ဒေါသတကြီး သတ်ဖြတ်ခြင်း
Vol. 12 Ch. 178
~"ထိုက်ရွှီဂိုဏ်းက... 'ကိုးထပ် ချန်ခွန်း မျှော်စင်' ကို လုယူဖို့... လွယ်လွယ်လေးလို့... ထင်ခဲ့ကြတာ...။ ကြည့်ရတာ... အဲ့လောက်တော့... မဟုတ်ဘူးပဲ"
"ထိပ်တိုက် ရင်ဆိုင်မှုမှာတော့... သူတို့... ဖုန်းဝူချန်ရဲ့ ပြိုင်ဘက်... လုံးဝ... မဟုတ်ဘူး"
"တစ်ယောက်ချင်းဆို... ငါတို့... သူ့ကို... ယှဉ်နိုင်မှာ... မဟုတ်ဘူး...။ ပြီးတော့... ဖုန်းဝူချန်က... သူ့ရဲ့ အစစ်အမှန်ယွမ်ကိုတောင်... ထုတ်မသုံးသေးဘူး"
တောင်ထိပ်ပေါ်တွင်... လူအချို့... အပြင်ပန်းအားဖြင့်... တည်ငြိမ်နေဟန်... ရှိသော်လည်း... အတွင်းစိတ်ထဲတွင်မူ... အကြီးအကျယ်... တုန်လှုပ်နေကြလေပြီ။ ဖုန်းဝူချန်၏ အစွမ်းသည်... တစ်ဖန်... သိသိသာသာ... ပို၍ သန်မာလာခဲ့သည်ဟု... ခံစားနေရ၏။
"အစစ်အမှန်ယွမ်တောင်... ထုတ်သုံးစရာ မလိုဘဲနဲ့... ခြောက်ယောက်ကို... ယှဉ်တိုက်နိုင်တယ်...။ သူ... တကယ်ပဲ... အသန်မာဆုံး ပါရမီရှင်ပဲ"
ပုန်းကွယ်နေသော ကျောက်တုံးကြီးတစ်ခု၏ ထိပ်မှ... ဝေဝါးသော မျက်နှာတစ်ခုက... အံ့အားတသင့်... ရေရွတ်လိုက်သည်။
ထိုက်ရွှီဂိုဏ်းမှ... အစွမ်းထက် ပုဂ္ဂိုလ်ကြီး ခြောက်ဦး... မျက်စိတစ်မှိတ်အတွင်း... ဖုန်းဝူချန်၏ လက်ချက်ဖြင့်... ဒဏ်ရာရသွားခဲ့ကြသည်။ ယွမ်တန်ဘုံ စတုတ္ထအလွှာမှ လူသည်... အပြင်းထန်ဆုံးသော ဒဏ်ရာများကို... ခံစားလိုက်ရ၏။ ဖုန်းဝူချန်၏ လက်သီးချက်သည်... သူ၏ အရိုးများ... ကြေမွသွားတော့မည့်အလား... ခံစားလိုက်ရစေသည်။
"ဝှစ်"
ဖုန်းဝူချန်သည်... ထို ယွမ်တန်ဘုံ စတုတ္ထအလွှာမှ လူကို... ပစ်မှတ်ထားလိုက်သည်။ လူခြောက်ယောက်ကို... လွင့်စဉ်သွားစေသည့်... ထိုအခိုက်အတန့်မှာပင်... ဖုန်းဝူချန်သည်... ရှေ့သို့... ပစ်ထွက်သွားခဲ့ပြီး ဖြစ်၏။ 'ဝှစ်' ခနဲ... အသံနှင့်အတူ... မျက်စိတစ်မှိတ်အတွင်း... ရောက်ရှိသွားခဲ့သည်။
"ထိုက်ရွှီ နတ်ဘုရားသိုင်း"
တစ်စုံတစ်ခု... မှားယွင်းနေသည်ကို... အာရုံခံမိလိုက်သော ထိုလူသည်... တုန်လှုပ်မှုကြောင့်... မျက်နှာ... ဖြူဖျော့သွား၏။ သူ၏ နှလုံးသားထဲတွင်... အလွန်အမင်း ကြောက်ရွံ့မှုများဖြင့်... ပြည့်နှက်သွားပြီး... သူ... အရေးတကြီး... ကြွေးကြော်လိုက်သည်။
ဖုန်းဝူချန်က အေးစက်စွာ ပြောလိုက်သည်။
"နောက်ကျသွားပြီ"
ဖုန်းဝူချန်၏ အရှိန်အဟုန်သည်... အလွန်အမင်း... ကြောက်မက်ဖွယ် ကောင်းလှ၏။ ထိုလူ... သူ၏ ကိုယ်ဖော့သိုင်းပညာကို... အချိန်မီ... ထုတ်ဖော်နိုင်ခြင်း... လုံးဝ... မရှိလိုက်...။
"ဘုန်း"
ထို့နောက်... ကြမ်းတမ်းသော စွမ်းအားများ ပါဝင်သည့်... လက်သီးတစ်လုံး... ထိုလူ၏ ရင်ဘတ်ကို... ထိမှန်သွားခဲ့ပြီး... သူ့ကို... သွေးများ... ဝေါ့ခနဲ အန်ချစေသည်။. အမည်းရောင် အလင်းတန်း တစ်ခုအဖြစ်... ပြောင်းလဲစေပြီး... အဟုန်ပြင်းစွာ လွင့်ထွက်သွားစေ၏ လမ်းတလျှောက်တွင် သစ်ပင်... တစ်ပင်ပြီးတစ်ပင်ကို... တိုက်ချိုးသွားခဲ့၏။
