အင်ပါယာကြီး လေးခုအား တုန်လှုပ်စေခြင်း
Vol. 12 Ch. 174
~ဖုန်းဝူချန်... အောင်ပွဲ ရသွားခဲ့လေပြီ။ ကွင်းပြင်တစ်ခုလုံး... ပေါက်ကွဲထွက်သွားတော့၏။
အင်ပါယာကြီး လေးခုမှ... မရေမတွက်နိုင်သော ကျင့်ကြံသူများသည်... ဖုန်းဝူချန် အတွက်... အားပေး ဟစ်ကြွေးလိုက်ကြသည်။
မျက်လုံးအားလုံး... သူ့ထံတွင်သာ...စုပြုံနေကြလေ၏ ။
ထျန်းဟွမ်တောင်၏ တောင်ထိပ်ပေါ်တွင်... ဖုန်းဝူချန်သည်... အတောက်ပဆုံးသော... တည်ရှိမှု... ဖြစ်လာခဲ့သည်။ သူ့အပေါ်တွင်... ကျော်လွှား၍ မရနိုင်သော... အရှိန်အဝါ တစ်ခု... တင်ထားသည့်နှယ်...။
တခဲနက် ဩဘာပေးသံများသည်... ထျန်းဟွမ်တောင်ကို ဝန်းရံနေသော... တောင်တန်းများကြားတွင်... ပဲ့တင်ထပ်နေခဲ့၏။
"အစ်ကိုကြီးဖုန်း... နိုင်ပြီ"
"စစ်သူကြီးချုပ်... နိုင်သွားပြီ"
လျိုချင်းယန်၊ ဟွမ်ယန်နှင့် အခြား ထိပ်တန်း စစ်သည်တော်များ... ရူးသွပ်မတတ်... အားပေး အော်ဟစ်လိုက်ကြသည်။ သူတို့၏ မျက်နှာများသည်... စိတ်လှုပ်ရှားမှုကြောင့်... နီမြန်း တက်နေခဲ့၏။
ဖုန်းမိသားစုဝင်များ... စိတ်လှုပ်ရှားစွာ... အားပေး ဟစ်ကြွေးကြသည်။ ဖုန်းကျိန့်ရှုံး ပင်လျှင်... သူ၏ ပီတိကို... ထိန်းချုပ်ရန်... ခက်ခဲနေခဲ့သည်။
ယန်ဟော်အင်ပါယာ၏ ဧကရာဇ်... နန်းတွင်းအကြံပေး... အိမ်ရှေ့စံမင်းသားများ... ဗိုလ်ချုပ်ကြီးများ... ထို့အတူ... အဖွဲ့အစည်း အသီးသီးမှ အစွမ်းထက် ပုဂ္ဂိုလ်ကြီးများ... အားလုံး၏ မျက်နှာများပေါ်တွင်... ပျော်ရွှင်သော အပြုံးများ... ဝေဆာနေခဲ့သည်။
ဖုန်းဝူချန်သည်... သူတို့ကို... ဘယ်သောအခါမှ... စိတ်ပျက်အောင်... မလုပ်ခဲ့ဖူး...။ ပြိုင်ဘက် မည်မျှပင် သန်မာနေပါစေ... သူ... အမြဲတမ်း... ချေမွနိုင်ခဲ့သည်။ ယန်ဟော်အင်ပါယာတွင်... သူသည်... ရှုံးနိမ့်ခြင်းမရှိသော... ဒဏ္ဍာရီ... တစ်ပုဒ်ပင်။
ယန်ဟော်အင်ပါယာတွင်... ဖုန်းဝူချန်သည်... ဒဏ္ဍာရီလာ ပုဂ္ဂိုလ်တစ်ဦး... ဖြစ်နေခဲ့လေပြီ။
"အင်း"
ရွှေယွဲ့ ဧကရာဇ်... သက်ပြင်းချလိုက်ပြီး... ခေါင်းခါလိုက်မိသည်။ သိသိသာသာ... စိတ်ပျက်သွားသည့်ဟန်...။
*...မျှော်လင့်ချက်... ကြီးလွန်းတော့လည်း... စိတ်ပျက်ရတာ... ပိုကြီးတာပေါ့လေ...။ လေကျွယ်ရဲ့ အစွမ်းနဲ့ဆို... ဖုန်းဝူချန်ကို... အလွယ်လေး... နိုင်မယ်လို့... ထင်ခဲ့တာ...။ ဒါပေမဲ့... ဖုန်းဝူချန်က... ဒီလောက်... လူမဟုတ်တဲ့ သတ္တဝါ.. ဖြစ်နေလိမ့်မယ်လို့... ဘယ်သူက... ထင်မှာလဲ...။*
ထိုစဉ် ၊ ထျန်းဝူ ဧကရာဇ်က... နှုတ်ခမ်းတွန့်ရုံ ပြုံးရင်း... ပြောလိုက်သည်။
"ယန်ဟော်အင်ပါယာရဲ့ စစ်သူကြီးချုပ်ရဲ့ အစွမ်းက... ထူးခြားဆန်းကြယ်တယ်...။ တကယ်... မယုံနိုင်စရာပဲ...။ ဖုန်းဝူချန်... အနာဂတ်မှာ... သေချာပေါက်... ကြီးကျယ် မြင့်မြတ်လာမှာပဲ"
"ဂုဏ်ယူပါတယ်... သွမ့် ဧကရာဇ်...။ ယန်ဟော်အင်ပါယာက... ဒီလို ပါရမီရှင်မျိုးကို... မွေးထုတ်ပေးနိုင်ခဲ့တာ... တကယ်... အားကျစရာ ကောင်းလှပါတယ်"
