လေကျွယ်အား ရှုံးနိမ့်စေခြင်း
Vol. 12 Ch. 173
~'ကိုးထပ် ချန်ခွန်း မျှော်စင်' သာ ပျက်စီးသွားခဲ့လျှင်... ဖိနှိပ်ခြင်း စွမ်းအားသည် မလွဲမသွေ ပျောက်ကွယ်သွားပေလိမ့်မည်။ ဆိုလိုသည်မှာ... လေကျွယ်သည် သူ၏ အစွမ်းအကုန်ကို ထုတ်သုံး၍ တိုက်ခိုက်နိုင်တော့မည် ဖြစ်သည်။
အပြင်းအထန် ဒဏ်ရာရထားလျှင်ပင်... လေကျွယ်တွင် ဖုန်းဝူချန်နှင့် ယှဉ်ပြိုင် တိုက်ခိုက်နိုင်သော အစွမ်း ရှိနေသေးသည်မှာ... သံသယဖြစ်ဖွယ် မရှိချေ။
"ခွဲကိုယ်ပွား ပညာရပ်"
ဖုန်းဝူချန် အကြီးအကျယ် တုန်လှုပ်သွားပြီး... သူ ရုတ်တရက် အပေါ်သို့ မော့ကြည့်လိုက်သည်။ တားဆီးရန် ကြိုးစားလိုက်သော်လည်း... နောက်ကျသွားခဲ့လေပြီ။
လေကျွယ်၏ ခွဲကိုယ်ပွားသည်... လက်ဝါးချက်တစ်ခုကို ထုတ်လွှတ်လိုက်ပြီး ဖြစ်သည်။ ကြီးမားလှသော အပြာရောင် လက်ဝါးပုံရိပ်ကြီးသည်... 'ကိုးထပ် ချန်ခွန်း မျှော်စင်' ထံသို့... ပြင်းထန်သော အရှိန်အဟုန်ဖြင့်... တန်းတန်းမတ်မတ် ဦးတည်သွားတော့၏။
"တားဖို့... နောက်ကျသွားပြီ"
"'ကိုးထပ် ချန်ခွန်း မျှော်စင်' သာ ကျိုးပေါက်သွားရင်... စစ်သူကြီးချုပ်... အန္တရာယ် ရှိသွားနိုင်တယ်"
"လေကျွယ်က... ခွဲကိုယ်ပွား ပညာရပ်ကို... တကယ် သုံးလိုက်တာပဲ"
သွမ့်ထျန်းဟွမ်နှင့် ယန်ဟော်အင်ပါယာမှ အခြား အစွမ်းထက် ပုဂ္ဂိုလ်ကြီးများစွာတို့၏ မျက်နှာအမူအရာများသည်... တစ်ချိန်တည်း... ပြောင်းလဲသွားကြပြီး... လေးနက်သော စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်သွားသည်။
သို့သော်... ရွှေယွဲ့အင်ပါယာမှ တော်ဝင်မျိုးနွယ်များသည်မူ... အကြီးအကျယ် ဝမ်းမြောက် ပျော်ရွှင်နေကြပြီး... လေကျွယ်က 'ကိုးထပ် ချန်ခွန်း မျှော်စင်' ကို ချေမွပစ်မည်ကို... မျှော်လင့်တကြီး စောင့်စားနေကြလေသည်။
ဤအခိုက်အတန့်တွင်... အချိန်သည်... အဆပေါင်း ဆယ်ဂဏန်းမျှ... နှေးကွေးသွားသကဲ့သို့... ထင်မှတ်ရ၏။ လူတိုင်း၏ အကြည့်များသည်... တဖြည်းဖြည်းချင်း ရှေ့သို့ တိုးဝင်နေသော... ထို ကြောက်မက်ဖွယ် စွမ်းအင် လက်ဝါးပုံရိပ်ကြီးပေါ်တွင်... စူးစိုက်နေမိကြသည်။
နေရာတစ်ခုလုံး...အပ်ကျသံ ကြားရမတတ် တိတ်ဆိတ်သွား၏။
ဤသည်ကား... လေကျွယ်အတွက်... အခြေအနေကို ပြောင်းပြန်လှန်ပစ်ရန်... ကြီးမားလှသော အခွင့်အရေးပင်။
တောင်ထိပ်ပေါ်တွင်... လေကျွယ်၏ ကိုယ်အစစ်သည်လည်း... ပျော်ရွှင်သော အရိပ်အယောင်များ... ပြသနေပြီး... သူ၏ လက်သီးများကို... ကျစ်ကျစ်ပါအောင်... ဆုပ်ထားလိုက်မိသည်။
လေကျွယ်... စိတ်ပိုင်းဖြတ်လိုက်လေပြီ။ ဖိနှိပ်ခြင်း စွမ်းအား ပျောက်ကွယ်သွားသည်နှင့်... သူ... လုံးဝ ညှာတာတော့မည် မဟုတ်...။ သူ၏ အသန်မာဆုံး လျှို့ဝှက်လက်နက်ကို အသုံးပြု၍... ဖုန်းဝူချန်ကို... အနိုင်ယူမည်...။ သူ့ကို... မည်သည့် အခွင့်အရေးမျှ... လုံးဝ... ပေးတော့မည် မဟုတ်ပေ။
