← Chapters

လေကျွယ်နှင့် ကြီးကျယ်ခမ်းနားသော တိုက်ပွဲ (၂)

Vol. 12 Ch. 171

လေကျွယ်နှင့် ကြီးကျယ်ခမ်းနားသော တိုက်ပွဲ (၂)

Vol. 12 Ch. 171

~*...သေစမ်း...။ ဒီလူ. တော်တော် အစွမ်းထက်တာပဲ...။ သာမန် ယွမ်တန်ဘုံ နဝမအလွှာ လောက်နဲ့တောင်... သူ့ကို... ယှဉ်နိုင်မှာ မဟုတ်လောက်ဘူး...။ သူ့ကို အနိုင်ယူဖို့... လွယ်တော့ မလွယ်လောက်ဘူး...။*

လေကျွယ်၏ တိုက်ခိုက်မှုကို ဆံတစ်မျှင်လေး အလိုတွင်... ဖုန်းဝူချန်... ရှောင်တိမ်း လွတ်မြောက်သွားခဲ့သည်။ သူ၏ မျက်နှာအမူအရာသည်... ပို၍... ပို၍... လေးနက် တည်ငြိမ်လာခဲ့၏။

"မင်း... မင်း... တကယ်ပဲ... ပြိုင်ဘက်ရဲ့ တိုက်ကွက်တွေကို... ကြိုတင် ခန့်မှန်းနိုင်တာပဲ...။ မင်းမှာ... တိုက်ပွဲ အတွေ့အကြုံတွေ... အများကြီး... ရှိနေတာပဲ"

လေကျွယ်၏ လက်ဝါးချက် လွဲချော်သွားခဲ့သည်။ သူ... အလျင်အမြန် ရွှေ့လျားသွားသော ဖုန်းဝူချန် ရှိခဲ့ရာသို့ လှမ်းကြည့်ရင်း... လေးနက်သော လေသံဖြင့် ပြောလိုက်လေသည်။

ထိုစကားကို ကြားသောအခါ... ဖုန်းဝူချန်က... ခံစားချက် ကင်းမဲ့စွာ တုံ့ပြန်လိုက်သည်။

"ဖြစ်နိုင်ပါတယ်...။ ဒါမှမဟုတ်... ဒါက... ပင်ကိုယ် အသိစိတ်... သက်သက်လည်း... ဖြစ်နိုင်တာပဲ"

"ရှောင်တိမ်းနေရုံ သက်သက်နဲ့တော့... မင်း... ဒီပွဲကို... နိုင်မှာ မဟုတ်ဘူး"

လေကျွယ်က ယုံကြည်မှု အပြည့်ဖြင့် ပြောလိုက်သည်။ သူ၏ အစွမ်းနှင့် အရှိန်အဟုန်သည်... ဖုန်းဝူချန်ထက်... သာလွန်နေသည်ဟု... သူ... ယုံကြည်နေခဲ့သည်။

"ဒါကြောင့်ပဲ... ကျုပ်က... ဦးအောင်... တိုက်ရမှာပေါ့"

ဖုန်းဝူချန်က နှုတ်ခမ်းတွန့်ရုံ ပြုံးလိုက်သည်။ ထို့နောက်... မိုးထစ်ချုန်းသံကဲ့သို့ ပေါက်ကွဲသံနှင့်အတူ... မြေပြင်ကို ဆောင့်နင်းလိုက်ပြီး... သူ၏ ခန္ဓာကိုယ်သည်... လျှပ်စီးလက်သလို... ရှေ့သို့... ခုန်ထွက်သွားတော့၏။

"အဲ့ဒါကတော့... မင်းရဲ့ အရှိန်အဟုန်ပေါ်... မူတည်လိမ့်မယ်"

လေကျွယ်က ရယ်မောလိုက်သည်။

ဖုန်းဝူချန်... မျက်စိတစ်မှိတ်အတွင်း... သူ့ထံ ချဉ်းကပ်လာသည်ကို... သူ... ချက်ချင်း... အာရုံခံမိလိုက်လေပြီ။

သူ၏ ညာဘက်သို့... တစ်ချက် ဝေ့ကြည့်လိုက်ရင်း... လေကျွယ်က... သူ၏ ခြေထောက်ကို... ကျယ်ပြန့်သော စက်ဝိုင်းပုံစံဖြင့်... ကန်ရိုက် လွှဲထုတ်လိုက်သည်။

"ဂျုန်း"

သို့သော်... လေကျွယ်... သူ၏ ခြေထောက်ကို လွှဲထုတ်လိုက်သည့် ထိုအခိုက်အတန့်မှာပင်... သူ၏ မျက်နှာအမူအရာ... ရုတ်တရက်... ပြောင်းလဲသွားတော့သည်။ သူ... ရှင်းလင်းစွာ... မြင်လိုက်ရသည်။ ဖုန်းဝူချန်၏ ခန္ဓာကိုယ်... လျှပ်တပြက်... ပျောက်ကွယ်သွားသည်ကိုပင်...။

ထို့နောက်... ‘ခွပ်’' ခနဲ ပေါက်ကွဲသံနှင့်အတူ... လေကျွယ်၏ ဘယ်ဘက် ပါးပြင်သည်... လက်သီးတစ်ချက်ဖြင့်... အထိုးခံလိုက်ရလေသည်။

အစွမ်းထက်ပြီး... ရိုင်းစိုင်း ကြမ်းတမ်းသော... စွမ်းအားသည်... လေကျွယ်ကို... လွင့်စဉ်သွားစေခဲ့၏။

