အစွမ်းထက် ပုဂ္ဂိုလ်ကြီး ခြောက်ဦး
Vol. 12 Ch. 177
~ဖုန်းကျိန့်ရှုံး... ထွက်သွားခဲ့သည်။ ပြန်မလာခဲ့...။ နောက်ကွယ်တွင်... သဲလွန်စ တစ်စုံတစ်ရာမျှ... ချန်မထားခဲ့...။
ဤအဖြစ်က... ဖုန်းမိသားစု တစ်ခုလုံးကို... အကြီးအကျယ်... စိုးရိမ် ပူပန်သွားစေခဲ့သည်။
ဖုန်းဝူချန်... တစ်နာရီကျော်ကြာ... ခြေရာခံ လိုက်ခဲ့သော်လည်း... ခြေရာ တစ်စုံတစ်ရာမျှ... မတွေ့ရှိခဲ့ရပါ...။ ဖုန်းကျိန့်ရှုံး၏ တည်ရှိမှုကိုလည်း... အာရုံမခံမိတော့ပါ...။
*.... ဒုက္ခများ... တွေ့သွားပြီလား...။ အဖေ ဘာမှ... မဖြစ်ပါစေနဲ့...။*
ခန်းမဆောင်ထဲတွင်... သူ၏ မျက်နှာအမူအရာသည်... အလွန်အမင်း... မည်းမှောင် တင်းမာနေခဲ့သည်။
ဖုန်းဝူချန်၏ နှလုံးသားထဲတွင်... ဒေါသမီးများ... တောက်လောင်နေခဲ့လေပြီ။ နက်မှောင်သော မျက်ဝန်းအိမ်များထဲတွင်... သတ်ဖြတ်လိုစိတ်များ... ဝေ့ဝဲ လည်ပတ်နေခဲ့၏။
သူ၏... အရင်းနှီးဆုံးသော မိသားစုဝင်များသည်... ဖုန်းဝူချန်၏... ပြောင်းပြန်ပေါက်သော... နဂါးအကြေးခွံများပင်...။
(ဘာသာပြန်သူ မှတ်ချက်: 'ပြောင်းပြန်ပေါက်သော နဂါးအကြေးခွံ' (逆鳞 - nìlín) သည် နဂါးတစ်ကောင်၏ အထိမခံနိုင်ဆုံး အပိုင်းဖြစ်ပြီး၊ ၎င်းကို ထိပါးမိပါက နဂါး၏ အမျက်ဒေါသကို ဆွပေးသကဲ့သို့ ဖြစ်သည်ဟု တင်စားသည့် တရုတ်အသုံးအနှုန်း ဖြစ်ပါသည်။ ဤနေရာတွင် မိသားစုဝင်များသည် သူ၏ အထိမခံနိုင်ဆုံးသော အရာဖြစ်ကြောင်း ဆိုလိုပါသည်။)
ဖုန်းဝူချန်သည်... ကောင်းကင် ဗိမာန်မှ လူများကို... နေရာအနှံ့... ရှာဖွေရန်... စေလွှတ်ထားခဲ့ပြီး ဖြစ်သည်။ ထျန်းကျိုးနယ်၏ ဗိုလ်ချုပ်ကြီးကိုလည်း... ထျန်းကျိုးနယ်အား... ပိတ်ဆို့ထားရန်... အမိန့်ပေးခဲ့သည်။ သဲလွန်စ အချို့... ရှာဖွေ တွေ့ရှိနိုင်ရန်... မျှော်လင့်လျက်ပင်...။
"ဘယ်သူ... ဘယ်သူ... ဖြစ်နိုင်မလဲ...။ ငါ့အဖေရဲ့... စိတ်နေစိတ်ထားအရ... သူ... တခြားသူတွေကို... အလွယ်တကူ... ရန်စမယ့်လူ... မဟုတ်ဘူး...။ ငါ့ကို... ပစ်မှတ်ထားတာများ... ဖြစ်နေမလား"
ဖုန်းဝူချန်က မျက်မှောင်ကြုတ်ရင်း... အဖြေရှာနေ၏။
ပြိုင်ဘက်ကင်းမြို့ထဲမှ... မရင်းနှီးသော မျက်နှာများစွာကို... သူ... ပြန်လည် သတိရလိုက်မိ၏။
လင်း မိသားစုထဲသို့... ချိုးဖောက် ဝင်ရောက်လာခဲ့သော... လူများသည်... မည်သူတွေနည်း။ သူတို့၏ ရည်ရွယ်ချက်က... အဘယ်နည်း။ ဖုန်းကျိန့်ရှုံးကို... အပြင်သို့... ဆွဲထုတ်ရန်... အမှန်တကယ်... ဖြစ်နိုင်ပါသလော။
ဖုန်းမိသားစု... သံသယများဖြင့်... ပြည့်နှက်နေခဲ့သည်။
ဖုန်းဝူချန်... ပထမဆုံး... သံသယဝင်မိသူမှာ... သခင်ကြီးယန်... ဖြစ်သည်။
သခင်ကြီးယန်သည်... ရာထူး အဆင့်အတန်း မြင့်မားပြီး... ကြီးမားသော အာဏာကို... ကိုင်စွဲထားရာ... သဘာဝကျစွာပင်... အစွမ်းထက် လက်အောက်ငယ်သားများစွာ... ရှိပေမည်။ ဖြစ်နိုင်သည်မှာ... သခင်ကြီးယန်နှင့် ယန်ထျန်းလင်တို့၏ သေဆုံးမှုကြောင့်... လက်စားချေခြင်းကို... သူတို့အပေါ်... သက်ရောက်စေခဲ့ခြင်း... ဖြစ်နိုင်ပေသည်။