လော့ယွင် ဧကရာဇ်ကလည်း... အပြုံးဖြင့်... ဂုဏ်ပြု စကား ပြောလိုက်သည်။
အကြီးအကဲတစ်ဦးက... သူ၏ မုတ်ဆိတ်မွှေးကို ပွတ်သပ်ရင်း... အပြုံး ရိပ်ဖြင့် ဆိုသည်။
"ဒီလို ပါရမီရှင်မျိုးက... လောကမှာ... ရှားပါးတယ်...။ သွမ့် ဧကရာဇ်... ရတနာတစ်ပါးကို... ရှာတွေ့ခဲ့တာပဲ"
လူတိုင်းထံမှ... ချီးကျူးစကားများကို ကြားရသောအခါ... သွမ့်ထျန်းဟွမ်၏ အပြုံးသည်... ပို၍ပင်... တောက်ပ ဝင်းလက်လာခဲ့သည်။ ပျော်ရွှင်စွာ ရယ်မောရင်း... သူ ပြောလိုက်သည်။
"ဒီလို ပါရမီရှင်မျိုးက... ငါတို့ ယန်ဟော်အင်ပါယာ အတွက်... ကောင်းချီး မင်္ဂလာပါပဲ"
*...ဟားဟားဟား...။ ကြားကြလား...။ ငါ့ရဲ့ စစ်သူကြီးချုပ်... ဘယ်လောက်... တော်လဲ...။ မင်းတို့... အားကျနေကြပြီ မဟုတ်လား...။*
ဖုန်းဝူချန်၏ ကြောက်မက်ဖွယ် ကောင်းလှမှုသည်... အင်ပါယာကြီးများမှ ဧကရာဇ်များနှင့် အဆင့်မြင့် အရာရှိကြီးများ၏... စိတ်ကူးနိုင်စွမ်းထက်... အများကြီး... ကျော်လွန်နေခဲ့သည်။ သို့သော်... သွမ့်ထျန်းဟွမ်သည်... ဖုန်းဝူချန်အား... ဒုက္ခ မပေးမိစေရန်... ထိုအကြောင်းများကို... ဖွင့်ဟ ပြောဆိုရန်... မလိုအပ်ခဲ့ပေ။
သွမ့်ထျန်းဟွမ်... ဖုန်းဝူချန်... လေကျွယ်ကို အနိုင်ယူနိုင်လိမ့်မည်ဟု... ခိုင်မာစွာ... ယုံကြည်ခဲ့သည်။
ဖုန်းဝူချန်သည်လည်း... အမှန်တကယ်ပင်... သူ့ကို... စိတ်မပျက်စေခဲ့ဘဲ... လေကျွယ်ကို... အနိုင်ယူသွားခဲ့လေသည်။
ဖုန်းဝူချန်သည်... ပါရမီရှင် သိုင်းပြိုင်ပွဲတွင်... ပထမနေရာကို ရရှိခဲ့ရုံသာမက... ယခု... အသန်မာဆုံး မင်းသားကိုပါ... အနိုင်ယူပြီး... ယန်ဟော်အင်ပါယာအတွက်... အထွတ်အထိပ် စံချိန်များကို... တစ်ကြိမ်ပြီး တစ်ကြိမ်... ချိုးဖျက်... ကူညီပေးခဲ့သည်။
"ဒီတိုက်ပွဲနဲ့အတူ... ဖုန်းဝူချန်... အင်ပါယာကြီး လေးခုလုံးမှာ... ကျော်ကြားသွားတော့မှာပဲ...။ သူတို့ထဲက... အသန်မာဆုံး ပါရမီရှင်... ဖြစ်လာတော့မှာပဲ"
"မင်းသား လေကျွယ်တောင်... ရှုံးသွားမှတော့... လူငယ် မျိုးဆက်ထဲမှာ... ဘယ်သူက... ဖုန်းဝူချန်ရဲ့... ပြိုင်ဘက်... ဖြစ်နိုင်ဦးမှာလဲ...။ သူ့ရဲ့ ကြောက်စရာကောင်းတဲ့... ပါရမီနဲ့ဆို... နောက်ထပ်... နှစ်အနည်းငယ်
အတွင်းမှာ... သူ... အင်ပါယာရဲ့... အသန်မာဆုံး ပုဂ္ဂိုလ်ကြီး... ဖြစ်လာနိုင်တယ်"
"အံ့ဩစရာ ကောင်းတဲ့ တိုက်ပွဲပဲ...။ တကယ်... ထူးခြား ပြောင်မြောက်တဲ့... အရည်အချင်း...။ ပြင်းထန်တဲ့ စွမ်းအား...။ ပြီးတော့... စတုတ္ထအလွှာ ဆေးပညာရှင်...။ အင်ပါယာကြီး လေးခုလုံးမှာ... ဒုတိယ တစ်ယောက်... လုံးဝရှာလို့... ရမှာ မဟုတ်ဘူး"
မရေမတွက်နိုင်သော ကျင့်ကြံသူများသည်... နှိုင်းယှဉ်၍ မရနိုင်လောက်အောင်... အားကျ မနာလို... ဖြစ်နေကြ၏။