"ဒါ... ဒါ... ဘယ်လိုလုပ်... ဖြစ်နိုင်မှာလဲ...။ ဒါ... ဘယ်လို ကိုယ်ဖော့သိုင်း အမျိုးအစားကြီးလဲ...။ ငါ့ရဲ့... အမြင်အာရုံကနေတောင်... လွတ်မြောက်သွားနိုင်တယ်လား"

လေကျွယ်၏ နှလုံးသား... ပြင်းထန်စွာ... တုန်ခါသွားသည်။

ဖုန်းဝူချန်က... သူ့ထက်... ပို၍... မြန်ဆန်နေသည်ကို... သူ... မယုံကြည်နိုင်... ဖြစ်နေခဲ့သည်။

"ဟူး"

လေကျွယ်... လွင့်စဉ်သွားသည်ကို မြင်တွေ့လိုက်ရသောအခါ... ကြည့်ရှုနေကြသည့်... မရေမတွက်နိုင်သော အစွမ်းထက် ပုဂ္ဂိုလ်ကြီးများသည်... ထိတ်လန့်တကြား... ပင့်သက်ရှိုက်မိကြပြီး... သူတို့၏ မျက်လုံးများ... လင်ဗန်းလို... ... ပြူးကျယ်သွားကြသည်။

*... သေစမ်း...။ ခုနက... ဖုန်းဝူချန်... ရှုံးမှာ... သေချာတယ်လို့... ပြော... ပြော... နေတဲ့... ငါ့ပါးစပ်... ဘယ်... ဘယ်ရောက်သွားပါလိမ့်...။ ဒါ... ဒါ... ယွမ်တန်ဘုံ ပဉ္စမ အလွှာ... တဲ့လား...။ လာနောက်မနေနဲ့...။*

အလွန်အမင်း အစွမ်းထက်ပြီး... ဖုန်းဝူချန်ကို... ဖိအားပေးနေခဲ့သော လေကျွယ်သည်... ဖုန်းဝူချန်ကို... ထိမှန်အောင်... မတိုက်ခိုက်နိုင်ခဲ့ရုံသာမက... ထိုအစား... သူကိုယ်တိုင်... အတိုက်ခံလိုက်

ရသည်တကား။

"ဖုန်းဝူချန်... ဘယ်လို ကိုယ်ဖော့သိုင်းမျိုး... သုံးလိုက်တာလဲ...။ အဲ့ဒီ... အခိုက်အတန့်လေးမှာ... သူ့ရဲ့... တည်ရှိမှု... ပါ... ပျောက်ကွယ်သွားသလို... ခံစားလိုက်ရတယ်"

ရွှေယွဲ့ ဧကရာဇ်က... အော်ဟစ်လိုက်မိသည်။ သူ၏ မျက်နှာတွင်... အံ့အားသင့်မှုများ... ပြည့်နှက်နေ၏။

"ငါ... သေချာ... မမြင်လိုက်ဘူး...။ မြန်... မြန်လွန်းတယ်"

လော့ယွင် ဧကရာဇ်က... မယုံကြည်နိုင်စွာ... ခေါင်းခါရင်း... ပြောလိုက်သည်။

"ဖုန်းဝူချန်ရဲ့... အရှိန်က... တကယ်ပဲ... လေကျွယ်ထက်... ပိုမြန်နေတာလား"

ထျန်းဝူ ဧကရာဇ်က... အသက်ကို ပြင်းပြင်း ရှူသွင်းလိုက်မိသည်။ သူ၏ မျက်နှာတစ်ခုလုံး... တုန်လှုပ်မှုများဖြင့်... ဖုံးလွှမ်းနေခဲ့သည်။

သွမ့်ထျန်းဟွမ် တစ်ယောက်တည်းသာ... အတွင်းစိတ်ထဲမှ... တိတ်တိတ်ကလေး... ကျေနပ် ပီတိဖြစ်နေခဲ့သည်။ သူသည်... ထိုကိုယ်ဖော့သိုင်းပညာကို... အတိအကျ မသိရှိသော်ငြားလည်း... သူနှင့်အတူ... ယန်ဟော်အင်ပါယာမှ... အစွမ်းထက် ပုဂ္ဂိုလ်ကြီးများစွာတို့သည်... ဤမြင်ကွင်းကို... ယခင်က... မျက်မြင်ကိုယ်တွေ့... ကြုံခဲ့ဖူးကြလေပြီ။

ဧကရာဇ် သုံးပါးနှင့်... မရေမတွက်နိုင်သော အဆင့်မြင့် အရာရှိကြီးများသည်... သူတို့၏ တုန်လှုပ်နေသော အကြည့်များကို... တစ်ညီတစ်ညွတ်တည်း... သွမ့်ထျန်းဟွမ်ထံသို့... လှည့်လိုက်ကြသည်။

သူတို့၏ စူးစူးရဲရဲ ကြည့်မှုများကို... သတိပြုမိလိုက်သောအခါ... သွမ့်ထျန်းဟွမ်က... ခြောက်ကပ်ကပ် ပြုံးလိုက်ရင်း... ဆိုသည်။

"ဒီအရှင်ကို... ကြည့်မနေကြပါနဲ့...။... တကယ်... မသိပါဘူး...။ ဒီ... ဒီလူငယ်လေးက... အလွန်... လျှို့ဝှက်ဆန်းကြယ်ပါတယ်"

သွမ့်ထျန်းဟွမ်... အမှန်တကယ်ပင်... ဘာသဲလွန်စမှ... မရှိခဲ့ပေ။

သွမ့်ထျန်းဟွမ်... ဤသို့ ပြောသည်ကို ကြားသောအခါ... သူတို့အားလုံး... ဖုန်းဝူချန်သည်... အတော်လေး... လျှို့ဝှက်ဆန်းကြယ်သည်ဟု... ခံစားလိုက်ကြရသည်။