သို့သော်... ယန်မိသားစုသည်... ဧကရာဇ်မြို့တော်... ဧကရာဇ်၏ ခြေရင်းတွင်... တည်ရှိနေသည်...။ သူတို့... မဆင်မခြင်... ပြုမူရဲပါ့မလား။
ဖုန်းဝူချန်၏... ထူးခြားသော အဆင့်အတန်းဖြင့်... ထျန်းဝူအင်ပါယာတွင်... အခြား... မည်သူက... ဖုန်းမိသားစုကို... စော်ကားရန်... ဝံ့ရဲမည်နည်း။
"ဒါ... ဟွမ်ဖူမိသားစု... လား"
ဖုန်းဝူချန်၏ မျက်ခုံးများ... နက်ရှိုင်းစွာ... တွန့်ချိုးသွားသည်။
"တတိယ သခင်လေး...။ လင်း မိသားစု... ခေါင်းဆောင်... ရောက်ရှိလာပါတယ်"
ခန်းမဆောင်ထဲတွင်... အစောင့်တစ်ဦး... ရှေ့သို့ တက်လာပြီး... သတင်းပို့လိုက်သည်။
ဖုန်းဝူချန်၏ ဆေးလုံးကို သောက်သုံးပြီးနောက်... လင်း မိသားစု ခေါင်းဆောင်၏ ဒဏ်ရာများသည်... သိသိသာသာ... သက်သာ ပျောက်ကင်းသွားခဲ့ပြီး... သူ... ချက်ချင်းပင်... အပြေးအလွှား... ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။
"ဖုန်း ကတော်...။ ဝူချန်"
လင်း မိသားစု ခေါင်းဆောင်၏ မျက်နှာအမူအရာသည်... အလွန်အမင်း... စိုးရိမ် ပူပန်နေခဲ့သည်။ ဖုန်းကျိန့်ရှုံး၏ ကံဆိုးမှု အကြောင်းကို... သူ... သိရှိပြီး ဖြစ်လေသည်။
လင်း မိသားစု ခေါင်းဆောင်က လေးနက်စွာ ဆို၏။
"သူတို့... သေချာပေါက်... ထျန်းကျိုးနယ်က လူတွေ... မဟုတ်ဘူး...။ ပြီးတော့... သူတို့က... ထျန်းကျိုးက... အဓိက အင်အားစု တစ်ခုခုကလည်း... မဟုတ်လောက်ဘူး"
"ယွမ်တန်ဘုံ ပဉ္စမအလွှာရဲ့ အရှိန်အဟုန်နဲ့ဆို...ကျွန်တော်... အဲ့ဒီကို မရောက်ခင်... ကျွန်တော့်အဖေကို... ခေါ်ထုတ်သွားနိုင်ဖို့... မဖြစ်နိုင်ဘူး...။ ဒီအထဲမှာ... ပိုပြီး အစွမ်းထက်တဲ့... အင်အားစု တစ်ခု... ပါဝင်
ပတ်သက်နေတာ... မဟုတ်ရင်ပေါ့"
ဖုန်းဝူချန်က လေးနက်သော အသံဖြင့် ပြောလိုက်သည်။
ပို၍ အစွမ်းထက်သော အင်အားစုတစ်ခုသာ... မရှိခဲ့လျှင်... ဖုန်းဝူချန်၏ အရှိန်အဟုန်ဖြင့်... လိုက်မမီနိုင်ရန်... မဖြစ်နိုင်...။ ထိုမျှသာမက... မည်သည့် တည်ရှိမှုကိုမျှ... အာရုံမခံမိခြင်းမှာ... ပို၍ပင်... မဖြစ်နိုင်...။
"အစ်ကိုကြီးဖုန်းက... ထျန်းကျိုးနယ်ကို... တာဝန်ယူထားတာလေ...။ ထျန်းကျိုးနယ်က အင်အားစုတွေက... သူ့ကို... ဘယ်တော့မှ အပြစ်မလုပ်ရဲဘူး...။ သူတို့က... သူ့ဆီမှာ... မျက်နှာ လုပ်ဖို့... ကြိုးစားနေရတာနဲ့တောင်... အလုပ်ရှုပ်နေကြတာပါရှင်"
လင်ရှောင်ရှောင်က ဝင်ရောက်ပြော ပြောလိုက်သည်။
ဖုန်းဝူချန်၏ ယနေ့... မြင့်မြတ်လှသော အဆင့်အတန်းဖြင့်... ထျန်းကျိုးနယ်မှ အဓိက အင်အားစုများသည်... သူ့ထံတွင်... မျက်နှာ လုပ်ရန် ကြိုးစားနေရသည်နှင့်ပင်... အလုပ်ရှုပ်နေကြပေပြီ။
မည်သူက... သူ့ကို... စော်ကားရန်... ဝံ့ရဲမည်နည်း။
"အစ်ကိုဖုန်း...။ ကျွန်တော့် အမြင်အရတော့... သူတို့... ပစ်မှတ်ထားတာ... ခင်ဗျားပဲ...။... 'ကိုးထပ် ချန်ခွန်း မျှော်စင်' ကို... လိုချင်နေကြတာလေ" ဟု လျိုချင်းယန်က... ခန့်မှန်းလိုက်သည်။
"'ကိုးထပ် ချန်ခွန်း မျှော်စင်'"
ဖုန်းဝူချန်၏ မျက်ခုံးများ... တစ်ဖန်... တွန့်ချိုးသွားပြန်သည်။ သူ... ဤအသေးစိတ် အချက်ကို... မေ့နေခဲ့သည်ပင်။