ဖုန်းဝူချန်နှင့် လေကျွယ်တို့၏ တိုက်ပွဲ... အင်ပါယာကြီး လေးခုလုံးသို့... ကြာမြင့်စွာကတည်းက... စီးဆင်းသွားခဲ့ပြီး ဖြစ်လေသည်။
ယခု... လေကျွယ်... ရှုံးနိမ့်သွားခဲ့ပြီ ဖြစ်သောကြောင့်... သတင်း စီးဆင်းသွားသည်နှင့်... ဖုန်းဝူချန်၏ အမည်သည်... အင်ပါယာကြီး လေးခုလုံးကို... သေချာပေါက်... တုန်လှုပ်သွားစေပေလိမ့်မည်။
"'ကိုးထပ် ချန်ခွန်း မျှော်စင်' က... တကယ်ပဲ... ကြောက်စရာ ကောင်းတာပဲ...။ ငါ... တကယ်... ဒီလို လက်နက်မျိုး... အရင်က... တစ်ခါမှ... မမြင်ဖူးဘူး"
ကောင်းကင်ယံမှ ဧရာမ မျှော်စင်ကြီးကို ကြည့်ရင်း... လေကျွယ်၏ မျက်လုံးများထဲတွင်... သတိထားဟန်... လင်းလက်သွားသည်။
'ကိုးထပ် ချန်ခွန်း မျှော်စင်' သည်... သူ့... တစ်သက်တွင်... မြင်တွေ့ခဲ့ဖူးသမျှ... ထိတ်ပျာရဆုံး... လက်နက်ပင်။
*...တောက်...။ ဒီမျှော်စင်သာ မရှိရင်... ငါ... နိုင်မှာ... သေချာတယ်...။ ဒါပေမဲ့... ရှုံးတာက... ရှုံးတာပဲ...။ ဆင်ခြေတွေ... ပေးနေလို့... ဘာထူးမလဲ...။*
ရိုးရိုးသားသား ပြောရလျှင်... လေကျွယ်သည်... အမှန်တကယ်ပင်... 'ကိုးထပ် ချန်ခွန်း မျှော်စင်' ကြောင့်... ရှုံးနိမ့်သွားခဲ့ခြင်း ဖြစ်သည်။ ၎င်းသာ မရှိခဲ့လျှင်... ဖုန်းဝူချန်သည်... သူ၏ ပြိုင်ဘက်... မဟုတ်ပေ။
လေကျွယ်တွင်... ဤ ယုံကြည်မှု... ရှိနေခဲ့သည်။ သို့သော်... ဝမ်းနည်းစရာ ကောင်းသည်မှာ... အရာအားလုံးသည်... ကြိုတင် သတ်မှတ်ပြီးသား... အဆုံးသတ်တစ်ခု... ဖြစ်သွားခဲ့လေပြီ။
အစွမ်းထက်သော ပုဂ္ဂိုလ်တစ်ဦးသည်... သူတို့၏ ကျရှုံးမှုများအတွက်... ဘယ်သောအခါမှ... ဆင်ခြေ မပေးတတ်ကြ။ လေကျွယ်သည်လည်း... ထိုသို့... ပြုလုပ်မည် မဟုတ်။ ရှုံးနိမ့်ခြင်းသည်... ရှုံးနိမ့်ခြင်းသာ... ဖြစ်သည်။
အထွတ်အထိပ် နဂါးနတ်ဘုရားဓားကို... သူ၏ ခန္ဓာကိုယ်အတွင်းသို့... ပြန်လည် ဆင့်ခေါ်လိုက်ပြီးနောက်... ဖုန်းဝူချန်က... သူ၏ လက်ကို ဝှေ့ယမ်းလိုက်ရာ... ကောင်းကင်ယံ အမြင့်တွင်... လွင့်မျောနေသော... 'ကိုးထပ် ချန်ခွန်း မျှော်စင်' သည်လည်း... သူ၏ ခန္ဓာကိုယ်အတွင်းသို့... ပြန်လည် သိမ်းဆည်း ခံလိုက်ရသည်။
ထို့နောက်... ဖုန်းဝူချန်သည်... 'သွေးပေါင်းစပ် ဇီဝပြန် ဆေးလုံး' နှင့်... 'ခရမ်းရောင် နှလုံးသား ရွှမ်းဟွမ် ဆေးလုံး' တို့ကို... ထုတ်ယူကာ... မျိုချလိုက်သည်။ ထို့အတူ... လေကျွယ်ကိုလည်း... နှစ်လုံး...စားသုံးရန်... ပေးအပ်လိုက်၏။
ဆေးလုံး အမျိုးအစား နှစ်ခုလုံးသည်... စတုတ္ထအဆင့် ဖြစ်ကြပြီး... အလွန် အစွမ်းထက်သော... ကုသခြင်းနှင့်... ပြန်လည် နာလန်ထခြင်း... အာနိသင်များ... ရှိကြသည်။
"ကျွန်တော်တို့ရဲ့ တိုက်ပွဲက... ကျွန်တော်တို့ နိုင်ငံနှစ်ခုကြားက... မိတ်ဆွေဖြစ်မှုကို... မထိခိုက်စေဘူးလို့... မျှော်လင့်ပါတယ်"
ဖုန်းဝူချန်က... လေကျွယ်ကို... တစ်ချက် ဝေ့ကြည့်ရင်း... ခံစားချက် ကင်းမဲ့စွာ... ပြောလိုက်သည်။