*...ဖုန်းဝူချန်... ဘယ်က... လာတာလဲ...။ ဒီလောက် ကြောက်စရာကောင်းတဲ့... တိုက်ခိုက်ရေးအစွမ်းနဲ့... သူ့ရဲ့ ကျင့်ကြံခြင်း နည်းစနစ်က... ကြောက်မက်ဖွယ် ကောင်းရမယ်...။ ဒါပေမဲ့... ဒါက... ဘယ်က... ရခဲ့တာလဲ...။ ဘယ်သူက... သူ့ကို... ဆေးပညာ... သင်ပေးခဲ့တာလဲ...။ ပြီးတော့... သူ့ရဲ့... ကြောက်မက်ဖွယ် အစွမ်းထက်တဲ့... အလယ်အလတ်တန်းစား ဝိညာဉ်လက်နက်ကရော... ဘယ်က... လာတာလဲ...။*

သို့သော်... သူ... ပို၍ လျှို့ဝှက်ဆန်းကြယ်လေလေ... သူတို့... ဖုန်းဝူချန် အကြောင်း... ပို၍... သိချင်လာလေလေ... ဖြစ်သည်။

လေကျွယ်... သူ၏ အစွမ်းအကုန်ကို ထုတ်သုံး၍ တိုက်ခိုက်သောအခါ... သူ၏ အရှိန်အဟုန်သည်... ဖုန်းဝူချန်ထက်... အများကြီး... သာလွန်နေခဲ့သည်။ ဖုန်းဝူချန်သည်... 'လျှပ်တပြက် နေရာ ရွှေ့ပြောင်းသိုင်းကွက်' ကို အသုံးပြု၍သာ... တန်ပြန် တိုက်ခိုက်နိုင်ခဲ့သည်။

လေကျွယ်သည်... သူ၏ ကိုယ်ကို.. ထိန်းလိုက်သည်နှင့်... သူ၏ တုန်လှုပ်နေသော အကြည့်သည်... ဖုန်းဝူချန်ထံသို့... လှည့်သွားခဲ့သည်။

ဖုန်းဝူချန်... ခုလေးတင်... ပြသလိုက်သော... ကိုယ်ဖော့သိုင်းပညာသည်... လေကျွယ်ကို... အတော်လေး... သတိထားသွားစေခဲ့သည်။

ထို ကြောက်မက်ဖွယ်... လျှပ်တပြက် ကိုယ်ဖော့သိုင်းပညာ...။

လေကျွယ်... ခုခံရန်... မဖြစ်နိုင်...။ ဤအချက်က... သူ့ကို... စိုးရိမ်ပူပန်စေခဲ့သည်မှာ... သဘာဝကျလှသည်။

*...သူ... ဒဏ်ရာ... တစ်စက်မှတောင်... မရဘူး...။ ငါ့ရဲ့... စွမ်းအားက... သူ့ကို... မထိခိုက်စေနိုင်ဘူး...။*

ဖုန်းဝူချန်က မျက်မှောင်ကြုတ်ရင်း... အတွင်းစိတ်ထဲမှ... တွေးလိုက်မိသည်။

သူ၏ လက်သီးချက်... ထိမှန်သွားခဲ့သော်ငြားလည်း... ၎င်းသည်... ဘာခြားနားမှုမှ... မဖြစ်စေခဲ့သလို... ခံစားလိုက်ရသည်။

"ဝှစ်"

နောက်တစ်စက္ကန့်တွင်... ဖုန်းဝူချန်သည်... လေကျွယ်ထံသို့... တစ်ဖန်... လျှပ်တပြက်... ရောက်ရှိသွားပြန်သည်။ သူ၏ မျက်နှာအမူအရာ... အကြီးအကျယ်... ပြောင်းလဲသွားခဲ့သည်။ ထိုနည်းတူပင်... ခုခံရန်... မဖြစ်နိုင်...။

"ဂျုန်း"

ဖုန်းဝူချန်က လက်သီးတစ်ချက်... ပစ်ထုတ်လိုက်၏။

'ဂျုန်း' ဟူသော ပေါက်ကွဲသံနှင့်အတူ... ၎င်း... ထိမှန်သွားခဲ့သည်။ သူသည်... လေကျွယ်၏ နောက်ကျောကို... ထိမှန်သွားခဲ့ပြီး... ကြောက်မက်ဖွယ် စွမ်းအားဖြင့်... သူ့ကို... နောက်တစ်ကြိမ်... လွင့်စဉ်သွားစေခဲ့ပြန်သည်။

ံဤအကြောင်းကြောင့်ပင်... ကြည့်ရှုနေကြသော... မရေမတွက်နိုင်သည့် ကျင့်ကြံသူများသည်... ပို၍ပင်... ကြောက်ရွံ့သွားကြပြီး... နောက်တစ်ကြိမ်... အေးစက်သော... အသက်ရှူမှားသံများ... ထွက်ပေါ်လာခဲ့သည်။

"ချန်အာရဲ့... အစွမ်းက... တဖြည်းဖြည်း... ပို... ပိုပြီး... ကြောက်စရာ... ကောင်းလာတာပဲ"

ဖုန်းကျိန့်ရှုံးက... အသက်ကို ပြင်းပြင်း ရှူသွင်းလိုက်မိသည်။ တုန်လှုပ်မှုများ... သူ့ကို... လွှမ်းခြုံသွားခဲ့သည်။

"ကောင်းတယ်... အစ်ကိုဖုန်း"

"စစ်သူကြီးချုပ်"