"လျှပ်တပြက် နေရာ ရွှေ့ပြောင်းခြင်း"
'ကိုးထပ် ချန်ခွန်း မျှော်စင်' ကို လေကျွယ်အား ဖျက်ဆီးခွင့်... လုံးဝ မပြုနိုင်။
ဖုန်းဝူချန်... ချက်ချင်းပင်... လျှပ်တပြက် နေရာ ရွှေ့ပြောင်းခြင်းကို အသုံးပြုလိုက်ပြီး... ထိုလက်ဝါးပုံရိပ်ကို... မည်သို့သော နည်းလမ်းဖြင့်မဆို... တားဆီးရန်... ကြိုးစားလိုက်တော့သည်။
ဖုန်းဝူချန်သည် မျက်စိတစ်မှိတ်အတွင်း ရောက်ရှိသွားခဲ့သည်။ သို့သော်... ဝမ်းနည်းစရာ ကောင်းသည်မှာ... သူ... နောက်ကျသွားခဲ့လေပြီ။
"ဖုန်းဝူချန်...။ နောက်ကျသွားပြီ... မဟုတ်လား"
လေကျွယ်က မာနကြီးစွာ ရယ်မောရင်း ပြောလိုက်သည်။ သူ... အခြေအနေကို ပြောင်းပြန်လှန်ပစ်ရန်... အခွင့်အရေး... ရောက်ရှိလာခဲ့လေပြီ။
သို့သော်... လေကျွယ်၏ မာနထောင်လွှားမှု... ကြာရှည် မခံလိုက်ပေ...။ သူ၏ မျက်နှာပေါ်မှ အပြုံးသည်... တောင့်တင်းသွားခဲ့သည်။ အကြောင်းမူကား... သူ... မယုံကြည်နိုင်စရာ မြင်ကွင်းတစ်ခုကို... မျက်မြင်ကိုယ်တွေ့ ကြုံလိုက်ရသောကြောင့်တည်း။
အစွမ်းထက်လှသော အပြာရောင် လက်ဝါးပုံရိပ်ကြီး... 'ကိုးထပ် ချန်ခွန်း မျှော်စင်' ထံသို့ ချဉ်းကပ်သွားသည့် ထိုအခိုက်အတန့်လေးမှာပင်... မျှော်စင်၏ အောက်ခြေတွင်... ရုတ်တရက်... လွှမ်းမိုးနိုင်စွမ်းရှိသော စုပ်ယူခြင်း စွမ်းအားတစ်ခု... ပေါ်ပေါက်လာခဲ့ပြီး... ထိုလက်ဝါးပုံရိပ်ကို... အတွင်းသို့... စုပ်ယူသွားခဲ့လေသည်။
"ဒါ... ဒါ"
လေကျွယ် တစ်ယောက် မယုံကြည်နိုင်စွာ... မှင်သက်သွားပြီး... နောက်ထပ် စကား တစ်ခွန်းမျှပင်... မဆိုနိုင်တော့...။
*စုပ်ယူသွားတယ်...။ ဟုတ်လား...။ ဒီ... ဒီမျှော်စင်က... စွမ်းအားတွေကို... စုပ်ယူနိုင်တယ်...။ သေစမ်း...။ ငါ့ရဲ့... အခွင့်အရေး...။*
သူ... 'ကိုးထပ် ချန်ခွန်း မျှော်စင်' ကို ချေမွတော့မည်ဆဲဆဲ...။ အရေးကြီးဆုံး အခိုက်အတန့်လေးမှာပင်... လက်ဝါးပုံရိပ်ကြီး... စုပ်ယူခြင်းကို... ခံလိုက်ရသည်တကား။
ရွှေယွဲ့အင်ပါယာမှ တော်ဝင်မျိုးနွယ်များ၏ မျက်နှာပေါ်မှ... ပျော်ရွှင်သော အပြုံးများသည်လည်း... ဤအခိုက်အတန့်တွင်... ခဲသွားခဲ့ပြီး... သူတို့... 'ကိုးထပ် ချန်ခွန်း မျှော်စင်' ကို... ဗလာနတ္ထိ မျက်လုံးများဖြင့်... စူးစူးရဲရဲ ကြည့်နေမိကြသည်။
"စုပ်ယူသွားတယ်"
လျိုချင်းယန်နှင့် ဟွမ်ယန်တို့... မှင်တက်စွာ ရပ်နေမိကြသည်။ သူတို့... မဖြစ်နိုင်သော အရာတစ်ခုခုကို... မြင်တွေ့လိုက်ရသည့်အလား...။
ထျန်းဟွမ်တောင် ပတ်ဝန်းကျင်မှ ကျင့်ကြံသူများသည်လည်း... ထိုနည်းတူပင်... တုန်လှုပ်သွားကြသည်။ လူတိုင်း၏ အကြည့်များသည်... အံ့အားသင့်မှုများဖြင့်... ပြည့်နှက်နေခဲ့၏။
ဤမျှ ကြောက်မက်ဖွယ်ကောင်းသော 'ကိုးထပ် ချန်ခွန်း မျှော်စင်' က... စွမ်းအားကို... စုပ်ယူနိုင်လိမ့်မည်ဟု... မည်သူက... ထင်ထားခဲ့မည်နည်း။
*စိုးရိမ်လွန်သွားတာပဲ…*
