အန္တရာယ်အတွင်း
Vol. 12 Ch. 180
~ရက်စက် ကြမ်းတမ်းသော ဝိညာဉ်စွမ်းအား... ပေါက်ကွဲ ထွက်ပေါ်လာခဲ့၏။ ဖုန်းဝူချန်တွင်... 'ဝိညာဉ် တံဆိပ်ခတ်ခြင်း အခင်းအကျင်း' ကို ချိုးဖျက်ရန်... အကြွင်းမဲ့ ယုံကြည်မှု... ရှိနေခဲ့သည်။
"မင်းက... စတုတ္ထအဆင့် ဆေးပညာရှင် တစ်ယောက်ဆိုတာ... ငါ... သိတယ်"
ဖုန်းဝူချန်... အခင်းအကျင်းကို ချိုးဖျက်ရန်... ကြိုးစားနေစဉ်... အကြီးအကဲက... အေးစက်စက် ခနဲ့ပြုံး ပြုံးလိုက်ရင်း... တည်ငြိမ် လွယ်ကူစွာ... ပြောလိုက်လေသည်။
*...ဟက်...။ ဒီလောက်တော့... ငါက... ကြိုတွက်ထားပြီးသားပေါ့ကွ...။ မင်းရဲ့ ဝိညာဉ်ခန္ဓာ... ဘယ်လောက်... တောင့်ခံနိုင်မလဲ... ကြည့်ကြသေးတာပေါ့...။*
ဖုန်းဝူချန်၏ ဆေးပညာရှင် ရာထူး ဂုဏ်ပုဒ်သည်... အဓိက အင်ပါယာကြီး လေးခုလုံးသို့... စီးဆင်းသွားခဲ့ပြီး ဖြစ်၏။
ကျီးရှင်းဂိုဏ်း၏ ကာကွယ်စောင့်ရှောက်သူတစ်ဦး ဖြစ်သည့်အလျောက်... အကြီးအကဲက... ဤအချက်ကို... မည်သို့လျှင်... လျစ်လျူရှုနိုင်မည်နည်း။
သူ... ဖုန်းဝူချန်... ဆေးပညာရှင် တစ်ယောက် ဖြစ်ကြောင်း... သိရှိလျက်နှင့်... အဘယ်ကြောင့်... 'ဝိညာဉ် တံဆိပ်ခတ်ခြင်း အခင်းအကျင်း' ကို... ဆက်လက် အသုံးပြုနေသေးပါသနည်း။ သူ... ဒုက္ခရှာနေခြင်း... မဟုတ်ပါလား။
အကြီးအကဲ၏ စကားများကို ကြားသောအခါ... ဖုန်းဝူချန်၏ မျက်ခုံးများ... အနည်းငယ်... တွန့်ချိုးသွား၏။ သို့သော်..... ထိုအကြောင်းကို... အများကြီး... မစဉ်းစားခဲ့ပေ။ 'ဝိညာဉ် တံဆိပ်ခတ်ခြင်း အခင်းအကျင်း' မကျိုးပေါက်သရွေ့... သူ... လုံးဝ မလှုပ်ရှားနိုင်ပေ။
"ဘုန်း"
ရိုင်းစိုင်း ကြမ်းတမ်းသော ဝိညာဉ်စွမ်းအား ပေါက်ကွဲထွက်သွား၏။
အခင်းအကျင်း ပြင်းထန်စွာ... တုန်ခါသွားပြီး ကြေမွသွားတော့မည်... ဆဲဆဲ..၊ထိုအခိုက်အတန့်တွင်... အကြီးအကဲက သူ၏ လက်တံဆိပ်များကို အလျင်အမြန်... ပြောင်းလဲလိုက်သည်။
အခင်းအကျင်း... ကြေမွသွားသည်နှင့် တစ်ပြိုင်နက်... ဖုန်းဝူချန်သည်လည်း သွေးတစ်လုတ် အန်ချလိုက်ရတော့သည်။
" အခင်းအကျင်းရဲ့ စွမ်းအားကို ထိန်းချုပ်ပြီး... ငါ့ရဲ့ ဝိညာဉ်ခန္ဓာကို တိုက်ခိုက်နိုင်တယ်"
ဖုန်းဝူချန်... တုန်လှုပ်သွားခဲ့သည်။ ဤသည်မှာ... လုံးဝ... မျှော်လင့်မထားခဲ့သော အရာပင်။
*...သေစမ်း...။ ဒီအဘိုးကြီး... တော်တော်... ကောက်ကျစ်တာပဲ...။ ဒါကို ကြိုတင် ပြင်ဆင်ထားခဲ့တာကိုး...။*
အံ့ဩစရာ မရှိ...။ အကြီးအကဲ... ဖုန်းဝူချန်... ဆေးပညာရှင် တစ်ယောက် ဖြစ်ကြောင်း... သိရှိလျက်နှင့်... 'ဝိညာဉ် တံဆိပ်ခတ်ခြင်း အခင်းအကျင်း' ကို... ဆက်လက် အသုံးပြုခဲ့သည်မှာ... သူ၏ ရည်ရွယ်ချက်မှာ... ဖုန်းဝူချန်၏ ဝိညာဉ်ခန္ဓာကို... တိုက်ခိုက်ရန်... ဖြစ်သောကြောင့်ပင်။
အခင်းအကျင်း၏ စွမ်းအားသည်... ဝိညာဉ်စွမ်းအား... မဟုတ်ပေ။
ထို့ကြောင့်... တိုက်ခိုက်မှု၏... ထိုအခိုက်အတန့်တွင်... ဖုန်းဝူချန်၏ ဝိညာဉ်ခန္ဓာ... သန်မာနေလျှင်ပင်... ၎င်းသည်... ဝိညာဉ်စွမ်းအားနှင့်... လုံးဝ... မပတ်သက်သော... အခင်းအကျင်း၏ စွမ်းအား... တိုက်ခိုက်မှုကို... တောင့်ခံနိုင်စွမ်း... မရှိခဲ့ပေ။