လျိုချင်းယန်၊ ဟွမ်ယန်နှင့်... အခြား စစ်သည်တော်များအားလုံး... စိတ်လှုပ်ရှားစွာ... အားပေး အော်ဟစ်လိုက်ကြသည်။ နေရာတစ်ခုလုံးတွင်... ဤမျှလောက်... စိတ်အားထက်သန်နေကြသည်မှာ... သူတို့... တစ်စုတည်းသာ... ရှိလေသည်။

သို့သော်... သူတို့... အောင်ပွဲခံရန်... စောလွန်းနေခဲ့သည်။

ဖုန်းဝူချန်၏ လက်ချက်ဖြင့်... နောက်တစ်ကြိမ်... ပစ်လွင့်သွားခဲ့သော်ငြားလည်း... လေကျွယ်သည်... ထိခိုက်မှု... မရှိသေး...။ ဖုန်းဝူချန်၏ အစွမ်းသည်... သူ့ကို... ဒဏ်ရာရစေရန်... လုံလောက်မှု... မရှိသေးပေ။

ထိုမျှသာမက... လေကျွယ်သည်... မျက်မှောင်ပင်... မကြုတ်ခဲ့...။

လေကျွယ်၏ မျက်နှာအမူအရာသည်... အလွန်အမင်း... လေးနက်နေခဲ့ပြီး... သူ... ဖုန်းဝူချန်ကို... သတိကြီးစွာ... စောင့်ကြည့်နေခဲ့သည်။

အတွင်းစိတ်ထဲမှ... တွေးလိုက်သည်မှာ...

*...ငါသာ... ဖုန်းဝူချန်ထက်... နှစ်နည်းနည်းလောက် အသက်မကြီးခဲ့ဘူးဆိုရင်... ငါ... သူ့ရဲ့ ပြိုင်ဘက်... ဖြစ်မှာ မဟုတ်ဘူး...။ ဒီလောက် ကြောက်စရာကောင်းတဲ့ အစွမ်း...။ ငါ... စိုးရိမ်မိတာက... အင်ပါယာ လေးခုလုံးမှာ... သူ့ကို... ယှဉ်ပြိုင်နိုင်မယ့်... လူငယ် မျိုးဆက်သစ်... တစ်ယောက်မှတောင်... ရှိပါ့မလား... မသိဘူး...။*

ထိုသို့ တွေးလိုက်သည်နှင့်... လေကျွယ်၏ ခန္ဓာကိုယ် မျက်နှာပြင်ပေါ်တွင်... စိမ်းပြာရောင် အလင်းတန်းတစ်ခု... စုစည်းလာခဲ့သည်။ ပြင်းထန်သော ခွန်အားများဖြင့်... ပြည့်နှက်နေ၏။ ဤသည်မှာ... ဖုန်းဝူချန်၏... ခုခံ၍မရနိုင်သော တိုက်ခိုက်မှုများကို... ကာကွယ်ရန်... ဖြစ်ဟန်တူသည်။

"ဝှစ်... ဝှစ်... ဝှစ်"

လေကျွယ်က... သူ၏ ကိုယ်ဖော့သိုင်းကို အသုံးပြု၍... ပစ်ခတ် ထွက်လာခဲ့သည်။ သူ၏ ခန္ဓာကိုယ်သည်... ဘယ်ညာ... အလျင်အမြန်... ကွေ့ဝိုက် ရွေ့လျားသွားပြီး... မျက်စိတစ်မှိတ်အတွင်းမှာပင်... သူသည်... ဖုန်းဝူချန်၏ ဦးခေါင်း အထက်သို့... ရောက်ရှိသွားခဲ့လေပြီ။

"နက်နဲခြင်း အဆင့်... အလယ်အလတ်တန်းစား... သိုင်းပညာ...။ ပင်လယ်ကောင်းကင်... ပြောင်းပြန်လှန်... လက်ဝါး"

လေကျွယ်က ဟိန်းဟောက်လိုက်ပြီး... အထက်မှ... လေးလံသော လက်ဝါးတစ်ချက်ဖြင့်... ရိုက်ချလိုက်သည်။ သူ၏ လက်ဝါးသည်... တောက်ပသော စိမ်းပြာရောင် အလင်းများဖြင့်... လင်းလက်နေပြီး... ထိုအစွမ်းသည်... အမှန်တကယ်ပင်... ကြောက်မက်ဖွယ် ကောင်းလှကာ... လေဟာနယ်ကိုပင်... တုန်ခါသွားစေခဲ့သည်။

"တတိယအလွှာ ကောင်းကင်... အမျက်ဒေါသ... လက်ဝါး"

တိုက်ခိုက်မှုကို အာရုံခံမိသည်နှင့်... ဖုန်းဝူချန်က... ဟိန်းဟောက်လိုက်သည်။ သူ၏ သွေးမျိုးဆက်စွမ်းအားကို... လက်ဝါးထဲတွင်... စုစည်းကာ.. လက်ဝါးချက်ဖြင့်... ပြန်လည်... ပုတ်ထုတ်လိုက်သည်။

"ဒုန်း"

"ဝုန်း..ဝုန်း.."

