်သော တိုက်ပွဲ စွမ်းရည်ကို... ယုံကြည်ရန်... ခက်ခဲနေခဲ့သည်။

ထျန်းဝူ ဧကရာဇ်က... ခေါင်းညိတ်ရင်း... သဘောတူလိုက်သည်။

"သူ့ရဲ့ ရုပ်ခန္ဓာက... အလွန်အမင်း... သန်မာတယ်...။ ပြီးတော့... သူက... အစွမ်းထက်တဲ့... ခုခံစွမ်းအားကိုလည်း... ပိုင်ဆိုင်ထားတယ်...။ မဟုတ်ရင်... ယွမ်တန်ဘုံ အဆင့်ရှစ်လွှာရဲ့... အစွမ်း သက်သက်နဲ့... လေကျွယ်ကို... ယှဉ်ပြိုင်ဖို့... ခက်ခဲလိမ့်မယ်"

"အုန်း"

"ဝုန်း..ဝုန်း.."

ပြင်းထန်သော... အနီးကပ် တိုက်ပွဲသည်... အချိန်အကြာကြီး... မတည်မြဲခဲ့ပေ...။ ပြတ်သားသော... ထိပ်တိုက် တွေ့ဆုံမှု တစ်ခုအပြီးတွင်... လူနှစ်ယောက်လုံး... နောက်သို့... ဆုတ်ခွာသွားကြသည်။

သို့သော်....ဒါက.. တကယ့် တိုက်ပွဲ... မဟုတ်သေး...။

..... အကြော... လျှော့... ခြင်း... မျှသာ...။

လေကျွယ်.. အတွင်းစိတ်ထဲမှ တွေးလိုက်သည်။

*ပိုင်ခုံ... ပြောတာ... မှန်နေတာပဲ...။ ဖုန်းဝူချန်က... ပြိုင်ဘက်ရဲ့... နောက်တစ်ကွက်ကို... ကြို... ကြိုပြီး... ခန့်မှန်းနိုင်နေသလိုပဲ...။ ငါ့ရဲ့... လှုပ်ရှားမှုတွေကို... သူက... ကြိုမြင်နေသလိုမျိုး...။*

ပြင်းထန်သော တိုက်ပွဲ အပြီးတွင်... လေကျွယ်သည်လည်း... သတိပြုမိသွားခဲ့သည်။

သူ၏ သည်းထန်သော တိုက်ခိုက်မှုများ... ဖုန်းဝူချန်ကို... ထိမှန်တော့မည်ဟု... ထင်ရတိုင်း...... အချိန်မီ... ပါးနပ်စွာ... ရှောင်တိမ်းခြင်းကို... ခံလိုက်ရသည်။

".. စိတ်လှုပ်ရှားစရာ... ကောင်းလိုက်တာ...။ ဒီလောက်... ကြောက်မက်ဖွယ်ကောင်းတဲ့... ပြိုင်ဘက်မျိုး... မတွေ့ရတာ... အချိန်... အကြာကြီး... ကြာခဲ့ပြီ"

လေကျွယ်က... စိတ်လှုပ်ရှားစွာ... အော်ဟစ်လိုက်သည်။

"ဖုန်းဝူချန်... မင်းရဲ့... ရုပ်ခန္ဓာက... ငါ... စိတ်ကူးထားတာထက်တောင်... ပိုပြီး... သန်မာနေသေးတယ်...။ 'နျဲ့ယန်' တောင်... မင်းရဲ့... ပြိုင်ဘက်... ဖြစ်ချင်မှ... ဖြစ်မှာ"

ဖုန်းဝူချန်က... ပြုံးရင်း... တုံ့ပြန်လိုက်သည်။

"ခင်ဗျားရဲ့... အစွမ်းအကုန်ကို... ထုတ်သုံးလိုက်တော့လေ...။ အသန်မာဆုံး မင်းသားရဲ့... တကယ့် တိုက်ခိုက်ရေးအစွမ်း... အစစ်အမှန်ကို... ကျုပ်ကို... မြင်ခွင့်ပေး"

"ကောင်းတယ်...။ ဒီလိုမှ... ပွဲကောင်း... ကြည့်ရမှာ...။ ဒါဆို... မင်း... မင်းလည်း... ဆက်ပြီး... ဖုံးကွယ်မနေနဲ့တော့...။ မင်း... ငါ့ကို... လိမ်လို့... မရဘူးနော်"

လေကျွယ်က... စိတ်လှုပ်ရှားစွာ... အော်ဟစ်လိုက်သည်။

သူ၏ အရှိန်အဝါသည်... ရုတ်တရက်... ပြောင်းလဲသွားပြီး... ယခင်ကထက်... ပို၍ ကြောက်မက်ဖွယ် ကောင်းသော... စွမ်းအားတစ်ခု... သူ၏ ခန္ဓာကိုယ်မှ... ရုတ်တရက်... ပေါက်ကွဲ

ထွက်လာခဲ့သည်။

"ကောင်းပြီလေ...။ ဒီလိုဆိုရင်တော့... အစွမ်းအကုန်... ထုတ်ပြီး... တိုက်ကြတာပေါ့"

ဖုန်းဝူချန်က... ဟိန်းဟောက်လိုက်သည်။ သူ၏ ကိုယ်ပိုင်... ကြမ်းတမ်းသော အရှိန်အဝါသည်လည်း... တစ်ဖန်... တဟုန်ထိုး... မြင့်တက်လာခဲ့သည်။

"ဝုန်း..ဝုန်း.."