လေကျွယ်က ခေါင်းညိတ်လိုက်ပြီး... သဘောတူလိုက်သည်။
"မင်း... စိတ်ချနိုင်ပါတယ်...။ ဒီမင်းသားက... အဲ့ဒီလို... အရှက်မရှိတဲ့... လူယုတ်မာမျိုး... လုံးဝ... မဟုတ်ပါဘူး"
စကား မဆုံးသေးမီမှာပင်...လေကျွယ်၏ မျက်နှာအမူအရာ... အကြီးအကျယ်... ပြောင်းလဲသွားပြီး အံ့အားသင့်မှုများဖြင့်... ပြည့်နှက်သွားတော့သည်။
"ဘာတွေလဲ...။ ဒါ... ဘယ်လို... ဆေးလုံးတွေလဲ"
လေကျွယ်က... တုန်လှုပ်စွာ... အော်ဟစ်လိုက်မိသည်။ သူ၏ မျက်လုံးများ... ပြူးကျယ်လျက်...။
"ဒီဆေးလုံးတွေမှာ... ဒီလောက်... ကြောက်စရာကောင်းတဲ့... အာနိသင်တွေ... ရှိနေတာလား"
လေကျွယ်... ဆေးလုံးများကို မျိုချလိုက်ပြီး... ခဏလေး အကြာမှာပင်... သူ၏ ဒဏ်ရာများနှင့်... အစစ်အမှန်ယွမ်များသည်... ကြောက်မက်ဖွယ် အရှိန်အဟုန်ဖြင့်... ပြန်လည် ကုစားလာသည်ကို... တုန်လှုပ်စွာ... တွေ့ရှိလိုက်ရသည်။
ဤမျှ... အစွမ်းထက်သော ဆေးလုံးမျိုးကို... သူ... တစ်ခါမှ... မကြုံတွေ့ခဲ့ဖူးပေ။
အင်ပါယာကြီးများမှ... အဆင့်မြင့် အရာရှိကြီးများနှင့်... အစွမ်းထက် ပုဂ္ဂိုလ်ကြီးများစွာတို့သည်လည်း... လေကျွယ်၏ အခြေအနေကို... သတိပြုမိလိုက်ကြပြီး... တစ်ဖန်... တုန်လှုပ်သွားကြပြန်သည်။
အထူးသဖြင့်... ဆေးပညာရှင်များ...။ သူတို့... အလွန်အမင်း... အံ့အားသင့်သွားကြပြီး... စကားပင်... မဆိုနိုင်ကြတော့...။
အင်ပါယာကြီးများမှ... အစွမ်းထက် ဆေးပညာရှင်များသည်... ထိုဆေးလုံးများ၏... အစွမ်းထက်သော စွမ်းအားကို... ရှင်းလင်းစွာ... အာရုံခံမိလိုက်ကြသည်။
*...ငါ့ဆရာ... ဖော်စပ်တဲ့ ဆေးလုံးတွေက... အလွန်... အစွမ်းထက်တဲ့... အာနိသင်တွေ... ရှိပြီး... အရည်အသွေး... အရမ်း... မြင့်တာပဲ...။ ငါ... ပဉ္စမအလွှာ ဆေးပညာရှင် တစ်ယောက်... ဖြစ်နေတာတောင်... ဒီလောက်... အရည်အသွေးမြင့်တဲ့... ဆေးလုံးမျိုးတွေ... မဖော်စပ်နိုင်ဘူး...။*
ယန်ထျန်းရှန်က... အကြီးအကျယ်... အံ့အားသင့်စွာ... တွေးလိုက်မိသည်။
တစ်ခါတစ်ရံ... ယန်ထျန်းရှန်... ခံစားရသည်မှာ... ဖုန်းဝူချန်သည်... ဆယ့်ခုနစ်၊ ဆယ့်ရှစ်နှစ် အရွယ်... ကောင်လေးတစ်ယောက်... မဟုတ်ဘဲ... ကြောက်မက်ဖွယ်... အထွတ်အထိပ်... အစွမ်းထက် ပုဂ္ဂိုလ်ကြီး တစ်ပါး... ဖြစ်နေသကဲ့သို့ပင်...။
လေကျွယ်သည်... ဖုန်းဝူချန်၏... ထွက်ခွာသွားသော ပုံရိပ်ကို... အကြီးအကျယ် တုန်လှုပ်စွာဖြင့်... ကြည့်နေမိသည်။ ဤအခိုက်အတန့်တွင်... သူ... ခံစားလိုက်ရသည်မှာ... ဖုန်းဝူချန်သည်... သူ... စိတ်ကူးထားသည်ထက်ပင်... ပို၍... ကြောက်မက်ဖွယ် ကောင်းနေသည်... ဟူ၍ပင်။
"စစ်သူကြီးချုပ်...ဂုဏ်ယူပါတယ်"
"ဂုဏ်ယူပါတယ်၊ စစ်သူကြီးချုပ်"
ဖုန်းဝူချန်... ဖြည်းညှင်းစွာ... ပြန်လျှောက်လာသည်နှင့်... ဟွမ်ယန်နှင့် အခြားသူများသည်... စိတ်လှုပ်ရှားစွာ... အဆက်မပြတ်... အော်ဟစ်နေကြကာ အလွန်... စိတ်အား ထက်သန်နေကြ၏။