ယွမ်တန်ဘုံ စတုတ္ထအလွှာမှ ထိုလူ... ထိုနေရာ၌ပင်... ပွဲချင်းပြီး... သေဆုံးသွားခဲ့လေပြီ။
လက်သီးတစ်ချက်တည်းနှင့်... အဆုံးသတ်သွားသည်...။
"ကဲ၊ မင်းတို့ကို... နောက်ဆုံး... အခွင့်အရေး... တစ်ကြိမ်... ပေးမယ်...။ ငါ့အဖေ... ဘယ်မှာလဲ ပြော"
ဖုန်းဝူချန်က အေးစက်စွာ မေးလိုက်သည်။ သူ၏ ရေခဲတမျှ အေးစက်သော အကြည့်သည်... ကျန်ရှိသော ငါးယောက်ထံသို့... ကျဆင်းသွား၏။
လူငါးယောက်၏ မျက်နှာအမူအရာများသည်... လေးနက်နေပြီး... ဒေါသများဖြင့်... ပြည့်နှက်နေခဲ့သည်။
"ထိုက်ရွှီ နတ်ဘုရားသိုင်း"
သူတို့၏ ဖမ်းဆုပ်ရန် ခက်ခဲလှသော... ကိုယ်ဖော့သိုင်းပညာကို တစ်ဖန်... ထုတ်ဖော်လိုက်ကြပြီး... ပုံရိပ်များသည်... လျှို့ဝှက်ဆန်းကြယ်စွာ... ပျောက်ကွယ်သွားခဲ့ကြသည်။
"သေခြင်း၊ ရှင်ခြင်းကို... နားမလည်ကြဘူးပဲ"
ဖုန်းဝူချန်က... ရေခဲတမျှ အေးစက်စွာ ရေရွတ်လိုက်ပြီး...သူ့ကိုယ်မှ အစစ်အမှန်ယွမ်များကို...လည်ပတ်လိုက်တော့သည်။
"ဝုန်း..ဝုန်း.."
ယွမ်တန်ဘုံ ဆဌမအလွှာ၏... ကြောက်မက်ဖွယ် စွမ်းအားသည်... ဖုန်းဝူချန်၏ ခန္ဓာကိုယ်မှ... ပေါက်ကွဲ ထွက်ပေါ်လာခဲ့သည်။ ရွှေရောင်အလင်းများ... ထွက်ပေါ်လာပြီး... အစွမ်းထက်သော စွမ်းအင်လှိုင်းလုံးများ... တစ်ခုပြီးတစ်ခု... တလိပ်လိပ်.. မြင့်တက်သွားခဲ့၏။
"ယွမ်တန်ဘုံ... ဆဌမအလွှာ"
"ဖုန်းဝူချန်.. အဆင့်တက်သွားပြီ"
"ဒါ... ဘယ်လိုလုပ်... ဖြစ်နိုင်မှာလဲ"
လူငါးယောက်လုံး... အကြီးအကျယ်... တုန်လှုပ်သွားကြသည်။ သူတို့၏ ကြောက်ရွံ့မှုသည်... အဆုံးစွန်သို့... ရောက်ရှိသွားခဲ့ပြီး... ဤမျှ ကြောက်မက်ဖွယ် ကောင်းလှသော... ကျင့်ကြံမှု အရှိန်အဟုန်ကို... အံ့ဩ မှင်တက်သွားကြသည်။
တစ်လ... တစ်လတည်း အတွင်းမှာပင်... တိုးတက်မှု တစ်ခုလား...။
"အိုး...။ သူ... ယွမ်တန်ဘုံ ဆဌမအလွှာထဲကို... ရောက်သွားခဲ့ပြီပဲ"
ကျောက်တုံးများထဲတွင်... ပုန်းကွယ်နေသော... လျှို့ဝှက်ဆန်းကြယ် လူသည်လည်း... အတော်လေး... အံ့အားသင့်သွားခဲ့သည်။
"ယွမ်တန်ဘုံ... ဆဌမအလွှာ"
ပုန်းကွယ်နေသော ရှေးဟောင်း သစ်ပင်ကြီးတစ်ခုနှင့်... တောင်ထိပ်တစ်ခုမှ... မည်သည့်ဇာစ်မြစ်မှန်း မသိသော... ဤလူများ၏ မျက်နှာများအားလုံးတွင်... တုန်လှုပ်သော အမူအရာတစ်ခု... ထင်ဟပ်လာခဲ့သည်။
ကြမ်းတမ်းသော အရှိန်အဟုန်သည်... ခြိမ်းခြောက်နိုင်စွမ်း... ရှိလှပြီး... ထို အေးစက်... သွေးဆာနေသည့် မျက်လုံးများသည်... မည်သူမျှ... တည့်တည့်... စူးစူးရဲရဲ ကြည့်ဖို့... မဝံ့ရဲသည့်... အရာများပင်။
"နောင်တရဖို့... အခု... နောက်ကျသွားပြီ"
ဖုန်းဝူချန်က... လေးနက်စွာ... ရေရွတ်လိုက်သည်။ စကားလုံး တစ်လုံးချင်းစီတိုင်းသည်... လွှမ်းမိုးနိုင်စွမ်းရှိသော... သတ်ဖြတ်လိုစိတ်များဖြင့်... ဆူပွက်နေခဲ့သည်။
ယွမ်တန်ဘုံ ဆဌမအလွှာမှ လူက... ဟစ်အော်လိုက်၏။
"ငါတို့က... 'ကိုးထပ် ချန်ခွန်း မျှော်စင်' ကို... ရဖို့... စိတ်ပိုင်းဖြတ်ထားတာပဲ.."
