လေကျွယ်နှင့် ကြီးကျယ်ခမ်းနားသော တိုက်ပွဲ (၃)
Vol. 12 Ch. 172
~သူ၏ ဒဏ်ရာများ... ပြင်းထန်နေမှတော့... အကယ်၍ တိုက်ပွဲကို... အချိန်ဆွဲထား
မည်ဆိုပါလျှင်...အခြေအနေကို ပြောင်းပြန်လှန်ပစ်ရန်... အခွင့်အရေးပင်... ရှိတော့မည် မဟုတ်ပေ။ သူ... လေကျွယ်ကို ဒဏ်ရာရအောင်... လုပ်နိုင်ခဲ့သည် ဖြစ်သောကြောင့်... ဤသည်မှာ... လှုပ်ရှားရန်... အချိန်တန်ပြီ... ဆိုသည့်... အဓိပ္ပာယ်ပင်။
ဤသို့ တွေးလိုက်သည်နှင့်... ဖုန်းဝူချန်၏ မျက်လုံးများ... ပြင်းထန်စွာ... လင်းလက်သွားပြီး... ရုတ်တရက်... သူ၏ လက်များကို... ပူးယှက်လိုက်ကာ... ဟိန်းဟောက်လိုက်တော့သည်။
"ကိုးထပ် ချန်ခွန်း မျှော်စင်"
ဖုန်းဝူချန်၏ ဟိန်းဟောက်သံ... ကျဆင်းသွားသည်နှင့်... ရွှေရောင် မျှော်စင်ငယ်တစ်ဆူ... သူ၏ ခန္ဓာကိုယ်ထဲမှ... ပျံထွက်လာပြီး... ကောင်းကင်ယံ အမြင့်သို့... တက်သွားခဲ့သည်။ အစွမ်းထက်သော အရှိန်အဝါတစ်ခု... ထုတ်လွှတ်နေ၏။
မျက်စိတစ်မှိတ်အတွင်းမှာပင်... ၎င်းသည်... ပေပေါင်း ဆယ်ဂဏန်းမျှ... ကြီးမားသော... ဧရာမ အရွယ်အစားသို့... အဆမတန် ကြီးမားလာပြီး... မျက်စိကျိန်းမတတ်... ရွှေရောင်အလင်းသည်... ထျန်းဟွမ်တောင်ကြီး တစ်ခုလုံးကို... လွှမ်းခြုံသွားတော့သည်။
ထိုမျှော်စင်ကြီးသည်... ကောင်းကင်ယံတွင် ထည်ဝါစွာ... ဝဲပျံနေခဲ့သည်။
လေထဲတွင် ဆိုင်းငံ့နေသော... 'ကိုးထပ် ချန်ခွန်း မျှော်စင်' ၏ အောက်ဘက်တွင်... ကြီးမားသော အခင်းအကျင်းတစ်ခု... ပေါ်ပေါက်လာခဲ့ပြီး... ထျန်းဟွမ်တောင်၏ တောင်ထိပ်ပေါ်သို့... ကြောက်မက်ဖွယ် ဖိနှိပ်ခြင်း စွမ်းအားဖြင့်... ကျရောက်လာခဲ့သည်။
မျက်လုံးအားလုံး... တုန်လှုပ်သွားကြပြီး... ထို ဧရာမ မျှော်စင်ကြီးထံသို့... လှည့်ကြည့်လိုက်ကြသည်။
"ကိုးထပ် ချန်ခွန်း မျှော်စင်...။ ဒါ... ဘယ်လို ဝိညာဉ်လက်နက်... အမျိုးအစားကြီးလဲ"
"ဝိညာဉ်လက်နက်...။ နောက်ထပ်... ဝိညာဉ်လက်နက်... တစ်ခု"
"ဒီ... ဒီမျှော်စင်က... ဘယ်လို ဝိညာဉ်လက်နက်မျိုးလဲ...။ ဘာလို့... ငါ... နည်းနည်းလေးမှ... အားထုတ်လို့... မရတော့သလို... ခံစားနေရတာလဲ"
ပရိသတ်ထဲမှ ကျင့်ကြံသူများသည်... တုန်လှုပ်စွာ... အော်ဟစ်လိုက်ကြသည်။ သူတို့... ထိတ်လန့်တကြား... တွေ့ရှိလိုက်ရသည်မှာ... သူတို့၏ ခန္ဓာကိုယ်အတွင်းမှ... အစစ်အမှန်ယွမ် စွမ်းအားများသည်... ဖိနှိပ်ခြင်းကို... ခံနေရပြီး... သူတို့ကို... တောင်တစ်လုံးဖြင့်... ဖိချေထားသကဲ့သို့... ခံစားနေရကာ... မည်သည့် အစွမ်းအစကိုမျှ... ထုတ်ဖော်နိုင်ခြင်း... မရှိတော့ခြင်းပင်။
ကျင့်ကြံသူ၏... ကျင့်ကြံမှုအဆင့်... နိမ့်ကျလေလေ... သူတို့ ခံစားရသော... ဖိနှိပ်ခြင်း စွမ်းအားက... ပို၍... ကြီးမားလေလေ... ဖြစ်သည်။
'ကိုးထပ် ချန်ခွန်း မျှော်စင်' သည်... နတ်ဘုရားတို့၏ အာဏာကို... ပိုင်ဆိုင်ထားသည့်အလား...။ သူတို့ကို... ခုခံနိုင်စွမ်း... မရှိလောက်အောင်... တုန်လှုပ်သွားစေခဲ့သည်။