"စစ်သူကြီးချုပ်...။ ကျွန်တော်... ခင်ဗျားရဲ့ အစွမ်းကို... လျှော့တွက်ခဲ့မိတယ်...။ ခင်ဗျား... ရှုံးမှာ... သေချာတယ်လို့... ကျွန်တော်... ထင်ခဲ့တာ...။ ဒါပေမဲ့... ကျွန်တော်... အံ့ဩသွားတာက... ခင်ဗျား... တကယ်ပဲ... လေကျွယ်ကို... အနိုင်ယူနိုင်ခဲ့တယ် ဆိုတာပဲ"
ဖုန်းဝူချန်က... သူ့အား... ။သွမ့်ထျန်းဟွမ်... သူ့အား... ပြောခဲ့သော စကားများ၏... အဓိပ္ပာယ် အစစ်အမှန်ကို... နောက်ဆုံးတွင်... အပြည့်အဝ... နားလည်သွားခဲ့လေပြီ။
ထိုစကားကို ကြားသောအခါ... ဖုန်းဝူချန်က... တည်ငြိမ်စွာ... ပြောလိုက်သည်။
"လေကျွယ်ရဲ့ အစွမ်းက... အလွန်... သန်မာပါတယ်...။ 'ကိုးထပ် ချန်ခွန်း မျှော်စင်' က... သူ့ကို... မဖိနှိပ်ထားခဲ့ဘူးဆိုရင်... ကျွန်တော်... နိုင်ခဲ့မှာ... မဟုတ်ပါဘူး"
"မင်း... နိုင်နိုင်သရွေ့... ကောင်းတာပဲ...။ မင်း... နိုင်နိုင်သရွေ့ပေါ့"
သွမ့်ထျန်းဟွမ်က... အားရပါးရ... ရယ်မောလိုက်သည်။ သူ၏ ပျော်ရွှင်မှုကို... ဖုံးကွယ်ထားနိုင်ခြင်း... မရှိတော့...။ သူ... ဖုန်းဝူချန်... မည်သည့် နည်းလမ်းကို အသုံးပြုသည်ကို... ဂရုမစိုက်...။ သူ... နိုင်သရွေ့... ဖြစ်သည်။
ဤတိုက်ပွဲသည်... ယန်ဟော်အင်ပါယာအတွက်... ဂုဏ်ယူမှုကို... အမှန်တကယ်... ဆောင်ကြဉ်းပေးခဲ့ပြီး... ဧကရာဇ်... သွမ့်ထျန်းဟွမ်ကို... မျက်နှာပန်း လှစေခဲ့သည်။
"ဧကရာဇ်...။ အရင်က... ကျွန်တော့်ကို... ကတိပေးထားတာကို... မမေ့ပါနဲ့"
ဖုန်းဝူချန်က ပြုံးရင်း ပြောလိုက်သည်။
"ဒီဘုရင်က... စကားကို... ပြန်စားတတ်လို့လား...။ ငါက... အဲ့ဒီလို... လုပ်မယ့်လူမျိုး... ပုံပေါက်နေလို့လား"
သွမ့်ထျန်းဟွမ်က... လုံးဝ... လေးနက်သော အမူအရာဖြင့်... ပြောလိုက်သည်။
သွမ့်ထျန်းဟွမ်... ကတိပေးထားခဲ့သည်မှာ... ဖုန်းဝူချန်သာ... လေကျွယ်ကို အနိုင်ယူနိုင်ခဲ့လျှင်... သူ... ဖုန်းဝူချန်အား... 'ဝူကျိ နက်ရှိုင်းချောက်' တွင်... တစ်လ... ကျင့်ကြံခွင့်... ပြုမည်ဟူ၍ပင်။
"အစ်ကိုကြီးဖုန်း"
"အစ်ကိုကြီးဖုန်း"
"ချန်အာ"
ဤအခိုက်အတန့်တွင်... လင်ရှောင်ရှောင်နှင့် လျိုချင်းယန်တို့... ပြေးထွက်လာကြသည်။ သူတို့၏ နောက်တွင်... ဖုန်းကျိန့်ရှုံးနှင့် ရှောင်ချင်းချင်းတို့... လိုက်ပါလာကြသည်။ သူတို့ အားလုံး... အလွန်အမင်း... စိတ်လှုပ်ရှားနေကြ၏။
"အဖေ... အမေ... မဟာ အကြီးအကဲ"
ဖုန်းဝူချန်က... သူတို့ တစ်ဦးချင်းစီကို... အလှည့်ကျ... နှုတ်ဆက်လိုက်သည်။ အင်ပါယာ၏ စစ်သူကြီးချုပ်... ဖြစ်နေသော်ငြားလည်း... ဖုန်းဝူချန်သည်... သူ၏ မိသားစု အကြီးအကဲများအပေါ်... လေးစားမှုကို... ဆက်လက်... ပြသနေခဲ့သည်။
ဖုန်းဝူချန်... တစ်ယောက်တည်းသာမက... နန်းတွင်းအကြံပေး... မင်းသားများ... ဗိုလ်ချုပ်ကြီးနှင့်... အင်ပါယာ၏ အခြား အဆင့်မြင့် အရာရှိကြီးများပင်လျှင်... ဖုန်းကျိန့်ရှုံးနှင့် ရှောင်ချင်းချင်းတို့အပေါ်... ကြီးမားသော လေးစားမှုကို... ပေးအပ်ကြရသည်။