ဖုန်းဝူချန်... ကိုယ်တိုင်ပင်လျှင်... ဤအဖြစ်အပျက်ကို... မျှော်လင့်မထားခဲ့...။ သူ၏ မျက်နှာပေါ်တွင်လည်း... တုန်လှုပ်မှု အရိပ်အယောင်... အနည်းငယ်... ထင်ဟပ်သွားခဲ့သည်။
*...ဟား...။ တော်သေးရဲ့...။ ဒီလို... အစွမ်းမျိုး... ရှိနေတာကိုး...။ ငါတောင်... မသိလိုက်ပါလား...။ ကောင်းတယ်... ကောင်းတယ်...။*
တိတ်ဆိတ်မှုသည်... ခဏတာမျှသာ... တည်မြဲခဲ့သည်။ ထို့နောက်... နေရာတစ်ခုလုံး... ပေါက်ကွဲထွက်သွားတော့၏။ မယုံကြည်နိုင်မှု၏ တုန်လှုပ်သော လှိုင်းလုံးများသည်... ကောင်းကင်သို့... တဟုန်ထိုး... တက်သွားခဲ့သည်။
"ဒါ... ဘယ်လိုလုပ်... ဖြစ်နိုင်မှာလဲ...။ မင်းသားရဲ့... လက်ဝါးပုံရိပ်... စုပ်ယူခံလိုက်ရတယ်"
“တကယ်ကြီး..ဒီမျှော်စင်က... တကယ်ပဲ... စွမ်းအားတွေကို... စုပ်ယူနိုင်တယ်...။"
"မျှော်စင်ရဲ့... နတ်ဘုရားအဆင့် စွမ်းရည်တွေက... ကြောက်စရာကောင်းလွန်းတယ်...။ ငါ... စိုးရိမ်မိတာက... မင်းသား... ဒီတစ်ကြိမ်... ရှုံးဖို့... သေချာနေပြီ"
'ကိုးထပ် ချန်ခွန်း မျှော်စင်' သည်... မည်မျှ ကြောက်မက်ဖွယ် ကောင်းသည်ကို... မည်သူမျှ... စိတ်ကူးကြည့်နိုင်ခဲ့မည် မဟုတ်...။ ဤမျှ အစွမ်းထက်သော မှော်ရတနာမျိုးကိုလည်း... သူတို့... တစ်ခါမှ... မမြင်ဖူးခဲ့ကြပေ။ အမှန်တကယ်ပင်... မျက်စိ ပွင့်သွားစေသော... အတွေ့အကြုံပင်။
ဖုန်းဝူချန်က လေကျွယ်ကို... အောက်သို့ ငုံ့ကြည့်လိုက်ပြီး... ပြုံးရင်း ပြောလိုက်သည်။
"မင်းသား လေကျွယ်...။ တကယ်... နှမြောစရာပဲ...။ ခင်ဗျားရဲ့... အခြေအနေကို ပြောင်းပြန်လှန်ပစ်ဖို့... နောက်ဆုံး အခွင့်အရေး... ဆုံးရှုံးသွားခဲ့ပြီ"
'ကိုးထပ် ချန်ခွန်း မျှော်စင်' သာ... ဆက်လက် တည်ရှိနေသရွေ့... လေကျွယ်သည်... ဖိနှိပ်ခြင်းကို... ဆက်လက် ခံစားနေရမည်သာ...။ သူ၏ အစစ်အမှန် စွမ်းအားကို... ပြန်လည် မရရှိနိုင်တော့...။ ထို့ကြောင့်... သူ... ရှုံးနိမ့်ရန်... သံသယဖြစ်ဖွယ်မရှိ... သေချာနေခဲ့လေပြီ။
ထိုစကားကို ကြားသောအခါ... လေကျွယ်သည်... သူ၏ အံ့အားသင့်မှုမှ... ရုတ်ခြည်း... သတိပြန်ဝင်လာခဲ့သည်။ သူ၏ မျက်နှာသည်... အကျည်းတန် အရောင်များ... အဆင့်ဆင့်... ပြောင်းလဲသွားပြီး... ဖိနှိပ်ခံရခြင်းအတွက်... ဒေါသများဖြင့်... ပြည့်နှက်သွားခဲ့သည်။ သို့သော်... ၎င်းနှင့် ပတ်သက်၍... သူ... ဘာမှ... မတတ်နိုင်ခဲ့...။
'ကိုးထပ် ချန်ခွန်း မျှော်စင်' က စွမ်းအားကို စုပ်ယူနိုင်သည်ဖြစ်ရာ... လေကျွယ်... ၎င်းကို ချိုးဖျက်ရန် ကြိုးစားမှုများသည်... လုံးဝ... မဖြစ်နိုင်တော့ပေ။
လေကျွယ်က "အနိုင်အရှုံးကို... အခု... ဆုံးဖြတ်ဖို့က... နည်းနည်း... စောလွန်းသေးတယ်... ထင်တယ်"
လေးလံသော အသံဖြင့် ပြောလိုက်သည်။ သူ၏ မျက်ဝန်းများထဲမှ... ရက်စက် ကြမ်းတမ်းမှုသည်... ပို၍ပင်... ပြင်းထန်လာခဲ့၏။
"ဝုန်း..ဝုန်း.."
