← Chapters

တစ်ဦးစီ... အတွင်းစိတ် ရည်ရွယ်ချက်များ ပိုက်ထွေးလျက်

Vol. 12 Ch. 175

တစ်ဦးစီ... အတွင်းစိတ် ရည်ရွယ်ချက်များ ပိုက်ထွေးလျက်

Vol. 12 Ch. 175

~ထျန်းဝူအင်ပါယာ... ဟွမ်ယွင်ဂိုဏ်း၌၊

ယခုအခါ ဂိုဏ်း၏ အဓိက ခန်းမဆောင်ကြီးအတွင်း... အဆင့်မြင့် အဖွဲ့ဝင်များ စုဝေးရောက်ရှိနေကြပြီး... "အရေးကြီး ကိစ္စရပ်များ" ကို ဆွေးနွေးလျက် ရှိကြ၏။

"'ကိုးထပ် ချန်ခွန်း မျှော်စင်' ကို... တခြားလူတွေ လက်ထဲ... လုံးဝ... ကျရောက်ခွင့် မပြုနိုင်ဘူး...။ ဘယ်လို နည်းလမ်းကို သုံးရသုံးရ... 'ကိုးထပ် ချန်ခွန်း မျှော်စင်' ကို... ယူလာရမယ်"

ဟွမ်ယွင်ဂိုဏ်း၏ ဂိုဏ်းချုပ်က... လေးနက်သော အသံဖြင့် အမိန့်ပေးလိုက်သည်။

"တပည့်... နားလည်ပါပြီ"

တပည့်တစ်ဦးက လေးစားစွာဖြင့် အမိန့်ကို လက်ခံလိုက်၏။

ထိုစဉ် အကြီးတန်း အကြီးအကဲ တစ်ဦးက လေးနက်စွာ ပြောလိုက်သည်။

“ဂိုဏ်းချုပ်...။ 'ကိုးထပ် ချန်ခွန်း မျှော်စင်' ကို... အင်အားစု အများအပြားက... ပစ်မှတ်ထားနေကြပါတယ်...။ ကျွန်တော်တို့ ထျန်းဝူအင်ပါယာ တစ်ခုတည်း မဟုတ်ဘူး...။ ရွှေယွဲ့အင်ပါယာနဲ့ လော့ယွင်အင်ပါယာတွေလည်း ပါတယ်...။ ကျွန်တော် စိုးရိမ်မိတာက... ဒီပစ္စည်းကို လိုချင်နေတဲ့ တခြား အင်အားစုတွေလည်း... အများကြီး... ရှိနေနိုင်သေးတယ်... ဆိုတာပါပဲ...။'ကိုးထပ် ချန်ခွန်း မျှော်စင်' က... အာလူးပူပူကြီးလို ဖြစ်နေပါပြီ"

(ဘာသာပြန်သူ မှတ်ချက်: 'hot potato' သည် ကိုင်တွယ်ရန် ခက်ခဲပြီး အန္တရာယ်များသော အခြေအနေကို တင်စားသည့် အင်္ဂလိပ် စကားပုံ ဖြစ်ပါသည်။)

“ဒီကိစ္စထဲ... ဝင်ပါဖို့ ကြိုးစားတဲ့ ဘယ်သူမဆို... သူတို့ အသက်ကို... စွန့်စားရာ... ရောက်သွားနိုင်ပါတယ်"

"အကြီးအကဲချုပ် ပြောတာ... မှန်ပါတယ်...။ ပြီးတော့... ဖုန်းဝူချန်ရဲ့ အစွမ်းက... ကြောက်မက်ဖွယ် ကောင်းလှတယ်...။ ကျွန်တော်တို့ထက်... မနိမ့်ကျပါဘူး...။ ဒါ့အပြင်... သူက... ယန်ဟော် အင်ပါယာရဲ့... စစ်သူကြီးချုပ်လည်း... ဟုတ်သေးတယ်...။ ကျွန်တော် စိုးရိမ်မိတာက... ကျွန်တော်တို့... မီးနဲ့ ကစားသလို... ဖြစ်သွားမှာကိုပါပဲ"

ထိုအခါ အခြား အကြီးအကဲ တစ်ဦးကလည်း အနည်းငယ် စိုးရိမ်စွာဖြင့် သူ့ထင်မြင်ချက်ကို ထုတ်ဖော်လိုက်သည်။

"သူတို့ကို... အချင်းချင်း... အရင်... လုကြပါစေဦး...။ ငါတို့ဂိုဏ်းက... အလျင်မလိုပါဘူး...။ တခြား အင်ပါယာတွေက ဧကရာဇ်တွေကရော... 'ကိုးထပ် ချန်ခွန်း မျှော်စင်' ကို... မလိုချင်ဘဲ... နေမယ် ထင်လို့လား"

ဟွမ်ယွင်ဂိုဏ်း၏ ဂိုဏ်းချုပ်က... အေးစက်စက် နှာခေါင်းရှုံ့လိုက်သည်။

*...ဟွန့်...။ အကုန်လုံးက... လောဘ သားကောင်တွေချည်းပဲ...။ ငါကတော့... အခြေအနေ ကြည့်ပြီး... အသာလေး... ဝင်ယူလိုက်ရုံပဲ...။*

… …

ရွှေယွဲ့အင်ပါယာ... ထိုက်ရွှီဂိုဏ်း။

"'ကိုးထပ် ချန်ခွန်း မျှော်စင်' က... တကယ့်... ရတနာကောင်းပဲ...။ ဒါကို... လောဘတက်နေတဲ့သူတွေ... အများကြီး... ရှိမှာ... သေချာတာပေါ့၊...။ ဘယ်လို... အဖိုးအခ... ပေးရပေးရ... အဲ့ဒါကို... ငါ့ဆီ... ယူလာခဲ့"