လျိုချင်းယန်က ဆက်လက်ပြောဆိုလာ၏။
"အဲ့ဒီ တိုက်ပွဲအပြီးမှာ... အစ်ကိုဖုန်းက... အင်ပါယာ လေးခုလုံးမှာ...နာမည်ကြီးသွားခဲ့တယ်...။ အသန်မာဆုံး ပါရမီရှင်လို့... ချီးကျူးခံခဲ့ရတယ်...။ ပြီးတော့... ဒါတွေအားလုံးက... 'ကိုးထပ် ချန်ခွန်း မျှော်စင်' နဲ့... ပတ်သက်နေတာ...။ ဒီလောက်... အစွမ်းထက်တဲ့ လက်နက်မျိုးကို... ကျွန်တော်တောင်... အချိန်တိုင်း... စဉ်းစားနေမိသေးတာ...။ အဲ့ဒီ... ရည်မှန်းချက်ကြီးတဲ့... လူတွေဆို... ပြောမနေနဲ့တော့...။ ဒါ့အပြင်... နိုင်ငံအသီးသီးက... မရေမတွက်နိုင်တဲ့ အစွမ်းထက် ပုဂ္ဂိုလ်ကြီးတွေက... အဖြစ်အပျက်တွေကို... မျက်မြင်ကိုယ်တွေ့...မြင်ခဲ့ရတာလေ...။ အားလုံး... 'ကိုးထပ် ချန်ခွန်း မျှော်စင်' ရဲ့... တန်ခိုးအာဏာကို... သိကြတယ်...။ ဘယ်သူက... ဒါကို... မလုယူချင်ဘဲ... နေမှာလဲဗျာ"
သူ၏စကားကို လူအုပ်ကြီးက... သဘောတူညီစွာ... ခေါင်းညိတ်လိုက်ကြသည်။ သူတို့... တွေးလေလေ... ပို၍... ဖြစ်နိုင်ခြေ ရှိလာလေလေ... ဖြစ်ပါသည်။
ရတနာက... ပို၍ အစွမ်းထက်လေ... ၎င်းကို... လောဘတက်သူ... ပို၍... များပြားလေပင်။
"ငါ... အပြင်... ခဏ... ထွက်ဦးမယ်"
ကြာမြင့်စွာ ငြိမ်ကျနေပြီးနောက်... ဖုန်းဝူချန်က ရုတ်တရက် အသံထုတ်ဖော်လိုက်သည်။
သူ၏ စကားသံ မဆုံးသေးမီမှာပင်... သူ၏ ခန္ဓာကိုယ်သည်...နေရာ၌ မည်သည့်အချိန်ကမှ မတည်ရှိနေသကဲ့သို့ ပျောက်ကွယ်သွားခဲ့လေပြီ။
ဖုန်းဝူချန်သည်... မြို့ပြင်သို့... တစ်ဖန်... ထွက်ခွာလာခဲ့ပြီး... မြို့အပြင်ဘက်မှ သစ်တောအုပ်ထဲသို့...ရောက်ရှိလာခဲ့ကာ..တောင်တန်းများဆီသို့... တဟုန်ထိုး ဦးတည်သွားခဲ့သည်။
ဖုန်းဝူချန်၏ မျက်နှာအမူအရာသည်... ရေခဲတမျှ... အေးစက်နေခဲ့သည်။ သူ... တောင်ပေါ် လမ်းများတစ်လျှောက်... ရည်ရွယ်ချက်မဲ့စွာ... လျှောက်လှမ်းနေခဲ့၏။
"ဝှစ်... ဝှစ်... ဝှစ်"
ပုံရိပ်များ... ဆက်တိုက်... ဘာမှမရှိသည့် လေဟာနယ်ထဲမှ... ပေါ်ထွက်လာခဲ့ပြီး... ဖုန်းဝူချန်ကို... ဝန်းရံလိုက်ကြသည်။
မသိမ်နုပ်သော အရှိန်အဝါများဖြင့် စုစုပေါင်း... လူခြောက်ယောက်...။ ......။
ဖုန်းဝူချန်က... ထိုလူခြောက်ယောက်ကို... မထီလေးစား... တစ်ချက် ဝေ့ကြည့်လိုက်ပြီး... မေးလေ၏။
"ကြည့်ရတာ... ခင်ဗျားတို့... အချိန်အတော်ကြာ... စောင့်နေခဲ့ကြပုံပဲ...။ ကျုပ်... အဖေကို... ခင်ဗျားတို့... ခေါ်သွားတာလား"
"ဟား...မင်းအဘိုးကြီး... သေသေ... ရှင်ရှင်... ဘယ်သူက... ဂရုစိုက်လို့လဲ...။ ဖုန်းဝူချန်...။ 'ကိုးထပ် ချန်ခွန်း မျှော်စင်' ကို... ထုတ်ပေး...။ ဒါဆို... ငါတို့... မင်းအသက်ကို... ချမ်းသာပေးမယ်"
ယွမ်တန်ဘုံ ပဉ္စမအလွှာမှ လူတစ်ယောက်က... အေးစက်စွာ... အမိန့်ပေးလိုက်သည်။
ဖုန်းဝူချန် စိတ်ထဲမှ လှောင်ပြောင်လိုက်၏။
*...ဟွမ့်...။ ယွမ်တန်ဘုံ ပဉ္စမအလွှာလောက်နဲ့... ငါ့ကို... လာအမိန့်ပေးရဲတယ်...။ သေလမ်းရှာနေတာပဲ...။*
"မျှော်လင့်ထားတဲ့အတိုင်းပဲ...။ ခင်ဗျားတို့... 'ကိုးထပ် ချန်ခွန်း မျှော်စင်' အတွက်... လာကြတာကိုး"