တိုးထွက်လာသော စွမ်းအားများ... အဆက်မပြတ်... ပေါက်ကွဲထွက်လာပြီး... မြေပြင်သည်... တစ်ဖန်... တုန်ခါသွားပြန်သည်။ တောက်ပသော အပြာရောင် အလင်းတစ်ခု... လေကျွယ်၏ ခန္ဓာကိုယ်မှ... ပေါက်ကွဲထွက်လာပြီး... အံ့အားသင့်ဖွယ်... တိုက်ခိုက်လိုစိတ်တစ်ခု... တစ်ဖန်... ပေါက်ကွဲ ထွက်ပေါ်လာခဲ့သည်။
မျှော်လင့်ချက်ကင်းမဲ့သော အခြေအနေများနှင့်... ရင်ဆိုင်ရလေလေ... လေကျွယ်သည်... လက်လျှော့လိုစိတ်... နည်းပါးလေလေ... ဖြစ်ပြီး... သူ၏ ကန့်သတ်ချက်များကို... ချိုးဖျက်ရန်... ပို၍... ကြိုးစားလေလေ... ဖြစ်သည်။
ကြောက်ရွံ့ခြင်း... ကင်းမဲ့စွာ… ဖုန်းဝူချန် ဖြည်းညင်းစွာ... ဆင်းသက်လာခဲ့သည်။ 'ကိုးထပ် ချန်ခွန်း မျှော်စင်' သာ ရှိနေသရွေ့... လေကျွယ်၏ လွှမ်းမိုးခြင်းကို ခံရမည်ကို... သူ... မကြောက်ရွံ့ခဲ့ပေ။
"နဂါးနတ်ဘုရား အရိပ်"
ဖုန်းဝူချန်... မြေပြင်ပေါ်သို့ ဆင်းသက်သည့် ထိုအခိုက်အတန့်မှာပင်... ကိုယ်ဖော့သိုင်းကို အသုံးပြု၍... ပစ်ထွက်သွားခဲ့သည်။
မမျှော်လင့်ထားသော ရှုပ်ထွေးမှုများ... ရှောင်ရှားနိုင်ရန်... တိုက်ပွဲကို... အလျင်အမြန်... အဆုံးသတ်ရန်... ရည်ရွယ်လျက်...။
ဖုန်းဝူချန်၏ ပြင်းထန်သော ချဉ်းကပ်မှုကို... စောင့်ကြည့်ရင်း... လေကျွယ်က... သူ၏ ဘယ်ဘက်လက်ဖြင့်... လက်တံဆိပ်တစ်ခု... ဖန်တီးလိုက်ပြီး… တိုက်ကွက် ထုတ်လိုက်သည်။
"နက်နဲခြင်းအဆင့်... အလယ်အလတ်တန်းစား... သိုင်းပညာ...။ ဝိညာဉ် ချည်နှောင်ခြင်း... သော့ခတ်သိုင်း"
သူ၏ ဟိန်းဟောက်သံ... ကျဆင်းသွားသည်နှင့်... လေကျွယ်က... သူ၏ ဘယ်ဘက် လက်ဝါးကို... မြေပြင်ထဲသို့... ထိုးစိုက်လိုက်သည်။ ကြောက်မက်ဖွယ်... အပြာရောင် စွမ်းအင် သံကြိုးများသည်... မြေကြီးထဲသို့... တိုးဝင်သွားပြီး... မြွေများအလား... မြေအောက်တွင်... တွားသွား လှည့်ပတ်သွားကြ၏။
ဖုန်းဝူချန်၏ မျက်ခုံးများ အနည်းငယ်... တွန့်ချိုးသွားသည်။ မြေအောက်မှ... အစွမ်းထက်သော စွမ်းအင်ကို... အာရုံခံမိလိုက်ပြီး.. ချက်ချင်းပင်... ရွေ့လျားခြင်းကို... ရပ်တန့်လိုက်သည်။
"ဝှစ်... ဝှစ်... ဝှစ်"
လက်မောင်း တစ်လုံးစာမျှ တုတ်သော... အပြာရောင် စွမ်းအင် သံကြိုးများ.. တစ်ဒါဇင်ကျော် မြေပြင်ထဲမှ... ပေါက်ကွဲ ထွက်ပေါ်လာ၏...။ ဖုန်းဝူချန်ကို... အရပ်မျက်နှာ အားလုံးမှ... ဝန်းရံလိုက်ပြီး…ပစ်မှတ်ထား၍ ပစ်ခတ်လာကြသည်။
"ချလွင်... ချလွင်... ချလွင်"
အထွတ်အထိပ် နဂါးနတ်ဘုရားဓားသည်... သူ၏ တိုက်ခိုက်မှုကို... ထုတ်လွှတ်လိုက်ပြီး... ချဉ်းကပ်လာသော စွမ်းအင် သံကြိုးများကို... ပြန်လည် တွန်းထုတ်လိုက်သည်။ တစ်ခုချင်းစီကို... ဖုန်းဝူချန်က..ရိုက်ထုတ် ဖယ်ရှားလိုက်၏။