အဓိက ခန်းမဆောင်ကြီးထဲတွင်... ထိုက်ရွှီဂိုဏ်း၏ ဂိုဏ်းချုပ်က... သူ၏ မျက်လုံးများကို မှေးကျဉ်းလိုက်ရင်း... အေးစက်စွာ... အမိန့်ပေးလိုက်သည်။

ထိုအခါ အကြီးအကဲ တစ်ဦး မျက်နှာ ကွက်ခနဲ ပျက်သွားပြီး...အလျင်အမြန်... ကန့်ကွက်လာသည်။

"ဂိုဏ်းချုပ်...။ ခ.. ခဏလေး... စောင့်ပါဦး"

"ဂိုဏ်းချုပ်...။ ဒီကိစ္စက... အလွန်... အရေးပါ ပါတယ်...။ သုံးကြိမ်... သုံးခါ... ပြန်စဉ်းစားပါဦး...။ တစ်ကယ်လို့... သွမ့်ထျန်းဟွမ်သာ... ကျွန်တော်တို့က... ဖုန်းဝူချန်ရဲ့ မျှော်စင်ကို... လုယူဖို့... ကြံရွယ်နေမှန်း... သိသွားခဲ့ရင်... ရွှေယွဲ့ ဧကရာဇ်တောင်မှ... ကျွန်တော်တို့ကို... အလွယ်တကူ... ခွင့်လွှတ်မှာ... မဟုတ်လောက်ပါဘူး"

"လေကျွယ်... ရှုံးနိမ့်သွားတာက... ငါတို့ အင်ပါယာကို... အရှက်ရစေခဲ့တယ်...။ မင်း ထင်လို့လား... ဧကရာဇ်က... ဒီအတိုင်း... လက်ပိုက်ကြည့်နေပြီး... အင်ပါယာကြီး လေးခုထဲမှာ... ထိပ်ဆုံးနေရာကို... တခြားသူတွေဆီ... လိုလိုလားလား... စွန့်လွှတ်ပေးလိုက်မယ်လို့...။ ယန်ဟော်အင်ပါယာမှာ... ဖုန်းဝူချန်လို... ကြောက်စရာကောင်းတဲ့ ပါရမီရှင်တစ်ယောက်... ပေါ်ထွက်လာမှတော့... ရွှေယွဲ့ ဧကရာဇ်က... သူ့ကို... ခြိမ်းခြောက်မှုတစ်ခု... ဖြစ်လာအောင်... ခွင့်ပြုထားမှာ... မဟုတ်ဘူး...။ အဲ့ဒီ... မြေခွေးအိုကြီး... သေချာပေါက်... လှုပ်ရှားလာမှာပဲ"

ထိုက်ရွှီဂိုဏ်း၏ ဂိုဏ်းချုပ်က... အေးစက်စွာ... တုံ့ပြန်လိုက်သည်။

ဤစကားကို ကြားသောအခါ... အကြီးအကဲများနှင့် အဆင့်မြင့် ပုဂ္ဂိုလ်များ၏ မျက်နှာအမူအရာများ... အကြီးအကျယ်... ပြောင်းလဲသွားကြပြီး... အကြီးအကဲချုပ်က... တုန်လှုပ်စွာ... အော်ဟစ်လိုက်မိသည်။

"ဒီလိုသာဆိုရင်... အင်ပါယာ နှစ်ခုကြား... စစ်ဖြစ်တော့မှာ... မဟုတ်ဘူးလား"

"ဟွန့်...။ အဲ့ဒါက... ငါတို့နဲ့... ဘာဆိုင်လို့လဲ"

ထိုက်ရွှီဂိုဏ်း၏ ဂိုဏ်းချုပ်က... မဲ့ပြုံး ပြုံးလိုက်သည်။

*...စစ်ဖြစ်လေ... ငါတို့အတွက်... အခွင့်အရေး... ပိုရလေပေါ့...။*

… …

လော့ယွင်အင်ပါယာ... ကျီးရှင်းဂိုဏ်း၌လည်း၊

"ဂိုဏ်းချုပ်ကို... သတင်းပို့ပါတယ်...။ ကျွန်တော်တို့... ဖုန်းဝူချန်ရဲ့... နေရာကို... ရှာတွေ့ခဲ့ပါပြီ...။ ဖုန်းမိသားစုက... ယန်ဟော်အင်ပါယာ... ထျန်းကျိုးနယ်... ပြိုင်ဘက်ကင်းမြို့မှာ... ရှိပါတယ်"

တပည့်တစ်ဦးက သတင်းပို့လိုက်သည်။

ထိုအခါ ကျီးရှင်းဂိုဏ်း၏ ဂိုဏ်းချုပ်က... လေးနက်စွာ... အမိန့်ပေးလိုက်သည်။

"ပြိုင်ဘက်ကင်းမြို့ကို... လူ... ချက်ချင်း... လွှတ်လိုက်...။ ငါတို့... 'ကိုးထပ် ချန်ခွန်း မျှော်စင်' ကို... ဘယ်လိုနည်းနဲ့မဆို... ပြန်ယူလာရမယ်"

"ဗျာ...ဘယ်လိုနည်းနဲ့မဆို"