"မကောင်းတော့ဘူး...။ ငါ့ရဲ့... အစစ်အမှန်ယွမ်တွေ... ဖိနှိပ်ခံနေရတယ်"
လေကျွယ်၏ မျက်နှာအမူအရာ... အကြီးအကျယ်... ပြောင်းလဲသွားပြီး... သူ... ထို ဧရာမ ရွှေရောင် မျှော်စင်ကြီးကို... ထိတ်လန့်တကြား... စူးစူးရဲရဲ ကြည့်နေမိသည်။
...သေစမ်း...။ ဒီလူ. ဒီလို... ပစ္စည်းကောင်းမျိုး... ရှိနေတာလား...။ ဒါ... ဒါ... သာမန် ဝိညာဉ်လက်နက်... မဖြစ်နိုင်ဘူး...။
ရွှေယွဲ့ ဧကရာဇ်လည်း... ထိတ်လန့်တကြား... အော်ဟစ်လိုက်မိသည်။
"ဒီ... ဒီမျှော်စင်က... ကျုပ်တို့ရဲ့ အစစ်အမှန်ယွမ်တွေကို... တကယ်... ဖိနှိပ်နိုင်တယ်"
သူက လေကျွယ်ထံသို့... အလျင်အမြန်... တစ်ချက် ဝေ့ကြည့်လိုက်ရင်း... ဆိုသည်။
"မကောင်းတော့ဘူး...။ မင်းသားရဲ့... အစစ်အမှန်ယွမ်တွေလည်း... ဖိနှိပ်ခံနေရတယ်"
"သာမန် ဝိညာဉ်လက်နက် တစ်ခုက... ထျန်းယွမ်ဘုံရဲ့... စွမ်းအားကို... ဘယ်လိုလုပ်... ဖိနှိပ်နိုင်မှာလဲ"ဟု ထျန်းဝူ ဧကရာဇ်က... တုန်လှုပ်စွာ... အော်ဟစ်လိုက်မိသည်။ သူ၏ နှလုံးသားထဲတွင်... လှိုင်းလုံးကြီးများ... ပုတ်ခတ်သွားခဲ့သည်။
"ဒါ... တကယ်ပဲ... ဘယ်လို... ဝိညာဉ်လက်နက်... မျိုးကြီးလဲ"
သွမ့်ထျန်းဟွမ်သည်လည်း... ထိုနည်းတူပင်... အံ့အားသင့်နေခဲ့သည်။
... ငါ့စစ်သူကြီးချုပ်က... ဒီလောက်... ကြောက်စရာကောင်းတဲ့... ပစ္စည်းမျိုး... ပိုင်ထားတာ... ငါတောင်... မသိပါလား...။ ဟားဟား...။ ကြည့်ရတာ... ငါ... သူ့ကို... လျှော့တွက်ထားမိသေးတယ်...
ယန်ထျန်းရှန်နှင့် စစ်ထူကျန့်ထျန်း... နှစ်ဦးလုံး၏ မျက်နှာများတွင်လည်း... အံ့အားသင့်မှုများ... ပြည့်နှက်နေခဲ့သည်။
လင်ရှောင်ရှောင်မှလွဲ၍... သူတို့ထဲမှ... မည်သူမျှ... ဖုန်းဝူချန်၏... ဤ ဝိညာဉ်လက်နက်ကို... တစ်ခါမှ... မမြင်ဖူးခဲ့ကြပေ။
လင်ရှောင်ရှောင်မှလွဲ၍... မည်သူမျှ... ဖုန်းဝူချန်... 'ကိုးထပ် ချန်ခွန်း မျှော်စင်' ကို ပိုင်ဆိုင်ထားသည်ကို... မသိရှိကြပေ။
ကြီးမားသော အခင်းအကျင်း အတွင်းနှင့်... အနီးအနားမှ... ကျင့်ကြံသူများ အားလုံးသည်... ခုခံ၍ မရနိုင်သော... ဖိနှိပ်ခြင်း စွမ်းအားကို... ခံစားနေကြရသည်။
"အစ်ကိုဖုန်းဆီမှာ... ဒီလောက် ကြောက်စရာကောင်းတဲ့... မျှော်စင်ကြီး... ရှိနေတာကိုး...။ သူ... အရင်က... တစ်ခါမှ... မသုံးခဲ့ဖူးဘူး...။ ကူချင်းရွှမ်နဲ့ တိုက်တုန်းကတောင်... မသုံးခဲ့ဘူး"
လျိုချင်းယန်က... ကောင်းကင်ယံမှ... ဧရာမ မျှော်စင်ကြီးကို... စူးစူးရဲရဲ ကြည့်ရင်း... မှင်တက်စွာ... ပြောလိုက်သည်။
မူထျန်းယွင်နှင့် အခြားသူများအားလုံး... ထိုနည်းတူပင်... တုန်လှုပ်ပြီး... မျက်လုံးများ... ပြူးကျယ်နေခဲ့ကြသည်။
"ကိုးထပ် ချန်ခွန်း မျှော်စင်ရဲ့... ဖိနှိပ်ခြင်း စွမ်းအားက... အရမ်းကို... လွှမ်းမိုးနိုင်တာပဲ"
ဖုန်းဝူချန်... ကိုယ်တိုင်ပင်လျှင်... ထိုမျှော်စင်၏... ကြောက်မက်ဖွယ် ကောင်းလှမှုကြောင့်... တုန်လှုပ်သွားခဲ့ရသည်။
