← Chapters

ရုတ်တရက် ဖြစ်ပွားသော အဖြစ်အပျက်

Vol. 12 Ch. 176

ရုတ်တရက် ဖြစ်ပွားသော အဖြစ်အပျက်

Vol. 12 Ch. 176

~စစ်သည်တော်က... ထပ်လောင်း၍ ဖြည့်စွက် လိုက်သည်။

"ပိုပြီး... ကြောက်စရာ ကောင်းတာက... ထျန်းဝူအင်ပါယာရဲ့... နန်းတွင်းအကြံပေးနဲ့... တော်ဝင် မင်းသားကပါ... ဖုန်းဝူချန်ကို... သူတို့ရဲ့... ဆရာသခင်အဖြစ်... သတ်မှတ်ထားကြတာပါ..။”

".."

ဖုန်းဝူချန်၏ လုပ်ဆောင်ချက်များသည်... လေကျန့်ဖုန်း ကဲ့သို့သော အဆင့်မြင့် အုပ်ချုပ်သူများကို... လုံးဝ... မှင်တက်သွားစေခဲ့လေပြီ။

ခန်းမဆောင်ကြီးတစ်ခုလုံး... တစပြင် တစ်ခုအလား... တိတ်ဆိတ် ငြိမ်သက်လျက်...။

သေလောက်အောင်... ငြိမ်သက်နေခဲ့သည်။

မျက်နှာတိုင်းတွင်... ထိတ်လန့်မှုနှင့် တုန်လှုပ်မှုတို့... ထင်ရှားစွာ... စွဲထင်နေခဲ့၏။

လူတိုင်း၏ စိတ်ထဲတွင်... သူတို့... အသည်းအသန်... ကြိုးစား စိတ်ကူးကြည့်နေကြသည်။ ဖုန်းဝူချန်... အဘယ်ကြောင့်... ဤမျှ... ကြောက်မက်ဖွယ် ကောင်းနေရပါသနည်း... ဟူ၍။

ဖုန်းဝူချန်၏ အောင်မြင်မှုများကို... ထားဘေး...။ သူ၏ ပဉ္စမအဆင့် လက်နက်ပညာရှင်... ဟူသော... အဆင့်အတန်း တစ်ခုတည်းကပင်... လေကျန့်ဖုန်းကို... စိုးရိမ်ကြောင့်ကြ ဖြစ်သွားစေရန်... လုံလောက်နေခဲ့လေပြီ။

ထို့အပြင်...ဖုန်းဝူချန်သည်... အတွေးတစ်ချက်ဖြင့်... လက်နက်များ ဖန်တီးနိုင်သော... ပဉ္စမအဆင့် လက်နက်ပညာရှင်... တစ်ဦးပင်။

ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြည့်ပါ...။ တိုက်ကြီးပေါ်တွင်... လက်နက်ပညာရှင်... မည်မျှ ရှိပါသနည်း။

အစွမ်းထက်သော လက်နက်ပညာရှင်... မည်မျှ ရှိပါသနည်း။ အတွေးတစ်ချက်ဖြင့်... လက်နက်များ ဖန်တီးနိုင်သူများကရော...။

လက်နက်ပညာရှင်များသည်... ဆေးပညာရှင်များထက်ပင်... ပို၍... ရှားပါးလှသည်။ ထူးချွန်သူများမှာ... ပို၍ပင်... နည်းပါးသေးသည်။

အတွေးတစ်ချက်ဖြင့်... ဖန်တီးနိုင်သူများမှာမူ... ဖြစ်နိုင်ခြေအားဖြင့်... လုံးဝ... မရှိသလောက်ပင်။

"အတွေးတစ်ချက်နဲ့... ဖန်တီးနိုင်တဲ့... ပဉ္စမအဆင့်... လက်နက်ပညာရှင်"

လေကျန့်ဖုန်းက... ထိတ်လန့်တကြား... ရေရွတ်လိုက်မိသည်။

*...သေစမ်း...။ ဒီလိုလူမျိုး... တကယ်... ရှိနေတာလား...။*

အကယ်၍... ဖုန်းဝူချန်သာ... ယန်ဟော်အင်ပါယာအတွက်... ဝိညာဉ်လက်နက် အမြောက်အမြား... ဖန်တီးပေးခဲ့မည် ဆိုပါလျှင်... ထိုအချက်က... မည်သို့... သက်ရောက်မှု ရှိမည်နည်း။

ဆိုလိုသည်မှာ... ယန်ဟော်အင်ပါယာ၏ အစွမ်းသည်... သိသိသာသာ... တိုးမြင့်လာမည်ဖြစ်ပြီး... သွမ့်ထျန်းဟွမ်သည်... ရှုံးနိမ့်ခြင်း မရှိသော... ဧရာမ စစ်တပ်ကြီးတစ်ခုကို... ဖန်တီးနိုင်ကာ... အခြား အင်ပါယာကြီး သုံးခုကို... အချိန်မရွေး... မျိုချရန်... အသင့် ဖြစ်နေပေလိမ့်မည်။

ထို့ပြင်... ဤမျှ ကြောက်မက်ဖွယ်ကောင်းသော ပါရမီရှင်ကို... မည်သူက... ပျိုးထောင်ပေးခဲ့ပါသနည်း။ ဖုန်းဝူချန်၏ နောက်တွင်... မည်သို့သော... အစွမ်းထက် နောက်ခံ... ရှိနေပါသနည်း။