"နဂါးနတ်ဘုရား အရိပ်"
ဖုန်းဝူချန်က... အသံတိုးတိုးဖြင့်... တိုက်ကွက် ဖော်လိုက်သည်။ သူ၏ ခန္ဓာကိုယ်သည်... ရုတ်ခြည်း... ပြောင်းလဲသွားပြီး... ယခင်ကထက်... နှစ်ဆ... သို့မဟုတ်... ထို့ထက်ပို၍... အလျင်အမြန်... ရွေ့လျားသွားခဲ့သည်။
"ဝှစ်... ဝှစ်... ဝှစ်"
လျှပ်စီးကဲ့သို့... လျှပ်တပြက်... ရွေ့လျားသွားပြီး... တောင်ပေါ် လမ်းငယ်လေး တစ်လျှောက်တွင်... ထင်ရှားသော... နောက်ဆက်တွဲ အရိပ်ယောင်များ... ချန်ထားခဲ့သည်။
ပြောရမည်ဆိုလျှင်... 'ထိုက်ရွှီ နတ်ဘုရား သိုင်း' သည်... အမှန်တကယ်ပင်... ဖမ်းဆုပ်ရန်... ခက်ခဲလှပေသည်။ ဖုန်းဝူချန်၏ ကြောက်မက်ဖွယ်...အမြန်နှုန်း ရှိနေလျှင်ပင်.. တိုက်ခိုက်လိုက်တိုင်း... ရန်သူများသည်... တိုက်ခိုက်မှု... ကျရောက်သည်နှင့်... လေထဲတွင်... ပျောက်ကွယ်သွားကြသည်။
'ထိုက်ရွှီ နတ်ဘုရား သိုင်း' ပညာရပ်၏... ကြောက်မက်ဖွယ် ကောင်းလှသည့် အချက်မှာ... အရှိန်အဟုန်တွင်... မဟုတ်...။ အကြောင်းမူကား... ဖုန်းဝူချန်သည်... လူငါးယောက်၏ အရှိန်အဟုန်ကို... လုံးဝ... ဂရုမစိုက်ခဲ့ပေ...။ သို့သော်... သူတို့၏... ချက်ချင်း... ပျောက်ကွယ်သွားနိုင်စွမ်း...။ အစစ်အမှန်နှင့်... ထင်ယောင်ထင်မှားကြားတွင်... စိတ်ဆန္ဒရှိသလို... ကူးပြောင်းနိုင်စွမ်းပင်။
'ထိုက်ရွှီ နတ်ဘုရား သိုင်း' သည်... ဤမျှ... ကြောက်မက်ဖွယ် ကောင်းသောကြောင့်ပင်... သူတို့... 'ကိုးထပ် ချန်ခွန်း မျှော်စင်' ကို... လုယူရန်... လာရောက်... ဝံ့ရဲခဲ့ကြခြင်း... ဖြစ်သည်။
"နက်နဲခြင်းအဆင့်... အလယ်အလတ် အရည်အသွေး... သိုင်းပညာ...။ ထိုက်ယင်... လက်ဝါး"
သူတို့ထဲမှ တစ်ယောက်... လျှို့ဝှက်ဆန်းကြယ်စွာ... ပေါ်ထွက်လာပြီး... ကျယ်လောင်စွာ... ဟိန်းဟောက်လိုက်ကာ... ရက်စက် ကြမ်းတမ်းသော လက်ဝါးတစ်ချက်ကို... ဖုန်းဝူချန်ထံသို့... လွှဲယမ်းလိုက်သည်။
"မောက်မာလိုက်တာ"
ဖုန်းဝူချန်က... မထီမဲ့မြင်... ပြောလိုက်သည်။ သူ... ချက်ချင်း... သတိထားလိုက်ပြီး... သူ၏ ကိုယ်ပိုင်... လက်ဝါးတစ်ချက်ဖြင့်... တန်ပြန်လိုက်သည်။
"ဂျုန်း"
မျက်စိတစ်မှိတ်အတွင်း... လက်ဝါးနှစ်ခု... ထိပ်တိုက် တွေ့ဆုံသွားပြီး... နားကွဲမတတ်... ပေါက်ကွဲသံနှင့်အတူ... ထိုလူ၏ မျက်နှာအမူအရာ... အကြီးအကျယ်... ပျက်ယွင်းသွားသည်။ သူ... သွေးများ... ဝေါ့ခနဲ အန်ချလိုက်ရပြီး... အမည်းရောင် အလင်းတန်းတစ်ခုအလား... နောက်သို့... ပစ်ထွက်သွားခဲ့သည်။
လက်ဝါးတစ်ချက်တည်း၏... စွမ်းအားဖြင့်... ထိုလူ... အပြင်းအထန်... ဒဏ်ရာရရှိသွားခဲ့သည်။
တစ်ယောက်ချင်းစီကို... အလှည့်ကျ... အနိုင်ယူရန်... ရည်ရွယ်လျက်...ဖုန်းဝူချန်သည်... ချက်ချင်းပင်... နောက်မှ ပြေးလွှားလိုက်သွားခဲ့သည်။
"နက်နဲခြင်းအဆင့်... အလယ်အလတ် သိုင်း.. လေပြင်း လက်ညှိုး"