သူတို့၏ လက်ဝါးများ... ပြင်းထန်စွာ... ထိတိုက်မိသွားပြီး... နားကွဲမတတ် ပေါက်ကွဲသံကြီးနှင့်အတူ... အလွန်အမင်း ကြမ်းတမ်းသော... စွမ်းအင်လှိုင်းလုံးများ... လျှပ်စီးကဲ့သို့... အရှိန်ဖြင့်... စီးဆင်း ထွက်ပေါ်လာခဲ့သည်။

တောင်ထိပ်များနှင့်... မြေပြင်ကို... တုန်ခါစေပြီး... ပေါက်ကွဲထွက်စေခဲ့သည်။ အထူးသဖြင့်... ဖုန်းဝူချန် ရပ်နေသော မြေပြင်သည်... ပြိုကျ... နစ်မြုပ်သွားခဲ့လေသည်။

လေကျွယ်၏... ပြင်းထန်သော စွမ်းအားနှင့်... ရင်ဆိုင်ရသောအခါ... ဖုန်းဝူချန်သည်... သိသိသာသာ... ဖိအားပေးခြင်းကို... ခံလိုက်ရပြီး... သူ၏ မျက်နှာတွင်... အားတင်းထားရသော... အရိပ်အယောင်များ... ထင်ဟပ်

လာခဲ့သည်။

"တကယ်... သန်မာတာပဲ"

ဖုန်းဝူချန်က... အံကို ကြိတ်ရင်း... တောင့်ခံထားလိုက်သည်။

ကံကောင်းစွာပင်... ချီလင် ချပ်ဝတ်သည်... စွမ်းအား အများစုကို... ခုခံပေးခဲ့သည်။ သို့မဟုတ်ပါက... ထိုလက်ဝါးချက်သည်... ဖုန်းဝူချန်ကို... သေချာပေါက်... ဒဏ်ရာရ

စေခဲ့ပေလိမ့်မည်။

"အဆင့်နိမ့်... သိုင်းက... ဒီလောက်... အစွမ်း... ရှိနိုင်လိမ့်မယ်လို့... ထင်မထားဘူး"

လေကျွယ်က... အံ့အားတသင့်... ရေရွတ်လိုက်မိသည်။ အဆင့်နိမ့် သိုင်းပညာတစ်ခုက... သူ၏ အလယ်အလတ်တန်းစား သိုင်းပညာနှင့်... ထိပ်တိုက် ယှဉ်ပြိုင်နိုင်ခဲ့သည်ကို ကြည့်ခြင်းအားဖြင့်... ဖုန်းဝူချန်၏ သိုင်းပညာသည်... မည်မျှ အစွမ်းထက်သည်ကို... ပြသနေခဲ့သည်။

"ဂျုန်း... ဂျုန်း... ဂျုန်း"

"ဝုန်း..ဝုန်း.."

ခဏမျှ... ထိပ်တိုက် ယှဉ်ပြိုင်ပြီးနောက်... လက်ဝါးနှစ်ခုကြားမှ စွမ်းအင်သည်... ရုတ်တရက်... ပေါက်ကွဲထွက်သွားတော့သည်။

ဖျက်ဆီးခြင်း စွမ်းအားသည်... လေကျွယ်ကို... နောက်သို့... ပစ်ထွက်သွားစေခဲ့ပြီး... ဖုန်းဝူချန်ကိုမူ... မြေအောက် ချောက်ကမ်းပါးထဲသို့... တိုက်ရိုက်... ပေါက်ကွဲ လွင့်စင်သွားစေခဲ့သည်။

ကြီးမားသော ကျောက်တုံး အပိုင်းအစများသည်... အရပ်မျက်နှာ အနှံ့သို့.. ဝဲပျံသွားကြ၏။

သိုင်းပညာများ... ထိပ်တိုက် တွေ့ဆုံမှုသည်... စွမ်းအား အရ... ယခင်ကထက်... ပို၍... ကြောက်မက်ဖွယ် ကောင်းလှသည်။

“ဖုန်းဝူချန်ရဲ့... စွမ်းအားက...အတော့်ကို... လွှမ်းမိုးနိုင်တာပဲ...။ သာမန်... ယွမ်တန်ဘုံ အဌမ အလွှာလောက်နဲ့... သူ့ကို... မယှဉ်နိုင်ဘူး"

လေကျွယ်က မျက်မှောင်ကြုတ်ရင်း... မိမိဘာသာ... တိုးတိုး ရေရွတ်လိုက်သည်။

သူ၏ ကိုယ်ပိုင် ခွန်အားသည်... ယွမ်တန်ဘုံ နဝမအလွှာနှင့်... နှိုင်းယှဉ်နိုင်သည့်အတွက်... သူ... အတွင်းစိတ်ထဲမှ... တိတ်တိတ်ကလေး... ကျေးဇူးတင်မိသွားသည်။

သို့မဟုတ်ပါက... ယနေ့ တိုက်ပွဲသည်... ရွှေယွဲ့အင်ပါယာကို... အရှက်ရစေခဲ့ပေလိမ့်မည်။

လေကျွယ်သည်... ဒဏ်ရာ တစ်စက်မျှပင်... မရရှိခဲ့ပါ...။ သူ၏ အကြည့်သည်... လေးလံနေပြီး... သူ၏ ရှေ့မှ... ကြီးမားသော ချိုင့်ဝှမ်းကြီးကို... စူးစူးရဲရဲ ကြည့်နေခဲ့သည်။

"ဝုန်း"

ချိုင့်ဝှမ်းအတွင်းမှ... အပျက်အစီးများအောက်တွင်... မြှုပ်နှံနေသော ဖုန်းဝူချန်သည်... ရုတ်တရက်... ပေါက်ကွဲသံနှင့်အတူ...... ချောက်ကမ်းပါးထဲမှ... ပျံထွက်လာခဲ့သည်။

သိုင်းပညာများ... ထိပ်တိုက် တွေ့ဆုံမှုတွင်... ဖုန်းဝူချန်သည်... သိသိသာသာ... အရှုံးဘက်သို့... ရောက်ရှိသွားခဲ့သည်။ သို့သော်... သူ... ဒဏ်ရာ... မရရှိခဲ့...။