ဖုန်းဝူချန်... ယန်ဟော်အင်ပါယာတွင်... ဤမျှ... ထင်ရာစိုင်းစွာ... ပြုမူရဲသည်...။ သူ့တွင်... ကျောထောက်နောက်ခံ... မရှိဟု... မည်သူက... ပြောရဲမည်နည်း။

လေကျန့်ဖုန်း... တွေးလေလေ... ပို၍... ကြောက်ရွံ့လာလေလေ... ဖြစ်သည်။ နောက်ထပ်... ဆက်လက်... စိတ်ကူးကြည့်ရန်ပင်... မဝံ့ရဲတော့...။

ဤကဲ့သို့... ကြောက်မက်ဖွယ်ကောင်းသော လူငယ်မျိုးကို... တစ်ခုခုတော့ လုပ်ရပေမည်။ ကောင်းစွာ... အဆက်အသွယ် ဖြတ်ထားလိုက်ပါ...။ သို့မဟုတ်... အကယ်၍... ရန်စမိခဲ့လျှင်... ထိုခြိမ်းခြောက်မှုကို... ဖယ်ရှားရန်... သတ်ပစ်လိုက်ပါ...။

သို့မဟုတ်ပါက... ထို ပါရမီရှင် လူငယ်လေး... ကြီးပြင်းလာသည်နှင့်... မည်သူမျှ... သူ၏ လက်စားချေခြင်းကို... ခံနိုင်ရည်... ရှိမည် မဟုတ်ပေ။

အချိန် မည်မျှ ကြာသွားသည် မသိ...။ လေကျန့်ဖုန်း... နောက်ဆုံးတွင်မှ... အားနည်းစွာ... ပြောလိုက်လေသည်။

"အမိန့်... ထုတ်ပြန်လိုက်...။ ငါတို့... တောင်ပေါ်မှာ ထိုင်ပြီး... ကျားနှစ်ကောင်... ချတာကို... ကြည့်ကြတာပေါ့"

လေကျန့်ဖုန်း... စိုးရိမ်ကြောင့်ကြ ဖြစ်နေသော်ငြားလည်း... သူ၏ စကားများသည်... လက်လျှော့ရန်... အဆင်သင့် မဖြစ်သေး

ကြောင်းကိုလည်း... ညွှန်ပြနေခဲ့သည်။

တောင်ပေါ်မှာ ထိုင်ပြီး ကျားချတာ ကြည့်ခြင်း... ဆိုသည်မှာ အဘယ်နည်း။

ရိုးရိုးရှင်းရှင်း ဆိုရလျှင်... နှစ်ဖက်စလုံး... အားအင် ကုန်ခမ်းသွားသည်အထိ... စောင့်ဆိုင်းပြီးမှ... ဝင်ရောက်၍... အကျိုးအမြတ်များကို... ရိတ်သိမ်းရန်ပင်။

ဧကရာဇ်တစ်ပါး၏... ရည်မှန်းချက်အား သာမန်လူများ... မည်သို့... နားလည်နိုင်မည်နည်း။

… …

ယန်ဟော်အင်ပါယာ၏... ထျန်းကျိုးနယ် အတွင်း၌...။

ဤ လွန်ခဲ့သော ရက်အနည်းငယ်အတွင်း... မရင်းနှီးသော မျက်နှာများစွာ... ထျန်းကျိုးနယ် အတွင်းတွင်... ပေါ်ပေါက်လာခဲ့သည်။

သူတို့ တစ်ဦးချင်းစီတိုင်းတွင်... အလွန် မြင့်မားသော... ကျင့်ကြံမှုအဆင့်များ... ရှိနေကြ၏။

ဤ မရင်းနှီးသော ကျင့်ကြံသူများ အားလုံးသည်... အင်ပါယာကြီး အသီးသီးမှ... အစွမ်းထက် အင်အားစုများထံမှ... လာကြခြင်း ဖြစ်ပြီး... ပန်းတိုင်... တစ်ခုတည်းသာ... စိတ်ထဲတွင်... ရှိကြသည်...။ 'ကိုးထပ် ချန်ခွန်း မျှော်စင်' ကို... လုယူရန်ပင်။

—--------

ထိုအချိန်မှာ ပြိုင်ဘက်ကင်းမြို့သို့ ပြန်ရောက်နေကြသော... ဖုန်းမိသားစုဝင်များသည်... ကောင်းကင်နှင့် မြေကြီး ရတနာများနှင့် ဆေးလုံးများကို အသုံးပြု၍... တံခါးပိတ် ကျင့်ကြံခြင်းကို... စတင်နေကြလေပြီ။

ဖုန်းဝူချန်သည်လည်း... ဖုန်းမိသားစုဝင်များ၏ ကျင့်ကြံမှု အရှိန်အဟုန်ကို... တိုးတက်စေရန်... ကူညီပေးသည့်အနေဖြင့်... ဖုန်းမိသားစု၏ စံအိမ်တော်တွင်... ဝိညာဉ် စုစည်းခြင်း အခင်းအကျင်းတစ်ခုကို... စီရင်ပေးခဲ့သည်။

အင်ပါယာကြီး အသီးသီးနှင့်... သူတို့၏ အင်အားစုများမှ... အစွမ်းထက် ကျွမ်းကျင်သူများ... ပိုက်ထွေးထားသော... ယုတ်မာသည့် အကြံအစည်များကို... ဖုန်းဝူချန်နှင့် အခြားသူများ... လုံးဝ... သတိမထားမိခဲ့ကြပေ။