သိသာထင်ရှားသည်မှာ... အကြီးအကဲသည်... ကြိုတင် ပြင်ဆင်မှုများဖြင့်... ရောက်ရှိလာခဲ့ပြီး... အန္တရာယ်များကို... အနည်းဆုံး ဖြစ်စေရန်... ဖုန်းဝူချန်ကို... မည်သို့... ရင်ဆိုင်ရမည်ကို... အထူး... လေ့လာထားခဲ့ခြင်းပင်။
"ဒီ... အဘိုးကြီး... တကယ်ပဲ... ကြောက်စရာကောင်းတယ်...။ လော့ယွင်အင်ပါယာရဲ့... တော်ဝင်မိသားစုက... ကျီးရှင်းဂိုဏ်းနဲ့... ပူးပေါင်း ကြံစည်တာ... အံ့ဩစရာ... မရှိပါဘူး"
အရိပ်များထဲမှ... တစ်နေရာတွင်... လူတစ်ယောက်က... အေးစက်စွာ... ပြောလိုက်သည်။ သူ၏ မျက်ဝန်းများထဲတွင်... ထိတ်လန့်မှု... တစ်ချက်... လျှပ်ပြေးသွား၏။
"ဒီ... မိစ္ဆာအိုကြီးက... ဖုန်းဝူချန်ကို... ဘယ်လို... ဒဏ်ရာရအောင်... လုပ်လိုက်တာလဲ...။ ငါ... အခုထိ... သဘောမပေါက်သေးဘူး...။ ဖုန်းဝူချန်က... စတုတ္ထအလွှာ ဆေးပညာရှင်လေ...။ 'ဝိညာဉ် တံဆိပ်ခတ်ခြင်း အခင်းအကျင်း' က... သူ့ကို... မထိခိုက်သင့်ဘူး"
လူတစ်ယောက်က မျက်မှောင်ကြုတ်ရင်း ပြောလိုက်သည်။
"အခင်းအကျင်းရဲ့ စွမ်းအားက... ဝိညာဉ်ခန္ဓာကို... တိုက်ခိုက်တာ...။ ပြီးတော့... ဖုန်းဝူချန်ရဲ့ ဝိညာဉ်စွမ်းအား... ဘယ်လောက်ပဲ သန်မာနေပါစေ...။ ဒါက... ကိစ္စ တစ်ခု... ကွဲပြားသွားပြီ...။ တစ်ကယ်လို့ ဖုန်းဝူချန်သာ သူ့လက်ထဲ ရောက်သွားခဲ့ရင်... ငါတို့... ဒီမိစ္ဆာအိုကြီးကို ဘာမှ လုပ်နိုင်မှာ... မဟုတ်ဘူး"
အခြား လူတစ်ယောက်က... သူ၏ စိုးရိမ်ပူပန်မှုများကို... ဖော်ပြလိုက်သည်။
အကြီးအကဲသည်... ယွမ်တန်ဘုံ နဝမအလွှာတွင်... ရှိနေပြီး... ဤမျှ ကြောက်မက်ဖွယ်ကောင်းသော... အခင်းအကျင်း... ပိုင်ဆိုင်ထားရာ... သူတို့ သုံးယောက်... ပူးပေါင်းလိုက်လျှင်ပင်... သူ၏ ပြိုင်ဘက်... ဖြစ်နိုင်မည်... မဟုတ်ပေ။
ဖုန်းဝူချန်၏ ဝိညာဉ်ခန္ဓာ... လုံလောက်စွာ... မသန်မာခဲ့လျှင်... သူ... ယခုအချိန်တွင် အကြီးအကဲ၏ လက်ချက်ဖြင့် သေဆုံးသွားခဲ့ပေလိမ့်မည်။
ဝိညာဉ်ခန္ဓာ၏... ဒဏ်ရာရရှိမှုသည်... ဖုန်းဝူချန်အား... အပြင်းအထန် ဒဏ်ရာရရှိစေရန် တိုက်ရိုက် အကျိုးသက်ရောက်ခဲ့သည်။
*...အခင်းအကျင်းရဲ့ စွမ်းအားက... ငါ့ဝိညာဉ်ခန္ဓာကို... ထောင်ချောက်ဆင်ပြီး... ငါ့အတွင်းကနေ တိုက်ခိုက်မှုကို... စတင်ခဲ့တာ...။ ကြိုတင် ပြင်ဆင်ချိန်... မပေးခဲ့ဘူး...။ ဒီမိစ္ဆာအိုကြီး ကြိုတင် ပြင်ဆင်လာခဲ့တာပဲ...။ ငါ... အရမ်း... ပေါ့ဆသွားခဲ့တယ်...။*
ဖုန်းဝူချန်က မျက်မှောင်ကြုတ်ရင်း... သူ၏ စိတ်ထဲတွင်... မိမိဘာသာ... တိုးတိုး ရေရွတ်လိုက်မိသည်။
ဖုန်းဝူချန်တွင်... ရွေးချယ်စရာ... မရှိခဲ့...။ အခင်းအကျင်းကို... ချိုးဖျက်... ရပေမည်။
"ဖုန်းဝူချန်...။ မင်းရဲ့ အစွမ်းက... အလွန်... အထင်ကြီးစရာ ကောင်းတယ်...။ အစွမ်းထက်တဲ့... 'ကိုးထပ် ချန်ခွန်း မျှော်စင်' နဲ့... ကြောက်မက်ဖွယ်... မြေကမ္ဘာအဆင့် သိုင်းပညာတွေကို... ပိုင်ဆိုင်ထားတယ်...။ ထိပ်တိုက် တိုက်ပွဲမှာ... ငါ... မင်းရဲ့ ပြိုင်ဘက်... မဟုတ်လောက်ဘူး...။ ဒါကြောင့်... 'ဝိညာဉ် တံဆိပ်ခတ်ခြင်း အခင်းအကျင်း' ကို... မင်းအတွက်... အထူး... ပြင်ဆင်ထားခဲ့တာ"