သို့သော်... ထိုအခိုက်အတန့်လေးမှာပင်... လေကျွယ်သည်... ကြောက်မက်ဖွယ် အရှိန်အဟုန်ဖြင့်... နီးကပ်လာခဲ့ပြီး... ဖုန်းဝူချန်... စွမ်းအင် သံကြိုးများကို တွန်းထုတ်နေစဉ် နောက်ကျောဘက်တွင်... ပေါ်ပေါက်လာခဲ့လေပြီ။
"နက်နဲခြင်းအဆင့်... အဆင့်မြင့်... သိုင်းပညာ...။ မှော်ရေခဲရာချီ မြှုပ်နှံခြင်း"
လေကျွယ်က... လေးနက်စွာ... ဟိန်းဟောက်လိုက်သည်။ တဆက်တည်း၌ အလွန်အမင်း..ခြိမ်းခြောက်သော... ရေခဲဓာတ် အစစ်အမှန်ယွမ်များ... ပေါက်ကွဲထွက်လာပြီး... အရိုးထဲထိ... အေးစိမ့်သွားစေခဲ့သည်။ သူ... ဖုန်းဝူချန်ထံသို့... တုံ့ဆိုင်းခြင်း မရှိဘဲ... ပစ်လွှတ်လိုက်တော့သည်။
ကြမ်းတမ်းသော ရေခဲဓာတ် အစစ်အမှန်ယွမ်များ... စီးဆင်းသွားပြီး... ရေခဲပန်းပွင့်များ... ဖူးပွင့်လာခဲ့သည်။ မြေပြင်သည်... မျက်စိဖြင့် မြင်နိုင်သော အရှိန်အဟုန်ဖြင့်... ရေခဲများအဖြစ်... အေးခဲသွားတော့၏။
ကြောက်မက်ဖွယ် ရေခဲဓာတ် အစစ်အမှန်ယွမ်များသည်... ဖုန်းဝူချန်ကို... အလျင်အမြန်... အေးခဲသွားစေခဲ့ပြီး... သူ၏ ပတ်ဝန်းကျင်တွင်... ရေခဲနံရံများဖြင့်... အရပ်မျက်နှာ အားလုံးမှ... ပိတ်ဆို့ခြင်းကို... ခံလိုက်ရသည်။ ရေခဲ ခေါင်းတလားကြီးတစ်ခုနှယ် ဖုန်းဝူချန်ကို... အတွင်း၌... ထောင်ချောက်ဆင်လိုက်ပြီး... စွမ်းအင် သံကြိုးများက သူ့အား တိုး၍... ချည်နှောင်လိုက်ကြသည်။
ခဏအကြာတွင်... လေကျွယ် တစ်ယောက်တည်းသာ... ရေခဲ ခေါင်းတလားကြီးထဲမှ... ထွက်ပေါ်လာခဲ့သည်။
"မင်းသား...။ ဖုန်းဝူချန်က... စတုတ္ထအလွှာ ဆေးပညာရှင်...။ ရေခဲဓာတ် အစစ်အမှန်ယွမ်က... သူ့ကို... ထိန်းထားနိုင်မှာ... မဟုတ်ပါဘူး"
ရွှေယွဲ့အင်ပါယာမှ အကြီးအကဲက... အရေးတကြီး... အော်ဟစ်လိုက်သည်။
ဆေးပညာရှင်တိုင်း... မီးဓာတ် အစစ်အမှန်ယွမ်ကို... ပိုင်ဆိုင်ကြသည်ဖြစ်ရာ... ရေခဲဓာတ် သက်သက်ဖြင့်... ဖုန်းဝူချန်ကို... အမှန်တကယ်... ထောင်ချောက်ဆင်နိုင်မည်... မဟုတ်ပေ။
"ကျွန်တော်... သိတယ်"ဟု လေကျွယ်က... လေးနက်စွာ... တုံ့ပြန်လိုက်သည်။ ယခုအခါ သူ၏ ရူးသွပ်နေသော အစစ်အမှန်ယွမ် စွမ်းအားများကို... လရောင်ဓားထဲသို့... သွန်လောင်းထည့်သွင်းနေခဲ့ပြီး ဖြစ်သည်။ ဓားသွားသည်... တဝီဝီမြည်ကာ... တုန်ခါနေပြီး... အသက်ရှူ မှားလောက်အောင်... ကြောက်မက်ဖွယ် ကောင်းသော... စွမ်းအားတစ်ခုကို... ထုတ်လွှတ်နေခဲ့သည်။
"မိုးကြိုး မီးလျှံ... ဓားတာအို...။ ကောင်းကင်ဘုံမှ... မိုးကြိုးဒဏ်ခတ်ခြင်း"
မည်သည့် တုံ့ဆိုင်းမှုမှ မရှိဘဲ... လေကျွယ်က... ဟိန်းဟောက်လိုက်ပြီး... ကြောက်မက်ဖွယ် စွမ်းအားများဖြင့် ပြည့်နှက်နေသော... လရောင်ဓားကို... ပြင်းထန်စွာ... လွှဲယမ်းလိုက်သည်။
"ဝှစ်"
"ဝုန်း..ဝုန်း.."