ဤအခိုက်အတန့်လေးမှာပင်... ဖုန်းဝူချန်နှင့် လင်ရှောင်ရှောင်တို့သည်... 'ကိုးထပ် ချန်ခွန်း မျှော်စင်' ၏ သတ္တမအလွှာတွင်... ကျင့်ကြံလျက် ရှိကြ၏။

မျှော်စင်ထဲတွင်... ရတနာများ... ပေါများစွာ... ရှိနေသည်...။ အခု... မကျင့်ကြံလျှင်... ဘယ်တော့... ကျင့်ကြံကြမည်နည်း။

ကောင်းကင် ဗိမာန်တွင်... ချီဟွမ်နှင့် အခြားသူများ... သေဒဏ်ကျ အကျဉ်းသားများကို... လေ့ကျင့်ပေးနေသည် ဖြစ်သောကြောင့်... ဖုန်းဝူချန်သည်... စိတ်အေးချမ်းသာစွာ... ကျင့်ကြံနိုင်ခဲ့သည်။ သူသည်လည်း... ယွမ်တန်ဘုံ ဆဌမအလွှာသို့... အမြန်ဆုံး... ဝင်ရောက်လိုခဲ့သည်။

သူ၏ ကျင့်ကြံမှု... ပို၍ အစွမ်းထက်လေ... သူ၏ အသက်ရှင် ရပ်တည်နိုင်ခွင့်... အခွင့်အလမ်း... ပို၍ ကြီးမားလေ... ဖြစ်သည်။

ထို့အပြင်... ထွက်ပြေးလွတ်မြောက်သွားသော... ဟွမ်ဖူမိသားစုမှ ကျွမ်းကျင်သူများ... မည်သည့်အချိန်တွင်... လက်စားချေရန်... ပြန်လာမည်ကို... မည်သူမျှ... မသိနိုင်ပါ...။

သဘာဝကျစွာပင်... ဖုန်းဝူချန်သည်... အပြည့်အဝ... ပြင်ဆင်ထားရပေမည်။

ရက်များ... တရွေ့ရွေ့ ကုန်လွန်သွားခဲ့၏။ ဖုန်းမိသားစုရော... ကောင်းကင် ဗိမာန်ပါ... ပို၍... သန်မာလာခဲ့ကြပြီး... သူတို့၏ အစွမ်းများတွင်... သိသာသော တိုးတက်မှုများ... ရှိလာခဲ့သည်။

တစ်လ ကြာပြီးနောက်... ဖုန်းကျိန့်ရှုံးသည်... ယွမ်တန်ဘုံ စတုတ္ထအလွှာသို့... ချောမွေ့စွာ... တိုးတက်သွားခဲ့ပြီး... ရှောင်ချင်းချင်းသည်လည်း... ယွမ်တန်ဘုံ ပထမအလွှာသို့... အောင်မြင်စွာ... ကျော်ဖြတ်သွားခဲ့သည်။ ဖုန်းမိသားစု၏... အလုံးစုံသော ခွန်အားသည်... အကြီးအကျယ်... မြင့်တက်လာခဲ့၏။

လျိုချင်းယန်နှင့် မြောင်ချင်းချင်းတို့သည်... နတ်ဘုရား စုံတွဲတစ်တွဲ၏... အမွေအနှစ်ကို... ရရှိထားခဲ့ရာ... ကောင်းကင်နှင့် မြေကြီး ရတနာများနှင့် ဆေးလုံးများ၏ အကူအညီဖြင့်... သူတို့၏ ကျင့်ကြံမှုအဆင့်သည်... တစ်လ အတွင်းမှာပင်... တဟုန်ထိုး... မြင့်တက်သွားခဲ့သည်။

ကောင်းကင် ဗိမာန်၏ အစွမ်းသည်လည်း... အတော်အတန်... တိုးတက်လာခဲ့သည်။ ချီဟွမ်၏ လူ ရှစ်ယောက်... ထို့အတူ... ဖုန်းကျန့်နှင့် ဖုန်းယွမ်တို့၏... ကျင့်ကြံမှုအဆင့်များတွင်... သိသာသော တိုးတက်မှုများ... ကြုံတွေ့ခဲ့ရသည်။

ဖုန်းကျန့်နှင့် ဖုန်းယွမ်တို့၏ တိုးတက်မှုသည်... အသိသာဆုံးပင်...။ သူတို့သည်... ယွမ်တန်ဘုံသို့... တိုးတက်တော့မည်... ဆဲဆဲ...။

သို့သော်... သူတို့၏ လက်ရှိ... အံ့အားသင့်ဖွယ် တိုးတက်မှု၏... အကြောင်းရင်းမှာ... ဖုန်းဝူချန်... ကြောင့်သာ... ဖြစ်ပေသည်။

သတ္တမအလွှာ၏ နေရာလပ်တွင်... တစ်လ...။ ၎င်း၏ နှစ်ဆ အချိန် အာနိသင်ဖြင့်... ဖုန်းဝူချန်နှင့် လင်ရှောင်ရှောင်တို့သည်... ယွမ်တန်ဘုံ ဆဌမအလွှာသို့... တိုးတက်သွားခဲ့ကြလေပြီ။

သူ၏ ဘုံအဆင့်ကို... ခိုင်မာအောင် ပြုလုပ်ပြီးနောက်... ဖုန်းဝူချန်သည်... 'ဝိညာဉ် ဖျက်ဆီးခြင်း ဓားသိုင်း' ' ကို... စတင်... ကျင့်ကြံတော့သည်။ ၎င်း၏ အနှစ်သာရကို... မကြာမီ... နားလည် သဘောပေါက်နိုင်ရန်... မျှော်လင့်လျက်...။