...ဝိုး...။ မဆိုးဘူးပဲ...။ ငါ့ရဲ့... မျှော်စင်က... ဒီလောက်... အစွမ်းထက်တာကိုး...။ ကောင်းတယ်...။ ဒီလိုမှပေါ့...။
ဖုန်းဝူချန်၏ နှလုံးသားထဲတွင်... လျှို့ဝှက်သော... ပီတိတစ်ခု... တိုးထွက်လာခဲ့သည်။ သူ... ရှင်းလင်းစွာ... ခံစားလိုက်မိသည်။ လေကျွယ်၏ အရှိန်အဝါသည်... အများကြီး... အားနည်းသွားခဲ့ပြီး... ယွမ်တန်ဘုံ အဋ္ဌမအလွှာ လောက်သာ... ရှိတော့သည့်အလား...။ အလွှာ... တစ်ခုလုံး... ဖိနှိပ်ခြင်းကို... ခံလိုက်ရသည်။
"မင်းသား လေကျွယ်...။ အဖြေကို... ပြောဖို့... စောလွန်းသေးတယ်"
ဖုန်းဝူချန်က... နှုတ်ခမ်းတွန့်ရုံ ပြုံးလိုက်ပြီး... သူ၏ လက်ကို ဆန့်တန်းကာ... လေထဲမှ... နဂါးနတ်ဘုရားဓားကို... ဖမ်းဆုပ်လိုက်သည်။
နဂါးနတ်ဘုရားဓား... လက်ထဲ ရောက်သည်နှင့်... ဖုန်းဝူချန်၏ အရှိန်အဝါသည်... တစ်ဖန်... တဟုန်ထိုး... မြင့်တက်လာခဲ့ပြီး... သူ၏ တိုက်ခိုက်ရေးအစွမ်းသည်... သိသိသာသာ... တိုးမြင့်လာခဲ့သည်။
ထိုအခါ လေကျွယ်၏ မျက်နှာအမူအရာ... အလွန်အမင်း... လေးနက်နေခဲ့သည်။ ဖုန်းဝူချန်၏ အစွမ်းသည်... မူလကတည်းက... ကြောက်မက်ဖွယ် ကောင်းလှ၏။ ယခု... သူ၏ အစစ်အမှန်ယွမ်များ... ဖိနှိပ်ခံလိုက်ရသောအခါ... ဖုန်းဝူချန်နှင့်... ယှဉ်ပြိုင်ရန်... သူ့အတွက်... ခက်ခဲသွားနိုင်ပေသည်။
"ဝီ"
နဂါးနတ်ဘုရားဓားကို ဝှေ့ယမ်းရင်း... ဖုန်းဝူချန်သည်... အလျင်အမြန်... ပစ်ထွက်လာခဲ့သည်။ သူ၏ အရှိန်အဟုန်သည်... အလွန်အမင်း... တိုးမြင့်နေခဲ့၏။
"လရောင်ဓား"
လေကျွယ်က အေးစက်စွာ ဟိန်းဟောက်လိုက်ပြီး... သူ၏ ဓားရှည်ကို... ဆင့်ခေါ်လိုက်သည်။ ၎င်းသည်လည်း... အလယ်အလတ် အရည်အသွေးရှိ... ဝိညာဉ်လက်နက်... တစ်ခုပင်။
သို့သော်... လရောင်ဓား၏ အရှိန်အဝါသည်... နဂါးနတ်ဘုရားဓားထက်... အများကြီး... အားနည်းနေခဲ့သည်။ ၎င်းသည်လည်း... ဖိနှိပ်ခြင်းကို... ခံနေရသည့်အလား...။ လေကျွယ်၏ တိုက်ခိုက်ရေးအစွမ်းကို... အများကြီး... တိုးမြင့်မပေးနိုင်ခဲ့ပေ။
...သေစမ်း...။ ဒီလူ့ဆီမှာ... ဒီလောက် ကြောက်စရာကောင်းတဲ့... ဝိညာဉ်လက်နက်မျိုး... ရှိနေလိမ့်မယ်လို့... ငါ... ဘယ်လိုလုပ်... ကြိုသိနိုင်မှာလဲ...။ တောက်...။ ငါ့ရဲ့ လရောင်ဓားတောင်... သူ့ဓားရှေ့မှာ... မှိန်သွားသလိုပဲ...။
လေကျွယ်... ဖုန်းဝူချန်တွင်... ဤမျှ ကြောက်မက်ဖွယ် ကောင်းသော ဝိညာဉ်လက်နက် ရှိလိမ့်မည်ဟု... ကြိုတင်... မမျှော်လင့်ထားခဲ့ပေ။
အချိန်က... လေကျွယ်ကို... နောက်ထပ် စဉ်းစားရန်... ခွင့်မပြုတော့...။ ဖုန်းဝူချန်သည်... လျှပ်စီးကဲ့သို့... နီးကပ်လာခဲ့လေပြီ။
နဂါးနတ်ဘုရားဓားသည်... ပြင်းထန်စွာ... ခုတ်ပိုင်းချလာခဲ့သည်။ သူ၏ တိုက်ခိုက်မှုများ... အလွန်အမင်း... ထက်ရှလှ၏။
လေကျွယ်... မျက်မှောင် နက်ရှိုင်းစွာ ကြုတ်လိုက်ပြီး... လရောင်ဓားဖြင့်... ခံဆောင်လိုက်သည်။
"ချွင်"
"ဝုန်း..ဝုန်း.."