ဖုန်းဝူချန်၏ မျက်လုံးများ... အနည်းငယ်... မှေးကျဉ်းသွားပြီး... ပြင်းထန်သော... အေးစက်သည့်... သတ်ဖြတ်လိုစိတ် တစ်ခု... သူ၏ ကိုယ်မှ လှည့်ပတ်လာခဲ့သည်။
တစ်ချိန်တည်းမှာပင်... တောင်ထိပ်တစ်ခု၏ ထိပ်ပေါ်တွင်...... အထက်မှ...အခြေအနေအား စောင့်ကြည့်နေခဲ့ကြသည့် လူသုံးယောက် ရှိလေ၏။
လူတစ်ယောက်က ခံစားချက် ကင်းမဲ့စွာ ရေရွတ်လိုက်သည်။
"ရွှေယွဲ့အင်ပါယာရဲ့... ထိုက်ရွှီဂိုဏ်း... ဟုတ်လား..... ဦးအောင်... တိုက်ခိုက်ဖို့... ကြိုးစားနေတာလား...။ ကြည့်ရတာ... ထျန်းဝူအင်ပါယာရဲ့... ဟွမ်ယွင်ဂိုဏ်းကလည်း... 'ကိုးထပ် ချန်ခွန်း မျှော်စင်' ပေါ်... လက်တင်ချင်နေပုံပဲ"
"အခြေအနေ... ဘယ်လိုဖြစ်လာမလဲ... ကြည့်ကြသေးတာပေါ့...။ ဖုန်းဝူချန်က... အရမ်း ထက်မြက်တယ်"
ဟု အခြား လူတစ်ယောက်ကလည်း... မှတ်ချက်ပြုလိုက်သည်။
အခြား... မြင့်မားသော တောင်တစ်လုံး၏... ရှေးဟောင်း သစ်ပင်ကြီးထိပ်တွင်... မည်သည့်ဇာစ်မြစ်မှန်း မသိသော... လူအချို့လည်း... ရှိနေခဲ့ကြသည်။
"ရန်သူ... မလှုပ်ရှားရင်... ငါ... မလှုပ်ရှားဘူး...။ တောင်ကုန်းပေါ်ကနေ... ကျားတွေ... ချတာကို... စောင့်ကြည့်ကြတာပေါ့"
လူတစ်ယောက်က အေးစက်စွာ ပြောလိုက်သည်။ သူ၏ အကြည့်သည်... အောက်မှ ဖုန်းဝူချန်အပေါ်တွင်... စူးစိုက်နေခဲ့၏။
"ထိုက်ရွှီဂိုဏ်းက... အရမ်း ဘဝင်လေဟပ်နေပါလား......။ ဒီခြောက်ယောက်လောက်နဲ့... 'ကိုးထပ် ချန်ခွန်း မျှော်စင်' ကို... ဖုန်းဝူချန်ဆီကနေ... ယူနိုင်မယ်လို့... ထင်သလား...။ နေ့တဝက် အိပ်မက်မက်နေတာပဲ၊ ခွီး"
အခြား လူတစ်ယောက်က... မထီမဲ့မြင်... လှောင်ရယ်လိုက်သည်။
ထိုအခါ ခေါင်းဆောင် ဖြစ်ဟန်တူသော လူက... ခံစားချက် မဲ့သော လေသံဖြင့် ...သတိပေးလိုက်သည်။
"ဟိတ်၊ မင်း...သူတို့ကို... လျှော့မတွက်နဲ့...။ ထိုက်ရွှီဂိုဏ်းက... အလကားသက်သက်... သတင်းကြီးနေတာ မဟုတ်ဘူး။ သခင်ခြောက်ယောက်... ပူးပေါင်းလိုက်ရင်... သမင်... ဘယ်သူ့လက်ထဲ... ကျမလဲ... ဆိုတာ... သေချာ... မပြောနိုင်ဘူးဟ"
(ဘာသာပြန်သူ မှတ်ချက်: 'သမင် ဘယ်သူ့လက်ထဲ ကျမလဲ မသိ' (鹿死谁手 - lù sǐ shéi shǒu) သည် နောက်ဆုံး အောင်နိုင်သူ မည်သူဖြစ်မည်ကို မသိနိုင်သေးကြောင်း တင်စားသည့် တရုတ်စကားပုံ ဖြစ်ပါသည်။)
လူတိုင်း... ဖုန်းဝူချန်၏ ရှိန်လောက်သော စွမ်းအားကို... ယုံကြည်ကြသည်။ လေကျွယ်ကို အနိုင်ယူခြင်းက... လွယ်ကူသော အလုပ်... မဟုတ်ပေ။
ဖုန်းဝူချန်၏ ပြင်းထန်သော စွမ်းအားကို... သိရှိလျက်နှင့်... ထိုက်ရွှီဂိုဏ်းမှ သခင် ခြောက်ယောက်သည်... 'ကိုးထပ် ချန်ခွန်း မျှော်စင်' အတွက်... လာရောက်ရန်... ဝံ့ရဲကြသေးသည်...။ သူတို့... မိုက်မဲကြသည်... သို့မဟုတ်... အမှန်တကယ်... အစွမ်းထက်ကြ
သည်သာ...။
ထိုက်ရွှီဂိုဏ်းမှ သခင် ခြောက်ယောက်လုံးသည်... ယွမ်တန်ဘုံမှ... ဖြစ်ကြသည်။
အားအနည်းဆုံးမှာ... ယွမ်တန်ဘုံ စတုတ္ထအလွှာ...။
အသန်မာဆုံးမှာ... ဆဌမအလွှာသို့... ရောက်ရှိနေခဲ့လေပြီ။
ဤသို့သော... အခင်းအကျင်း...။ ပူးပေါင်းလိုက်သောအခါ... လျှော့တွက်၍... မရနိုင်ပေ။