ထိုမျှသော စွမ်းအားသည်... ဖုန်းဝူချန်ကို... ထိခိုက်စေရန်... မလုံလောက်ခဲ့ပေ။

တိုက်ပွဲကို ကြည့်ရှုနေကြသော... မရေမတွက်နိုင်သည့် ကျင့်ကြံသူများသည်... တစ်ဖန်... တုန်လှုပ်သော... အမူအရာများကို... ဖော်ပြလိုက်ကြပြန်သည်။

*...သေစမ်း...။ ဒီလူ. လူ...... ဟုတ်ရော... ဟုတ်ရဲ့လား...။ ဒီလောက်... တောင့်ခံနိုင်ရတယ်လို့...။*

ဖုန်းဝူချန်၏ မျက်နှာအမူအရာသည်... လေးနက်နေခဲ့သည်။ သူ၏ တိုက်ခိုက်လိုစိတ်များ... ဒေါသတကြီး... ပေါက်ကွဲထွက်လာပြီး... သူ၏ မျက်လုံးများသည်... ပြင်းထန်... ကြမ်းတမ်းလာခဲ့သည်။

"ဝုန်း..ဝုန်း.."

လွှမ်းမိုးနိုင်စွမ်းရှိသော... သွေးမျိုးဆက် စွမ်းအားကို... အပြည့်အဝ... နှိုးဆွလိုက်သည်။

ဖုန်းဝူချန်၏ တစ်ကိုယ်လုံး... ရွှေရောင်အလင်းများဖြင့်... ပေါက်ကွဲထွက်လာပြီး... သူ၏ အရှိန်အဝါသည်... ခန့်ညား ထည်ဝါကာ... အလျင်အမြန်... တဟုန်ထိုး... မြင့်တက်လာခဲ့သည်။

ဖုန်းဝူချန်က... သူ၏ ညာဖက် လက်မောင်းကို... ဖြည်းညင်းစွာ... မြှောက်လိုက်သည်။ သူ၏ လက်ညှိုးသည်... အဝေးမှ... လေကျွယ်ကို... ချိန်ရွယ်ထား၏။ လက်ညှိုးထိပ်မှ.. လွှမ်းမိုးနိုင်စွမ်း ရှိသော... စွမ်းအားများ... တိုးထွက်လာပြီး... မျက်စိကျိန်းမတတ်... ရွှေရောင်အလင်းများဖြင့်... ပေါက်ကွဲထွက်နေကာ... မျက်လုံးများကို... အလွန်... စူးရှစေခဲ့သည်။

"နတ်သတ်.. ဝိညာဉ် ဖြတ်... လက်ညှိုး"

လေကျွယ်ကို... ပြင်းထန်သော အကြည့်ဖြင့်... စူးစူးစူးရဲရဲ ကြည့်ရင်း... ဖုန်းဝူချန်က... ခံစားချက် ကင်းမဲ့စွာ... ရေရွတ်လိုက်သည်။

ဖုန်းဝူချန်၏ ကြွေးကြော်သံ... ကျဆင်းသွားသည်နှင့်... သူ၏ လက်ညှိုးထိပ်တွင်... စုစည်းနေသော... စွမ်းအားသည်... ချက်ချင်းပင်... အဆပေါင်းများစွာ... တိုးမြင့်လာခဲ့ပြီး... အလွန်အမင်း... ခြိမ်းခြောက်နိုင်စွမ်းရှိသော... အရှိန်အဝါတစ်ခုကို... ထုတ်လွှတ်ကာ... ရူးသွပ်မတတ်... ပေါက်ကွဲထွက်လာခဲ့သည်။

"မြေကမ္ဘာအဆင့်... သိုင်းပညာ"

လေကျွယ်၏ မျက်နှာထား... ရုတ်တရက်... အကြီးအကျယ်... ပြောင်းလဲသွားတော့သည်။

"အလို..မြေကမ္ဘာအဆင့်... သိုင်းပညာ"

ဧကရာဇ် သုံးပါးနှင့်... အဆင့်မြင့် အရာရှိကြီးများစွာတို့... တုန်လှုပ်စွာ... အော်ဟစ်လိုက်မိကြသည်။

တိုက်ပွဲကို ကြည့်ရှုနေကြသော... မရေမတွက်နိုင်သည့် ကျင့်ကြံသူများသည်... ထိတ်လန့်တကြား... ဖြစ်နေကြလေပြီ။

မုန်တိုင်းတစ်ခုအလား... အသက်ရှူမှားသံများ... ထွက်ပေါ်လာပြီး... တောင်တန်းများကြားတွင်... အဆက်မပြတ်... ပဲ့တင်ထပ်နေခဲ့သည်။

"ဝှစ်"

"ဘုန်း..ဘုန်း.."

လက်မောင်းတစ်လုံးစာမျှ... တုတ်သော... ရွှေရောင် အလင်းတန်းတစ်ခု... ဖုန်းဝူချန်၏ လက်ညှိုးထိပ်မှ... ပစ်လွှတ် ထွက်ပေါ်လာခဲ့သည်။ ဥက္ကာပျံတစ်ခုအလား... ရွှေရောင် အလင်းတန်း... အမြီးရှည်ကြီး... ကျန်ရစ်ခဲ့၏။ အလွန်အမင်း လွှမ်းမိုးနိုင်ပြီး... ကြောက်မက်ဖွယ် ကောင်းသော... စွမ်းအားသည်... နေရာလပ် ကိုယ်တိုင်ပင်... ၎င်း ဖြတ်သန်းသွားရာ... နေရာတိုင်းတွင်... တုန်ခါသွားစေခဲ့သည်။

