← Chapters

ကျီးရှင်းဂိုဏ်း၏ ကာကွယ်စောင့်ရှောက်သူ

Vol. 12 Ch. 179

ကျီးရှင်းဂိုဏ်း၏ ကာကွယ်စောင့်ရှောက်သူ

Vol. 12 Ch. 179

~"စစ်သူကြီးချုပ်...။ ကျွန်တော်တို့... တစ်ခု... ရှာတွေ့ပါတယ်"

ဖုန်းမိသားစု ခန်းမဆောင်ထဲတွင်... ဟွမ်ယန်က လေးစားစွာ သတင်းပို့လိုက်သည်။

"ကျွန်တော် သံသယဝင်ခဲ့တဲ့အတိုင်းပါပဲ...။ ရွှေယွဲ့အင်ပါယာ... ထိုက်ရွှီဂိုဏ်းရဲ့... ကိုယ်ဖော့သိုင်းပညာ...။ တကယ်ပဲ... ရွှေယွဲ့အင်ပါယာရဲ့... ထိုက်ရွှီဂိုဏ်းနဲ့... သက်ဆိုင်ပါတယ်...။ စစ်သူကြီးချုပ်... သတ်ဖြတ်ခဲ့တဲ့... လူခြောက်ယောက်က... ထိုက်ရွှီဂိုဏ်းက... လူတွေပါပဲ"

"ရွှေယွဲ့အင်ပါယာ"

ဖုန်းဝူချန်၏ မျက်ခုံးများ အနည်းငယ် တွန့်ချိုးသွားသည်။

*...သေစမ်း...။ ဒီကောင်တွေ... တကယ်ပဲ... ငါ့မျှော်စင်ကို... လာလုကြတာကိုး...။ လေကျွယ် ရှုံးသွားတာကို... မကျေနပ်လို့... လက်စားချေတာလား...။ ဒါမှမဟုတ်... အစကတည်းက... ကြံစည်ထားတာလား...။*

ဟွမ်ယန်က လေးစားစွာ သတင်းပို့လိုက်သည်။

"အတိအကျပါပဲ...။ ထိုက်ရွှီဂိုဏ်းရဲ့ အစွမ်းက... ထျန်းယွင်ဂိုဏ်းနဲ့... နှိုင်းယှဉ်နိုင်ပါတယ်...။ ဒါပေမဲ့... သူတို့ရဲ့ ဂိုဏ်းချုပ်က... ကူချင်းရွှမ်ထက်... ပိုသန်မာတယ်...။ ထျန်းယွမ်ဘုံ ဒုတိယအလွှာမှာ... ရှိနေပြီး... အလွန် မြင့်တဲ့ စွမ်းအား... ရှိပါတယ်...။ ရွှေယွဲ့အင်ပါယာရဲ့ ဧကရာဇ်တောင်မှ... သူတို့ကို လေးစားပေးရပါတယ်"

ခဏမျှ ရပ်တန့်လိုက်ပြီးနောက်... ဟွမ်ယန်က ဆက်လက် ပြောလိုက်သည်။

"ဒီတစ်ကြိမ်... ထိုက်ရွှီဂိုဏ်းက... စစ်သူကြီးချုပ်ရဲ့... 'ကိုးထပ် ချန်ခွန်း မျှော်စင်' ကို လုယူဖို့... လှုပ်ရှားလာခဲ့တယ်...။ ကြည့်ရတာ... အင်ပါယာ အသီးသီးက... တခြား အဓိက အင်အားစုကြီးတွေကလည်း... မျက်စိကျနေကြပုံပါပဲ...။ မကြာသေးမီက... အင်ပါယာထဲကို... အစွမ်းထက် ပုဂ္ဂိုလ်ကြီးတွေ... အများအပြား... ဝင်ရောက်လာခဲ့ပါတယ်...။ ကျွန်တော် စိုးရိမ်မိတာက... သူတို့အားလုံး... စစ်သူကြီးချုပ်ရဲ့... 'ကိုးထပ် ချန်ခွန်း မျှော်စင်' အတွက်... လာကြတာ... ဖြစ်မှာကိုပါပဲ"

"ကျွန်တော့်... အဖေနဲ့ ပတ်သက်တဲ့... သတင်း... တစ်ခုခု... ရသေးလား"

ဖုန်းဝူချန်က မျက်မှောင်ကြုတ်ရင်း မေးလိုက်သည်။

"မရသေးပါဘူး...။ ကျွန်တော်တို့... ဆက်လက်... စုံစမ်းနေဆဲပါ"

ဟွမ်ယန်က ခေါင်းခါလိုက်ပြီး ဆိုသည်။

"ဧကရာဇ်က... ဒီကိစ္စကို... သိရှိပြီး ဖြစ်ပါတယ်...။ ပြီးတော့... အဓိက အင်ပါယာကြီးတွေ အားလုံးမှာ... သဲလွန်စတွေ... လိုက်လံ စုံစမ်းဖို့... လူတွေ... စေလွှတ်ထားပါတယ်...။ ထပ်လောင်းပြီးတော့... ဧကရာဇ်က... စစ်သူကြီးချုပ်ကို... ရွှေယွဲ့ ဧကရာဇ်ကို... သတိထားဖို့... အကြံပေးထားပါတယ်"

ဖုန်းဝူချန်က ခေါင်းညိတ်လိုက်သည်။ သူ၏ မျက်နှာအမူအရာသည် ပို၍ပင် သုန်မှုန်သွားတော့၏။