ဓားနှစ်လက်... ထိပ်တိုက် တွေ့ဆုံသွားသည်နှင့်... ကြမ်းတမ်းပြီး... စူးရှသော... အသံတစ်သံ... ထွက်ပေါ်လာခဲ့ပြီး... မီးပွားများ... လွင့်စဉ်သွားသည်။ ရက်စက် ကြမ်းတမ်းသော... ဓားသွား အရှိန်အဝါများသည်... နေရာတစ်ဝိုက်ကို... တိုက်ခတ်သွားပြီး... မြေပြင်ကို... ပြင်းထန်စွာ... တုန်ခါသွားစေခဲ့သည်။
သို့သော်... ထို ပြင်းထန်သော... ထိပ်တိုက် တွေ့ဆုံမှုမှ... လေကျွယ်သည်... အမှန်တကယ်ပင်... နောက်သို့... ခြေလှမ်း သုံးလှမ်း... ဆုတ်ခွာသွားခဲ့ရသည်။
ဖုန်းဝူချန်၏ နှုတ်ခမ်းများပေါ်တွင်... အပြုံး အရိပ်အယောင် တစ်ခု... ပေါ်ပေါက်လာခဲ့ပြီး... သူ... ချက်ချင်းပင်... ပြင်းထန်သော... တိုက်စစ်ကို... စတင်လိုက်တော့သည်။
...ဟား...။ အခုမှတော့... ငါ့အလှည့်ပေါ့ကွာ...။
သတ္တုချင်း ရိုက်ခတ်သံများ... အဆက်မပြတ်... ထွက်ပေါ်နေပြီး... ဓားအလင်းတန်းများ... အဆက်မပြတ်... လျှပ်တပြက်... လင်းလက်နေခဲ့သည်။ ကြောက်မက်ဖွယ်... ဓားစိတ်ဆန္ဒ လှိုင်းလုံးများ... တလိပ်လိပ်... တိုးထွက်လာခဲ့၏။
'ကိုးထပ် ချန်ခွန်း မျှော်စင်' ၏ ဖိနှိပ်မှုအောက်တွင်... လေကျွယ်သည်... သူ၏ အစွမ်းအကုန်ကို... မထုတ်ဖော်နိုင်ခဲ့ပေ...။ ဖုန်းဝူချန်၏... ပြင်းထန်သော တန်ပြန်တိုက်စစ်နှင့်... ရင်ဆိုင်ရသောအခါ... သူသည်... အဆက်မပြတ်... နောက်သို့... ဆုတ်ခွာသွားခဲ့ရသည်။ သူ၏ ခန္ဓာကိုယ်ပေါ်တွင်... ဓားဒဏ်ရာများ... တဖြည်းဖြည်း... များပြားလာခဲ့ပြီး... သူ... ခုခံရန်... စွမ်းအား... မရှိတော့ပေ။
လေကျွယ် တစ်ယောက်... စိုးရိမ်ပူပန်မှုများဖြင့်... မီးလို တောက်လောင်နေခဲ့သော်လည်း... ဘာမှ... မတတ်နိုင်ခဲ့...။
...သေစမ်း... သေစမ်း...။ ဒီလို ဆက်သွားနေရင်... ငါ... ရှုံးတော့မယ်...။ ဒီ... ဒီမျှော်စင်ကို... တစ်ခုခု... လုပ်မှ... ရမယ်...။
ရွှေယွဲ့ ဧကရာဇ်သည်လည်း... အလွန်အမင်း... စိုးရိမ် ပူပန်နေခဲ့သည်။ ချွေးစေးများ... သူမ၏ လက်ဖဝါးထဲတွင်... ဖြစ်ပေါ်လာခဲ့၏။ ဤနှုန်းအတိုင်းသာ ဆိုလျှင်... လေကျွယ်... အကြာကြီး... တောင့်ခံနိုင်တော့မည်... မဟုတ်ပေ။
" ... "
ယခင်က... အသာစီး ရရှိထားခဲ့သော လေကျွယ်သည်... ယခုအခါ... လုံးဝ... လွှမ်းမိုးခြင်းကို... ခံနေရပြီး... တန်ပြန် တိုက်ခိုက်နိုင်စွမ်း... မရှိတော့ပါ...။
ရုတ်တရက်... ပြောင်းပြန်လှန်သွားသော... အခြေအနေသည်... ထိုနေရာတွင် ရှိနေသူတိုင်းကို... သူတို့ မြင်တွေ့နေရသည်များကို... လက်မခံနိုင်... ဖြစ်သွားစေခဲ့ပြီး... သူတို့၏ တုန်လှုပ်မှုမှာ... ဖော်ပြ၍... မရနိုင်လောက်အောင်... ဖြစ်နေခဲ့သည်။