..အရင်က... အဲ့ဒီ... လျှို့ဝှက်ဆန်းကြယ် လူ...။ နက်နဲပြီး... ခန့်မှန်းလို့မရတဲ့... ကျင့်ကြံမှုအဆင့်နဲ့...။ သူတို့... ဘယ်သူတွေလဲ... မသိဘူး…
အခြား လူတစ်ယောက်က... သိလိုစိတ်ဖြင့်... တွေးတောလိုက်မိသည်။
—------
တောင်စောင်းပေါ်တွင်... တည်ရှိနေသော... ဧရာမ ကျောက်တုံးကြီးတစ်ခု အတွင်း၌... ဝေဝါးသော မျက်နှာတစ်ခု... ကျောက်တုံးထဲမှ... ဖြည်းညင်းစွာ... ပေါ်ထွက်လာပြီး သူ့ဘာသာ တီးတိုး.... ရေရွတ်လိုက်သည်။
"'ကိုးထပ် ချန်ခွန်း မျှော်စင်' ကို... မျက်စိကျနေတဲ့ လူတွေကတော့... တကယ်ပဲ... မရှားပါလား"
ပုန်းကွယ်နေသော... ကျွမ်းကျင်သူများ အားလုံးသည်... 'ကိုးထပ် ချန်ခွန်း မျှော်စင်' အတွက်... လာကြခြင်းပင်။
"ခင်ဗျားတို့ကို... နောက်တစ်ကြိမ်... ထပ်မေးမယ်...။ ကျုပ်... အဖေ... ဘယ်မှာလဲ"
ဖုန်းဝူချန်က... တစ်ဖန်... မေးမြန်းလိုက်ပြန်သည်။
အသံသည်... အများကြီး..တိုးသက်သွားပြီး... သူ၏ လေသံထဲမှ... အေးစက်မှုသည်... ကြောက်ရွံ့မှုကို... ဖြစ်ပေါ်စေခဲ့သည်။
"မင်း... သကောင့်သား...။ ကြည့်ရတာ... မင်းက... ငါတို့ကို... ကိုယ်တိုင်... လှုပ်ရှားစေချင်နေပုံပဲ"
လူများ၏ ခေါင်းဆောင်က... ပြင်းထန်စွာ... ကြိမ်းဝါးလိုက်သည်။
"ဝုန်း..ဝုန်း.."
အစွမ်းထက်သော... အစစ်အမှန်ယွမ် စွမ်းအင်... လှိုင်းခြောက်ခု... ပေါက်ကွဲ ထွက်ပေါ်လာခဲ့သည်။
သူတို့၏ အရှိန်အဟုန်သည်... ရက်စက် ကြမ်းတမ်းလှပြီး... ကြီးမားလှသော ချီစွမ်းအင် အရှိန်အဝါသည်... ရူးသွပ်မတတ်... ဝေ့ဝဲ လည်ပတ်နေကာ... မြေပြင်ကို... တုန်ခါစေပြီး... ပေါက်ကွဲထွက်စေခဲ့သည်။ လမ်း၏... အရပ်မျက်နှာ အားလုံးမှ... အပင်များ၊ သစ်ပင်များနှင့်... ကျောက်တုံးများသည်...အပိုင်းပိုင်း ကြေမွသွားခဲ့ကြ၏။
"သေလမ်း... ရှာနေတာ"
ဖုန်းဝူချန်က... ဒေါသတကြီး..အံကြိတ်လိုက်သည်။ သူ၏ လက်သီးများ... ကျစ်ကျစ်ပါအောင်... ဆုပ်ထားလိုက်မိပြီး သတ်ဖြတ်လိုစိတ်များ... တဟုန်ထိုး... မြင့်တက်လာ၏။
"ထိုက်ရွှီ... နတ်ဘုရားသိုင်း"
လူခြောက်ယောက်... တစ်ပြိုင်နက်... ဟိန်းဟောက်လိုက်ကြပြီး... ချက်ချင်းပင်... သူတို့သည်... အလင်းတန်းများအဖြစ်... ပြောင်းလဲကာ... ပျောက်ကွယ်သွားခဲ့ကြသည်။ သူတို့၏ ကိုယ်ဖော့သိုင်းပညာများသည်... အလွန်အမင်း... ထူးဆန်းလှ၏။
"ဖုန်းဝူချန်...။ ... လေကျွယ်ကို... အနိုင်ယူနိုင်တယ်...။ မင်းရဲ့ အစွမ်းက... တကယ်ပဲ... မဆိုးဘူး...။ ဒါပေမဲ့... ငါတို့ ခြောက်ယောက်... ပူးပေါင်းလိုက်တဲ့အခါ..မင်း.... နောက်ဆုံးမှာ... ငါတို့ပြိုင်ဘက်...... မဟုတ်ဘူး"
လေထဲတွင် လွင့်မျောနေသော... အေးစက်သည့် အသံ တစ်ခု... တောင်တန်းများကြားတွင်... ပဲ့တင်ထပ်သွားခဲ့သည်။
ဤ ခြောက်ယောက်သည်... နလပိန်းတုံးများ... မဟုတ်ကြ...။ အတိုင်းအတာ တစ်ခုအထိ... ယုံကြည်မှု... မရှိဘဲ...သူတို့ မည်သို့လျှင်... ကြိုးစားမည်နည်း။ 'ကိုးထပ် ချန်ခွန်း မျှော်စင်' ကို...အဘယ်သို့... လောဘတက်ရန်... ဝံ့ရဲမည်နည်း။