ဖုန်းကျိန့်ရှုံး၏ သတင်း... တစ်စုံတစ်ရာမျှ... မရရှိဘဲ... ဖုန်းဝူချန်သည်... ရိုးရှင်းစွာ... စိတ်မအေးနိုင်ခဲ့...။ ဖုန်းကျိန့်ရှုံး၏ ဘေးကင်းလုံခြုံမှုအတွက်... အဆက်မပြတ်... စိုးရိမ် ပူပန်နေခဲ့သည်။

"အစ်ကိုကြီးဖုန်း...။ အရမ်းကြီး... စိတ်မပူပါနဲ့...။ ဦးလေးဖုန်း... သေချာပေါက်... ဘာမှ... ဖြစ်မှာ မဟုတ်ပါဘူး နော်"

လင်ရှောင်ရှောင်က သူ့ကို နှစ်သိမ့်လိုက်သည်။

လျိုချင်းယန်ကလည်း ယုံကြည်မှု အပြည့်ဖြင့် ပြောလိုက်သည်။

"သူတို့က... ဦးလေးဖုန်းကို သုံးပြီး... အစ်ကိုဖုန်းကို... ခြိမ်းခြောက်ချင်တယ် ဆိုရင် ဦးလေးဖုန်း သေချာပေါက်... ထိခိုက်မှု... မရှိလောက်ပါဘူး"

"အဲ့လိုပဲ... မျှော်လင့်ရတာပေါ့ကွယ်"

ရှောင်ချင်းချင်းက စိုးရိမ်တကြီး ခေါင်းညိတ်လိုက်သည်။

"စစ်သူကြီးချုပ်...။ ခင်ဗျားရဲ့ အခြေအနေက... အလွန်... အန္တရာယ်များပါတယ်...။ သူတို့အားလုံးက... 'ကိုးထပ် ချန်ခွန်း မျှော်စင်' အတွက်... လာနေကြတာ...။ ကျွန်တော်တို့... စစ်သည်တော်တွေ... ဒီကို... စေလွှတ်ထားသင့်လား... ခင်ဗျာ" ဟု ဟွမ်ယန်က မေးလိုက်သည်။ ဖုန်းမိသားစုဝင် အားလုံး၏ ဘေးကင်းလုံခြုံမှုအတွက်... အမှန်တကယ်... စိုးရိမ်နေမိ၏။

အင်ပါယာ အသီးသီးမှ အဓိက အင်အားစုကြီးများ၏ အစွမ်းထက် ပုဂ္ဂိုလ်ကြီးများသည်... သံသယဖြစ်ဖွယ်မရှိ... အစွမ်းထက်လှသည်။ ထိုက်ရွှီဂိုဏ်း ကဲ့သို့ပင်... သူတို့... ယွမ်တန်ဘုံ ကျွမ်းကျင်သူ ခြောက်ယောက်ကို... တစ်ကြိမ်တည်း... စေလွှတ်ခဲ့သည်။

သဘာဝကျစွာပင်... အခြား အဓိက အင်အားစုများသည်လည်း... အားနည်းကြမည် မဟုတ်ပေ။ အထူးသဖြင့်... ဖုန်းကျိန့်ရှုံး၏... လျှို့ဝှက်ဆန်းကြယ်စွာ... ပျောက်ဆုံးသွားမှုနှင့်အတူ ဖုန်းမိသားစု၏ အင်အားသည်... ခုခံရန်... အလွန်... အားနည်းလှသည်။...။

"မလိုအပ်ပါဘူး...။ သူတို့... အခုလောက်ထိ... ဗြောင်ကျကျ... လုပ်ရဲဦးမှာ... မဟုတ်သေးဘူး...။ ကျွန်တော့်အဖေကို... ခေါ်သွားတဲ့သူတွေက... 'ကိုးထပ် ချန်ခွန်း မျှော်စင်' အတွက်... လုပ်ခဲ့တာဆိုရင်...... သေချာပေါက်... နောက်တစ်ကြိမ်... လှုပ်ရှားလာမှာပါ"

ဖုန်းဝူချန်က လေးနက်သော အသံဖြင့် ကြေညာလိုက်၏။

တစ်ပြိုင်နက်ထဲ၌ သူသည် စိတ်ထဲမှာ ကြုံးဝါးလိုက်သည်။

*...လာစမ်းပါ...။ ငါ... စောင့်နေတယ်...။ ဘယ်သူတွေ... ငါ့မျှော်စင်ကို... လာလုရဲလဲ... ကြည့်ကြသေးတာပေါ့...။*

"ဒါတွေအားလုံးက... အစ်ကိုဖုန်းရဲ့... 'ကိုးထပ် ချန်ခွန်း မျှော်စင်' အတွက်ပဲ ဆိုတာ... ကျွန်တော်... သိသားပဲ...။ ဘယ်သူလဲဆိုတာသာ....သိရင်... အမှုန့် ချေပစ်မယ်"

လျိုချင်းယန်က သူ၏ လက်သီးများကို ဆုပ်လိုက်ပြီး... ဒေါသများဖြင့်... ဆူပွက်နေခဲ့သည်။

ဖုန်းဝူချန်က မျက်မှောင်ကြုတ်ရင်း... "အားလုံးပဲ... ဒီအတောအတွင်း... ဖုန်းစံအိမ်တော်မှာပဲ... ကျင့်ကြံနေကြပါ" ဟု ညွှန်ကြားလိုက်သည်။