...ဖုန်းဝူချန်... ဘယ်လို ဓားတာအိုမျိုး... သုံးနေတာလဲ...။ ဘာလို့... သူ့ရဲ့ ဓားကွက်တွေက... ဒီလောက်... ဗရမ်းဗတာ... ဖြစ်နေရတာလဲ...။ ပုံစံ... ပုံစံ... မရှိဘူး...။ ဘယ်လို... ခုခံရမှန်း... မသိတော့ဘူး...။
လေကျွယ်က... အတွင်းစိတ်ထဲမှ... ထိတ်လန့်တကြား... တွေးလိုက်မိသည်။ ဖုန်းဝူချန်... မည်သည့် ဓားကွက်များကို... ထုတ်ဖော်နေသည်ကို... သူ... လုံးဝ... မသိရှိခဲ့ပေ။
ဖုန်းဝူချန် အသုံးပြုနေသော... ဓားကွက်များသည်... အမှန်တကယ်ပင်... မည်သည့် ပုံစံမျှ... မရှိ...။ လုံးဝ... ဗရမ်းဗတာ... ဖြစ်နေခဲ့သည်။ သို့သော်... ဤ ဗရမ်းဗတာ ဖြစ်မှု... ဤ ခွဲခြား သိမြင်နိုင်သော ပုံစံများ... ကင်းမဲ့မှုသည်ပင်လျှင်... လေကျွယ်ကို... ၎င်းတို့ကို... တန်ပြန်နိုင်စွမ်း... မရှိအောင်... ဖြစ်စေခဲ့သည်။
အကြောင်းရင်းမှာ... ဖုန်းဝူချန်သည်... 'ဝင်္ကပါ ဖျက်ဆီးခြင်း ဓားတာအို' ၏ ဓားကွက်များနှင့်... 'ဝိညာဉ် ဖျက်ဆီးခြင်း ဓားသိုင်း' ' ၏ ဓားကွက်များကို... ရောနှော... အသုံးပြုနေသောကြောင့်... ဖြစ်ပြီး... ဤအချက်က... ပုံစံမဲ့သယောင်... ထိုးစစ်ကို... ဖြစ်ပေါ်စေခဲ့သည်။
လေကျွယ်... လုံးဝ... ခုခံနိုင်စွမ်း မရှိတော့ဘဲ... ချက်ချင်းပင်... ကိုယ်ဖော့သိုင်းပညာ တစ်ခုကို အသုံးပြု၍... အလျင်အမြန်... နောက်သို့... ဆုတ်ခွာလိုက်တော့သည်။
ကောင်းကင်ယံမှ... ကြီးမားလှသော အဆောက်အအုံကို... စူးစူးရဲရဲ ကြည့်ရင်း... လေကျွယ်သည်... သူ၏ အစစ်အမှန် စွမ်းအားကို... အသုံးမပြုနိုင်သည့်... နာကျင်မှုကို... မခံမရပ်နိုင်တော့ပေ...။
သူ... ဟိန်းဟောက်လိုက်သည်။
"ငါ... မင်းရဲ့... ဝိညာဉ်လက်နက်ကို... အရင်... ချိုးဖျက်မယ်"
"ဝှစ်"
လေကျွယ်က... လရောင်ဓားကို... ပြင်းထန်စွာ... လွှဲယမ်းလိုက်ပြီး... ဧရာမ စိမ်းပြာရောင် ဓားစိတ်ဆန္ဒတစ်ခုကို... ထုတ်လွှတ်လိုက်ရာ... ကောင်းကင်သို့... တဟုန်ထိုး... တက်သွားခဲ့သည်။ ၎င်း၏ အရှိန်အဟုန်သည်... ကြီးမားလှပြီး... အမြင့်တွင် ပျံဝဲနေသော... 'ကိုးထပ် ချန်ခွန်း မျှော်စင်' ထံသို့... တိုက်ခတ်သွားတော့သည်။
"မလွယ်ဘူး"
ဖုန်းဝူချန်က...မခိုးမခန့် ပြုံးရင်း ရုတ်ချည်းပင် သူက သူ၏ တောင်ပံများကို... တစ်ချက် ခတ်လိုက်ပြီး... ကောင်းကင်သို့... တဟုန်ထိုး... တက်သွားခဲ့သည်။ ဝေဝါးသော အရိပ် တစ်ခုအဖြစ်... သူသည်... ဧရာမ 'ကိုးထပ် ချန်ခွန်း မျှော်စင်' ၏... အဝအောက်သို့... ရောက်ရှိသွားခဲ့လေပြီ။
...ဟား...။ ငါ့ မျှော်စင်ကို... လာထိရဲတယ်ပေါ့...။ အဲ့လောက်တော့... အဖြစ်မခံဘူးကွ...။ မင်း... ဒီမျှော်စင်ကို ကျော်ပြီး... တိုက်ကြည့်လေ...။