ဖုန်းမိသားစု ခန်းမဆောင်ထဲတွင်... စိတ်ဓာတ် တက်ကြွနေသော ဖုန်းကျိန့်ရှုံးသည်... သူ၏ တိုးတက်မှု အပြီးတွင်... စိတ်အား ထက်သန်စွာ... ခံစားနေရပြီး... ရယ်မောလိုက်သည်။

"မိသားစု ခေါင်းဆောင်... ယွမ်တန်ဘုံ စတုတ္ထအလွှာကို... တိုးတက်သွားတဲ့အတွက်... ဂုဏ်ယူပါတယ်...။ မိသားစု ခေါင်းဆောင်ရဲ့... လက်ရှိ တိုက်ခိုက်ရေး စွမ်းရည်နဲ့ဆို... ယွမ်တန်ဘုံ ပဉ္စမအလွှာနဲ့... ယှဉ်ပြိုင်နိုင်လောက်ပါတယ်"

ဖုန်းချန်ယန်က... သူ၏ မုတ်ဆိတ်မွှေးကို ပွတ်သပ်ရင်း... အပြုံးဖြင့် ပြောလိုက်သည်။

ဖုန်းကျိန့်ရှုံးက ခေါင်းညိတ်လိုက်ပြီး... ပျော်ရွှင်စွာ ရယ်မောရင်း... တုံ့ပြန်လိုက်သည်။

"ချန်အာ...ကျွန်တော့်ကို ပေးထားတဲ့... သိုင်းပညာတွေနဲ့... ဝိညာဉ်လက်နက်တွေနဲ့ဆို..ယွမ်တန်ဘုံ ပဉ္စမအလွှာက လူတစ်ယောက်နဲ့... တကယ်ပဲ... ယှဉ်ပြိုင်နိုင်တယ်၊ ဟဲဟဲ"

ဖုန်းကျိန့်ရှုံး... ချဲ့ကား ပြောဆိုနေခြင်း... မဟုတ်...။ သူ... အမှန်တကယ်ပင်... ထိုအဆင့်အတန်း၏... အစွမ်းကို... ပိုင်ဆိုင်ထားခဲ့ ပေသည်။

ရယ်မောရင်း... ဆက်လက်၍... ဖုန်းကျိန့်ရှုံးက ဆိုသည်။

"ချန်အာသာ... မရှိခဲ့ရင်... ငါတို့ ဖုန်းမိသားစု... ဒီနေ့... ဒီလောက်... ဂုဏ်ရောင် ပြောင်မြောက်နိုင်ပါ့မလား နော်...။ ပြီးတော့... ချန်အာရဲ့ အစွမ်းက... တဖြည်းဖြည်း... ပိုသန်မာလာနေတယ်"

ဖုန်းချန်ယန်က ခေါင်းညိတ်လိုက်ပြီး... သက်ပြင်းချလိုက်၏။

"အင်း...။ တကယ်... နှမြောစရာ ကောင်းတာက... ဒုတိယ အကြီးအကဲနဲ့... တတိယ အကြီးအကဲတို့... ဒါကို... မမြင်နိုင်ကြတော့တာပဲ"

ထိုအခိုက်အတန့်တွင်၊

"မိသားစု ခေါင်းဆောင်၊..မိသားစု ခေါင်းဆောင်...။ လင် မိသားစုမှာ... အဖြစ်အပျက်... တစ်ခု... ရှိနေပါတယ်"

... အစောင့်တစ်ဦး... အလျင်အမြန်... ပြေးဝင်လာပြီး... သတင်းပို့လိုက်သည်။

"ဘာဖြစ်တာလဲ"

ဖုန်းကျိန့်ရှုံးက မျက်မှောင်ကြုတ်ရင်း မေးလိုက်သည်။

အစောင့်က ခေါင်းခါလိုက်သည်။

"မသိပါဘူး...။ လင်းမိသားစု ခေါင်းဆောင်က... လက်ရှိမှာ... လူနှစ်ယောက်နဲ့... အပြန်အလှန်... တိုက်ခိုက်နေပါတယ်...။ ပြီးတော့... သူတို့... အရမ်း... အစွမ်းထက်ပါတယ်"

"သွားကြည့်ကြရအောင်"

ဖုန်းကျိန့်ရှုံး၏ မျက်နှာအမူအရာ... မည်းမှောင်သွားပြီး... သူ... အလျင်အမြန်... ထွက်ခွာသွားခဲ့သည်။

"နေဦး၊"

ဖုန်းချန်ယန်က... အစောင့်ကို... စူးစူးစူးရဲရဲ ကြည့်လိုက်သည်။ သူ၏ မျက်ခုံးများ... ရုတ်တရက်... တွန့်ချိုးသွား၏။ သူ... ကြားဝင် တားဆီးရန်... ပြင်လိုက်စဉ်မှာပင်... ဖုန်းကျိန့်ရှုံးသည်... ဖုန်းအိမ်တော်မှ... ပြေးထွက်သွားခဲ့လေပြီ။

"မင်း... ဖုန်းမိသားစုရဲ့... အစောင့်... မဟုတ်ဘူး...။ မင်း... တမင်တကာ... မင်းရဲ့ အရှိန်အဝါကို... ဖုံးကွယ်ထားတယ်...။ မင်း... ဘယ်သူလဲ"