မကြာသေးမီက... အစွမ်းထက် ပုဂ္ဂိုလ်ကြီးများ... အလွန်အကျွံ... ပေါ်ပေါက်လာခဲ့၏။ မဆင်မခြင်... အပြင်ထွက်ခြင်းသည်... မမျှော်လင့်ထားသော အန္တရာယ်များဆီသို့... ဦးတည်သွားနိုင်ပေသည်။

"အစ်ကိုကြီးဖုန်း...။ ရှောင်ရှောင်... ဒီမှာ ရှိနေမှတော့...သူတို့ကို ရင်ဆိုင်တဲ့အခါ... စိတ်ချနိုင်ပါတယ်...။ အနည်းဆုံးတော့... ရှောင်ရှောင်... သူတို့ကို... ဆွဲထုတ်ပေးနိုင်ပါတယ်...။ အစ်ကိုကြီးဖုန်းရဲ့... လက်ရှိ စွမ်းအားနဲ့ဆို... သူတို့... ထျန်းယွမ်ဘုံထဲမှာ... မဟုတ်သရွေ့... ရှင့်ရဲ့ ပြိုင်ဘက်... မဟုတ်

ကြပါဘူး"

လင်ရှောင်ရှောင်က ပြောလိုက်သည်။ သူမက ဖုန်းဝူချန်၏ စွမ်းအားအပေါ်... အလွန်အမင်း... ယုံကြည်မှု ရှိနေ၏။

လင်ရှောင်ရှောင်... ဖုန်းမိသားစုတွင် ရှိနေမှတော့... လုံးဝ... ဘေးကင်းလုံခြုံပေသည်။ သူမ၏ ကြောက်မက်ဖွယ် ခုခံရေး အခင်းအကျင်းသည်... မည်သူ့ကိုမျှ... ချိုးဖောက်နိုင်စွမ်း... မရှိပေ။

"ငါ့ရဲ့... 'ကိုးထပ် ချန်ခွန်း မျှော်စင်' ကို... ဘယ်နှစ်ယောက်က... လုယူချင်နေကြလဲ... ဆိုတာ မြင်ချင်သေးတယ်"

ဖုန်းဝူချန်၏ အသံသည်... သုန်မှုန်နေခဲ့ပြီး... ခြိမ်းခြောက်နိုင်သော... သတ်ဖြတ်လိုစိတ် တစ်ခု... သူ၏ မျက်ဝန်းများထဲတွင်...လျှပ်ပြေးသွား၏။

ဖုန်းဝူချန်၏ လက်ရှိ ကျင့်ကြံမှု အဆင့်ဖြင့်... ထျန်းယွမ်ဘုံ အောက်မှ... မည်သူမျှ... သူ့ကို... စိန်ခေါ်နိုင်မည် မဟုတ်ပေ။

'ကိုးထပ် ချန်ခွန်း မျှော်စင်' ကို လောဘတက်နေသူများသည်... အမှန်တကယ်ပင်... ဖုန်းမိသားစုကို... ပေါ်ပေါ်ထင်ထင်... တိုက်ခိုက်ရန်... မဝံ့ရဲကြပေ။

အကြောင်းမူကား... ဖုန်းဝူချန်သည်... အင်ပါယာ၏ စစ်သူကြီးချုပ်... ဟူသော ဘွဲ့ထူးကိုလည်း... ပိုင်ဆိုင်ထား

သောကြောင့်တည်း။ သူတို့... ယန်ဟော် အင်ပါယာ၏ ဧကရာဇ်ကို... စော်ကားရန်... ဝံ့ရဲကြမည် မဟုတ်ပေ။

သူတို့... ဝံ့ရဲခဲ့လျှင်ပင်... ဖုန်းဝူချန်သည်... အနည်းငယ်မျှပင်...မပူနေပေ။ သူက... ထိုသူတို့... လာကြမည်ကိုပင်... မျှော်လင့်နေခဲ့သည်။

ဟုတ်ပါသည်။ ဖုန်းဝူချန်သည်... ဖုန်းမိသားစုတွင်... ထာဝရ... ပုန်းကွယ်နေရုံဖြင့်... မဖြစ်နိုင်ပေ...။

အပြင်မထွက်ဘဲ... မည်သည့် အင်အားစုက... အကျိုးအမြတ် ဝေစုကို... လိုချင်နေသည်ကို... သူ... မည်သို့... သိနိုင်မည်နည်း။ မည်သည့် အင်အားစုက... ဖုန်းကျိန့်ရှုံးကို... ပြန်ပေးဆွဲသွားသည်ကို... သူ... မည်သို့... ရှာဖွေနိုင်မည်နည်း။

ထို့အပြင်... ထိုက်ရွှီဂိုဏ်းသည်... ဖြစ်နိုင်ခြေအားဖြင့်... တစ်ဖန်... ထပ်မံ... တိုက်ခိုက်လာပေဦးမည်။

"ဝီ"

ထိုစဉ်မှာပင်... လွှမ်းမိုးနိုင်စွမ်းရှိသော အရှိန်အဝါတစ်ခု... ရုတ်တရက်... ဖုန်းစံအိမ်တော်ကို... လွှမ်းခြုံသွားခဲ့သည်။

အလွန် ကြောက်မက်ဖွယ် ကောင်းသော စွမ်းအားတစ်ခု... စီးဆင်း ထွက်ပေါ်လာပြီး... ပြိုင်ဘက်ကင်းမြို့ တစ်မြို့လုံးကို... တုန်ခါသွားစေခဲ့သည်။