ကြီးမားလှသော... ကောင်းကင်ပြာရောင် ဓားအလင်းတန်းကြီး... 'ကျန်း' ခြောက်ကျနး၊ ခုနစ်ကျန်းမျှ... ရှိပြီး... လေထဲသို့... ပစ်ခတ် ထွက်သွားကာ... မြေပြင်တစ်လျှောက်... ရေခဲ ခေါင်းတလားကြီးထံသို့... တဟုန်ထိုး... ပြေးဝင်သွားခဲ့သည်။ ထိုစွမ်းအားသည်... ပြင်းထန်လှပြီး... မြေပြင်ကို... တုန်ခါသွားစေခဲ့သည်။ ဓားအလင်းတန်း၏... လမ်းကြောင်းတစ်လျှောက်တွင်... အက်ကွဲကြောင်းများ... ဆွဲဖြဲ ထွက်ပေါ်လာခဲ့သည်။
လေကျွယ်... ဖုန်းဝူချန်ကို ထောင်ချောက်ဆင်လိုက်ခြင်းသည်... ပြင်းထန်သော ထိုးစစ်တစ်ခုအတွက်... အခွင့်အရေး ရှာဖွေရန်... ပရိယာယ်တစ်ခု... မျှသာ...။ ဖုန်းဝူချန်သာ... အပြင်းအထန် ဒဏ်ရာရရှိသွားမည် ဆိုပါလျှင်... သူ၏ အစစ်အမှန်ယွမ်များ... ဖိနှိပ်ခံထားရလျှင်ပင်... လေကျွယ်တွင်... အောင်ပွဲအတွက်... ပိုမို ကြီးမားသော... အခွင့်အရေး... ရှိနေသေးသည်။
"ထင်ယောင်ထင်မှား... နဝမကောင်းကင်... ဖျက်ဆီးခြင်း... ဓားတာအို"
ဖုန်းဝူချန်ထံမှ... အသံတိုးတိုး ဟိန်းဟောက်သံတစ်ခု... ရေခဲ ခေါင်းတလားကြီး အတွင်းမှ... ရုတ်တရက်... ထွက်ပေါ်လာခဲ့ပြီး... ပို၍... လွှမ်းမိုးနိုင်စွမ်းရှိသော... ဓားအလင်းတန်း စွမ်းအားတစ်ခု... အတွင်းမှ... စီးဆင်း ထွက်ပေါ်လာခဲ့သည်။
ဖုန်းဝူချန်၏ အသံကို ကြားသောအခါ... လေကျွယ်၏ မျက်နှာအမူအရာ... အနည်းငယ်... ပြောင်းလဲသွားပြီး... အတွင်းစိတ်ထဲမှ... တွေးလိုက်မိသည်။
*...သေစမ်း...။ ဒီလိုနဲ့တောင်... သူ့ကို... ထောင်ချောက်ဆင်လို့... မရသေးဘူးလား...။*
"ဂျုန်း"
"ဝှစ်"
နောက်တစ်စက္ကန့်တွင်... ဖုန်းဝူချန်၏ ဟိန်းဟောက်သံနှင့်အတူ... ရေခဲ ခေါင်းတလားကြီးသည်... 'ဂျုန်း' ခနဲ... ပေါက်ကွဲထွက်သွားပြီး... ထို့နောက်တွင်... မယုံနိုင်လောက်အောင်... လွှမ်းမိုးနိုင်စွမ်းရှိသော... ရွှေရောင် ဓားအလင်းတန်းကြီးတစ်ခု... ဖျက်ဆီးခြင်း အရှိန်အဝါဖြင့်... ပစ်လွှတ် ထွက်ပေါ်လာခဲ့သည်။
ရွှေရောင် ဓားအလင်းတန်းကြီးကို မြင်သောအခါ... လေကျွယ်၏ မျက်နှာ... အကြီးအကျယ်... ပြောင်းလဲသွားတော့သည်။ သူ... ထို ကြောက်မက်ဖွယ် စွမ်းအားကို... ရှင်းလင်းစွာ... ခံစားလိုက်မိသည်။ ထိုစွမ်းအားနှင့်... အရှိန်အဟုန်သည်... သူ၏ ကိုယ်ပိုင် ဓားအလင်းတန်းထက်... သာလွန်နေခဲ့သည်။
"ထန်"
မျက်စိတစ်မှိတ်အတွင်း... ဓားအလင်းတန်း နှစ်ခု... ပြင်းထန်စွာ... ထပ်မံ... ထိပ်တိုက် တွေ့ဆုံသွားပြီး... နားကွဲမတတ် ပေါက်ကွဲသံကြီး... တစ်ဖန်... ပဲ့တင်ထွက်လာခဲ့သည်။
ဖျက်ဆီးခြင်း စွမ်းအင် လှိုင်းလုံးများ... တလိပ်လိပ်... တိုးဝင်လာပြီး... လေကျွယ်ကို... တစ်ဖန်... သွေးများ အန်ထုတ်စေကာ... နောက်သို့... လွင့်စဉ်သွားစေခဲ့ပြန်သည်။
လေကျွယ်၏ မျက်နှာသည်... ရိုင်းစိုင်းစွာ... ရှုံ့မဲ့သွားပြီး... ကြောက်မက်ဖွယ် စွမ်းအင် လှိုင်းလုံးများကြောင့်... လွှမ်းခြုံခြင်းကို... ခံလိုက်ရသည်။
"အစစ်အမှန်ယွမ်... ခန္ဓာ အကာအကွယ်"
လေကျွယ်က ထိတ်လန့်တကြား... ဟိန်းဟောက်လိုက်သည်။
"ခွမ်း"
အစစ်အမှန်ယွမ် ခန္ဓာ အကာအကွယ်... ဖွဲ့စည်းပြီးသည်နှင့်... မကြာမီမှာပင်... ၎င်း... ကွဲအက်... ကြေမွသွားခဲ့သည်။
"ရေခဲအကာအကွယ်လွှာ"
"ခွမ်း"
"မီးလျှံနတ်ဘုရား အကာအကွယ်လွှာ"
"ခွမ်း"
" ... "