အကြီးအကဲက... နှုတ်ခမ်းတွန့်ရုံ... အေးစက်စက် ပြုံးလိုက်သည်။
"အခု... မင်းရဲ့ ဝိညာဉ်ခန္ဓာ... ဒဏ်ရာရသွားမှတော့... မင်း... 'ကိုးထပ် ချန်ခွန်း မျှော်စင်' ကို... ဝှေ့ယမ်းနိုင်ရင်တောင်... အချည်းနှီးပဲ... ဖြစ်လိမ့်မယ်...။ 'ကိုးထပ် ချန်ခွန်း မျှော်စင်' ကို... လိမ်လိမ်မာမာ... ထုတ်ပေးလိုက်...။ ဒါဆို မင်းအသက်ကို ချမ်းသာပေးနိုင်တယ်"
အကြီးအကဲက... ဆက်လက် ပြောလိုက်သည်။ သူ၏ မဲ့ပြုံးသည်... ယုံကြည်မှုများ... ထုတ်လွှတ်နေခဲ့၏။
ဖုန်းဝူချန်က... သူ၏ ပါးစပ်ထောင့်မှ... သွေးများကို... သုတ်လိုက်ပြီး... ရေခဲတမျှ အေးစက်စွာ ပြောလိုက်သည်။
"ခင်ဗျား... ကျွန်တော့်ကို သတ်ဖို့... အခွင့်အရေးကို... လက်လွှတ်ခံလိမ့်မယ်
လို့တော့ လုံးဝ... မထင်ဘူး"
*...ဟက်...။ လူလည်ကြီး...။ ငါ့ကို... ကလေးမှတ်နေလား...။ မင်း... ငါ့ကို... အရှင်ထားခဲ့ရင်... မင်း... အိပ်ပျော်နိုင်ပါ့မလား...။*
ဖုန်းဝူချန်သည်... မည်သူနည်း။ အင်ပါယာကြီး လေးခုကြားတွင်... အသန်မာဆုံး ပါရမီရှင်ဟု... ချီးကျူးခံထားရသူ...။ ယနေ့... အကြီးအကဲသည်... ဖုန်းဝူချန်နှင့်... ရန်သူများ... ဖြစ်သွားခဲ့လေပြီ။ အကယ်၍... သူ... ဖုန်းဝူချန်ကို... မသတ်ခဲ့လျှင်... ဖုန်းဝူချန်၏... သဘာဝအရ... အကြီးအကဲသည်... သေချာပေါက်... အသက်ရှင် လွတ်မြောက်နိုင်မည်... မဟုတ်ပေ။
အကြီးအကဲ၏ အဘိုးအို မျက်နှာသည်... အနည်းငယ် အုံ့မှိုင်းသွားပြီး ခက်ထန်စွာ ပြောလိုက်သည်။
"ကြည့်ရတာ... မင်းက... ငါ့ကို... ကိုယ်တိုင်... လှုပ်ရှားလာအောင်... ဖိအားပေးနေတာပဲ”
ဖုန်းဝူချန်၏ ဝိညာဉ်ခန္ဓာ... ဒဏ်ရာရရှိသွားခဲ့ပြီး... သူ၏ ဒဏ်ရာများသည်... ပြင်းထန်လှ၏။ အကြီးအကဲသည်... ဤသို့သော... ဖုန်းဝူချန်ကြောင့်... ထိတ်လန့်သွားမည်... မဟုတ်ပေ။
ကြောက်မက်ဖွယ်... သတ်ဖြတ်လိုစိတ်တစ်ခု... လေထုထဲတွင်... ပြည့်နှက်သွားခဲ့သည်။ တစ်စက္ကန့်မျှပင်... တုံ့ဆိုင်းခြင်းမရှိဘဲ... အကြီးအကဲသည်... ရှေ့သို့ လေပွေပမာ ပစ်ထွက်သွားခဲ့သည်။ အကြိမ်အနည်းငယ်... လျှပ်တပြက်... ရွေ့လျားလိုက်ပြီးနောက် ဖုန်းဝူချန်၏ ရှေ့မှောက်သို့ မဆိုင်းမတွ ပေါ်ပေါက်လာခဲ့သည်။
"ချီလင် ချပ်ဝတ်"
အတွေး တစ်ချက်ဖြင့်... ဖုန်းဝူချန်သည်... ချီလင် ချပ်ဝတ်ကို... ဆင့်ခေါ်လိုက်သည်။ ချက်ချင်းပင်... တောင်ပံတစ်စုံ... သူ၏ နောက်ကျောတွင် ဖွဲ့တည်ပြီးနောက် ကြောက်မက်ဖွယ်... ဒေါသနှင့်... သွေးဆာမှုက ရိုင်းစိုင်းစွာ... ပျံ့နှံ့လာခဲ့သည်။
ကြီးမားသော အနက်ရောင် တောင်ပံများသည်... ဖုန်းဝူချန်ကို…
အရှေ့မှ... ကာကွယ်ပေးလိုက်သည်။
"ဘုန်း"
အကြီးအကဲက... လက်ဝါးတစ်ချက်... ပုတ်ထုတ်လိုက်သည်။ ထို ကြောက်မက်ဖွယ် စွမ်းအားဖြင့်... ဖုန်းဝူချန်သည်... ဆယ်မီတာကျော်... နောက်သို့...တရကြမ်း လွင့်စဉ်သွားခဲ့ပြီး မြေပြင်ပေါ်တွင်... နက်ရှိုင်းသော... ခြေရာ နှစ်ခု ချန်ထားခဲ့သည်။