ထိုတပည့်သည်... မှင်သက်သွား၏။

"ကျွန်တော်... ကာကွယ်စောင့်ရှောက်သူအဖြစ်... ကိုယ်တိုင်... လိုက်သွားတာ... ပိုကောင်းပါလိမ့်မယ်...။ ဖုန်းဝူချန်က... အစွမ်းထက်တယ်...။ တပည့်တွေကို လွှတ်လိုက်တာက... သူတို့ကို... သေတွင်းထဲ... ပို့လိုက်တာနဲ့... အတူတူပဲ...။ ပြီးတော့... ဒီ... အသားတုံးကြီးကို... မျက်စိကျနေတဲ့... တခြားသူတွေလည်း... အများကြီး ရှိပါတယ်..။ ခရီးလမ်းက... အရမ်း... အန္တရာယ်များလွန်းတယ်"

ဟု လူတစ်ယောက်က လေးနက်စွာ ပြောလိုက်သည်။

"အင်း...။ သတိထားသွားပါ"

ကျီးရှင်းဂိုဏ်း၏ ဂိုဏ်းချုပ်က ခေါင်းညိတ်ရင်း တုံ့ပြန်လိုက်သည်။

"ငါ... တော်ဝင်မိသားစုဆီ... တစ်ခေါက်သွားပြီး... ဧကရာဇ်ရဲ့... သဘောထားကို... စမ်းစစ်ကြည့်လိုက်ဦးမယ်...။ တစ်ကယ်လို့... ငါတို့... 'ကိုးထပ် ချန်ခွန်း မျှော်စင်' ကိုသာ... ရနိုင်ခဲ့မယ်ဆိုရင်... ငါတို့ အင်ပါယာက... တခြား အင်ပါယာကြီး သုံးခုကို... ကြောက်စရာ... မလိုတော့ဘူး...။ ပြီးတော့... နတ်ဘုရားတောင်ကြား... ပြိုင်ဆိုင်မှုမှာ... အကြွင်းမဲ့... အသာစီး... ရသွားလိမ့်မယ်"

… …

အဓိက ဂိုဏ်းကြီး တစ်ခုစီတိုင်း... သူတို့၏ ကိုယ်ပိုင် အတွင်းစိတ် ရည်ရွယ်ချက်များကို... ပိုက်ထွေးထားကြသည်။ သို့သော်... သူတို့၏ ပန်းတိုင်မှာမူ... အတူတူပင်...။ 'ကိုးထပ် ချန်ခွန်း မျှော်စင်' ကို... လုယူရန်ပင်။

ဖုန်းဝူချန်နှင့် လေကျွယ်တို့၏ တိုက်ပွဲအပြီးတွင်... ဖိနှိပ်နိုင်စွမ်းရော... စုပ်ယူနိုင်စွမ်းပါ... ရှိသော... 'ကိုးထပ် ချန်ခွန်း မျှော်စင်' ကို... မရေမတွက်နိုင်သော အင်အားစုများနှင့်... ကြောက်မက်ဖွယ် ပုဂ္ဂိုလ်ကြီးများ... ကိုယ်တိုင် မျက်မြင်... တွေ့ရှိခဲ့ကြသည်။

ဤအကြောင်းကြောင့်ပင်... အစွမ်းထက်လှသော... 'ကိုးထပ် ချန်ခွန်း မျှော်စင်' သည်... သူတို့၏ လောဘကို... မီးထိုးပေးလိုက်လေပြီ။

*...ဒီမျှော်စင်သာ... ငါ့လက်ထဲ... ရောက်လာရင်..လောကသုံးပါးမှာ... ပြိုင်စံရှား... ဖြစ်သွားနိုင်တယ်...။*

အကယ်၍... သူတို့... 'ကိုးထပ် ချန်ခွန်း မျှော်စင်' ကို... လုယူနိုင်ခဲ့မည် ဆိုပါလျှင်... သူတို့၏ အစွမ်းသည်... သေချာပေါက်... တဟုန်ထိုး... မြင့်တက်သွားပေလိမ့်မည်။

ဟုတ်ပါသည်။ အင်အားစုတိုင်း... ကြိုးစားကြည့်ရန်... သတ္တိရှိကြသည်တော့... မဟုတ်...။ 'ကိုးထပ် ချန်ခွန်း မျှော်စင်' ကို လုယူရန်... ကြိုးပမ်းလိုပါက... လူတစ်ယောက်သည်... သူ၏ ကိုယ်ပိုင် ခွန်အားကို... သေချာ... ချိန်ဆ ကြည့်ရပေမည်။

ဖုန်းဝူချန်သည်... ယွမ်တန်ဘုံ ပဉ္စမအလွှာတွင်သာ... ရှိနေသေးသော်ငြားလည်း... စွမ်းအား အကြီးဆုံး မင်းသားကို... အနိုင်ယူနိုင်ခဲ့ပြီး... သူ၏ သူ့ခွန်အားသည်... ကြောက်မက်ဖွယ် ကောင်းသည်ဟု... သတ်မှတ်ခံထားရသည်။

သေချာသည့်... အစွမ်းအစ... မရှိဘဲနှင့်... ဘယ်သူက... ရန်စရဲမည်နည်း...။ ဒါက... သေလမ်းရှာတာနှင့်... အတူတူပင်...။

ထို့အပြင်... ဖုန်းဝူချန်၏ နောက်တွင်... ကျယ်ပြောလှသော... ယန်ဟော်အင်ပါယာကြီး... ရပ်တည်နေသေးသည်။ ထို့ကြောင့်... 'ကိုးထပ် ချန်ခွန်း မျှော်စင်' ကို... လောဘတက်သူများသည်... အဓိက အင်အားစုကြီးများနှင့် ...... အင်ပါယာများသာ... ဖြစ်ရပေမည်။

ယန်ဟော်အင်ပါယာတွင်... ထျန်းယွင်ဂိုဏ်း ရှိခဲ့သလို... အခြား အင်ပါယာများတွင်လည်း... အစွမ်းထက်သော ဂိုဏ်းများ... ရှိနေသည်မှာ... သဘာဝကျလှသည်။