ဖုန်းဝူချန်သည်... လေကျွယ်ကို... မည်သည့် အခွင့်အရေးမှ... ပေးမည် မဟုတ်...။ အကယ်၍... 'ကိုးထပ် ချန်ခွန်း မျှော်စင်' သာ... အနှောင့်အယှက်ပေးခြင်း ခံရမည်... သို့မဟုတ်... လွင့်စဉ်သွားမည် ဆိုပါလျှင်... ၎င်း၏ ဖိနှိပ်မှု မရှိဘဲ... လေကျွယ်သည်... သေချာပေါက်... အစွမ်းအကုန်ဖြင့်... တန်ပြန် တိုက်ခိုက်လာပေလိမ့်မည်။
လွှမ်းမိုးနိုင်စွမ်းရှိသော... စွမ်းအားများ... အထွတ်အထိပ် နဂါးနတ်ဘုရားဓားထဲသို့... သွန်လောင်း ဝင်ရောက်သွားသည်။ ၎င်း၏ သွေးနီရောင် ဓားသွားသည်... မျက်စိကျိန်းမတတ်... ရွှေရောင်အလင်း အလွှာတစ်ခုဖြင့်... ဖုံးလွှမ်းသွားပြီး... ရက်စက် ကြမ်းတမ်းသော... ဓားသွား အရှိန်အဝါဖြင့်... ထုံမွှမ်းနေခဲ့သည်။
ဖုန်းဝူချန်... အထွတ်အထိပ် နဂါးနတ်ဘုရားဓားကို ကိုင်ဆောင်ရင်း... အထက်မှ... ပြင်းထန်စွာ... ခုတ်ပိုင်းချလိုက်သည်။
မရေမတွက်နိုင်သော ကျင့်ကြံသူများ၏... ထိတ်လန့်တကြား... အကြည့်များထဲတွင်... သူတို့... မြင်တွေ့လိုက်ရသည်မှာ... ဖုန်းဝူချန်၏ အထွတ်အထိပ် နဂါးနတ်ဘုရားဓားသည်... လေကျွယ်၏ ဧရာမ ဓားစိတ်ဆန္ဒကို... နှစ်ပိုင်း... ခွဲခြမ်းပစ်လိုက်သည်ကိုပင်...။
"ဒါ... ဒါ... ကြောက်စရာကောင်းလိုက်တာ...။ မျှော်စင်ရဲ့ ဖိနှိပ်မှုနဲ့ဆို... ဖုန်းဝူချန်က... ပိုပြီးတောင် လန့်ဖို့ ကောင်းလာသလိုပဲ"
"သူ... ဓားစိတ်ဆန္ဒကို... ဒီလောက် လွယ်လွယ်ကူကူ... ခွဲခြမ်းပစ်လိုက်တယ်...။ မင်းသား လေကျွယ်... ဖုန်းဝူချန်ရဲ့... ပြိုင်ဘက်... မဟုတ်တော့ဘူး...။ ကြည့်ရတာ... သူ... ရှုံးတော့မယ်... ထင်တယ်"
"ဒါ... ရူးသွပ်နေတာပဲ...။ ဖုန်းဝူချန်က... လုံးဝ... ထင်ရာစိုင်းနေတာပဲ"
ကြည့်ရှုနေကြသော... ကျင့်ကြံသူများစွာတို့သည်... ကြောက်လန့်တကြား... အော်ဟစ်လိုက်ကြပြီး... နေရာတစ်ခုလုံး... စိတ်လှုပ်ရှားမှုများဖြင့်... သောသောညံသွားတော့သည်။
"ဝင်္ကပါ ဖျက်ဆီးခြင်း ဓားသိုင်း...။ ကောင်းကင်နှင့် မြေကြီး
... ဝင်္ကပါ ဖျက်ဆီးခြင်း"
ဖုန်းဝူချန်ထံမှ... ကျယ်လောင်သော တိုက်ပွဲခေါ်သံနှင့်အတူ... သူ၏ သွေးမျိုးဆက်မှ... လွှမ်းမိုးနိုင်စွမ်းရှိသော စွမ်းအားသည်... တစ်ဖန်... အထွတ်အထိပ် နဂါးနတ်ဘုရားဓားထဲသို့... တိုးဝင်သွားပြန်သည်။
လွှမ်းမိုးနိုင်သော ဓားသွား အရှိန်အဝါသည်... တစ်ဖန်... သိပ်သည်းလာပြီး... ဖုန်းဝူချန်သည်... အောက်ဘက်သို့... မည်သည့် သနားညှာတာမှုမှ မရှိဘဲ... ရက်စက်စွာ... လွှဲခုတ်၏။
"ဝှစ်"
"ဝုန်း..ဝုန်း.."