ဧကရာဇ်... ကိုယ်တိုင်ပင်လျှင်... ဖုန်းကျိန့်ရှုံးနှင့် ရှောင်ချင်းချင်းတို့နှင့်... ယဉ်ကျေးသော စကား အနည်းငယ်... ဖလှယ်ရန်... မနေနိုင်ခဲ့ပေ။
"အစ်ကိုကြီးဖုန်းက... အရမ်း... တော်တာပဲ...။ ကျွန်မ... သိသားပဲ...။ အစ်ကိုကြီးဖုန်း... နိုင်မှာကို"
လင်ရှောင်ရှောင်က... ချိုမြသော အပြုံးဖြင့်... ပြောလိုက်သည်။ သူမ၏ လှပသော မျက်နှာလေးသည်... အလွန်အမင်း... စွဲမက်ဖွယ် ကောင်းလှရာ... ဖုန်းဝူချန်ပင်လျှင်... အပိုတစ်ချက်... ကြည့်လိုက်မိသည်။
*...ဒီကောင်မလေး... တဖြည်းဖြည်း... ပို... လှလာသလိုပဲ...။*
ဖုန်းဝူချန်က ပြုံးလိုက်ပြီး... ဆိုသည်။
"'ကိုးထပ် ချန်ခွန်း မျှော်စင်' ကို... ကျေးဇူးတင်ရမှာပါ"
"အစ်ကိုကြီးဖုန်း...။ အဲ့ဒီ... 'ကိုးထပ် ချန်ခွန်း မျှော်စင်' ကြီးကို... ကျွန်တော့်ကို... ကြည့်ခွင့်... ပေးလို့... ရမလားဟင်"
လျိုချင်းယန်က... ပါးစပ် ဖွင့်လိုက်သည်နှင့်... 'ကိုးထပ် ချန်ခွန်း မျှော်စင်' အကြောင်းကိုသာ... မေးလိုက်တော့သည်။
"ငါ... မင်းကို... နောက်ကျရင်... အထဲကို... စုပ်သွင်းလိုက်မယ်လေ...။ ဒါမှ... မင်း... ကောင်းကောင်း... ကြည့်လို့... ရမှာပေါ့"
ဖုန်းဝူချန်က... လျိုချင်းယန်ကို ကြည့်ရင်း... ပျော်ရွှင်သော အမူအရာဖြင့်... ပြောလိုက်သည်။
*...ဟားဟား...။ ဒီလူ. ငါ့မျှော်စင်ကို... လောဘတက်နေတာလား... မသိဘူး...။*
"ကျွန်တော်... အပြင်ကပဲ... ကြည့်လို့... မရဘူးလားဟင်...။ တကယ်ပဲ... အထဲဝင်ဖို့... လိုလို့လား"
'ကိုးထပ် ချန်ခွန်း မျှော်စင်'... လေကျွယ်၏ လက်ဝါးပုံရိပ်ကို... စုပ်ယူသွားသော မြင်ကွင်းကို... ပြန်သတိရလိုက်မိသောအခါ... လျိုချင်းယန်တစ်ယောက်... တုန်လှုပ်သွားပြီး... ကြောက်ရွံ့တကြား... မေးလိုက်မိသည်။
"ကျန်းကျွင့်လန်ရော...။ သူ... မင်းတို့နဲ့... အတူ... မလာဘူးလား"
ဖုန်းဝူချန်က... နားမလည်နိုင်စွာ... မေးလိုက်သည်။
မြောင်ချင်းချင်းက ဆို၏။
"သူ... ထွက်သွားပြီ...။ သူ... အပြင်ထွက်လာတာ... ကြာလွန်းနေပြီ... ဆိုပြီး... သူ့မိသားစုက... စိတ်ပူနေမှာ... စိုးလို့တဲ့...။ သူ... ပြောသွားသေးတယ်...။ အစ်ကိုကြီးဖုန်းသာ... တိုက်ကြီးဘက်ကို... တစ်ခါလောက်... ရောက်ဖြစ်ခဲ့ရင်... သူ့ဆီကို... သေချာပေါက်... လာလည်ပါ... တဲ့"
"သြော်... ဒီလိုကိုး"
ဖုန်းဝူချန်က ခေါင်းညိတ်လိုက်သည်။
အင်ပါယာ အသီးသီးမှ ဧကရာဇ်များနှင့် အရာရှိကြီးများကို... နှုတ်ဆက်ပြီးနောက်... ဖုန်းဝူချန်နှင့် သူ၏ မိသားစုသည်... အိမ်သို့... ပြန်လမ်းခရီးကို... စတင်ခဲ့ကြသည်။ ယန်ထျန်းရှန်နှင့် စစ်ထူကျန့်ထျန်းတို့... ကိုယ်တိုင်... သူတို့ကို... လိုက်ပါ ပို့ဆောင်ပေးခဲ့ကြ၏။