'ကိုးထပ် ချန်ခွန်း မျှော်စင်' ၏ ပေါ်ပေါက်လာမှုသည်... အစွမ်းထက် ပုဂ္ဂိုလ်ကြီးများစွာတို့၏ လောဘကို... လှုံ့ဆော်ပေးလိုက်လေပြီ။

… …

ရွှေယွဲ့အင်ပါယာ၏... ဧကရာဇ် နန်းတော် အတွင်း၌...။

ခန်းမဆောင်ကြီးထဲတွင်... ရွှေယွဲ့ ဧကရာဇ်... လေကျန့်ဖုန်း၏ မျက်နှာသည်... တိမ်တိုက်များ ဖုံးလွှမ်းနေပြီး... အလွန်... အကျည်းတန်... နေခဲ့သည်။

*...တောက်...။ အရှက်... အရှက်ကွဲလိုက်တာ...။... လေကျွယ်...။ ဒီလောက်... အစွမ်းထက်တဲ့ သားတော်က... ယွမ်တန်ဘုံ ပဉ္စမအလွှာလေးကို... ရှုံးခဲ့ရတယ်တဲ့လား...။ ရွှေယွဲ့အင်ပါယာရဲ့ မျက်နှာကို..သူက... ရွှံ့ထဲ... နှစ်ပစ်လိုက်တာပဲ...။*

သိသာထင်ရှားစွာပင်... ဤသည်မှာ... လေကျွယ်နှင့် ဖုန်းဝူချန်တို့၏ တိုက်ပွဲ ကိစ္စကြောင့်ပင်...။

လေကျွယ် ရှုံးနိမ့်သွားသည်နှင့်... ရွှေယွဲ့အင်ပါယာသည်... မျက်နှာ ပျက်ခဲ့ရပြီး... လေကျန့်ဖုန်း... ဒေါသထွက်နေခဲ့သည်။

"ဖုန်းဝူချန်ရဲ့ ပါရမီက... လေကျွယ်ရဲ့... အထက်မှာ... ရှိနိုင်တယ်...။ ဒီလူငယ်.. မခေဘူး...။ ပြီးတော့... သူ... အနာဂတ်မှာ... ငါတို့ ရွှေယွဲ့အင်ပါယာအတွက်... အကြီးမားဆုံးသော... ခြိမ်းခြောက်မှု... သေချာပေါက်... ဖြစ်လာလိမ့်မယ်...။ သွမ့်ထျန်းဟွမ်က... သူ့ရဲ့ အရင်းအမြစ် အားလုံးနဲ့... သူ့ကို... သေချာပေါက်... ပျိုးထောင်ပေးမှာ...။ ငါတို့... ဒီလူငယ်ကို... ကြီးထွားခွင့် မပေးနိုင်ဘူး"

ဧကရာဇ် လေကျန့်ဖုန်းက... မျက်နှာ မည်းမှောင်စွာ... ရေရွတ်လိုက်သည်။ သူ၏ မျက်ဝန်းများထဲတွင်... သတ်ဖြတ်လိုစိတ် အရိပ်အယောင်... တစ်ချက်... လျှပ်တပြက်... ဖြတ်သန်းသွား၏။

"ဖုန်းဝူချန်က... တကယ်ပဲ..ထက်မြက်လွန်းပါတယ်....။ ဒီလောက် ငယ်ရွယ်တဲ့ အရွယ်နဲ့... သူက... စတုတ္ထအဆင့် ဆေးပညာရှင် အဆင့်ကို... ရောက်နေပြီ...။ ဒီလက်အောက်ငယ်သားတို့ အင်ပါယာ... တစ်ခါမှ... မမြင်ဖူးခဲ့တဲ့... ပါရမီရှင်မျိုး...။ တကယ်ပဲ... သူက... ခြိမ်းခြောက်မှု...အကြီးစားပါ မင်းကြီး."

ရွှေယွဲ့ အင်ပါယာ၏ နန်းတွင်းအကြံပေးက... ခေါင်းညိတ်ရင်း... ကောက်ချက်ချလိုက်သည်။

သူ၏ ဇရာရနေသော မျက်နှာပေါ်တွင်... လေးနက်သော အရိပ်အယောင်များ... ထင်ဟပ်နေ၏။

"..မင်းကြီး....။ 'ကိုးထပ် ချန်ခွန်း မျှော်စင်' ကိစ္စကရော...။ ပြီးတော့... အဲ့ဒီ... ထူးဆန်းတဲ့... ဓားကိစ္စ"

ထိုအခါ ရွှေယွဲ့အင်ပါယာ၏ ဗိုလ်ချုပ်ကြီးက ရုတ်တရက်... ဝင်ပြောလိုက်သည်။

"အချိန်အနည်းငယ်... ကြာခဲ့ပါပြီ...။ ဖုန်းဝူချန်... နတ်ဘုရားတောင်ကြားထဲကို... နောက်တစ်ကြိမ်... ဝင်ရောက်သွားခဲ့ပါတယ်...။ နတ်ဘုရားတောင်ကြားရဲ့... ဝိညာဉ်သားရဲက... ဆင့်ခေါ်တယ်လို့... အကြောင်းပြပြီးတော့ပါ...။ အဲ့ဒီ ဝိညာဉ်သားရဲက... အရမ်း ကြောက်စရာကောင်းလွန်းလို့... အင်ပါယာကြီး လေးခုက ဗိုလ်ချုပ်တွေ... ဝင်မစွက်ဖက်ခဲ့ကြပါဘူး...။ ကျွန်တော်မျိုး... ယုံကြည်မိတာက... 'ကိုးထပ် ချန်ခွန်း မျှော်စင်' ကို...သူ နတ်ဘုရားတောင်ကြားထဲကနေ... ရခဲ့တာ... ဖြစ်နိုင်ပါတယ်"