အကြီးအကဲထံမှ သာမန် လက်ဝါးတစ်ချက်မျှသာ။ သို့သော်... ဖုန်းဝူချန် တောင့်ခံရန် ခက်ခဲနေခဲ့သည်။ ဤအချက်က... သူ၏ ဒဏ်ရာများ၏ ပြင်းထန်မှုကို ညွှန်ပြနေခဲ့သည်။
အကယ်၍ ချီလင် ချပ်ဝတ်ကို... မပိုင်ဆိုင်ထားခဲ့လျှင် ယခုအချိန်တွင်... ပြန်လည် ထနိုင်စွမ်းပင်... ရှိတော့မည်... မဟုတ်ပေ။
အတောင်ပံများ... တုန်ခါသွားပြီး ဒဏ်ရာများ၏... နာကျင်မှုကို တောင့်ခံရင်း... ဖုန်းဝူချန်... ပျံတက်သွားပြီး အနီးအနားမှ ကျောက်တုံးကြီးတစ်ခုထံသို့... ဆုတ်ခွာသွားခဲ့သည်။ အကြီးအကဲနှင့် အကွာအဝေးကို ချဲ့လိုက်ခြင်းပင်။
သူက ထွက်မပြေးခဲ့ပေ...။ သူ၏ ဒဏ်ရာများ... ပြင်းထန်လှပြီး ပျံသန်းနိုင်လျှင်ပင် အကြီးအကဲ၏ လက်ချက်ဖြင့်... ငှက်တစ်ကောင်ကို... ပစ်ချသကဲ့သို့ အလွယ်တကူ... ပစ်ချခြင်းကို ခံရပေလိမ့်မည်။
ဖုန်းဝူချန်၏ အခြေအနေသည်... ယခုအခိုက်အတန့်တွင်... အလွန်အမင်း... အန္တရာယ်များနေခဲ့သည်။ ဝိညာဉ်ခန္ဓာ၏ ဒဏ်ရာရရှိမှုသည် ရုပ်ခန္ဓာပိုင်းဆိုင်ရာ ဒဏ်ရာများထက်ပင်... ပို၍... ပြင်းထန် ဆိုးရွားလှသည်။
ဤမျှ... ကြောက်မက်ဖွယ်ကောင်းသော အကြီးအကဲနှင့်... ရင်ဆိုင်ရသောအခါ... ဖုန်းဝူချန်... မည်သို့... ပြုလုပ်မည်နည်း။
"ငါ... မင်းကို... အခုပဲ... လမ်းဆုံးထိ... ပို့ဆောင်ပေးလိုက်မယ်"
အကြီးအကဲက... မထီမဲ့မြင်... အေးစက်စက် ပြုံးလိုက်ပြီး... တစ်ဖန်... ပစ်ထွက်သွားခဲ့သည်။ သူ၏ အစစ်အမှန်ယွမ်၏ စွမ်းအားသည်... ပို၍ပင်... ကြောက်မက်ဖွယ်... ကောင်းလာခဲ့သည်။
ဖုန်းဝူချန်၏ အေးစက်သော အကြည့်သည်... အကြီးအကဲအပေါ်တွင်... သေစေလောက်အောင်... စူးစိုက်နေခဲ့သည်။ သူ၏ သတ်ဖြတ်လိုစိတ်သည်... ပို၍... ကြောက်မက်ဖွယ်... ကောင်းလာခဲ့သည်။
အကြီးအကဲ... အလျင်အမြန်... နီးကပ်လာသည်နှင့်... ဖုန်းဝူချန်က... ဟိန်းဟောက်လိုက်သည်။
"ကိုးထပ် ချန်ခွန်း မျှော်စင်"
ဖုန်းဝူချန်သည်... 'ကိုးထပ် ချန်ခွန်း မျှော်စင်' ကို ဆင့်ခေါ်လိုက်သည်။ မျှော်စင်သည်... သူ၏ ခန္ဓာကိုယ်ထဲမှ... ဝဲပျံ ထွက်ပေါ်လာခဲ့ပြီး... ရွှေရောင်အလင်းများ... လင်းလက်လျက်... ကြောက်မက်ဖွယ် အရှိန်အဝါတစ်ခု... ထုတ်လွှတ်နေခဲ့သည်။ အလျင်အမြန်... ကောင်းကင်ယံ အမြင့်သို့... တက်သွားပြီး... တောင်ကြား၏ အပေါ်တွင်... ဝဲပျံနေခဲ့သည်။ မျက်စိတစ်မှိတ်အတွင်း... မီတာ ဆယ်ဂဏန်းကျော်... မြင့်သော... မျှော်စင်ကြီးအဖြစ်... အဆမတန် ကြီးမားလာခဲ့၏။
'ကိုးထပ် ချန်ခွန်း မျှော်စင်' ၏ အောက်ခြေမှ ကြီးမားသော ရွှေရောင် အခင်းအကျင်းတစ်ခု ပေါ်ထွက်လာပြီး... အထက်မှ... လွှမ်းခြုံလိုက်ရာ တောင်ကြား တစ်ခုလုံးကို ၎င်း၏ ရွှေရောင်အလင်းဖြင့်... ဖုံးလွှမ်းသွားခဲ့သည်။
"ကိုးထပ် ချန်ခွန်း မျှော်စင်"
အကြီးအကဲ၏ မျက်နှာ အနည်းငယ်... ပြောင်းလဲသွားပြီး ထို အလွန်အမင်း... ဖိနှိပ်နိုင်စွမ်းရှိသော လွှမ်းမိုးမှု စွမ်းအားကို အာရုံခံမိလိုက်သည်။