လူတစ်ယောက်က...မာန်သွင်းရင်း ဝိညာဉ်လက်နက် တစ်ခုကို... ထုတ်ယူလိုက်ရာ.. အကြီးအကျယ်... အမြန်နှုန်း တိုးမြင့်လာခဲ့၏။ သူက ဖုန်းဝူချန်ကို... ကြားဖြတ် တားဆီးရန်... လက်ညှိုးဖြင့် ထိုးစိုက်လိုက်သည်။
"ဝှစ်"
လက်မောင်းတစ်လုံးစာမျှ တုတ်သော... ခန့်ညားထည်ဝါပြီး... ကြောက်မက်ဖွယ် စွမ်းအားများ... ပါဝင်နေသော ပြာရောင် စွမ်းအင်... ပေါက်ကွဲမှုတစ်ခု... လေထုကို... ဆွဲဖြဲသွား၏။
ဖုန်းဝူချန်က...တစ်ချက် နှာမှုတ်လိုက်ပြီး... ညာဘက်လက်ကို... ဆန့်တန်းလိုက်သည်။
'ဂျုန်း'
အံ့အားသင့်ဖွယ်ရာပင်... ဖုန်းဝူချန်သည်... ချဉ်းကပ်လာသော အပြာရောင် စွမ်းအင်ကို... သူ၏ လက်ဗလာဖြင့်... ဖမ်းဆုပ်လိုက်သည်။ ထို့နောက်... ခိုင်မာစွာ... ညှစ်ချေလိုက်ရာ... ကျယ်လောင်သည့် ပေါက်ကွဲသံ... ပဲ့တင်ထွက်လာပြီး... သူ... ထိုစွမ်းအင်ကို... ကြေမွ... ချေဖျက်ပစ်လိုက်သည်။
"ဒါ... ဘယ်လိုလုပ်... ဖြစ်နိုင်မှာလဲ"
ထိုလူ၏ မျက်နှာတွင်... ထိတ်လန့်မှုများ... ထင်ဟပ်လာခဲ့သည်။
အမှောင်ထဲတွင်... ပုန်းကွယ်နေသော... လျှို့ဝှက်ဆန်းကြယ် ပုံရိပ်များသည်... ချွေးစေးများ... ပျံလာကြပြီး... အားလုံး... ထိတ်လန့် တုန်လှုပ်သွားကြသည်။
ယွမ်တန်ဘုံ ပဉ္စမအလွှာ ကျွမ်းကျင်သူတစ်ဦး... ထုတ်လွှတ်လိုက်သော... သိုင်းပညာ စွမ်းအင်တစ်ခုကို... သူ၏ လက်ဗလာဖြင့်..ရင်ဆိုင်လိုက်သည်။...
ဖုန်းဝူချန်သည်... ရူးသွပ်လောက်အောင်... ရဲတင်းပြီး... လုံးဝ... ထင်ရာစိုင်းနေခဲ့သည်။
"ဝှစ်"
ဖုန်းဝူချန်... ပစ်ထွက်သွားခဲ့သည်။ သူ၏ အရှိန်အဟုန်... ကြောက်မက်ဖွယ် ကောင်းလှပြီး... သူ၏ မူလနေရာတွင်... လေပွေကြီးတစ်ခု... ချန်ထားခဲ့ကာ... မျက်စိတစ်မှိတ်အတွင်း... ရောက်ရှိသွားခဲ့သည်။
ထို ကြောက်မက်ဖွယ် အရှိန်အဟုန်သည်... ထိုလူအား... မည်သည့် အခွင့်အရေးမှ... မပေးခဲ့...။
‘ဘုန်း’
ကျယ်လောင်စွာ မြည်ဟိန်းလျက် ကြောက်မက်ဖွယ် စွမ်းအားတစ်ခု... ထိုလူ၏ ရင်ဘတ်ကို... ချိုင့်ဝင်သွားစေ၏။... သွေးများ... ပန်းထွက်လာကာ... သူ၏ ခန္ဓာကိုယ်သည်...အမြောက်ဆံတစ်ခု
အလား... ပျံသန်းသွားပြီး... အဝေးမှ တောင်ခြေရင်းရှိ... ကြီးမားသော ကျောက်တုံးကြီး တစ်ခုကို... ပြင်းထန်စွာ... ဆောင့်တိုက်မိတော့သည်။
ထို လက်သီးချက်ဖြင့်... ဖုန်းဝူချန်သည်... ထိုလူ၏ အတွင်း ကလီစာ အားလုံးအား... ကြေမွ သွားစေခဲ့ပြီး သူသည်.....ထိုနေရာ၌ပင်... ပွဲချင်းပြီး... သေဆုံးသွားခဲ့လေပြီ။
"တတိယ... ညီလေး"
အခြား လူများသည်... ဝမ်းနည်းပူဆွေးစွာ... အော်ဟစ်လိုက်ကြသည်။
"ဖုန်းဝူချန်...။ အသက်တစ်ချောင်း ပေးဆပ်လိုက်တော့"
သတ်ဖြတ်လိုစိတ်များဖြင့်... ဆူပွက်လျက်... ခေါင်းဆောင် ဖြစ်သူက... ဒေါသတကြီး... ဟိန်းဟောက်လိုက်သည်။
"နက်နဲခြင်းအဆင့်... အလယ်အလတ်တန်းစား... သိုင်းပညာ...။ ပြောင်းပြန်လှန်ခြင်း... လက်ဝါး"
"နက်နဲခြင်းအဆင့်... အလယ်အလတ်တန်းစား... သိုင်းပညာ...။ မိုးကြိုး... လက်ညှိုး"