ဤစကားများကြောင့်... လေကျန့်ဖုန်း၏ မျက်ခုံးများ... တွန့်ချိုးသွားပြီး... သူ... လေးနက်သော အသံဖြင့် ပြောလိုက်သည်။

"ဖြစ်နိုင်တာ... မဟုတ်ဘူး...။ ဖုန်းဝူချန်က... 'ကိုးထပ် ချန်ခွန်း မျှော်စင်' ကို... နတ်ဘုရားတောင်ကြားထဲကနေ... တကယ်... ယူသွားခဲ့တာ"

ဖုန်းဝူချန်... 'ကိုးထပ် ချန်ခွန်း မျှော်စင်' ကို နတ်ဘုရားတောင်ကြားထဲမှ ယူသွားခဲ့သည်ဟု... လေကျန့်ဖုန်းထံမှ... ဤမျှ သေချာမှုဖြင့် ထွက်ပေါ်လာသည်နှင့်... သူ၏ ရည်ရွယ်ချက်မှာ... အလွန် ရှင်းလင်းနေခဲ့လေပြီ...။ ဖုန်းဝူချန်အပေါ်တွင်... အခြေအမြစ် မရှိသော စွဲချက် တစ်ခု

တင်ပေးခြင်းအပြင်... အခြား မည်သည့် အရာမှ... မဟုတ်ပေ။

"ဒါကို... နတ်ဘုရား တောင်ကြားထဲကနေ... ရခဲ့တာ... ဖြစ်မှတော့... အင်ပါယာကြီး လေးခုလုံး... ဝေစုရှိတယ်...။ ဖုန်းဝူချန် တစ်ယောက်တည်း... ဒါကို... လက်ဝါးကြီး အုပ်ခွင့်... ငါတို့... ဘယ်လိုလုပ်... ခွင့်ပြုနိုင်မှာလဲ"

*...ဟား...။ မြေခွေးအိုက... မြေခွေးပဲ...။ ဂျင်း... အိုလေ... ပိုစပ်လေ... ဆိုတာ... ဒါမျိုးကို... ပြောတာပဲ...။ အလကားနေရင်း... အမှုဆင်ရမယ်...။*

(ဘာသာပြန်သူ မှတ်ချက်: 'The older the ginger, the spicier it is' သည် အသက်ကြီးလေ ပို၍ အတွေ့အကြုံရင့်ကျက်ပြီး ကောက်ကျစ်လေ ဖြစ်သည်ဟု ဆိုလိုသော တရုတ်စကားပုံ ဖြစ်ပါသည်။)

"ဧကရာဇ်ကို... ဂါရဝ ပြုပါတယ်"

ထိုအခိုက်အတန့်၌ စစ်သည်တော် တစ်ဦး... ခန်းမဆောင်ကြီးထဲသို့ ဝင်ရောက်လာပြီး... လေးစားစွာ... ဒူးထောက်လိုက်သည်။

"အင်း...။ မင်း... စုံစမ်းပြီးပြီလား"

လေကျန့်ဖုန်းက လေးနက်သော အသံဖြင့် မေးလိုက်သည်။

စစ်သည်တော်သည်... ခဏတာ... တိတ်ဆိတ်သွားပြီး... ထို့နောက်... ပြောလိုက်သည်။

"ဧကရာဇ်...။ ဖုန်းဝူချန်ရဲ့... ဂုဏ်သတင်းက... မသေးလှပါဘူး...။ ဧကရာဇ်နဲ့... နန်းတွင်းအကြံပေး... စိတ်ပိုင်းဆိုင်ရာ... ကြိုတင် ပြင်ဆင်ထားစေလိုပါတယ်၊ အရှင်တို့.."

"အိုး...။ ဘယ်လောက်တောင်... 'မသေးလှ' လို့လဲ"

လေကျန့်ဖုန်းက အံ့အားတသင့် မေးလိုက်သည်။

နန်းတွင်းအကြံပေးက လေးနက်စွာ ပြောလိုက်သည်။

"ငါတို့ကို... အသေးစိတ်... ရှင်းပြစမ်း"

"ဖုန်းဝူချန်က... ထျန်းဝူအင်ပါယာ... ပြိုင်ဘက်ကင်းမြို့က... ဖုန်းမိသားစုရဲ့... တတိယ သခင်လေးပါ...။ အင်ပါယာရဲ့ စစ်သူကြီးချုပ်... ဖြစ်တဲ့အပြင်... သူက... ကောင်းကင်အရိပ် မြင်းသည်တော်တပ်ဖွဲ့နဲ့... အလံနက်တပ်မတော်ကိုလည်း... အမိန့်ပေး ကွပ်ကဲပါတယ်...။ သူ့ရဲ့ ဦးဆောင်မှုအောက်မှာ... ကောင်းကင်အရိပ် မြင်းသည်တော်တပ်ဖွဲ့နဲ့... အလံနက်တပ်မတော်ရဲ့ အစွမ်းတွေက... အကြီးအကျယ်... တိုးတက်လာခဲ့ပါတယ်...။ ဗိုလ်ချုပ်ကြီး ယဲ့ချန်းချုံးကလည်း... ဖုန်းဝူချန်ရဲ့ နည်းလမ်းတွေကို လိုက်နာပြီး... ကြီးမားပြီး အစွမ်းထက်တဲ့... စစ်တပ်ကြီးတစ်ခုကို... ပျိုးထောင်ထားပါတယ်...။ အဲ့ဒီတပ်က... ကျွန်တော်တို့ အင်ပါယာ သုံးခုရဲ့... ထိပ်တန်း စစ်သည်တော်တွေတောင်... ယှဉ်ပြိုင်နိုင်စွမ်း... မရှိလောက်ပါဘူး"