အရိပ်များထဲတွင်... ပုန်းကွယ်နေသော... အစွမ်းထက် ပုဂ္ဂိုလ်ကြီးများ... အားလုံး၏ မျက်နှာအမူအရာများသည်... အကြီးအကျယ်... ပြောင်းလဲသွားကြသည်။ 'ကိုးထပ် ချန်ခွန်း မျှော်စင်' နှင့်... နီးကပ်လေလေ... ကြောက်မက်ဖွယ်... ဖိနှိပ်ခြင်း စွမ်းအားကို... ခံစားရလေလေ... ဖြစ်သည်။ တောင်ကြား၏ အစွန်အဖျားတွင်... ရှိနေလျှင်ပင်... သူတို့၏ ကိုယ်ပိုင် စွမ်းအားသည်... ဖိနှိပ်ခြင်းကို... ခံနေရသည်။
"ဝိညာဉ်လက်နက် တစ်ခုက... ဒီလောက်... ကြောက်မက်ဖွယ်... ဖိနှိပ်ခြင်း စွမ်းအားကို... ဘယ်လိုလုပ်... ပိုင်ဆိုင်နိုင်မှာလဲ"
အကြီးအကဲသည်... အတွင်းစိတ်ထဲမှ... တုန်လှုပ်သွားခဲ့သည်။
ကိုယ်တိုင်... မျက်မြင်ကိုယ်တွေ့... ကြုံတွေ့လိုက်ရမှသာ 'ကိုးထပ် ချန်ခွန်း မျှော်စင်' ၏ ကြောက်မက်ဖွယ် ကောင်းလှမှုကို သူ နားလည် သဘောပေါက်သွားခဲ့သည်။
'ကိုးထပ် ချန်ခွန်း မျှော်စင်' ၏ ဖိနှိပ်မှုအောက်တွင်... အဘိုးအို၏ အရှိန်အဝါသည်... ယွမ်တန်ဘုံ အဋ္ဌမအလွှာသို့ နိမ့်ကျသွားခဲ့ပြီး... သူ၏ ကျင့်ကြံမှု... အလွှာ တစ်ခုလုံး... ဖိနှိပ်ခြင်းကို... ခံလိုက်ရသည်။
ဖုန်းဝူချန်ကို... ပြင်းထန်သော အကြည့်ဖြင့်... စူးစူးစူးရဲရဲ ကြည့်ရင်း... အဘိုးအိုက... ဒေါသတကြီး... ပြောလိုက်သည်။
"ဖုန်းဝူချန် အပြင်းအထန်... ဒဏ်ရာရနေတာ...။ မင်းရဲ့ မျှော်စင်က... ကြောက်စရာ ကောင်းတယ် ဆိုရင်တောင်... မင်း... ငါ့ကို... ရင်မဆိုင်နိုင်ဘူး...။ မင်းရဲ့... 'ကိုးထပ် ချန်ခွန်း မျှော်စင်' ကို... လုယူဖို့... အချိန်ကောင်းပဲ"
"ဒါဆို... ခင်ဗျားမှာ... ဘာအရည်အချင်းတွေ... ရှိလဲ... ကြည့်ကြသေးတာပေါ့"
ဖုန်းဝူချန်က အေးစက်စွာ ပြောလိုက်သည်။
ခေတ္တမျှ အနားယူပြီးနောက် ဖုန်းဝူချန်သည် အတော်အတန် ပြန်လည် နာလန်ထလာခဲ့ပြီး ဖြစ်သည်။
"ဟိတ်ယား.."
သူ၏ သွေးမျိုးဆက်စွမ်းအားဖြင့်... နှိုးဆွလိုက်ရာ စွမ်းအားတစ်ခု... ပေါက်ကွဲ လာ၏။ စွမ်းအား အားလုံးကို... အထွတ်အထိပ် နဂါးနတ်ဘုရားဓားထဲသို့... သွန်းလောင်း လိုက်သည်။ သွေးနီရောင် ဓားသွားသည် ရွှေရောင်အလင်းများဖြင့်... လင်းလက်နေပြီး ဓားစွမ်းအင်ဖြင့်... ထက်ရှနေခဲ့သည်။
"ချွင်"
ဖုန်းဝူချန်သည်... အထွတ်အထိပ် နဂါးနတ်ဘုရားဓားကို... ကျောက်တုံးထဲသို့... စိုက်ချလိုက်ပြီး... ကျောက်တုံး၏ အောက်ဘက်တွင်... ရွှေရောင် အခင်းအကျင်း တစ်ခု... ပေါ်ထွက်လာခဲ့သည်။ လျှို့ဝှက်ဆန်းကြယ်သော... မှော်စာလုံးများ အဆက်မပြတ် ထွက်ပေါ်လာခဲ့ပြီး... ထို့နောက်တွင်... မျက်စိကျိန်းမတတ်... ရွှေရောင်အလင်းတန်း တစ်ခု... ကောင်းကင်သို့... တဟုန်ထိုး... မြင့်တက်သွားခဲ့ကာ... ဓားစိတ်ဆန္ဒသည်... လွှမ်းမိုးနေခဲ့သည်။
" ဝင်္ကပါဖျက်ဆီးခြင်း... ဓားတာအို...။ နဝမကောင်းကင် ဝင်္ကပါဖျက်ဆီးခြင်း"
သူ၏ ဒဏ်ရာများ... ရှိနေသော်ငြားလည်း... ဖုန်းဝူချန်က... ကျယ်လောင်စွာ... ဟစ်ကြွေးလိုက်ပြီး... သူ၏ လက်နှစ်ဖက်ဖြင့်... ဓားလက်ညှိုးများ... ဖန်တီးလိုက်သည်။ ကောင်းကင်သို့... ထိုးတက်သွားသော... ရွှေရောင်အလင်းသည်... စွမ်းအင်ဓားတစ်လက်အဖြစ်... စုစည်းသွားခဲ့သည်။ ဖုန်းဝူချန်၏ ထိန်းချုပ်မှုအောက်တွင်... ၎င်း... ပြင်းထန်စွာ... ပစ်လွှတ် ထွက်ပေါ်လာခဲ့သည်။
"ဝှစ်"
"ဟိတ်ယား.."