ထိတ်လန့်တကြား ဖြစ်နေသော လေကျွယ်သည်... ကာကွယ်မှုများကို... ဆက်တိုက်... ဖန်တီး ဖော်ထုတ်လိုက်သော်လည်း... ၎င်းတို့ အားလုံးသည်... မျက်စိတစ်မှိတ်အတွင်း... ကျိုးပဲ့သွားခဲ့ပြီး... ခုခံနိုင်စွမ်း... လုံးဝ... မရှိခဲ့ပေ။
အစွမ်း ကွာဟချက်သည်... ထင်ရှားလှ၏။ လေကျွယ်သည်... ဖုန်းဝူချန်၏... ပြိုင်ဘက်... မဟုတ်တော့ပေ။
ကြောက်မက်ဖွယ် စွမ်းအင် လှိုင်းလုံးများ... တလိပ်လိပ် တိုးဝင်လာပြီး... တောင်ပံများ... ထွက်ပေါ်လာကာ... ဖုန်းဝူချန်ကို... ရှေ့မှ... ကာကွယ်ပေးလိုက်ရာ... သူ... ဒဏ်ရာ တစ်စက်မျှပင်... မရရှိခဲ့ပေ။
ဆန့်ကျင်ဘက်အားဖြင့်... လွင့်စဉ်သွားခဲ့သော လေကျွယ်သည်မူ... အပြင်းအထန်... ဒဏ်ရာရရှိသွားခဲ့သည်။ ထိပ်တိုက် တွေ့ဆုံမှုများသည်... သူ့ကို... ပြင်းထန်သော ဒဏ်ရာများ... ချန်ထားခဲ့ပြီး... သူ၏ မျက်နှာသည်... စက္ကူကဲ့သို့... ဖြူဖျော့နေခဲ့သည်။... အသက်ကို...မနည်း ရှူရှိုက်နေရပြီး... အလွန်အမင်း... အားနည်းနေခဲ့လေပြီ။
.. ဖုန်းဝူချန်ကို... အပြင်းအထန် ဒဏ်ရာရရှိစေရန်... အခွင့်အရေး ရရှိခဲ့သည်ဟု... ထင်မှတ်ခဲ့သည်။ သို့သော်... ဖုန်းဝူချန်က... ရေခဲ ခေါင်းတလားကြီးထဲမှ... ဤမျှ အလျင်အမြန်... ချိုးဖျက် ထွက်ပေါ်လာလိမ့်မည်ဟု... သူ... မမျှော်လင့်ထားခဲ့ပေ။
မင်းသား... လေကျွယ်... အပြင်းအထန် ဒဏ်ရာရရှိသွားသည်ကို မြင်တွေ့လိုက်ရသောအခါ... ရွှေယွဲ့အင်ပါယာမှ... အစွမ်းထက် ပုဂ္ဂိုလ်ကြီးများစွာတို့သည်... အလွန်အမင်း... စိုးရိမ် ပူပန်သွားကြသည်။ အကယ်၍... သူတို့... ရှုံးနိမ့်သွားခဲ့လျှင်... အင်ပါယာ၏ ဂုဏ်သိက္ခာ... ဘယ်မှာ... သွားထားတော့မည်နည်း။
အသန်မာဆုံး မင်းသား...။ ယွမ်တန်ဘုံ အဋ္ဌမအလွှာ၏ တိုက်ခိုက်ရေးစွမ်းရည် ပိုင်ဆိုင်သူ က .. ယန်ဟော်အင်ပါယာ၏ စစ်သူကြီးချုပ်... ယွမ်တန်ဘုံ ပဉ္စမအလွှာမျှသာ ရှိသူ၏ လက်ချက်ဖြင့်... ရှုံးနိမ့်သွားခဲ့သည်...။ ဒီအဖြစ်က... ရွှေယွဲ့အင်ပါယာအတွက်... အရှက်ရစရာ... မဟုတ်ပါလား...။
ရွှေယွဲ့ ဧကရာဇ်နှင့်... အင်ပါယာ၏ အဆင့်မြင့် အရာရှိကြီးများသည်... ယခုအခါ... မတည်ငြိမ်ကြတော့ပါ။
ဖုန်းဝူချန်၏ ကြောက်မက်ဖွယ် ကောင်းလှမှုသည်... သူတို့၏ မျှော်လင့်ချက်များကို... အများကြီး... ကျော်လွန်နေခဲ့သည်။
အခြား အင်ပါယာများ၏ အထက်တန်းလွှာများနှင့်... မရေမတွက်နိုင်သော အစွမ်းထက် ပုဂ္ဂိုလ်ကြီးများသည်... ဖုန်းဝူချန် အပေါ်တွင်... ပြင်းထန်သော... ကြောက်ရွံ့မှုတစ်ခုကို... ခံစားနေကြရ၏။
ဖုန်းဝူချန်သာ... ယွမ်တန်ဘုံ ဆဌမအလွှာသို့... တက်လှမ်းသွားခဲ့မည် ဆိုပါလျှင်... ထျန်းယွမ်ဘုံ အောက်မှ... မည်သူမျှ... သူ့ကို... စိန်ခေါ်ရန်... ခက်ခဲသွားပေလိမ့်မည်။
"မင်းသား လေကျွယ်... အရမ်း... ဒဏ်ရာ ပြင်းထန်သွားပြီ...။ သူ... တိုက်ပွဲကို... ဆက်လက်... မတိုက်ခိုက်နိုင်တော့ဘူး... ထင်တယ်"
"ဒီတိုက်ပွဲ... ကြည့်ရတာ... ယန်ဟော်အင်ပါယာရဲ့... စစ်သူကြီးချုပ်... နိုင်သွားပြီ... ထင်တယ်...။ ဖုန်းဝူချန်ရဲ့... အစွမ်းက... ကြောက်စရာကောင်းလွန်းတယ်"
"ဒီလို... မျှော်လင့်မထားတဲ့... ရလဒ်မျိုး...။ လူတိုင်းက... မင်းသား လေကျွယ်... သေချာပေါက်... နိုင်မယ်လို့... ထင်ခဲ့ကြတာ...။ ဒါပေမဲ့... တကယ်တမ်းကျတော့... ဖုန်းဝူချန်က... ပိုပြီး...လန့်ဖို့ ကောင်းနေခဲ့တာကိုး"
တိုက်ပွဲကို ကြည့်ရှုနေကြသော... ကျင့်ကြံသူများစွာတို့သည်... အဆက်မပြတ်... တုန်လှုပ်နေကြရ၏။...