မြေကမ္ဘာအဆင့် သိုင်းပညာ...။ ကြောက်မက်ဖွယ်... အစွမ်းထက်လှပေသည်။

*...သာမန် တိုက်ခိုက်မှုတွေနဲ့... လေကျွယ်ကို... လုံးဝ... မထိခိုက်စေနိုင်ဘူး...။ အလကား... ငါ့ရဲ့... အစစ်အမှန်ယွမ်တွေကို... မဖြုန်းတီးချင်ဘူး...။*

လေကျွယ်သည်... ပေါ့ဆရဲခြင်း... မရှိတော့...။ သူ၏ အစစ်အမှန်ယွမ်များကို... အပြည့်အဝ... နှိုးဆွလိုက်ပြီး... သူ၏ လက်များသည်... အလျင်အမြန်... တံဆိပ်များ... ဖန်တီးလိုက်သည်။

"နက်နဲခြင်းအဆင့်... အဆင့်မြင့်... သိုင်းပညာ...။ မိုးကြိုးနတ်ဘုရား... လှံ"

လေကျွယ်က... ကျယ်လောင်စွာ... ဟိန်းဟောက်လိုက်သည်။

ကြီးမားလှသော... အစိမ်းရောင် စွမ်းအင်လှံကြီးတစ်စင်း...။

'ကျန်း' ခြောက်လံ၊ ခုနစ်လံခန့်... ရှည်လျားပြီး... သူ၏ ရှေ့မှောက်တွင်... ဖွဲ့စည်း ဖြစ်ပေါ်လာခဲ့သည်။

(ဘာသာပြန်သူ မှတ်ချက်: 'ကျန်း' (丈) သည် တရုတ် အလျားတိုင်းတာမှု ယူနစ်ဖြစ်ပြီး ခန့်မှန်းခြေ ၃.၃ မီတာ ရှိပါတယ်။)

အသက်ရှူ မှားလောက်အောင်... ကြောက်မက်ဖွယ် ကောင်းသော... စွမ်းအားတစ်ခုကို... ထုတ်လွှတ်နေခဲ့သည်။

"ဝှစ်"

"ဝုန်း..ဝုန်း.."

လေကျွယ်က... သူ၏ လက်မောင်းကို... ပြင်းထန်စွာ... လွှဲယမ်းလိုက်ရာ... စိမ်းရောင် စွမ်းအင်လှံကြီးသည်... တားဆီး၍မရနိုင်သော... အရှိန်အဟုန်ဖြင့်... ပျံသန်း ထွက်သွားခဲ့သည်။ စူးရှသော အသံသည်... နေရာလပ်၏... အလွှာပါးကိုပင်... ဆွဲဖြဲသွားသည့်အလား... ထင်မှတ်ရ၏။

ဤအခိုက်အတန့်တွင်... ကြောက်မက်ဖွယ် စွမ်းအားနှစ်ခု... ထိပ်တိုက် တွေ့ဆုံတော့မည်ကို... ကြည့်ရှုနေကြရင်း... လူတိုင်း... ထိတ်လန့်တကြား... အသက်ရှူ အောင့်ထားမိကြသည်။ သူတို့၏ မျက်လုံးများသည်... ထို ကြောက်မက်ဖွယ် စွမ်းအင်များ... တိုက်ခတ် ထိပ်တိုက်တွေ့ကြမည်ကို... မျက်တောင်မခတ်တမ်း... စူးစိုက် ကြည့်နေမိကြသည်။

"ဂျုန်း... ဂျုန်း... ဂျုန်း"

မျက်စိတစ်မှိတ်အတွင်း... ကြောက်မက်ဖွယ် စွမ်းအင်များ...။ တစ်ခုက ကြီးမားပြီး... တစ်ခုက သေးငယ်သည်...။ ထိပ်တိုက် တွေ့ဆုံကာ... မိုးထစ်ချုန်းသံကဲ့သို့... ဟိန်းဟောက်သံကြီးနှင့်အတူ... ပေါက်ကွဲသွားတော့သည်။ စွမ်းအင် လှိုင်းလုံးများသည်... ခွဲခြားခြင်းမရှိ... ရမ်းကားစွာ... တိုးထွက်လာပြီး... ချက်ချင်းပင်... ဖုန်းဝူချန်ကို... သွေးများ အန်ထုတ်စေကာ... လွင့်စဉ်သွားစေခဲ့သည်။

ချီလင် ချပ်ဝတ်၏... အစွမ်းနှင့်... သူ၏ သန်မာသော ခန္ဓာကိုယ်တို့... ရှိနေလျှင်ပင်... ဖုန်းဝူချန်သည်... ကြောက်မက်ဖွယ်... စွမ်းအင် လှိုင်းလုံးများကို... တောင့်ခံနိုင်စွမ်း... မရှိခဲ့ပေ။

"အစ်ကိုကြီးဖုန်း"

မြောင်ချင်းချင်းနှင့် လျိုချင်းယန်တို့... အော်ဟစ်လိုက်ကြသည်။

"ချန်အာ... ဒဏ်ရာ... အပြင်းအထန်... ရသွားပြီ"

ရှောင်ချင်းချင်းက... အလွန်အမင်း စိုးရိမ်သော အမူအရာဖြင့်... ပြောလိုက်သည်။ အလွန်... စိတ်ပူနေခဲ့၏။

သွမ့်ထျန်းဟွမ်၊ ယန်ထျန်းရှန်နှင့်... စစ်ထူကျန့်ထျန်းတို့... မျက်မှောင်များကို... နက်ရှိုင်းစွာ... ကြုတ်လိုက်မိကြသည်။ ထိုနည်းတူပင်... စိုးရိမ်နေကြ၏။

*...ဖုန်းဝူချန်... မင်း... ရှုံးလို့... မဖြစ်ဘူးနော်...။*

သွမ့်ထျန်းဟွမ်က... စိုးရိမ်တကြီး... တွေးလိုက်မိသည်။

"ဝုန်း..ဝုန်း.."