"ဝှစ်... ဝှစ်... ဝှစ်"
အရိပ်များသည်... နောက်ဆက်တွဲ အရိပ်ယောင်များနှင့်အတူ... မပီမသ ဖြစ်နေကြသည်။
သူတို့၏ အစစ်အမှန် တည်နေရာများကို... ဆုပ်ကိုင်ရန်... ခက်ခဲလှပြီး... အမှန်တကယ်ပင်... လျှို့ဝှက်ဆန်းကြယ်လှသည်။
"ဟမ့်..။ နတ်ဘုရားလို... ပရိယာယ်တွေ... ဆင်နေတာပဲ"
ဖုန်းဝူချန်က... အေးစက်စွာ... နှာမှုတ်လိုက်သည်။
*...ဒီလို... အရိပ်အယောင်တွေနဲ့... ငါ့ကို... လှည့်စားလို့... ရမယ်... ထင်နေတာလား...။*
"နတ်ဘုရားလို... ပရိယာယ်ဆင်တာ... ဟုတ်သည်... ဖြစ်စေ... မဟုတ်သည်... ဖြစ်စေ... မင်း... ခဏနေရင်... သိရမှာပါ"
ထိုစိန်ခေါ်သံနှင့်အတူ ပုံရိပ်တစ်ခု... ရုတ်တရက်... ဖုန်းဝူချန်ထံသို့... ရက်စက် ကြမ်းတမ်းသော... တိုက်ခိုက်မှုဖြင့်... ပြေးဝင်လာခဲ့သည်။
"ဘုန်း... ဘုန်း... ဘုန်း"
ဖုန်းဝူချန်အတွက်... ထို ရက်စက် ကြမ်းတမ်းသော တိုက်ခိုက်မှုများသည်... ကလေး ကစားစရာမျှသာ... ဖြစ်ပြီး... မည်သည့် ခြိမ်းခြောက်မှုမှ... မဖြစ်စေခဲ့...။
သို့သော်... ဖုန်းဝူချန်အား... အံ့အားသင့်သွားစေသည်မှာ... သူ... ပြိုင်ဘက်၏ တိုက်ခိုက်မှုကို... ကြိုမြင်လိုက်ပြီး... သေစေနိုင်သော ထိုးနှက်ချက်ဖြင့်... တုံ့ပြန်ရန်... ပြင်ဆင်လိုက်စဉ်... သူ၏ လက်သီးချက်... လွဲချော်သွားခဲ့သည်။
ရန်သူ၏ ပုံရိပ်သည်... လျှို့ဝှက်ဆန်းကြယ်စွာ... လေထဲတွင်... ပျောက်ကွယ်သွားခဲ့သည်။
"ထင်ယောင်ထင်မှားသိုင်း...။"
ဖုန်းဝူချန်... အနည်းငယ်... အံ့အားသင့်သွား၏။
"ဘုန်း."
ဖုန်းဝူချန်... မှင်တက်နေစဉ်မှာပင်... လျှို့ဝှက်ဆန်းကြယ်စွာ ပျောက်ကွယ်သွားသော ထိုလူသည်... ဘာမှမရှိသည့် လေဟာနယ်ထဲမှ... တစ်ဖန်... ပြန်လည် ပေါ်ထွက်လာခဲ့ပြီး... ဖုန်းဝူချန်၏ ရင်ဘတ်ကို... လက်ဝါးချက် ပစ်သွင်းလိုက်၏။... သူ့ကို... ဆယ်မီတာကျော်... နောက်သို့... လွင့်စဉ်သွားစေခဲ့သည်။
"ဖုန်းဝူချန်...။ မင်း... ဘယ်လောက်ပဲ... အစွမ်းထက်ထက်... ဘယ်လောက်ကြာကြာ... တောင့်ခံနိုင်မလဲ"
ထိုလူက... မဲ့ပြုံး ပြုံးလိုက်ပြီး... တစ်ဖန်... ပျောက်ကွယ်သွားပြန်သည်။
"ဘုန်း"
ဖုန်းဝူချန်... နောက်သို့ လွင့်စဉ်သွားရာမှ... ရပ်တန့်ရန်ပင်... မရောက်သေးမီ... အခြား ပုံရိပ်တစ်ခု... နောက်ကျောမှ... အလျင်အမြန်... ဝဲဆင်းလာခဲ့ပြီး... နောက်ထပ်... တိုးညှင်းသော... ထိခတ်သံတစ်ခု... ဖုန်းဝူချန်၏ နောက်ကျောကို... ရိုက်ခတ်သွားခဲ့သည်။
"ဘုန်း... ဘုန်း... ဘုန်း"
ပုံရိပ် ခြောက်ခုသည်... အဆက်မပြတ်... လျှပ်တပြက် ပေါ်လိုက်... တိုက်ခိုက်လိုက်... လုပ်နေကြသည်။ ပျောက်ကွယ်လိုက်... ပေါ်လာလိုက်...။ တစ္ဆေများကဲ့သို့... အလွန်အမင်း... ထူးဆန်း အေးစက်လှ၏။
"ထိုက်ရွှီ နတ်ဘုရား သိုင်းရဲ့... ကိုယ်ဖော့သိုင်းပညာက... တကယ်ပဲ... ကြောက်ဖို့ ကောင်းတာပဲ"
အမှောင်ထဲမှ... လူတစ်ယောက်က... ခံစားချက် ကင်းမဲ့စွာ..သုံးသပ်လိုက်သည်။
"ဒီအတိုင်း... ဆက်သွားနေရင်... ဖုန်းဝူချန်... သေမှာ... သေချာတယ်...။ ငါတို့... အခွင့်အရေးယူပြီး... လှုပ်ရှားသင့်လား...။ ထိုက်ရွှီဂိုဏ်းကို... အောင်မြင်ခွင့်... ပေးလို့... မဖြစ်ဘူး"