ဧရာမ ရွှေရောင် ဓားသွား အရှိန်အဝါ...။
'ကျန်း' ခြောက်ကျန်း၊ ခုနစ်ကျန်းမျှ... အရွယ်အစား ရှိပြီး... ကောင်းကင်ယံမှ... ရွှေရောင် လခြမ်းကွေးကြီး... ကျဆင်းလာသည့်အလား... ထိုးဆင်းလာခဲ့သည်။ ၎င်း၏ လွှမ်းမိုးနိုင်သော စွမ်းအားသည်... လေဟာနယ်ကိုပင်... တုန်ခါသွားစေခဲ့သည်။
['ကျန်း' (丈 - Zhang) ဆိုတာက တရုတ်တို့ရဲ့ ရှေးရိုးရာ အလျားအတိုင်းအတာတစ်ခု ဖြစ်ပါတယ်။
* ၁ ကျန်း (1 Zhang) = ၁၀ ပေ(တရုတ်ပေ)၊ ၃.၃၃ မီတာ ၊၁၀.၉ ပေ ။
ဒါကြောင့် 'ကျန်း ခြောက်ကျန်း၊ ခုနစ်ကျန်း' ဆိုတဲ့ အရွယ်အစားကတော့:
* မီတာအားဖြင့်: မီတာ ၂၀ (19.98 m) ကနေ မီတာ ၂၃ (23.31 m) လောက် ရှိပါမယ်။
* ပေအားဖြင့်: ၆၅ ပေခွဲ ကနေ ၇၆ ပေကျော် လောက် ရှိပါမယ်။
ပိုပြီးမြင်သာအောင် နှိုင်းယှဉ်ရရင်
ဒီအရွယ်အစားက ခန့်မှန်းခြေအားဖြင့်...
* ၆ ထပ် သို့မဟုတ် ၇ ထပ်တိုက် တစ်လုံး၏ အမြင့်။
* ဘော်လီဘောကွင်း တစ်ကွင်းစာ (အရှည် ၁၈ မီတာ) ထက် ပိုရှည်သော အလျား။
* တွဲကား ရှည် တစ်စီးခွဲခန့်၏ အရှည်နှင့် ညီမျှပါတယ်။]
"မြေကမ္ဘာအဆင့်... သိုင်းပညာ"
လေကျွယ်၏ မျက်နှာအမူအရာ... အကြီးအကျယ်... ပြောင်းလဲသွားပြန်သည်။
...သေစမ်း...။ နောက်တစ်ခု... လာပြန်ပြီ...။ ဒီလူက.. မြေကမ္ဘာအဆင့် သိုင်းပညာတွေကို... အလကား ရထားတာလား...
ထိုစဉ် ရွှေယွဲ့ ဧကရာဇ်နှင့် အခြားသူများအားလုံးလည်း... တစ်ဖန်... ကြောက်ရွံ့မှုများဖြင့်... ပြည့်နှက်သွားကြပြန်သည်။
"ဖုန်းဝူချန်က... မြေကမ္ဘာအဆင့် သိုင်းပညာတွေ... ဒီလောက်များများ... ဘယ်က... ရထားတာလဲ"
တိုက်ပွဲကို ကြည့်ရှုနေကြသော... ပရိသတ်များစွာတို့သည်... တစ်ဖန်... တောင့်တင်းသွားကြပြန်သည်။ သူတို့ အများစုမှာ... ကြောက်လန့်မှုကြောင့်... တုန်ယင်နေကြ၏။
ဖုန်းဝူချန်၏ လျှို့ဝှက် လက်နက်များသည်... တစ်ခုထက်၊ တစ်ခု... ပို၍ ကြောက်မက်ဖွယ် ကောင်းလှပြီး... အဆုံးအစ... မရှိသည့်အလား...။
ကြီးမားသော... ထိတ်လန့် တုန်လှုပ်မှုကို... ဖြစ်ပေါ်စေခဲ့သည်။
ကောင်းကင်ယံ အမြင့်တွင်... ဝဲပျံနေသော ဖုန်းဝူချန်သည်... ယခုအခါ... ရှုံးနိမ့်ခြင်း မရှိသော... စစ်နတ်ဘုရား တစ်ပါးအလား...။ ကြည်ညို လေးစားဖွယ် ကောင်းလှပြီး... သူ၏ အရှိန်အဝါသည်... လွှမ်းမိုး ချုပ်ကိုင်ထားကာ... မရေမတွက်နိုင်သော ကျင့်ကြံသူများ၏ ရင်ထဲတွင်... ကြောက်ရွံ့မှုနှင့်... ရိုသေ လေးစားမှုကို... ဖြစ်ပေါ်စေခဲ့သည်။
"မိုးကြိုး မီးလျှံ... ဓားတာအို...။ မိုးကြိုး မီးလျှံ... ကောင်းကင် သတ်ဖြတ်ခြင်း"
လေကျွယ်က... ပြင်းထန်စွာ... ဟိန်းဟောက်လိုက်ပြီး... သူ၏ ဓားတာအိုကို...သည်းထန်စွာ ထုတ်ဖော်လိုက်သည်။
မိုးကြိုး မီးလျှံ ဓားတာအိုသည်... လေကျွယ်၏ လျှို့ဝှက် လက်နက် ဖြစ်၏။ .. ဖုန်းဝူချန်၏ မြေကမ္ဘာအဆင့် သိုင်းပညာနှင့်... ရင်ဆိုင်ရသောအခါ... အစွမ်းကုန်... ထုတ်သုံးရန်မှလွဲ၍... အခြား ရွေးချယ်စရာ... မရှိတော့ပေ။