"ယွမ်တန်ဘုံ... နဝမအလွှာ...။ သူတို့... ငါ... ထင်ထားတာထက်တောင်... တကယ်... ရဲတင်းကြတာပဲ...။ ဘယ်သူက... ဒီလောက်... သတ္တိရှိလဲ.. ကြည့်ချင်သေးတယ်"

ဖုန်းဝူချန်၏ မျက်ခုံးများ... တင်းကြပ်စွာ... တွန့်ချိုးသွားသည်။

သူ... ဤသို့ ကြုံးဝါးပြီးသည်နှင့်... မကြာမီမှာပင်... တစ်စုံတစ်ယောက်... လာရောက်ရန်... ဝံ့ရဲခဲ့သည် လေ...။ သူ... ချက်ချင်းပင်... ဒေါသထွက်သွားတော့သည်။

*...လခွမ်း...။ ငါ့အိမ်ရှေ့ထိ... လာပြီး... ရန်စရဲတယ်...။ ကောင်းပြီလေ၊ သေဖို့... ပြင်ထားပေါ့...။*

ထို ကြောက်မက်ဖွယ် စွမ်းအားသည်... ပြိုင်ဘက်ကင်းမြို့ တစ်ခုလုံးကို... စီးဆင်းသွားပြီး... မြို့သူမြို့သားများကြားတွင်... ထိတ်လန့်မှုကို... ဖြစ်ပေါ်စေကာ... လမ်းများပေါ်တွင်... ပရမ်းပတာ... ဖြစ်သွားစေခဲ့သည်။

တစ်စက္ကန့်မျှပင်... တုံ့ဆိုင်းခြင်းမရှိဘဲ... ဖုန်းဝူချန်၏ ခန္ဓာကိုယ်... လျှပ်တပြက်... ရွေ့လျားသွားပြီး အထွတ်အထိပ် နဂါးနတ်ဘုရားဓားကို... ဆင့်ခေါ်လိုက်ကာ... ဓားဖြင့်... ပျံလျက်... ကောင်းကင်သို့... တဟုန်ထိုး... တက်သွားခဲ့သည်။ သူ၏ အေးစက်သော အကြည့်သည်... စွမ်းအား၏... ရင်းမြစ်ရှိရာသို့ ကျရောက်သွား၏။

ပြိုင်ဘက်ကင်းမြို့ရှိ... ကြီးကျယ် ခမ်းနားသော အဆောက်အအုံ တစ်ခု၏ ထိပ်ပေါ်တွင်... အဘိုးအိုတစ်ဦး... ရပ်နေခဲ့သည်။ ထို ကြောက်မက်ဖွယ် စွမ်းအားသည်... သူ့ထံမှ... ထွက်ပေါ်နေခြင်းပင်။

" အဘိုးကြီး...ခင်‌ဗျား သေချင်နေပြီလား"

ဖုန်းဝူချန်က... ပြင်းထန်စွာ... စူးစူးစူးရဲရဲ ကြည့်လိုက်ပြီး... ထိုအကြီးအကဲထံသို့... အလျင်အမြန်... ပျံသန်းသွားခဲ့သည်။

ဖုန်းဝူချန်ကို... သတိပြုမိလိုက်သောအခါ... အကြီးအကဲက... နှုတ်ခမ်းတွန့်ရုံ... အေးစက်စက် ပြုံးလိုက်ပြီး... အံ့အားသင့်ဖွယ် အရှိန်အဟုန်ဖြင့်... ချက်ချင်း... ပျောက်ကွယ်သွားခဲ့သည်။

"ဝှစ်"

ဓားပျံသန်းခြင်းဖြင့်... ဖုန်းဝူချန်၏ အရှိန်အဟုန်သည်... မယုံနိုင်လောက်အောင်... မြန်ဆန်လှပြီး... သွေးနီရောင် အလင်းတန်းတစ်ခု... ကောင်းကင်ယံကို... ဖြတ်သန်း... လင်းလက်သွားခဲ့သည်။

ဖုန်းဝူချန်သည်... မရပ်မနား... လိုက်လံဖမ်းဆီးနေသည်။ အဘိုးအို၏ အရှိန်အဝါနောက်သို့... လိုက်ပါရင်း... ပြိုင်ဘက်ကင်းမြို့နှင့်... မိုင်ပေါင်း ရာနှင့်ချီ... အကွာမှ... တောင်တန်းကြီး တစ်ခု အတွင်းရှိ... တောင်ကြား တစ်ခုသို့... တောက်လျှောက်... ရောက်ရှိသွားခဲ့သည်။

ယွမ်တန်ဘုံ နဝမအလွှာမှ အကြီးအကဲသည်လည်း... အလွန်အမင်း... လျင်မြန်လှသည်။ သူ၏ အစွမ်းသည်... ကြောက်မက်ဖွယ်... သန်မာလှပြီး... သူ၏ အရှိန်အဝါသည်... လေကျွယ်ထက်... အနည်းငယ်... ပို၍... မြင့်မားနေဟန်... ရှိသည်။

"ခင်ဗျား... ဘယ်သူလဲ"

ဖုန်းဝူချန်က... အကြီးအကဲကို... စေ့စေ့စပ်စပ်... အကဲခတ်ရင်း... မေးလိုက်သည်။

"မင်းရဲ့... 'ကိုးထပ် ချန်ခွန်း မျှော်စင်' ကို... ယူမယ့်သူ."