ဖုန်းဝူချန်၏ ကြောက်မက်ဖွယ် ကောင်းလှမှုသည်... သူတို့၏ စိတ်ထဲတွင်... နက်ရှိုင်းစွာ... စွဲထင်သွားခဲ့လေပြီ။
အသန်မာဆုံး မင်းသားဟု... ကျော်ကြားသော... လေကျွယ်... ဖုန်းဝူချန်၏ လက်ချက်ဖြင့်... ရှုံးနိမ့်သွားလိမ့်မည်ဟု... မည်သူမျှ... မထင်မှတ်ခဲ့ကြပေ။
"မင်းသား လေကျွယ်...။ ခင်ဗျား... ကျွန်တော့်ရဲ့... 'ကိုးထပ် ချန်ခွန်း မျှော်စင်' ကို... မချိုးဖျက်နိုင်ဘူး...။ ခင်ဗျား... ကျွန်တော့်ကို... မနိုင်နိုင်ဘူး...။ ခင်ဗျားရဲ့ ဒဏ်ရာတွေနဲ့... ကျွန်တော်... စိုးရိမ်မိတာက... ခင်ဗျား... တိုက်ပွဲကို... ဆက်မတိုက်နိုင်တော့မှာပဲ"
ဖုန်းဝူချန်က... ယုံကြည်မှု အပြည့်ဖြင့်... ပြုံးရင်း... ပြောလိုက်သည်။
အပြင်းအထန် ဒဏ်ရာရထားသော လေကျွယ်သည်... ဖုန်းဝူချန်ကို... ကြည့်လိုက်ပြီး... သူ၏ ဖြူဖျော့သော မျက်နှာပေါ်တွင်... နှုတ်ခမ်းတွန့်ရုံ... အပြုံးတစ်ခု... စီးဆင်းသွားစေကာ... ထုတ်ဖော် ပြောကြားလိုက်သည်။
"ငါ... ရှုံးသွားပြီ"
လေကျွယ်... အရှုံးပေးလိုက်ခြင်းသည်လည်း... လူအုပ်ကြီး၏... မျှော်လင့်ချက်များ... အတွင်း၌... ရှိနေခဲ့သည်။
ဖုန်းဝူချန်သည်လည်း... ဒဏ်ရာ... မသေးလှသော်ငြားလည်း... သူ၏ အစစ်အမှန်ယွမ် စွမ်းအားများ... ဆက်လက်...ရုန်းကြွနေသည်က... ဘယ်သောအခါမှ... ကုန်ဆုံးသွားမည် မဟုတ်သည့်အလားပင်...။
လေကျွယ်သည်မူ... အားအင်... ကုန်ခမ်းသွားခဲ့လေပြီ။
နောက်ထပ်... တိုက်ခိုက်နိုင်စွမ်း... မရှိတော့...။ သူ၏ ပြင်းထန်သော ဒဏ်ရာများသည်... ၎င်းကို... ပို၍ပင်... မဖြစ်နိုင်အောင်... ဖြစ်စေခဲ့သည်။
ဖုန်းဝူချန်က... အပြုံးရိပ် ဖြင့်... ပေါ့ပေါ့ပါးပါးပင်..
"မင်းသား လေကျွယ်...။ ခင်ဗျား... သန်မာပါတယ်...။ ဒါပေမဲ့... ခင်ဗျား... ကျွန်တော့်ကို... ရှုံးသွားတာ... မဟုတ်ဘူး...။ ခင်ဗျား... 'ကိုးထပ် ချန်ခွန်း မျှော်စင်' ကို... ရှုံးသွားတာပါ"
အသက်ကို ပြင်းပြင်း ရှူသွင်းလိုက်ပြီး... လေကျွယ်က... လရောင်ဓားကို... သိမ်းဆည်းလိုက်ကာ...
"အရှုံးက... အရှုံးပဲ...။ ဆင်ခြေတွေ... ပေးနေလို့... အသုံးမဝင်တော့ပါဘူး"
ဖုန်းဝူချန်သည်... နှစ်အနည်းငယ်... ငယ်ရွယ်သည်။ ကျင့်ကြံမှုအဆင့်... သုံးလွှာ... နိမ့်ကျသည်။
သို့သော်... သူ့ကို... အနိုင်ယူနိုင်ခဲ့ခြင်းသည်... ဖုန်းဝူချန်၏ အစွမ်းသည်... သူ့အထက်တွင်... ကောင်းစွာ... ရှိနေသည်ကို... သက်သေပြရန်... လုံလောက်နေခဲ့လေပြီ။
ဖုန်းဝူချန်၏ ကျင့်ကြံမှုအဆင့်... တိုးတက်လာရန်မှာ... အချိန်ကာလ... တစ်ခုသာ... လိုအပ်တော့သည်။