"အစစ်အမှန်ယွမ်... ကာကွယ်ခြင်း... ခန္ဓာ...။ မီးလျှံနတ်ဘုရား... အကာအကွယ်လွှာ"
သူ၏ ဓားတာအိုကို ထုတ်ဖော်ပြီးနောက်... လေကျွယ်သည်... စိတ်ချရစေရန်... အစစ်အမှန်ယွမ် ကာကွယ်ခြင်း ခန္ဓာကို... အလျင်အမြန်... စုစည်းလိုက်ပြီး... အကာအကွယ် စွမ်းအင်လွှာတစ်ခုကိုပါ... ထုတ်ဖော်လိုက်သည်။
အကယ်၍... ၎င်းက... ဖုန်းဝူချန်၏ ဓားစိတ်ဆန္ဒကို... မတားဆီးနိုင်ခဲ့လျှင်ပင်... အနည်းဆုံးတော့... သူ၏ ကိုယ်ပိုင် ထိခိုက်မှုကို... အနည်းဆုံးသို့... လျှော့ချပေးနိုင်ကောင်း... လျှော့ချပေးနိုင်ပေမည်။
...လာစမ်း...။ မင်းရဲ့ မြေကမ္ဘာအဆင့် သိုင်းပညာက... ဘယ်လောက်... တောင့်လဲ... ကြည့်ကြသေးတာပေါ့...။
"ဂျုန်း... ဂျုန်း... ဂျုန်း"
သို့သော်... လေကျွယ်သည်... မြေကမ္ဘာအဆင့် သိုင်းပညာ၏... ကြောက်မက်ဖွယ် စွမ်းအားနှင့်... 'ကိုးထပ် ချန်ခွန်း မျှော်စင်' ၏ ဖိနှိပ်ခြင်း စွမ်းအားကို... လျှော့တွက်ခဲ့လေသည်။
ထိပ်တိုက် တွေ့ဆုံသည့်... ထိုအခိုက်အတန့်မှာပင်... ဓားစိတ်ဆန္ဒ နှစ်ခု၏... ပေါက်ကွဲထွက်သော စွမ်းအင်သည်... သူ၏ စွမ်းအင်အကာအကွယ်လွှာနှင့်... အကာအကွယ် စွမ်းအင်လွှာ နှစ်ခုလုံးကို... ချက်ချင်း... ချေမွပစ်လိုက်ပြီး... လေကျွယ်ကို... သွေးတစ်လုတ်... အန်ထုတ်စေခဲ့သည်။
ထို ပြင်းထန်သော... ထိပ်တိုက် တွေ့ဆုံမှုမှ... လေကျွယ်သည်... အပြင်းအထန်... ဒဏ်ရာရရှိသွားခဲ့သည်။
ဆန့်ကျင်ဘက်အားဖြင့်... ချီလင် ချပ်ဝတ် ဆင်မြန်းထားသော ဖုန်းဝူချန်သည်မူ... ပေါက်ကွဲမှုကို... ဒဏ်ရာမရဘဲ... တောင့်ခံနိုင်ခဲ့သည်။
ဤအခိုက်အတန့်တွင်... ဖုန်းဝူချန်သည်... လေကျွယ်ကို... ချေမွနိုင်သော စွမ်းအားဖြင့်... လွှမ်းမိုးထားခဲ့ပြီး... အလွယ်တကူပင်...။
ဧကရာဇ်များနှင့် အကြီးတန်း ခေါင်းဆောင်များအားလုံး... တုန်လှုပ်သွားကြသည်။
ဖုန်းဝူချန်ကို... အခြေအနေ ပြောင်းပြန်လှန်နိုင်စေခဲ့ပြီး... အစွန်းမှ... ပြန်လည် ဆွဲတင်နိုင်ခဲ့သော... ထိုလက်နက်သည်... မည်မျှ ကြောက်မက်ဖွယ် ကောင်းလိုက်ပါသနည်း။
"မင်းသား လေကျွယ်...မျှော်စင်ရဲ့... ဖိနှိပ်ခြင်းကို... ခံနေရတယ်၊ ခင်ဗျားရဲ့ အစွမ်းက... ယွမ်တန်ဘုံ အဋ္ဌမအလွှာလောက်ပဲ... ရှိတော့တယ်...။ ကျုပ်ရဲ့... မြေကမ္ဘာအဆင့် သိုင်းပညာကို... တောင့်ခံနိုင်စွမ်း... မရှိဘူး"
ဖုန်းဝူချန်က... ကောင်းကင်ယံမှ... တည်ငြိမ်စွာ...သုံးသပ်လိုက်သည်။
လေကျွယ်က... အားယူရင်း... ပြောလိုက်သည်။
"မျှော်စင်သာ... မရှိတော့ရင်ရော"
သူ၏ ဖြူဖျော့သော မျက်နှာပေါ်တွင်... ရုတ်တရက်... လျှို့ဝှက်ဆန်းကြယ်သော... နှုတ်ခမ်းတွန့်ရုံ... အပြုံးတစ်ခု... ပေါ်ပေါက်လာခဲ့သည်။
ရုတ်တရက်... လေကျွယ်၏ ဟိန်းဟောက်သံသည်... ဖုန်းဝူချန်၏... အပေါ်ဘက်မှ... ထွက်ပေါ်လာခဲ့သည်။
"နက်နဲခြင်းအဆင့်... အဆင့်မြင့်... သိုင်းပညာ...။ ကောင်းကင် မီးလျှံ... ရွှမ်းမင်... လက်ဝါး"
"မကောင်းတော့ဘူး"
ဖုန်းဝူချန်၏ မျက်နှာအမူအရာ... ရုတ်တရက်... ပြောင်းလဲသွားတော့သည်။