အကြီးအကဲက... ခံစားချက် ကင်းမဲ့သော... အေးစက်စက် အပြုံးဖြင့်... တုံ့ပြန်လိုက်သည်။ ဖုန်းဝူချန်၏ ရှေ့မှောက်တွင်... သူ၏ တည်ငြိမ်နေမှုသည်... သူ၏ ကိုယ်ပိုင် ခွန်အားအပေါ်... ယုံကြည်မှု ရှိနေကြောင်း... ညွှန်ပြနေခဲ့သည်။

"ခင်ဗျား... ကျွန်တော့်ရဲ့... 'ကိုးထပ် ချန်ခွန်း မျှော်စင်' ကို... လောဘတက်ရဲမှတော့... ဘာလို့... ခင်ဗျား ဘယ်သူဘယ်ဝါလဲ ထုတ်ပြဖို့... သတ္တိ... မရှိရတာလဲ"

ဖုန်းဝူချန်က... အေးစက်စွာ... ရှုံ့ချလိုက်ရင်း... အကြီးအကဲကို... သတိကြီးစွာ... စူးစူးရဲရဲ ကြည့်နေခဲ့သည်။

ယွမ်တန်ဘုံ နဝမအလွှာ... အစွမ်းထက် ပုဂ္ဂိုလ်ကြီး တစ်ဦး... ဖြစ်ခြင်းသည်... ထူးခြားဆန်းကြယ်လှပြီး... သဘာဝကျစွာပင်... ဖုန်းဝူချန်သည်... သူ့ကို... လျှော့တွက်ရန်... မဝံ့ရဲခဲ့ပေ။

"အဲ့ဒါကတော့... မင်းမှာ... ရှာဖွေတွေ့ရှိနိုင်တဲ့... အရည်အချင်း... ရှိ၊ မရှိ... အပေါ်... မူတည်လိမ့်မယ်"

အကြီးအကဲက... အေးစက်စက် ပြုံးရင်း... ပြန်လည်... တုံ့ပြန်လိုက်သည်။

"ဟိတ်ယား.."

ဖုန်းဝူချန်... စကားများ... မဖြုန်းတီးတော့...။ သူ... သူ၏ သွေးမျိုးဆက်စွမ်းအားကို... အစွမ်းကုန်... နှိုးဆွလိုက်ရာ... သူ၏ ခန္ဓာကိုယ်သည်... ရုတ်တရက်... တောက်ပသော ရွှေရောင်အလင်းများဖြင့်... လင်းလက်သွားခဲ့သည်။ တိုးထွက်လာသော စွမ်းအားသည် ဒီရေလှိုင်းလို ပေါက်ကွဲထွက်လာပြီး... လုံးဝ... လွှမ်းမိုးနိုင်ကာ... ခြိမ်းခြောက်နိုင်သော စွမ်းအားဖြင့်... ပြည့်နှက်နေခဲ့သည်။

ဖုန်းဝူချန်၏ အရှိန်အဝါသည်... ရူးသွပ်မတတ်... မြင့်တက်လာခဲ့ပြီး... မျက်စိတစ်မှိတ်အတွင်းမှာပင်... ယွမ်တန်ဘုံ နဝမအလွှာ၏... အဆင့်သို့... ရောက်ရှိသွားခဲ့သည်။

"ဒီကောင်လေးရဲ့ ကိုယ်ထဲမှာ တကယ့်ကို ဘယ်လို စွမ်းအားမျိုး... ပုန်းကွယ်နေတာလဲ...။ ဒီစွမ်းအားရဲ့... အရှိန်အဝါက အင်မတန် လွှမ်းမိုးနိုင်တယ်"

အကြီးအကဲ၏ မျက်နှာအမူအရာသည်... နောက်ဆုံးတွင်... လေးနက်သော အရိပ်အယောင်... တစ်စွန်းတစ်စ... ထင်ဟပ်လာခဲ့ကာ ထုတ်ဖော် ချီးကျူးလိုက်သည်။

"သူ့ကို... အသန်မာဆုံး ပါရမီရှင်လို့... ချီးကျူးခံရတာ... အံ့ဩစရာ... မရှိပါဘူး...။ ဒီလောက် ငယ်ရွယ်ပြီး... ဒီလောက်... အစွမ်းထက်တယ်...။ မင်း... ဂုဏ်ယူဖို့... အကြောင်းပြချက်... အပြည့်အဝ... ရှိတယ်"

"ကျွန်တော့်... အဖေကို... ခေါ်သွားတာ... ခင်ဗျားလား"

ဖုန်းဝူချန်က အေးစက်စွာ မေးလိုက်သည်။

ကြောက်မက်ဖွယ်... သတ်ဖြတ်လိုစိတ် တစ်ခု... လေထုထဲတွင်...ရစ်ဝဲနေခဲ့၏။

အကြီးအကဲက... နှုတ်ခမ်းတွန့်ရုံ... အေးစက်စက် ပြုံးလိုက်သည်။

"မင်းအဖေရဲ့ ကိစ္စက ငါနဲ့ ဘာမှ... မပတ်သက်ဘူး"

"ခင်ဗျားနဲ့... မပတ်သက်ဘူး...။ ဒါဆို... ခင်ဗျားက... ဘယ်သူနဲ့... ပတ်သက်လဲ... ဆိုတာ... သိတယ်လို့... ပြောချင်တာလား"

ဖုန်းဝူချန်က မျက်မှောင်ကြုတ်ရင်း မေးလိုက်ပြီး အထွတ်အထိပ် နဂါးနတ်ဘုရားဓားကို... ထုတ်ယူလိုက်သည်။

"ငါလည်း... မသိဘူး...။ မင်းအဖေ... အဖမ်းခံရတာနဲ့ ပတ်သက်ပြီး... ငါ... ဘာမှ... မသိဘူး"

အကြီးအကဲက ခေါင်းခါလိုက်သည်။

"ဒါလား"

ဖုန်းဝူချန်က လေးနက်စွာ ပြောလိုက်သည်။

သူက အထွတ်အထိပ် နဂါးနတ်ဘုရားဓားကို ကိုင်ဆောင်ရင်း... ရုတ်တရက်... မြေပြင်ကို... ဆောင့်နင်းလိုက်ပြီး လျှပ်စီးကဲ့သို့... လျင်မြန်လှစွာ ပစ်ထွက်သွားခဲ့သည်။...