"ဒီထက်... ပိုရှိသေးတာလား"

လေကျန့်ဖုန်း၏ မျက်ခုံးများ... နက်ရှိုင်းစွာ... တွန့်ချိုးသွားပြီး... သူ၏ နှလုံးသား... အတော်လေး... တုန်လှုပ်သွားခဲ့သည်။

"တခြား... ဘာတွေ... ရှိသေးလဲ"

နန်းတွင်းအကြံပေးက... တိုက်တွန်းလိုက်သည်။

"ဒါ့အပြင်... ဖုန်းဝူချန်မှာ... နောက်ထပ် ဘွဲ့ထူးတစ်ခု... ရှိပါသေးတယ်...။ ဆရာ ဖုန်း လို့... လူသိများပါတယ်...။ ပြီးတော့... သူက... ထျန်းဝူအင်ပါယာ... ယွင်ကျိုးနယ်ရဲ့... အရှင်သခင် ပါ...။ ယွင်ကျိုးနယ် တစ်ခုလုံးက... အင်အားစု အကြီးအသေး... အားလုံး... သူ့ကို... လက်အောက်ခံကြပါတယ် ခင်ဗျာ...။ ရွှမ်းထျန်းဂိုဏ်း... အပါအဝင်ပေါ့"

စစ်သည်တော်က... ဆက်လက် ပြောကြားလိုက်သည်။

စကားလုံး တစ်လုံးချင်းစီနှင့်အတူ... သူ၏ ကိုယ်... ပို၍... ပို၍... တုန်ယင်လာခဲ့သည်။

*...သေစမ်း...။ ဒီအချက်အလက်တွေ... စုံစမ်းရင်း... ငါ... ကြောက်လွန်းလို့... သေတော့မလိုပဲ...။*

ဖုန်းဝူချန်၏ ကြီးစိုးမှုအား... စစ်သည်တော် တစ်ယောက်... ၎င်းကို ရှာဖွေတွေ့ရှိပြီးနောက်... ကြောက်လန့်လွန်း၍... သေလုမျောပါး... ဖြစ်သွားစေခဲ့သည်။

"ဆရာ ဖုန်း ...။ ယွင်ကျိုးနယ်ရဲ့... အရှင်သခင်"

နန်းတွင်းအကြံပေး၏ မျက်နှာသည်... တုန်လှုပ်မှုများဖြင့်... ပြည့်နှက်သွားပြီး... အနည်းငယ်... မယုံကြည်နိုင်... ဖြစ်သွားခဲ့သည်။

ဆယ့်ခုနစ်၊ ဆယ့်ရှစ်နှစ် အရွယ်...

ကောင်ကလေး တစ်ယောက်...။

အမှန်တကယ်ပင်... ယွင်ကျိုးနယ်၏... အရှင်သခင်... ဖြစ်လာခဲ့ပြီး... ရွှမ်းထျန်းဂိုဏ်း ပင်လျှင်... လက်အောက်ခံရသည်...။

... မည်မျှ... ကြောက်မက်ဖွယ် ကောင်းလိုက်ပါသနည်း။

"မင်း... စုံစမ်းလာတဲ့ အချက်အလက်တွေ... မှန်ရဲ့လား"

လေကျန့်ဖုန်းက မေးလိုက်သည်။ သူ၏ မျက်နှာအမူအရာသည်... ပို၍ပင်... လေးနက်လာခဲ့သည်။

"လုံးဝ... မှန်ပါတယ်..အရှင်"

စစ်သည်တော်က တုန်လှုပ်စွာ အော်ဟစ်လိုက်သည်။

"ဖုန်းဝူချန်ကို ဆရာဖုန်းလို့... လူသိများရတဲ့... အကြောင်းရင်းက... သူက... ပဉ္စမအလွှာ လက်နက်ပညာရှင်... ဖြစ်နေလို့ပါ...။ ထျန်းဝူအင်ပါယာ တစ်ခုလုံး... သူ့ရဲ့... အစစ်အမှန် ဂုဏ်ထူးဝိ‌သေသကို... သိကြပါတယ်...။ ဒါ့အပြင်... ကောလာဟလတွေ... ရှိပါသေးတယ်...။ ဖုန်းဝူချန်က... 'အတွေးတစ်ချက်ဖြင့် ပုံဖော်ခြင်း' ဆိုတဲ့... နတ်ဘုရားအဆင့် ပညာရပ်ကို... ပိုင်ဆိုင်ထားတယ်... တဲ့"

"ဘာ... ဘာ...။ ပဉ္စမအဆင့်... လက်နက်ပညာရှင်"

လေကျန့်ဖုန်း၊ နန်းတွင်းအကြံပေးနှင့်... အခြား အဆင့်မြင့် အရာရှိကြီးများ၏... မျက်နှာ အရောင်များ... အကြီးအကျယ်... ပြောင်းလဲသွားကြပြီး.. ဝုန်းခနဲ...ထရပ်လိုက်ကြမိသည်။ သူတို့၏ အမူအရာများ... နက်ရှိုင်းစွာ... လှုပ်ခတ်သွားခဲ့၏။