"နက်နဲခြင်းအဆင့်... အဆင့်မြင့်... သိုင်းပညာ...။ အမှောင် ည... လှံ"
" ... "
ဒေါသထွက်နေသော လူလေးယောက်သည်... သူတို့၏ အစွမ်းအကုန်ကို အသုံးပြု၍... သူတို့၏ သိုင်းပညာများကို... ထုတ်ဖော်လိုက်ကြပြီး... တစ်ချိန်တည်း... တိုက်ခိုက်လိုက်ကြ၏။
"ခင်ဗျားတို့ကို... ဘယ်သူက... သတ္တိတွေ... ပေးလိုက်တာလဲ...။ ဒီလောက်... နည်းပါးလှတဲ့... အရည်အချင်းတွေနဲ့... ဒီနေရာကို လာပြီး... ကျွန်တော့်ရဲ့... 'ကိုးထပ် ချန်ခွန်း မျှော်စင်' ကို... လုယူဖို့... ကြိုးစားရဲကြတာ"
ဖုန်းဝူချန်က မေးလိုက်သည်။ သူ၏ မျက်လုံးများသည်... အေးစက်နေခဲ့ပြီး... သူ့ထံသို့... တဟုန်ထိုး... ပြေးဝင်လာသော... အစွမ်းထက် စွမ်းအား လှိုင်းလေးခုကို... ကြောက်ရွံ့ခြင်း ကင်းမဲ့စွာ...... ကြည့်နေခဲ့သည်။
ထိုသူတို့ကို... လုံးဝ... အလေးအနက်... မထားခဲ့ပေ။
"ဝုန်း..ဝုန်း.."
ဖုန်းဝူချန်... တစ်လက်မမျှပင်... မရွေ့လျားခဲ့...။ ကြောက်မက်ဖွယ် စွမ်းအား လှိုင်းလေးခုလုံး... သူ့ကို... တိုက်ရိုက်... ထိမှန်သွားခဲ့ပြီး... ပေါက်ကွဲသံများ... တောင်တန်းများအနှံ့... ပဲ့တင်ထပ်သွားခဲ့သည်။ မြေပြင်သည်... သိမ့်ခနဲ တုန်ခါသွားပြီး... ပေပေါင်း ဆယ်ဂဏန်းမျှ အက်ကွဲကြောင်းများ..... အပြင်သို့ စီးဆင်းသွားခဲ့၏။
“ဟက် ..သေလမ်းရှာနေတာ...။ ငါတို့ကို... ဒီလောက်တောင်... လျှော့တွက်ရဲတယ်"
လူတစ်ယောက်က... မျက်နှာ မည်းမှောင်စွာ... အော်ဟစ်လိုက်ပြီး... ရက်စက်သော အပြုံး တစ်ခု... သူ၏ မျက်နှာပေါ်တွင်... ပေါ်ပေါက်လာခဲ့၏။
"သူ... မသေရင်တောင် ဒဏ်ရာအပြင်းအထန် ရစေရမယ်...။ သူ့ကို သတ်ပြီး... ငါတို့ရဲ့ တတိယ ညီလေးအတွက်... လက်စားချေကြစို့...။ ပြီးရင်... 'ကိုးထပ် ချန်ခွန်း မျှော်စင်' က... ငါတို့ဟာပဲ.."
ယွမ်တန်ဘုံ ဆဌမအလွှာမှ ခေါင်းဆောင်က... ဒေါသတကြီး... ဟိန်းဟောက်လိုက်သည်။
လူလေးယောက်... ပူးပေါင်း တိုက်ခိုက်လိုက်ရာ... သူတို့၏ စွမ်းအားသည်... အကြွင်းမဲ့... ကြောက်မက်ဖွယ် ကောင်းလှ၏။ သူတို့တွင်... ဤ ယုံကြည်မှု... ရှိနေခဲ့သည်။
"ဖုန်းဝူချန်က... တကယ်ပဲ... အဲ့ဒီလောက်... ယုံကြည်မှု... ရှိနေတာလား"
တောင်ထိပ်ပေါ်မှ လူတစ်ယောက်က... မျက်မှောင်ကြုတ်ရင်း... ပြောလိုက်သည်။
"ကိုယ့်ကိုယ်ကိုယ်... အထင်ကြီးလွန်းတဲ့... သကောင့်သား...။ အရမ်း... ထင်ရာစိုင်းတာပဲ"
အခြား လူတစ်ယောက်က... အေးစက်စွာ...ရှုတ်ချလိုက်သည်။
သူတို့ အားလုံး... မြင်တွေ့လိုက်ကြသည်မှာ... ဖုန်းဝူချန်သည်... ရှောင်တိမ်းဖို့... တန်ပြန် တိုက်ခိုက်ဖို့ပင် စိတ်မဝင်စားခဲ့ဘဲ... လူလေးယောက်၏ စုပေါင်းတိုက်ကွက်များကို... သူ့အား... ထိမှန်စေရန်... ခွင့်ပြုလိုက်ခြင်းပင်။
တောင်တန်း ပတ်ဝန်းကျင်တွင်.. အားလှိုင်းလုံးများဖြင့်... ပြည့်နှက်နေခဲ့ကာ ထူထဲသော မီးခိုးများ...တလူလူ တက်နေခဲ့သည်။ ဖုန်းဝူချန်... ဒဏ်ရာရသည်... ဖြစ်စေ... မရသည်... ဖြစ်စေ... မည်သူမျှ... မသိရှိနိုင်ကြပေ...။