သူတို့နှစ်ဦး၏ လုပ်ဆောင်ချက်များသည်... အခြား အဆင့်မြင့် အရာရှိကြီးများအား... ဖုန်းဝူချန်အပေါ်... သူတို့၏ လေးစားမှုကို... ဖော်ပြလိုက်ခြင်းပင်။ သို့သော်... အဘယ်ကြောင့်... ဤသို့... ဖြစ်ရပါသနည်း။
...အရည်အချင်းရှိသော ဂျူနီယာ တစ်ယောက်မျှသာ...။ အင်ပါယာ၏ ဤမျှ ကြီးကျယ်သော... ပုဂ္ဂိုလ်ကြီးများက... သူ့ကို... ဤမျှ လေးစားမှု... ပြသရန်... တကယ်... လိုအပ်ပါသလား...။
"ဖုန်းဝူချန်...။ နောက်တစ်ကြိမ်... ငါတို့... တွေ့တဲ့အခါ... ငါ... မင်းကို... သေချာပေါက်... အနိုင်ယူမယ်"
လေကျွယ်က... ဖုန်းဝူချန်နှင့် သူ၏ အဖွဲ့... ထွက်ခွာသွားသည်ကို... ကြည့်ရင်း... အော်ဟစ်လိုက်သည်။
လေကျွယ်၏ အသံကို ကြားသောအခါ... ဖုန်းဝူချန်က... ပြုံးလိုက်ပြီး... အတွင်းစိတ်ထဲမှ... တွေးလိုက်မိသည်။
*...နောက်တစ်ကြိမ်... ငါတို့... တွေ့တဲ့အခါ... ငါ... 'ကိုးထပ် ချန်ခွန်း မျှော်စင်' ... မပါဘဲနဲ့တောင်... မင်းကို... အနိုင်ယူနိုင်နေလောက်ပြီ...။*
ဖုန်းဝူချန်... အလွန်အမင်း... ယုံကြည်မှု ရှိနေခဲ့သည်။ သူ၏ ယုံကြည်မှုသည်... အမှန်တကယ်ပင်... 'ကိုးထပ် ချန်ခွန်း မျှော်စင်' တွင်... အမြစ်တွယ်နေခဲ့သည်တကား။
ပြန်လမ်းခရီးတွင်... ဖုန်းဝူချန်သည်... ဖုန်းမိသားစုနှင့် ကောင်းကင် ဗိမာန်၏ အင်အားကို... အလျင်အမြန်... ချဲ့ထွင်ရန်... နည်းလမ်းများကို... စဉ်းစားနေခဲ့ပြီး ဖြစ်သည်။ ထို့အတူ... သူ... ကျင့်ကြံရန်... အချိန်ကို... အရယူရန်လည်း... လိုအပ်ပေသည်။
တိုက်ပွဲကြီး အပြီးတွင်... ထျန်းဟွမ်တောင်တွင်... စုရုံး ရောက်ရှိနေကြသော... အင်ပါယာ အသီးသီးမှ... အစွမ်းထက် ကျွမ်းကျင်သူများသည်လည်း... သူတို့၏ နေရပ်များသို့... ပြန်လမ်းခရီးကို... စတင်ခဲ့ကြသည်။
သတင်းသည်... သူတို့... လူစုခွဲသွားသည်နှင့်အတူ... စီးဆင်းသွားခဲ့လေသည်။
သတင်းသည်... တစ်ဦးမှ... ဆယ်ဦး...။ ဆယ်ဦးမှ... တစ်ရာ...။ တစ်ရာမှ... တစ်ထောင်...။ ထို့နောက်... အင်ပါယာ လေးခုလုံးသို့... ရူးသွပ်မတတ်... တိုက်ခတ် စီးဆင်းသွားခဲ့သည်။
သတင်းကို ကြားသိရသူတိုင်း... တုန်လှုပ်သွားကြသည်။
လေကျွယ်...။ အသန်မာဆုံး မင်းသားဟု... ကျော်ကြားသူ...။ ယန်ဟော်အင်ပါယာ၏ စစ်သူကြီးချုပ်...။ ပါရမီရှင် သိုင်းသမား စာရင်း၏ ပထမလည်း ဖြစ်သူ... ဖုန်းဝူချန်ကို... စိန်ခေါ်ခဲ့သည်...။ ထို့နောက်... သူ... ရှုံးနိမ့်သွားခဲ့သည်။
ပို၍ပင်... တုန်လှုပ်စရာ ကောင်းသည်မှာ... စစ်သူကြီးချုပ်သည်... ယွမ်တန်ဘုံ ပဉ္စမအလွှာတွင်သာ... ရှိနေသေးပြီး... လေကျွယ်ထက်... ကျင့်ကြံမှုအဆင့်... သုံးလွှာ... နိမ့်ကျနေခြင်းပင်။ ဤသည်မှာ... အထူးခြားဆုံးသော... အပိုင်းပင်။
ကျင့်ကြံမှုအဆင့်... သုံးလွှာ... နိမ့်ကျနေပြီး... သို့တိုင်... လေကျွယ်ကို... အနိုင်ယူနိုင်ခဲ့သည်...။ ဤသည်မှာ... မည်သို့သော... လူမဟုတ်သည့်... သတ္တဝါမျိုး... ဖြစ်ပါသနည်း။