လူနှစ်ယောက်လုံး... သူတို့၏ ခွန်အားအကုန်ကို... စတင် ထုတ်သုံးကြလေပြီ။ ထို... အသက်ရှူ မှားလောက်သော... စွမ်းအားသည်... ရူးသွပ်မတတ်... တိုးထွက်လာပြီး... ထျန်းဟွမ်တောင်ကြီး ကိုယ်တိုင်ပင်... တုန်ခါသွားခဲ့ရသည်။

လေကျွယ်က...စွမ်းအားကို... ချန်ထားခဲ့သည်မှာ... နားလည်နိုင်စရာ... ဖြစ်သည်။ လူများ... ၎င်းကို... လက်ခံနိုင်ကြသည်။

သို့သော်... ဖုန်းဝူချန်... ဖုန်းဝူချန်ကပင်လျှင်... သူ၏ စွမ်းအားကို... ချန်ထားခဲ့သေးသည်တဲ့...။

...ဖုန်းဝူချန်... သူ့မှာ... တကယ်ပဲ... ဒီလောက်... ယုံကြည်မှု... ရှိနေတာလား...။

ဧကရာဇ် လေးပါးလုံး၏... မျက်နှာအမူအရာများသည်... ပို၍ပင်... လေးနက်သွားကြသည်။

သွမ့်ထျန်းဟွမ် ပင်လျှင်... ဖုန်းဝူချန်၏... ပြင်းထန်သော အစွမ်းကြောင့်... တစ်ဖန်... တုန်လှုပ်သွားခဲ့ရပြန်သည်။

"သိပ်ကောင်းတယ်...။ ဖုန်းဝူချန်...။ ငါ... နောက်ထပ်... မညှာတာတော့ဘူး"

လေကျွယ်က... နှုတ်ခမ်းတွန့်ရုံ... ပြုံးလိုက်သည်။

ရက်စက်သော... အရိပ်အယောင်တစ်ခု... သူ၏ မျက်ဝန်းများထဲ... ဖြတ်သန်းသွား၏။

"..လျှပ်တပြက် ထောင်သောင်း အရိပ်..."

လေကျွယ်က... အသံတိုးတိုးဖြင့် ရေရွတ်လိုက်ကာ သူ၏ ခန္ဓာကိုယ်သည်... ရုတ်တရက်... ပစ်ခတ် ထွက်သွား၏။ ထိုအရှိန်သည်... ဖုန်းဝူချန်ထက်... မနိမ့်ကျတော့ပေ...။ သူ ဖြတ်သန်းသွားရာ နေရာတိုင်းတွင်... မရေမတွက်နိုင်သော... အရိပ်ယောင်များ... ပေါ်ထွက်လာခဲ့သည်။

လေကျွယ်သည်... မျက်စိတစ်မှိတ်အတွင်း... ရောက်ရှိလာခဲ့၏။ သူ၏ အရှိန်သည်... အလွန်... အလွန်... မြန်ဆန်လွန်းလှရာ... ဖုန်းဝူချန်ပင်လျှင်... တုံ့ပြန်နိုင်စွမ်း... မရှိတော့သလို... ခံစားလိုက်ရသည်။

တုံ့ဆိုင်းခြင်း... လုံးဝမရှိဘဲ... လေကျွယ်... လက်ဝါး အားတစ်ချက်. ထုတ်ဖော်လိုက်သည်။ လက်ဝါးလေ... ဝေ့ဝဲလာပြီး... ကြောက်မက်ဖွယ် စွမ်းအားများ... ပါဝင်နေ၏။

"ဘုန်း"

"ဝုန်း..ဝုန်း.."

*...သေစမ်း...။ မြန်လွန်းတယ်...။*

ကံကောင်းစွာပင်... ဖုန်းဝူချန်သည်လည်း... နှေးကွေးမနေခဲ့ပါ...။ သူ... အ

တိုက်ခိုက်ခံရတော့မည်... ဆိုသည့်... နောက်ဆုံး... ဆံတစ်မျှင် အခိုက်အတန့်လေးမှာပင်... လျင်မြန်သော လှုပ်ရှားမှုဖြင့်... ရှောင်တိမ်းနိုင်ခဲ့သည်။

ပြင်းထန်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီး... မြေပြင်ပေါ်တွင်... ကြီးမားသော... ချိုင့်ဝှမ်းကြီး တစ်ခု... ထင်ကျန်ရစ်ခဲ့လေသည်။

စွမ်းအားက... အလွန်အမင်း... ကြောက်မက်ဖွယ် ကောင်းလှသည်။

*...ဟူး...။ တော်သေးရဲ့...။ ဒီတစ်ချက်... မိသွားရင်... ငါ... ဒဏ်ရာ... အပြင်းအထန်... ရသွားနိုင်တယ်...။*

All Chapters