ခဏအကြာတွင်... ထူထဲသော မီးခိုးများသည်... လေနှင့်အတူ... လွင့်ပြယ်သွားခဲ့ပြီး... ဖုန်းဝူချန်... ရပ်နေခဲ့သော နေရာသည်... ယခုအခါ... ကြီးမားသော ချိုင့်ဝှမ်းကြီး တစ်ခု... ဖြစ်နေခဲ့၏။ သို့သော်... ချိုင့်ဝှမ်း၏ အလယ်ဗဟိုမှ မြေပြင်ကမူ
မထိခိုက်ခဲ့ပေ။
အကြောင်းမူကား... ထိုနေရာတွင်... ဖုန်းဝူချန်... ရပ်နေခဲ့သောကြောင့်ပင်။
ယွမ်တန်ဘုံ ပဉ္စမအလွှာမှ လူသုံးယောက်နှင့်... ဆဌမအလွှာမှ တစ်ယောက်တို့၏... ပူးပေါင်း တိုက်ခိုက်မှုကို... ရင်ဆိုင်ပြီးသည့်တိုင်... ဖုန်းဝူချန်သည်... လုံးဝ... ထိခိုက်မှု... မရှိခဲ့ပေ။
"ဒါ... ဒါ... မဖြစ်နိုင်ဘူး"
"ငါတို့... သရဲ... မြင်နေတာလား...။ ဒီကောင်လေးက... မိစ္ဆာလား"
ဖုန်းဝူချန်... သူတို့၏ ရှေ့မှောက်တွင်... ဒဏ်ရာ တစ်စက်မျှပင် မရရှိဘဲ... ရပ်နေသည်ကို မြင်တွေ့လိုက်ရသောအခါ... လူလေးယောက်၏ မျက်နှာ အမူအရာများသည်... ထိတ်လန့်မှုများဖြင့်... ပြည့်နှက်သွားပြီး... သူတို့၏ မျက်လုံးများ... အစွမ်းကုန်... ပြူးကျယ်သွားခဲ့ကြ၏။
"တကယ်... ထူးခြား ပြောင်မြောက်တယ်...။ ဖုန်းဝူချန်ရဲ့... ရုပ်ခန္ဓာက... ဒီလောက်...လန့်ဖို့ ကောင်းလာပြီလား"
ရှေးဟောင်း သစ်ပင်ကြီးပေါ်တွင်... ထိုင်နေသော ခေါင်းဆောင်က... အံ့အားတသင့်... အော်ဟစ်လိုက်မိသည်။ သူ၏ မျက်လုံးများတွင်... တုန်လှုပ်မှုနှင့်... မယုံကြည်နိုင်မှုတို့ဖြင့်... ပြည့်နှက်နေခဲ့၏။
"တကယ် မယုံနိုင်စရာပဲ"
အရိပ်များထဲတွင်... ပုန်းကွယ်နေသူများ... အားလုံး... ဆွံ့အသွားကြသည်။
ထိုနေရာတွင်... ဖုန်းဝူချန်... ရပ်နေခဲ့သည်။ လူလေးယောက်၏ တိုက်ခိုက်မှုများကို... တစ်လက်မမျှပင်... မရွေ့လျားဘဲ... လက်ခံလိုက်သည်...။
ဤသို့သော... ရူးသွပ်မှုကို... အခြား... မည်သူ... ဝံ့ရဲမည်နည်း။
မျက်လုံးများ... ထူးကဲစွာ... အေးစက်လျက်... ဖုန်းဝူချန်က... သူ၏ လက်ကို ဆန့်တန်းလိုက်ရာ... အထွတ်အထိပ် နဂါးနတ်ဘုရားဓားသည်... ဘာမှမရှိသည့် လေဟာနယ်ထဲမှ... ပေါ်ထွက်လာ၏။ ၎င်းက... ရိုင်းစိုင်းစွာ... ခြိမ်းခြောက်နိုင်သော... အရှိန်အဝါတစ်ခုကို... ထုတ်လွှတ်နေခဲ့သည်။
ထိုက်ရွှီဂိုဏ်းမှ... ကျွမ်းကျင်သူ လေးယောက်… အကြောက်တရားများဖြင့်.. ပြည့်နှက်နေခဲ့သည်။ ဖုန်းဝူချန်၏ အစွမ်းသည်... အလွန်...သန်မာလှ၏။ သူတို့... သူ၏ ပြိုင်ဘက်... မဟုတ်ကြ...။ 'ကိုးထပ် ချန်ခွန်း မျှော်စင်' ကို... လုယူရန်... ကြိုးစားခြင်းသည်... အမှား... တစ်ခုတည်း။
"အလယ်အလတ်တန်းစား... ဝိညာဉ်လက်နက်"
ဖုန်းဝူချန်... နတ်ဘုရား လက်နက်ကို... ထုတ်ဖော်လိုက်သည်နှင့်... လူများသည်... ကြောက်လန့်မှုကြောင့်... မျက်နှာ... သွေးဆုတ် ဖြူရော်သွားကြသည်။
ခေါင်းဆောင်က... ထိတ်လန့်တကြား... အော်ဟစ်လိုက်သည်။
“ပြေး... ပြေးကြ"