အလွန်အမင်း လွှမ်းမိုးနိုင်စွမ်းရှိသော... ရွှေရောင် ဓားအလင်းသည်... မြေပြင်တစ်လျှောက်... ပျံသန်း ထွက်သွားခဲ့သည်။ 'ကျန်း' ခုနစ်ခု၊ ရှစ်ခုမျှ... အရွယ်အစား ရှိပြီး... မြေပြင်သည်... တုန်ခါကာ... ပေါက်ကွဲထွက်သွားခဲ့သည်။ ကြောက်မက်ဖွယ်... လေပွေကြီးတစ်ခုကို... သယ်ဆောင်သွားရင်း... အဘိုးအိုထံသို့... တဟုန်ထိုး... ပြေးဝင်သွားခဲ့သည်။ တားဆီး၍... မရနိုင်...။
သို့သော်... အပြင်းအထန် ဒဏ်ရာရနေသော ဖုန်းဝူချန်သည်... သူ၏ ဓားတာအို၏... စွမ်းအား အပြည့်အဝကို... သူ... အထွတ်အထိပ် အခြေအနေတွင် ရှိနေသကဲ့သို့... ထုတ်ဖော်နိုင်ခြင်း... မရှိခဲ့ပေ။
*...ကျွတ်...။ ဒဏ်ရာကြောင့်... အားက... နည်းနည်း... လျော့သွားတယ်...။ ဒါပေမဲ့... ဒီအဘိုးကြီးကို... ဒုက္ခပေးဖို့တော့... လုံလောက်ပါတယ်လေ...။*
အကယ်၍... သူ၏ အထွတ်အထိပ် အခြေအနေသာ... ဖြစ်ခဲ့မည်ဆိုပါလျှင်... အဘိုးအို၏ ဖိနှိပ်မှုအောက်တွင်... ဤ ဓားတစ်ချက်တည်းသည်... အဘိုးအိုကို... သတ်ဖြတ်ရန်... လုံလောက်ပေလိမ့်မည်။ ဖုန်းဝူချန်တွင်... ဤအချက်အပေါ်... အကြွင်းမဲ့... ယုံကြည်မှု... ရှိနေခဲ့သည်။
"မြေကမ္ဘာအဆင့်... သိုင်းပညာ"
အဘိုးအို၏ မျက်နှာသည်... အလွန်အမင်း... လေးနက်သွားတော့သည်။ သူ... သူ၏ ခန္ဓာကိုယ်အတွင်းမှ... အစစ်အမှန်ယွမ်များကို... သူ၏ အစွမ်းအကုန်ဖြင့်... နှိုးဆွလိုက်ပြီး... ခန့်ညားထည်ဝါသော အရှိန်အဝါတစ်ခု... ပေါက်ကွဲ ထွက်ပေါ်လာခဲ့သည်။ သူ၏ ရှည်လျားသော ဆံပင်များသည်... လေမရှိဘဲ... လှုပ်ရှားနေခဲ့ပြီး... သူ၏ လက်အင်္ကျီစများသည်... လွင့်မျောနေခဲ့သည်။
ကြောက်မက်ဖွယ် စွမ်းအားတစ်ခု... စီးဆင်း ထွက်ပေါ်လာခဲ့ပြီး... မြေပြင်... တုန်ခါသွားကာ... အက်ကွဲကြောင်းများစွာ... ပေါ်ပေါက်လာပြီး... မြေပြင်ကို... ပြင်းထန်စွာ... ဆွဲဖြဲသွားခဲ့သည်။
"ဖုန်းဝူချန်က... တကယ်ပဲ... မိစ္ဆာတစ်ကောင်ပဲ...။ သူ... အပြင်းအထန် ဒဏ်ရာရနေတာတောင်... ဒီလောက် ကြောက်စရာကောင်းတဲ့... ဓားတာအိုကို... သုံးနိုင်သေးတယ်"
"ဒီလောက်... ပြင်းထန်တဲ့ ဒဏ်ရာနဲ့... အစစ်အမှန်ယွမ်ကို... အတင်းအကျပ်... နှိုးဆွပြီး... သိုင်းပညာ... သုံးတယ်...။ သူ... သူ့ဒဏ်ရာတွေ... ပိုဆိုးသွားမှာ... မကြောက်ဘူးလား...။ အဲ့လို... ဖြစ်သွားတဲ့အခါ... သူ့မှာ... သေလမ်းကလွဲလို့... ဘာမှ... ရှိတော့မှာ... မဟုတ်ဘူး"
"ငါ... အရင်က... ဒီလောက် ကြောက်စရာကောင်းတဲ့... ကောင်လေးမျိုး... တစ်ခါမှ... မမြင်ဖူးဘူး...။ ဒါပေမဲ့... သူ... အဲ့ဒီ... မိစ္ဆာအိုကြီးကို... အပြင်းအထန် ဒဏ်ရာရအောင်... လုပ်နိုင်ရင်... အကောင်းဆုံးပဲ"
အမှောင်ထဲတွင်... ပုန်းကွယ်နေကြသော... အစွမ်းထက်... စောင့်ကြည့်သူများသည်... ဖုန်းဝူချန်ထံမှ... လွှမ်းမိုးနိုင်စွမ်းရှိသော ဓားစွမ်းအင်ကို... ခံစားမိကြရာ... အားလုံး... ထိတ်လန့် တုန်လှုပ်သွားကြပြီး... သူတို့၏ မျက်နှာများ... ကြောက်ရွံ့မှုကြောင့်... ဖြူဖျော့သွားကြသည်။