စီးဆင်းလာသော... စွမ်းအင် လှိုင်းလုံးများသည်... မရေမတွက်နိုင်သော ကျင့်ကြံသူများကိုရိုက်ခတ်လာ၏။

.. ဖုန်းဝူချန်... ဘယ်လောက်ထိ... တောင့်ခံနိုင်မှာလဲ...။ ဒီကောင်လေး... အရမ်း... အတင်းအကြပ် လုပ်လွန်းနေပြီ..

ဖုန်းဝူချန်က အသက်ကို ပြင်းပြင်း အကြိမ်အနည်းငယ် ရှူသွင်းလိုက်ပြီး... သူ၏ ခန္ဓာကိုယ်အတွင်းမှ လှိုင်းထနေသော သွေးများကို... ဖိနှိပ် ချုပ်တည်းလိုက်ရာ... အနည်းငယ်... နေသာသွားသလို... ခံစားလိုက်ရသည်။

...တော်သေးရဲ့...။ တိုက်ပွဲကြီး မတိုင်ခင်... ငါ... သန့်စင်စွမ်းအင်တွေ... အများကြီး... သန့်စင်ထားခဲ့လို့...။ ဒါကြောင့်... ငါ့ရဲ့ ကျင့်ကြံမှုအဆင့်... နည်းနည်း တိုးတက်လာခဲ့တာ...။ မဟုတ်ရင်... ခုနက... အပြင်းအထန် တိုက်ခိုက်မှုမှာ... ငါ... သူ့ကို... ဒဏ်ရာရအောင်... လုပ်နိုင်ခဲ့မှာ... မဟုတ်ဘူး...။ ဟူး... ကံကောင်းသွားတယ်လို့ ပြောရမလားပဲ...။

ဖုန်းဝူချန်က... အဝေးမှ လေကျွယ်ထံသို့... မော့ကြည့်ရင်း... အတွင်းစိတ်ထဲမှ... တွေးလိုက်မိသည်။

တိုက်ပွဲကြီး မတိုင်ခင်... သူသည်... 'ကိုးထပ် ချန်ခွန်း မျှော်စင်' ၏ သတ္တမအလွှာ အတွင်းမှ နေရာလပ်ကို အသုံးပြု၍... အပို သုံးရက်... ကျင့်ကြံခဲ့သည်။ ထိုအချက်က... သူ၏ ကျင့်ကြံမှုအဆင့်ကို... အနည်းငယ်... တိုးတက်မှု... ရရှိစေခဲ့၏။

"ဖုန်းဝူချန်... မင်း... တကယ်ပဲ... အရည်အချင်းရှိတာပဲ...။ မြေကမ္ဘာအဆင့် သိုင်းပညာက... ဒီလောက် ကြောက်စရာကောင်းတဲ့ အစွမ်း... ရှိလိမ့်မယ်လို့... ထင်မထားဘူး...။ ‘နျဲ့ယန်’ တောင်.. ငါ့ကို... ဒဏ်ရာရအောင်... မလုပ်နိုင်ခဲ့ဘူး...။ မင်း... လုပ်နိုင်ခဲ့တယ်...။ တကယ်... ထူးခြား ပြောင်မြောက်တယ်"

လေကျွယ်က ကျယ်လောင်စွာ ချီးကျူးလိုက်သည်။

အကယ်၍... ဖုန်းဝူချန်သာ... ယွမ်တန်ဘုံ ဆဌမအလွှာတွင် ရှိနေခဲ့မည်ဆိုပါလျှင်... လေကျွယ်သည်... ယခုအချိန်တွင်... အပြင်းအထန်... ဒဏ်ရာ

ရရှိနေလောက်ပြီ... ဖြစ်သည်။

လေကျွယ်က

"ဖုန်းဝူချန်... မင်းရဲ့ ဒဏ်ရာတွေ... မသေးဘူး...။ ငါ... စိုးရိမ်မိတာက... မင်း... ငါ့ကို အနိုင်ယူဖို့... အခွင့်အရေး... မရှိတော့ဘူး... ဆိုတာပဲ"

ဟု စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ သူက.. အောင်ပွဲ၏ အလင်းရောင်ကို... မြင်တွေ့နေရသည့်အလား...။

...ဟားဟား...။ ငါ ဒဏ်ရာရသွားတော့... မင်း... အခွင့်အရေး ရပြီ ထင်နေတာလား...။ စိတ်ချ... မင်းကို အံ့ဩစရာတွေ... ပြစရာ... အများကြီး... ကျန်သေးတယ်...။

ဖုန်းဝူချန်က တိုးတိုး ရေရွတ်လိုက်သည်။

"ငါ... ဒီပွဲကို... အချိန်... ဆွဲထားလို့... မဖြစ်တော့ဘူး"

သူ၏ ဒဏ်ရာများ... ပြင်းထန်နေမှတော့... အကယ်၍ တိုက်ပွဲကို... အချိန်ဆွဲထား

မည်ဆိုပါလျှင်...အခြေအနေကို ပြောင်းပြန်လှန်ပစ်ရန်... အခွင့်အရေးပင်... ရှိတော့မည် မဟုတ်ပေ။ သူ... လေကျွယ်ကို ဒဏ်ရာရအောင်... လုပ်နိုင်ခဲ့သည် ဖြစ်သောကြောင့်... ဤသည်မှာ... လှုပ်ရှားရန်... အချိန်တန်ပြီ... ဆိုသည့်... အဓိပ္ပာယ်ပင်။

All Chapters