ဖုန်းချန်ယန်က... ရုတ်တရက်... ဟိန်းဟောက်လိုက်သည်။ ခန့်ညားထည်ဝါသော အရှိန်အဝါတစ်ခု... ပေါက်ကွဲ ထွက်ပေါ်လာ၏။

"ဟွန့်...။ အဘိုးကြီး...။ အမြင်... ကောင်းသားပဲ"

အစောင့်က... အေးစက်စက် နှာခေါင်းရှုံ့လိုက်သည်။ ထို့နောက်... ဖုန်းမိသားစု ခန်းမဆောင်ထဲမှ... အလျင်အမြန်... ပြေးထွက်သွားတော့၏။

"သူ့ကို... တားကြစမ်း"

ဖုန်းချန်ယန်က... အော်ဟစ်လိုက်ပြီး...အစစ်အမှန်ယွမ်များ စုစည်းကာ နောက်မှ... သည်းကြီးမည်းကြီး လိုက်သွားခဲ့သည်။

"သေလမ်းရှာနေတာပဲ"

အစောင့်က... အေးစက်စွာ... နှာမှုတ်လိုက်ပြီး... ရှေ့တည့်တည့်... ချိုးဖောက် ထွက်သွားရာ... ကြားဖြတ် တားဆီးသော... အစောင့်များ... လွင့်စဉ်သွားကြသည်။

"ဟွန့်...။ မင်း... မလွတ်ပါဘူး"

ဖုန်းချန်ယန်က... အံ့အားသင့်ဖွယ်... အရှိန်အဟုန်ဖြင့်… လိုက်လံဖမ်းနေရင်း ဒေါသတကြီး... အော်ဟစ်လိုက်သည်။

ဖုန်းချန်ယန်၏ ကျင့်ကြံမှုအဆင့်သည်... အားနည်းသည်တော့... မဟုတ်...။ သူသည်... ယွမ်တန်ဘုံ တတိယအလွှာသို့... ရောက်ရှိနေခဲ့ပြီး ဖြစ်ရာ... သူ၏ အစွမ်းသည်... အကြွင်းမဲ့... ကြောက်မက်ဖွယ် ကောင်းလှသည်။

ဖုန်းချန်ယန်သည်... ဖုန်းအိမ်တော်မှ... လိုက်လံ ထွက်ခွာသွားပြီး... လျင်မြန်သော လှုပ်ရှားမှု အနည်းငယ် အပြီးတွင်...ထိုအစောင့်ကို... ကြားဖြတ် တားဆီးနိုင်ခဲ့၏။

"အဘိုးကြီး...။ ဘာလို့... ကျုပ်နောက်ကို... လိုက်နေရတာလဲ...။ လင်းမိသားစု ခေါင်းဆောင်က... တကယ်ပဲ... ဒုက္ခ... ရောက်နေခဲ့တာ...။ ကျုပ် လိမ်နေတာ... မဟုတ်ဘူး...။ ခင်ဗျားတို့ကို... စေတနာကောင်းနဲ့... အသိပေးဖို့... လာခဲ့တာ... သက်သက်ပဲ"

ဟူ၍ အစောင့်က... နှုတ်ခမ်းတွန့်ရုံ... အေးစက်စက် ပြုံးရင်း... ပြောလိုက်သည်။

ဖုန်းချန်ယန်၏... သာလွန်သော အစွမ်း ရှိနေသော်ငြားလည်း... သူက ထိတ်လန့်မှု... တစ်စက်မျှ... မပြချေ...။

ခဏမျှ ရပ်တန့်လိုက်ပြီးနောက်... အစောင့်က... ဆက်လက် ပြောလိုက်သည်။

"အဘိုးကြီး...။ ဖုန်းကျိန့်ရှုံးရဲ့ ကျင့်ကြံဆင့်နဲ့ဆို.. ဘေးမသီ ရန်မခဘဲ... ပြန်လာနိုင်မှာ... မဟုတ်ဘူး...။ ခင်ဗျား... မစိုးရိမ်ဘူးလား"

ဤစကားကို ကြားသောအခါ... ဖုန်းချန်ယန်၏ မျက်နှာအမူအရာ... အနည်းငယ်.. အုံ့မှိုင်းသွား၏။ သူ... ထိုအစောင့်... အမှန် ပြောနေသလား... လိမ်နေသလား... မသိရှိသော်လည်း... ထိုသူ၏ စကားများကို... ယုံကြည်ခြင်းက... ပိုကောင်းသည်ဟု... ဆုံးဖြတ်လိုက်သည်။

ဖုန်းချန်ယန်... စိုးရိမ် ပူပန်နေစဉ်မှာပင်... အစောင့်သည်... သူ၏ လိုက်ဖမ်းမှုကို... လှုပ်ခါ ဖယ်ရှားပြီး... ထွက်ပြေးသွားခဲ့လေပြီ။

ဖုန်းချန်ယန်သည်... ချက်ချင်းပင်... ပြန်လှည့်လိုက်ပြီး... လင်းမိသားစုထံသို့... အလျင်အမြန်... ဦးတည်

သွားခဲ့တော့သည်။

"ယွမ်တန်ဘုံ... ပဉ္စမအလွှာ"