အကြီးအကဲ၏ အိုမင်းသော မျက်လုံးများ... မှေးကျဉ်းသွားသည်။ သူ့ကိုယ်မှ အစစ်အမှန်ယွမ်များအား.. အပြည့်အဝ... နှိုးဆွလိုက်၏။ သူ... ဖုန်းဝူချန်ကို... လျှော့တွက်ရန်... မဝံ့ရဲခဲ့...။ အကြောင်းမူကား... ဖုန်းဝူချန်၏ အစွမ်းသည်... အားနည်းသည်တော့... မဟုတ်ပေ။

ဖုန်းဝူချန်သည်... မျက်စိတစ်မှိတ်အတွင်း... ပေါ်ပေါက်လာခဲ့သည်။ သူ၏ အထွတ်အထိပ် နဂါးနတ်ဘုရားဓားသည်... သနားညှာတာမှု... တစ်စက်မျှ မပြဘဲ... အကြီးအကဲ၏ နှလုံးသားဆီသို့... ထိုးစိုက်သွားခဲ့သည်။

“ထန်း”

အကြီးအကဲက... သူ၏ လက်တစ်ဖက်ကို... ရုတ်ချည်း... ဆန့်တန်းလိုက်ပြီး... သတ္တုမြည်သံနှင့်အတူ... သူ၏ အစွမ်းထက်သော အစစ်အမှန်ယွမ်များသည်... ဖုန်းဝူချန်၏ ပြင်းထန်သော တိုက်ခိုက်မှုကို... တားဆီးလိုက်လေသည်။

ကြောက်မက်ဖွယ် စွမ်းအင် လှိုင်းလုံးများသည်... လျှပ်စီးတန်းတစ်ခုအလား... တိုက်ခတ်သွားပြီး... တောင်ကြားကို... အရပ်မျက်နှာ အားလုံးမှ... ပြိုကျသွားစေခဲ့သည်။

ကျယ်ပြောလှသော အက်ကွဲကြောင်းများ...ယှက်ဖြာသွားပြီး.. ပန်းများ၊ သစ်ပင်များနှင့်... ကျောက်တုံးများ... အားလုံး... အမှုန့်ကြေလေသတည်း။

ဖျက်ဆီးခြင်း စွမ်းအားသည်... အလွန်အမင်း... ကြောက်မက်ဖွယ် ကောင်းလှသည်။

"ယွမ်တန်ဘုံ... နဝမအလွှာ.. အစွမ်းထက် ပုဂ္ဂိုလ်ကြီး...။ ကျီးရှင်းဂိုဏ်းရဲ့... ကာကွယ်စောင့်ရှောက်သူပဲ"

"ပုဂ္ဂိုလ်ကြီး ကိုယ်တိုင်... လှုပ်ရှားလိမ့်မယ်လို့... ဘယ်သူ... ထင်ထားမလဲ...။ ကျီးရှင်းဂိုဏ်းက... 'ကိုးထပ် ချန်ခွန်း မျှော်စင်' ပေါ်... လက်တင်ဖို့... တကယ်ပဲ... ကြံရွယ်နေတာပဲ"

"ငါတို့ရဲ့... အခွင့်အရေး... ရောက်လာပြီ...။ သူတို့နှစ်ယောက်လုံး... ဒဏ်ရာရသွားတဲ့အခါ... 'ကိုးထပ် ချန်ခွန်း မျှော်စင်' က သေချာပေါက် ငါတို့ဟာပဲ"

ရောက်ရှိနေကြသော... လျှို့ဝှက်ဆန်းကြယ် ပုဂ္ဂိုလ်များသည်... အကြီးအကဲကို ကြည့်ရင်း... အံ့အားသင့်သွားကြပြီး... သူ၏ ရာထူးအား... ချက်ချင်း... မှတ်မိလိုက်ကြသည်။

"ကျီးရှင်းဂိုဏ်း... ကာကွယ်စောင့်ရှောက်သူ... ကိုယ်တိုင်... လှုပ်ရှားတယ်...။ ကြည့်ရတာ... သူတို့... 'ကိုးထပ် ချန်ခွန်း မျှော်စင်' ကို... ရယူဖို့... စိတ်ပိုင်းဖြတ်ထားကြပုံပဲ...။ ကျီးရှင်းဂိုဏ်း... ပါဝင်ပတ်သက်လာမှတော့... ကြည့်ရတာ... လော့ယွင်အင်ပါယာရဲ့... တော်ဝင်မိသားစုကိုလည်း... ဒီကိစ္စကနေ... ခွဲထုတ်လို့ မရတော့ဘူး"

တောင်ကြား၏ အခြား အစိတ်အပိုင်းတစ်ခုရှိ... ပုန်းကွယ်နေသော နေရာမှ... လူတစ်ယောက်က... အေးစက်စွာ... ကောက်ချက်ချလိုက်သည်။