အခြား လူတစ်ယောက်က... အကြံပြုလိုက်သည်။
"ရန်သူ... မလှုပ်ရင်... ငါလည်း... မလှုပ်ဘူး"
ခေါင်းဆောင်ဖြစ်ဟန်တူသော လူက... အေးစက်စွာ... ပြောလိုက်သည်။
အမှောင်ထဲမှ... အခြားနေရာ တစ်နေရာတွင်... လျှို့ဝှက်ဆန်းကြယ်သော ပုံရိပ်များစွာ... လေးနက်သော အမူအရာများဖြင့်... စောင့်ကြည့်နေကြသည်။
သိသာထင်ရှားစွာပင်... သူတို့သည်လည်း... ထိုက်ရွှီဂိုဏ်း၏... ထိုက်ရွှီ နတ်ဘုရား သိုင်း ပညာရပ်ကို... အလွန်... သတိထားနေကြသည်။
"ဖုန်းဝူချန်က... အရှုံးဘက်... ရောက်နေသလိုပဲ...။ ဒါပေမဲ့... သူ့ရဲ့... အရှိန်အဝါက နည်းနည်းလေးမှ... အားမနည်းသွားဘူး...။ သူ... လုံးဝ... ဒဏ်ရာ... မရဘူးနော်"
သူတို့ထဲမှ တစ်ယောက်က... မျက်မှောင်ကြုတ်ရင်း... မှတ်ချက်ပြုလိုက်သည်။
"ဖုန်းဝူချန်ရဲ့ တိုက်ခိုက်ရေးအစွမ်းက... ယွမ်တန်ဘုံ အဋ္ဌမအလွှာနဲ့... နှိုင်းယှဉ်နိုင်တယ်...။
ဒီလူတွေ...ကျင့်ကြံဆင့်နဲ့... ကိုယ်ဖော့သိုင်းပညာတွေက... ထူးခြားတယ် ဆိုရင်တောင်... ဖုန်းဝူချန်ကို... ဒဏ်ရာရအောင်... မလုပ်နိုင်ဘူး...။...အစွမ်းထက် တိုက်ကွက်တွေ... မသုံးရင်ပေါ့"
ဟု အခြား လူတစ်ယောက်က... ထပ်ဖြည့်လိုက်သည်။
ဖုန်းဝူချန်သည်... အကြိမ်ကြိမ်... တိုက်ခိုက်ခြင်းကို... ခံခဲ့ရသော်လည်း... သူ၏ အစွမ်းထက်သော ခန္ဓာကိုယ်ကြောင့် ဒဏ်ရာ မရရှိခဲ့ပေ။
"ဒီလောက်... အားနည်းတဲ့... အစွမ်းလေးနဲ့... ငါ့ကို... ထိတာ... နာတောင်... မနာဘူး"
ဖုန်းဝူချန်က... အေးစက်စွာ... ပြောလိုက်သည်။
"ဟွန့်...။ သေခါနီး... အစွန်းရောက်နေတာတောင်... သန်မာချင်ယောင်... ဆောင်နေသေးတယ်"
လေထဲတွင် လွင့်မျောနေသော... အေးစက်သည့် အသံ... တစ်ဖန်... ထွက်ပေါ်လာပြန်သည်။
ပုံရိပ် ခြောက်ခုသည်... သူတို့၏ တစ္ဆေဆန်သော... ဟန်ပန်အတိုင်း... လျှပ်တပြက်... ပေါ်လာလိုက်... တစ်စက္ကန့်တိုင်းမှာ... ပျောက်ကွယ်သွားလိုက်နှင့်...။
"ဝှစ်... ဝှစ်... ဝှစ်"
"ဂျုန်း"
နောက်တစ်စက္ကန့်တွင်... လူခြောက်ယောက်... ဖုန်းဝူချန်၏ ရှေ့မှောက်တွင်... ပေါ်ထွက်လာပြီး... တစ်ပြိုင်နက်တည်း... တိုက်ခိုက်မှုကို... စတင်လိုက်ကြသည်။ မြည်ဟိန်းသော ပေါက်ကွဲသံနှင့်အတူ... သူတို့၏ ပေါင်းစပ် စွမ်းအားသည်... ဖုန်းဝူချန်ကို... နောက်သို့... လွင့်စဉ်သွားစေခဲ့သည်။
သူသည် တောင်ပေါ်မှ... ကြီးမားသော သစ်ပင်များစွာကို... ဖြတ်သန်း... တိုက်ချိုးသွားပြီးနောက်... ဧရာမ ကျောက်တုံးကြီးတစ်ခုကို... ဝင်ဆောင့်မိကာ... ထိုကျောက်တုံးကြီးသည်... ပင့်ကူအိမ်သဖွယ်... အက်ကွဲကြောင်းများဖြင့်... ကြေမွသွားခဲ့သည်။
သခင် ခြောက်ယောက်၏... ပေါင်းစပ် စွမ်းအားသည်... မယုံနိုင်လောက်အောင်... ကြောက်မက်ဖွယ် ကောင်းလှသည်။
"မင်း... ဒီလောက်ပဲ... တတ်နိုင်တာလား...။ ဒါနဲ့တောင်... ကြွားဝါရဲသေးတယ်"
"ကိုယ့် အရည်အချင်းကို... အထင်ကြီးလွန်းနေတာပဲ"