အင်ပါယာ၏ အဆင့်မြင့် အရာရှိကြီးများ... ဖြစ်သည့်အလျောက်... ပဉ္စမအဆင့် လက်နက်ပညာရှင် တစ်ဦးသည်... မည်မျှ ကြောက်မက်ဖွယ် ကောင်းသည်ကို... သူတို့... အလွန် ကောင်းစွာ... သိရှိထားကြသည် မဟုတ်ပါလော။

စစ်သည်တော်က... ကြောက်ရွံ့သော လေသံဖြင့်... အဖြေပေးလိုက်သည်။

"ဟုတ်ပါတယ်...။ ဖုန်းဝူချန်က... ဝိညာဉ်လက်နက်တွေကို... သန့်စင်နိုင်ပါတယ်...။ ပြီးတော့... အတွေးတစ်ချက်နဲ့... သူက... အစွမ်းထက် ဝိညာဉ်လက်နက်တွေကို... အချိန်မရွေး... ဖန်တီးနိုင်ပါတယ်...။ သူ... ယွင်ကျိုးနယ်... ထျန်းတု လေလံပွဲရုံမှာ... 'အတွေးဖြင့် ပုံဖော်ခြင်း' ဆိုတဲ့... နတ်ဘုရားအဆင့် ပညာရပ်ကို... တစ်ကြိမ်... ပြသခဲ့ဖူးပါတယ် ခင်ဗျာ"

"အတွေးဖြင့်... ပုံဖော်ခြင်း"

နန်းတွင်းအကြံပေး... တစ်ကိုယ်လုံး... တုန်ယင်သွားပြီး... သူ၏ ဇရာထောင်းသော မျက်လုံးများတွင်... အ ကြောက်တရားများဖြင့်... ပြည့်နှက်သွားသည်။

"ဒါ... ဘယ်လိုလုပ်... ဖြစ်နိုင်မှာလဲ"

လေကျန့်ဖုန်း၏ မျက်နှာသည်... မှင်တက်... တွေဝေသွားသည့်... မျက်နှာဖုံးတစ်ခု... ဖြစ်နေခဲ့သည်။

ဤမျှ ပြင်းထန်သော... လူငယ် တစ်ယောက်က... လူ... ဖြစ်နိုင်ပါဦးမည်လော။

"ဖုန်းဝူချန်က... အများဆုံးရှိ... ဆယ့်ခုနစ်နှစ်လောက်ပဲ၊ သူက... စတုတ္ထအလွှာ ဆေးပညာရှင်... ဖြစ်ရုံ မကဘူး...။ ပဉ္စမအလွှာ လက်နက်ပညာရှင်လည်း... ဟုတ်သေးတယ်...။ ပြီးတော့... သူ့ရဲ့ ကိုယ်ပိုင် ကျင့်ကြံမှုအဆင့်ကလည်း... အရမ်း ကြောက်စရာကောင်းတာ. ..။အမေ့ဗိုက်ထဲကနေ... စပြီး... ကျင့်ကြံခဲ့ရင်တောင်... ဒီလို... အောင်မြင်မှုမျိုးတွေက... မဖြစ်နိုင်ဘူး... မဟုတ်လား...။ လောကကြီးမှာ... ဒီလောက် ကြောက်စရာကောင်းတဲ့... ပါရမီရှင်မျိုး... မရှိဘူးလေ"

အဆင့်မြင့် အရာရှိ တစ်ဦးက... သူ၏ ချောက်ခြားမှုကို... အသံထွက် ရေရွတ်လိုက်မိသည်။

စိတ်ကူးကြည့်ရန်ပင်... မဖြစ်နိုင်ဟု... တွေ့ရှိနေမိ၏။

တစ်ခုပြီးတစ်ခု...။ အလွန် လေးလံသော... သတင်းများသည်... ဧရာမ ဗုံးကြီးများအလား... ကျဆင်းလာပြီး... ခန်းမဆောင်ကြီးထဲမှ..

အဆင့်မြင့် အရာရှိကြီးများကို... အဆက်မပြတ်... ဗုံးကြဲ တိုက်ခိုက်နေခဲ့သည်။

"ဧကရာဇ်...။ နန်းတွင်းအကြံပေး...။ ကျွန်တော်မျိုးတို့... ဖုန်းဝူချန်ကို... ရန်မစသင့်ပါဘူး...။ လုံးဝ... လုံးဝ... ရန်မစသင့်ပါဘူး...။ ထျန်းဝူအင်ပါယာရဲ့... ဧကရာဇ်တောင်မှ... သူ့ပတ်ဝန်းကျင်မှာ... သတိကြီးစွာ... လျှောက်လှမ်း

နေရတာပါ"

စစ်သည်တော်က... ပို၍... ပို၍... ကြောက်ရွံ့စွာဖြင့်... ပြော ပြောလိုက်သည်။

"ဧကရာဇ်နဲ့ နန်းတွင်းအကြံပေးခင်ဗျာ..။ ထျန်းဝူအင်ပါယာရဲ့... အသန်မာဆုံး ဂိုဏ်းက... လွန်ခဲ့တဲ့ နှစ်လက... ပျက်စီးသွားခဲ့ပါပြီ...။ ထျန်းယွင်ဂိုဏ်းကို ချေမှုန်းခဲ့တဲ့... ခေါင်းဆောင်က... ဖုန်းဝူချန်က လွဲလို့... အခြားလူ... မဟုတ်ပါဘူး"

ဟု စစ်သည်တော်က... ဆက်လက် ပြောကြားလိုက်သည်။

"ဘာ... ဘာ...။ ထျန်းယွင်ဂိုဏ်း... ပျက်စီးသွားတယ်"