"နောက်ဆုံးတော့... အခွင့်အရေး... ရောက်လာခဲ့ပြီ...။ ဒီအဘိုးကြီး... အရမ်း... အစွမ်းထက်တယ်...။ သူတို့... တိုက်ခိုက်ကြရင်... သူတို့နှစ်ယောက်လုံး... ဒဏ်ရာတွေနဲ့... အဆုံးသတ်သွားမှာ... သေချာတာပေါ့"

အခြား လူတစ်ယောက်က... အေးစက်စွာ... မဲ့ပြုံး ပြုံးလိုက်သည်။

"ဟွမ်ယွင်ဂိုဏ်းက... ငါတို့... 'ကိုးထပ် ချန်ခွန်း မျှော်စင်' ကို ယူတာကို... ဒီအတိုင်း... ကြည့်မနေလောက်ဘူး"

ဤ အစွမ်းထက် ပုဂ္ဂိုလ်ကြီးများသည်... ဖုန်းဝူချန်ကို... တောက်လျှောက်... တိတ်တဆိတ်... စောင့်ကြည့်နေခဲ့ကြသည်။ ဖုန်းဝူချန်... အကြီးအကဲနောက်သို့... လိုက်လံ စတင်သည်နှင့်... သူတို့သည်... တိတ်တဆိတ်... နောက်ယောင်ခံ... လိုက်ပါလာခဲ့ကြပြီး ဖြစ်၏။

"ခင်ဗျား လောကကြီးမှာ မနေချင်တော့ဘူးလား"

ဖုန်းဝူချန်က ရေခဲတမျှ အေးစက်စွာ ပြောလိုက်သည်။ အစစ်အမှန်ယွမ်များ... အထွတ်အထိပ် နဂါးနတ်ဘုရားဓားထဲသို့... စီးဝင်သွားပြီး... လွှမ်းမိုးနိုင်စွမ်းရှိသော... ဓားအလင်းတန်းတစ်ခု... ပေါက်ကွဲ ထွက်ပေါ်လာခဲ့သည်။

အကြီးအကဲကလည်း... သူ၏ အစစ်အမှန်ယွမ်များကို...စုစည်းပြီး... ကျယ်လောင်စွာ... ဟိန်းဟောက်လိုက်သည်။

"ရေဝိညာဉ်... ချန်ခွန်း”

သူ၏ လက်သည်းများတွင်... စိမ်းပြာရောင်... 'ထိုက်ကျိ'ပုံစံတစ်ခု... ဖွဲ့တည်လာခဲ့သည်။ လေထဲမှ... စိုထိုင်းဆများဖြင့်... စုစည်းထားပြီး... ကြောက်မက်ဖွယ် စွမ်းအားများဖြင့်... ပြည့်နှက်နေခဲ့၏။

(ဘာသာပြန်သူ မှတ်ချက်: 'ထိုက်ကျိ' (太极) သည် ယင်နှင့်ယန် ကိုယ်စားပြု ပုံစံ ဖြစ်ပါသည်။)

"ကြေမွသွားစမ်း"

"ဂျုန်း"

“သေပေတော့”

ဖုန်းဝူချန်က ဟိန်းဟောက်လိုက်သည်။ လွှမ်းမိုးနိုင်စွမ်း ရှိသော ဓားအလင်းသည်... ဓားထိပ်မှ... ပေါက်ကွဲထွက်လာပြီး... 'ဂျုန်း' ဟူသော အသံကျယ်ကြီးဖြင့်... ပေါက်ကွဲကာ... တောင်ကြားကို... တုန်လှုပ်သွားစေခဲ့သည်။

ကြောက်မက်ဖွယ် စွမ်းအားသည်... အကြီးအကဲကို... အပြင်သို့... လွင့်စဉ်သွားစေခဲ့၏။

*...ဒီဓားရဲ့ အစွမ်းက... အဆင့်မြင့် ဝိညာဉ်လက်နက် တစ်ခုနဲ့... နှိုင်းယှဉ်နိုင်တယ်...။ ဖုန်းဝူချန်... ဒီလောက်... အစွမ်းထက်တာ... အံ့ဩစရာ... မရှိပါဘူး...။*

အကြီးအကဲက... အတွင်းစိတ်ထဲမှ... မျက်မှောင်ကြုတ်လိုက်ပြီး... သူ၏ အဘိုးအို မျက်နှာသည်... အများကြီး... ပို၍... လေးနက်သွားတော့သည်။

ကံကောင်းစွာပင်... အကြီးအကဲတွင်... နက်ရှိုင်းသော ကျင့်ကြံမှုအဆင့်... ရှိနေခဲ့သည်။ သို့မဟုတ်ပါက... သူ... လွှမ်းမိုးနိုင်စွမ်းရှိသော ဓားအလင်းကြောင့်... ဒဏ်ရာရရှိသွားပေလိမ့်မည်။

"ဒီအဘိုးကြီး... အလွန်အမင်း... အစွမ်းထက်တယ်...။ သူ... 'ကိုးထပ် ချန်ခွန်း မျှော်စင်' ကို... လုယူချင်မှတော့... ဘာလို့... ချမ်းသာပေးရမလဲ"

ဖုန်းဝူချန်က... အတွင်းစိတ်ထဲမှ... တွေးလိုက်ပြီး... မျက်မှောင်ကြုတ်လိုက်သည်။

ထိုစီနီယာ မည်သို့... အစီအစဉ်ဆွဲနေသည်ကို... သူ... ဂရုမစိုက်...။

ထိုသူက 'ကိုးထပ် ချန်ခွန်း မျှော်စင်' ကို... ယူလိုသည် ဖြစ်သောကြောင့်..သေရမည်။

"နဂါးနတ်ဘုရား အရိပ်"