"ဖုန်းဝူချန်...။ မင်း... မသေချင်ရင်... 'ကိုးထပ် ချန်ခွန်း မျှော်စင်' ကို... လိမ်လိမ်မာမာ... ထုတ်ပေးလိုက်...။ မဟုတ်ရင် မြှုပ်ဖို့... သင်္ချိုင်းဂူတောင်... ပျောက်မယ်"
သခင် ခြောက်ယောက်... မဲ့ပြုံး ပြုံးလိုက်ကြသည်။ သူတို့၏ မျက်လုံးများတွင်... မထီမဲ့မြင်နှင့်... အထင်သေးမှုတို့ဖြင့်... ပြည့်နှက်နေခဲ့သည်။
ဧရာမ ကျောက်တုံးကြီးကို... မှီထားသော ဖုန်းဝူချန်သည်... သူ၏ ဦးခေါင်းကို... ဖြည်းညင်းစွာ... မော့လိုက်သည်။ သူ၏ ရေခဲတမျှ အေးစက်သော... အကြည့်သည်... ထိုလူ ခြောက်ယောက်အပေါ်... ဝေ့ဝဲသွားပြီး... သူ၏ မျက်ဝန်းများထဲမှ... သတ်ဖြတ်လိုစိတ်သည်... ချက်ချင်းပင်... နှစ်ဆ... တိုးမြင့်သွားခဲ့သည်။
"ဒါ မင်းတို့ရဲ့... နောက်ဆုံး စကားတွေလား"
ဖုန်းဝူချန်က... အေးစက်စွာ... မေးလိုက်သည်။ သူ၏ ခန္ဓာကိုယ်သည်... လျှပ်စီးကဲ့သို့... ဘယ်ညာ... လျှပ်တပြက်... ရွေ့လျားသွားပြီး... မျက်စိတစ်မှိတ်အတွင်းမှာပင်... သူသည်... သခင် ခြောက်ယောက်နှင့်... မီတာများစွာ... အကွာမှ... တောင်ပေါ် လမ်းတစ်ခုပေါ်တွင်... မတ်တပ်ရပ်နေခဲ့လေပြီ။
သခင် ခြောက်ယောက်၏... ပေါင်းစပ် တိုက်ခိုက်မှုကို... ရင်ဆိုင်ပြီးသည့်တိုင်... ဖုန်းဝူချန်သည်... ဒဏ်ရာ... တစ်စက်မျှပင်... မရရှိခဲ့ပေ။
"အမ်..ဒီကောင်လေး... တကယ်ပဲ... ဒဏ်ရာ... မရဘူး"
လူခြောက်ယောက်၏... ပူးပေါင်းထားသော မျက်နှာအမူအရာသည်... ရုတ်တရက်... မည်းမှောင်သွားတော့သည်။
"ဘုန်း... ဘုန်း... ဘုန်း"
လူများသည်... တစ်ဖန်... တိုက်ခိုက်ရန်... လှုပ်ရှားလိုက်ကြသည်။ တစ်ချိန်တည်းမှာပင်... ဖုန်းဝူချန်သည်... မလှုပ်မယှက်... ရပ်နေပြီး... သူ၏ မျက်လုံးများကို... ဖြည်းညင်းစွာ... မှိတ်လိုက်သည်။
လူခြောက်ယောက်... ဖုန်းဝူချန်ကို... ဝန်းရံလိုက်ပြီး... သူတို့၏ ရက်စက်သော... ထိုးစစ်များကို... စတင်လိုက်ကြစဉ်... သူတို့၏ ပုံရိပ်များသည်... ထင်ယောင်ထင်မှားများ... ဖြစ်သည်ဖြစ်စေ... မဖြစ်သည်ဖြစ်စေ... ဖုန်းဝူချန်သည်... တုံ့ပြန် တိုက်ခိုက်လိုက်ရုံသာ...။
ပေါက်ကွဲသံများ... ဆက်တိုက်... တောင်တန်းများအနှံ့... စီးဆင်းသွားခဲ့သည်။
လူခြောက်ယောက်၏... ပြင်းထန်သော တိုက်ခိုက်မှုများကို... ရင်ဆိုင်ရင်း... ဖုန်းဝူချန်သည်...မျက်လုံးများကို မှိတ်ထားလျက်... တစ်ပြိုင်နက်တည်း... ခြောက်ယောက်လုံးကို... ခုခံနိုင်ခဲ့ပြီး... တစ်ချက်မျှပင်... မလွဲချော်ပေ။
လက်သီးနှစ်လုံးဖြင့်... လေးလုံးကို... တိုက်ခိုက်ရန်... ခက်ခဲသည်ဟု... ဆိုကြသည်။ သို့သော်... ဖုန်းဝူချန်သည်... တစ်ယောက်တည်း... ဆယ့်နှစ်ချက်ကို... တိုက်ခိုက်နေခဲ့လေသည်။
“ဘုန်း... ဘုန်း... ဘုန်း”
ဆယ်စက္ကန့် မပြည့်မီမှာပင်... ဖုန်းဝူချန်၏ အရှိန်အဟုန်နှင့် စွမ်းအားသည်... ပို၍ပင်..သည်းထန်လာခဲ့သည်။
တစ်ယောက်ပြီးတစ်ယောက်...။ သခင် ခြောက်ယောက်လုံး... ဖုန်းဝူချန်၏ လက်သီးချက်များဖြင့်... လွင့်စဉ်သွားကြပြီး... တစ်ဦးချင်းစီတိုင်း... ဒဏ်ရာရရှိသွားခဲ့ကြသည်။
သခင် ခြောက်ယောက်...။
သူတို့... ဤမျှလောက်သာ... တန်ဖိုးရှိခဲ့သည်တကား။