ပို၍... ကြီးမားသော မိုင်းတစ်လုံး... ပေါက်ကွဲလာခဲ့သည်။

ကြောက်ရွံ့မှုသည်... နောက်ဆုံးတွင်... လေကျန့်ဖုန်း၏ မျက်နှာပေါ်သို့... လမ်းကြောင်း ရှာဖွေ ရောက်ရှိလာခဲ့လေပြီ။

"အင်ပါယာရဲ့... အသန်မာဆုံး ဂိုဏ်းကို... ဖုန်းဝူချန်က... ချေမှုန်းပစ်လိုက်တယ် ဟုတ်လား"

နန်းတွင်းအကြံပေးမှာလည်း... မှင်တက်သွားခဲ့သည်။

"ဟုတ်ပါတယ်...။ ဖုန်းဝူချန်က... ယွင်ကျိုးနယ် တစ်ဝှမ်းလုံးက... အစွမ်းထက် အင်အားစုတွေကို... ဦးဆောင်ခဲ့ပါတယ်...။ ဒါ့အပြင်... အင်ပါယာရဲ့... ကောင်းကင်အရိပ် မြင်းသည်တော်တပ်ဖွဲ့နဲ့... အလံနက်တပ်မတော်... ပါဝင်ပါတယ်...။ ထျန်းယွင်ဂိုဏ်းဆီကိုပေါ့...။ သွမ့် ဧကရာဇ်ကလည်း... စစ်သည်... တစ်သိန်းပါတဲ့... စစ်တပ်ကြီးတစ်ခုကို... ကူညီဖို့... စေလွှတ်ခဲ့ပါတယ်...။ ထျန်းယွင်ဂိုဏ်းရဲ့... တပည့်... သောင်းနဲ့ချီပြီး... တစ်ယောက်ချင်းစီတိုင်း... ကြေကွဲဖွယ်ရာ... သေဆုံးခဲ့ကြရပြီး... တစ်ယောက်မှ... မလွတ်မြောက်ခဲ့ပါဘူး...။ ဂိုဏ်းချုပ်... ကူချင်းရွှမ်... အပြင်းအထန် ဒဏ်ရာရရှိခဲ့ပြီး... နောက်ဆုံးမှာတော့... ဖုန်းဝူချန်ရဲ့... လက်ချက်နဲ့... အသတ်ခံခဲ့ရပါတယ်"

"ဖုန်းဝူချန်က... လူသတ် နတ်ဆိုးတစ်ကောင်... သက်သက်ပါပဲ...။ ဒီလူရဲ့... သွေးတွေက... အေးစက်ပြီး... ရက်စက်တယ်...။ ကျွန်တော်မျိုးတို့... သူ့ကို... လုံးဝ... စော်ကားလို့... မဖြစ်ပါဘူး"

စစ်သည်တော်က... ထိတ်လန့်တကြား... ထပ်လောင်း၍ ပြောလိုက်သည်။ သူ၏ မျက်နှာသည်... စက္ကူကဲ့သို့... ဖြူဖျော့နေခဲ့လေပြီ။

"ဘာပြောတယ်...ကူချင်းရွှမ်က... ဖုန်းဝူချန်ရဲ့ လက်ချက်နဲ့... သေဆုံးသွားတာလား...။ အဲ့ဒီ... မိစ္ဆာအိုကြီးက... ထျန်းယွမ်ဘုံ အဆင့် ... အစွမ်းထက် ကျင့်ကြံသူ... တစ်ယောက်လေ"

အဆင့်မြင့် အရာရှိတစ်ဦးက... ကြောက်လန့်တကြား... အော်ဟစ်လိုက်ပြီး... သူ၏ ဝိညာဉ် လွင့်ထွက်သွားသည့်အလား... ထိုင်ခုံထက်သို့... ပြိုကျသွားတော့သည်။

"ထျန်းယွင်ဂိုဏ်း... ပျက်စီးသွားတယ်"

လေကျန့်ဖုန်းသည်... အချိန်အတော်ကြာသည်အထိ... သူ၏ အသိစိတ်များကို... ပြန်လည် မစုစည်းနိုင်ခဲ့...။

ထျန်းယွင်ဂိုဏ်းသည်... မည်မျှ... တန်ခိုးကြီးပါသနည်း။ လေကျန့်ဖုန်း... ဖုန်းဝူချန်... အင်ပါယာ၏ စစ်သည် တစ်သိန်းပါ စစ်တပ်ကြီးနှင့်အတူ... ၎င်းကို... ချေမှုန်းနိုင်ခဲ့သည်ကို... မယုံကြည်နိုင်... ဖြစ်နေခဲ့သည်။

ခန်းမဆောင်ကြီးတစ်ခုလုံး... အပ်ကျသံ မကြားရသော ... တိတ်ဆိတ်မှုဖြင့်... လွှမ်းခြုံသွားခဲ့သည်။ လေးလံပြီး... ထူးဆန်းစွာ...အဆင့်မြင့် အရာရှိ တစ်ဦးချင်းစီတိုင်း၏ မျက်နှာများတွင်... ထိတ်လန့်မှုများ... ထင်ဟပ်နေခဲ့သည်။

"ဖုန်းဝူချန်က... တကယ်ပဲ... အဲ့ဒီလောက်... ပြင်းထန်နေတာလား"

နန်းတွင်းအကြံပေးက... သူ၏ နဖူးမှ... ချွေးစေးများကို... သုတ်လိုက်ရင်း... သူ၏ အသက်ရှူသံများ... မြန်ဆန်လာခဲ့သည်။

"နန်းတွင်းအကြံပေး...။ ဒါတွေ အားလုံးက... အချက်အလက် အမှန်တွေပါ...။ ထျန်းဝူအင်ပါယာမှာ... လူတိုင်း... သိကြပါတယ်"

All Chapters