ဖုန်းဝူချန်... အထွတ်အထိပ် နဂါးနတ်ဘုရားဓားကို... ဆင့်ခေါ်လိုက်သည့်... ထိုအခိုက်အတန့်... ထို ခြိမ်းခြောက်နိုင်ပြီး... ကြောက်မက်ဖွယ် ကောင်းသော... အရှိန်အဝါ...။ သူ... အေးစက်သော ကြောက်ရွံ့မှုတစ်ခုကို... ခံစားလိုက်ရပြီး... ခုခံရန်... စိတ်ဆန္ဒ... တစ်စွန်းတစ်စမျှပင်... ကင်းမဲ့သွားခဲ့သည်။
"ဝှစ်... ဝှစ်... ဝှစ်"
လူလေးယောက်... ထွက်ပြေးရန်... စဉ်းစားလိုက်သည်နှင့်... ဖုန်းဝူချန်သည်... ချက်ချင်းပင်... လှုပ်ရှားလိုက်ပြီး ဖြစ်၏။
သူ၏ အရှိန်အဟုန်သည်... စိတ်ကူးကြည့်၍... မရနိုင်လောက်အောင်... မြန်ဆန်လှသည်။
မျက်စိတစ်မှိတ်အတွင်း... လတ်ဆတ်သော သွေးတန်း... သုံးကြိမ်... ပန်းထွက်လာခဲ့စဉ်.. လူသုံးယောက်... သူတို့၏ လည်ချောင်းများကို... ထိတ်လန့်တကြား... ဆုပ်ကိုင်ထားလိုက်ကြသည်။
တစ်ချိန်တည်းမှာပင်... ယွမ်တန်ဘုံ ဆဌမအလွှာမှ ခေါင်းဆောင်သည်... ရွေ့လျားရန်... မဝံ့ရဲတော့...။
တစ်ကိုယ်လုံး... တဆတ်ဆတ် တုန်ယင်နေခဲ့သည်။ အကြောင်းမူကား... အထွတ်အထိပ်နဂါးနတ်ဘုရားဓားသည်..သူ၏ လည်ပင်းတွင်... အသင့်... ရောက်ရှိနေခဲ့သောကြောင့်ပင်။
ခဏလေး... အတွင်းမှာပင်... လူသုံးယောက်... သူတို့၏ လည်ချောင်းများ... ထိုးဖောက်ခံလိုက်ရပြီး... လဲကျသွားခဲ့ကြသည်။
သူ၏ အရှိန်အဟုန်သည်... မည်မျှ... ကြောက်မက်ဖွယ် ကောင်းလိုက်ပါသနည်း။
ဖုန်းဝူချန်၏... ခြိမ်းခြောက်နိုင်သော... ကိုယ်ဖော့သိုင်းပညာသည်... ပုန်းကွယ်နေသော... အစွမ်းထက် ပုဂ္ဂိုလ်ကြီးများကို... အလွန်အမင်း... သတိထားသွားစေခဲ့ပြီး... သူတို့ အားလုံး... စိတ်လှုပ်ရှားစွာဖြင့်... တံတွေးများ... မျိုချလိုက်မိကြသည်။
"ကျေး... ကျေးဇူးပြုပြီး... ကျွန်တော့်ကို... မသတ်ပါနဲ့...။ စစ်... စစ်သူကြီးချုပ်... ကျွန်တော့်... အသက်ကို... ချမ်းသာပေးပါ"
ခေါင်းဆောင်က... ထိတ်လန့်တကြား... တောင်းပန်လိုက်သည်။ သူ၏ နှုတ်ခမ်းများ... တုန်ယင်နေပြီး... သူ၏ လည်ချောင်းသည်... ခြောက်ကပ်လွန်းလှရာ... သူ... သတိပင်... မထားမိတော့...။
"ငါ့ အဖေ... ဘယ်မှာလဲ"
ဖုန်းဝူချန်က... အေးစက်စွာ... မေးလိုက်သည်။ သူ၏ ရေခဲတမျှ အေးစက်သော အသံသည်... လူတစ်ယောက်၏ နှလုံးသားကို... တုန်လှုပ်သွားစေနိုင်၏။
"ကျွန်... ကျွန်တော်... မသိဘူး"
ထိုလူက... ထိတ်လန့်တကြား... တုံ့ပြန်လိုက်သည်။ သူ၏ အကြည့်သည်... သူ၏ ရှေ့မှ... သွေးနီရောင် ဓားပေါ်တွင်... စူးစိုက်နေခဲ့သည်။
"ဟမ်"
ဖုန်းဝူချန်၏ မျက်နှာအမူအရာ... မည်းမှောင်သွား၏။
"စစ်သူကြီးချုပ်...။... တကယ်ပဲ... ခင်ဗျားအဖေ... ဘယ်မှာလဲဆိုတာ... မသိပါဘူး...။ ကျွန်တော်တို့ ခင်ဗျားအဖေကို... တစ်ခါမှ... မမြင်ဖူးပါဘူး"
ထိုလူက... ကြောက်လန့်တကြား... ပြောလိုက်သည်။ သူ၏ ဝိညာဉ်သည်... ကြောက်ရွံ့မှုကြောင့်... ပြန့်ကြဲထွက်သွားမတတ်... ဖြစ်နေခဲ့သည်။
"ရွှတ်.."