ဖုန်းချန်ယန်၏ မျက်နှာအမူအရာသည်... အလွန်အမင်း... လေးနက်သွားတော့သည်။

သူ... ယွမ်တန်ဘုံ ပဉ္စမအလွှာမှ လူတစ်ယောက်၏... တည်ရှိမှုကို... အာရုံခံမိလိုက်သည်။ လင်း မိသားစုတွင်... မဟုတ်...။ မြို့၏ အစွန်အဖျားဆီသို့... အလျင်အမြန်... ရွေ့လျားသွားနေသည်ပင်...။

"ဘယ်သူ... ဖြစ်နိုင်မလဲ...။ လင်းမိသားစု ခေါင်းဆောင်က... ဘယ်သူ့ကိုမှ... အလွယ်တကူ... ရန်မစတတ်ဘူးလေ"

ဖုန်းချန်ယန်က မျက်မှောင်ကြုတ်ရင်း... တိုးတိုး ရေရွတ်လိုက်မိသည်။

—------

တစ်ချိန်တည်းမှာပင်... ဖုန်းမိသားစု စံအိမ်တော်သို့... ပြန်ကြည့်ရလျှင်၊

...

ဖုန်းဝူချန်နှင့် လင်ရှောင်ရှောင်တို့သည်... 'ကိုးထပ် ချန်ခွန်း မျှော်စင်' ထဲမှ... ထွက်ပေါ်လာခဲ့ကြလေပြီ။ ယွမ်တန်ဘုံ ဆဌမအလွှာသို့... ရောက်ရှိသွားခဲ့ကြပြီး... သူတို့၏ မျက်နှာများတွင်... ပျော်ရွှင်သော အပြုံးများ... ဝေဆာနေခဲ့သည်။

သို့သော်... ဖုန်းဝူချန်နှင့် လင်ရှောင်ရှောင်တို့... ခန်းမဆောင်သို့ ရောက်ရှိလာပြီး... မြေပြင်ပေါ်မှ... အလူးအလဲ ဒဏ်ရာများနှင့် အစောင့်ကို... မြင်တွေ့လိုက်ရသောအခါ... သူတို့၏ မျက်နှာများ... ချက်ချင်း... ပြောင်းလဲသွားတော့သည်။

"ဘာ... ဘာဖြစ်တာလဲ"

ဖုန်းဝူချန်က မျက်မှောင်ကြုတ်ရင်း မေးလိုက်ပြီး... အစောင့်အား... ဆေးလုံးတစ်လုံးကို အမြန်ထုတ်၍ တိုက်ကျွေးလိုက်သည်။

"တတိယ သခင်လေး...။ လင်း မိသားစုကို... မြန်မြန်... သွားပါ...။ တစ်စုံတစ်ယောက်က... ဖုန်းမိသားစု အစောင့်အဖြစ်... ဟန်ဆောင်ပြီး... မိသားစု ခေါင်းဆောင်ကို... ထွက်သွားအောင်... လှည့်စားသွားပါတယ်...။ ပထမ အကြီးအကဲက... အစောင့် အတု နောက်ကို... လိုက်သွားခဲ့ပါပြီ"

အစောင့်တစ်ဦးက... အရေးတကြီး... ပြောကြားလိုက်သည်။

"ရှောင်ရှောင်...။ ဒီမှာ... နေခဲ့...။ ဒါ... ကျားကို... တောင်ပေါ်ကနေ... ဆွဲထုတ်တဲ့... ပရိယာယ်... ဖြစ်မှာ... စိုးရိမ်တယ်"

(ဘာသာပြန်သူ မှတ်ချက်: 'ကျားကို တောင်ပေါ်က ဆွဲထုတ်ခြင်း' (调虎离山 - diào hǔ lí shān) သည် အဓိက ရန်သူကို သူ၏ ခံစစ်နေရာမှ ထွက်လာအောင် လှည့်စား ဆွဲဆောင်သည့် တရုတ် ပရိယာယ် ဖြစ်ပါသည်။)

ဖုန်းဝူချန်က လေးနက်စွာ တိုက်တွန်းလိုက်ပြီး...လျှပ်တပြက် နေရာ‌ ရွှေ့ပြောင်းခြင်းဖြင့်... ချက်ချင်း... ပျောက်ကွယ်သွားခဲ့သည်။

"သတိထားသွားနော်... အစ်ကိုကြီးဖုန်း"

လင်ရှောင်ရှောင်က... အကြံပေးလိုက်သည်။

ဖုန်းဝူချန်သည်... ဖုန်းအိမ်တော်မှ... လျှပ်တပြက်... ထွက်ပေါ်လာပြီး... လင်း မိသားစုထံသို့... အပြေးအလွှား... သွားခဲ့သည်။

သို့သော်... လမ်းတစ်လျှောက်တွင်... ဖုန်းဝူချန်... သတိပြုမိလိုက်သည်မှာ... ပြိုင်ဘက်ကင်းမြို့တွင်... အစွမ်းထက်သော ကျင့်ကြံမှုအဆင့်များဖြင့်... မရင်းနှီးသော မျက်နှာများစွာ... ရှိနေခဲ့သည်...။ သေချာပေါက်... ပြိုင်ဘက်ကင်းမြို့မှ... မဟုတ်...။

*...ဘာလဲ...။ လူစိမ်းတွေ... အများကြီးပဲ...။ ဘာကိစ္စလဲ...။*

သို့သော်... ထိုအခိုက်အတန့်တွင်... ဖုန်းဝူချန်၌... ဤအကြောင်းကို... စဉ်းစားရန်... အချိန်မရှိခဲ့...။ အကြောင်းမူကား... သူ၏ ရင်ထဲတွင်... မသက်မသာ ဖြစ်မှု... တစ်ခု... တိုး၍... တိုး၍... ခံစားနေရပြီး... ဖုန်းကျိန့်ရှုံး၏... တည်ရှိမှုကို... လုံးဝ... အာရုံမခံမိတော့သောကြောင့်ပင်။