'ကိုးထပ် ချန်ခွန်း မျှော်စင်' ၏ ကြောက်မက်ဖွယ် ကောင်းလှမှုသည်လည်း... ဤတိုက်ပွဲ၏... ရလဒ်အဖြစ်... စီးဆင်းသွားခဲ့သည်။
ဤ ကြောက်မက်ဖွယ် လက်နက်သည်... မရေမတွက်နိုင်သော ကျင့်ကြံသူများ၏... မနာလို အားကျခြင်း... အရာဝတ္ထု... ဖြစ်လာခဲ့သည်။ သို့သော်... 'ကိုးထပ် ချန်ခွန်း မျှော်စင်' ကို... လောဘတက်သူတိုင်း... သူတို့၏ ကိုယ်ပိုင် ခွန်အားကို... ဦးစွာ... ချိန်ဆ ကြည့်ရပေမည်။
အသန်မာဆုံး မင်းသား... ဖုန်းဝူချန်၏ လက်ထဲတွင်... ကျဆုံးသွားခဲ့လေပြီ။ သူသည်... ထျန်းယွမ်ဘုံ အောက်တွင်... ရှုံးနိမ့်ခြင်းမရှိ...။ အင်ပါယာ လေးခုလုံးတွင်... ထျန်းယွမ်ဘုံ အဆင့် ပုဂ္ဂိုလ်ကြီးများ... မည်မျှလောက်... ရှိနေပါသနည်း။
ရက်အနည်းငယ် အတွင်းမှာပင်... ဖုန်းဝူချန် ဟူသော အမည်သည်... အင်ပါယာ လေးခုလုံးကို... တုန်လှုပ်သွားစေခဲ့ပြီး... အင်အားစု အကြီးအသေး... အားလုံးကို... ထိတ်လန့်သွားစေခဲ့သည်။ သူ့ကို... မသိသူ... မရှိ...။ သူ့အကြောင်း... မကြားဖူးသူ... မရှိ...။
ဤတိုက်ပွဲကြောင့်... ဖုန်းဝူချန်သည်... ဘွဲ့ထူးတစ်ခုကို... ရရှိခဲ့သည်...။ အင်ပါယာကြီး လေးခု၏... အသန်မာဆုံး ပါရမီရှင်... ဟူသော... ဘွဲ့ထူးပင်။
အင်ပါယာကြီး လေးခု၏... ဒေသတိုင်း... ထောင့်တိုင်းတွင်... လူများသည်... ဖုန်းဝူချန်နှင့် လေကျွယ်တို့၏... စိတ်လှုပ်ရှားဖွယ် တိုက်ပွဲအကြောင်းကို... ပြောဆိုနေကြသည်။ သင်... မည်သည့်နေရာသို့ သွားသည်ဖြစ်စေ... ဖုန်းဝူချန်၏ ကျော်ကြားသော အမည်ကို... ကြားနေရပေလိမ့်မည်။ လူများသည်... စိတ်ဝင်တစားဖြင့်... နားထောင်နေကြ၏။
ဇာတ်လမ်း စီးဆင်းလေလေ... ပို၍ ချဲ့ကားလာလေလေ... ဖြစ်ပြီး... ဖုန်းဝူချန်၏... အမျိုးမျိုးသော ပုံစံကွဲများ... ထွက်ပေါ်လာခဲ့သည်။ သူ့ကို... နတ်ဘုရားတစ်ပါးအလား... ကောင်းကင်သို့... မြှောက်တင်ထားကြပြီး... ရှုံးနိမ့်ခြင်းမရှိသော... စစ်နတ်ဘုရားတစ်ပါး... ကဲ့သို့...။
ယန်ဟော်အင်ပါယာ၏... တော်ဝင် နန်းတော် အတွင်း၌... ကြီးကျယ် ခမ်းနားသော... ပွဲတော်ကြီးတစ်ခုကို... ကျင်းပခဲ့သည်။ အရပ်ဘက်၊ စစ်ဘက်... အရာရှိ အားလုံး... ပူးပေါင်း ပါဝင်ကြပြီး... ဖုန်းဝူချန်... ရွှေယွဲ့အင်ပါယာ၏ အိမ်ရှေ့စံမင်းသားကို... အနိုင်ယူခဲ့ခြင်းအတွက်... အောင်ပွဲခံကြသည်။
ဤတိုက်ပွဲကြောင့်... ယန်ဟော်အင်ပါယာ၏ အဆင့်အတန်းသည်... အဆင့်များစွာ... မြင့်တက်သွားခဲ့သည်။ အနည်းဆုံးတော့... အင်ပါယာ အားလုံးကို... သတိထားသွားစေခဲ့သည်။
သူတို့... ကြောက်ရွံ့သည်မှာ... ဖုန်းဝူချန်၏... အစွမ်း...။ သူ၏ ကြောက်မက်ဖွယ်... ပါရမီကို... ကြောက်ရွံ့ခြင်း...။ သူ၏... 'ကိုးထပ် ချန်ခွန်း မျှော်စင်' ကို... ကြောက်ရွံ့ခြင်းပင်။
ဖုန်းဝူချန်သည်... တိုက်ပွဲ တစ်ပွဲတည်းဖြင့်... ကျော်ကြားသွားခဲ့ပြီး... လောကကြီးကို... တုန်လှုပ်စေခဲ့လေပြီ။