"နက်နဲခြင်းအဆင့်...အဆင့်မြင့်.. သိုင်းပညာ...။ ကောင်းကင် ဖောက်... လက်သည်း"
အဘိုးအိုက... ကျယ်လောင်စွာ... ဟိန်းဟောက်လိုက်သည်။ သူ၏ လက်သည်းသည်... အလွန်အမင်း ကြောက်မက်ဖွယ်ကောင်းသော... စွမ်းအားဖြင့်... စုစည်းနေခဲ့ပြီး... သူ... တုံ့ဆိုင်းခြင်းမရှိဘဲ... ရိုက်နှက်လိုက်သည်။
ဆယ်'ကျန်း' မျှ ကြီးမားသော... စိမ်းပြာရောင် စွမ်းအင် လက်သည်းကြီးတစ်ခု... ကောင်းကင်ယံကို... ဆွဲဖြဲသွားခဲ့သည်။ စူးရှသော အသံလှိုင်းသည်... နားစည်များကို... အလွန်... ထိုးဖောက်သွားစေခဲ့ပြီး... ထိုစွမ်းအားသည်... မယုံနိုင်လောက်အောင်... ပြင်းထန်လှကာ... မည်သည့်အရာမျှ... ၎င်းကို... တောင့်ခံနိုင်မည်... မဟုတ်သည့်အလား...။
"ဂျုန်း... ဂျုန်း... ဂျုန်း"
ကြောက်မက်ဖွယ် စွမ်းအားနှစ်ခု... မျက်စိတစ်မှိတ်အတွင်း... ထိပ်တိုက် တွေ့ဆုံသွားခဲ့ပြီး... နားကွဲမတတ် ပေါက်ကွဲသံများနှင့်အတူ... တောင်ကြားတစ်ခုလုံးတွင်... ပဲ့တင်ထပ်သွားခဲ့သည်။ စွမ်းအင် လှိုင်းလုံးများ... ရိုင်းစိုင်းစွာ... တိုက်ခတ် ထွက်ပေါ်လာပြီး... တောင်ကြား တစ်ခုလုံးကို... ရက်စက်စွာ... ဖျက်ဆီးပစ်တော့သည်။ ဖုန်းဝူချန်ရော... အဘိုးအိုပါ... တုန်ခါသွားပြီး... လတ်ဆတ်သော သွေးများ... အန်ထုတ်လိုက်ကြရသည်။
ဧရာမ တောင်ကြားကြီး... ပြင်းထန်စွာ... တုန်ခါသွားပြီး... တုန်ယင်သံများ... တောင်တန်းများကြားတွင်... အဆက်မပြတ်... ပဲ့တင်ထပ်နေခဲ့သည်။ ကျယ်ပြောလှသော... ဖုန်မှုန့် မြူခိုးများ... ဝေဝါးလာပြီး... တောင်ကြား တစ်ခုလုံးကို... လွှမ်းခြုံသွားခဲ့သည်။
*...သေစမ်း...။ ဒီကောင်လေး... ဒီလောက်... ဒဏ်ရာ ပြင်းထန်နေတာတောင်... ငါ့ကို... အပြင်းအထန်... ဒဏ်ရာရအောင်... လုပ်နိုင်သေးတယ်...။ ချီးပဲ၊ 'ကိုးထပ် ချန်ခွန်း မျှော်စင်' ...။*
အဘိုးအိုက... ဒေါသတကြီး... တွေးလိုက်ပြီး... အပေါ်မှ... ကြီးမားလှသော မျှော်စင်ကြီးကို... စူးစိုက် ကြည့်လိုက်သည်။
ထိပ်တိုက် တွေ့ဆုံမှု အပြီးတွင်... အဘိုးအိုသည်... အပြင်းအထန်... ဒဏ်ရာရရှိသွားခဲ့ပြီး... သူ၏ မျက်နှာ... ဖြူဖျော့နေခဲ့သည်။
အဘိုးအို... အပြင်းအထန် ဒဏ်ရာရသွားခဲ့ပြီး... 'ကိုးထပ် ချန်ခွန်း မျှော်စင်' ၏ ဖိနှိပ်မှုနှင့်အတူ... သူ... ယခုအခါ... ယွမ်တန်ဘုံ ပဉ္စမအလွှာ၏... အရှိန်အဝါသာ... ရှိတော့သည်။
ဆန့်ကျင်ဘက်အားဖြင့်... ဖုန်းဝူချန်၏ ဒဏ်ရာများသည်... ပို၍ပင်... ပြင်းထန် ဆိုးရွားလှသည်။ ချီလင် ချပ်ဝတ်ဖြင့်... ကာကွယ်ထားသော်ငြားလည်း... သူ၏ ဒဏ်ရာများသည်... ဆက်လက်... ဆိုးရွားလာခဲ့ပြီး ယခုအခါ... မြေပြင်ပေါ်တွင်... ဒူးတစ်ဖက်... ထောက်လျက်... အသက်ကို... ပြင်းထန်စွာ... ရှူရှိုက်နေခဲ့ရသည်။
ဖုန်းဝူချန်သည်... ဤအခိုက်အတန့်တွင်... အလွန်အမင်း... အားနည်းနေခဲ့သည်။