တစ်မိနစ် မပြည့်မီမှာပင်... ဖုန်းဝူချန်သည်... လင်း မိသားစု စံအိမ်တော်ထဲသို့... လျှပ်တပြက်... ရောက်ရှိသွားခဲ့လေပြီ။

လင်းမိသားစု၏... အတွင်းရင်ပြင်တွင်... အစောင့်များစွာ... မြေပြင်ပေါ်တွင်... အပြင်းအထန် ဒဏ်ရာရလျက်... လဲလျောင်းနေကြသည်။

မိသားစု ခေါင်းဆောင်... အပါအဝင်...လင်း မိသားစု၏... အဆင့်မြင့် အဖွဲ့ဝင်များ... အားလုံး... ဆိုးရွားစွာ... ဒဏ်ရာရနေကြ၏။...

"လင် မိသားစု ခေါင်းဆောင်...။ ဘာ... ဘာဖြစ်တာလဲ...။ ကျွန်တော့်... အဖေ... ဘယ်မှာလဲ"

ဖုန်းဝူချန်က... အရေးတကြီး... မေးလိုက်ရင်း... လင် မိသားစု ခေါင်းဆောင်အား... ဆေးလုံးတစ်လုံး... တိုက်ကျွေးလိုက်သည်။

"ယွမ်တန်ဘုံ... ပဉ္စမအလွှာက... လူ... အများအပြား... ရုတ်တရက်... ကျူးကျော် ဝင်ရောက်လာတယ်...။ သူတို့... ဘယ်သူတွေလဲ... ငါ... လုံးဝ... မသိဘူး...။ သူတို့... ဝင်လာတာနဲ့... တိုက်ခိုက်တော့တာပဲ...။ မင်းအဖေ... လင်း မိသားစုကို... မလာခဲ့ဘူး...။ သူ... မြို့အပြင်ဘက်က... သူတို့ကို... လိုက်သွားလောက်တယ်...။ သူတို့... မြို့ပြင်ကို... ထွက်သွားကြပြီ"

လင် မိသားစု ခေါင်းဆောင်က... အားနည်းစွာ... တုံ့ပြန်လိုက်သည်။

"မကောင်းတော့ဘူး...။ ဒါ... ထောင်ချောက်ပဲ"

ဖုန်းဝူချန်၏ မျက်နှာ... ဖြူဖျော့သွားပြီး... သူ... လျှပ်တပြက် နေရာ ရွှေ့ပြောင်းခြင်း ပညာရပ်ကို... အလျင်အမြန်... အသုံးပြု၍... ထွက်ခွာသွားခဲ့သည်။

သူ၏ နှလုံးသားထဲမှ... မသက်မသာ ဖြစ်မှုသည်... ပို၍... ပြင်းထန်လာခဲ့ပြီး... ဖုန်းဝူချန်သည်... ဖုန်းကျိန့်ရှုံး၏ ဘေးကင်းလုံခြုံမှုအတွက်... အလွန်အမင်း... စိုးရိမ် ပူပန်နေခဲ့သည်။

ဖုန်းဝူချန်၏ အရှိန်အဟုန်သည်... ကြောက်မက်ဖွယ်... လျင်မြန်လှသည်။ ခဏလေး အတွင်းမှာပင်... သူ... မြို့အပြင်ဘက်မှ... သစ်တောအုပ်ထဲသို့... ရောက်ရှိသွားခဲ့သည်။

"ပထမ အကြီးအကဲ"

သစ်တောအုပ်ထဲသို့... ရောက်ရှိသည်နှင့်... ဖုန်းဝူချန်သည်... ဖုန်းချန်ယန်ကို... တွေ့ရှိလိုက်ရသည်။

သို့သော်... ဖုန်းချန်ယန်သည်... ယခုအခါ... ဆိုးရွားစွာ... ဒဏ်ရာရနေခဲ့ပြီး... သွေးများဖြင့်... ရွှဲနစ် ကာ ရှိနေခဲ့သည်။

ဖုန်းချန်ယန်မှလွဲ၍... ပတ်ဝန်းကျင်တွင်... အခြား မည်သူမျှ... မရှိ...။ ဖုန်းကျိန့်ရှုံး၏... အရိပ်အယောင်... တစ်စုံတစ်ရာမျှပင်... မရှိ နေပေ...။ ဤအချက်က... ဖုန်းဝူချန်၏ စိုးရိမ်ပူပန်မှုများကို... ပို၍... နက်ရှိုင်းသွားစေခဲ့သည်။

"ပထမ အကြီးအကဲ...။ ခင်ဗျား... ဘယ်လို... နေသေးလဲ"

ဖုန်းဝူချန်က စိုးရိမ်တကြီး မေးလိုက်ရင်း... ဖုန်းချန်ယန်အား... 'ခရမ်းရောင် နှလုံးသား ရွှမ်းဟွမ် ဆေးလုံး' တစ်လုံးကို... မျိုချစေလိုက်သည်။

ဖုန်းချန်ယန်သည်... ခဏလေးမျှသာ... လိုက်လံခဲ့ရပြီး... သို့သော်... အသက်အန္တရာယ် စိုးရိမ်ရလောက်အောင်... ဒဏ်ရာရရှိသွားခဲ့သည်။