ထိုလူ... စကားဆုံးသည်နှင့်... အထွတ်အထိပ် နဂါးနတ်ဘုရားဓားသည်... သနားညှာတာမှု ကင်းမဲ့စွာ... လှီးဖြတ်သွားခဲ့ပြီး... သွေးများ... တစ်ဖန်... ပန်းထွက်လာခဲ့သည်။
မျှော်လင့်ချက် ကင်းမဲ့သော ... မျက်လုံးများဖြင့် ထိုလူ... ဘုန်းခနဲ လဲကျသွား၏။
ထိုက်ရွှီဂိုဏ်းမှ... သခင် ခြောက်ယောက်... အားလုံး... ဖုန်းဝူချန်၏ လက်ချက်ဖြင့်... သေဆုံးသွားခဲ့ကြလေပြီ။
ဖုန်းဝူချန်၏... ကြောက်မက်ဖွယ် အစွမ်းနှင့်... ရက်စက်သော လုပ်ဆောင်မှုများသည်... အရိပ်များထဲတွင်... ပုန်းကွယ်နေသော... အစွမ်းထက် ပုဂ္ဂိုလ်ကြီးများကို... အသက်အောင့်ထားစေခဲ့ပြီး... လှုပ်ရှားရန်... မဝံ့ရဲကြတော့...။ သူ၏... သတိပြု.. ခံရမည်ကို... စိုးရိမ်သောကြောင့်ပင်..။
"ဖုန်းဝူချန်ရဲ့ အစွမ်းက... အရမ်း... အားကြီးတယ်...။ လောလောဆယ်... တိုက်ခိုက်တာကို... ဆိုင်းငံ့ထားလိုက်...။ ထိုက်ရွှီဂိုဏ်းက... ကျွမ်းကျင်သူ ခြောက်ယောက်... ကြေကွဲဖွယ်... ကံကြမ္မာနဲ့... ကြုံတွေ့သွားမှတော့... ငါတို့ သုံးယောက်လည်း... သူ့ကို... မသတ်နိုင်ဘူး"
ဟု တောင်ထိပ်ပေါ်မှ ခေါင်းဆောင်က... မျက်မှောင်ကြုတ်ရင်း... ပြောလိုက်သည်။
သူ၏ မျက်လုံးများတွင်... ကြောက်ရွံ့မှုများဖြင့်... ပြည့်နှက်လျက်... ဖုန်းဝူချန်ကို... စောင့်ကြည့်နေခဲ့သည်။
"ဆက်... စောင့်ကြ...။ အကောင်းဆုံး... အခွင့်အရေးကို... စောင့်...။ ရန်သူ... မလှုပ်ရင်... ငါလည်း... မလှုပ်ဘူး"
ရှေးဟောင်း သစ်ပင်ကြီးပေါ်မှ ခေါင်းဆောင်က... လေးနက်စွာ... ပြောလိုက်သည်။
ထိုနည်းတူပင်... စိုးရိမ်ကြောင့်ကြမှုများဖြင့်... ပြည့်နှက်လျက်...၊
ကျောက်တုံးများထဲတွင်... ပုန်းကွယ်နေသော... လျှို့ဝှက်ဆန်းကြယ် လူသည်ပင်လျှင်... လှုပ်ရှားမှု... မပြုခဲ့ချေ...။
သူတို့က... ဖုန်းဝူချန်... ခြေတစ်လှမ်းချင်းစီ... ထွက်ခွာသွားသည်ကို... စောင့်ကြည့်နေခဲ့ကြသည်။
*...ထိုက်ရွှီ နတ်ဘုရား... အရိပ်... ပညာရပ်...။ ဒီကိုယ်ဖော့သိုင်းပညာက... ဘယ်... အင်အားစုနဲ့... သက်ဆိုင်တာလဲ...။*
ဖုန်းဝူချန်က မျက်ခုံးများ... တွန့်ချိုးသွားပြီး... တွေးတောလိုက်မိသည်။ ပြင်းထန်သော... သတ်ဖြတ်လိုစိတ် တစ်ခု... သူ၏ မျက်ဝန်းများထဲတွင်... လျှပ်တပြက်... ဖြတ်သန်းသွား၏။
အထွတ်အထိပ် နဂါးနတ်ဘုရားဓားကို... သူ၏ ခန္ဓာကိုယ်အတွင်းသို့... ပြန်လည် သိမ်းဆည်းလိုက်ရင်း... ဖုန်းဝူချန်... စဉ်းစားလိုက်သည်။
*...ဘယ်သူ... ဘယ်သူက... ငါ့အဖေကို... ခေါ်ထုတ်သွားတာလဲ...။ အဖေ့ကို သုံးပြီး... ငါ့ကို... ခြိမ်းခြောက်ဖို့... ကြံရွယ်နေတာလား...။ ဘယ်သူပဲ... ဖြစ်ဖြစ်... ငါ... ဂရုမစိုက်ဘူး...။ ဟမ့်၊ ငါ့ကို... ခြိမ်းခြောက်ရဲတယ်... ဆိုကတည်းက.. သေခြင်းတရားကို...ကြိုဆိုနေတာပဲ...။*