"အဲ့ဒီ... မိစ္ဆာအိုကြီး... အပြင်းအထန် ဒဏ်ရာရသွားပြီ...။ ပြီးတော့... 'ကိုးထပ် ချန်ခွန်း မျှော်စင်' ကလည်း... သူ့ကို... ဖိနှိပ်ထားတယ်...။ ငါတို့... အခု... လှုပ်ရှားသင့်ပြီ... မဟုတ်ဘူးလား...။ 'ကိုးထပ် ချန်ခွန်း မျှော်စင်' က... ငါတို့... မျက်စိရှေ့မှာပဲ"
"ဒီလို... အခွင့်အရေးမျိုးကို... လက်လွှတ်ခံလို့... မဖြစ်ဘူး...။ ပြီးတော့... ငါတို့... သူတို့ကို... လမ်းကြုံတုန်း... သတ်ပစ်ပြီး... ဖုန်းဝူချန်ရဲ့... တခြား ရတနာတွေကိုပါ... လုယူလို့... ရသေးတယ်"
"ရန်သူ... မလှုပ်ရင်... ငါ... မလှုပ်ဘူး"
ပုန်းကွယ်နေသော ပုံရိပ် သုံးခု... အခွင့်အရေး... သူတို့ မျက်စိရှေ့တွင်... ရောက်ရှိနေသည်ကို... မြင်တွေ့လိုက်ကြရသည်။ သူတို့ထဲမှ နှစ်ယောက်သည်... လှုပ်ရှားရန်... စိတ်အား ထက်သန်နေကြလေပြီ။ သို့သော်... သူတို့ကို... ဦးဆောင်နေသော လူသည်မူ... သတိကြီးစွာ... ရှိနေဆဲ...။
တောင်ကြားထဲတွင်... အချိန်... တရွေ့ရွေ့... ကုန်လွန်လာသည်နှင့်အမျှ... လေထုထဲတွင်... ပြည့်နှက်နေခဲ့သော... ဖုန်မှုန့်များနှင့် စွမ်းအင် လှိုင်းလုံးများသည်... တဖြည်းဖြည်း... လွင့်ပြယ်သွားခဲ့သည်။
"မင်း... သကောင့်သား"
အဘိုးအိုက... ဖုန်းဝူချန်ကို... စူးစူးစူးရဲရဲ ကြည့်ရင်း... သွားကြိတ်ကာ... ဒေါသတကြီး... ပြောလိုက်သည်။
အဝေးတစ်နေရာမှ... အပြင်းအထန် ဒဏ်ရာရနေသော ဖုန်းဝူချန်သည်... ဖြူဖျော့သော မျက်နှာဖြင့်... အေးစက်သော... မဲ့ပြုံးတစ်ခုကို... ဖော်ပြလိုက်ပြီး... ပြောလိုက်သည်။
"ခင်ဗျား... ကျုပ်ရဲ့ ရတနာကို... ယူဖို့... အဲ့ဒီလောက်... လွယ်တယ်လို့... ထင်နေတာလား...။ အဘိုးကြီး...။ ခင်ဗျား... ဘယ်သူပဲ... ဖြစ်ဖြစ်... ဘယ် အင်ပါယာကပဲ... လာလာ...။ ကျုပ်... ဖုန်းဝူချန်... တစ်နေ့နေ့မှာ... ဒီအကြွေးကို... ကိုယ်တိုင်လာ တောင်းမယ်"
"ဟွန့်...။ ဒီနေရာကနေ... အရှင်... ထွက်သွားဖို့တောင်... အိပ်မက်... မမက်နဲ့"
အဘိုးအိုက... ဒေါသတကြီး... ဟိန်းဟောက်လိုက်သည်။ သူ၏ သတ်ဖြတ်လိုစိတ်များ... ကောင်းကင်သို့... တဟုန်ထိုး... တက်သွားခဲ့သည်။
" သတ်ချင်လား...။ ကျုပ်ရဲ့... 'ကိုးထပ် ချန်ခွန်း မျှော်စင်' ... သဘောတူ၊ မတူ... အရင်... မေးကြည့်လေ"
ဖုန်းဝူချန်က..ပြတ်သားစွာ... တုံ့ပြန်လိုက်သည်။
"ဝှစ်... ဝှစ်... ဝှစ်"
ထိုအခိုက်အတန့်တွင်... ပုံရိပ်များစွာ... ရုတ်တရက်... တောင်ကြား၏ ဘယ်ဘက်ခြမ်းမှ... လှုပ်ရှားလာခဲ့သည်။
စုစုပေါင်း... လူငါးယောက်...တစ်ဦးချင်းစီတိုင်း... အစွမ်းထက်သော အရှိန်အဝါများ... ထုတ်လွှတ်နေခဲ့ကြ၏။
ဖုန်းဝူချန်၏ မျက်နှာအမူအရာ... အနည်းငယ်... ပြောင်းလဲသွားပြီး... သူ... အတွင်းစိတ်ထဲမှ... တွေးလိုက်မိသည်။
...သေချာပါတယ်...။ တခြား အင်အားစုတွေကလည်း... ဒီမှာ... ပုန်းကွယ်နေခဲ့တာပဲ...
"ကာကွယ်စောင့်ရှောက်သူ... ရှင်းလန်...။ တော်တော်လေး... အရှက်ရနေပုံပဲဗျ"
ခေါင်းဆောင်ဖြစ်ဟန်တူသော လူက... လှောင်ပြောင်သော... အေးစက်စက် အပြုံးဖြင့်... ပြောလိုက်သည်။ သူ၏ မျက်လုံးများတွင်... မထီမဲ့မြင် အထင်သေးမှုတို့ဖြင့်... ပြည့်နှက်နေခဲ့၏။