ရန်သူသည်... ခြေရာကောက်၍ မရနိုင်လောက်အောင်... ကြာမြင့်စွာကတည်းက... ထွက်ခွာသွားခဲ့လေပြီ။

"ပထမ အကြီးအကဲ...။ ဘယ်သူ... ခင်ဗျားကို... ဒဏ်ရာရအောင်... လုပ်သွားတာလဲဗျာ...။ ပြီးတော့... ကျွန်တော့်... အဖေ... ဘယ်မှာလဲ"

ဖုန်းဝူချန်က အရေးတကြီး မေးလိုက်သည်။

ဖုန်းချန်ယန်၏ ဒဏ်ရာများသည်... အလွန်... ပြင်းထန်လှသည်ဖြစ်ရာ... ဆေးလုံး သောက်သုံးပြီးသည့်တိုင်... လောလောဆယ်... စကား မပြောနိုင်သေးပေ...။

ကူကယ်ရာမဲ့ပြီး... စိုးရိမ် ပူပန်စွာဖြင့်... ဖုန်းဝူချန်သည်... ဖုန်းချန်ယန်ကို... သစ်ပင်တစ်ပင်ကို... မှီထားစေပြီးနောက်... တိုက်ခိုက်သူများကို... ခြေရာခံရန်... ပြေးထွက်သွားခဲ့တော့သည်။

မကြာမီပင်... ဖုန်းမိသားစုနှင့် လင်း မိသားစုတို့မှ... အစောင့်များသည်... အလုံးအရင်းဖြင့်... ရောက်ရှိလာကြသည်။ ဖုန်းချန်ယန်... ဤမျှ ဆိုးရွားစွာ ဒဏ်ရာရနေသည်ကို၎င်း... ဖုန်းကျိန့်ရှုံးနှင့် ဖုန်းဝူချန် နှစ်ဦးလုံး... ပျောက်ဆုံးနေသည်ကို၎င်း... မြင်တွေ့လိုက်ရသောအခါ... သူတို့... ထိတ်လန့်သွားကြသည်။

ရှောင်ချင်းချင်းသည်... အစောင့်များကို... အဖွဲ့ခွဲ၍... ရှာရန်... အလျင်အမြန်... ညွှန်ကြားလိုက်သည်။

ဖုန်းဝူချန်သည်... သူ၏ ဓားဖြင့် ပျံသန်းလိုက်ပြီး... သူ၏ ကိုယ်ဖော့သိုင်းပညာများကို... အကြိမ်ကြိမ်... အသုံးပြုခဲ့သည်။

သို့သော်... စိတ်ပျက်စရာပင်... ပြိုင်ဘက်ကင်းမြို့၏... အရပ်မျက်နှာ အားလုံးကို... စူးစမ်း ရှာဖွေခဲ့ပြီး... မိုင်ပေါင်း ရာနှင့်ချီ၍ပင်... ကျော်လွန်သွားခဲ့သော်လည်း... ဖုန်းကျိန့်ရှုံး၏... အရိပ်အယောင်... တစ်စွန်းတစ်စမျှပင်... မတွေ့ရှိခဲ့ရသလို... အရှိန်အဝါကိုလည်း... အာရုံမခံမိခဲ့ပေ။

ရုတ်တရက်... အလှည့်အပြောင်း... ဖြစ်ပွားမှုသည်... ဖုန်းဝူချန်ကို... ကြိုတင် ပြင်ဆင်မှု... မရှိဘဲ... ဖြစ်သွားစေခဲ့သည်။

သို့သော်... ဤမျှ... စွမ်းဆောင်ရည် ရှိသူ... မည်သူ... ဖြစ်နိုင်မည်နည်း။ ဖုန်းကျိန့်ရှုံးကို... ဤမျှ... အချိန်တို အတွင်း... ဖမ်းဆီး ခေါ်ဆောင်သွားပြီး... ခြေရာ... တစ်စုံတစ်ရာမျှ... မချန်ထားခဲ့သည်က..။

တစ်နာရီနီးပါး... ရှာဖွေခဲ့သော်လည်း... သတင်း... တစ်စုံတစ်ရာ... မရရှိဘဲ... သူပါ... ကံဆိုးမှုနှင့်... ကြုံတွေ့သွားမည်ကို... စိုးရိမ်မိသောကြောင့်...ဖုန်းဝူချန်တွင်... ဖုန်းချန်ယန်၏ အခြေအနေကို... ပြန်လည် စစ်ဆေးရန်မှလွဲ၍... အခြား ရွေးချယ်စရာ... မရှိတော့...။

"ချန်အာ..အဖေ့ကို... တွေ့ခဲ့လား"

ဖုန်းဝူချန်... ပျံသန်း ပြန်လာသည်ကို မြင်သောအခါ... လူတိုင်း... သက်ပြင်းချလိုက်မိကြပြီး... ရှောင်ချင်းချင်းက... ချက်ချင်း... မေးလိုက်သည်။

ဖုန်းဝူချန်၏ မျက်နှာသည်... လေးနက်နေခဲ့ပြီး... ... ခေါင်းခါလိုက်ကာ…

"ဟင့်အင်း...။ ကျွန်တော်... မတွေ့ခဲ့ဘူး"

ဤစကားကို ကြားသောအခါ... ရှောင်ချင်းချင်း၏ အမြင်အာရုံများ... မည်းမှောင်သွားပြီး.. ထိုနေရာ၌ပင်... သတိလစ်သွားတော့သည်။

All Chapters