ဖုန်းဝူချန်က ဟိန်းဟောက်လိုက်သည်။ အကြီးအကဲအား... အသက်ရှူရန်... အခွင့်အရေး... တစ်စုံတစ်ရာမျှ... မပေးဘဲ... ချက်ချင်းပင်... ပို၍... ကြောက်မက်ဖွယ် ကောင်းသော... အရှိန်အဟုန်ဖြင့်... ပစ်ထွက်သွားခဲ့သည်။ သူ၏ ခန္ဓာကိုယ်သည်... ဘယ်ညာ... လျှပ်တပြက်... ရွေ့လျားနေပြီး... ဖမ်းဆုပ်ရန်... ခက်ခဲလှ၏။

"ဖြောင်း"

အကြီးအကဲက... သူ၏ လက်များကို... ပူးယှက်လိုက်ပြီး... 'ဖြောင်း' ခနဲ အသံကို... ဖန်တီးလိုက်သည်။ အစစ်အမှန်ယွမ်များ... သူ၏ ခန္ဓာကိုယ်အတွင်း... တိုးထွက်လာပြီး... သူ... ဖုန်းဝူချန်ကို... ပြင်းထန်သော အကြည့်ဖြင့်... စူးစူးရဲရဲ ကြည့်နေခဲ့သည်။

ဖုန်းဝူချန်... သူ၏ တိုက်ခိုက်မှု အကွာအဝေးအတွင်းသို့... ဝင်ရောက်လာသည်နှင့်... အကြီးအကဲက... ဟိန်းဟောက်လိုက်သည်။

"နက်နဲခြင်းအဆင့်...ဝိညာဉ် တံဆိပ်ခတ်.. အခင်းအကျင်း...။ တံဆိပ်ခတ်"

အမိန့်... ထုတ်ပြန်လိုက်သည်နှင့်... တောက်ပသော စိမ်းပြာရောင် အလင်းတစ်ခု... အကြီးအကဲ၏ ခြေဖဝါးများတွင်... ပေါက်ကွဲထွက်လာပြီး... ကြီးမားလှသော... ပေသုံးဆယ်ခန့်... စိမ်းပြာရောင်... အခင်းအကျင်း ပုံစံတစ်ခု... ပေါ်ထွက်လာခဲ့သည်။

အစွမ်းထက်သော... ချည်နှောင်ခြင်း စွမ်းအားသည်... အခင်းအကျင်းထဲသို့... ဝင်ရောက်လာသော ဖုန်းဝူချန်ကို... ချက်ချင်း... ကျော့ကွင်းမိစေခဲ့ပြီး... သူ့ကို... မလှုပ်ရှားနိုင်အောင်... ဖြစ်စေခဲ့သည်။

"အခင်းအကျင်း"

ဖုန်းဝူချန်၏ မျက်နှာအမူအရာ... အနည်းငယ်... ပြောင်းလဲသွား၏။

"ဖုန်းဝူချန်...။ မင်း... ဘယ်လောက်ပဲ... အစွမ်းထက်ထက်... ဘယ်လောက်ပဲ... မြန်မြန်...။ ငါ့မှာ... မင်းကို... ရင်ဆိုင်ဖို့... နည်းလမ်း... အမြဲတမ်း... ရှိတယ်"

အကြီးအကဲက... မာနကြီးစွာ... အေးစက်စက် ရယ်မောရင်း... ပြောလိုက်သည်။ ဖုန်းဝူချန်... အခင်းအကျင်း၏... ထောင်ချောက်ဆင်ခြင်းကို... ခံလိုက်ရသည်ကို... မြင်တွေ့လိုက်ရသောကြောင့်...။

ခြေတစ်လှမ်းချင်းစီ...။ အကြီးအကဲက... ရှေ့သို့... လျှောက်လှမ်းလာခဲ့သည်။ အေးစက်စွာ ရယ်မောရင်း... ဆက်လက် ပြောလိုက်သည်။

"'ကိုးထပ် ချန်ခွန်း မျှော်စင်' ကို... ထုတ်ပေးလိုက်...။ ဒါဆို... ငါ... မင်းအသက်ကို... ချမ်းသာပေးနိုင်တယ်"

"ခင်ဗျား... တစ်ခု... မေ့နေပုံပဲ"

ဖုန်းဝူချန်က... အေးစက်စွာ... ပြောလိုက်သည်။ ကြောက်ရွံ့မှု... တစ်စက်မျှ မပြ...။ ထိတ်လန့်မှု... တစ်စက်မျှ မရှိ...။

ဤစကားကို ကြားသောအခါ... အကြီးအကဲသည်... အလိုအလျောက်ပင်... သူ၏ ခြေလှမ်းများတွင်... ရပ်တန့်သွားမိသည်။

ဖုန်းဝူချန်က အေးစက်စွာ ဆက်လက် ပြောလိုက်သည်။

"ဝိညာဉ် တံဆိပ်ခတ် အခင်းအကျင်းက... ဝိညာဉ်ခန္ဓာကို... တံဆိပ်ခတ်ဖို့... ရည်ရွယ်တာ...။ ဒါပေမဲ့... ခင်ဗျား... မေ့သွားတာက... ကျွန်တော်က... ဆေးပညာရှင်... တစ်ယောက်... ဆိုတာပဲ…

All Chapters